HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 24

2.7K 324 15
By VemberCB_Kai

[Unicode + Zawgyi]

ကျန်ခဲ့တဲ့အပတ်က Chanyeolဘယ်လိုတွေပြောခဲ့သည်မသိ..အိပ်ယာနိုးတဲ့အခါ အစ်ကိုသုံးယောက်လုံးဆီက သဘောတူတယ်ဆိုတဲ့စကားကိုပင် Baekhyun အခုထိမယုံနိုင်သေး။
နေ့စဉ်Chanyeolကိုမေးကြည့်တော့လည်း မဖြေ.. အစ်ကိုတွေဆီမေးကြည့်တော့လည်း လိုချင်တဲ့အဖြေကိုမကြားရနဲ့ ပျော်နေပေမဲ့ ဘာကိုရစ်ချင်နေမှန်းမသိဖြစ်နေလေသည်။


သူငယ်ချင်းတွေနဲ့ Video callပြောတိုင်းလည်း Chanyeolနဲ့သူ့ကို အစ်ကိုတွေသဘောတူသွားပြီဖြစ်ကြောင်းပြောရသည်ကအထပ်ထပ်မို့ သူငယ်ချင်းသုံးယောက်မှာ Baekhyunအဲ့အကြောင်းပြောပြီဆို လုပ်ချင်တာလုပ်‌နေတတ်သည်။

အစ်ကိုတွေသဘောတူလိုက်ကတည်းက Chanyeolနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသည် အစ်ကိုတွေနားထဲမှာရေပတ်မဝင်အောင် Baekhyunအသံကကြီးစိုးနေတော့သည်။
ညီငယ်လေးပျော်နေရင်ကို သဘောကျနေတဲ့အစ်ကိုတွေကတော့ မညည်းမညူ နားထောင်ပေးရှာသည်။

"Chanyeol.. Chanyeol"

ခွဲစိတ်ခန်းဆီကထွက်လာတဲ့Chanyeolကို Baekhyunကဆီးကြိုနေပြီး Chanyeolရဲ့အခန်းဆီကို တန်းခေါ်သွားသည်။

"ပင်ပန်းနေပြီလား.. မင်းခွဲခန်းထပ်ဝင်ရဦးမှာလား"

ဒီနေ့တွင် Chanyeolအတွက်၂ယောက်မြောက် ခွဲစိတ်မှုပြီးဆုံးခြင်းဖြစ်တာမို့ အနားယူသင့်နေပြီဖြစ်သည်။
ခွဲခန်းကထွက်တာနဲ့Baekhyunကိုမြင်လိုက်ရတာမို့ Chanyeolစိတ်ထဲဝမ်းသာသွားပေမဲ့လည်း ဘေးနားပေါက်ပေါက်ဖောက်နေတဲ့Baekhyunအသံကိုတော့ Chanyeolနားညီးလာသည်။

"မဝင်သေးဘူး ငါခဏနားမလို့"

"အခုက ငါ့နားချိန်ရောက်နေတာ ဒါကြောင့်ငါက Chanyeolဘေးနားမှာနေပေးမယ်လေ"

လက်ကိုချိတ်ကာ ရယ်ပြနေတဲ့Baekhyunကို Chanyeolဘာမှမပြောဘဲလွှတ်ထားသည်။

"ဟီးဟီး.."

Baekhyun Chanyeolပါးကိုလှမ်းနမ်းလိုက်တော့ Chanyeolမျက်မှောင်ကြုတ်ကြည့်လာတဲ့အခါ ရယ်ပြနေပြန်သည်။

"ဆေးရုံမှာဆိုတာ သတိထားဦး"

"ငါက ငါ့အချစ်လေးပင်ပန်းနေလို့ အားရှိသွားအောင် အားသွင်းပေးတာကို
Chanyeol..မင်းနှလုံးသားလေးကချစ်ဖို့မကောင်းဘူးလား"

