ခ်စ္ျခင္း၏စီးဆင္းရာ Ep-14
Zawgyi
သူတို႔ႏွစ္ေယာက္ Cangzhouတြင္ ေလ်ွာက္လည္ၾကသည္။
ႏွစ္ေယာက္လံုး ေပ်ာ္ၾကေသာ္လည္း ရီေပၚက ရင္တထိတ္ထိတ္ႏွင့္ ဘယ္အခ်ိန္ သူတို႔ကို ဒုကၡေပးေသာသူေတြ ေပၚလာမလဲဟူ၍ စိုးထိတ္ေနရေတာ့သည္။ ေ႐ွာင္က်န္႔က ကေလးပီပီ ေပ်ာ္ရႊင္လ်က္.....။
ထိုေန႔က တစ္ေနကုန္လည္ၿပီးသည္အထိ ဘာျပႆနာမွေတာ့ မျဖစ္ေပ။
"ကေလးေရ ျပန္စို႔ကြာ"
"ဟင့္အင္း မျပန္ေသးဘူး၊ ၿမိဳ႕ထဲသြားၿပီး ေလ်ွာက္ၾကည့္ရေအာင္ကြာ Canzhouၿမိဳ႕က အရမ္းလွတယ္လို႔ က်န္႔က်န္႔ ၾကားဖူးတယ္"
ေကာင္ကေလးက သူ႔လက္ကို အတင္းဆြဲၿပီး ေျပာေနသည္ေၾကာင့္ သက္ျပင္းေငြ႔ေငြ႔ခ်၍ ေခါင္းညိတ္ရျပသည္။
"ကဲ၊ ကဲ ကေလးသေဘာ ဒါေပမဲ့ ေလ်ွာက္လည္ၿပီးတာနဲ႔ ျပန္မယ္ေနာ္ ဘယ္မွမဝင္ဘူး၊ မိုးခ်ဳပ္တဲ့အထိေလ်ွာက္လည္တာ မေကာင္းဘူး ကေလးရဲ႕၊ ေနာက္ေန႔မွ ဆက္လည္ၾကတာေပါ့"
သူ ကေလးရဲ႕ေခါင္းကို ခပ္ဖြဖြပြတ္၍ ေျပာလိုက္သည္။
"အမယ္ ဦးတစ္ေယာက္လံုး႐ွိတာပဲ ဘာမွမေကာင္းစရာ မ႐ွိပါဘူးေနာ္၊ ဦးပဲ က်န္႔က်န္႔အတြက္ဆို အသက္ေတာင္ စြန္႔ဝံ့တယ္ဆို"
ကေလးက သူ႔စကားႏွင့္သူ႔ကို ျပန္စ,ေနသည္ေၾကာင့္ သူဘာမွမေျပာဘဲ ျပံဳးရံုသာျပံဳးေနလိုက္ေတာ့သည္။
ဤသို႔ျဖင့္ Cangzhouၿမိဳ႕ထဲသို႔ သူတို႔ ဆက္ထြက္ခဲ့ၾကကာ၊ ေ႐ွာင္က်န္႔က ကားေပၚမွဆင္း၍ ၿမိဳ႕ႀကီးတြင္ သြားလာေနေသာလူအမ်ားႏွင့္ တိုက္ႀကီးမ်ားၾကား ေနဝင္ရာအရပ္ဆီသို႔ ခပ္ေငးေငးေလး ၾကည့္ေန၏။
သူ႔အတြက္ကေတာ့ တိုက္ႀကီးမ်ားၾကားဝင္သြားေသာ ေနလံုးႀကီးရယ္၊ မလွမ္းမကမ္း႐ွိ လူအမ်ားစုရယ္၊ သြားလာေနၾကကုန္ေသာ ကားကေလးေတြရယ္၊ သူခ်စ္ရေသာ ကေလးတစ္ေယာက္ရယ္တို႔က အင္မတန္ ရင္ခုန္ဖြယ္ရာ ပန္းခ်ီကားတစ္ခ်ပ္ ကဗ်ာတစ္ပုဒ္ ျဖစ္ရသည္။
"ခ်စ္တယ္ ကေလးရယ္"
ေၾကာင္အမ္းအမ္းႏွင့္ ေ႐ွာင္က်န္႔ခႏၶာကိုယ္ ခပ္တိတ္တိတ္ေလး ရီေပၚ့ရင္ခြင္ထဲ ပါလာ၏။ ၿပီးေနာက္ သတိဝင္လာဟန္တူၿပီး ေ႐ွာင္က်န္႔၏ခႏၶာကိုယ္ေလးက ဆတ္ခနဲ ျဖစ္သြားရသည္။
ထို႔ေၾကာင့္ ရီေပၚ သတိျပန္ဝင္လာၿပီး ေ႐ွာင္က်န္႔ကို လႊတ္ေပးလိုက္သည္။ ထို႔ေနာက္မွာေတာ့ ရဲရဲနီေနသည့္မ်က္ႏွာေလးကို ရင္ဆိုင္လိုက္ရ၏။
ရီေပၚ ေတာင္းပန္ရန္ စကားလံုး႐ွာေဖြလိုက္စဥ္မွာပင္ ေ႐ွာင္က်န္႔၏ ညာလက္တစ္ဖက္က ေျမာက္တက္လာၿပီး.....
