//Edited Version//
-Unicode-
အလိုမကျစွာ မျက်တောင်နှစ်ခုကို တွန့်ချိုးလျက်
မကျေမချမ်းစွာ စာကိုကြည့်ရင်း
ရင်ခေါင်းသံကြီးနဲ့ ဖတ်မယ်ကြံလိုက်တုန်း မြင်လိုက်ရတဲ့ ပထမဆုံး စာကြောင်းကြောင့်
ထယ်ယောင်း မမြင်ရတဲ့ လေတောင် နင်သွားသလို
အမြင်ကပ်ပုဒ်မဖြင့် မဆီမဆိုင်ဘေးနားရှိ ဂျောင်ဟိုဆော့ကို နားကန်းစေရန် မရည်ရွယ်ပါသော်လည်း လိပ်ခေါင်းမထွက်ရုံတမယ်
အကျယ်ကြီး အော်ဖတ်ပြလိုက်သည်
" သို့ !!!!
ချစ်ရပါသော အကို !!!!!! "
"ထယ်ယောင်း တိုးတိုးဖတ်ပါဟ ဘာကိစ္စအကျယ်ကြီးဖတ်နေရတာလဲ"
"မင်း အသာနေစမ်းပါ ကစားကွင်းထဲမှာဖတ်တာပဲဘယ်သူမှမကြားပါဘူးဟ"
"ကလေးတွေအများကြီးပဲလေ"
"သူတို့ သူတို့ဘာသူကစားရင်းနဲ့အလုပ်ရှုပ်နေဝာာဘာမှတောင်အာရုံရမှာမဟုတ်ဘူး"
ကလေးတွေကို နှစ် ယောက်သား ပြိုင်တူ
ကြည့်မိလိုက်ကြတော့ မဟုတ်တဲ့ အရှုပ်တွေ
လုပ်ရင်း အလုပ်တွေရှုပ်နေလေရဲ့
"ကျစ်!! ပြီးရောကွာ ဒါဆိုလည်း ဆက်ပြီးဖက်ပြ"
"အကို့ကို စိတ်၀င်စားနေတာ နည်းနည်းကြာပါပြီ
ခန့်မှန်းခြေဆိုရင် လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းကပေါ့
မနေ့က လက်ဆောင်တွေအများကြီးပေးလိုက်လို့
စိတ်အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင်
တောင်းပန်ပါတယ်နော်
အကို မလိုချင်ရင် လွှင့်ပစ်လိုက်လို့လည်း
ရပါတယ် "
"ဟာ လွှင့်တော့ မပစ်ပါဘူး နှမြောစရာကြီးကို"
အကယ်၍ရည်းစားတွေဖြစ်သွားရင် နှစ်ယောက်လုံးကို လိုက်သတ်ဖြစ်လောက်တယ်
"အရေးထဲမှာ လက်ဆောင်မက်နေသေးတယ် တောက်!!"
"ဟာ ဘာလဲဟ မင်းကကြားထဲကနေ ဘာကိစ္စဒေါသထွက်နေရတာလဲ"
သို့သော် ထိုငနာလေး က ကျတော်ပြောတာကို
မသိချင်ယောင်ဆောင်လိုက်ပြီး စာရွက်ကိုပြန်ကိုင်ကာ
"အမှန်တိုင်းပြောရရင် ဘယ်သူလဲဆိုတာ
အကို့ကိုပြောပြဖို့ သတ္တိမရှိသေးတာကြောင့် ဒီတိုင်းလေးပဲ အဝေးကနေ ဆက်ချစ်ခွင့်ပေးပါနော် အကို စိတ်ရှုပ်အောင် ဘာတစ်ခုမှအနှောင့်အယှက် မပေးဘူးလို့လည်း ကတိပေးပါတယ်
အကို တဖြည်းဖြည်း လက်ခံလာတဲ့တစ်နေ့မှ....
အံမယ် အံမယ် သူ့ကို လက်ခံမယ်လို့ ဘယ်သူကပြောလို့လည်း ကြီးကြီးကျယ်ကျယ်နဲ့ "
ဒီကောင့် ကျေးဇူးကြောင့် ကျတော်လေးဟာ
ဒီနေ့ ထို စာကို ဆုံးအောင် ဖတ်ရမယ့် ဇာတာလေးမပါတော့ဘူးထင်ပါရဲ့
"ဟာ ဆက်ပြီးဖတ်စမ်းပါ ထယ်ယောင်းရ"
"အကို တဖြည်းဖြည်း လက်ခံလာတဲ့တစ်နေ့မှ ဘယ်သူလဲဆိုတာ အကို့ရှေ့မှောက်ထိလာပြီး အသိပေးပါ့မယ်
အဲ့ဒီအချိန်မတိုင်ခင်ထိတော့ ဒီတိုင်းလေးပဲ ချစ်နေခွင့်ပြုပါ "
"အော်..."
ဟိုဆော့ တော့ မသိ ထယ်ယောင်းတစ်ယောက်
မှာတော့ စာကိုဖတ်ပြီး
ဒေါသကြောင့် မျက်နှာတစ်ခုလုံး
နီစုတ်ကာ ရှူးရှူးရှဲရှဲဖြစ်နေလေ၏
"တောက်!!! ဒီစာရေးတာ ကောင်လား ကောင်မလား"
"ထယ်ယောင်း မင်းစကားတွေဘာကြောင့်
ဒီလောက် ရင့်သီးနေရတာလဲ ကာယကံရှင်ဖြစ်တဲ့ ငါလေး တောင်
မင်းလောက် ဒေါသမဖြစ်ဘူး "
"ဘာလို့လည်းဆိုတာ မင်းမသိဘူးလား
ငတုံးကောင်ရေ"
"မသိဘူးဟ!!"
ငတုံးကောင် ဟိုဆော့ ကို နဂါးမျပ်စောင်းတွေ
အတင်းပို့လွှတ်တော့ ဟိုတစ်ယောက်ကလည်း
ဘာမှမသိနားမလည်တဲ့ ပုံစံနဲ့ ခပ်ထေ့ထေ့
ပြန်ကြည့်လာပြန်လေသည်
ဘာလဲ အခုက နှစ်ယောက်သားအခြေအနေ
တင်းမာနေပြီလား
ချမလား ဖိုက်မလား ကမ်းမောင် !!!
"ဟိုဆော့ရေ ... ဟိုဆော့...."
ထိုစဉ် ဟိုဆော့ နာမည်ကို တကျော်ကျော်
ခေါ်လျက် အနားသို့ အပြေးအလွှားရောက်လာတဲ့
ဂျောင်ကု ကြောင့် နှစ်ယောက်သား
အကြည့်ချင်းလွှဲလိုက်ကြ၏
"ဟာ ဂျောင်ကုပါလား"
"ရော့...."
ဂျောင်ကု ကျတော့်လက်ထဲသို့ ထည့်ပေးလိုက်တာဲ့ KFC ကြက်ကြော် ၊ Pespi တစ်ပုလင်းနဲ့အစိမ်းရောင် စာကဒ်တစ်ခု ကို ကြောင်အန်းစွာကိုင်ရင်း အခုမှသတိဇက်ခနဲ၀င်လာတဲ့
သူလို ထိုစာကဒ်ကိုအမြန်ဖွင့်ကြည့်မိတော့
အကို ကြက်ကြော်ကြိုက်လိမ့်မယ်လို့ထင်ပါတယ်
ကျောင်းဆင်းနေတာကို မပြန်သေးပဲ ကစားကွင်းထဲမှာ သူငယ်ချင်းနဲ့စကားပြောနေတဲ့ အကို
ဗိုက်ဆာနေမှာစိုးလို့ပါ
ကောင်းကောင်းစားပါ အကို
စာအဆုံး ဘာတစ်ခုမှမသိတဲ့ လူရိုးလူအ
တစ် ယောက်လို ဂျောင်ကုကို ရီဝေစွာ ကြည့်လိုက်ရင်း
"ဂျောင်ကု ဒါ မင်းကို ဘယ်သူလာပေးတာလဲ"
ရုတ်တရက် စကားဖြတ်ပြောလိုက်သော
ထယ်ယောင်းကို ဂုတ်ကဆွဲကာ ဟန်မြစ်ထဲသို့
ဝီးခနဲ လွှင့်ပစ်လိုက်ချင်စိတ်က တဖွားဖွား !