အဲ့နေ့ကတည်းကစပြီး.. သူ့ကိုယ်သူ Chanyeolရဲ့နှလုံးသားလေး..Chanyeolရဲ့နှလုံးသားလေးနဲ့ ပါးစပ်ဖျားကမချ
တခါခါကျ Chanyeolပင် ရှက်တောင်ရှက်ချင်လာသည်အထိကို Baekhyunကပြောတတ်သည်။

"ဟုတ်ပါပြီ ငါ့ရဲ့နှလုံးသားလေးရယ် စကားတွေမများဘဲ အခန်းထဲသွားရအောင်နော် ငါ့ကိုနားခွင့်လေးပေးပါဦး"

"ဟီး... တူတူသွားကြမယ်လေ"

အခန်းထဲရောက်တော့လည်း ထိုင်နေတဲ့Chanyeolကို မနှောက်ယှက်ဘဲငြိမ်ငြိမ်နေမယ်ပြောပြီး အနောက်ကနေသိုင်းဖက်ထားသည်။

"မညောင်းဘူးလား သွားထိုင်"

Chanyeolမျက်လုံးများမှိတ်ပြီးပြောနေတဲ့အခါ Baekhyunကပြုံးနေပြီး Chanyeolပါးကိုနမ်းလိုက်သည်။

"မထိုင်ချင်ဘူး ခဏနေငါ့Dutyပြန်ဝင်ရမှာ ငါ့အချစ်လေးဆီကအားတွေအများကြီးယူသွားရမယ်"

Chanyeol Baekhyunလက်ကိုကိုင်ပြီးအရှေ့ကို‌ဆွဲယူလိုက်တဲ့အခါ Baekhyunက Chanyeolကိုယ်ပေါ်ဘေးတစောင်းထိုင်လိုက်ရသည်။

"ဒါဆို ဒီတိုင်းထိုင်နေ"

"အင်း.."

Baekhyunသဘောကျနေကာ မျက်လုံးတွေမှိတ်ထားတဲ့Chanyeolကိုသေချာကြည့်နေပြီးမှ လည်တိုင်ဆီကိုသိုင်းဖက်လိုက်ကာ နှုတ်ခမ်းတွေကိုထိကပ်လိုက်သည်။

Chanyeolနှုတ်ခမ်းလှုပ်ရုံပြုံးလိုက်ပြီး အနမ်းများကိုပြန်တုံ့ပြန်ပေးသည်။

"တော်.. တော်ပြီ... ငါ သွား ရတော့ မှာ"

တော်တော်ကြာနမ်းနေပြီးမှ မူမမှန်တော့တဲ့ရင်ခုန်သံတွေနဲ့ ပြောင်းလဲလာတဲ့အနေအထားကြောင့် Baekhyunနမ်းနေတာကိုအမြန်တားလိုက်တဲ့အခါ Chanyeolမျက်မှောင်ကြုတ်ကြည့်လာတော့ Baekhyun Chanyeolကိုယ်ပေါ်ကနေလုဆင်းလိုက်သည်။

"ညနေပြန်ရင်တူတူပြန်မှာနော် သွားပြီ"

Baekhyunထွက်သွားတော့ Chanyeolနှုတ်ခမ်းကိုပြန်ကိုင်ပြီး ပြုံးလိုက်သည်။

"Chanyeol-Oppa Vierဝင်ခဲ့မယ်နော်"

Chanyeolကိုယ်ကိုပြန်ပြင်လိုက်ကာ စားပွဲပေါ်ကReportစာအုပ်ကိုကြည့်နေပြီး ဝင်ခိုင်းလိုက်တော့ Vierကဝင်လာပြီး Chanyeolအရှေ့ကိုလျှောက်လာခဲ့သည်။

"Oppa .. Oppaကို Vierစိတ်ဝင်စားစရာတစ်ခုပြရမလား"

"ဘာကိစ္စလဲပဲပြောပါ.. ကိုယ်ကအားနေတဲ့သူမဟုတ်ဘူး"

"ဖြေးဖြေးပေါ့Oppaကလည်း.. အရင်ဆုံးတစ်ခုမေးချင်တယ်
Oppaနဲ့ ဟိုဆရာဝန်Baekhyunတို့ရဲ့ ဆက်ဆံရေးက သာမန်ထက်ပိုတယ်မလား"

Chanyeolလက်ထဲကဘော့ပင်လေးတုံ့ခနဲရပ်သွားပြီး Vierကိုကြည့်လာခဲ့သည်။

"မင်းဘာတွေလာပြောနေတာလဲ"

"ဒီမှာကြည့်..!"

