အခန်း (၅၀၃) : အင်မော်တယ်နယ်မြေ ခုနှစ်ခုနှင့် မြေအောက်လောက
မိုဝူကျီကို အားကျသွားစေသည့်အရာမှာ ဤနေရာတွင် ရှိနေသော ဝိညာဉ်စွမ်းအားများ၌ သဘာဝကျသော တာအိုစွမ်းအားများ ပါဝင်နေသည်။ ဤနေရာတွင် ဘေးပတ်လည် သဘာဝတရားဆီမှ အင်မော်တယ်ဝိညာဉ်စွမ်းအားများကို စုဆောင်းပေးနိုင်သည့် ဧရာမ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင် သေချာပေါက် ရှိနေလိမ့်မည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးမှာ ကျင့်ကြံဖို့ရာအတွက် အကောင်းဆုံးအနေအထား ဖြစ်လေ၏။ အနည်းဆုံးတော့ ဤသို့သော နေရာမျိုးမှာ အင်မော်တယ်ကျောက်များနှင့် လိုက်ဖက်ညီနေပြီး အင်မော်တယ်ကျောက်များနှင့် ကျင့်ကြံလိုက်လျှင် ပို၍ ကောင်းသွားလိမ့်မည်။
မိုဝူကျီက ဤအင်မော်တယ်မြို့ဟောင်း၌ နှစ်လလောက် နေပြီး ကျင်းရှန်းအစောပိုင်း အဆင့်မှ ကျင်းရှန်းအလယ်အလတ်အဆင့်သို့ တက်လှမ်းရန် တွေးထားမိလေ၏။
မုရုန်ရှန်းယွီနှင့် ကျန်လူများက စူးခရာမြို့ဟောင်း၌ မည်မျှကြာကြာ နေရစေကာမူ မိုဝူကျီက နေစရာ နေရာရှာရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက ဤနေရာတွင် ကျင်းရှန်းအလယ်အလတ်အဆင့် တက်လှမ်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။
မိုဝူကျီက နေစရာ ရှာမတွေ့သော်လည်း ခေါင်းကိုက်လာသည့်အထိ တစ်နေ့တာလုံးလုံး ဟိုဟိုဒီဒီ သွားလာနေခဲ့သည်။
ဤနေရာရှိ အခန်းခမှာ အတော်လေး ဈေးကြီးပေသည်။ သူက အခန်းတချို့ ရှာတွေ့သော်လည်း ဈေးနှုန်းများက မတော်တဆဖြစ်နေရုံသာမက အခန်းများက တိတ်ဆိတ်မှု မရှိသလို ပတ်ဝန်းကျင်လည်း မကောင်းပေ။
ထို့ကြောင့် မိုဝူကျီက နေရာရှာရန် ကိစ္စကို ယာယီ လက်လျော့လိုက်တော့သည်။ သူက လက်ဖက်ရည်အိမ်တော်ဆီ သွား၍ သူ့အခြေအနေကို အရင်ဆုံး လေ့လာကြည့်ရမည်။ ထိုစဉ် ခပ်စူးစူး အသံတစ်သံ ထွက်ပေါ်လာလေ၏
“ ဒီက စီနီယာက နေစရာ နေရာများ ရှာနေတာလား မသိဘူး .... ”
သူ့ကို လှမ်းခေါ်လိုက်သူမှာ ပိန်ပါးပါး ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူ့မျက်နှာ အသားရေမှာ သပိတ်ရောင်ပေါက်နေသော်ငြား သူ့သွားများမျာ ပုလဲလုံးများ စီထားသကဲ့သို့ ဖြူဖွေးနေလေ၏။
“ ဟုတ်ပါတယ် ကျုပ်က နေစရာ ရှာနေတာပါ။ ခင်ဗျားမှာ နည်းလမ်းများ ရှိနေလို့လား ” မိုဝူကျီက ပြန်ဖြေလိုက်သည်။
