Falling In Love With the Most...

By D_Yayy_Nine

50.6K 4.9K 356

ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-9
Part-10
Part-11[Final]
Extra
Book Announcement

Part-8

2.5K 358 31
By D_Yayy_Nine

Unicode Version

ခန့်မင်းနောင်မှာ မျက်နှာချင်းဆိုင်တွင်ရှိနေသော ရောင်နီကိုကြည့်၍ မယုံနိုင်ခြင်းများစွာဖြင့် ကြည့်နေမိသည်။ ပြီးဆုံးသွားပြီးသားဆက်ဆံရေးကို ဘာကြောင့်များ ဤကဲ့သို့မျက်နှာပြောင်တိုက်နိုင်ရသလဲ။ ပြီးပြတ်သည်ဆိုသည်မှာလည်း သူ့ဘက်ကစခဲ့သည်မဟုတ်လား။ မိမိကမနေနိုင်စွာပြန်လည်တောင်းပန်ခဲ့တုန်းကတောင် တုတ်တုတ်မလှုပ်ခဲ့သူမလား။

“ဒီကို ဘာအတွက်ရောက်လာတာလဲ”

အေးစက်စက်လေသံတို့ဟာ ကြိုဆိုမှုမရှိဘူးဆိုသည့်အချက်ကိုပေါ်လွင်နေသည့်အတွက် ရောင်နီက မျက်နှာကွက်ခနဲပျက်သွားသော်လည်း ချက်ချင်းအမူအရာကို ပြန်ပြင်လိုက်သည်။ ပြီးနောက် ခန့်မင်းနောင်ကို အသာပြုံးလျက်ကြည့်ကာ ပြန်ပြောလေသည်။

“ငါလုပ်ခဲ့တာတွေက မင်းကိုနာကျင်စေခဲ့တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါ့အပေါ်ကို မင်းလောက်ဘယ်သူမှမကောင်းဘူးဆိုတာကိုငါသိလာရတယ်လေ။ ပြီးတော့ မင်း....”

“နေဦး။ ငါတို့အပြင်မှာ သွားပြောကြတာပိုကောင်းမယ်။ ဒီမှာအဖေနဲ့အမေရှိနေတယ်။ ငါတို့ကိစ္စကြောင့် သူတို့ကိုစိတ်မဆင်းရဲစေချင်ဘူး”

“အင်း။ ကောင်းပြီလေ”

ထို့ကြောင့် သူတို့နှစ်ဦးသား အိမ်ထဲမှထွက်လာခဲ့ပြီး ခြံရှေ့ရှိလူသူရှင်းသော အပင်အောက်တွင် စကားပြောဖြစ်ကြသည်။ ခန့်မင်းနောင်အနေနှင့်ဆိုလျှင် ဘာစကားမှ ပြောစရာမကျန်တော့သော်လည်း ရောင်နီ၏စရိုက်ကိုသိပြီးသားမို့ မိမိ၏အိမ်အထိ လိုက်လာနိုင်သော ရောင်နီ့ကို မြန်မြန်ပြန်လွှတ်ဖို့ရာ သူ၏စကားကို ခဏတော့ နားထောင်ပေးရမည်ဟုထင်သည်။

“ရောင်နီ ပြောစရာရှိတာမြန်မြန်ပြော”

“ဘာလို့ဒီလောက်လောနေတာလဲ။ စိုးရိမ်ရမယ့်တစ်စုံတစ်ယောက်ရှိနေလို့လား”

ရောင်နီ၏စကားဟာ မည်သည်ကိုရည်ရွယ်မှန်းသဘောပေါက်လိုက်သည်နှင့် ခန့်မင်းနောင်၏မျက်လုံးထဲမှာ မြင်ယောင်လာသူက ရဝေချမ်း.....။ သို့သော်လည်း လက်တွေ့တွင်တော့ ခေါင်းခါရမ်းပြလိုက်မိသည်။

“ငါထင်သားပဲ။ မင်းကငါ့ကိုမမေ့နိုင်လောက်သေးဘူးဆိုတာ...”

ရောင်နီက ကျေနပ်သောအပြုံးမျိုးကို ဆင်မြန်းကာ သူ့ကိုတည့်တည့်စိုက်ကြည့်ရင်း ပြောလာသည့်စကားကြောင့် ခန့်မင်းနောင်မှာ မနှစ်မြို့မှုကို ခံစားလိုက်ရသည်။

“ငါမင်းကိုမမေ့နိုင်ဘူးဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဒါက မင်းကိုငါချစ်နေသေးတယ်လို့ ဆိုလိုတာမှမဟုတ်တာ”

ထိုအခါ ရောင်နီက သူ့ကိုမယုံကြည်နိုင်စွာ ငေးကြည့်လာသည်။ ခန့်မင်းနောင်ကတော့ အမူအရာတစ်ချက်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံသည့်ထိုခဏတွင် ခန့်မင်းနောင်၏ မျက်ဝန်းထဲ၌ အချစ်ရိပ်တို့ပျောက်ကွယ်နေသည်မှာအမှန်ပင်။ ဤသည်ကို ရောင်နီလည်း သတိထားမိသည်။

“မဖြစ်နိုင်တာ။ ငါတို့အတူရှိခဲ့ကြတဲ့အချိန်က တိုတိုလေးမှမဟုတ်ဘဲ။ မင်း ဘာလို့ ခဏလေးအတွင်း ပြောင်းလဲသွားရတာလဲ”

“မင်း အတိတ်မေ့သွားတာတော့မဟုတ်ဘူးမလား”

စွပ်စွပ်စွဲစွဲပြောဆိုချက်များဟာ ခန့်မင်းနောင်၏ဒေါသကို နှိုးဆွလျက်ရှိသည်။ ရောင်နီသုံးနှုန်းလိုက်သော စကားလုံးများဟာ မိမိကပဲ သူ့အားသစ္စာဖောက်ခဲ့သလို သဘောသက်ရောက်နေသဖြင့် ထိုစကားလုံးတို့ကို သူမကြိုက်။ ထို့ကြောင့် ဒေါသသံရောစွက်သောစကားတို့ကို သွေးအေးစွာပြောထွက်မိခြင်းဖြစ်သည်။

“ငါမမေ့ပါဘူး”

“အေး။ မမေ့ဘူးဆိုရင် မင်းငါ့အပေါ်သစ္စာမရှိခဲ့တာတွေကိုလည်းမှတ်မိမှာပေါ့။ ဟုတ်တယ်မလား”

ထိုအခါ ပြူးကျယ်သွားသော ရောင်နီ၏မျက်ဝန်းအစုံဟာ သူ၏အံ့သြခြင်းဒီဂရီကို ပြသနေလေသည်။ ရောင်နီမှာအံ့သြလွန်း၍ ခဏမျှစကားသံတိတ်သွားရသည်။ ခဏတာတိတ်ဆိတ်နေပြီးမှ ခန့်မင်းနောင်ကို မဝံ့မရဲဖြင့်ကြည့်၍ပြောလာပြန်သည်။

“ငါတောင်းပန်ပါတယ်။ ငါမှားခဲ့တယ်။ ဒါပေမယ့် မင်းကိုပဲငါအချစ်ဆုံးဆိုတာသိတယ်မလား။ ငါလေ တစ်ချိန်လုံး မင်းကိုပဲသတိရနေခဲ့တာ။ တကယ်ပါ”

သူ့လက်ကိုဆွဲကိုင်ကာ ပွေ့ဖက်လုမတတ်တောင်းပန်နေသော ရောင်နီကြောင့် ခန့်မင်းနောင်မှာ အနည်းငယ်ထိတ်လန့်သွားရသည်။ ထို့ကြောင့် မိမိလက်အား ဆုပ်ကိုင်ထားသောလက်ကို အတင်းရုန်းနေရင်းဖြင့် သတိပေးစကားပြောရလေသည်။

