𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍...

By Ora_Belle35

34.9K 4.7K 1K

အချစ်ဆုံးသူငယ်ချင်း ဆိုတဲ့ ဘောင်တစ်ခုအလွန်ကိုရောက်ပြီးမှ နောက်ဆုံးတော့ ငါတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးသူစိမ်း... More

Me & He-1
Me & He-2
Me & He-3
Me & He-4
Me & He-5
Me & He -7
Me & He-8
Me & He-9
Me & He-10
Me & He-11
Me & He-12
Me & He - 13
Me & He -14
Me & He -15
Me & He -16
Me & He - 17
Me & He-18
Me & He -19
Me & He - 20
Me & He - 21
Me & He - 22
Me & He - 23
Me & He - 24 ( Final )
Fic Symbiosis & Author's Note

Me & He-6

1.2K 198 64
By Ora_Belle35

Edited Version

အိမ်နီးနားချင်းတွေအနေဖြင့် ယနေ့ ကျတော့်အိမ်သည် အရင်နေ့တွေကထက်ပို၍ပင် ဆူညံနေ သည်ဟုထင်ချင်ထင်နေလိမ့်မည်
တကယ်လည်း မှန်ပါသည် အကြောင်းမှာ
မားမား  အလုပ်ကိစ္စနှင့် ညဘက်နောက်ကျ
မှ အိမ်ပြန်ရောက်မည်ဖြစ်သောကြောင့် အန်တီ
ဆွန်းဟွာဆီမှ ခွင့်တောင်းကာ ထယ်ယောင်း ကို ခေါ်ပြီး ကျတော့်နှင့် မနက်ခင်းတစ်ခုလုံးအပြင်
ညအိပ်တဲ့အထိပါ နေခိုင်းခဲ့ခြင်းဖြစ်၏

သို့သော် မနက်ကတည်းက ထယ်ယောင်းကို
စသလိုနောက်သလို နှင့်  ကို့လို့ကန့်လန့်ပြောလိုက်သော စကားလေးတစ်ခွန်းမှအရင်းတည်လိုက်ကာ ညရောက်သည်အထိ ကျတော် နှင့်  ထယ်ယောင်းကတော့  ရန်သတ်နေတုန်းပင်

"ကင်ထယ်ယောင်း အခန်းထဲထိလိုက်ပြီး
ဘာဖြစ်လို့ ငါ့လက်ဆောင်တွေကို ဖွနေရဝာာလဲ"

"မင်းကြောင့် ငါအများကြီးအထင်လွဲခံရတာ
ကို မင်း ဘယ်လိုလုပ်ပေးမှာလဲပြောလေ"

"ရားး... အဲ့လိုဆို ငါမနက်ကပြောတဲ့အတိုင်းလုပ်ပေးလေ"

"ဟိုဆော့ အဲ့စကားကို ထပ်မပြောနဲ့နော်
ငါနဲ့ ထပ်ပြီးရန်သတ်ချင်လို့လား"

"ဒီလောက်လေးပြောပေးတာ ဘာဖြစ်တာမှတ်လို့လဲ မင်းပြောပုံအရဆိုရင် အန်တီဆူး က ကြိမ်းမောင်းနေတာလည်း မဟုတ် မင်းကို အေးအေးဆေးဆေးနား ချနေတဲ့ပုံပါပဲ"

ကျတော်က ထိုသို့ရှင်းပြသော်လည်း သူက
နှုတ်ခမ်းတစ်ထော်ထော်နှင့် ဇွတ်ငြင်းနေဆဲ

"ဒါပေမယ့် ငါ အလကားနေရင်း ကြားထဲက အထင်လွဲခံလိုက်ရပြီး အဆူခံလိုက်ရတဲ့အတွက် နစ်နာတယ်
အဲ့တာကြောင့် မင်း လက်ဆောင်တွေထဲက ငါကြိုက်တဲ့ ပစ္စည်း ၅ မျိုးလောက်ယူသွားမယ်"

"ဟာ....မရဘူးနော်"

"ကပ်စေးနဲ မနေပါနဲ့ မင်း ရထားတာ တကယ့်အကောင်းစား တံဆိပ်တွေချည်းပဲ
ပြီးတော့ စုစုပေါင်း Won 300000 ဖိုးတောင်မှ
နည်းနည်းလေးတော့ ပေးစမ်းပါကွာ"

"ဟွန့်...."

"ဘာလဲ အဲ့ဒီကောင်မလေး ပေးထားတယ်ဆိုပြီး
ငါ့ကို မပေးချင်လို့လား"

ထိုအခါ ဟိုဆော့တစ်ယောက် ခေါင်းမီးတောက်မတက် ပျာပျာသလဲ ဖြစ်သွားလေတော့၏

"ဟာ....မဟုတ်ပါဘူး ပေါက်တတ်ကရ‌တွေလျှောက်ထင်မနေနဲ့
ယူကွာ မင်းလိုချင်သလောက်ယူသာသွား"

"ဟိုဆော့ ...."