"ခြပ္"
"ကေလး...ကိုယ္....."
ကေလးက သူ႔မ်က္ႏွာကို တစ္ခ်က္စိုက္ၾကည့္၍ ထြက္ေျပးသြားေလေတာ့သည္။
"ကေလး၊ ကေလး ေနဦးေလ၊ ကေလး ကိုယ့္ကိုေစာင့္ပါဦး"
ေ႐ွာင္က်န္႔ ေျခဦးတည့္ရာကို ေျပးေနမိေတာ့သည္။
ရီေပၚ သူ႔ကိုယ္သူ တစ္ခ်က္က်ိန္ဆဲလိုက္မိေတာ့၏။
"မင္း ဘာေတြေလ်ွာက္လုပ္ေနမိျပန္တာလဲ ဝမ္ရီေပၚရာ"
ရီေပၚ ကားေပၚတက္၍ ေ႐ွာင္က်န္႔ သြားရာေနာက္သို႔ လိုက္ခဲ့သည္။ ေ႐ွာင္က်န္႔က လမ္းၾကားေလးေတြၾကားထဲ ေလ်ွာက္ေျပးေန၍ ရီေပၚ လံုးဝမမီေတာ့ေခ်။
႐ွာလို႔လည္း မေတြ႔ေတာ့ေခ်။
သူ႔ရင္ထဲ အပူလံုးဆို႔တက္လာရသည္။
ရီေပၚ အ႐ူးတစ္ပိုင္း လမ္းၾကားေလးေတြၾကားထဲ လိုက္ပတ္႐ွာေနမိေသာ္လည္း လံုးဝအစအနကို မေတြ႔ေတာ့ေခ်။
ေနာက္ဆံုး မိုးစုန္းစုန္းခ်ဳပ္ေတာ့မွ သူHotelသို႔ ျပန္ခဲ့၏။ Hotelသို႔ ျပန္လာခဲ့သည္ကလည္း ေ႐ွာင္က်န္႔ ေရာက္ေနမလားဆိုေသာ ေမ်ွာ္လင့္ခ်က္ကေလးႏွင့္ ျဖစ္သည္။
ကားေမာင္းလာရင္း သူ႔ကိုယ္သူသာ အျပစ္တင္ေနမိေတာ့သည္။ တကယ္ေတာ့ ကေလးရဲ႕အျပစ္မဟုတ္။ ကိုယ့္စိတ္ကို ကိုယ္မထိန္းႏိုင္လိုက္တာ သူ႔ရဲ႕ မဟာအျပစ္ႀကီးသာ ျဖစ္၏။ သူ ဘာေၾကာင့္ ဒီေလာက္သတိလက္လြတ္ ျဖစ္သြားရသလဲ။ သူ႔ဘာသာသူပင္ စဥ္းစား၍ မရေခ်။
ဘုရားမလို႔ ကေလး Hotelျပန္ေရာက္ေနပါေစ။
သူ႔ရင္ထဲ မီးေလာင္ၿမိဳက္ေနသကဲ့သို႔ ပူေလာင္ေနရသည္။
Hotelေရာက္သည္ႏွင့္ ဧည့္ႀကိဳCounterသို႔ တန္းသြားလိုက္၏။
"အခန္း105က အမ်ိဳးသား ျပန္ေရာက္ေနၿပီလားခင္ဗ်ာ"
"ေနဦးေနာ္ ကြၽန္ေတာ္ ေသာ့ၾကည့္ေပးမယ္"
Counterမွဝန္ထမ္းက ေသာ့ေတြခ်ိတ္ထားရာကို လွမ္းၾကည့္ၿပီး.....