“မင်း!! ဒါကမြို့လိုမဟုတ်ဘူးနော်။ နည်းနည်းသိက္ခာလေးဘာလေးထိန်းဦး။ မင်းကဘယ်လိုနေမလဲမသိပေမယ့် ငါ့အတွက်တော့ အဆင်မပြေဘူး”

ခန့်မင်းနောင်မှာ ရောင်နီနှင့်ပူးကပ်နေရသော အနေအထားကြောင့်  စိတ်ထဲစနိုးစနောင့်ဖြစ်ရသည်။ ထို့ကြောင့် ရုန်းနေရင်းဖြင့် ဘေးဘီကိုလှည့်၍ အကဲခတ်မိသောအခါ သူတို့၏အနောက်နားတွင် ရဝေချမ်းက တိတ်တိတ်လေးရပ်နေရှာသည်။ သူ့မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်ကာ မျက်လုံးအစုံပြူးကျယ်သွားရပြီး လူကလည်း ဟိုးအမြင့်တစ်နေရာမှ ပြုတ်ကျလာသလို ဟောဟဲဆိုက်သွားရသည်။

“ချမ်းလေး ..”

ခန့်မင်းနောင်၏ခေါ်သံကြောင့် ရောင်နီကလည်း ရဝေချမ်းကိုသတိထားမိသွားဟန်ဖြင့် လှမ်းကြည့်လိုက်သလို ရဝေချမ်းကလည်း တွန့်ဆုတ်တွန့်ဆုတ်အမူအရာဖြင့် ဘာလုပ်ရမှန်းမသိသည့်ပုံစံမျိုး ဖြစ်နေလေသည်။

“ဟို..အစ်ကိုဖုန်းမေ့ကျန်နေခဲ့လို့လိုက်ပေးတာ”

ရဝေချမ်းက နေရခက်စွာရှင်းပြလာသောအခါ ခန့်မင်းနောင်လည်းရောင်နီ၏လက်ကိုဖြုတ်ချလိုက်ပြီး ရဝေချမ်းဆီသို့ တိုးကပ်သွားလိုက်သည်။

“ဟုတ်လား။ သတိတောင်မထားမိဘူး။ ကျေးဇူးပဲ ချမ်းလေး”

ခန့်မင်းနောင်က ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သော်လည်း ရဝေချမ်းကတော့ အရယ်အပြုံးမရှိပေ။ သူတို့နှစ်ဦးကို လှမ်း၍အကဲခတ်နေသော ရောင်နီကလည်း အနားသို့ရောက်လာပြီး ရဝေချမ်းကို စူးစိုက်ကြည့်ကာ ဒေါသတကြီးပြောလေသည်။

“ဒီတော့ ငါ့ကိုငြင်းနေတာက ဒီကောင်လေးကြောင့်လား။ ငါနဲ့ပြတ်တဲ့အတောအတွင်း မင်းနဲ့သူကတွဲနေကြတယ်ပေါ့”

ရောင်နီ၏စကားကြောင့် ခန့်မင်းနောင်မှာ ရဝေချမ်းကိုစိုးရိမ်တကြီးလှည့်ကြည့်လိုက်မိသလို ရဝေချမ်းလည်း အနည်းငယ်ရှော့ရသွားသည်။ ရောင်နီသည် ထိုနှစ်ဦး၏ဆက်ဆံရေးမှာတစ်မျိုးတစ်ဖုံထူးဆန်းနေသည်ကို သူတို့၏အကြည့်ကတစ်ဆင့် ရိပ်စားမိသည်ဖြစ်ရာ လုံးဝအလျှော့မပေးပေ။ ခန့်မင်းနောင်ကလည်း ရောင်နီ၏မဟုတ်တမ်းတရားစွပ်စွဲချက်ကို ခါးခါးသီးသီးငြင်းရှာသည်။

“မင်းပါးစပ်ကိုပိတ်ထားလို့ရမလား။ သူနဲ့ငါကအဲ့လိုမဟုတ်ဘူး”

“ဒါဆိုဘာလဲ။ သူကမင်းကိုမြှူဆွယ်နေတဲ့အဆင့်ပေါ့”

“ရောင်နီ... မင်းလွန်လာပြီနော်”

ရောင်နီ၏အင်္ကျီကော်လံစကို ဆုပ်ကိုင်ရင်း ဒေါသတကြီးမေးမိလေတော့ ရောင်နီကခပ်ရွဲ့ရွဲ့လေသံနှင့် လှောင်ရယ်သည်။ သူ၏ပုံစံမှာ ရဝေချမ်းကို ခနဲ့လိုဟန်ရှိသည်။ ရန်လိုနေပြီး အန္တရာယ်ရှိသောအကြည့်စူစူးတို့ကိုလည်း ထုတ်လွှတ်နေသေးသည်။

“ဟုတ်တယ်လေ။ မင်းတို့က အဲ့လိုဆက်ဆံရေးမျိုးမဟုတ်ဘူး။ ပြီးတော့ မင်းဘက်ကလည်း သူ့ကိုစိတ်မဝင်စားနေဘူးဆိုရင်…”

“ငါ သူ့ကိုစိတ်မဝင်စားဘူးလို့ ဘယ်သူကအာမခံပေးလိုက်လို့လဲ”

“ဘာ”

ရောင်နီမှာ ခန့်မင်းနောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသလို ရဝေချမ်းကလည်း ထိုစကားကြောင့် မင်သက်အံ့သြမိသွားရသည်။ထို့ကြောင့် ခန့်မင်းနောင်ကို အကြောင်သားငေးကြည့်ကာ တလှပ်လှပ်လှိုက်ခုန်နေသော ရင်ခုန်သံကို ထိန်းချုပ်နေရသည်။ စကားတစ်ခွန်းကြောင့် ရဝေချမ်း၏အမူအရာမှာ အနည်းငယ်မူမမှန်ချင်သလိုဖြစ်နေရသည်။ ဤသည်ကို စကားများနေကြသော နှစ်ယောက်ကတော့ သတိထားမိဟန်မတူပေ။

“မင်း ညာနေတာ။ လူတစ်ယောက်ကို မင်းလွယ်လွယ်နဲ့ စိတ်မဝင်စားတတ်ဘူးလေ”

“အင်း။ အဲ့လိုလူမျိုးကိုတောင် စိတ်ဝင်စားလာအောင် လုပ်နိုင်တာဆိုတော့ သူဘယ်လောက်ဖြူစင်လဲဆိုတာသိပြီလား။ ငါကစိတ်ထားဖြူတဲ့လူတွေကိုပဲ သဘောကျတာသိတယ်မလား။ မင်းကိုတောင် ဖြူဖြူစင်စင်လေးလို့ထင်ခဲ့လို့”

ခန့်မင်းနောင်၏စကားကြောင့် ရောင်နီမှာ နာကျင်စွာပြုံးလိုက်ပြီး ရဝေချမ်းကို မကျေမချမ်းဖြင့် ကြည့်နေလေသည်။ သို့သော်လည်း ခန့်မင်းနောင်က ရဝေချမ်း၏အရှေ့တွင်ပိတ်ရပ်၍ မြင်ကွင်းကို ကွယ်ထားရင်း ကာကွယ်ပေးလိုက်သဖြင့် ရောင်နီ့ခမျာ သူ၏ဒေါသကို ပုံချစရာမရှိတော့သလို ဖြစ်သွားရသည်။ ထို့နောက် တောက်တစ်ချက်ခေါက်ရင်း ခန့်မင်းနောင်၏အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ချက်ချင်းပင် သူ၏ခရီးဆောင်အိတ်ကိုလွယ်ကာ ပြန်ထွက်လာခဲ့ပြီးနောက် လာရာလမ်းအတိုင်း ရလှည့်ပြန်လေတော့သည်။