Vierကဖုန်းကိုထိုးပေးလာလို့ Chanyeolကြည့်လိုက်တဲ့အခါ အခုဏBaekhyunသူ့ကိုနမ်းနေသည့်ပုံပင်..

"မင်းဒါကိုဘယ်ကရ."

"Vierကိုယ်တိုင်မြင်တာOppa!!
အနေအေးတဲ့Oppaကို သူကလိုက်ကပ်နေတာမလား
မြင်တာနဲ့သိသာပါတယ် Oppaပုံကစိတ်ရှုပ်နေတာပဲဟာ
ဒီဓာတ်ပုံကိုသာဖြန့်လိုက်ရင် ဆရာဝန်အသစ်လေးBaekhyunဘာဖြစ်သွားနိုင်လဲဟင်
သူကအရမ်း‌မောက်မာတာပဲ
တခါလောက်တော့ Vierရှေ့မှာဒူးထောက်ပြီးတောင်းပန်ခိုင်းရမလား"

Chanyeolဒေါသထွက်လာပြီး Vierဆိုတဲ့မိန်းကလေးကို မျက်ထောက်နီကြီးနဲ့ကြည့်နေတော့သည်။

"ယောက်ျားလေးဖြစ်ပြီးအရှက်မရှိတာများ.. ငါ့Oppaကို လာကြံရဲတယ်
Oppaဘာမှစိတ်မပူနဲ့ Vierက ဖိုးဖိုးကိုပြောပြီး Baekhyunဆိုတဲ့အဲ့အရိုင်းအစိုင်းကို ရှင်းပေးမယ်"

"Vier!! Baekhyunကမင်းထင်နေသလို ငါ့ကိုလိုက်ကပ်နေတာမဟုတ်ဘူး"

"Oppaက သူ့ကိုဘာလို့ကာကွယ်နေတာလဲ.. သူ့လို့အရိုင်းအစိုင်းကို Oppaကောင်းပေးစရာမလိုပါဘူး
အဲ့အရိုင်းအစိုင်းကို Vierကောင်းကောင်းပညာပေးပြမယ်"

Chanyeol မတ်တပ်ရပ်လာပြီးလက်ကဘော့ပင်ကိုစောင့်ချပစ်လိုက်တော့ Vierလန့်သွားသည်။

"Oppa..ဘာလို့ဒေါသထွက်နေတာလဲ"

"Baekhyunကိုဘာမှမလုပ်နဲ့"

"Oppa!! Vierကိုမအော်နဲ့.. Vierကစေတနာနဲ့Oppaနားကအရှုပ်ထုတ်ကိုဖယ်ရှားပေးမဲ့သူပါ"

"Baekhyunကငါ့ချစ်သူ မင်းသူ့ကိုဘာကြောင်းပြချက်နဲ့မှ သွားထိစရာမလိုဘူး"

"Oppa...."

ခပ်စိမ်းစိမ်းအကြည့်တွေနဲ့Chanyeolကိုကြည့်ရင်းVierအံ့ဩသွားကာ ပြောစရာစကားတို့မရှိတော့ဘဲငိုပြီးပြေးထွက်သွားတော့ Chanyeolနောက်ကခုံပေါ်ပစ်ထိုင်ချမိသည်။

နောက်ကိစ္စတစ်ခုကရှိလာပြန်ပြီ.. ဟူးးး

Chanyeolသက်ပြင်းခဏခဏချနေကာ တော်တော်ကြာထိုင်နေပြီးမှ နေ့ခင်းစားသောက်ပြီးချိန် လူနာတွေဆီroundကြည့်ဖို့ထွက်လာခဲ့သည်။