"ေသာ့႐ွိေသးတယ္ခင္ဗ်ာ မေရာက္ေသးဘူး"
"ဘုရား"
ရီေပၚ ဘုရားတမိသြားသည္။ နာရီကို ငံု႔ၾကည့္ေတာ့ ည(8:00)ကို ၫႊန္ျပေန၏။ ကေလး ဘာေတြျဖစ္ေနၿပီလဲ။ ဟို အႏၱရာယ္ေကာင္ေတြ။ မ်က္ႏွာပ်က္ေနေသာ သူ႔ကို ဧည့္ႀကိဳCounterမွ ေကာင္ကေလးက ၾကည့္၍.....
"ကြၽန္ေတာ္ ဘာအကူအညီေပးရမလဲခင္ဗ်ာ"
"ဟင္း၊ ရတယ္၊ ရတယ္ ကြၽန္ေတာ့္အခန္းေသာ့ကိုပဲ ေပးပါေတာ့"
သူ မလိုအပ္ပဲ ျပႆနာႀကီးသြားမွာစိုးရိမ္၍ ဘာမ်ွမေျပာဘဲ အခန္းေသာ့ကိုသာ ေတာင္းလိုက္ေတာ့သည္။ အခန္းထဲေရာက္ေတာ့ အက်ႌေတြ ေဒါသတႀကီးခြၽတ္လိုက္ၿပီး ခုတင္ေပၚလွဲလိုက္ေသာ္လည္း၊ စိတ္က ဘယ္လိုမွ မၿငိမ္ေပ။ ထို႔ေၾကာင့္ ထၿပီး ေခါက္တုံ႔ေခါက္ျပန္ေလ်ွာက္ေနမိေတာ့သည္။
ကေလး ဘာမွမျဖစ္ပါေစနဲ႔.....
တစ္ခုခုသာျဖစ္သြားလ်ွင္ သူ႔ကိုယ္သူ ခြင့္လႊတ္ႏိုင္မည္မဟုတ္.....။
ရီေပၚ ေခါက္တုံ႔ေခါက္ျပန္လမ္းေလ်ွာက္ရာမွ ဘယ္လိုမွ မေနႏိုင္ေတာ့။ ေအာက္ထပ္သို႔ဆင္း၍ Dining Roomတြင္ Beer(2)ပတ္ေလာက္ မွာေသာက္လိုက္မွ စိတ္လႈပ္႐ွားမႈ အနည္းငယ္သက္သာသြားရ၏။
ကိုယ့္ကို ခြင့္လႊတ္ပါ ကေလးရယ္.....။
ထိုစဥ္မွာပင္ ဝန္ထမ္းတစ္ေယာက္က သူ၏စားပြဲသို႔ ေလ်ွာက္လာၿပီး.....
"ဦးဝမ္ရီေပၚလားခင္ဗ်"
"ေအး ဟုတ္တယ္"
ပိုက္ဆံ႐ွင္းရေတာ့မည္ထင္၍ ခါးၾကားမွ ပိုက္ဆံအိတ္ကို ထုတ္လိုက္၏။
"Counterမွာ ဦးဝမ္ရီေပၚအမည္နဲ႔ ဖုန္းလာေနလို႔ပါ အခန္းနံပါတ္က (105)တဲ့"
"ေဟ"
မူးေနေသာအမူးက ခ်က္ခ်င္းေျပေပ်ာက္သြားၿပီး မ်က္လံုးက်သြားရသည္။
"ဒါ...ဒါ ကေလးဆီကပဲေနမွာ"
ရီေပၚ ထိုင္ေနရာမွ Counterဆီသို႔ ေျပးသြားကာ.....