"အဲ့တာ အထီးလား အမလား"
"အမဟေ့ အမ အမ !!! "
ဂျောင်ကု အဖြေကြောင့် ဟိုဆော့ မျက်၀န်းများ
တစ်ချက် မီးတောက်သွားသလို
"ဟင် ဟုတ်လား သူကအခုဘယ်မှာလဲ"
"ခုနတုန်းကတော့ ဟိုးသစ်ပင်နားမှာရှိတယ်"
ဂျောင်ကု လက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့
ကစားကွင်းရဲ့ မနီးမဝေးမှာရှိတဲ့ အရိပ်ကောင်းလှတဲ့ သစ်ပင်အိုကြီးတစ်ပင်
"ခုနလေးတင် အဲ့နားမှာပဲ ငါကအဲ့သစ်ပင်ရှေ့ကဖြတ်သွားတော့ သူက မင်းတို့ရှိရာကို လက်ညှိုးညွှန်ပြီး ဒါလေး အကို ဟိုဆော့ကိုပေးပေးပါနော် လို့ပြောလို့ ငါလာပေးတာ"
"သူ့ပုံစံကောမှတ်မိလား သူကဘယ်လိုပုံစံလဲ"
ကျတော့်ထက်တောင် ပိုပြီးသိချင်စိတ်ပြင်းပြနေတဲ့ ထယ်ယောင်းကို ဇတ်ပိုးကို ခပ်နာနာလေး
အုပ်ပေးလိုက်ရင်း
"ဟိတ်ကောင် မင်းဘယ်လိုဖြစ်နေတာလဲ"
သို့သော် ကျတော့် ဟာလေး က ကျတော့်အား
ဖုတ်လေတဲ့ ငပိလို့တောင် ရှိတယ်ထင်ပုံမရ
သူသိချင်တဲ့ အကြောင်းအရာတွေကိုသာ
ဂျောင်ကုကိုသာ အသည်းအသန်မေးနေလေ၏
မဖြေရင်လည်း ဝါးစားတော့မယ့် ရုပ်ကြီးမလို့
ဂျောင်ကုမှာလည်း ကျတော့်ကိုမဟုတ်တော့
မဖြေချင့်ဖြေချင်နဲ့ မျက်နှာကြီးပုတ်သုတ်ရင်း
ဖြေလို့
"မင်းအသာနေစမ်းပါ....ဟင် ဂျောင်ကု သူက ဘယ်လို ပုံစံရှိလဲလို့"
"သူ့ပုံစံက လူသိမခံစေချင်တာလားမသိဘူး
Hoodie ကြီးကိုစွပ်ထားပြီး Mask လည်း တပ်ထားတော့ ငါလည်းသေချာမသိဘူး "
"ထယ်ယောင်းရာ ထားလိုက်ပါ ဘယ်သူဖြစ်ဖြစ်ပေါ့
ငါကတော့ မင်းလောက်ကြီးစိတ်မ၀င်စားပါဘူး"
ဂျောင်ကုက တစ်ခုခုထပ်ပြောဖို့ဟန်ပြင်နေပေမယ့်လည်း ဟိုဆော့က ထိုကဲ့သို့ ပိတ်ပြောလိုက်သဖြင့် တံတွေးကိုပဲ ခက်ခက်ခဲခဲမြိုချလိုက်၏
"မင်းစိတ်မ၀င်စားလည်း ငါစိတ်၀င်စားတယ်"
အော် ..... ရည်းစားစာပေးခံရတာ မင်းလား
ငါလား ဟေ့အကောင်ရေ လို့
အော်ပြောလိုက်ချင်ပေမယ့်လည်း
"သူလည်းပြောထားတယ်လေ နောက်ပိုင်းကျ
သူကိုယ်တိုင်လာပြောပါမယ်ဆိုပြီး ငါတို့ သူဘယ်သူလဲဆိုတာ တစ်နေ့ကြသိလာမှာပေါ့"
"ဟင့်အင်း မရပါဘူး ငါကအခုသိချင်တာ"
"အဲ့တာတော့ မင်းသဘောပဲလေ
လောလောဆယ်တော့ သူပေးတာလေးနဲ့
ငါဗိုက်ဖြည့်လိုက်အုံးမယ်"
အိတ်ထဲက ကြက်ကြော်လေးတစ်ခုကို ယူလိုက်ကာ ပါးစပ်ထဲထည့်မည်ကြံတုန်းရှိသေး
ထယ်ယောင်းက ကျတော့်လက်ကိုရိုက်ချ လိုက်သောကြောင့် အပြစ်မရှိသော ကြက်ကြော်လေးမှာမြေပြင်ပေါ်သို့ ဘုတ်ခနဲ အသံမြည်ကာ
ဆလိုးမိုးရှင်း ကျသွားလေ၏
"ဟာ.... ကင်ထယ်ယောင်း မင်းဒါဘာလုပ်ဝာာလဲ"
"မင်းမစားရပါဘူး တော်ကြာ မင်းကို အဆိပ်တွေ ဘာတွေ ခပ်ထားရင် ဘယ်လိုလုပ်မလဲ"
အင်းး.... ဒင်းလေးကို ငါတစ်ခုခုလုပ်မိတော့မယ်
တစ်ယောက်ယောက်လောက် ၀င်ဆွဲကြအုံး
ဂျောင်ကု ဆိုသည်မှာလည်း ပတ်ဂျီမင်းကလွဲ၍
ကမ္ဘာကြီးပျက်နေတောင် သူ့ကိစ္စမဟုတ်သည့်နှယ်
အခုလည်း ကျတော်တို့နှစ်ယောက်ရန်ဖြစ်နေတာကို ဘေးနားမှာရပ်ပြီး ဇာတ်ကားကြည့်နေတယ်
ထင်မှတ်နေသလား အောက်မေ့ရတယ်
"ငါ့ကိုကြိုက်နေပါတယ်ဆို ငါ့ကို သေအောင်တော့ လုပ်ပါ့မလား ငတုံးရဲ့"
စိတ်ထဲမှာတော့ ထိုမိကျောင်းသားလေးရဲ့
ခေါင်းကို 6 ချက်လောက် ခေါက်ပြီးနေပြီ
"ပြောမရဘူးလေ လုပ်ချင်လဲလုပ်မှာပေါ့
ငါကမင်းကို စိတ်ပူလို့ပြောနေတာ အဲ့တာကြောင့်
မင်းအစား ငါပဲအကုန်စားလိုက်တော့မယ် လစ်ပြီ"
ချက်ချင်းပင် ကြက်ကြော်ထုတ်နှင့် အချိုရည်ပုလင်းကို ပိုက်ကာ ထွက်ပြေးသွားတော့ ထယ်ယောင်းကြောင့် ဒေါသမီးက ကျတော့် ငယ်ထိပ်အထိပင်ရောက်သွားသည်
ရေလောင်းချတောင် ထိုမီးကငြိမ်းမည့်ပုံမပေါ်တော့
"ရားး.....ကင်ထယ်ယောင်း!!!!"
ဂျောင်ကုကတော့ ခေါင်းလေးကုပ်ကာ ကျတော်တို့နှစ်ယောက်ကို ကြည့်ရင်း စိတ်ရှုပ်လာတဲ့
ပုံပေါက်နေသည်မှာ အမှန်
"အဲ့တာဆို ငါသွားတော့မယ် ဟိုဆော့ရာ
ဂျီမင်းက ငါ့ကိုစောင့်နေလို့"
မပြောဘူးလား အဲ့ဟာလေးကလည်း
သူ့လူမှ သူလူပါဆို !
"အော်....အေးပါ ဒုက္ခပေးမိသလိုဖြစ်သွားပြီ"
"ဟားး ရပါတယ်ကွာ မလိုပါဘူး"
"အင်းပါ ပြီးရော"
"ဒါနဲ့ ဟိုဆော့"
ထွက်သွားမည့်ပုံစံလေးနဲ့ အနောက်ဘက်ကို
ပြန်လှည့်လာတဲ့ ဂျောင်ကု က ကျတော့်ကို
တစ်ခုခုသတိပေးချင်နေတဲ့ ပုံစံလေး
"အင်း ဂျောင်ကု ပြောလေ"
"မင်း ဖွင့်မပြောရသေးဘူးမလား"
ထိုစကားကြောင့် ဟိုဆော့ ရဲ့ ပါးပြင်နှစ်ဖက်မှာ
အကြောင်းရင်းမဲ့ ပူနွေးလာရ၏
"ဟီးး....အင်း"
"လက်နှေးရင်ကျန်ခဲ့မယ်နော် ငါကတော့ ဒါပဲပြောလိုက်မယ်"
"ဟာ အေးပါကွာ မင်းကလည်း.. ငါလည်း အရှိန်ယူနေတာမလို့ပါ"
"အိုခေ မင်းသဘောပဲ ငါက ဒီအတိုင်း ဘေးနားကနေသတိပေးရုံသဘောမျိုးပဲ"
"ဟုတ်ပါပြီကွာ"
တကယ်တော့ ထယ်ယောင်းနဲ့ ဒီလိုပုံစံလေးအတိုင်း ရှိနေရတာကိုပဲ ကျတော်
ပိုသဘောကျမိတယ်
ရှေ့လည်း မတိုးချင်သလို နောက်လည်းမဆုတ်ချင်ဘူး ဒီလိုအချိန်လေးမှာပဲ ရပ်တန့်နေချင်သလိုမျိုး
............။
"ထယ်ယောင်း...."
"ဟုတ်ကဲ့ မေမေ "
"ဒီတစ်လော ဟိုဆော့ က အိမ်ကိုခဏခဏလာလည်တယ်နော်"
မေမေရဲ့ အထူးအဆန်းမေးခွန်းကြီးကြောင့်
ဆိုဖာပေါ်မှာ ဂိမ်းဆော့နေရင်းကနေ
မျက်လုံးလှန်ကြည့်မိ၏
"ဟာ... မေမေ ကလည်း အဲ့တာ ဘာထူးဆန်း
လို့လည်း
အရင်ကတည်း က ဒီကောင် ကျတော့် အိမ်ကို
ဒီလိုမျိုး ၀င်ထွက်သွားလာ နေကြပဲဟာကို"
အင်းလေ တကယ်လည်း ဟိုဆော့ နဲ့
သူဆိုတာ တစ်ယောက်အိမ်တစ်ယောက်
အမြဲတမ်း တံခါးမရှိ ဓားမရှိ ၀င်ထွက်သွားလာနေကြတဲ့သူတွေပဲဟာကို
အခုမှ အထူးဆန်းလို ပုံစံမျိုးနဲ့ ပြောလာတဲ့
မေမေ့ကို ပြန်အဖြေပေးမိတော့ မေမေက ခေါင်းခါရင်း ပျာပျာသလဲပြန်ငြင်းလေ၏
"မဟုတ်ဘူး မဟုတ်ဘူး....မေမေ ပြောတဲ့သဘောက...."
"သူလည်း သာနဲ့ အတူတူ စာလုပ်ဖို့လာတာလေ မေမေရဲ့"
ဂိမ်းထဲမှ Zombie ရဲ့ ဦးခေါင်းအား တည့်မတ်စွာချိန်ကာ
သေနတ်ဖြင့် တစ်ချက်ပစ်လိုက်ရင်း
အေးအေးဆေးဆေးဖြေလိုက်သည့်
ထယ်ယောင်း ပုံမှာ အပူပင်ကင်းလို့
"တတိယနှစ်တောင်ရောက်နေပြီ စာကတစ်ယောက်တည်းလည်းလုပ်လို့မရဘူးလား"
"မဟုတ်ဘူးလေ မေမေရဲ့ သူက ကျတော့်ကို စာရှင်းပြတာ...."
"အဲ့တာဆို မင်းကအတန်းထဲမှာ တော်တော် အခြေအနေဆိုးရွားနေတာပေါ့ ကင်ထယ်ယောင်း
စာသင်တာချင်းတူတူတောင် ဟိုဆော့က စာလိုက်နိုင်ပြီး မင်းကို ပြန်ရှင်းပြနေရတယ်ဆိုတော့....."
"အာ...မေမေ အဲ့တာကလေ.."
ဟိုက်ရှားပါး အခု မီးသွေးပေါ်ကို ဖင်ခု
ထိုင်ခဲ့မိသလိုပါပဲလား
ကျောင်းစတတ်ချင်းတုန်းက ကျောင်းလစ်ခဲ့လို့
အခုအဲ့စာတွေကို ကျတော်နားမလည်လို့
ဟိုဆော့ကပြန်ပြီးရှင်းပြနေတယ်ဆိုတာကို
မေမေ့ အား ဘယ်လိုပြောရပါ့
တကယ့်ကို တိုင်တွေပတ်နေပြီဟေ့
Game ကို Pause ခလုတ်နှိတ်လိုက်ရင်း
မေ့မေ့ကို ဘယ်လို ညာပြောရင်ကောင်းမလဲဆိုတာပဲ ခေါင်းထဲမှာ လုံးထွေးနေခဲ့သည်
ထိုကြောင့် ကျတော်လည်း စကားလမ်းကြောင်းလွှဲသည့်သဘောဖြင့် မဟုတ်ကဟုတ်က တခြား
အကြောင်းတွေပဲ လျှောက်ပြောလိုက်ရင်..
"မဟုတ်မှလွဲရော မေမေ က ဟိုဆော့ အိမ်ကို ခဏခဏ လာတာမကြိုက်လို့များလား"
"မကြိုက်လို့ရယ်တော့ မဟုတ်ပါဘူးတော်
မင်းကသူ့လောက်တောင် စာမလိုက်နိုင်ဘူးလားလို့ မေးကြည့်တာပါ
ပြီးတော့ သူက ဆွန်းဟွာရဲ့သားပဲ
မေမေ့အတွက်တော့ ဟိုဆော့က လည်း သားတစ်ယောက်လိုပဲ
မေမေ နဲ့ ဆွန်းဟွာ ဘယ်လောက်ခင်ကြလည်း
သား သိတယ်မလား...."
အခုမှ အနည်းငယ် ပုံမှန်ဖြစ်လာကာ
ကျတော့်ကို သိပ်ပြီး သံသယ၀င်ပုံမရှိတော့သော
မေ့မေ့ကို ကြည့်ရင်း စိတ်ထဲမှ အလုံကြီး
ကျသွားလေတော့သည်
နားထင်နားမှာ ချွေးစလေးတွေ ကပ်နေတာကိုတော့ ထယ်ယောင်းကိုယ်တိုင်လည်း
သတိထားမိခဲ့မည်မဟုတ်
"သိပါတယ် မေမေ ကလည်း"
"တကယ်တော့ ဆွန်းဟွာ က ဟိုဆော့ကိုအရင်မွေးခဲ့တာ
ဟိုဆော့ ကို မွေးပြီးတစ်ပတ်နေမှ မေမေ က
မင်းကို မွေးခဲ့တာ"
"ဒါဆို ဟိုဆော့ က သားထက် တစ်ပတ်အသက်ကြီးတယ်ပေါ့"
"အင်းပေါ့....အစကတော့ မိန်းကလေးမွေးရင်
ဆွန်းဟွာ သားနဲ့ကြီးလာရင် အိမ်ထောင်ချ ပေးမယ်အထိတောင်စဉ်းစားထားတာ...အခုများကြတော့.."