ရောက်ယက်ခတ်နေတဲ့လူတွေနဲ့အတူ တိုးတိုး တိုးတိုးနဲ့ဆူညံနေတဲ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဘေးကတစ်ယောက်ယောက်ကိုမေးကြည့်တဲ့အခါ ကန်တင်းမှာပြဿနာတစ်ခုခုဖြစ်နေကြောင်းသိရသည်။
သိုပေမဲ့လည်း စိတ်ဝင်စားခြင်းမရှိတာမို့ Chanyeolကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာ အာရုံရှိနေသည်။

‌လမ်းလျှောက်နေရင်းမှ ဝင်လာတဲ့JunMyeonရဲ့Massageကိုမြင်မြင်ချင်း Chanyeolမျက်လုံးပြူးရကာ ကန်တင်းကိုချက်ချင်းပြေးသွားတော့သည်။

ကန်တင်းအဝင်ဝပဲရှိသေးပေမဲ့ များလှတဲ့လူတွေရဲ့ဝိုင်းအုံနေခြင်းက ဘာဖြစ်နေလဲသိရဖို့ကင်းစွာ.. JunMyeonရဲ့ ကန်တင်းမှာပြဿနာဖြစ်နေတာBaekhyunပါနေတယ်ဆိုတဲ့စာကြောင်းကတော့ Chanyeolကိုမြင်မြင်သမျှအားတွန်းဖယ်ပြီးတိုးဝင်‌စေခဲ့သည်။
ဂျူတီကုတ်အင်္ကျီအဖြူဟာ တခြားအရောင်တွေရဲ့စွန်းထင်းမှုကြောင့်ညစ်နေပြီး ကြမ်းပြင်ပေါ်လဲနေတဲ့Baekhyunကိုမြင်မြင်ချင်း Chanyeolခေါင်းနပန်းကြီးကာ အနားကိုအမြန်သွားသည်။

"Chanyeol.."

Baekhyun Chanyeolကိုမြင်တော့ဝမ်းသာသွားပေမဲ့ ပြေးလာနေတဲ့Chanyeolကို မလာခဲ့ဖို့ခေါင်းခါပြနေတဲ့အခါ Chanyeolမှာတုံ့သွားရသည်။
သို့ပေမဲ့ အပေါ်ဝတ်ကိုချွတ်လိုက်ကာ အနားရောက်တာနဲ့ ညစ်ပေနေတဲ့Baekhyunကိုယ်ကို ဖုံးပေးလိုက်ပြီး ရင်ခွင်ထဲဖက်ထားလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

"ငါ့နားကထွက်သွား"

Chanyeol ပတ်ဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါ တချပ်ချပ်ရိုက်နေတဲ့ ဖုန်းကင်မရာတွေနဲ့အတူ တောင့်တောင့်ကြီးရပ်နေတဲ့ Vierကိုမြင်သည်။

"Vier.."

Chanyeol Baekhyunကိုပြန်ကြည့်တဲ့အခါ ရှက်လို့ထင်တယ်မျက်နှာလေးရဲနေပြီး တုန်ယင်နေတဲ့လက်တွေက ဘယ်လောက်စိတ်လှုပ်ရှားနေမလဲကို ခန့်မှန်းမိသွားသည်။

"ထ.. ဒီကသွားကြရအောင်"

"BaekhyunကGayတစ်ယောက်ပဲ"

ပတ်ပတ်လည်ကလူတွေရဲ့ အံ့ဩသွားသံတွေက နားအတွင်းဝင်ရောက်လာပြီး ထပ်ပြီးလိုက်လာသည်က အားကျတဲ့အသံထက် ကဲ့ရဲ့တဲ့အသံ..ရှုံ့ချတဲ့အသံ..စတာတွေကပို၍များနေခဲ့သည်။

"Chanyeol.. ငါတောင်းပန်ပါတယ်"

Baekhyunတောင်းပန်စကားဆိုပြီး ခေါင်းကိုငုံ့ချလိုက်တဲ့အခါ Chanyeolကဖက်ထားတာကိုလွှတ်ပြီးမတ်တပ်ရပ်လိုက်သည်။