"Hello"
"ဦးဝမ္ရီေပၚလား"
အသံက ကေလးအသံမဟုတ္။
ကုလားမတစ္ေယာက္၏ အသံ။
"က်န္႔က်န္႔က ဆက္ခိုင္းတယ္ အစ္ကို႔"
"အခု က်န္႔က်န္႔ ဘယ္မွာလဲ"
"က်န္႔က်န္႔ေနာ္...အဖမ္းခံရတယ္ အစ္ကို႔၊ လူဆိုးေတြေနာ္ ဖမ္းထားတယ္ အစ္ကို႔"
"ဟင္"
ကုလားမ၏အသံေၾကာင့္ ရီေပၚ ရင္ထိတ္သြားရသည္။
"ဘယ္လိုျဖစ္ၿပီး"
"လူႏွစ္ေယာက္ေနာ္ ကန္ကေလးကိုဖမ္းတယ္၊ သူတို႔က ေနမကန္းဘူးဆိုၿပီး ေခၚလာတယ္၊ ကြၽန္မေနာ္ ဒီအိမ္ကအေစာင့္ရဲ႕ သမီးပါအစ္ကို႔၊ သူတို႔က ကန္ကေလးကို လက္မွတ္ေနာ္ ထိုးခိုင္းတယ္၊ ကန္ကေလးကေနာ္ မထိုးဘူး၊ သူတို႔ေနာ္ အခု အျပင္သြားၾကတယ္၊ ကန္ကေလးကေနာ္ ကြၽန္မကို ပိုက္ဆံေပးၿပီး ဖုန္းဆက္ခိုင္းတယ္ ေနာက္မွဆက္ေတာ့မယ္ အစ္ကို ကြၽန္မေနာ္ ကန္ကေလးဆီ ျပန္သြားရဦးမယ္"
ကုလားမ ထိုမ်ွသာေျပာၿပီး ဖုန္းကို ခြပ္ခနဲ ခ်သြားေလသည္။
"ဟူး"
သူေလကို ခပ္ျပင္းျပင္းမႈတ္ထုတ္လိုက္သည္။
အဲဒါ သူ႔ေၾကာင့္ သူအသံုးမက်လို႔ ေကာင္ကေလး ဒီလိုျဖစ္ရတာ သူ ယူၾကံဳးမရျဖစ္မိ၏။ မတတ္ႏိုင္ေပ။ ေနာက္တစ္ခါ ဖုန္းထပ္လာသည္အထိ ေစာင့္ရေပဦးေတာ့မည္။
ထို႔ေၾကာင့္ ဧည့္ႀကိဳCounterကို.....
"အစ္ကို႔ဖုန္း ဘယ္အခ်ိန္လာလာေခၚေပးပါ အေရးႀကီးလို႔"
ဟု မွာကာ၊ Beerေနာက္(1)ပတ္ထပ္ေသာက္လိုက္ၿပီး ေဘလ္ယူကာ အခန္းထဲသို႔ျပန္ခဲ့၏။ သူ စိတ္႐ႈပ္ေထြးစြာ ထိုင္လိုက္သည္။
Yunhe Districtတဲ့ သိပ္ေတာ့မေဝးလွပါ။ ကားေမာင္းသြားလ်ွင္ (1:00)ခန္႔သာ ၾကာ၏။ သူလိုက္သြားရမလား မျဖစ္ႏိုင္။ ေတာ္ၾကာ သူသြားေနတုန္း ဖုန္းထပ္လာလ်ွင္.....