"ဟမ်...မေမေ ဘာတွေပြော"
အလိုမကျစွာ နှုတ်ခမ်းဆူလိုက်ရင်း
မေ့မေ့ကို ဘုကြည့်ကြည့်မိသည်
ဖျက်အရိုက်ခံရတာ ကံကောင်း !
"အခုတော့ လက်ထပ်ပေးလို့ မရတော့ဘူးလို့ ပြောတာပါအေ"
"ဟူးးး....အဲ့လိုပြောပါ မေမေရယ် မသိရင်..."
"အယ် ဒါနဲ့ ငါအခုမှသတိရလို့မေးပါအုံးမယ်"
မေ့မေ့ ရဲ့ မပြီးဆုံးနိုင်သော မေးခွန်းတွေကြောင့်
မဟုတ်တာလုပ်ထားတဲ့ ကျတော့်အဖို့
ကြက်သီးတစ်ချက်ပြန်ထသွားသလို
ထို့အတူ နားထင်နားမှ ကျလုလုချွေးစက်လေး
သည်လည်း ရပ်တန့်သွားခဲ့၏
"ဟုတ်ကဲ့ မေမေ..."
"မင်း ဟိုတစ်နေ့က ဟိုဆော့ ကို လက်ဆောင်တွေ အများကြီး၀ယ်ပေးတယ်ဆို"
"ဟင်....လက်ဆောင်အများကြီး...ဟင့်အင်း ၀ယ်
မပေးပါဘူး သားဘယ်တုန်းက..."
ရုတ်တရက် ဟိုတစ်နေ့က ဟိုဆော့ပြောခဲ့တဲ့ စကား က ကျတော့် ဦးနှောက်ထဲကို ၀င်လာ
တဲ့ အသစ်စက်စက် မှတ်ဉာဏ်တစ်ချို့ !
"ထယ်ယောင်းရာ ငါ့ကို ကူညီပါနော်
မင်းပေးတာလို့ပြောမှ အဆင်ပြေမှပေါ့ကွ
မဟုတ်ရင် မေမေ က ဘယ်သူပေးထားတာလဲဆိုပြီး ငါ့ကိုဆူလိမ့်မယ် ပြဿနာလည်းရှာမှာကွ"
ကျတော်လည်း ဒီကိစ္စက အသေးအမွှား
သဘောမလို့ လွယ်လွယ်လေးပြောလိုက်ရုံဖြင့်ကိစ္စချောမည် ထင်ခဲ့မိသည်
"အေးကွာ အန်တီဆွန်းဟွာမေးရင် ပြောလိုက်
အဲ့လက်ဆောင်တွေအကုန်လုံးက ငါ မင်းအတွက် ၀ယ်ပေးတာဆိုပြီး"
တောက်!!! အခုတော့ တကယ် အကျပ်ရိုက်ပြီ
ငါ့ စကားနဲ့ ငါဘာငါ ပြန်တိုင်ပတ်နေပြီ
"အာ....အမေ အဲ့တာကဟိုလေ တကယ်တော့...."
အဲ့တာ မင်းကြောင့် မိကျောင်းသားရဲ့
အခုတော့ ငါဘယ်လို ဖြေရှင်းချက်ပေးရတော့မှာလဲ ဟဲ့ အကောင်ရ အီးးဟီးးးး !
"အဲ့တာကြောင့် ငါစဉ်းစားနေဝာာ
ဒီတစ်လောမုန့်ဖိုးပေးပါ သားလည်း မုန့်ဖိုး စုချင်လို့စုချင်လို့ဆိုပြီး ခဏခဏတောင်းနေတော့ ဘာများလုပ်မလို့လဲလို့
လတ်စသတ်တော့ ဟိုဆော့ကို လက်ဆောင် အများကြီး၀ယ်ပေးလိုက်တာကို
ဒါမှမဟုတ် မင်းစုနေတယ်ဆိုတာ ဟိုဆော့ အတွက်များလား"
"အယ် ဟို....ဟာ...မေမေ မဟုတ်ပါဘူး"
"သူ့ကို ၀ယ်ပေးလိုက်တာတွေက တကယ့်ကို Brand တွေထဲကပဲတဲ့ Gucci တွေကော ဘာတွေကော ရှုပ်ရှပ်ကိုခတ်နေဝာာပဲ
ဆွန်းဟာ လည်း သိချင်လို့ဆိုပြီး ပစ္စည်းတွေမှာကပ်ထားတဲ့ ဈေးနှုန်းတွေအကုန်တွက်ကြည့်လိုက်တော့ စုစုပေါင်း Won 300000 ဖိုးတောင်ပဲဆို"
"ဗျာ...."
မေမေ ကျတော် ညာပြောလိုက်တာကို အထင်လွဲနေ၍ ဘယ်လိုနည်းနှင့်
ရှောင်ထွက်ရမလဲစဉ်းစားနေစဉ် ဟိုဆော့ အတွက် ထိုကလေးမ ၀ယ်ပေးလိုက်သည့် ပစ္စည်းတွေအားလုံးရဲ့ Total Amount ကြောင့် မျက်လုံးများ ပြူးသွားသည်အထိပင်
အုန်းဆီလိမ်းမထားသဖြင့် ပွစံကြဲနေကာ ပိပြားနေတဲ့ဆံပင်တွေတောင် မိုးပေါ်ထောင်ချင်သွားသလိုလို
၀ယ်ပေးထားတာတွေကလည်း Brand တွေ
ဆိုတော့ ဒီလောက်တော့ ဈေးများမှာပေါ့လေ
ရှိပါလေစ ရှိပါလေစ ပြီးမှ ဒီကောင့်ဆီက
ချော့ပြီး တောင်းရမယ် ဟိဟိ !
"အမေ....တကယ်တော့ အဲ့တာ...အမ်...ဟို
ကျတော်လည်း ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူးဗျာ"
ဆံပင်ထဲသို့ လက်တွေထိုးဖွရင်း အကြောင်းပြချက် မပေးနိုင်သည့် သူတစ်ယောက် ကဲ့သို့နှယ်
ထယ်ယောင်း ရှုံ့မဲ့စွာ ငြင်းညူမိ၏
"ငါတောင် တော်တော်အံ့ဩသွားတာ ငါ့သားက
သူ့အတွက် သူတောင် တစ်ခါမှ ဒီလောက်ထိ ၀ယ်မသုံးပါပဲ နဲ့ သူများကြမှ..."
ဖြစ်ချင်ရာဖြစ်ဆိုပြီး ပါးစပ်ထဲကို၀င်လာတဲ့စောက်တလွဲ စကားလုံးတွေကို ရွတ်ပြလိုက်တဲ့
ထယ်ယောင်း ပြီးမှ ကို့ယိုးကားယားကြီးကိုဖြစ်လို့
"မွေးနေ့လက်ဆောင် အကြို၀ယ်ပေးလိုက်တာပါ"
ဟာ ! သေပြီ ငါဒီ့ကောင့်ကို ဘယ်တုန်းက
မွေးနေ့လက်ဆောင် ပေးဖူးလို့လည်း
၀ယ်မပေးချင်၍ မဟုတ် ၀ယ်ပေးရန် ပျင်းလွန်း၍သာ
ပြီးတော့ဆိုင်ကို သွားရအုံးမယ် ပတ်ရအုံးမယ်
ကြည့်ရအုံးမယ် ခေါင်းတွေစားရအုံးမယ်
ငါလေးဆိုတာ ဒီဒဏ်တွေကို ဘယ်လိုမှ မခံစားနိုင်လေဘူး
ဒါတောင် မိကျောင်းသားလေးရဲ့ နားပူနားစာလုပ်မှုကြောင့် စိတ်ချမ်းသာပါစေတော့ဟုဆိုကာမွေးနေ့ထက်နောက်ကျပြီး
တစ်ပတ်အတွင်း မွေးနေ့လက်ဆောင်
နည်းနည်းပါးပါး ၀ယ်ပေးခဲ့ရသည်လေ
"ဟင်....မင်း ညာမနေနဲ့ ထယ်ယောင်း
ဒါဆို ဟိုးအရင်နှစ်တွေက ငါကလက်ဆောင်ပေးခိုင်းတာတောင် ဘာတစ်ခုမှ၀ယ်မပေးပဲနဲ့"
မေ့မေ့စကားကြောင့် သံပတ်ပေးထားသည့်
အရုပ်ကဲ့သို့နှယ် တွေဝေခြင်းမရှိပဲ
ဆက်ခနဲပြန်ဖြေလိုက်သည်
ဒီတစ်ခါတော့ မိုးပေါ်ကကျလာတဲ့ အကြောင်းအရင်းအတိအကျမရှိတဲ့ အကြောင်းပြချက်
တွေနဲ့ !
"ဟုတ်တယ် သား ဒီနှစ်မှစိတ်ကူးပေါက်ပြီး၀ယ်ပေးချင်စိတ်တွေဖြစ်သွားတာ
သူ့ကိုဆို ဘယ်တော့မှ မွေးနေ့လက်ဆောင်
မပေးခဲ့ဖူးမလား အဲ့တာကြောင့် အရင်ဟာတွေနဲ့ပါပေါင်းပြီး အများကြီး၀ယ်ပေးလိုက်တာ မေမေရဲ့ အဟင်းးဟင်းး "
"ဆွန်းဟာကဆို ငါ့ကို မနေ့ညကတစ်ညလုံးချီးကျူးနေတာ ငါက အဲ့တာ မယုံနိုင်တွေကိုဖြစ်လို့ "
ဒီနေ့ အဲ့ဒီလက်ဆောင် အရှုပ်အရှင်းထဲက
မထွက်ရပဲ တိုင်ပတ်နေရင်တော့ မနက်ဖြန်
ဒင်းကို အသေသတ်ပစ်မယ်
လက်ဆောင်တွေလည်း ပြန်လုသွားမယ် !!
"ဒီတစ်ခါတည်းပါ ကျတော် နောက်တစ်ခါ၀ယ်
မပေးပါဘူး"
"ဟဲ့ ထယ်ယောင်း မင်းကို မ၀ယ်ပေးနဲ့လို့တားတာမဟုတ်ဘူး
မင်း၀ယ်ပေးတာကို မယုံနိုင်လို့မေးနေဝာာ"
"ဟုတ်ကဲ့ပါ အမေရယ် အခုယုံသွားပြီမလား
သားလည်းပင်ပန်းနေပြီ သွားနားတော့မယ်"
"ဟဲ့ ထယ်ယောင်း နေဦးလေ....
မဟုတ်သေးပါဘူး ဒီကောင်လေး က ဘာလဲတစ်ခုခုထူးဆန်းနေတဲ့ပုံပဲ"
ဟန်ဆောင်ပန်ဆောင်ပြောရင်း မေ့မေနဲ့ လွတ်ရာ
မိမိ အခန်းထဲသို့ ၀င်ခဲ့ပြီးနောက်
ကုတင်ပေါ်ဖြစ်သလို လှဲချလိုက်သည်
ထို့နောက် မျက်နှာကြက်ကို အလိုမကျစွာ
ငေးကြည့်မိရင်း ရေရွတ်မိသည်က
အဲ့တစ်ယောက် ဘယ်သူလဲဆိုတာ မနက်ဖြန်
သိရမှဖြစ်မယ် !