သူ့နာမည်ကို ရေရွတ်လိုက်ရင်း တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် အတန်ငယ်ငြိမ်သက်သွား
ပုံရသော ထယ်ယောင်းကို ငေးကြည့်မိလိုက်ရင်း

"ဘာလဲ ဘယ်ပစ္စည်းထပ်ယူချင်သေးလို့လဲ"

"မဟုတ်မှလွဲရော ... မင်း အဲ့ဒီကောင်မလေးကို စိတ်၀င်စားနေတာလား"

"ဖွီးး....."

သောက်လက်စ Sprite အချိုရည်တောင်
သီး သွားပြီး အိပ်ခန်းပြတင်းပေါက်နားထိသွားကာ ထွေးထုတ်လိုက်ရသည်အထိ
ထယ်ယောင်း က တကယ့်ကို ပေါက်တတ်ကရတွေ အရမ်းတွေးတတ်တဲ့သူပဲ
ရုပ်လဲမမြင် အသံလည်းတစ်ခါမှမကြားဘူးတဲ့ ကောင်မလေးတစ်ယောက်ကို စိတ်၀င်စားနေတယ်လို့ ထင်ရလောက်တဲ့အထိ ကျတော် ဘယ်လိုအပြုအမူတွေများ လုပ်ခဲ့မိလို့ပါလိမ့်

စောနတုန်းကလည်း လက်ဆောင်မပေးရင်
အဲ့ဒီကောင်မလေးကို ကျတော်စိတ်၀င်စားနေတယ်လို့ ထင်မှာစိုးလို့ကို ကျတော် သူ့ကိုယူခွင့်ပေးလိုက်ခြင်းသာ

ဒါတောင် သူက ကျတော့်ကို ပေါက်တတ်ကရမေးခွန်းတွေလာမေးနေပြန်ပြီ
ဒီလောက် ငယ်ငယ်လေးကတည်း က နှစ်တွေ
အကြာကြီးအတူတူနေလာခဲ့တာတောင် ကျတော့်
ခံစားချက်ကို မခန့်မှန်းတတ်လောက်တဲ့ အထိ
သူကတုံးတာလား အတာလား

"ထယ်ယောင်း မင်းရူးနေလားဟ ငါမသိတဲ့
လူတစ်ယောက်ကို ကြိုက်စရာလား
သူက လက်ဆောင်တွေအများကြီးပေးလို့ ငါက
သူ့ကို စိတ်၀င်စားနေတယ်လို့ထင်ရင်တော့ အဲ့ဒီနေရာမှာတင်လဲသေလိုက်တော့ ဟေ့ကောင်ရေ
အရုပ်ပေးတိုင်း ပြန်ကြိုက်ရအောင် ငါ က ကလေး လည်းမဟုတ်"

"မင်း မကြားဖူးဘူးလား အခုဆို ရုပ်လည်းမမြင်ဘူး အသံလည်းမကြားဘူး ပဲနဲ့ Online ပေါ်ကနေတောင် စကားတွေပြော ရင်းနှီးသွားပြီး ရည်းစားတွေဖြစ်သွားကြ‌တာတောင်ရှိသေးတယ်လေ"

ထိုအခါ ဟိုဆော့ က ထယ်ယောင်းအား
စိတ်ကုန်နေသည့် အကြည့်တစ်ချက်ပေးရင်း
နောက်ကျောကို လှမ်းရိုက်ရန်ပြင်တော့
ထယ်ယောင်း က လက်တကာကာပြုလေသည်

"အဲ့လိုပြောကြေးဆို ငါ Twitter သုံးဖို့ အကောင့်တစ်ခု ဂျောင်ကုကိုလုပ်ခိုင်းနေတာ သုံးလလောက်တောင်ရှိနေပြီ
သူတောင် ငါ့ကို လုပ်ပေးဖို့နေနေသာသာ
သူ့ Twitter acc တောင် Password မေ့နေတယ်တဲ့‌လေ"

"ကောင်းတယ် အဲ့လိုဟာတွေ မသုံးနဲ့
မင်း က လူရည်လည်တဲ့ကောင်လည်းမဟုတ်ဘူး
တစ်ခုခုဆို သနားရတာနဲ့ ကူညီပေးချင်ရတာနဲ့
ရိုးသားရတာနဲ့ တုံးရတာနဲ့ ....ဟူးး မင်းနဲ့လည်း လွယ်မနေဘူး"

ထိုအခါ ထယ်ယောင်းကိုစချင်သည့်စိတ်လေး
သည်အရှိန်မသေသေးသဖြင့်

"ဘာလဲ .... မင်း က ငါ့ကို စိတ်မချဘူးပေါ့"

"အဟွန်း..... အဲ့လိုလည်း မဟုတ်ပါဘူး
မင်း မ‌ဟုတ်ကဟုတ်ကလူတွေနဲ့တွေ့ပြီး တစ်ခုခုသွားမှာကို စိုးရိမ်လို့"

"ပြီးရော...."