ထိုအခါမှသာ ကျန်နေခဲ့သောနှစ်ယောက်မှာ နေရခက်သောလေထုထဲတွင် ပိတ်မိနေတော့သည်။ ခန့်မင်းနောင်မှာ ယခုလေးတင် ပြောလိုက်မိသော စကားအတွက် ရဝေချမ်း၏အမြင်မည်သို့ရှိမည်ကိုဘမသိရ၍ တစ်ခုခုပြောရန်တွန့်ဆုတ်နေသလို ရဝေချမ်းမှာလည်း ဤကဲ့သို့ကို့ရို့ကားယားအခြေအနေကို မည်သို့ထိန်းချုပ်ရမည်ကို မသိသဖြင့် နှုတ်ဆိတ်နေမိသည်။

အတန်ကြာမှသာ ခန့်မင်းနောင်က စကားစလိုက်ရသည်။

“ချမ်းလေး ခုနကပြောတာက..အစ်ကို..”

“ကျွန်တော်နားလည်ပါတယ် အစ်ကို”

ရဝေချမ်းက ခန့်မင်းနောင်ကိုမဝံ့မရဲကြည့်၍ ပြောလာသောအခါ ခန့်မင်းနောင်မှာ တအံ့တသြဖြင့် ပြန်မေးရသည်။

“ဘာကိုနားလည်တာလဲ”

“သူ့ကို မြန်မြန်ထွက်သွားစေချင်လို့ ပြောလိုက်ရတာမလား။ ကျွန်တော် နားလည်ပေးလို့ရပါတယ်”

ရဝေချမ်းမှာ နှုတ်ကသာ ထိုစကားကိုပြောလိုက်ရသော်လည်း စိတ်ထဲကမပါချေ။ တကယ်တမ်းပြန်ဖြေလာမည့်အဖြေကိုလည်း နားမထောင်ရဲပေ။ အချစ်ဟောင်းကို နှင်ထုတ်ဖို့ မိမိကိုအသုံးချလိုက်သည်ဆိုသည်က ထိုသူ၏ပါးစပ်ကသာ အမှန်တကယ်ထွက်ကျလာလျှင် ရဝေချမ်းခံနိုင်ရည်ရှိမည်မဟုတ်ပေ။

“အင်း။ ဟုတ်တယ်။ သူ့ကို ဒီနေရာကထွက်သွားစေချင်လို့ ပြောတာ”

တည်ကြည်စွာပြန်ဖြေလာသော ခန့်မင်းနောင်၏စကားကြောင့် ရဝေချမ်း၏ရင်လည်း နာကျင်ရပါသည်။ ဝမ်းနည်းရိပ်သမ်းနေသောမျက်နှာကို ခန့်မင်းနောင်သတိမထားမိစေရန် ခေါင်းကိုငုံ့ထားလိုက်ပြီး ခေါင်းညိတ်ပြကာ အနားကထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ခန့်မင်းနောင်က သူ၏လက်ကိုလှမ်းဆွဲကာ တားလိုက်သဖြင့် ရဝေချမ်းလည်းတန့်သွားရသည်။

“သူ့ကို ထွက်သွားစေချင်လို့ပြောလိုက်တာဆိုပေမယ့် အဲ့ဒါက အမှန်မဟုတ်ဘူးလို့ ကိုယ်မပြောမိဘူးနော်”

“ဟင်”

ရဝေချမ်းမှာ ကိုယ့်နားကိုပင် မယုံကြည်နိုင်ဖြစ်ရသည်။ အရေးကြီးသည့်ကွင်းဆက်များ လွတ်သွားသလားဟူသောအတွေးဖြင့် ခန့်မင်းနောင်၏စကားကို အပြန်ပြန်အလှန်လှန်ကြားယောင်ကာ စဥ်းစားတွေးခေါ်နေရသည်။

“ဒါမျိုးက ချမ်းလေးအတွက်ထူးဆန်းနေမှာအမှန်ပဲ။ ကိုယ်တို့က ယောကျ်ားချင်းဖြစ်ပေမယ့် ကိုယ်မင်းကို သဘောကျတယ်။ စိတ်ဝင်စားတယ်။ ရှင်းရှင်းပြောရရင် ကိုယ်မင်းကိုချစ်တယ်”

“ဗျာ”

ရဝေချမ်းခမျာ မတိုင်ခင်အထိခုန်နေသေးသောရင်ခုန်သံမှာ ယခုတော့ ပေါက်ကွဲထွက်သွားသည့်အလား ခံစားနေရသည်။ အသားအရည်များက ပူစပ်ပူလောင်ဖြစ်လာရပြီး တစ်ကိုယ်လုံးရှိသွေးကြောများက တဒုတ်ဒုတ်ခုန်လှုပ်နေသလိုပင်။ ပြောစရာစကားများ ဆွံ့အကာ ခန့်မင်းနောင်ကိုသာ အကြောင်သားငေးကြည့်နေပြီးမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားများထွက်လာသည်။

“ဟို အစ်ကို ကျွန်တော်..ဟိုကောင်ကစောင့်နေတယ်။ သွားရတော့မှာ..။ခဏနေမှ..အာ.. စာသင်ချိန်မှတွေ့ကြတာပေါ့”

ပြောချင်ရာများပြောခဲ့ပြီးနောက် ခန့်မင်းနောင်၏ပြန်စကားကိုပင် စောင့်မနေတော့ဘဲ ထိုနေရာမှအမြန်လစ်ထွက်လာခဲ့လိုက်သည်။ တစ်လမ်းလုံးလည်း မပြေးရုံတစ်မည် အမြန်ဒုန်းစိုင်းလာခဲ့ရသဖြင့်အိမ်သို့ပြန်ရောက်သောအခါ ချွေးသံတရဲရဲဖြစ်လို့နေသည်။

မငြိမ်မသက်ဖြစ်နေသော ရင်အစုံကြောင့် အိမ်ထဲကိုမဝင်နိုင်သေးဘဲ ခြံထဲရှိအပင်ရိပ်အောက်တွင် ခြေပစ်လက်ပစ်ထိုင်ကာ ရဝေချမ်းတစ်ယောက် အမောဖြေနေလိုက်သည်။

မောဟိုက်နေခြင်းမှာလည်း အပြေးတစ်ပိုင်းလာခဲ့ရခြင်းကြောင့်မဟုတ်ပေ။ အတိုင်းအဆမဲ့စွာ ခုန်ပေါက်နေသောရင်ခုန်သံမှာ ထိန်းချုပ်မရနိုင်အောင်ဖြစ်ရပြီး လူကိုမောဟိုက်ကျသွားသည်အထိအင်အားမဲ့စေသည်။

ထိုစဥ် ရဝေချမ်း၏အနားသို့ အမောတကောဖြင့်ရောက်လာသူကို အလန့်တကြားဖြင့် မော့ကြည့်မိတော့ ဇေယျာချမ်းဖြစ်နေ၍ တော်သေးသည်။ ဇေယျာချမ်းက ရဝေချမ်း၏ပုံစံကိုမြင်သော် စိုးရိမ်ကြီးစွာ မေးမြန်းလေတော့သည်။

“ဘာဖြစ်လာပြန်တာလဲ။ ဟိုကောင်တွေထပ်ပြီးအနိုင်ကျင့်လိုက်တာလား”