Beautifully Illustrated : Me & He
ကျောင်းရောက်တာနဲ့ လူကို ဂုတ်ကနေ
အတင်းတရွတ်တိုက် ဆွဲခေါ်လာတဲ့ ထယ်ယောင်းကြောင့် မတတ်သာတော့ပဲ
စိတ်ရှုပ်စွာ လိုက်ခဲ့ရလေသည်
"ဟာ....ထယ်ယောင်း ဘာကိစ္စ"
ထယ်ယောင်း မှာ ဂျောင်ကု အင်္ကျီစကို ဆွဲကာ
လူနည်းတဲ့ တစ်နေရာသို့ခေါ်သွားလိုက်ရင်း
"မင်း သိနေတယ်မလား"
"အဟွန်း.... ဘာကိုသိရမှာလဲ"
အစမရှိ အဆုံးမရှိတဲ့ မေးခွန်းဆိုပေမယ့်လည်း
ထယ်ယောင်း ၏ အမေးကို ဂျောင်ကု
တကယ်ပင်သိနေသည့်ပုံဖြင့် အနည်းငယ်
ပြုံးစိစိဖြင့်သာ
"အဲ့ကောင်မလေး က ဘယ်သူဆိုတာ မင်းသိတယ်မလားလို့ မေးနေတာ "
"အမှန်တိုင်းပြောရမယ်ဆိုရင်တော့..... ငါသိတယ်"
မျှော်လင့်ထားသော အဖြေအတိုင်းပင်မလို့
ထယ်ယောင်း ကိုယ့်နဖူးကို ခပ်နာနာလေး
တစ်ချက်ရိုက်လိုက်၏
"အဲ့တာဆို မနက်ကတည်းကပြောလိုက်ပါ့လား
ဟိုဆော့ လည်းရှိနေတာပဲကို
သူလည်း တစ်ခါတညသိသွားရင်ကောင်းတာပဲ"
"ငါပြောမလို့လုပ်သေးတယ်လေ
သူက ဘယ်သူဆိုတာ မသိချင်ဘူးလို့ပြောနေတဲ့ဟာ
မင်းကပဲ ငမ်းငမ်းတက်သိချင်နေတာမလား"
"ကျစ်!!! အေးဟုတ်တယ် သူ့ကြောင့် ငါတော်တော်ဒုက္ခရောက်နေပြီ"
"အဲ့တာကြောင့် သိချင်တာပေါ့....တခြားအကြောင်းရင်းကော မရှိဘူးလား... အဟင်း "
ဘယ်သူလဲဆိုတာ သိတယ်ဆိုပြီး
ငခူပြုံးကြီးနဲ့ မလိမ့်တစ်ပတ်လုပ်နေတဲ့ အဲ့အကောင်ကို ပတ်ဂျီမင်းမသိအောင် ရောင်းစားပစ်လိုက်ရမလား !!
"တောက်!!! တော်တော်စကားများတာပဲ ပြောမှာသာပြောစမ်းပါဆို"
"အိုခေ....ပြောမယ်
တစ်ခြားကြောင့်တော့မဟုတ်ဘူး
သူရုပ်ဖျက်ထားပေမယ့် ငါသူ့အသံကိုမှတ်မိနေလို့ဘယ်သူလဲဆိုတာ ငါနည်းနည်းခန့်မှန်းလို့ရနေတယ်"
"အင်းး"
"မင်း မှတ်မိမလားတော့ မသိဘူး မနှစ်က ကျောင်းပိတ်ပွဲအနေနဲ့ အပျော်တမ်းကစားပွဲတွေ လုပ်ကြတုန်းက အပြေးပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ကောင်မလေးလေ"
"ဘယ်သူလဲ...??"
"သူကို ကြည့်ပြီး မင်းနဲ့ငါတောင် ချောတယ်ဆိုပြီးပြောခဲ့ကြသေးပါ့ကော
ငါတို့ မေဂျာကဆိုတာလေ"
"အော်....ငါသိပြီး အဲ့ပြိုင်ပွဲအပြီးမှာ ငါ့ကို ရည်းစားစကားလာပြောခဲ့တဲ့ ကောင်မလေး
မလား"
ထယ်ယောင်း မှတ်မိသည်မလို့ ဂျောင်ကု
က အားရပါးရလက်ခုပ်တစ်ချက်တီးလိုက်ပြီး
"အေး...ဟုတ်တယ် ဟုတ်တယ် အဲ့တာသူပဲ
ငါက နားအရမ်းပါးတဲ့သူဆိုတော့ အသံကအရမ်းတူနေတယ်ဆိုတာကို သတိထားမိတယ်"
"အဲ့တုန်းက သူ့ကို တောင်းပန်ပြီး ငါငြင်းလိုက်
တာ"
"ဟုတ်တယ် အဲ့တာကို ဘေးကလူတစ်ချို့က မြင်ပြီး လှောင်ကြတော့ သူငိုပြီး ထွက်ပြေးသွားသေးတယ်လေ"
"အဲ့တာ......ငါ့ကြောင့်မဟုတ်ဘူးနော်"
"မင်းကြောင့်မဟုတ်တာ သိပါတယ်ကွ
ဒါပေမယ့် သူအရမ်းရှက်သွားပြီး ထွက်ပြေးသွားတယ်ဆိုတာကိုပြောပြတာ"
"ငါမှတ်မိပြီ သူ့နာမည်က ဆူရီ လားလို့
မျိုးရိုးနာမည်တော့ ငါမမှတ်မိတော့ဘူး"
"ဟုတ်တယ် အဲ့ကောင်မလေးနာမည်က ဆူရီ...
ဂျီဆူရီ"
"သူ က ဘာဖြစ်လို့ ဟိုဆော့ ကို ကြိုက်ရတာလဲ
ဧကန်န ငါကသူ့ကို အဖြေမပေးတာကို အညှိုးထားပြီး ငါ ဆီကနေ ဟိုဆော့ကို လုယူချင်လို့ တမင်..."
"ဟာ....မဟုတ်လောက်ပါဘူး ထယ်ယောင်း ကလည်း"
"ဟင့်အင်း....ငါ ဟိုဆော့ ကို ဘယ်သူ့လက်ထဲမှ
မပေးနိုင်ဘူး
ဒီပုံစံနဲ့ အခြားသူလက်ထဲလည်း မထည့်ပေးနိုင်ဘူး
သူမရှိရင် ငါတစ်ယောက်တည်း အထီးကျန်နေရမှာကို ငါမလိုလားဘူး
သူ ငါ့ဆီကနေ အဲ့လို လွယ်လွယ်နဲ့
ထွက်သွားခွင့်မပေးနိုင်ဘူး "
ရုတ်တရက်ဆန်စွာ သွေးရူးသွေးတန်းပုံစံဖြင့်
အနည်းငယ် တုန်ရီကာ တရစပ်ပြောလာသော
ထယ်ယောင်း အား အသိစိတ်၀င်သွားစေရန်
ပခုံကို ခပ်ကြမ်းကြမ်း ဆွဲလှုပ်ပေးလိုက်ရင်း
"ထယ်ယောင်း!! မင်း ဘာဖြစ်နေတာလဲ
စိတ်အေးအေးထားစမ်းပါကွာ
အခုဟာက သူလို့ငါသေချာပေါက်ပြောနေတာမှ
မဟုတ်တာ တခြားသူလည်းဖြစ်နိုင်တာပဲ
သူဖြစ်နိုင်လောက်တယ်လို့ ငါကထင်ကြေးပေးတာ ဒါပဲလေ ဘာလို့ ဒီလောက်တောင်
စိတ်ပူနေရတာလဲ "
"အင်း....အင်းပါ"
"ဒီလောက်တောင် စိုးရိမ်နေတာ မဟုတ်မှ လွဲရော မင်း...."
ဂျောင်ကု က ကျတော့်ကို လက်ညှိုးထိုးကာ အံ့ဩတကြီးပြောလာတော့ အရူးတစ်ယောက်လို ခါးခါးသီးသီး ခေါင်းရမ်းငြင်းပယ်မိသည်က
ကျတော်ပါပေ
"ဟင့်အင်း ဂျောင်ကု....ငါမသိဘူး...ငါ့ကို
ငါလည်းမသိတော့ဘူး
မင်း ထင်နေတဲ့ အရာကိုလည်းငါသိတယ်
မင်း မေးချင်နေတဲ့ မေးခွန်းကိုလည်း ငါသိတယ်
ဒါပေမယ့် ငါ့စိတ်ကိုတောင် ဘယ်လိုဖြစ်နေမှန်း
သေချာမသိလို့ ငါ့မှာ အဲ့ဒီမေးခွန်းအတွက် အဖြေမရှိသေးဘူး ဂျောင်ကု...."
"ဟူးး အေးပါကွာ ငါနားလည်ပါတယ်"
ဂျောင်ကု ကတော့ ကျတော့်ကို နားလည်သည့်
ဟန်ဖြင့် နောက်ကျောကို တစ်ချက်ပုတ်ပေးကာ
နှစ်သိမ့်ပေးလျက်
ဟိုဆော့ မင်းသိလား ငါလေ မင်းကို
ဘယ်တော့မှ ~
.........................................................................|
ပေါ့ပေါ့ပါးပါးပဲ ရေးသွားမှာ ယုံတယ်မလား 😸
//Edited Version//
-Zawji-
အလိုမက်စြာ မ်က္ေတာင္ႏွစ္ခုကို တြန႔္ခ်ိဳးလ်က္
မေက်မခ်မ္းစြာ စာကိုၾကည့္ရင္း
ရင္ေခါင္းသံႀကီးနဲ႕ ဖတ္မယ္ႀကံလိုက္တုန္း ျမင္လိုက္ရတဲ့ ပထမဆုံး စာေၾကာင္းေၾကာင့္
ထယ္ေယာင္း မျမင္ရတဲ့ ေလေတာင္ နင္သြားသလို
အျမင္ကပ္ပုဒ္မျဖင့္ မဆီမဆိုင္ေဘးနားရွိ ေဂ်ာင္ဟိုေဆာ့ကို နားကန္းေစရန္ မရည္႐ြယ္ပါေသာ္လည္း လိပ္ေခါင္းမထြက္႐ုံတမယ္
အက်ယ္ႀကီး ေအာ္ဖတ္ျပလိုက္သည္
" သို႔ !!!!
ခ်စ္ရပါေသာ အကို !!!!!! "
"ထယ္ေယာင္း တိုးတိုးဖတ္ပါဟ ဘာကိစၥအက်ယ္ႀကီးဖတ္ေနရတာလဲ"
"မင္း အသာေနစမ္းပါ ကစားကြင္းထဲမွာဖတ္တာပဲဘယ္သူမွမၾကားပါဘူးဟ"
"ကေလးေတြအမ်ားႀကီးပဲေလ"
"သူတို႔ သူတို႔ဘာသူကစားရင္းနဲ႕အလုပ္ရႈပ္ေနဝာာဘာမွေတာင္အာ႐ုံရမွာမဟုတ္ဘူး"
ကေလးေတြကို ႏွစ္ ေယာက္သား ၿပိဳင္တူ
ၾကည့္မိလိုက္ၾကေတာ့ မဟုတ္တဲ့ အရႈပ္ေတြ
လုပ္ရင္း အလုပ္ေတြရႈပ္ေနေလရဲ႕
"က်စ္!! ၿပီးေရာကြာ ဒါဆိုလည္း ဆက္ၿပီးဖက္ျပ"
"အကို႔ကို စိတ္၀င္စားေနတာ နည္းနည္းၾကာပါၿပီ
ခန႔္မွန္းေျခဆိုရင္ လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္ကတည္းကေပါ့
မေန႕က လက္ေဆာင္ေတြအမ်ားႀကီးေပးလိုက္လို႔
စိတ္အႏွောင့္အယွက္ျဖစ္သြားမယ္ဆိုရင္
ေတာင္းပန္ပါတယ္ေနာ္
အကို မလိုခ်င္ရင္ လႊင့္ပစ္လိုက္လို႔လည္း
ရပါတယ္ "
"ဟာ လႊင့္ေတာ့ မပစ္ပါဘူး ႏွေျမာစရာႀကီးကို"
အကယ္၍ရည္းစားေတြျဖစ္သြားရင္ ႏွစ္ေယာက္လုံးကို လိုက္သတ္ျဖစ္ေလာက္တယ္
"အေရးထဲမွာ လက္ေဆာင္မက္ေနေသးတယ္ ေတာက္!!"