သူ လိုက္သြားရန္အေတြးကို ပယ္လိုက္သည္။
သက္ဆိုင္ရာကို အေၾကာင္းၾကာလ်ွင္ေရာ။ သူက ဒီနယ္ေျမမွာ မကြၽမ္းက်င္။ သက္ဆိုင္ရာကို အကူအညီေတာင္းလ်ွင္ ေကာင္မည္လား။ သူ ထိုအၾကံကိုလည္း ဖ်က္လိုက္သည္။
ဘာမွမေသခ်ာ မေရရာေသးခင္ သူ႔ကို စစ္လားေဆးလားလုပ္ၾကမည္ကို သေဘာမက်ေခ်။ ဒီလူႏွစ္ေယာက္နဲ႔ သူ ေကာင္းေကာင္းရင္ဆိုင္ႏိုင္သည္ဟု ယံုၾကည္ေနျပန္သည္။ ထို႔ေၾကာင့္ ကုလားမ ေနာက္တစ္ခါ ဖုန္းဆက္တဲ့အထိ ေစာင့္ရန္ဆံုးျဖတ္လိုက္၏။
သူတို႔ရဲ႕ သာယာေပ်ာ္ရႊင္ေနေသာအခ်ိန္းမ်ားက ထိုေန႔မွာပင္ အ႐ုပ္ဆိုးစြာ ၿပီးဆံုးသြားရသည္။
ဘယ္လိုပဲျဖစ္ျဖစ္ ေ႐ွာင္က်န္႔အတြက္ ဘာမဆိုရင္ဆိုင္ရန္ ဝမ္ရီေပၚ အသင့္႐ွိေနေလေတာ့သည္။
Ep-15
Coming soon ❤💚
ကုလားမအသံႀကိဳက္သြားၾကၿပီမလား🤣🤣
ကိုယ္ေရးလိုက္တဲ့ၿမိဳ႕နဲ႔ျမစ္ေလးေတြတကယ္႐ွိပါတယ္ေနာ္😁😁
Yunhe district & Cangzhouကတကယ္နီးပါတယ္☺☺
ချစ်ခြင်း၏စီးဆင်းရာ Ep-14
Unicode
သူတို့နှစ်ယောက် Cangzhouတွင် လျှောက်လည်ကြသည်။
နှစ်ယောက်လုံး ပျော်ကြသော်လည်း ရီပေါ်က ရင်တထိတ်ထိတ်နှင့် ဘယ်အချိန် သူတို့ကို ဒုက္ခပေးသောသူတွေ ပေါ်လာမလဲဟူ၍ စိုးထိတ်နေရတော့သည်။ ရှောင်ကျန့်က ကေလးပီပီ ပျော်ရွှင်လျက်.....။
ထိုနေ့က တစ်နေကုန်လည်ပြီးသည်အထိ ဘာပြဿနာမှတော့ မဖြစ်ပေ။
"ကလေးရေ ပြန်စို့ကွာ"
"ဟင့်အင်း မပြန်သေးဘူး၊ မြို့ထဲသွားပြီး လျှောက်ကြည့်ရအောင်ကွာ Canzhouမြို့က အရမ်းလှတယ်လို့ ကျန့်ကျန့် ကြားဖူးတယ်"
ကောင်ကလေးက သူ့လက်ကို အတင်းဆွဲပြီး ပြောနေသည်ကြောင့် သက်ပြင်းငွေ့ငွေ့ချ၍ ခေါင်းညိတ်ရပြသည်။
"ကဲ၊ ကဲ ကေလးသေဘာ ဒါပေမဲ့ လျှောက်လည်ပြီးတာနဲ့ ပြန်မယ်နော် ဘယ်မှမဝင်ဘူး၊ မိုးချုပ်တဲ့အထိလျှောက်လည်တာ မကောင်းဘူး ကလေးရဲ့၊ နောက်နေ့မှ ဆက်လည်ကြတာပေါ့"
သူ ကလေးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်၍ ပြောလိုက်သည်။
"အမယ် ဦးတစ်ယောက်လုံးရှိတာပဲ ဘာမှမကောင်းစရာ မရှိပါဘူးနော်၊ ဦးပဲ ကျန့်ကျန့်အတွက်ဆို အသက်တောင် စွန့်ဝံ့တယ်ဆို"
ကေလးက သူ့စကားနှင့်သူ့ကို ပြန်စ,နေသည်ကြောင့် သူဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်တော့သည်။
ဤသို့ဖြင့် Cangzhouမြို့ထဲသို့ သူတို့ ဆက်ထွက်ခဲ့ကြကာ၊ ရှောင်ကျန့်က ကားပေါ်မှဆင်း၍ မြို့ကြီးတွင် သွားလာနေသောလူအများနှင့် တိုက်ကြီးများကြား နေဝင်ရာအရပ်ဆီသို့ ခပ်ငေးငေးလေး ကြည့်နေ၏။