"အားလုံးပဲ"

ဖက်ထားတာကိုချက်ချင်းလွှတ်လိုက်တဲ့Chanyeolကြောင့် Baekhyunကြည့်မိတဲ့အခါ Chanyeolကတည်တည်ငြိမ်ငြိမ်နဲ့မတ်တပ်ရပ်နေပြီး စကားအစချီတာကိုမြင်သည်။

Baekhyunဘာလုပ်ရမှန်းမသိဘဲပတ်ပတ်လည်ကိုကြည့်မိတဲ့အခါ ပြန်ရရှိနေတဲ့အကြည့်အများစုက ကြောက်စရာကောင်းနေခဲ့တာမို့ လက်သီးများဆုပ်လိုက်ကာ ခေါင်းငုံ့ထားလိုက်မိသည်။

ငါ့ကြောင့်.. Chanyeolအပြောခံရတော့မယ်
သူများတွေရဲ့အမုန်းကို Chanyeolကခံရတော့မယ်
ငါ့ကြောင့်.. အားလုံးငါ့ကြောင့်ပါ
တောင်းပန်ပါတယ် Chanyeol..

ငါ မင်းကိုအခုလိုတွေမဖြစ်စေချင်ပါဘူး

မင်းငြင်းလိုက်လို့ရပါတယ်

မင်းနဲ့ငါ့ရဲ့ပတ်သက်မှုကို Vier‌ဆိုတဲ့ အဲ့ဒီမိန်းမယုတ်ပဲသိတာပါ

မင်းက ငါနဲ့ဘာမှမပတ်သက်ဘူးလို့ပြောလိုက်လဲ ငါနားလည်ပေးမှာပါ

Chanyeol.. လုပ်ပါ ... ငါတို့ဘာပတ်သက်မှုမှမရှိ..

"Baekhyunနဲ့ကျွန်တော်နဲ့က ချစ်သူတွေပါ"

Baekhyunထင်မထားခဲ့တဲ့Chanyeolရဲ့ဝန်ခံချက်ကြောင့် အံ့ဩလွန်းပြီးမော့ကြည့်လာတဲ့အခါ Chanyeolက ဒူးတဖက်ထောက်ကာ သူ့ကိုဖြေးဖြေးချင်းမတ်တပ်ရပ်ဖို့ကူလာပေးသည်။

"Baekhyunကို ဘယ်သူကအခုလိုပုံစံဖြစ်အောင်လုပ်တာလဲ"

"Oppa ..."

"မင်းလားVier.."

"Oppa ..."

"Vier..မင်းကိုယ်တို့နဲ့ဝေးဝေးနေပါ.. ပြီးတော့.."

Chanyeol Baekhyunကိုဖက်ထားပြီး အေး‌စက်စက်အကြည့်တွေက အနားမှာရှိတဲ့လူတွေဆီတိုက်ရိုက်ကျရောက်လာတဲ့အခါ ဖျားသွားချင်လောက်အောင်စူးရှလွန်းလှသည်။

"Baekhyunနဲ့ ParkChanYeolက ချစ်သူတွေဆိုတာ အားလုံးမှတ်ထားပေးပါ
မင်းတို့တွေအားလုံးရဲ့ လက်ခံခြင်း လက်မခံခြင်းကို ငါစိတ်မဝင်စားဘူး
ဒါပေမဲ့ Baekhyunကိုလာထိခိုက်ဖို့တော့ မစဉ်းစားမိစေနဲ့
ငါသည်းခံပေးမှာမဟုတ်ဘူး"

Chanyeol Baekhyunကိုပွေ့ချီကာ Vierကိုအေးစက်စက်ကြည့်ပြီး နေရာကနေထွက်သွားတော့ ကျန်ခဲ့တဲ့သူတွေထဲကနေ အားကျနေတဲ့အသံတွေက ကျယ်လောင်စွာလွင့်ပျံလာခဲ့လေသည်။

"ဟီး..."