"ဟာ ဘာလဲဟ မင္းကၾကားထဲကေန ဘာကိစၥေဒါသထြက္ေနရတာလဲ"
သို႔ေသာ္ ထိုငနာေလး က က်ေတာ္ေျပာတာကို
မသိခ်င္ေယာင္ေဆာင္လိုက္ၿပီး စာ႐ြက္ကိုျပန္ကိုင္ကာ
"အမွန္တိုင္းေျပာရရင္ ဘယ္သူလဲဆိုတာ
အကို႔ကိုေျပာျပဖို႔ သတၱိမရွိေသးတာေၾကာင့္ ဒီတိုင္းေလးပဲ အေဝးကေန ဆက္ခ်စ္ခြင့္ေပးပါေနာ္ အကို စိတ္ရႈပ္ေအာင္ ဘာတစ္ခုမွအႏွောင့္အယွက္ မေပးဘူးလို႔လည္း ကတိေပးပါတယ္
အကို တျဖည္းျဖည္း လက္ခံလာတဲ့တစ္ေန႕မွ....
အံမယ္ အံမယ္ သူ႕ကို လက္ခံမယ္လို႔ ဘယ္သူကေျပာလို႔လည္း ႀကီးႀကီးက်ယ္က်ယ္နဲ႕ "
ဒီေကာင့္ ေက်းဇူးေၾကာင့္ က်ေတာ္ေလးဟာ
ဒီေန႕ ထို စာကို ဆုံးေအာင္ ဖတ္ရမယ့္ ဇာတာေလးမပါေတာ့ဘူးထင္ပါရဲ႕
"ဟာ ဆက္ၿပီးဖတ္စမ္းပါ ထယ္ေယာင္းရ"
"အကို တျဖည္းျဖည္း လက္ခံလာတဲ့တစ္ေန႕မွ ဘယ္သူလဲဆိုတာ အကို႔ေရွ႕ေမွာက္ထိလာၿပီး အသိေပးပါ့မယ္
အဲ့ဒီအခ်ိန္မတိုင္ခင္ထိေတာ့ ဒီတိုင္းေလးပဲ ခ်စ္ေနခြင့္ျပဳပါ "
"ေအာ္..."
ဟိုေဆာ့ ေတာ့ မသိ ထယ္ေယာင္းတစ္ေယာက္
မွာေတာ့ စာကိုဖတ္ၿပီး
ေဒါသေၾကာင့္ မ်က္ႏွာတစ္ခုလုံး
နီစုတ္ကာ ရႉးရႉးရွဲရွဲျဖစ္ေနေလ၏
"ေတာက္!!! ဒီစာေရးတာ ေကာင္လား ေကာင္မလား"
"ထယ္ေယာင္း မင္းစကားေတြဘာေၾကာင့္
ဒီေလာက္ ရင့္သီးေနရတာလဲ ကာယကံရွင္ျဖစ္တဲ့ ငါေလး ေတာင္
မင္းေလာက္ ေဒါသမျဖစ္ဘူး "
"ဘာလို႔လည္းဆိုတာ မင္းမသိဘူးလား
ငတုံးေကာင္ေရ"
"မသိဘူးဟ!!"
ငတုံးေကာင္ ဟိုေဆာ့ ကို နဂါးမ်ပ္ေစာင္းေတြ
အတင္းပို႔လႊတ္ေတာ့ ဟိုတစ္ေယာက္ကလည္း
ဘာမွမသိနားမလည္တဲ့ ပုံစံနဲ႕ ခပ္ေထ့ေထ့
ျပန္ၾကည့္လာျပန္ေလသည္
ဘာလဲ အခုက ႏွစ္ေယာက္သားအေျခအေန
တင္းမာေနၿပီလား
ခ်မလား ဖိုက္မလား ကမ္းေမာင္ !!!
"ဟိုေဆာ့ေရ ... ဟိုေဆာ့...."
ထိုစဥ္ ဟိုေဆာ့ နာမည္ကို တေက်ာ္ေက်ာ္
ေခၚလ်က္ အနားသို႔ အေျပးအလႊားေရာက္လာတဲ့
ေဂ်ာင္ကု ေၾကာင့္ ႏွစ္ေယာက္သား
အၾကည့္ခ်င္းလႊဲလိုက္ၾက၏
"ဟာ ေဂ်ာင္ကုပါလား"
"ေရာ့...."
ေဂ်ာင္ကု က်ေတာ့္လက္ထဲသို႔ ထည့္ေပးလိုက္တာဲ့ KFC ၾကက္ေၾကာ္ ၊ Pespi တစ္ပုလင္းနဲ႕အစိမ္းေရာင္ စာကဒ္တစ္ခု ကို ေၾကာင္အန္းစြာကိုင္ရင္း အခုမွသတိဇက္ခနဲ၀င္လာတဲ့
သူလို ထိုစာကဒ္ကိုအျမန္ဖြင့္ၾကည့္မိေတာ့
အကို ၾကက္ေၾကာ္ႀကိဳက္လိမ့္မယ္လို႔ထင္ပါတယ္
ေက်ာင္းဆင္းေနတာကို မျပန္ေသးပဲ ကစားကြင္းထဲမွာ သူငယ္ခ်င္းနဲ႕စကားေျပာေနတဲ့ အကို
ဗိုက္ဆာေနမွာစိုးလို႔ပါ
ေကာင္းေကာင္းစားပါ အကို
စာအဆုံး ဘာတစ္ခုမွမသိတဲ့ လူရိုးလူအ
တစ္ ေယာက္လို ေဂ်ာင္ကုကို ရီေဝစြာ ၾကည့္လိုက္ရင္း
"ေဂ်ာင္ကု ဒါ မင္းကို ဘယ္သူလာေပးတာလဲ"
႐ုတ္တရက္ စကားျဖတ္ေျပာလိုက္ေသာ
ထယ္ေယာင္းကို ဂုတ္ကဆြဲကာ ဟန္ျမစ္ထဲသို႔
ဝီးခနဲ လႊင့္ပစ္လိုက္ခ်င္စိတ္က တဖြားဖြား !
"အဲ့တာ အထီးလား အမလား"
"အမေဟ့ အမ အမ !!! "
ေဂ်ာင္ကု အေျဖေၾကာင့္ ဟိုေဆာ့ မ်က္၀န္းမ်ား
တစ္ခ်က္ မီးေတာက္သြားသလို
"ဟင္ ဟုတ္လား သူကအခုဘယ္မွာလဲ"
"ခုနတုန္းကေတာ့ ဟိုးသစ္ပင္နားမွာရွိတယ္"
ေဂ်ာင္ကု လက္ညွိုးၫႊန္ရာကို ၾကည့္လိုက္ေတာ့
ကစားကြင္းရဲ႕ မနီးမေဝးမွာရွိတဲ့ အရိပ္ေကာင္းလွတဲ့ သစ္ပင္အိုႀကီးတစ္ပင္
"ခုနေလးတင္ အဲ့နားမွာပဲ ငါကအဲ့သစ္ပင္ေရွ႕ကျဖတ္သြားေတာ့ သူက မင္းတို႔ရွိရာကို လက္ညွိုးၫႊန္ၿပီး ဒါေလး အကို ဟိုေဆာ့ကိုေပးေပးပါေနာ္ လို႔ေျပာလို႔ ငါလာေပးတာ"
"သူ႕ပုံစံေကာမွတ္မိလား သူကဘယ္လိုပုံစံလဲ"
က်ေတာ့္ထက္ေတာင္ ပိုၿပီးသိခ်င္စိတ္ျပင္းျပေနတဲ့ ထယ္ေယာင္းကို ဇတ္ပိုးကို ခပ္နာနာေလး
အုပ္ေပးလိုက္ရင္း
"ဟိတ္ေကာင္ မင္းဘယ္လိုျဖစ္ေနတာလဲ"
သို႔ေသာ္ က်ေတာ့္ ဟာေလး က က်ေတာ့္အား
ဖုတ္ေလတဲ့ ငပိလို႔ေတာင္ ရွိတယ္ထင္ပုံမရ
သူသိခ်င္တဲ့ အေၾကာင္းအရာေတြကိုသာ
ေဂ်ာင္ကုကိုသာ အသည္းအသန္ေမးေနေလ၏
မေျဖရင္လည္း ဝါးစားေတာ့မယ့္ ႐ုပ္ႀကီးမလို႔
ေဂ်ာင္ကုမွာလည္း က်ေတာ့္ကိုမဟုတ္ေတာ့
မေျဖခ်င့္ေျဖခ်င္နဲ႕ မ်က္ႏွာႀကီးပုတ္သုတ္ရင္း
ေျဖလို႔
"မင္းအသာေနစမ္းပါ....ဟင္ ေဂ်ာင္ကု သူက ဘယ္လို ပုံစံရွိလဲလို႔"
"သူ႕ပုံစံက လူသိမခံေစခ်င္တာလားမသိဘူး
Hoodie ႀကီးကိုစြပ္ထားၿပီး Mask လည္း တပ္ထားေတာ့ ငါလည္းေသခ်ာမသိဘူး "
"ထယ္ေယာင္းရာ ထားလိုက္ပါ ဘယ္သူျဖစ္ျဖစ္ေပါ့
ငါကေတာ့ မင္းေလာက္ႀကီးစိတ္မ၀င္စားပါဘူး"
ေဂ်ာင္ကုက တစ္ခုခုထပ္ေျပာဖို႔ဟန္ျပင္ေနေပမယ့္လည္း ဟိုေဆာ့က ထိုကဲ့သို႔ ပိတ္ေျပာလိုက္သျဖင့္ တံေတြးကိုပဲ ခက္ခက္ခဲခဲၿမိဳခ်လိဳက္၏
"မင္းစိတ္မ၀င္စားလည္း ငါစိတ္၀င္စားတယ္"
ေအာ္ ..... ရည္းစားစာေပးခံရတာ မင္းလား
ငါလား ေဟ့အေကာင္ေရ လို႔
ေအာ္ေျပာလိုက္ခ်င္ေပမယ့္လည္း
"သူလည္းေျပာထားတယ္ေလ ေနာက္ပိုင္းက်
သူကိုယ္တိုင္လာေျပာပါမယ္ဆိုၿပီး ငါတို႔ သူဘယ္သူလဲဆိုတာ တစ္ေန႕ၾကသိလာမွာေပါ့"
"ဟင့္အင္း မရပါဘူး ငါကအခုသိခ်င္တာ"
"အဲ့တာေတာ့ မင္းသေဘာပဲေလ
ေလာေလာဆယ္ေတာ့ သူေပးတာေလးနဲ႕
ငါဗိုက္ျဖည့္လိုက္အုံးမယ္"
အိတ္ထဲက ၾကက္ေၾကာ္ေလးတစ္ခုကို ယူလိုက္ကာ ပါးစပ္ထဲထည့္မည္ႀကံတုန္းရွိေသး
ထယ္ေယာင္းက က်ေတာ့္လက္ကိုရိုက္ခ် လိုက္ေသာေၾကာင့္ အျပစ္မရွိေသာ ၾကက္ေၾကာ္ေလးမွာေျမျပင္ေပၚသို႔ ဘုတ္ခနဲ အသံျမည္ကာ
ဆလိုးမိုးရွင္း က်သြားေလ၏
"ဟာ.... ကင္ထယ္ေယာင္း မင္းဒါဘာလုပ္ဝာာလဲ"
"မင္းမစားရပါဘူး ေတာ္ၾကာ မင္းကို အဆိပ္ေတြ ဘာေတြ ခပ္ထားရင္ ဘယ္လိုလုပ္မလဲ"
အင္းး.... ဒင္းေလးကို ငါတစ္ခုခုလုပ္မိေတာ့မယ္
တစ္ေယာက္ေယာက္ေလာက္ ၀င္ဆြဲၾကအုံး
ေဂ်ာင္ကု ဆိုသည္မွာလည္း ပတ္ဂ်ီမင္းကလြဲ၍
ကမၻာႀကီးပ်က္ေနေတာင္ သူ႕ကိစၥမဟုတ္သည့္ႏွယ္
အခုလည္း က်ေတာ္တို႔ႏွစ္ေယာက္ရန္ျဖစ္ေနတာကို ေဘးနားမွာရပ္ၿပီး ဇာတ္ကားၾကည့္ေနတယ္
ထင္မွတ္ေနသလား ေအာက္ေမ့ရတယ္
"ငါ့ကိုႀကိဳက္ေနပါတယ္ဆို ငါ့ကို ေသေအာင္ေတာ့ လုပ္ပါ့မလား ငတုံးရဲ႕"
စိတ္ထဲမွာေတာ့ ထိုမိေက်ာင္းသားေလးရဲ႕
ေခါင္းကို 6 ခ်က္ေလာက္ ေခါက္ၿပီးေနၿပီ
"ေျပာမရဘူးေလ လုပ္ခ်င္လဲလုပ္မွာေပါ့
ငါကမင္းကို စိတ္ပူလို႔ေျပာေနတာ အဲ့တာေၾကာင့္
မင္းအစား ငါပဲအကုန္စားလိုက္ေတာ့မယ္ လစ္ၿပီ"
ခ်က္ခ်င္းပင္ ၾကက္ေၾကာ္ထုတ္ႏွင့္ အခ်ိဳရည္ပုလင္းကို ပိုက္ကာ ထြက္ေျပးသြားေတာ့ ထယ္ေယာင္းေၾကာင့္ ေဒါသမီးက က်ေတာ့္ ငယ္ထိပ္အထိပင္ေရာက္သြားသည္
ေရေလာင္းခ်ေတာင္ ထိုမီးကၿငိမ္းမည့္ပုံမေပၚေတာ့
"ရားး.....ကင္ထယ္ေယာင္း!!!!"