"မင်း မအိပ်သေးဘူးလား"

"ဟင့်အင်း မားမားကိုစောင့်အုံးမလားလို့"

"11 နာရီတောင်ထိုးနေပြီလေ အန်တီ ဆွန်းဟွာ
ဘယ်အချိန်ပြန်ရောက်မလဲ မင်းသိလို့လား
ပြီးတော့ အန်တီ့မှာ သော့အပိုတစ်ချောင်းပါသွားတယ်ဆို "

"အင်း ပါသွားတယ်"

"လာပါ အိပ်ရအောင်ပါကွာ"

"မင်း အိပ်ချင်တော့ ငါ့ကို အဖော်ခေါ်တယ်ပေါ့"

ထိုအခါ ထယ်ယောင်း က ပြုံးစိစိမျက်နှာဘေး
နှင့် ဟိုဆော့ ကို သနားဖွယ်မျက်လုံးများနှင့်
လှမ်းကြည့်ရင်း

"မင်းကလည်း .... ငါ က မင်းကိုဖက်အိပ်မှ အိပ်ပျော်တယ်ဆိုတာ သိသားနဲ့"

"ခေါင်းအုံးဖက်အိပ်လေ မင်းအိမ်မှာဆို ဘယ်လိုအိပ်လည်း ... အေး အခု အဲ့ဒီအတိုင်းပဲအိပ်"

"အခုက မင်းရှိတယ်လေ...အဲ့တာကြောင့်ပါ"

"အဲ့တာဆို ငါ့ကို အမြဲတမ်းဖက်မအိပ်ချင်ဘူးလား"

ဟိုဆော့ က မျက်ခုံးတစ်ချက်ပင့်ကာပြောတော့
ထယ်ယောင်း က မျက်နှာကြီးရှုံ့မဲ့သွား၏

"ဟာ...ဘာစကားကြီးလဲဟ"

"အဲ့တာဆို မနက်က ငါပြောတဲ့အတိုင်း ....ငါ နဲ့တွဲလိုက်လေ"

"ရားး ဂျောင်ဟိုဆော့ မင်းသေပြီမှတ်!!"

"ဟိတ်ကောင် ငါ့ပစ္စည်းတွေ ထိရင် လုပ်မှာနော်"

"မင်းလွတ်အောင်သာပြေး!!!"

.........။
                         

"အမလေး.... မနက် တစ်နာရီတောင်ထိုးနေပြီ
ငါပြန်လာတာ အတော်နောက်ကျတာပဲ
ဟိုဆော့ ဆို အိပ်နေလောက်ရောပေ့ါ
ထယ်ယောင်းကို အဖော်ခေါ်ပေးထားတာတောင်
ကောင်းသွားတယ်ပြောရမယ်"

မစ္စစ်ဆွန်းဟွာလည်း မထင်မှတ်ပဲ ဟိုဆော့ အခန်းမှ မီးရေးရေးလေးလင်းနေသည်ကို ဖျက်ခနဲတွေ့လိုက်ရသဖြင့် ခြေလှမ်းများကို
ထိုအခန်းဆီသို့ ဦးတည်လိုက်၏

"ဟင်....ကလေးနှစ်ယောက် မအိပ်ကြသေးတာလား"

မစ္စစ်ဆွန်းဟွာ လည်း တစ်ချက်သွားကြည့်လိုက်တော့ အခန်းတံခါးလုံး၀ပိတ်မထားပဲ အနည်း
ငယ်ဖွင့်ဟထားသည့် နေရာကနေ ချောင်းကြည့်လိုက်တော့

အိပ်မောကျနေတဲ့ ဟိုဆော့ ရဲ့ ဆံပင်တွေကို
သပ်တင်ပေးနေကာ မဟိုဆော့ကို သေချာစိုက်ကြည့်နေတဲ့ ထယ်ယောင်း ကိုတွေ့လိုက်ရလေသည်

"ထယ်ယောင်းက မအိပ်သေးပဲ ဘာလုပ်...."