သူ့အတွက်ကတော့ တိုက်ကြီးများကြားဝင်သွားသော နေလုံးကြီးရယ်၊ မလှမ်းမကမ်းရှိ လူအများစုရယ်၊ သွားလာနေကြကုန်သော ကားကလေးတွေရယ်၊ သူချစ်ရသော ကလေးတစ်ယောက်ရယ်တို့က အင်မတန် ရင်ခုန်ဖွယ်ရာ ပန်းချီကားတစ်ချပ် ကဗျာတစ်ပုဒ် ဖြစ်ရသည်။
"ချစ်တယ် ကလေးရယ်"
ကြောင်အမ်းအမ်းနှင့် ရှောင်ကျန့်ခန္ဓာကိုယ် ခပ်တိတ်တိတ်လေး ရီပေါ့်ရင်ခွင်ထဲ ပါလာ၏။ ပြီးနောက် သတိဝင်လာဟန်တူပြီး ရှောင်ကျန့်၏ခန္ဓာကိုယ်လေးက ဆတ္ခနဲ ဖြစ်သွားရသည်။
ထို့ကြောင့် ရီပေါ် သတိပြန်ဝင်လာပြီး ရှောင်ကျန့်ကို လွှတ်ပေးလိုက်သည်။ ထို့နောက်မှာတော့ ရဲရဲနီနေသည့်မျက်နှာလေးကို ရင်ဆိုင်လိုက်ရ၏။
ရီပေါ် တောင်းပန်ရန် စကားလုံးရှာဖွေလိုက်စဉ်မှာပင် ရှောင်ကျန့်၏ ညာလက္တစ္ဖက္က မြောက်တက်လာပြီး.....
"ခွပ်"
"ကေလး...ကိုယ်....."
ကေလးက သူ့မျက်နှာကို တစ်ချက်စိုက်ကြည့်၍ ထွက်ပြေးသွားလေတော့သည်။
"ကေလး၊ ကေလး နေဦးလေ၊ ကေလး ကိုယ့်ကိုစောင့်ပါဦး"
ရှောင်ကျန့် ခြေဦးတည့်ရာကို ပြေးနေမိတော့သည်။
ရီပေါ် သူ့ကိုယ်သူ တစ်ချက်ကျိန်ဆဲလိုက်မိတော့၏။
"မင်း ဘာတွေလျှောက်လုပ်နေမိပြန်တာလဲ ဝမ်ရီပေါ်ရာ"
ရီပေါ် ကားပေါ်တက်၍ ရှောင်ကျန့် သွားရာနောက်သို့ လိုက်ခဲ့သည်။ ရှောင်ကျန့်က လမ်းကြားလေးတွေကြားထဲ လျှောက်ပြေးနေ၍ ရီပေါ် လုံးဝမမီတော့ချေ။
ရှာလို့လည်း မတွေ့တော့ချေ။
သူ့ရင်ထဲ အပူလုံးဆို့တက်လာရသည်။
ရီပေါ် အရူးတစ်ပိုင်း လမ်းကြားလေးတွေကြားထဲ လိုက်ပတ်ရှာနေမိသော်လည်း လုံးဝအစအနကို မတွေ့တော့ချေ။
နောက်ဆုံး မိုးစုန်းစုန်းချုပ်တော့မှ သူHotelသို့ ပြန်ခဲ့၏။ Hotelသို့ ပြန်လာခဲ့သည်ကလည်း ရှောင်ကျန့် ရောက်နေမလားဆိုသော မျှော်လင့်ချက်ကလေးနှင့် ဖြစ်သည်။
ကားမောင်းလာရင်း သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။ တကယ်တော့ ကလေးရဲ့အပြစ်မဟုတ်။ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်လိုက်တာ သူ့ရဲ့ မဟာအပြစ်ကြီးသာ ဖြစ်၏။ သူ ဘာကြောင့် ဒီလောက်သတိလက်လွတ် ဖြစ်သွားရသလဲ။ သူ့ဘာသာသူပင် စဉ်းစား၍ မရေခ်။
ဘုရားမလို့ ကေလး Hotelပြန်ရောက်နေပါစေ။
သူ့ရင်ထဲ မီးလောင်မြိုက်နေသကဲ့သို့ ပူလောင်နေရသည်။
Hotelရောက်သည်နှင့် ဧည့်ကြိုCounterသို့ တန်းသွားလိုက်၏။
"အခန်း105က အမျိုးသား ပြန်ရောက်နေပြီလားခင်ဗျာ"
"နေဦးနော် ကျွန်တော် သော့ကြည့်ပေးမယ်"
Counterမှဝန်ထမ်းက သော့တွေချိတ်ထားရာကို လှမ်းကြည့်ပြီး.....