ေဂ်ာင္ကုကေတာ့ ေခါင္းေလးကုပ္ကာ က်ေတာ္တို႔ႏွစ္ေယာက္ကို ၾကည့္ရင္း စိတ္ရႈပ္လာတဲ့
ပုံေပါက္ေနသည္မွာ အမွန္
"အဲ့တာဆို ငါသြားေတာ့မယ္ ဟိုေဆာ့ရာ
ဂ်ီမင္းက ငါ့ကိုေစာင့္ေနလို႔"
မေျပာဘူးလား အဲ့ဟာေလးကလည္း
သူ႕လူမွ သူလူပါဆို !
"ေအာ္....ေအးပါ ဒုကၡေပးမိသလိုျဖစ္သြားၿပီ"
"ဟားး ရပါတယ္ကြာ မလိုပါဘူး"
"အင္းပါ ၿပီးေရာ"
"ဒါနဲ႕ ဟိုေဆာ့"
ထြက္သြားမည့္ပုံစံေလးနဲ႕ အေနာက္ဘက္ကို
ျပန္လွည့္လာတဲ့ ေဂ်ာင္ကု က က်ေတာ့္ကို
တစ္ခုခုသတိေပးခ်င္ေနတဲ့ ပုံစံေလး
"အင္း ေဂ်ာင္ကု ေျပာေလ"
"မင္း ဖြင့္မေျပာရေသးဘူးမလား"
ထိုစကားေၾကာင့္ ဟိုေဆာ့ ရဲ႕ ပါးျပင္ႏွစ္ဖက္မွာ
အေၾကာင္းရင္းမဲ့ ပူႏြေးလာရ၏
"ဟီးး....အင္း"
"လက္ႏွေးရင္က်န္ခဲ့မယ္ေနာ္ ငါကေတာ့ ဒါပဲေျပာလိုက္မယ္"
"ဟာ ေအးပါကြာ မင္းကလည္း.. ငါလည္း အရွိန္ယူေနတာမလို႔ပါ"
"အိုေခ မင္းသေဘာပဲ ငါက ဒီအတိုင္း ေဘးနားကေနသတိေပး႐ုံသေဘာမ်ိဳးပဲ"
"ဟုတ္ပါၿပီကြာ"
တကယ္ေတာ့ ထယ္ေယာင္းနဲ႕ ဒီလိုပုံစံေလးအတိုင္း ရွိေနရတာကိုပဲ က်ေတာ္
ပိုသေဘာက်မိတယ္
ေရွ႕လည္း မတိုးခ်င္သလို ေနာက္လည္းမဆုတ္ခ်င္ဘူး ဒီလိုအခ်ိန္ေလးမွာပဲ ရပ္တန႔္ေနခ်င္သလိုမ်ိဳး
............။
"ထယ္ေယာင္း...."
"ဟုတ္ကဲ့ ေမေမ "
"ဒီတစ္ေလာ ဟိုေဆာ့ က အိမ္ကိုခဏခဏလာလည္တယ္ေနာ္"
ေမေမရဲ႕ အထူးအဆန္းေမးခြန္းႀကီးေၾကာင့္
ဆိုဖာေပၚမွာ ဂိမ္းေဆာ့ေနရင္းကေန
မ်က္လုံးလွန္ၾကည့္မိ၏
"ဟာ... ေမေမ ကလည္း အဲ့တာ ဘာထူးဆန္း
လို႔လည္း
အရင္ကတည္း က ဒီေကာင္ က်ေတာ့္ အိမ္ကို
ဒီလိုမ်ိဳး ၀င္ထြက္သြားလာ ေနၾကပဲဟာကို"
အင္းေလ တကယ္လည္း ဟိုေဆာ့ နဲ႕
သူဆိုတာ တစ္ေယာက္အိမ္တစ္ေယာက္
အၿမဲတမ္း တံခါးမရွိ ဓားမရွိ ၀င္ထြက္သြားလာေနၾကတဲ့သူေတြပဲဟာကို
အခုမွ အထူးဆန္းလို ပုံစံမ်ိဳးနဲ႕ ေျပာလာတဲ့
ေမေမ့ကို ျပန္အေျဖေပးမိေတာ့ ေမေမက ေခါင္းခါရင္း ပ်ာပ်ာသလဲျပန္ျငင္းေလ၏
"မဟုတ္ဘူး မဟုတ္ဘူး....ေမေမ ေျပာတဲ့သေဘာက...."
"သူလည္း သာနဲ႕ အတူတူ စာလုပ္ဖို႔လာတာေလ ေမေမရဲ႕"
ဂိမ္းထဲမွ Zombie ရဲ႕ ဦးေခါင္းအား တည့္မတ္စြာခ်ိန္ကာ
ေသနတ္ျဖင့္ တစ္ခ်က္ပစ္လိုက္ရင္း
ေအးေအးေဆးေဆးေျဖလိုက္သည့္
ထယ္ေယာင္း ပုံမွာ အပူပင္ကင္းလို႔
"တတိယႏွစ္ေတာင္ေရာက္ေနၿပီ စာကတစ္ေယာက္တည္းလည္းလုပ္လို႔မရဘူးလား"
"မဟုတ္ဘူးေလ ေမေမရဲ႕ သူက က်ေတာ့္ကို စာရွင္းျပတာ...."
"အဲ့တာဆို မင္းကအတန္းထဲမွာ ေတာ္ေတာ္ အေျခအေနဆိုး႐ြားေနတာေပါ့ ကင္ထယ္ေယာင္း
စာသင္တာခ်င္းတူတူေတာင္ ဟိုေဆာ့က စာလိုက္နိုင္ၿပီး မင္းကို ျပန္ရွင္းျပေနရတယ္ဆိုေတာ့....."
"အာ...ေမေမ အဲ့တာကေလ.."
ဟိုက္ရွားပါး အခု မီးေသြးေပၚကို ဖင္ခု
ထိုင္ခဲ့မိသလိုပါပဲလား
ေက်ာင္းစတတ္ခ်င္းတုန္းက ေက်ာင္းလစ္ခဲ့လို႔
အခုအဲ့စာေတြကို က်ေတာ္နားမလည္လို႔
ဟိုေဆာ့ကျပန္ၿပီးရွင္းျပေနတယ္ဆိုတာကို
ေမေမ့ အား ဘယ္လိုေျပာရပါ့
တကယ့္ကို တိုင္ေတြပတ္ေနၿပီေဟ့
Game ကို Pause ခလုတ္ႏွိတ္လိုက္ရင္း
ေမ့ေမ့ကို ဘယ္လို ညာေျပာရင္ေကာင္းမလဲဆိုတာပဲ ေခါင္းထဲမွာ လုံးေထြးေနခဲ့သည္
ထိုေၾကာင့္ က်ေတာ္လည္း စကားလမ္းေၾကာင္းလႊဲသည့္သေဘာျဖင့္ မဟုတ္ကဟုတ္က တျခား
အေၾကာင္းေတြပဲ ေလွ်ာက္ေျပာလိုက္ရင္..
"မဟုတ္မွလြဲေရာ ေမေမ က ဟိုေဆာ့ အိမ္ကို ခဏခဏ လာတာမႀကိဳက္လို႔မ်ားလား"
"မႀကိဳက္လို႔ရယ္ေတာ့ မဟုတ္ပါဘူးေတာ္
မင္းကသူ႕ေလာက္ေတာင္ စာမလိုက္နိုင္ဘူးလားလို႔ ေမးၾကည့္တာပါ
ၿပီးေတာ့ သူက ဆြန္းဟြာရဲ႕သားပဲ
ေမေမ့အတြက္ေတာ့ ဟိုေဆာ့က လည္း သားတစ္ေယာက္လိုပဲ
ေမေမ နဲ႕ ဆြန္းဟြာ ဘယ္ေလာက္ခင္ၾကလည္း
သား သိတယ္မလား...."
အခုမွ အနည္းငယ္ ပုံမွန္ျဖစ္လာကာ
က်ေတာ့္ကို သိပ္ၿပီး သံသယ၀င္ပုံမရွိေတာ့ေသာ
ေမ့ေမ့ကို ၾကည့္ရင္း စိတ္ထဲမွ အလုံႀကီး
က်သြားေလေတာ့သည္
နားထင္နားမွာ ေခြၽးစေလးေတြ ကပ္ေနတာကိုေတာ့ ထယ္ေယာင္းကိုယ္တိုင္လည္း
သတိထားမိခဲ့မည္မဟုတ္
"သိပါတယ္ ေမေမ ကလည္း"
"တကယ္ေတာ့ ဆြန္းဟြာ က ဟိုေဆာ့ကိုအရင္ေမြးခဲ့တာ
ဟိုေဆာ့ ကို ေမြးၿပီးတစ္ပတ္ေနမွ ေမေမ က
မင္းကို ေမြးခဲ့တာ"
"ဒါဆို ဟိုေဆာ့ က သားထက္ တစ္ပတ္အသက္ႀကီးတယ္ေပါ့"
"အင္းေပါ့....အစကေတာ့ မိန္းကေလးေမြးရင္
ဆြန္းဟြာ သားနဲ႕ႀကီးလာရင္ အိမ္ေထာင္ခ် ေပးမယ္အထိေတာင္စဥ္းစားထားတာ...အခုမ်ားၾကေတာ့.."