မိုဝူကျီက ဤလမ်းများအပေါ်၌ စီးပွားရှာနေကြသော ကျင့်ကြံသူအမျိုးမျိုးကို အထင်မသေးသင့်ကြောင်း သိပေသည်။ ထိုသို့မျိုး လူမျိုးတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိတတ်ကြသည်။
“ စီနီယာက ဘယ်လိုအခန်းမျိုးများ ရှာနေတာလဲဗျ ... တခြား လိုချင်တဲ့ အနေအထားရော ရှိသေးလား ”
ပိန်ပါးပါး ကျင့်ကြံသူက ရိုရိုးကျိုးကျိုး ချက်ချင်း ပြန်ဖြေလိုက်သည်။
မိုဝူကျီတွင် ရှိနေသော အင်မော်တယ်ကျောက် အရေအတွက်များအရ သူ့ကို သကြားဖေဖေဟု ယူဆ၍ မရသော်လည်း နေရစရာ ရှာရန်တော့ လုံလောက်ပေသည်။ သူက ပိန်ပါးပါးအမျိုးသား စကားကို ကြားသောအခါ အခန်းရနိုင်ကြောင်း သိလိုက်သည်
“ အရင်ဆုံး တိတ်ဆိတ်နေဖို့ လိုအပ်တယ်။ ဒုတိယအချက်အနေနဲ့ ကျင့်ကြံဖို့ သင့်တော်ရမယ်။ နောက်ဆုံးအချက်က ပတ်ဝန်းကျင်လည်း ကောင်းရမယ် ”
မိုဝူကျီ စကားများ ကြားလိုက်သည်နှင့် ပိန်ပါးပါး ကျင့်ကြံသူက သူဌေးတစ်ယောက် တွေ့လိုက်ရကြောင်း သိလိုက်သည်။ သူက စိတ်အားတက်ကြွလာပြီး
“ တကယ်လို့ စီနီယာက အလောမကြီးရင် နောက်ထပ် လေးနာရီလောက် စောင့်ပေးလို့ ရမလား။ အဲဒီအခါကျ စီနီယာအတွက် အသင့်တော်ဆုံးအခန်းကို ပြပါ့မယ်။ မိတ်ဆက်ပေးခက အဆင့်မြင့် အင်မော်တယ်ကျောက် ၅၀၀ ထဲပါဗျ ”
သူက မိုဝူကျီကဲ့သို့ ကျင့်ကြံသူမျိုးအကြောင်း ကောင်းကောင်း သိပေသည်။ ထိုသူတို့မှာ အင်မော်တယ်ကျောက်များကို ဂရုမစိုက်ဘဲ နေစရာ နေရာ ကိုသာ ဂရုစိုက်သူများ ဖြစ်ပေ၏။
မိုဝူကျီက ပိန်ပါးပါး ကျင့်ကြံသူကို နားမလည်နိုင်စွာ ကြည့်လိုက်ရင်း “ ကျုပ်က ဘာလို့ လေးနာရီ စောင့်ရမှာလဲ ”
ပိန်ပါးပါး အမျိုးသားအနေဖြင့် မိုဝူကျီ သူ့ကို မယုံမကြည် ဖြစ်သွားမည်ကို စိုးထိတ်သွားကာ မြန်မြန် ရှင်းပြလိုက်သည်
“ ဘာလို့လဲဆိုတော့ ကျုပ်က အတော်လေးကောင်းတဲ့ တည်းခိုဆောင်ကို သိထားတယ်။ ဒါပေမဲ့ နောက်လေးနာရီကျမှ ဧည့်သည်တွေက ထွက်လာမှာလေ။ တကယ်လို့ စီနီယာက ကျုပ်ကို ဆက်သွယ်ရေး ပုတီးစေ့ ပေးခဲ့ရင်တော့ အချိန်ကျလာရင် ဆက်သွယ်လိုက်ပါ့မယ် ”
မိုဝူကျီက ထိုလူကို နောက်ထပ် မေးခွန်းနည်းနည်း မေးလိုသောကြောင့် အေးအေးဆေးဆေး ပြောလိုက်သည်
“ အဲဆို ခင်ဗျားနဲ့အတူတူ စောင့်မယ်လေ။ တည်းခိုဆောင်နားက လက်ဖက်ရည်အိမ်တော်မှာ ခေါ်သွားပေးပါ့လား ”
ထိုပိန်ပါးပါး ကျင့်ကြံသူက မိုဝူကျီ စကားများကြားသောအခါ ရွှင်လန်းတက်ကြွစွာဖြင့်
“ ကျုပ်နာမည် တုံ့ဟွားလုံပါ။ စီနီယာ ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ ”