ထိုစဉ် ထယ်ယောင်း က ဟိုဆော့ပါးကို နှစ်ခါလောက်အဆက်မပြတ် နမ်းလိုက်ပြီး တစ်ကိုယ်လုံးကို သိမ်းကြုံးခွလိုက်ကာ ဖက်အိပ်‌လိုက်လေတော့၏

ဆွန်းဟွာလည်း မျက်လုံးများပြူးကျယ်သွားပြီး

"အမလေး....ဘုရားဘုရား...ဒါကြီးကတော့နည်းနည်း...မဟုတ်သေးဘူး
‌ငါ ခရီးပန်းလာလို့ အမြင်တွေမှားတာများလား
ထယ်ယောင်း က ငယ်ငယ်တုန်းကတောင်
ဟိုဆော့ကို ဒီလောက်ထိ မရောပါဘူး
ဖက်အိပ်တာကငယ်ငယ်လေးကတည်းက
ဆို ထားလိုက်ပါတော့
ဒါပေမယ့် ကလေးဘ၀တုန်းကတောင်
သား က နမ်းမယ်လုပ်တုန်းကတော့ ထွက်ပြေးနေတဲ့ ထယ်ယောင်း က အခုမှ ဘာ စိတ်ကူးပေါက် ...တော်ပြီ ငါ အခန်းထဲ၀င်ပြီး သွားနားတော့မှရတော့မယ်ထင်တယ်
ဆွန်းဟွာတို့ကတော့ သွေးတတ်တော့မှာပဲ"


     Beautifully Illustrated : Me &  He

ကျတော်နိုးနိုးချင်း ဗိုက်အရမ်းဆာလာလို့
မီးဖိုချောင်ထဲ၀င်လိုက်တဲ့အခါ ထမင်းစားပွဲမှာ
အစားအသောက်တွေအပြည့်နဲ့ အဆင်သင့်
ထိုင်နေတဲ့ မားမား ကိုတွေ့လိုက်ရတော့
မနက်စာစားရန် တစ်ခါတည်း၀င်ထိုင်လိုက်ရင်း
မဆိုင်းမတွ နှုတ်ဆက်မိလေ၏

"Morning မားမား"

"အင်း..."

"ဘယ်အချိန်ကတည်း က အိမ်ပြန်ရောက်နေတာလဲ"

"မနက် 1 နာရီကတည်းက..."

"အော် ဟုတ် မားမား"

"ထယ်ယောင်းကော...."

ထိုစဉ် ထယ်ယောင်းတစ်ယောက်လည်း
ကျတော်တို့ အနားရောက်လာတော့

"အန်တီဆွန်းဟွာ Morning ပါ"

"အင်း Taehyung"

"ဒါဆို ကျတော်ပြန်လိုက်အုံးမယ်နော်
ဟိုဆော့ကျောင်းကြရင်တွေ့မယ်"

အနည်းငယ် အလောတကြီးဖြစ်ဟန် နှင့်
ပြန်မည်တကဲကဲလုပ်နေသော ထယ်ယောင်းကို
ကြည့်၍ ဆွန်းဟွာစိတ်ထဲ တစ်စုံတစ်ခုကို
ခံစားလိုက်ရသလို

"မင်း ကလည်း ကော်ဖီလေးတော့ သောက်သွားပါအုံးဟ "

"ဟုတ်သားပဲ ထယ်ယောင်း ရယ်
မနက်စာတစ်ခါတည်း စားသွားလိုက်တာမဟုတ်ဘူး , တော်ကြာ ဆူး က သူ့ သားလေး ကို ညအိပ်ခေါ်ပြီးမနက်စာ‌ တောင် မကျွေးပဲ ပြန်လွှတ်တယ်လို့ အပြောမခံနိုင်ပါဘူးနော်"

အန်တီဆွန်းဟွာ က ထိုသို့ပြောတော့
ကျတော် ခေါင်းကိုကုပ်ရင်းအသာလေးရီနေလိုက်သည်

"အာ...မေမေ က အဲ့ဒီလိုမပြောပါဘူး
အန်တီ ဆွန်းဟွာ ကလည်း"

"ကဲလာပါ....‌ကော်ဖီ နဲ့ မုန့် တစ်ခါတည်း ၀င်စားသွားလိုက်"

အန်တီ ဆွန်းဟာ က အတင်းခေါ်နေတာကြောင့်
ထယ်ယောင်း လည်း အားနာပြီး မငြင်းချင်တော့ပေ

"အဲ့တာဆိုလည်း ဟုတ်ကဲ့ပါ"

မုန့်စားနေတုန်း အန်တီဆွန်းဟွာက
ကျတော့်ကို ကြည့်ကာ တစ်နည်းနည်းဖြင့်အကဲခတ်နေသလို ခံစားရသောကြောင့်
ကျတော်လည်း အနည်းငယ်အနေရခက်လာသည် ။ ကိတ်မုန့် တောင်ဖြောင့်အောင် မစားနိုင်တော့

"ထယ်ယောင်း ကော်ဖီတွေလည်းသောက်မနေနဲ့
မုန့်တွေစားလေ အစာခံနိုင်အောင်လို့ပေ့ါ "

"ဟုတ်...ဟုတ်ကဲ့ပါ"

"ဟိုဆော့ .."