“မဟုတ်ပါဘူး”

“ဒါဆိုဘာဖြစ်တာလဲ”

ဇေယျာချမ်းက သူ့ဘေးတွင်ထိုင်ချကာ သူ့ဘက်သို့ လှည့်၍အတင်းမေးနေသဖြင့် ရဝေချမ်းလည်း တွန့်ဆုတ်တွန့်ဆုတ်နှင့် စကားတစ်ခွန်းစပြောမိသည်။

“မင်းသိလား။ ခုနကလူတွေပြောတဲ့စကား သိပ်မမှားဘူးလို့ ငါထင်တယ်။ ကြည့်ရတာ ငါကတကယ်ပဲ ယောကျ်ားမပီသတဲ့ကောင် ထင်တယ်”

ရဝေချမ်း၏စကားကြောင့် ဇေယျာချမ်းမှာ နဝေတိမ်တောင်ဖြစ်သွားရပြီး ရဝေချမ်း၏စကားကို နားမလည်ဟန်ဖြင့် ငေးနေမိသည်။ ယောင်တောင်တောင်ဖြစ်နေသော ဇေယျာချမ်းကြောင့် ရဝေချမ်းမှာသက်ပြင်းကိုအသာချ၍ သေချာရှင်းပြရတော့​သည်။

“ယောကျ်ားဆိုရင် တခြားယောကျ်ားတစ်ယောက်ကို ချစ်လို့မဖြစ်ဘူးမလား။ ဒါပေမယ့် ငါကတော့.. ယောကျ်ားတစ်ယောက်ကို ချစ်မိနေပြီ ကိုဇေ”

ရဝေချမ်း၏ ကူကယ်ရာမဲ့စွာဖွင့်ပြောလာသည့် စကားကြောင့် ဇေယျာချမ်းမှာ အံ့သြနေသောအမူအရာမှ ဆုံးဖြတ်ရခက်သောအမူအရာကို ပြောင်းလဲသွားရှာသည်။ အတန်ကြာနှုတ်ဆိတ်နေပြီးမှ  ဇေယျာချမ်းသည် ရဝေချမ်းကို စိတ်မကောင်းစွာငေးကြည့်ရင်း ပြန်ပြောလာသည်။

“အရှိကို အရှိအတိုင်းဝန်ခံရဲတဲ့သတ္တိရှိတာကမှ ယောကျ်ားပီသတာကွ။ အခု ဘယ်သူကမင်းကိုယောကျ်ားမပီသဘူးလို့ ပြောဦးမလဲ။ မင်း ရဲရဲကြီးငြင်းလိုက်စမ်းပါ။ ငါပြောပြီးသားပဲ။ မင်းလျှောက်တဲ့လမ်းက ဘာတွေပဲဖြစ်ဖြစ် ငါကမင်းကိုအဆုံးထိထောက်ခံသွားမှာ”

ရဝေချမ်လည်း ဇေယျာချမ်းအား တင်းကြပ်စွာပွေ့ဖက်ထားလိုက်ပြီး နှုတ်ကလည်း တဖွဖွကျေးဇူးတင်ကြောင်း ပြောနေလေသည်။ ဇေယျာချမ်းသည် ငိုတော့မတတ်ဖြစ်နေသော ရဝေချမ်းကို နှစ်သိမ့်နေရသည်။ အတော်ကြာမှသာ ရဝေချမ်းက သူ့ကိုဖက်ထားရာမှလွှတ်ပေးတော့သည်။

“အဲ့တော့ မင်းပြောတာကိုခန့်မလား”

“မင်း..ဘယ်လိုလုပ်သိလဲ”

ဇေယျာချမ်း၏မေးခွန်းက ရဝေချမ်းကို တုန်လှုပ်သွားစေသဖြင့် ဇေယျာချမ်းက ခပ်တိုးတိုးရယ်ကာ ပြန်ဖြေရှာသည်။

“ကြွေလောက်စရာကလည်း သူပဲရှိတာကိုး”

“အင်း ဟုတ်သား..”

“ဒါဆို မင်းတို့ရဲ့ဇာတ်လမ်းကို ငါ့ကိုပြောပြမယ်မလား”

ဇေယျာချမ်းက မျက်လုံးတစ်ဖက်မှိတ်ပြရင်း ပြောသောအခါ ရဝေချမ်းကလည်း ကျေကျေနပ်နပ်ခေါင်းညိတ်ပြ၍ ဖြစ်ကြောင်းကုန်စင်အလုံးစုံပြောပြလိုက်သည်။ ခန့်မင်းနောင်က စာရေးဆရာစျာန် ဖြစ်သည့်ကိစ္စမှစ၍ ခန့်မင်းနောင်၏ရည်းစားဟောင်းကြောင့် မထင်မှတ်ဘဲ ဖွင့်ပြောခံလာရသည့်ကိစ္စအဆုံး အကုန်ပြောပြမိသည်။ ဇေယျာချမ်းကလည်း ရဝေချမ်းပြောသမျှကို တအံ့တသြနှင့်ထိုင်နားထောင်ပေးရှာသည်။

ဤညီအစ်ကိုနှစ်ယောက် ယနေ့မှထူးထူးခြားခြား တည့်နေကြသဖြင့်အိမ်ထဲရှိ အမေဖြစ်သူကတော့ သူတို့ရှိရာကိုလှမ်းကြည့်ရင်း အထူးတဆန်းဖြစ်နေတော့သည်။

Edited on 6.11.2021

••••••••••

ZawGyi Version

ခန္႔မင္းေနာင္မွာ မ်က္ႏွာခ်င္းဆိုင္တြင္႐ွိေနေသာ ေရာင္နီကိုၾကည့္၍ မယုံႏိုင္ျခင္းမ်ားစြာျဖင့္ ၾကည့္ေနမိသည္။ ၿပီးဆုံးသြားၿပီးသားဆက္ဆံေရးကို ဘာေၾကာင့္မ်ား ဤကဲ့သို႔မ်က္ႏွာေျပာင္တိုက္ႏိုင္ရသလဲ။ ၿပီးျပတ္သည္ဆိုသည္မွာလည္း သူ႕ဘက္ကစခဲ့သည္မဟုတ္လား။ မိမိကမေနႏိုင္စြာျပန္လည္ေတာင္းပန္ခဲ့တုန္းကေတာင္ တုတ္တုတ္မလႈပ္ခဲ့သူမလား။

“ဒီကို ဘာအတြက္ေရာက္လာတာလဲ”

ေအးစက္စက္ေလသံတို႔ဟာ ႀကိဳဆိုမႈမ႐ွိဘူးဆိုသည့္အခ်က္ကိုေပၚလြင္ေနသည့္အတြက္ ေရာင္နီက မ်က္ႏွာကြက္ခနဲပ်က္သြားေသာ္လည္း ခ်က္ခ်င္းအမူအရာကို ျပန္ျပင္လိုက္သည္။ ၿပီးေနာက္ ခန္႔မင္းေနာင္ကို အသာျပဳံးလ်က္ၾကည့္ကာ ျပန္ေျပာေလသည္။

“ငါလုပ္ခဲ့တာေတြက မင္းကိုနာက်င္ေစခဲ့တယ္ဆိုတာ ငါသိပါတယ္။ ဒါေပမယ့္ ငါ့အေပၚကို မင္းေလာက္ဘယ္သူမွမေကာင္းဘူးဆိုတာကိုငါသိလာရတယ္ေလ။ ၿပီးေတာ့ မင္း....”