မိုဝူကျီက တောက်တိုမည်ရ လုပ်သော ထိုပိန်ပါးပါး ကျင့်ကြံသူ၏ နာမည်မှာ ထိုမျှ ကြီးကျယ်ခမ်းနားသည့် နာမည် ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
(လုံ - နဂါး )
အမွေးတိုင် တစ်တိုင်စာလောက်ကြာပြီးနောက် တုံ့ဟွားလုံက မိုဝူကျီကို မြစ်ကမ်းဘေးနားက လက်ဖက်ရည်အိမ်တော်ဆီ ခေါ်လာသည်။ မိုဝူကျီ ရောက်လာလိုက်သည်နှင့် ပတ်ဝန်းကျင်ကို သဘောကျသွားမိသည်။ တိတ်ဆိတ်နေရုံသာမက ကျင့်ကြံဖို့ရာအတွက်လည်း သင့်တော်လှသည်။
မိုဝူကျီ၏ ကျေနပ်မှုကို သတိပြုမိပြီးနောက် တုံ့ဟွားလုံက လက်ဖက်ရည်အိမ်တော်နှင့် မနီးမဝေးနေရာမှ ကြီးကျယ်ခမ်းနားသော တည်းခိုဆောင်ကို ညွှန်ပြကာ
“ ခဏနေရင် ကျုပ်တို့တွေ မြစ်ပြင်အင်မော်တယ် တည်းခိုဆောင်ကို သွားကြမှာလေ။ အဲက လူတချို့နဲ့ သိတယ်။ အဲကြောင့် အရင် ဧည့်သည်တွေ ထွက်သွားတာနဲ့ ခင်ဗျားအတွက် စီစဉ်ခိုင်းထားတယ်။
ထိပ်တန်းအဆင့်နဲ့အဆင့်မြင့် အခန်းတွေက ကုန်သွားပြီဆိုတော့ အလယ်အလတ်အဆင့် အခန်းပဲ ကျန်တော့တယ်။ အဲဒါက တစ်ညကို အဆင့်မြင့် အင်မော်တယ်ကျောက် တစ်ထောင် ကျတယ် ”
မိုဝူကျီက အသက်ဝဝ ရှုထုတ်လိုက်သည်။ ဈေးနှုန်းမှာ အမှန်တကယ် မြင့်ပေ၏။ တစ်ညကို အဆင့်မြင့်အင်မော်တယ်ကျောက် တစ်ထောင် ပေးချေရသော်လည်း သူက အလယ်အလတ်အဆင့်အခန်းသာ ရရှိပေ၏။ တုံ့ဟွားလုံ သူ့အခြေအနေကို ကြားသည်နှင့် ထိုလူက ဈေးနှုန်းကိုပင် မစဉ်းစားမှန်း သိသာနိင်သည်။ ကြည့်ရသည်မှာ ထိုလူက သူဌေးတချို့နှင့် တွေ့ခဲ့ပုံ ပေါ်သည်။
မိုဝူကျီတွင် အဆင့်မြင့် အင်မော်တယ်ကျောက် တချို့ ရှိနေသေး၍ သူက တစ်ညတာ အဆင့်မြင့်အင်မော်တယ်ကျောက် တစ်ထောင် ကျသင့်မည့် အခန်းခကို တတ်နိုင်ပေသည်။ အဓိကအချက်မှာ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ သူက ကျင်းရှန်းအလယ်အလတ်အဆင့်သို့ မြန်မြန် ဆန်ဆန် တက်လှမ်းနိုင်လိမ့်မည်။
“ ဟုတ်ပြီလေ အထဲသွားပြီးတော့ ပြောကြစို့ ”
မိုဝူကျီက အင်မော်တယ်ကျောက်များကို အလွယ်တကူ ရရှိနိုင်၍ မတန်တဆ များပြားနေသည့် ဈေးနှုန်းကို သက်ပြင်းချရုံအပြင် သူက ဘာမှ ဆက်၍ မပြောတော့ပေ။
သူတို့နှစ်ယောက် ထိုင်ချလိုက်ပြီးနောက် မိုဝူကျီက တည့်တိုးမေးလိုက်သည်
“ သေရည်လား လက်ဖက်ရည်လား ... ဘာသောက်မလဲ ”
သူ အင်မော်တယ်နယ်မြေသို့ ရောက်လာသည့် အချိန်က တိုတောင်းသည်ဟု ယူဆ၍ မရသော်လည်း သူက ပတ်ဝန်းကျင်အကြောင်း မျက်လုံးပိတ် နားပိတ် နေခဲ့မိသည်။ သူ မေးချင်သည့် မေးခွန်းများစွာ ရှိကာ သူ့ရှေ့တွင် ရှိနေသော တုံ့ဟွားလုံမှာ အကောင်းဆုံးအဖြေ ဖြစ်၏။