"သော့ရှိသေးတယ်ခင်ဗျာ မရောက်သေးဘူး"
"ဘုရား"
ရီပေါ် ဘုရားတမိသွားသည်။ နာရီကို ငုံ့ကြည့်တော့ ည(8:00)ကို ညွှန်ပြနေ၏။ ကေလး ဘာတွေဖြစ်နေပြီလဲ။ ဟို အန္တရာယ်ကောင်တွေ။ မျက်နှာပျက်နေသော သူ့ကို ဧည့်ကြိုCounterမွ ကောင်ကလေးက ကြည့်၍.....
"ကျွန်တော် ဘာအကူအညီပေးရမလဲခင်ဗျာ"
"ဟင်း၊ ရတယ်၊ ရတယ် ကျွန်တော့်အခန်းသော့ကိုပဲ ပေးပါတော့"
သူ မလိုအပ်ပဲ ပြဿနာကြီးသွားမှာစိုးရိမ်၍ ဘာမျှမပြောဘဲ အခန်းသော့ကိုသာ တောင်းလိုက်တော့သည်။ အခန်းထဲရောက်တော့ အကျႌတွေ ဒေါသတကြီးချွတ်လိုက်ပြီး ခုတင်ပေါ်လှဲလိုက်သော်လည်း၊ စိတ္က ဘယ္လိုမွ မငြိမ်ပေ။ ထို့ကြောင့် ထပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတော့သည်။
ကေလး ဘာမှမဖြစ်ပါစေနဲ့.....
တစ်ခုခုသာဖြစ်သွားလျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်.....။
ရီပေါ် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရာမှ ဘယ္လိုမွ မနေနိုင်တော့။ အောက်ထပ်သို့ဆင်း၍ Dining Roomတွင် Beer(2)ပတ်လောက် မှာသောက်လိုက်မှ စိတ်လှုပ်ရှားမှု အနည်းငယ်သက်သာသွားရ၏။
ကိုယ့်ကို ခွင့်လွှတ်ပါ ကလေးရယ်.....။
ထိုစဉ်မှာပင် ဝန်ထမ်းတစ်ယောက်က သူ၏စားပွဲသို့ လျှောက်လာပြီး.....
"ဦးဝမ်ရီပေါ်လားခင်ဗျ"
"အေး ဟုတ်တယ်"
ပိုက်ဆံရှင်းရတော့မည်ထင်၍ ခါးကြားမှ ပိုက္ဆံအိတ္ကို ထုတ်လိုက်၏။
"Counterမွာ ဦးဝမ်ရီပေါ်အမည်နဲ့ ဖုန်းလာနေလို့ပါ အခန်းနံပါတ်က (105)တဲ့"
"ဟေ"
မူးနေသောအမူးက ချက်ချင်းပြေပျောက်သွားပြီး မျက်လုံးကျသွားရသည်။
"ဒါ...ဒါ ကလေးဆီကပဲနေမှာ"
ရီပေါ် ထိုင်နေရာမှ Counterဆီသို့ ပြေးသွားကာ.....