Baekhyun Chanyeolပွေ့ချီထားတဲ့အတိုင်းငြိမ်ငြိမ်လေးလိုက်ပါလာခဲ့ပြီးမှ Chanyeolရဲ့အခန်းထဲရောက်တဲ့အခါမှာ ထရယ်လာတော့ Chanyeolကငုံ့ကြည့်လာသည်။

"ငါ့အချစ်လေးက အရမ်း... အရမ်း မိုက်တာပဲ.. အားကိုးချင်စရာကြီးလို့ကောင်မလေးတွေကတော့တွေးနေကြတော့မှာပဲ.. ဟိဟိ... Chanyeol-Ya.. မင်းဘာလို့အဲ့လောက်ကြည့်ကောင်းရတာလဲ"

Chanyeolကဘာမှမပြောသေးဘဲ Baekhyunကိုဆိုဖာပေါ်တင်ပေးပြီး အင်္ကျီတွေချွတ်လာတဲ့အခါ Baekhyunတွန်းဖယ်ပြီးမတ်တပ်ရပ်လိုက်သည်။

"ဘာ..ဘာလုပ်မလို့လဲ..မင်း.. မင်းနော်"

"ဘာတွေလိုက်တွေးနေတာလဲ.. ဒီလောက်ညစ်ပတ်နေတာကို အဝတ်တွေလဲစမ်းပါ.. လာငြိမ်ငြိမ်ထိုင်နေ ငါလုပ်ပေးမယ်"

Baekhyunအဆူခံလိုက်ရလို့ မျက်နှာငယ်လေးနဲ့ပြန်ထိုင်နေတော့ Chanyeolကအပိုဆောင်ထားတတ်တဲ့အဝတ်တွေထုတ်လာကာလဲပေးလိုက်သည်။

ပြီးတာနဲ့ရေတစ်ခွက်ထည့်ပေးကာ သောက်ခိုင်းနေပြီး ဘာဖြစ်ခဲ့လဲဆိုတာမမေးသေးဘဲထသွားပြန်တော့ BaekhyunထလာကာChanyeolကိုအနောက်ကနေဖက်ထားလိုက်သည်။

"အခုဏက ငါအရမ်းကြောက်နေတာ
မင်းတွေ့တယ်မလား သူတို့တွေရဲ့အကြည့်ကအရမ်းကြောက်ဖို့ကောင်းတယ်"

Baekhyun Chanyeolကျောပြင်ကိုမှီထားလိုက်ပြီးခဏငြိမ်နေလိုက်သည်။

"Vierက မင်းကိုငါနမ်းနေတဲ့ပုံလေးလာပြပြီး အဲ့တာကိုဖြန့်လိုက်ရင် မင်းကိုတခြားသူတွေကဝိုင်းအပြစ်တင်ပြီးကဲ့ရဲ့ကြမှာပဲလို့ပြောတယ်
မင်းကအဲ့တာကိုလက်မခံနိုင်ရင် ငါနဲ့လမ်းခွဲသွားမှာပဲ
ပြီးတော့ ငါကယောက်ျားလေးတစ်ယောက်လည်းဖြစ်နေတာကို မင်းကဘာအတွက်သိက္ခာကျပြီးလိုက်ကာကွယ်နေမှာလဲ
ငါကသာအတင်းလိုက်ကပ်နေလို့မင်းကလက်ခံပေးရုံပဲတဲ့
တခြားပြောတာတွေလည်းရှိသေးတယ်"

Chanyeolကလှည့်လာတော့ Baekhyunဖက်ထားတာကိုဖယ်ပေးလိုက်သည်။

"Baekhyun.."