တုံ့ဟွားလုံ မျက်ဝန်း၌ အလိုရှိဆန္ဒတချို့ ထွက်ပေါ်လာပြီး
“ ဝါးစိမ်း အင်မော်တယ်သေရည်က မဆိုးဘူး။ ဒါပေမဲ့ ဈေးနှုန်းက အတော်လေး မြင့်တယ်။ တစ်ပုလင်းကို အဆင့်မြင့် အင်မော်တယ်ကျောက် နှစ်ထောင် ကျတယ် ”
ယခု မိုဝူကျီက ဤနေရာရှိ ဈေးအနှုန်းအထားများနှင့် အသားကျနေပြီ ဖြစ်၏။ သူက စားပွဲထိုးလေးကို ပြောလိုက်သည်
“ ဒီကို ဝါးစိမ်း အင်မ်ေတယ်သေရည် နှစ်ပုလင်း ချပေးကွာ ”
စားပွဲထိုးလေး၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်ရာ သူက မိုဝူကျီနှင့် တုံ့ဟွားလုံ ရှေ့သို့ “ ဝါးစိမ်း ” ဟု ကပ်ထားသော ပုလင်း နှစ်ပုလင်းဖြင့် ပြန်ရောက်လာသည်။
မိုဝူကျီက အဆင့်မြင့် အင်မော်တယ်ကျောက် လေးထောင် ပေးချေပြီးနောက် သူက တုံ့ဟွားလုံဘက် တစ်ပုလင်း တိုးပေးကာ တစ်ပုလင်းကို သူ့အတွက် ထားလိုက်သည်. မိုဝူကျီက သေရည်အကြောင်းများစွာ မသိပေ။ သူက အင်မော်တယ်လောကသို့ ရောက်ရှိလာစဉ် မှ စ၍ သေရည်ကောင်းကောင်း မသောက်ရသေးပေ။ သူက ဝါးစိမ်း အင်မော်တယ်သေရည် ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် သူ့အား သက်တောင့်သက်သာ ဖြစ်သွားစေသည့် အနံ့ပြင်းပြင်းတစ်ခု ထွက်ပေါ်လာကာ နှစ်လိုဖွယ် ခံစားချက်က သူ့န္ဓာကိုယ်တစ်လျှောက် ဖြတ်ကာ စီးဆင်းသွားသည်။
သူက တစ်ငုံ့သောက်လိုက်သည်နှင့် သာယာကြည်နူးဖွယ် ခံစားမှုက သူ့ချွေးပေါက်အထိ စီးဆင်းလာသောကြောင့် မိုဝူကျီက မချီးကျူးဘဲ မနေနိုင်လောက်အောင် ဖြစ်လာမိသည်
“ တကယ်ကို သေရည်ကောင်းပဲ ”
ဤသေရည် လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ အရသာပြင်းပြင်းမျိုး ဖြစ်၏။ ခံစားရသည့် အနေအထားက ကောင်းသော်လည်း အလှတရား၌ မပြီးပြည့်စုံမှု တချို့ ပါဝင်နေသည်။
တစ်ဖက်တွင် တုံ့ဟွားလုံက စိုးရိမ်တကြီး ပါးစပ်အပြည့် သောက်လိုက်တော့သည်။ ပါးစပ်အပြည့် သောက်သုံးပြီးသွားနောက် သူက ကျေနပ်အားရ သက်ပြင်းချလိုက်သည်။ ထို့နောက် လက်နှစ်ဖက် ယှက်ကာ မိုဝူကျီကို ပြောလိုက်သည်
“ ကျုပ်ကို ဒီလိုသေရည်ကောင်း တိုက်တဲ့ အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။ ကျုပ် တုံ့ဟွားလုံ သိတဲ့ တစ်ခုခု ဆိုရင် ချက်ချင်း ဖြေပေးပါ့မယ် ။ စီနီယာ ကြိုက်တာ မေးပါ .... ”