"ဗျာ မားမား"

"မနေ့က မားမားပြန်လာတာ မနက်1 နာရီတောင်ထိုးပြီ ဒါပေမယ့်
မင်း ရဲ့ အခန်းက မီးလင်းနေတာတွေ့လို့
အဲ့တာ မင်း မအိပ်သေးပဲနဲ့ ဘာလုပ်နေတာလဲ"

"ဗျာ....မီးလင်းတယ် ဟုတ်လား မားမား"

ဟိုဆော့ကတော့ မီးဖွင့်ထားတာမြင်တယ်လို့ဆိုလာသဖြင့် အံ့ဩသွားလေ၏
ကျတော်ကတော့ မ‌နေ့က ကျတော် ကိုယ်တိုင်တောင်ထင်မထားပဲ ဖြစ်သွားခဲ့တဲ့ လုပ်ရပ်တစ်ခုကို တွေးမိရင်း လိပ်ပြာမလုံသလိုဖြစ်လာသည်
မဟုတ်မှလွဲရော အန်တီဆွန်းဟွာက အဲ့တာကိုများ ....

"အင်းလေ မင်း မီးဖွင့်ထားတာမလား"

"ဘယ်ကသာ မားမားရယ် သား အိပ်ရင် အမြဲတမ်းမီးပိတ်ပြီးအိပ်တတ်တာ သိရဲ့သားနဲ့"

ထယ်ယောင်း မျက်နှာအနည်းငယ်ပျက်လုနီးပါး
ဖြစ်နေသည်ကို ဆွန်းဟွာသတိထားမိတော့ တစ်ချက်ပြုံးလိုက်ရင်း

"အဲ့တာဆို.... ငါတို့ ထယ်ယောင်းလေး က မအိပ်သေးပဲ Game ဆော့နေတာလား"

ထယ်ယောင်း မျက်လုံးတွေ အနည်းငယ်
လှုပ်လှုပ်ရှားရှားဖြစ်သွား၏
စိတ်တွေတော်တော်လေးပျံ့လွင့်နေတာကို
မနည်းထိန်းလိုက်ရင်း

"အာ တကယ်ဝောာ့လေ ကျတော်.... အိပ်မပျော်လို့ မီးတစ်ချက်ဖွင့်ပြီး ခဏနေလိုက်တာပါ"

"အော်...."

ထိုအခါ ဟိုဆော့ က ထယ်ယောင်းကို စိတ်ပူ
သည့် မျက်၀န်းများဖြင့်လှည့်ကြည့်လာရင်း

"ထယ်ယောင်း မင်းမနေ့က အိပ်မပျော်လို့လား"

"အင်း ညစာကြောင့် နဲနဲ ဗိုက်တင်းပြီး အိပ်မပျော်ဘူးဖြစ်နေတာ"

ဆွန်းဟွာလည်း ဘာမှ ထပ်မမေးလိုတော့သဖြင့်
မနက်စာစားပွဲဝိုင်းလေးမှာ တစ်ဖန်တိတ်ဆိတ်သွားလေသည် ။

                       
"ဟိုဆော့ ဒီနေ့ Training ဆင်းရမှာနော်"

ထယ်‌ယောင်း က ဖိနပ်ကြိုးချည်ရင်း သတိပေး
သလိုပြောလာသောကြောင့် စာအုပ်တွေသိမ်းနေရာကနေ ဟိုဆော့ တစ်ချက် အကြည့်ပေးမိသည်

"ဟင် ဘာအတွက်လဲ"

"Basketball အသင်း၀င်ထားတယ်မလား"

"ဟုတ်တယ်လေ မင်းလည်း ကစားမှာဆိုတော့ ငါလည်း အသင်း၀င်လိုက်တာ "

"အဲ့တာ ဒီနေ့ကစပြီး Training ဆင်းရမှာ"

အယ် ဟုတ်သားပဲ ... Club ထဲ၀င်ထားတာဆိုတော့ Training သွားရမှာပဲ

"ဟာ.... ပြိုင်ပွဲကလိုသေးတယ်မလား"

"ပြိုင်ပွဲကလိုသေးတယ်ဆိုပေမယ့် အခုကတည်းက Training တွေစနေပြီလေ"

ဟိုဆော့ ၏ မျက်နှာလေးသည် မဲ့တဲ့တဲ့ဖြစ်သွားရင်း

"ငါ အဲ့လိုဟာတွေ မလုပ်ချင်ဘူး Training
မပြောနဲ့ , Exercise လုပ်ရမှာတောင် မုန်းလွန်းလို့
Workout တောင်သိပ်မလုပ်ဖြစ်တာမင်းလည်း
သိရဲ့သားနဲ့ "

"မင်း သဘောပဲလေ လိုက်ချင်လိုက် မလိုက်ချင်လည်း နေခဲ့ ငါတော့ သွားပြီ"