“ေနဦး။ ငါတို႔အျပင္မွာ သြားေျပာၾကတာပိုေကာင္းမယ္။ ဒီမွာအေဖနဲ႔အေမ႐ွိေနတယ္။ ငါတို႔ကိစၥေၾကာင့္ သူတို႔ကိုစိတ္မဆင္းရဲေစခ်င္ဘူး”

“အင္း။ ေကာင္းၿပီေလ”

ထို႔ေၾကာင့္ သူတို႔ႏွစ္ဦးသား အိမ္ထဲမွထြက္လာခဲ့ၿပီး ျခံေ႐ွ႕႐ွိလူသူ႐ွင္းေသာ အပင္ေအာက္တြင္ စကားေျပာျဖစ္ၾကသည္။ ခန္႔မင္းေနာင္အေနႏွင့္ဆိုလွ်င္ ဘာစကားမွ ေျပာစရာမက်န္ေတာ့ေသာ္လည္း ေရာင္နီ၏စ႐ိုက္ကိုသိၿပီးသားမို႔ မိမိ၏အိမ္အထိ လိုက္လာႏိုင္ေသာ ေရာင္နီ႔ကို ျမန္ျမန္ျပန္လႊတ္ဖို႔ရာ သူ၏စကားကို ခဏေတာ့ နားေထာင္ေပးရမည္ဟုထင္သည္။

“ေရာင္နီ ေျပာစရာ႐ွိတာျမန္ျမန္ေျပာ”

“ဘာလို႔ဒီေလာက္ေလာေနတာလဲ။ စိုးရိမ္ရမယ့္တစ္စုံတစ္ေယာက္႐ွိေနလို႔လား”

ေရာင္နီ၏စကားဟာ မည္သည္ကိုရည္႐ြယ္မွန္းသေဘာေပါက္လိုက္သည္ႏွင့္ ခန္႔မင္းေနာင္၏မ်က္လုံးထဲမွာ ျမင္ေယာင္လာသူက ရေဝခ်မ္း.....။ သို႔ေသာ္လည္း လက္ေတြ႕တြင္ေတာ့ ေခါင္းခါရမ္းျပလိုက္မိသည္။

“ငါထင္သားပဲ။ မင္းကငါ့ကိုမေမ့ႏိုင္ေလာက္ေသးဘူးဆိုတာ...”

ေရာင္နီက ေက်နပ္ေသာအျပဳံးမ်ိဳးကို ဆင္ျမန္းကာ သူ႕ကိုတည့္တည့္စိုက္ၾကည့္ရင္း ေျပာလာသည့္စကားေၾကာင့္ ခန္႔မင္းေနာင္မွာ မႏွစ္ၿမိဳ႕မႈကို ခံစားလိုက္ရသည္။

“ငါမင္းကိုမေမ့ႏိုင္ဘူးဆိုတာမွန္ပါတယ္။ ဒါေပမယ့္ ဒါက မင္းကိုငါခ်စ္ေနေသးတယ္လို႔ ဆိုလိုတာမွမဟုတ္တာ”

ထိုအခါ ေရာင္နီက သူ႕ကိုမယုံၾကည္ႏိုင္စြာ ေငးၾကည့္လာသည္။ ခန္႔မင္းေနာင္ကေတာ့ အမူအရာတစ္ခ်က္မပ်က္ဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္ၾကည့္လိုက္သည္။ အၾကည့္ခ်င္းဆုံသည့္ထိုခဏတြင္ ခန္႔မင္းေနာင္၏ မ်က္ဝန္းထဲ၌ အခ်စ္ရိပ္တို႔ေပ်ာက္ကြယ္ေနသည္မွာအမွန္ပင္။ ဤသည္ကို ေရာင္နီလည္း သတိထားမိသည္။

“မျဖစ္ႏိုင္တာ။ ငါတို႔အတူ႐ွိခဲ့ၾကတဲ့အခ်ိန္က တိုတိုေလးမွမဟုတ္ဘဲ။ မင္း ဘာလို႔ ခဏေလးအတြင္း ေျပာင္းလဲသြားရတာလဲ”

“မင္း အတိတ္ေမ့သြားတာေတာ့မဟုတ္ဘူးမလား”

စြပ္စြပ္စြဲစြဲေျပာဆိုခ်က္မ်ားဟာ ခန္႔မင္းေနာင္၏ေဒါသကို ႏိႈးဆြလ်က္႐ွိသည္။ ေရာင္နီသုံးႏႈန္းလိုက္ေသာ စကားလုံးမ်ားဟာ မိမိကပဲ သူ႕အားသစၥာေဖာက္ခဲ့သလို သေဘာသက္ေရာက္ေနသျဖင့္ ထိုစကားလုံးတို႔ကို သူမႀကိဳက္။ ထို႔ေၾကာင့္ ေဒါသသံေရာစြက္ေသာစကားတို႔ကို ေသြးေအးစြာေျပာထြက္မိျခင္းျဖစ္သည္။

“ငါမေမ့ပါဘူး”

“ေအး။ မေမ့ဘူးဆိုရင္ မင္းငါ့အေပၚသစၥာမ႐ွိခဲ့တာေတြကိုလည္းမွတ္မိမွာေပါ့။ ဟုတ္တယ္မလား”

ထိုအခါ ျပဴးက်ယ္သြားေသာ ေရာင္နီ၏မ်က္ဝန္းအစုံဟာ သူ၏အံ့ၾသျခင္းဒီဂရီကို ျပသေနေလသည္။ ေရာင္နီမွာအံ့ၾသလြန္း၍ ခဏမွ်စကားသံတိတ္သြားရသည္။ ခဏတာတိတ္ဆိတ္ေနၿပီးမွ ခန္႔မင္းေနာင္ကို မဝံ့မရဲျဖင့္ၾကည့္၍ေျပာလာျပန္သည္။

“ငါေတာင္းပန္ပါတယ္။ ငါမွားခဲ့တယ္။ ဒါေပမယ့္ မင္းကိုပဲငါအခ်စ္ဆုံးဆိုတာသိတယ္မလား။ ငါေလ တစ္ခ်ိန္လုံး မင္းကိုပဲသတိရေနခဲ့တာ။ တကယ္ပါ”

သူ႕လက္ကိုဆြဲကိုင္ကာ ေပြ႕ဖက္လုမတတ္ေတာင္းပန္ေနေသာ ေရာင္နီေၾကာင့္ ခန္႔မင္းေနာင္မွာ အနည္းငယ္ထိတ္လန္႔သြားရသည္။ ထို႔ေၾကာင့္ မိမိလက္အား ဆုပ္ကိုင္ထားေသာလက္ကို အတင္း႐ုန္းေနရင္းျဖင့္ သတိေပးစကားေျပာရေလသည္။

“မင္း!! ဒါကၿမိဳ႕လိုမဟုတ္ဘူးေနာ္။ နည္းနည္းသိကၡာေလးဘာေလးထိန္းဦး။ မင္းကဘယ္လိုေနမလဲမသိေပမယ့္ ငါ့အတြက္ေတာ့ အဆင္မေျပဘူး”

ခန္႔မင္းေနာင္မွာ ေရာင္နီႏွင့္ပူးကပ္ေနရေသာ အေနအထားေၾကာင့္  စိတ္ထဲစႏိုးစေနာင့္ျဖစ္ရသည္။ ထို႔ေၾကာင့္ ႐ုန္းေနရင္းျဖင့္ ေဘးဘီကိုလွည့္၍ အကဲခတ္မိေသာအခါ သူတို႔၏အေနာက္နားတြင္ ရေဝခ်မ္းက တိတ္တိတ္ေလးရပ္ေန႐ွာသည္။ သူ႕မွာ ထိုျမင္ကြင္းေၾကာင့္ ထိတ္လန္႔ကာ မ်က္လုံးအစုံျပဴးက်ယ္သြားရၿပီး လူကလည္း ဟိုးအျမင့္တစ္ေနရာမွ ျပဳတ္က်လာသလို ေဟာဟဲဆိုက္သြားရသည္။

“ခ်မ္းေလး ..”