မိုဝူကျီက သူ့အား သေရည်တိုက်ရန် ခေါ်ဆောင်လာခြင်း မဟုတ်မှန်း သိပေသည်။ မိုဝူကျီက သူ့အား မေးခွန်းတချို့ မေးလိုခြင်းသာ ဖြစ်ပေလိမ့်မည်။
“ ကျေးဇူး တင်ပါတယ် ”
မိုဝူကျီလည်း ပြန်လည် လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ ခဏတာ ရပ်ပြီးနောက် သူက မေးလိုက်သည်
“ ကျုပ်က မျိုးနွယ်စုထဲမှာ အမြဲနေနေတာဆိုတော့ ဒီနေရာကို ထွက်လာတာ ပထမဆုံးအကြိမ်ပဲ။ အဲဒါကြောင့် အင်မော်တယ်နယ်မြေက အခြေအနေ အကြမ်းဖျင်းကို မသိသေးဘူး။ တာအိုရောင်းရင်တုံ့က ပြောပြပေးမယ်လို့ မျှော်လင့်ပါတယ် ”
မိုဝူကျီ၏ ရိုးရှင်းသော မေးခွန်းကို ကြားပြီး တုံ့ဟွားလုံက ပို၍ တက်ကြွလာကာ ပြန်ဖြေလိုက်သည်
“ အင်မော်တယ်လောကမှာ နယ်မြေကြီး ခုနှစ်ခု ရှိတယ်။ လော့လင် အင်မော်တယ်နယ်မြေ၊ ဗလာ ကောင်းကင်အင်မော်တယ်နယ်မြေ၊ နတ်ဘုရား အင်မော်တယ်နယ်မြေ၊ မဟာဗောဓိ အင်မော်တယ်နယ်မြေ၊ ဗုဒ္ဓအင်မော်တယ်နယ်မြေ၊ လမ်းစဉ် ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ ယုံရင်အင်မော်တယ်နယ်မြေဆိုပြီး ရှိတယ်
အဲအထဲမှာ ဗလာကောင်းကင် အင်မော်တယ်နယ်မြေက ဒီမွန်း နယ်မြေ ဖြစ်ပြီးတော့ နတ်ဘုရားအင်မော်တယ်နယ်မြေက နတ်ဘုရားနယ်မြေ၊ လမ်းစဉ် ခြောက်သွယ်က နတ်ဆိုး နယ်မြေ ဖြစ်ပြီးတော့ ဗုဒ္ဓ အင်မော်တယ်နယ်မြေက ဗုဒ္ဓဘာသာဝင်နယ်မြေပဲ။ အားအနည်းဆုံးက ယုံရင်အင်မော်တယ်နယ်မြေ ဖြစ်ပြီးတော့ အားအကောင်းဆုံးလို့ ပြောကြတာက ဗုဒ္ဓ အင်မော်တယ်နယ်မြေပဲ ....
ထူးဆန်းထွေလာအဖြစ်ဆုံးဆိုရင်တော့ နတ်ဘုရား နယ်မြေပေါ့။ အခု ကျုပ်တို့ ရှိနေတဲ့ နေရာက မဟာဗောဓိ အင်မော်တယ်နယ်မြေရဲ့ ပိုင်နက်ထဲမှာလေ။ ဒါပေမဲ့ ဒီနယ်မြေရဲ့ ကောင်းကင်ဧကရာဇ်က အုပ်ချုပ်ရတာကို မနှစ်သက်လို့ ဒီစူးခရာအင်မော်တယ်မြို့ဟောင်းက သီးခြားနေရာတစ်ခု ဖြစ်လာတာလို့ ကြားဖူးတယ် ”
မိုဝူကျီက ထိုအကြောင်းများ ကြားသောအခါ အင်မော်တယ်လောကအကြောင်း အကြမ်းဖျင်း နားလည်သွားပေ၏။ သူက ကြယ်အဆင့် ပါရမီရှင်များအကြောင်း မေးတော့မည့်ဆဲဆဲတွင် တုံ့ဟွားလုံက သူ့အား တီးတိုးပြောလိုက်သည်
“ တကယ်တော့ နောက်ထပ် အင်မော်တယ်နယ်မြေ တစ်ခု ရှိသေးတယ်တဲ့ ။ အဲဒါက လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ မြေအောက်လောကပဲ ။ လတ်တလောတော့ အဲဒီမြေအောက်လောကကို သွားချင်ရင် လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေကို ဖြတ်သန်းသွားရမယ်တဲ့ ”