                             
ထယ်‌ယောင်း တစ်‌ယောက်တော့ ထိုမျှသာပြောရင်း အခန်းမှ ခပ်သုပ်သုပ်ထွက်သွားသဖြင့်
ဟိုဆော့ ကမန်းကတမ်းပြေးလိုက်ရလေတော့၏


ကျတော် တို့ က ဒီနေ့မှ Basketball စပြီးကစားတာဆိုတော့ လာကြည့်တဲ့သူ‌သိပ်မရှိသေးတဲ့အတွက် လွတ်လပ်သည်ဟုခံစားရသည်
ကျတော်က ကစားနေရင်ပဲဖြစ်ဖြစ် လေ့ကျင့်နေရင်ပဲဖြစ်ဖြစ် လူတွေအများကြီးဝိုင်းအုံကြည့်တာ ခံနေရတာကို လုံး၀သဘောမကျတဲ့သူ မလို့ပါ
Basketball ကစားကွင်းက အရမ်းကြီးကျယ်တာတော့မဟုတ်ပေမယ့် တစ်ဖက်အသင်းနဲ့ဆို
လူ 10 ယောက်စာ ကစားလို့ရတဲ့အထိလောက်ကို
ကျယ်၀န်းပါ၏

၀င်ပေါက် ဘေးမှာတော့ ခုံတန်းရှည်လေးနှစ်ခု
ချထားသည်
ကျတော်တို့လို လာပြီးလေ့ကျင့်တဲ့ သူတွေအတွက် လွယ်အိတ်တို့ အ၀တ်တို့ စသဖြင့်
တင်စရာနေရာပေါ့
ခုံတန်းရှည်ဘေးမှာတော့ ဖိနပ်စင်တစ်ခု ,
ကျတော်တို့က တော့ အားကစားဖိနပ်စီးပြီး လေ့ကျင့်တာဆိုတော့ ကျောင်းစီးဖိနပ်တွေကို
ထိုစင်ပေါ်မှာထားခဲ့ရသည်

ကစားနေတုန်း မျက်စိထောင့်စွန်းကနေ ဖျက်ခနဲမြင်လိုက်ရတဲ့ အရိပ်လေး တစ်ခု
ဒီ့ထက် သေချာအောင်ပြောရမယ်ဆိုရင် ထိုအရိပ်လေးက လေ့ကျင့်တဲ့ ကွင်းထဲအထိကိုရောက်လာကာ ခုံတန်းရှည်နားလေးထိတောင်ရောက်သွားသည်
ကျတော်လည်း ရုတ်တရက် လှည့်ကြည့်လိုက်တော့ ထိုသူ က ချက်ချင်းဆိုသလို
ထွက်ပြေးသွားလေသည်

"ဝှီးး!!!!"

Coach ၏ ၀စီမှတ်သံနှင့်အတူ တစ်ဖက်အသင်းက ကစားသမားတစ်ယောက် ပုတ်ထုတ်လိုက်တဲ့ Basketball က မျက်နှာကို လာမှန်တော့မလို့

"ထယ်ယောင်း မင်းဘာလို့ လေ့ကျင့်တာကို အာရုံ မစိုက်ပဲ တခြားဘက်ကို ငေးကြည့်နေရတာလဲ "

"အေး‌လေ ငါတို့က မင်းကို Basketball ပစ်ပေး‌နေတာကို"

"မင်းပဲ ၃ မှတ်တန် Goal သွင်းတဲ့ အပိုင်းကို တာ၀န်ယူထားတာပါဆို"

ကျတော် အသိတစ်ချက်လွတ်ပြီး ထိုအရိပ်ကို ကြည့်မိသောကြောင့် ယခု အသင်းသားတွေရဲ့ အပြစ်တင်မှုကို ခံနေရလေပြီ
ကျတော် က မှားနေ၍ ဘာမှ မတတ်နိုင်သောကြောင့် ခေါင်းပဲငြိမ့်ထားလိုက်ရသည်
ဒါပေမယ့် ဟိုဆော့ ကတော့ ကျတော့်ကို
ကာကွယ်‌ပေးဖို့ ဘယ်တော့မှ မမေ့လျော့တဲ့သူတစ်ယောက်ပေ

"ငါ သူ့အစား တောင်းပန်ပါတယ်ကွာ
သူဒီနေ့ နဲနဲစိတ်မကြည်လို့ပါ အိမ်မှာ ပြဿနာနည်းနည်း တက်ခဲ့လို့ထင်ပါတယ်
ဒီတစ်ခါတော့ သူ့ကို နားလည်ပေးလိုက်ကြပါနော် , နောက်တစ်ခါ မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်"