"သူကတကယ်လှတဲ့မိန်းကလေးတစ်ယောက်ပါ..
ငါကယောက်ျားလေးတစ်ယောက်လိုချင်တဲ့ပုံစံမျိုးတွေငါ့မှာရှိမနေဘူး
သူမ ပြောတာတွေလည်းမှားမနေပါဘူး

မိန်းကလေးတစ်ယောက်ဖြစ်တဲ့သူမက ချောမောတဲ့ယောက်ျားလေးတစ်ယောက်ကိုချစ်တာကဖြစ်သင့်တာပဲမလား

Vierက မင်းကိုချစ်နေတာChanyeol"

Baekhyun Chanyeolမျက်လုံးတွေဆီကိုသေချာကြည့်ပြီးစကားကိုအဆုံးသတ်လိုက်တဲ့အခါ Chanyeolကပြုံးလာသည်။

"မင်းကဘာကိုသဘောကျလို့ပြုံးနေတာလဲ.. Vierကမင်းကိုချစ်နေတာကိုလား
ParkChanYeol.."

Baekhyunမျက်မှောင်ကြုတ်ကာစူပုတ်နေတော့ Chanyeolကပိုပြုံးလာခဲ့သည်။

"Ya!!! Chanyeol!! ငါတစ်ယောက်ထဲမင်းချစ်သူ
ငါတစ်ယောက်ထဲပဲမင်းကိုပိုင်ရမှာ
ငါတစ်ယောက်ထဲပဲမင်းကိုချစ်မှာ"

Chanyeol.. အတွေးတစ်ခုဝင်လာကာ စူပုတ်နေတဲ့Baekhyunဘေးမှာ တဖြေးဖြေးချင်းပတ်လျှောက်နေသည်။

"တကယ်?? Vierကငါ့ကိုချစ်နေတာ.. သူမကစောစောကမပြောဘူး.. သူမသာစောစောဖွင့်ပြောခဲ့ရင် ဒီလောက်ဆိုးတဲ့ကောင်လေးတစ်ယောက်ကို ငါသတိထားမိခဲ့ပါ့မလား"

"Ya...!!! မင်းကငါနဲ့ချစ်သူဖြစ်ခဲ့တာကို တကယ်ပဲနောင်တရနေတာလား
ငါကယောက်ျားလေးဖြစ်နေလို့ တကယ်ပဲမင်းက အဲ့လိုခံစားနေရတာပေါ့
ဒါဆိုဘာလို့ ငါ့အစ်ကိုတွေဆီမှာ ငါနဲ့သဘောတူအောင် ဘာတွေကိုပြောခဲ့တာလဲ အရူးရဲ့..
ဘာလို့ငါနဲ့အတူတူအိပ်သေးလဲ  မကောင်းတဲ့လူယုတ်မာကြီးရဲ့..
အခုဏကကော ဘာလို့မင်းချစ်သူလို့ပြောခဲ့တာလဲ
ဘာလို့ကာကွယ်ပေးခဲ့ရတာလဲ"

Baekhyunငုတ်တုတ်လေးထိုင်ချလိုက်ကာငိုနေတော့ Chanyeolမှာမျက်လုံးအပြူးသားနဲ့ အတူတူလိုက်ထိုင်လိုက်ရသည်။

"ငါ့ကို.. ငါ့ကို.. မချစ်ဘဲနဲ့သက်သက်ကစားနေတာ"

"တိတ်တော့"

"ဘာလို့ငါ့ကိုကစားနေခဲ့တာလဲ.. ငါကဒီလောက်ထိချစ်ပေးခဲ့တာကို မင်းကငါ့အပေါ်ကျကစားရုံသက်သက်ပဲခံစားချက်ထားခဲ့တာမလား.. ငါက အဲ့လောက်ထိလွယ်နေခဲ့လို့လား"

Baekhyunတကယ်ကိုဝမ်းနည်းစွာငိုနေတဲ့အခါ Chanyeolမှာမနေနိုင်တော့ပါ။
ငိုနေတဲ့Baekhyunကိုပွေ့ချီလိုက်ပြီး ဆိုဖာပေါ်မှာထိုင်လိုက်သည်။

"တိတ်တော့.. အခုဏမင်းထိခိုက်မိခဲ့သေးလား"

"ဟင့်အင်း.."

"ငါ့ကိုကြည့်"

"ဟင့်အင်း.."