ခန္႔မင္းေနာင္၏ေခၚသံေၾကာင့္ ေရာင္နီကလည္း ရေဝခ်မ္းကိုသတိထားမိသြားဟန္ျဖင့္ လွမ္းၾကည့္လိုက္သလို ရေဝခ်မ္းကလည္း တြန္႔ဆုတ္တြန္႔ဆုတ္အမူအရာျဖင့္ ဘာလုပ္ရမွန္းမသိသည့္ပုံစံမ်ိဳး ျဖစ္ေနေလသည္။

“ဟို..အစ္ကိုဖုန္းေမ့က်န္ေနခဲ့လို႔လိုက္ေပးတာ”

ရေဝခ်မ္းက ေနရခက္စြာ႐ွင္းျပလာေသာအခါ ခန္႔မင္းေနာင္လည္းေရာင္နီ၏လက္ကိုျဖဳတ္ခ်လိုက္ၿပီး ရေဝခ်မ္းဆီသို႔ တိုးကပ္သြားလိုက္သည္။

“ဟုတ္လား။ သတိေတာင္မထားမိဘူး။ ေက်းဇူးပဲ ခ်မ္းေလး”

ခန္႔မင္းေနာင္က ခပ္ျပဳံးျပဳံးျဖင့္ေျပာလိုက္ေသာ္လည္း ရေဝခ်မ္းကေတာ့ အရယ္အျပဳံးမ႐ွိေပ။ သူတို႔ႏွစ္ဦးကို လွမ္း၍အကဲခတ္ေနေသာ ေရာင္နီကလည္း အနားသို႔ေရာက္လာၿပီး ရေဝခ်မ္းကို စူးစိုက္ၾကည့္ကာ ေဒါသတႀကီးေျပာေလသည္။

“ဒီေတာ့ ငါ့ကိုျငင္းေနတာက ဒီေကာင္ေလးေၾကာင့္လား။ ငါနဲ႔ျပတ္တဲ့အေတာအတြင္း မင္းနဲ႔သူကတြဲေနၾကတယ္ေပါ့”

ေရာင္နီ၏စကားေၾကာင့္ ခန္႔မင္းေနာင္မွာ ရေဝခ်မ္းကိုစိုးရိမ္တႀကီးလွည့္ၾကည့္လိုက္မိသလို ရေဝခ်မ္းလည္း အနည္းငယ္ေ႐ွာ့ရသြားသည္။ ေရာင္နီသည္ ထိုႏွစ္ဦး၏ဆက္ဆံေရးမွာတစ္မ်ိဳးတစ္ဖုံထူးဆန္းေနသည္ကို သူတို႔၏အၾကည့္ကတစ္ဆင့္ ရိပ္စားမိသည္ျဖစ္ရာ လုံးဝအေလွ်ာ့မေပးေပ။ ခန္႔မင္းေနာင္ကလည္း ေရာင္နီ၏မဟုတ္တမ္းတရားစြပ္စြဲခ်က္ကို ခါးခါးသီးသီးျငင္း႐ွာသည္။

“မင္းပါးစပ္ကိုပိတ္ထားလို႔ရမလား။ သူနဲ႔ငါကအဲ့လိုမဟုတ္ဘူး”

“ဒါဆိုဘာလဲ။ သူကမင္းကိုျမႇဴဆြယ္ေနတဲ့အဆင့္ေပါ့”

“ေရာင္နီ... မင္းလြန္လာၿပီေနာ္”

ေရာင္နီ၏အက်ႌေကာ္လံစကို ဆုပ္ကိုင္ရင္း ေဒါသတႀကီးေမးမိေလေတာ့ ေရာင္နီကခပ္႐ြဲ႕႐ြဲ႕ေလသံႏွင့္ ေလွာင္ရယ္သည္။ သူ၏ပုံစံမွာ ရေဝခ်မ္းကို ခနဲ႔လိုဟန္႐ွိသည္။ ရန္လိုေနၿပီး အႏၲရာယ္႐ွိေသာအၾကည့္စူစူးတို႔ကိုလည္း ထုတ္လႊတ္ေနေသးသည္။

“ဟုတ္တယ္ေလ။ မင္းတို႔က အဲ့လိုဆက္ဆံေရးမ်ိဳးမဟုတ္ဘူး။ ၿပီးေတာ့ မင္းဘက္ကလည္း သူ႕ကိုစိတ္မဝင္စားေနဘူးဆိုရင္…”

“ငါ သူ႕ကိုစိတ္မဝင္စားဘူးလို႔ ဘယ္သူကအာမခံေပးလိုက္လို႔လဲ”

“ဘာ”

ေရာင္နီမွာ ခန္႔မင္းေနာင္ကို မယုံၾကည္ႏိုင္စြာ ၾကည့္လိုက္မိသလို ရေဝခ်မ္းကလည္း ထိုစကားေၾကာင့္ မင္သက္အံ့ၾသမိသြားရသည္။ထို႔ေၾကာင့္ ခန္႔မင္းေနာင္ကို အေၾကာင္သားေငးၾကည့္ကာ တလွပ္လွပ္လိႈက္ခုန္ေနေသာ ရင္ခုန္သံကို ထိန္းခ်ဳပ္ေနရသည္။ စကားတစ္ခြန္းေၾကာင့္ ရေဝခ်မ္း၏အမူအရာမွာ အနည္းငယ္မူမမွန္ခ်င္သလိုျဖစ္ေနရသည္။ ဤသည္ကို စကားမ်ားေနၾကေသာ ႏွစ္ေယာက္ကေတာ့ သတိထားမိဟန္မတူေပ။

“မင္း ညာေနတာ။ လူတစ္ေယာက္ကို မင္းလြယ္လြယ္နဲ႔ စိတ္မဝင္စားတတ္ဘူးေလ”

“အင္း။ အဲ့လိုလူမ်ိဳးကိုေတာင္ စိတ္ဝင္စားလာေအာင္ လုပ္ႏိုင္တာဆိုေတာ့ သူဘယ္ေလာက္ျဖဴစင္လဲဆိုတာသိၿပီလား။ ငါကစိတ္ထားျဖဴတဲ့လူေတြကိုပဲ သေဘာက်တာသိတယ္မလား။ မင္းကိုေတာင္ ျဖဴျဖဴစင္စင္ေလးလို႔ထင္ခဲ့လို႔”

ခန္႔မင္းေနာင္၏စကားေၾကာင့္ ေရာင္နီမွာ နာက်င္စြာျပဳံးလိုက္ၿပီး ရေဝခ်မ္းကို မေက်မခ်မ္းျဖင့္ ၾကည့္ေနေလသည္။ သို႔ေသာ္လည္း ခန္႔မင္းေနာင္က ရေဝခ်မ္း၏အေ႐ွ႕တြင္ပိတ္ရပ္၍ ျမင္ကြင္းကို ကြယ္ထားရင္း ကာကြယ္ေပးလိုက္သျဖင့္ ေရာင္နီ႔ခမ်ာ သူ၏ေဒါသကို ပုံခ်စရာမ႐ွိေတာ့သလို ျဖစ္သြားရသည္။ ထို႔ေနာက္ ေတာက္တစ္ခ်က္ေခါက္ရင္း ခန္႔မင္းေနာင္၏အိမ္ထဲသို႔ ျပန္ဝင္သြားသည္။ ခ်က္ခ်င္းပင္ သူ၏ခရီးေဆာင္အိတ္ကိုလြယ္ကာ ျပန္ထြက္လာခဲ့ၿပီးေနာက္ လာရာလမ္းအတိုင္း ရလွည့္ျပန္ေလေတာ့သည္။