"အသင်းလိုက်ကစားရတာဆိုတော့ ကိုယ့်ကြောင့်
တခြအသင်းသားတွေကို စိတ်ပျက်အောင်
မလုပ်ပါနဲ့ ကစားနေတဲ့ အချိန်တော့ အချင်းချင်း လေးစားမှု လေးထားပေးပါ"

အသင်းခေါင်းဆောင် ကပါ ခက်ထန်သော
လေသံဖြင့် သတိပေးသလိုပြောလာသဖြင့်
စိတ်လွင့်နေတဲ့ ထယ်ယောင်း အစား ဟိုဆော့
ကသာ တိုင်ခံ တောင်းပန်နေရသည်

"အေးပါကွာ ငါ သူ့အစားတောင်းပန်ပါတယ်"

"နောက်မဖြစ်စေရဘူးဆို ပြီးတာပါပဲ"

"အင်းပါ ကျေးဇူးပါပဲ"

ကျတော်တို့  တစ်နာရီ‌ခွဲလောက် လေ့ကျင့်ပြီးတော့ အသင်းသားအားလုံး အိမ်ပြန်သွားကြလေသည်
ကျတော်လည်း ထယ်ယောင်း နဖူးကိုစမ်းကြည့်ရင်း

"ထယ်ယောင်း မင်းနေမကောင်းဘူးလား"

"မဟုတ်ပါဘူးကွာ"

Taehyung က မလန်းမဆန်းဖြစ်နေသော
မျက်နှာနဲ့ ဖြေလာတာကိုမြင်ရတော့ ဟိုဆော့
အားမရစွာနဲ့ သက်ပြင်းချလိုက်သည်

"မင်း ကစားနေတုန်း က အာရုံတွေအရမ်းပြန့်နေတာ ငါသတိထားမိတယ် , တစ်ခုခုဖြစ်သွားလို့လား"

"မဖြစ်ပါဘူး... ဒီတိုင်းပဲ ငါ သေချာ အာရုံမစိုက်မိ သလိုဖြစ်သွားတာ"

"အင်းပါ....အဲ့တာဆိုလည်း ပြီးတာပါပဲ"

"ငါတို့ အိမ်ပြန်ကြမယ်လေ"

"အင်း သွားရအောင်"

ကျတော်တို့ လွယ်အိတ်တွေယူရန် ခုံတန်းနားသွားလိုက်တော့ ကျတော်တို့ လွယ်အိတ်နှစ်ခုကြားထဲမှာ ရောက်နေတဲ့ Coca-Cola
အချိုရည်ဘူးကြောင့် Hoseok အံ့ဩသွားပြီး

"ဟင်....ဒီ Coca-Cola ဗူးက..."

ကျတော်လည်း ထိုအချိုရည်ဗူးကို ဆက်ခနဲဆွဲယူလိုက်ကာ

"ဟာ.... Hoseok မင်းအရမ်းအလိုက်သိတတ်တာပဲကွာ
မင်း အလာတုန်းက နောက်ကျနေတယ်ဆိုတာ
ငါ့အတွက်  သွား၀ယ်နေတာမလား
ဟားးဟားး ကျေးဇူးပဲ ငါအကုန်သောက်လိုက်တော့မယ်"

"မဟုတ်ဘူး....အဲ့တာ"

ဟိုဆော့ ဆက်ပြောမည့်စကားကို သိနေသော
ကြောင့် ကျတော်လည်း ဘူးအဖုံးဖွင့်ကာ အချိုရည်ကို တစ်ကျိုက်တည်း အကုန်သောက်ပလိုက်ပြီး ပတ်၀န်းကျင်ကို အနည်းငယ်လေ့လာနေသည်
ဟိုကလေးမများ ကျတော်တို့ နှစ်ယောက်ကို ကြည့်နေမလားဆိုတဲ့ စိတ်ကလေးနဲ့ပေါ့
ဟက်!! အခုဆို ကျတော်က သူ Hoseok အတွက်ပေးထားတာကို ကြားထဲကနေ မဆီမဆိုင်
၀င်သောက်လိုက်တာလေ
သူ ကျတော်တို့ကို တစ်နေရာရာက ကြည့်နေမယ်ဆိုရင် အခုဖြစ်နေတာ တွေအကုန် မြင်သွားလောက်ရောပေ့ါ
ကျတော်ကလည်း အဲ့လိုဖြစ်စေချင်နေတာာမလို့

"Hoseok သွားကြရအောင်"

"အော်...အေးအေး"