Baekhyunအငိုတိတ်ကာတရှိုက်ရှိုက်နဲ့မျက်နှာကိုလွှဲထားပြီး စိတ်ဆိုးနေတဲ့ပုံကိုကြည့်ရင်း Chanyeolပြုံးရသည်။

"ငါ့ကိုစိတ်ဆိုးနေတာလား"

"ငါဘယ်တုန်းက Chanyeolကိုစိတ်ဆိုးလို့လဲ"

ငါကစိတ်မကောင်းဖြစ်တာ.. Chanyeolကတကယ်ပဲနောင်တရနေခဲ့တာဆိုဘယ်လိုလုပ်မလဲ

"မင်းတကယ်ပဲ ငါနဲ့ချစ်သူဖြစ်ရတာကိုနောင်တရနေလား"

"မင်း ငါ့ကိုနားမလည်သေးဘူးပဲ"

"ဟမ်..??"

ချီထားတာကိုချပြီး စိတ်ပျက်တဲ့မျက်နှာနဲ့ထွက်သွားတဲ့Chanyeol  ဘာဖြစ်သွားလဲကိုBaekhyunမသိ..
Chanyeolက Baekhyunကိုကျောပေးပြီး အပေါက်ဝမှာရပ်‌နေတော့ Baekhyunထလာခဲ့သည်။

တကယ်ပဲChanyeolက နောင်တရနေတာလား..
မင်းဖြေဖို့ခက်နေတဲ့မေးခွန်းတစ်ခုကို ငါကမေးလိုက်မိလို့လား
ဒီမေးခွန်းအတွက်မင်းမှာအဖြေရှိမနေဘူးပေါ့
ဘာလို့လဲ.. ဘာလို့လဲChanyeol

"ဒီနေ့မင်းအိမ်ပြန်ပြီးနားလိုက်.. မင်းရဲ့Dutyချိန်တွေအကုန်လုံးမှာ တခြားတစ်ယောက်ကိုငါအစားထိုးပေးမယ်"

Baekhyunပြန်ပြောမှာကိုနားထောင်မနေဘဲ Chanyeolပြောပြီးတာနဲ့ထွက်သွားတဲ့အခါ Baekhyunဆိုဖာပေါ်ထိုင်ကျသွားခဲ့ရသည်။

မင်းမကောင်းဘူးParkChanYeol..

TBc...

[Zawgyi 👇]




"Chanyeol.. Chanyeol"







"ဟီးဟီး.."






"ဟီး... တူတူသွားကြမယ်လေ"







"အင်း.."














"ဒီမှာကြည့်..!"


"မင်းဒါကိုဘယ်ကရ."

သူကအရမ်း‌မောက်မာတာပဲ










"Oppa...."







"Chanyeol.."


"ဘာတွေဖြစ်ခဲ့တာလဲ"

"ငါ့နားကထွက်သွား"


"Vier.."


"ထ.. ဒီကသွားကြရအောင်"





"အားလုံးပဲ"












"Oppa ..."

"မင်းလားVier.."

"Oppa ..."





"ဟီး..."












"Baekhyun.."





ParkChanYeol.."








"တိတ်တော့"




"ဟင့်အင်း.."

"ငါ့ကိုကြည့်"

"ဟင့်အင်း.."







"ဟမ်..??"






TBc...

Continue Reading

You'll Also Like

126K 3.6K 40
"𝑴𝒂𝒚𝒃𝒆 𝑰 𝒇𝒆𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒂 𝒗𝒆𝒓𝒔𝒊𝒐𝒏 𝒐𝒇 𝒉𝒊𝒎 𝒕𝒉𝒂𝒕 𝒅𝒊𝒅𝒏'𝒕 𝒆𝒙𝒊𝒔𝒕..." Sometimes the person you want the mo...
376K 17.8K 29
#CHANYEOL #SEHUN #CHANHUN (zawgyi-unicode)
315K 9.4K 52
Read the sneak peek please the stupid thing isn't fitting here. *Major editing alert* Major spelling mistakes and grammatical mistakes are now edite...
41K 994 38
[mikasa x fem reader] as long as y/n knew mikasa, she never really liked her. she hated her for breaking her best friend's heart, jean. but with a ne...