ထိုအခါမွသာ က်န္ေနခဲ့ေသာႏွစ္ေယာက္မွာ ေနရခက္ေသာေလထုထဲတြင္ ပိတ္မိေနေတာ့သည္။ ခန္႔မင္းေနာင္မွာ ယခုေလးတင္ ေျပာလိုက္မိေသာ စကားအတြက္ ရေဝခ်မ္း၏အျမင္မည္သို႔႐ွိမည္ကိုဘမသိရ၍ တစ္ခုခုေျပာရန္တြန္႔ဆုတ္ေနသလို ရေဝခ်မ္းမွာလည္း ဤကဲ့သို႔ကို႔႐ို႕ကားယားအေျခအေနကို မည္သို႔ထိန္းခ်ဳပ္ရမည္ကို မသိသျဖင့္ ႏႈတ္ဆိတ္ေနမိသည္။

အတန္ၾကာမွသာ ခန္႔မင္းေနာင္က စကားစလိုက္ရသည္။

“ခ်မ္းေလး ခုနကေျပာတာက..အစ္ကို..”

“ကြၽန္ေတာ္နားလည္ပါတယ္ အစ္ကို”

ရေဝခ်မ္းက ခန္႔မင္းေနာင္ကိုမဝံ့မရဲၾကည့္၍ ေျပာလာေသာအခါ ခန္႔မင္းေနာင္မွာ တအံ့တၾသျဖင့္ ျပန္ေမးရသည္။

“ဘာကိုနားလည္တာလဲ”

“သူ႕ကို ျမန္ျမန္ထြက္သြားေစခ်င္လို႔ ေျပာလိုက္ရတာမလား။ ကြၽန္ေတာ္ နားလည္ေပးလို႔ရပါတယ္”

ရေဝခ်မ္းမွာ ႏႈတ္ကသာ ထိုစကားကိုေျပာလိုက္ရေသာ္လည္း စိတ္ထဲကမပါေခ်။ တကယ္တမ္းျပန္ေျဖလာမည့္အေျဖကိုလည္း နားမေထာင္ရဲေပ။ အခ်စ္ေဟာင္းကို ႏွင္ထုတ္ဖို႔ မိမိကိုအသုံးခ်လိုက္သည္ဆိုသည္က ထိုသူ၏ပါးစပ္ကသာ အမွန္တကယ္ထြက္က်လာလွ်င္ ရေဝခ်မ္းခံႏိုင္ရည္႐ွိမည္မဟုတ္ေပ။

“အင္း။ ဟုတ္တယ္။ သူ႕ကို ဒီေနရာကထြက္သြားေစခ်င္လို႔ ေျပာတာ”

တည္ၾကည္စြာျပန္ေျဖလာေသာ ခန္႔မင္းေနာင္၏စကားေၾကာင့္ ရေဝခ်မ္း၏ရင္လည္း နာက်င္ရပါသည္။ ဝမ္းနည္းရိပ္သမ္းေနေသာမ်က္ႏွာကို ခန္႔မင္းေနာင္သတိမထားမိေစရန္ ေခါင္းကိုငုံ႔ထားလိုက္ၿပီး ေခါင္းညိတ္ျပကာ အနားကထြက္သြားရန္ ဟန္ျပင္လိုက္သည္။ သို႔ေသာ္ ခန္႔မင္းေနာင္က သူ၏လက္ကိုလွမ္းဆြဲကာ တားလိုက္သျဖင့္ ရေဝခ်မ္းလည္းတန္႔သြားရသည္။

“သူ႕ကို ထြက္သြားေစခ်င္လို႔ေျပာလိုက္တာဆိုေပမယ့္ အဲ့ဒါက အမွန္မဟုတ္ဘူးလို႔ ကိုယ္မေျပာမိဘူးေနာ္”

“ဟင္”

ရေဝခ်မ္းမွာ ကိုယ့္နားကိုပင္ မယုံၾကည္ႏိုင္ျဖစ္ရသည္။ အေရးႀကီးသည့္ကြင္းဆက္မ်ား လြတ္သြားသလားဟူေသာအေတြးျဖင့္ ခန္႔မင္းေနာင္၏စကားကို အျပန္ျပန္အလွန္လွန္ၾကားေယာင္ကာ စဥ္းစားေတြးေခၚေနရသည္။

“ဒါမ်ိဳးက ခ်မ္းေလးအတြက္ထူးဆန္းေနမွာအမွန္ပဲ။ ကိုယ္တို႔က ေယာက်္ားခ်င္းျဖစ္ေပမယ့္ ကိုယ္မင္းကို သေဘာက်တယ္။ စိတ္ဝင္စားတယ္။ ႐ွင္း႐ွင္းေျပာရရင္ ကိုယ္မင္းကိုခ်စ္တယ္”

“ဗ်ာ”

ရေဝခ်မ္းခမ်ာ မတိုင္ခင္အထိခုန္ေနေသးေသာရင္ခုန္သံမွာ ယခုေတာ့ ေပါက္ကြဲထြက္သြားသည့္အလား ခံစားေနရသည္။ အသားအရည္မ်ားက ပူစပ္ပူေလာင္ျဖစ္လာရၿပီး တစ္ကိုယ္လုံး႐ွိေသြးေၾကာမ်ားက တဒုတ္ဒုတ္ခုန္လႈပ္ေနသလိုပင္။ ေျပာစရာစကားမ်ား ဆြံ႕အကာ ခန္႔မင္းေနာင္ကိုသာ အေၾကာင္သားေငးၾကည့္ေနၿပီးမွ အထစ္ထစ္အေငါ့ေငါ့ျဖင့္ စကားမ်ားထြက္လာသည္။

“ဟို အစ္ကို ကြၽန္ေတာ္..ဟိုေကာင္ကေစာင့္ေနတယ္။ သြားရေတာ့မွာ..။ခဏေနမွ..အာ.. စာသင္ခ်ိန္မွေတြ႕ၾကတာေပါ့”

ေျပာခ်င္ရာမ်ားေျပာခဲ့ၿပီးေနာက္ ခန္႔မင္းေနာင္၏ျပန္စကားကိုပင္ ေစာင့္မေနေတာ့ဘဲ ထိုေနရာမွအျမန္လစ္ထြက္လာခဲ့လိုက္သည္။ တစ္လမ္းလုံးလည္း မေျပး႐ုံတစ္မည္ အျမန္ဒုန္းစိုင္းလာခဲ့ရသျဖင့္အိမ္သို႔ျပန္ေရာက္ေသာအခါ ေခြၽးသံတရဲရဲျဖစ္လို႔ေနသည္။

မၿငိမ္မသက္ျဖစ္ေနေသာ ရင္အစုံေၾကာင့္ အိမ္ထဲကိုမဝင္ႏိုင္ေသးဘဲ ျခံထဲ႐ွိအပင္ရိပ္ေအာက္တြင္ ေျခပစ္လက္ပစ္ထိုင္ကာ ရေဝခ်မ္းတစ္ေယာက္ အေမာေျဖေနလိုက္သည္။

ေမာဟိုက္ေနျခင္းမွာလည္း အေျပးတစ္ပိုင္းလာခဲ့ရျခင္းေၾကာင့္မဟုတ္ေပ။ အတိုင္းအဆမဲ့စြာ ခုန္ေပါက္ေနေသာရင္ခုန္သံမွာ ထိန္းခ်ဳပ္မရႏိုင္ေအာင္ျဖစ္ရၿပီး လူကိုေမာဟိုက္က်သြားသည္အထိအင္အားမဲ့ေစသည္။