ခုနက ကျတော် ခပ်လှမ်းလှမ်းကနေ မြင်လိုက်ရတဲ့ ပုံစံအရဆိုရင် သူက အားကစားဘောင်းဘီရှည်ကြီး ကို၀တ်ထားပြီး အပေါ်ပိုင်းက  Hoodie အပွကြီးကို လည်းစွပ်ထားသေး၏
ထို့ကြောင့် သူ့ရဲ့ ဆံပင်ကို ကျတော် မမြင်ရပါ
Mask ကလည်း တပ်ထားသေးတာဆိုတော့
မျက်နှာခန့်မှန်းရန် အလွန်ပင်ခက်ခဲသွားသည်
ဒီ့ထက်ပိုပြီး အနီးကပ်မြင်လိုက်ရရင်တော့
သူ့မျက်လုံးကို ကြည့်ပြီး နည်းနည်း စဉ်းစားလို့
ရလောက်သေးသည်
ခန္ဓာကိုယ်အချိုးအစားကို ကြည့်လိုက်တော့
ထိုသူက Jungkook လည်းပြောခဲ့သလို မိန်းကလေးတစ်ယောက်ဆိုတာကတော့
သေချာနေပါပြီ

မင်းစောင့်ကြည့်နေလိုက် မနက်ဖြန်ကစပြီး
မင်း Hoseok ကို လက်ဆောင်အဖြစ်ပေးထားတဲ့
ပစ္စည်းတွေထဲကို ငါက တစ်ခုပြီးတစ်ခု သုံးပြမှာမလို့ အဟက် !! မင်း လည်း မြင်သွားတာပေါ့

"Hoseok မနက်ဖြန်ကျရင်  ငါ မင်းဆီကယူထားတဲ့ ဟို ဘောင်းဘီလေး၀တ်မယ်နော်"

"၀တ်လေ မင်းပစ္စည်းဖြစ်သွားပြီပဲကို
မင်းကြိုက်သလိုလုပ်ပေါ့"

"အင်း"

မင်း သာ Hoseok ကို အမြဲတမ်း နောက်ယောင်ခံလိုက်ကြည့်နေတယ်ဆိုရင်တော့ မနက်ဖြန်
မင်း နဲ့ ငါ တွေ့ကြပြီပေါ့ကွာ ။


Edited Version










"ဟာ....မရဘူးနော်"


"ဟွန့်...."




"ဟိုဆော့ ...."




"ဖွီးး....."



သူကတုံးတာလား အတာလား









"ပြီးရော...."

"မင်း မအိပ်သေးဘူးလား"



"အင်း ပါသွားတယ်"

"လာပါ အိပ်ရအောင်ပါကွာ"


လှမ်းကြည့်ရင်း






"ဟာ...ဘာစကားကြီးလဲဟ"




"မင်းလွတ်အောင်သာပြေး!!!"

.........။
                         

ဟိုဆော့ ဆို အိပ်နေလောက်ရောပေါ့








ဆို ထားလိုက်ပါတော့




"Morning မားမား"

"အင်း..."


"မနက် 1 နာရီကတည်းက..."

"အော် ဟုတ် မားမား"

"ထယ်ယောင်းကော...."



"အင်း Taehyung"


ခံစားလိုက်ရသလို




အန်တီ ဆွန်းဟွာ ကလည်း"





မုန့်တွေစားလေ အစာခံနိုင်အောင်လို့ပေါ့ "

"ဟုတ်...ဟုတ်ကဲ့ပါ"

"ဟိုဆော့ .."

"ဗျာ မားမား"








မနည်းထိန်းလိုက်ရင်း


"အော်...."





                       


"ဟင် ဘာအတွက်လဲ"








သိရဲ့သားနဲ့ "


                             


ကျယ်ဝန်းပါ၏

ချထားသည်
တင်စရာနေရာပေါ့

ထွက်ပြေးသွားလေသည်

"ဝှီးး!!!!"











"အင်းပါ ကျေးဇူးပါပဲ"



"မဟုတ်ပါဘူးကွာ"






"အင်း သွားရအောင်"


"ဟင်....ဒီ Coca-Cola ဗူးက..."



"မဟုတ်ဘူး....အဲ့တာ"

ဝင်သောက်လိုက်တာလေ
သူ ကျတော်တို့ကို တစ်နေရာရာက ကြည့်နေမယ်ဆိုရင် အခုဖြစ်နေတာ တွေအကုန် မြင်သွားလောက်ရောပေါ့

"Hoseok သွားကြရအောင်"

"အော်...အေးအေး"

ရလောက်သေးသည်
သေချာနေပါပြီ




"အင်း"


Continue Reading

You'll Also Like

1.1M 48.9K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
3.3K 663 14
🎶Can I go where you go? Can we always be this close forever and ever? And ah, take me out, and take me home (forever and ever) You're my, my, my, my...
11.3K 1.2K 3
ညနေခင်းလေးတွေတိုင်းမှာ မင်းကိုကိုယ်ချစ်ပါ့မယ် #KOOKMIN #Omegaverse ( Unicode+Zawgyi )
25K 3.3K 38
ဒီအတိုင်း ဟိုးရှေးရှေးတုန်းက ပုံပြင်လေးတစ်ပုဒ်ပါပဲ