မိုဝူကျီ စိတ်ထဲ တင်းကျပ်လာကာ ထပ်မေးလိုက်သည် “ အဲဆို မြေအောက်လောက က ပြန်လည်ဝင်စားခြင်းကို ထိန်းချုပ်နိုင်တဲ့ နေရာလား ”
“ အဲဒါတော့ သေချာမသိဘူး။ ဒါပေမဲ့ အင်မော်တယ်နယ်မြေမှာ ရှိတဲ့ တချို့ ထိပ်တန်း ပါရမီရှင်တွေက သူတို့ အနီးစပ်ဆုံး တစ်ယောက်ယောက် သေဆုံးသွားရင် မြေအောက်လောကဆီ သွားပြီးတော့ သူတို့ရဲ့ အနီးစပ်ဆုံး အဲဒီလူရဲ့ ဝိညာဉ်ကို ရှာပြီးတော့ ပြန်ခေါ်လာကြတယ်လို့ ကြားဖူးတယ်။ ဒီဟာက ဟိုတဆင့် ဒီတဆင့် ကြားတာတွေပဲလေ။ တကယ် လုပ်ပေးနိုင်လားဆိုတာတော့ မသေချာဘူး ”
တုံ့ဟွားလုံက သတိထားကာ အသံတိုး၍ ပြောလိုက်သည်။
မိုဝူကျီက အလောတကြီး မေးလိုက်သည်
“ အဲဆို အနီးစပ်ဆုံးလူ သေဆုံးသွားပြီးတော့ သူမရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ် ပျောက်ဆုံးသွားရင်တောင် ခန္ဓာကိုယ် ရှိနေသရွေ့ သူမရဲ့ ဝိညာဉ်ကို ရှာဖို့ရာ မြေအောက်လောကကို သွားဖို့ ဖြစ်နိုင်တယ်လား ”
တုံ့ဟွားလုံက အနည်းငယ် အံ့ဩသွားပြီး ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေပေးလိုက်သည်
“ ကောလဟာကအရဆိုရင် ဖြစ်နိုင်တယ်။ ပြောကြတာတော့ လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေနဲ့ မြေအောက်လောကကြားက အာကာပြင်မှာ ဝိညာဉ်ဖွဲ့စည်းခြင်း အင်မော်တယ်ရေကန် ရှိတယ်တဲ့ ။ ခန္ဓာကိုယ်သာ ရှိနေသရွေ့ ရတနာ လုံလုံလောက်လောက် ယူပြီး အဲဒီကို ခေါ်သွားနိုင်ရင် အဲဒီကျင့်ကြံသူကို အသက်ပြန်ရှင်လာဖို့ ဖြစ်နိုင်တယ် ”
“ အဲဆို ဘယ်လို ရတနာမျိုး လိုအပ်တာလဲ ” မိုဝူကျီက မတ်တပ်ရပ်လုမတတ် ဖြစ်သွားလေ၏။
တုံ့ဟွားလုံက ခေါင်းခါကာ “ ကောလဟာကပဲ ကြားဖူးတာဆိုတော့ မှန်၊ မမှန် မသေချာဘူး ”
မိုဝူကျီက အသိပြန်ကပ်လာပြီး သူက အလွန်စိုးရိမ်ကြီးမိသွားကြောင်း သိလိုက်သည်။ အကယ်၍ တုံ့ဟွားလုံက ထိုသို့အရာမျိုး သိနေသည်ဆိုလျှင် ထိုအရာများမှာ အများသိနေသည့် အကြောင်းအရာများသာ ဖြစ်လိမ့်မည်။ အကယ်၍ တုံ့ဟွားလုံ ပြောနေသည်က မှန်နေလျှင်ပင် သူ့လက်ရှိ အနေအထားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားဖို့ရာ အိပ်မက်တစ်ခုသာ ဖြစ်ပေဦးမည်။ သူက စွမ်းအား အဆင့်တစ်ခုအထိ ရောက်ရှိလာသည့်အခါ ထိုကောလဟာလများအကြောင်း အလွယ်တကူ ပိုသိနိုင်လိမ့်မည်။
“ အဲဆို ကြယ်အဆင့် ပါရမီရှင်တွေကရော ” မိုဝူကျီက တုံ့ဟွားလုံ အံ့ဩမှုများကို ခံစားမိ၍ သူက ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။