ထိုစဥ္ ရေဝခ်မ္း၏အနားသို႔ အေမာတေကာျဖင့္ေရာက္လာသူကို အလန္႔တၾကားျဖင့္ ေမာ့ၾကည့္မိေတာ့ ေဇယ်ာခ်မ္းျဖစ္ေန၍ ေတာ္ေသးသည္။ ေဇယ်ာခ်မ္းက ရေဝခ်မ္း၏ပုံစံကိုျမင္ေသာ္ စိုးရိမ္ႀကီးစြာ ေမးျမန္းေလေတာ့သည္။

“ဘာျဖစ္လာျပန္တာလဲ။ ဟိုေကာင္ေတြထပ္ၿပီးအႏိုင္က်င့္လိုက္တာလား”

“မဟုတ္ပါဘူး”

“ဒါဆိုဘာျဖစ္တာလဲ”

ေဇယ်ာခ်မ္းက သူ႕ေဘးတြင္ထိုင္ခ်ကာ သူ႕ဘက္သို႔ လွည့္၍အတင္းေမးေနသျဖင့္ ရေဝခ်မ္းလည္း တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ စကားတစ္ခြန္းစေျပာမိသည္။

“မင္းသိလား။ ခုနကလူေတြေျပာတဲ့စကား သိပ္မမွားဘူးလို႔ ငါထင္တယ္။ ၾကည့္ရတာ ငါကတကယ္ပဲ ေယာက်္ားမပီသတဲ့ေကာင္ ထင္တယ္”

ရေဝခ်မ္း၏စကားေၾကာင့္ ေဇယ်ာခ်မ္းမွာ နေဝတိမ္ေတာင္ျဖစ္သြားရၿပီး ရေဝခ်မ္း၏စကားကို နားမလည္ဟန္ျဖင့္ ေငးေနမိသည္။ ေယာင္ေတာင္ေတာင္ျဖစ္ေနေသာ ေဇယ်ာခ်မ္းေၾကာင့္ ရေဝခ်မ္းမွာသက္ျပင္းကိုအသာခ်၍ ေသခ်ာ႐ွင္းျပရေတာ့​သည္။

“ေယာက်္ားဆိုရင္ တျခားေယာက်္ားတစ္ေယာက္ကို ခ်စ္လို႔မျဖစ္ဘူးမလား။ ဒါေပမယ့္ ငါကေတာ့.. ေယာက်္ားတစ္ေယာက္ကို ခ်စ္မိေနၿပီ ကိုေဇ”

ရေဝခ်မ္း၏ ကူကယ္ရာမဲ့စြာဖြင့္ေျပာလာသည့္ စကားေၾကာင့္ ေဇယ်ာခ်မ္းမွာ အံ့ၾသေနေသာအမူအရာမွ ဆုံးျဖတ္ရခက္ေသာအမူအရာကို ေျပာင္းလဲသြား႐ွာသည္။ အတန္ၾကာႏႈတ္ဆိတ္ေနၿပီးမွ  ေဇယ်ာခ်မ္းသည္ ရေဝခ်မ္းကို စိတ္မေကာင္းစြာေငးၾကည့္ရင္း ျပန္ေျပာလာသည္။

“အ႐ွိကို အ႐ွိအတိုင္းဝန္ခံရဲတဲ့သတၱိ႐ွိတာကမွ ေယာက်္ားပီသတာကြ။ အခု ဘယ္သူကမင္းကိုေယာက်္ားမပီသဘူးလို႔ ေျပာဦးမလဲ။ မင္း ရဲရဲႀကီးျငင္းလိုက္စမ္းပါ။ ငါေျပာၿပီးသားပဲ။ မင္းေလွ်ာက္တဲ့လမ္းက ဘာေတြပဲျဖစ္ျဖစ္ ငါကမင္းကိုအဆုံးထိေထာက္ခံသြားမွာ”

ရေဝခ်မ္လည္း ေဇယ်ာခ်မ္းအား တင္းၾကပ္စြာေပြ႕ဖက္ထားလိုက္ၿပီး ႏႈတ္ကလည္း တဖြဖြေက်းဇူးတင္ေၾကာင္း ေျပာေနေလသည္။ ေဇယ်ာခ်မ္းသည္ ငိုေတာ့မတတ္ျဖစ္ေနေသာ ရေဝခ်မ္းကို ႏွစ္သိမ့္ေနရသည္။ အေတာ္ၾကာမွသာ ရေဝခ်မ္းက သူ႕ကိုဖက္ထားရာမွလႊတ္ေပးေတာ့သည္။

“အဲ့ေတာ့ မင္းေျပာတာကိုခန္႔မလား”

“မင္း..ဘယ္လိုလုပ္သိလဲ”

ေဇယ်ာခ်မ္း၏ေမးခြန္းက ရေဝခ်မ္းကို တုန္လႈပ္သြားေစသျဖင့္ ေဇယ်ာခ်မ္းက ခပ္တိုးတိုးရယ္ကာ ျပန္ေျဖ႐ွာသည္။

“ေႂကြေလာက္စရာကလည္း သူပဲ႐ွိတာကိုး”

“အင္း ဟုတ္သား..”

“ဒါဆို မင္းတို႔ရဲ႕ဇာတ္လမ္းကို ငါ့ကိုေျပာျပမယ္မလား”

ေဇယ်ာခ်မ္းက မ်က္လုံးတစ္ဖက္မွိတ္ျပရင္း ေျပာေသာအခါ ရေဝခ်မ္းကလည္း ေက်ေက်နပ္နပ္ေခါင္းညိတ္ျပ၍ ျဖစ္ေၾကာင္းကုန္စင္အလုံးစုံေျပာျပလိုက္သည္။ ခန္႔မင္းေနာင္က စာေရးဆရာစ်ာန္ ျဖစ္သည့္ကိစၥမွစ၍ ခန္႔မင္းေနာင္၏ရည္းစားေဟာင္းေၾကာင့္ မထင္မွတ္ဘဲ ဖြင့္ေျပာခံလာရသည့္ကိစၥအဆုံး အကုန္ေျပာျပမိသည္။ ေဇယ်ာခ်မ္းကလည္း ရေဝခ်မ္းေျပာသမွ်ကို တအံ့တၾသႏွင့္ထိုင္နားေထာင္ေပး႐ွာသည္။

ဤညီအစ္ကိုႏွစ္ေယာက္ ယေန႔မွထူးထူးျခားျခား တည့္ေနၾကသျဖင့္အိမ္ထဲ႐ွိ အေမျဖစ္သူကေတာ့ သူတို႔႐ွိရာကိုလွမ္းၾကည့္ရင္း အထူးတဆန္းျဖစ္ေနေတာ့သည္။

Edited on 6.11.2021

••••••••••

Continue Reading

You'll Also Like

309K 21K 62
မွဴးထက္ပိုင္ =ဘယ္သူကထင္မိမွာလဲ ေပါက္စ မင္းဟာ ကို႔ ဘဝရဲ႕ အရာရာျဖစ္လာမယ္လို႔ သူရိယကိုကို =တကယ္ေတာ့ အာ့ဦးေလးႀကီးးကႏွာဘူးးႀကီး ျမတ္ခ်ယ္ရီ= မ အခ်စ္ေတြကိ...
412K 15.6K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
147K 11.6K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...
273K 19.5K 35
ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ေဘးအိမ္ကအ႐ူးေလးကလည္း ကိုယ့္ခ်စ္သူျဖစ္လာနိုင္ပါတယ္ ☺️ Start date (13.4.2022)