"Hello"
"ဦးဝမ်ရီပေါ်လား"
အသံက ကလေးအသံမဟုတ်။
ကုလားမတစ်ယောက်၏ အသံ။
"ကျန့်ကျန့်က ဆက်ခိုင်းတယ် အစ်ကို့"
"အခု ကျန့်ကျန့် ဘယ်မှာလဲ"
"ကျန့်ကျန့်နော်...အဖမ်းခံရတယ် အစ်ကို့၊ လူဆိုးတွေနော် ဖမ်းထားတယ် အစ်ကို့"
"ဟင်"
ကုလားမ၏အသံကြောင့် ရီပေါ် ရင်ထိတ်သွားရသည်။
"ဘယ်လိုဖြစ်ပြီး"
"လူနှစ်ယောက်နော် ကန်ကလေးကိုဖမ်းတယ်၊ သူတို့က နေမကန်းဘူးဆိုပြီး ခေါ်လာတယ်၊ ကျွန်မနော် ဒီအိမ်ကအစောင့်ရဲ့ သမီးပါအစ်ကို့၊ သူတို့က ကန္ကေလးကို လက်မှတ်နော် ထိုးခိုင်းတယ်၊ ကန်ကလေးကနော် မထိုးဘူး၊ သူတို့နော် အခု အပြင်သွားကြတယ်၊ ကန်ကလေးကနော် ကျွန်မကို ပိုက်ဆံပေးပြီး ဖုန်းဆက်ခိုင်းတယ် နောက်မှဆက်တော့မယ် အစ္ကို ကျွန်မနော် ကန္ကေလးဆီ ပြန်သွားရဦးမယ်"
ကုလားမ ထိုမျှသာပြောပြီး ဖုန်းကို ခြပ္ခနဲ ချသွားလေသည်။
"ဟူး"
သူလေကို ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။
အဲဒါ သူ့ကြောင့် သူအသုံးမကျလို့ ကောင်ကလေး ဒီလိုဖြစ်ရတာ သူ ယူကြုံးမရဖြစ်မိ၏။ မတတ်နိုင်ပေ။ နောက်တစ်ခါ ဖုန်းထပ်လာသည်အထိ စောင့်ရပေဦးတော့မည်။
ထို့ကြောင့် ဧည့်ကြိုCounterကို.....
"အစ်ကို့ဖုန်း ဘယ်အချိန်လာလာခေါ်ပေးပါ အရေးကြီးလို့"
ဟု မွာကာ၊ Beerနောက်(1)ပတ်ထပ်သောက်လိုက်ပြီး ဘေလ်ယူကာ အခန်းထဲသို့ပြန်ခဲ့၏။ သူ စိတ်ရှုပ်ထွေးစွာ ထိုင်လိုက်သည်။
Yunhe Districtတဲ့ သိပ်တော့မဝေးလှပါ။ ကားမောင်းသွားလျှင် (1:00)ခန့်သာ ကြာ၏။ သူလိုက္သြားရမလား မဖြစ်နိုင်။ တော်ကြာ သူသွားနေတုန်း ဖုန်းထပ်လာလျှင်.....
သူ လိုက်သွားရန်အတွေးကို ပယ်လိုက်သည်။
သက်ဆိုင်ရာကို အကြောင်းကြာလျှင်ရော။ သူက ဒီနယ်မြေမှာ မကျွမ်းကျင်။ သက်ဆိုင်ရာကို အကူအညီတောင်းလျှင် ကောင်မည်လား။ သူ ထိုအကြံကိုလည်း ဖျက်လိုက်သည်။
ဘာမွမေသခ်ာ မရေရာသေးခင် သူ့ကို စစ်လားဆေးလားလုပ်ကြမည်ကို သဘောမကျချေ။ ဒီလူနှစ်ယောက်နဲ့ သူ ကောင်းကောင်းရင်ဆိုင်နိုင်သည်ဟု ယုံကြည်နေပြန်သည်။ ထို့ကြောင့် ကုလားမ နောက်တစ်ခါ ဖုန်းဆက်တဲ့အထိ စောင့်ရန်ဆုံးဖြတ်လိုက်၏။
သူတို့ရဲ့ သာယာပျော်ရွှင်နေသောအချိန်းများက ထိုနေ့မှာပင် အရုပ်ဆိုးစွာ ပြီးဆုံးသွားရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျန့်အတွက် ဘာမဆိုရင်ဆိုင်ရန် ဝမ်ရီပေါ် အသင့်ရှိနေလေတော့သည်။
Ep-15
Coming soon ❤💚
ကုလားမအသံကြိုက်သွားကြပြီမလား🤣🤣
ကိုယ်ရေးလိုက်တဲ့မြို့နဲ့မြစ်လေးတွေတကယ်ရှိပါတယ်နော်😁😁
Yunhe district & Cangzhouကတကယ်နီးပါတယ်☺☺