အကယ်၍ မိုဝူကျီ၏ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်အပေါ် မေးခွန်းသည် တုံ့ဟွားလုံကို အံ့ဩသွားစေသည်ဟု ဆိုလျှင် မိုဝူကျီ’၏ နောက်မေးခွန်းဖြစ်သည့် ကြယ်အဆင့် ပါရမီရှင်အဆင့်အကြောင်းမှာ တုန်လှုပ်သွားစေသည်။ သူက အလုပ်တာဝန် ကျွမ်းကျင်အဆင့် တစ်ယောက်ဖြစ်၍ သူက မိုဝူကျီမှာ ထိုသို့ ရိုးရှင်းသော မေးခွန်းများ မေးနေသည့် အကြောင်းအရင်းကို အနည်းငယ် ကြောင်အမ်းမိသွားသော်လည်း သူက ရှင်းပြလိုက်သည်
“ ကျင့်ကြံသူတစ်ယောက်အတွက် အမြင့်တစ်နေရာ ရောက်ဖို့ ကြိုးစားနေရုံနဲ့တင် မရဘူး။ ကံတရားလည်း အရေးကြီးတယ်။ ပို၍ အရေးကြီးတာက ပါရမီပေါ့။ ပါရမီမြင့်မားပြီးတော့ ဝိညာဉ်ကြောနဲ့ ကျင့်ကြံသူတွေကို ကြယ်အဆင့် ပါရမီရှင်တွေလို့ ခေါ်ကြတယ်
ဂိုဏ်းတွေအတွက် တပည့်လက်ခံရ လွယ်ကူအောင် ပါရမီရှင်တွေကို အဆင့်တွေ ခွဲခြားပေးထားတာ။ ကြယ်တစ်လုံးကနေ ကြယ်ကိုးလုံးအထိ ပေါ့ ... ပုံမှန်ဆိုရင် ကြယ်ငါးလုံးနဲ့အထက် ပါရမီရှင်က အင်မော်တယ် ဧကရာဇ်အဆင့်ထိ ဖြစ်နိုင်တယ်လို့ ပြောရမယ်။ ကြယ်ကိုးလုံး ပါရမီရှင်ဆိုရင် သူတို့သာ မသေသရွေ့ အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ ၅၀ ရာခိုင်နှုန်းအထိ ရှိတယ် ”
“ဪ .... ကြယ်အဆင့် ပါရမီရှင်တွေကို သူတို့ဖွင့်ထားတဲ့ ဝိညာဉ်လမ်းကြောင်းနဲ့သတ်မှတ်တာ ဟုတ်တယ်မလား ” မိုဝူကျီက သူ့ဘာသာ ရှင်းပြဟန်ဖြင့် ပြောလိုက်သည်။
တုံ့ဟွားလုံက ရှင်းပြလိုက်သည်
“ ဝိညာဉ်လမ်းကြောင်း အဲအချက်လည်း ပါတာပေါ့။ ကြယ်ငါးလုံးနဲ့ အထက် ပါရမီရှင်တွေက ဝိညာဉ်လမ်းကြောင်း ၁၀၀ အထက် ရှိကြတယ်လေ ”
သူက ထိုနေရာသို့ ပြောပြီးသည့်နောက် ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ကာ ထရပ်ရင်း ပြောလိုက်သည်
“ စီနီယာ ... မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်မှာ အခန်းလွတ်ပြီတဲ့ ။ ကျုပ်တို့တွေ သွားကြတော့မလား ”
မိုဝူကျီက မတ်တပ်ရပ်ကာ
“ ဒါပေါ့ သွားကြမယ်လေ ”
သူက မေးမြန်းချင်သည့် မေးခွန်းများ ရှိသေးသော်လည်း အလျှင်မလိုပေ။ သူက ကျင်းရှန်းအလယ်အလတ်အဆင့်အထိ ရောက်ပြီးသည့်အထိ စောင့်နိုင်လေသည်။ တစ်ဖက်တွင် သူ့အတွက် စူးခရာအင်မော်တယ်မြို့ဟောင်းအတွင်း နေရာရှာရန် အလွန်ခက်ခဲပေရာ အရင်ဆုံး ထိုကိစ္စ ဖြေရှင်းပေသင့်၏။