"ဟမ္...ေမေမ ဘာေတြေျပာ"
အလိုမက်စြာ ႏႈတ္ခမ္းဆူလိုက္ရင္း
ေမ့ေမ့ကို ဘုၾကည့္ၾကည့္မိသည္
ဖ်က္အရိုက္ခံရတာ ကံေကာင္း !
"အခုေတာ့ လက္ထပ္ေပးလို႔ မရေတာ့ဘူးလို႔ ေျပာတာပါေအ"
"ဟူးးး....အဲ့လိုေျပာပါ ေမေမရယ္ မသိရင္..."
"အယ္ ဒါနဲ႕ ငါအခုမွသတိရလို႔ေမးပါအုံးမယ္"
ေမ့ေမ့ ရဲ႕ မၿပီးဆုံးနိုင္ေသာ ေမးခြန္းေတြေၾကာင့္
မဟုတ္တာလုပ္ထားတဲ့ က်ေတာ့္အဖို႔
ၾကက္သီးတစ္ခ်က္ျပန္ထသြားသလို
ထို႔အတူ နားထင္နားမွ က်လဳလုေခြၽးစက္ေလး
သည္လည္း ရပ္တန႔္သြားခဲ့၏
"ဟုတ္ကဲ့ ေမေမ..."
"မင္း ဟိုတစ္ေန႕က ဟိုေဆာ့ ကို လက္ေဆာင္ေတြ အမ်ားႀကီး၀ယ္ေပးတယ္ဆို"
"ဟင္....လက္ေဆာင္အမ်ားႀကီး...ဟင့္အင္း ၀ယ္
မေပးပါဘူး သားဘယ္တုန္းက..."
႐ုတ္တရက္ ဟိုတစ္ေန႕က ဟိုေဆာ့ေျပာခဲ့တဲ့ စကား က က်ေတာ့္ ဦးႏွောက္ထဲကို ၀င္လာ
တဲ့ အသစ္စက္စက္ မွတ္ဉာဏ္တစ္ခ်ိဳ႕ !
"ထယ္ေယာင္းရာ ငါ့ကို ကူညီပါေနာ္
မင္းေပးတာလို႔ေျပာမွ အဆင္ေျပမွေပါ့ကြ
မဟုတ္ရင္ ေမေမ က ဘယ္သူေပးထားတာလဲဆိုၿပီး ငါ့ကိုဆူလိမ့္မယ္ ျပႆနာလည္းရွာမွာကြ"
က်ေတာ္လည္း ဒီကိစၥက အေသးအမႊား
သေဘာမလို႔ လြယ္လြယ္ေလးေျပာလိုက္႐ုံျဖင့္ကိစၥေခ်ာမည္ ထင္ခဲ့မိသည္
"ေအးကြာ အန္တီဆြန္းဟြာေမးရင္ ေျပာလိုက္
အဲ့လက္ေဆာင္ေတြအကုန္လုံးက ငါ မင္းအတြက္ ၀ယ္ေပးတာဆိုၿပီး"
ေတာက္!!! အခုေတာ့ တကယ္ အက်ပ္ရိုက္ၿပီ
ငါ့ စကားနဲ႕ ငါဘာငါ ျပန္တိုင္ပတ္ေနၿပီ
"အာ....အေမ အဲ့တာကဟိုေလ တကယ္ေတာ့...."
အဲ့တာ မင္းေၾကာင့္ မိေက်ာင္းသားရဲ႕
အခုေတာ့ ငါဘယ္လို ေျဖရွင္းခ်က္ေပးရေတာ့မွာလဲ ဟဲ့ အေကာင္ရ အီးးဟီးးးး !
"အဲ့တာေၾကာင့္ ငါစဥ္းစားေနဝာာ
ဒီတစ္ေလာမုန႔္ဖိုးေပးပါ သားလည္း မုန႔္ဖိုး စုခ်င္လို႔စုခ်င္လို႔ဆိုၿပီး ခဏခဏေတာင္းေနေတာ့ ဘာမ်ားလုပ္မလို႔လဲလို႔
လတ္စသတ္ေတာ့ ဟိုေဆာ့ကို လက္ေဆာင္ အမ်ားႀကီး၀ယ္ေပးလိုက္တာကို
ဒါမွမဟုတ္ မင္းစုေနတယ္ဆိုတာ ဟိုေဆာ့ အတြက္မ်ားလား"
"အယ္ ဟို....ဟာ...ေမေမ မဟုတ္ပါဘူး"
"သူ႕ကို ၀ယ္ေပးလိုက္တာေတြက တကယ့္ကို Brand ေတြထဲကပဲတဲ့ Gucci ေတြေကာ ဘာေတြေကာ ရႈပ္ရွပ္ကိုခတ္ေနဝာာပဲ
ဆြန္းဟာ လည္း သိခ်င္လို႔ဆိုၿပီး ပစၥည္းေတြမွာကပ္ထားတဲ့ ေဈးႏႈန္းေတြအကုန္တြက္ၾကည့္လိုက္ေတာ့ စုစုေပါင္း Won 300000 ဖိုးေတာင္ပဲဆို"
"ဗ်ာ...."
ေမေမ က်ေတာ္ ညာေျပာလိုက္တာကို အထင္လြဲေန၍ ဘယ္လိုနည္းႏွင့္
ေရွာင္ထြက္ရမလဲစဥ္းစားေနစဥ္ ဟိုေဆာ့ အတြက္ ထိုကေလးမ ၀ယ္ေပးလိုက္သည့္ ပစၥည္းေတြအားလုံးရဲ႕ Total Amount ေၾကာင့္ မ်က္လုံးမ်ား ျပဴးသြားသည္အထိပင္
အုန္းဆီလိမ္းမထားသျဖင့္ ပြစံႀကဲေနကာ ပိျပားေနတဲ့ဆံပင္ေတြေတာင္ မိုးေပၚေထာင္ခ်င္သြားသလိုလို
၀ယ္ေပးထားတာေတြကလည္း Brand ေတြ
ဆိုေတာ့ ဒီေလာက္ေတာ့ ေဈးမ်ားမွာေပါ့ေလ
ရွိပါေလစ ရွိပါေလစ ၿပီးမွ ဒီေကာင့္ဆီက
ေခ်ာ့ၿပီး ေတာင္းရမယ္ ဟိဟိ !
"အေမ....တကယ္ေတာ့ အဲ့တာ...အမ္...ဟို
က်ေတာ္လည္း ဘယ္လိုေျပာရမလဲေတာင္ မသိေတာ့ပါဘူးဗ်ာ"
ဆံပင္ထဲသို႔ လက္ေတြထိုးဖြရင္း အေၾကာင္းျပခ်က္ မေပးနိုင္သည့္ သူတစ္ေယာက္ ကဲ့သို႔ႏွယ္
ထယ္ေယာင္း ရႈံ႕မဲ့စြာ ျငင္းၫူမိ၏
"ငါေတာင္ ေတာ္ေတာ္အံ့ဩသြားတာ ငါ့သားက
သူ႕အတြက္ သူေတာင္ တစ္ခါမွ ဒီေလာက္ထိ ၀ယ္မသုံးပါပဲ နဲ႕ သူမ်ားၾကမွ..."
ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ပါးစပ္ထဲကို၀င္လာတဲ့ေစာက္တလြဲ စကားလုံးေတြကို ႐ြတ္ျပလိုက္တဲ့
ထယ္ေယာင္း ၿပီးမွ ကို႔ယိုးကားယားႀကီးကိုျဖစ္လို႔
"ေမြးေန႕လက္ေဆာင္ အႀကိဳ၀ယ္ေပးလိုက္တာပါ"
ဟာ ! ေသၿပီ ငါဒီ့ေကာင့္ကို ဘယ္တုန္းက
ေမြးေန႕လက္ေဆာင္ ေပးဖူးလို႔လည္း
၀ယ္မေပးခ်င္၍ မဟုတ္ ၀ယ္ေပးရန္ ပ်င္းလြန္း၍သာ
ၿပီးေတာ့ဆိုင္ကို သြားရအုံးမယ္ ပတ္ရအုံးမယ္
ၾကည့္ရအုံးမယ္ ေခါင္းေတြစားရအုံးမယ္
ငါေလးဆိုတာ ဒီဒဏ္ေတြကို ဘယ္လိုမွ မခံစားနိုင္ေလဘူး
ဒါေတာင္ မိေက်ာင္းသားေလးရဲ႕ နားပူနားစာလုပ္မႈေၾကာင့္ စိတ္ခ်မ္းသာပါေစေတာ့ဟုဆိုကာေမြးေန႕ထက္ေနာက္က်ၿပီး
တစ္ပတ္အတြင္း ေမြးေန႕လက္ေဆာင္
နည္းနည္းပါးပါး ၀ယ္ေပးခဲ့ရသည္ေလ
"ဟင္....မင္း ညာမေနနဲ႕ ထယ္ေယာင္း
ဒါဆို ဟိုးအရင္ႏွစ္ေတြက ငါကလက္ေဆာင္ေပးခိုင္းတာေတာင္ ဘာတစ္ခုမွ၀ယ္မေပးပဲနဲ႕"
ေမ့ေမ့စကားေၾကာင့္ သံပတ္ေပးထားသည့္
အ႐ုပ္ကဲ့သို႔ႏွယ္ ေတြေဝျခင္းမရွိပဲ
ဆက္ခနဲျပန္ေျဖလိုက္သည္
ဒီတစ္ခါေတာ့ မိုးေပၚကက်လာတဲ့ အေၾကာင္းအရင္းအတိအက်မရွိတဲ့ အေၾကာင္းျပခ်က္
ေတြနဲ႕ !
"ဟုတ္တယ္ သား ဒီႏွစ္မွစိတ္ကူးေပါက္ၿပီး၀ယ္ေပးခ်င္စိတ္ေတြျဖစ္သြားတာ
သူ႕ကိုဆို ဘယ္ေတာ့မွ ေမြးေန႕လက္ေဆာင္
မေပးခဲ့ဖူးမလား အဲ့တာေၾကာင့္ အရင္ဟာေတြနဲ႕ပါေပါင္းၿပီး အမ်ားႀကီး၀ယ္ေပးလိုက္တာ ေမေမရဲ႕ အဟင္းးဟင္းး "
"ဆြန္းဟာကဆို ငါ့ကို မေန႕ညကတစ္ညလုံးခ်ီးက်ဴးေနတာ ငါက အဲ့တာ မယုံနိုင္ေတြကိုျဖစ္လို႔ "
ဒီေန႕ အဲ့ဒီလက္ေဆာင္ အရႈပ္အရွင္းထဲက
မထြက္ရပဲ တိုင္ပတ္ေနရင္ေတာ့ မနက္ျဖန္
ဒင္းကို အေသသတ္ပစ္မယ္
လက္ေဆာင္ေတြလည္း ျပန္လုသြားမယ္ !!
"ဒီတစ္ခါတည္းပါ က်ေတာ္ ေနာက္တစ္ခါ၀ယ္
မေပးပါဘူး"
"ဟဲ့ ထယ္ေယာင္း မင္းကို မ၀ယ္ေပးနဲ႕လို႔တားတာမဟုတ္ဘူး
မင္း၀ယ္ေပးတာကို မယုံနိုင္လို႔ေမးေနဝာာ"
"ဟုတ္ကဲ့ပါ အေမရယ္ အခုယုံသြားၿပီမလား
သားလည္းပင္ပန္းေနၿပီ သြားနားေတာ့မယ္"
"ဟဲ့ ထယ္ေယာင္း ေနဦးေလ....
မဟုတ္ေသးပါဘူး ဒီေကာင္ေလး က ဘာလဲတစ္ခုခုထူးဆန္းေနတဲ့ပုံပဲ"
ဟန္ေဆာင္ပန္ေဆာင္ေျပာရင္း ေမ့ေမနဲ႕ လြတ္ရာ
မိမိ အခန္းထဲသို႔ ၀င္ခဲ့ၿပီးေနာက္
ကုတင္ေပၚျဖစ္သလို လွဲခ်လိဳက္သည္
ထို႔ေနာက္ မ်က္ႏွာၾကက္ကို အလိုမက်စြာ
ေငးၾကည့္မိရင္း ေရ႐ြတ္မိသည္က
အဲ့တစ္ေယာက္ ဘယ္သူလဲဆိုတာ မနက္ျဖန္
သိရမွျဖစ္မယ္ !
Beautifully Illustrated : Me & He
ေက်ာင္းေရာက္တာနဲ႕ လူကို ဂုတ္ကေန
အတင္းတ႐ြတ္တိုက္ ဆြဲေခၚလာတဲ့ ထယ္ေယာင္းေၾကာင့္ မတတ္သာေတာ့ပဲ
စိတ္ရႈပ္စြာ လိုက္ခဲ့ရေလသည္
"ဟာ....ထယ္ေယာင္း ဘာကိစၥ"
ထယ္ေယာင္း မွာ ေဂ်ာင္ကု အကၤ်ီစကို ဆြဲကာ
လူနည္းတဲ့ တစ္ေနရာသို႔ေခၚသြားလိုက္ရင္း
"မင္း သိေနတယ္မလား"
"အဟြန္း.... ဘာကိုသိရမွာလဲ"
အစမရွိ အဆုံးမရွိတဲ့ ေမးခြန္းဆိုေပမယ့္လည္း
ထယ္ေယာင္း ၏ အေမးကို ေဂ်ာင္ကု
တကယ္ပင္သိေနသည့္ပုံျဖင့္ အနည္းငယ္
ၿပဳံးစိစိျဖင့္သာ
"အဲ့ေကာင္မေလး က ဘယ္သူဆိုတာ မင္းသိတယ္မလားလို႔ ေမးေနတာ "
"အမွန္တိုင္းေျပာရမယ္ဆိုရင္ေတာ့..... ငါသိတယ္"
ေမွ်ာ္လင့္ထားေသာ အေျဖအတိုင္းပင္မလို႔
ထယ္ေယာင္း ကိုယ့္နဖူးကို ခပ္နာနာေလး
တစ္ခ်က္ရိုက္လိုက္၏
"အဲ့တာဆို မနက္ကတည္းကေျပာလိုက္ပါ့လား
ဟိုေဆာ့ လည္းရွိေနတာပဲကို
သူလည္း တစ္ခါတညသိသြားရင္ေကာင္းတာပဲ"
"ငါေျပာမလို႔လုပ္ေသးတယ္ေလ
သူက ဘယ္သူဆိုတာ မသိခ်င္ဘူးလို႔ေျပာေနတဲ့ဟာ
မင္းကပဲ ငမ္းငမ္းတက္သိခ်င္ေနတာမလား"
"က်စ္!!! ေအးဟုတ္တယ္ သူ႕ေၾကာင့္ ငါေတာ္ေတာ္ဒုကၡေရာက္ေနၿပီ"
"အဲ့တာေၾကာင့္ သိခ်င္တာေပါ့....တျခားအေၾကာင္းရင္းေကာ မရွိဘူးလား... အဟင္း "
ဘယ္သူလဲဆိုတာ သိတယ္ဆိုၿပီး
ငခူၿပဳံးႀကီးနဲ႕ မလိမ့္တစ္ပတ္လုပ္ေနတဲ့ အဲ့အေကာင္ကို ပတ္ဂ်ီမင္းမသိေအာင္ ေရာင္းစားပစ္လိုက္ရမလား !!
"ေတာက္!!! ေတာ္ေတာ္စကားမ်ားတာပဲ ေျပာမွာသာေျပာစမ္းပါဆို"
"အိုေခ....ေျပာမယ္
တစ္ျခားေၾကာင့္ေတာ့မဟုတ္ဘူး
သူ႐ုပ္ဖ်က္ထားေပမယ့္ ငါသူ႕အသံကိုမွတ္မိေနလို႔ဘယ္သူလဲဆိုတာ ငါနည္းနည္းခန႔္မွန္းလို႔ရေနတယ္"
"အင္းး"
"မင္း မွတ္မိမလားေတာ့ မသိဘူး မႏွစ္က ေက်ာင္းပိတ္ပြဲအေနနဲ႕ အေပ်ာ္တမ္းကစားပြဲေတြ လုပ္ၾကတုန္းက အေျပးၿပိဳင္ပြဲမွာ အနိုင္ရသြားတဲ့ ေကာင္မေလးေလ"
"ဘယ္သူလဲ...??"
"သူကို ၾကည့္ၿပီး မင္းနဲ႕ငါေတာင္ ေခ်ာတယ္ဆိုၿပီးေျပာခဲ့ၾကေသးပါ့ေကာ
ငါတို႔ ေမဂ်ာကဆိုတာေလ"
"ေအာ္....ငါသိၿပီး အဲ့ၿပိဳင္ပြဲအၿပီးမွာ ငါ့ကို ရည္းစားစကားလာေျပာခဲ့တဲ့ ေကာင္မေလး
မလား"
ထယ္ေယာင္း မွတ္မိသည္မလို႔ ေဂ်ာင္ကု
က အားရပါးရလက္ခုပ္တစ္ခ်က္တီးလိုက္ၿပီး
"ေအး...ဟုတ္တယ္ ဟုတ္တယ္ အဲ့တာသူပဲ
ငါက နားအရမ္းပါးတဲ့သူဆိုေတာ့ အသံကအရမ္းတူေနတယ္ဆိုတာကို သတိထားမိတယ္"
"အဲ့တုန္းက သူ႕ကို ေတာင္းပန္ၿပီး ငါျငင္းလိုက္
တာ"
"ဟုတ္တယ္ အဲ့တာကို ေဘးကလူတစ္ခ်ိဳ႕က ျမင္ၿပီး ေလွာင္ၾကေတာ့ သူငိုၿပီး ထြက္ေျပးသြားေသးတယ္ေလ"
"အဲ့တာ......ငါ့ေၾကာင့္မဟုတ္ဘူးေနာ္"
"မင္းေၾကာင့္မဟုတ္တာ သိပါတယ္ကြ
ဒါေပမယ့္ သူအရမ္းရွက္သြားၿပီး ထြက္ေျပးသြားတယ္ဆိုတာကိုေျပာျပတာ"
"ငါမွတ္မိၿပီ သူ႕နာမည္က ဆူရီ လားလို႔
မ်ိဳးရိုးနာမည္ေတာ့ ငါမမွတ္မိေတာ့ဘူး"
"ဟုတ္တယ္ အဲ့ေကာင္မေလးနာမည္က ဆူရီ...
ဂ်ီဆူရီ"
"သူ က ဘာျဖစ္လို႔ ဟိုေဆာ့ ကို ႀကိဳက္ရတာလဲ
ဧကန္န ငါကသူ႕ကို အေျဖမေပးတာကို အညွိုးထားၿပီး ငါ ဆီကေန ဟိုေဆာ့ကို လုယူခ်င္လို႔ တမင္..."
"ဟာ....မဟုတ္ေလာက္ပါဘူး ထယ္ေယာင္း ကလည္း"
"ဟင့္အင္း....ငါ ဟိုေဆာ့ ကို ဘယ္သူ႕လက္ထဲမွ
မေပးနိုင္ဘူး
ဒီပုံစံနဲ႕ အျခားသူလက္ထဲလည္း မထည့္ေပးနိုင္ဘူး
သူမရွိရင္ ငါတစ္ေယာက္တည္း အထီးက်န္ေနရမွာကို ငါမလိုလားဘူး
သူ ငါ့ဆီကေန အဲ့လို လြယ္လြယ္နဲ႕
ထြက္သြားခြင့္မေပးနိုင္ဘူး "
႐ုတ္တရက္ဆန္စြာ ေသြး႐ူးေသြးတန္းပုံစံျဖင့္
အနည္းငယ္ တုန္ရီကာ တရစပ္ေျပာလာေသာ
ထယ္ေယာင္း အား အသိစိတ္၀င္သြားေစရန္
ပခုံကို ခပ္ၾကမ္းၾကမ္း ဆြဲလႈပ္ေပးလိုက္ရင္း
"ထယ္ေယာင္း!! မင္း ဘာျဖစ္ေနတာလဲ
စိတ္ေအးေအးထားစမ္းပါကြာ
အခုဟာက သူလို႔ငါေသခ်ာေပါက္ေျပာေနတာမွ
မဟုတ္တာ တျခားသူလည္းျဖစ္နိုင္တာပဲ
သူျဖစ္နိုင္ေလာက္တယ္လို႔ ငါကထင္ေၾကးေပးတာ ဒါပဲေလ ဘာလို႔ ဒီေလာက္ေတာင္
စိတ္ပူေနရတာလဲ "
"အင္း....အင္းပါ"
"ဒီေလာက္ေတာင္ စိုးရိမ္ေနတာ မဟုတ္မွ လြဲေရာ မင္း...."
ေဂ်ာင္ကု က က်ေတာ့္ကို လက္ညွိုးထိုးကာ အံ့ဩတႀကီးေျပာလာေတာ့ အ႐ူးတစ္ေယာက္လို ခါးခါးသီးသီး ေခါင္းရမ္းျငင္းပယ္မိသည္က
က်ေတာ္ပါေပ
"ဟင့္အင္း ေဂ်ာင္ကု....ငါမသိဘူး...ငါ့ကို
ငါလည္းမသိေတာ့ဘူး
မင္း ထင္ေနတဲ့ အရာကိုလည္းငါသိတယ္
မင္း ေမးခ်င္ေနတဲ့ ေမးခြန္းကိုလည္း ငါသိတယ္
ဒါေပမယ့္ ငါ့စိတ္ကိုေတာင္ ဘယ္လိုျဖစ္ေနမွန္း
ေသခ်ာမသိလို႔ ငါ့မွာ အဲ့ဒီေမးခြန္းအတြက္ အေျဖမရွိေသးဘူး ေဂ်ာင္ကု...."
"ဟူးး ေအးပါကြာ ငါနားလည္ပါတယ္"
ေဂ်ာင္ကု ကေတာ့ က်ေတာ့္ကို နားလည္သည့္
ဟန္ျဖင့္ ေနာက္ေက်ာကို တစ္ခ်က္ပုတ္ေပးကာ
ႏွစ္သိမ့္ေပးလ်က္
ဟိုေဆာ့ မင္းသိလား ငါေလ မင္းကို
ဘယ္ေတာ့မွ ~
.........................................................................|
ေပါ့ေပါ့ပါးပါးပဲ ေရးသြားမွာ ယုံတယ္မလား 😸