“ ဒါနဲ့ စီနီယာ .... နောက်ထပ် လတချို့ကြာရင် အင်မော်တယ်နယ်မြေရဲ့ ဂိုဏ်းကြီးအချို့က ဒီနေရာလာပြီးတော့ တပည့်သားပန်း လာရွေးလိမ့်မယ်။ မြစ်ပြင်အင်မော်တယ် တည်းခိုဆောင်က သူတို့ ကျင်းပမဲ့နေရာနဲ့ မဝေးတော့ စီနီယာ စိတ်ဝင်စားတယ်ဆိုရင် သွားကြည့်လို့ ရတယ် ”
တုံ့ဟွားလုံက သူတို့ တည်းခိုဆောင်သို့ သွားနေရင်း ပြောလိုက်သည်။
Zawgi##
အခန္း (၅၀၃) : အင္ေမာ္တယ္နယ္ေျမ ခုႏွစ္ခုႏွင့္ ေျမေအာက္ေလာက
မိုဝူက်ီကို အားက်သြားေစသၫ့္အရာမွာ ဤေနရာတြင္ ရိွေနေသာ ဝိညာဉ္စြမ္းအားမ်ား၌ သဘာဝက်ေသာ တာအိုစြမ္းအားမ်ား ပါဝင္ေနသည္။ ဤေနရာတြင္ ေဘးပတ္လည္ သဘာဝတရားဆီမွ အင္ေမာ္တယ္ဝိညာဉ္စြမ္းအားမ်ားကို စုေဆာင္းေပးႏိုင္သၫ့္ ဧရာမ ဝိညာဉ္စြမ္းအား စုစည္းေရး အစီအရင္ ေသခ်ာေပါက္ ရိွေနလိမ့္မည္။ ဤသို႔ေသာ ပတ္ဝန္းက်င္မ်ိဳးမွာ က်င့္ႀကံဖို႔ရာအတြက္ အေကာင္းဆံုးအေနအထား ျဖစ္ေလ၏။ အနည္းဆံုးေတာ့ ဤသို႔ေသာ ေနရာမ်ိဳးမွာ အင္ေမာ္တယ္ေက်ာက္မ်ားႏွင့္ လိုက္ဖက္ညီေနၿပီး အင္ေမာ္တယ္ေက်ာက္မ်ားႏွင့္ က်င့္ႀကံလိုက္လ်ွင္ ပို၍ ေကာင္းသြားလိမ့္မည္။
မိုဝူက်ီက ဤအင္ေမာ္တယ္ၿမိဳ႔ေဟာင္း၌ ႏွစ္လေလာက္ ေနၿပီး က်င္းရွန္းအေစာပိုင္း အဆင့္မွ က်င္းရွန္းအလယ္အလတ္အဆင့္သို႔ တက္လွမ္းရန္ ေတြးထားမိေလ၏။
မုရုန္ရွန္းယြီႏွင့္ က်န္လူမ်ားက စူးခရာၿမိဳ႔ေဟာင္း၌ မည္မ်ွၾကာၾကာ ေနရေစကာမူ မိုဝူက်ီက ေနစရာ ေနရာရွာရန္ ဆံုးျဖတ္လိုက္ေတာ့သည္။ ထို႔ေနာက္ သူက ဤေနရာတြင္ က်င္းရွန္းအလယ္အလတ္အဆင့္ တက္လွမ္းႏိုင္လ်ွင္ အေကာင္းဆံုး ျဖစ္ေပသည္။
မိုဝူက်ီက ေနစရာ ရွာမေတြ့ေသာ္လည္း ေခါင္းကိုက္လာသၫ့္အထိ တစ္ေန့တာလံုးလံုး ဟိုဟိုဒီဒီ သြားလာေနခဲ့သည္။
ဤေနရာရိွ အခန္းခမွာ အေတာ္ေလး ေဈးႀကီးေပသည္။ သူက အခန္းတခ်ိဳ႕ ရွာေတြ့ေသာ္လည္း ေဈးႏႈန္းမ်ားက မေတာ္တဆျဖစ္ေနရံုသာမက အခန္းမ်ားက တိတ္ဆိတ္မႈ မရိွသလို ပတ္ဝန္းက်င္လည္း မေကာင္းေပ။
ထို႔ေၾကာင့္ မိုဝူက်ီက ေနရာရွာရန္ ကိစၥကို ယာယီ လက္ေလ်ာ့လိုက္ေတာ့သည္။ သူက လက္ဖက္ရည္အိမ္ေတာ္ဆီ သြား၍ သူ႔အေျခအေနကို အရင္ဆံုး ေလ့လာၾကၫ့္ရမည္။ ထိုစဉ္ ခပ္စူးစူး အသံတစ္သံ ထြက္ေပၚလာေလ၏
“ ဒီက စီနီယာက ေနစရာ ေနရာမ်ား ရွာေနတာလား မသိဘူး .... ”
သူ႔ကို လွမ္းေခၚလိုက္သူမွာ ပိန္ပါးပါး ေကာင္းကင္အင္ေမာ္တယ္အဆင့္ က်င့္ႀကံသူ ျဖစ္ၿပီး သူ႔မ်က္ႏွာ အသားေရမွာ သပိတ္ေရာင္ေပါက္ေနေသာ္ျငား သူ႔သြားမ်ားမ်ာ ပုလဲလံုးမ်ား စီထားသကဲ့သို႔ ျဖဴေဖြးေနေလ၏။
“ ဟုတ္ပါတယ္ က်ဳပ္က ေနစရာ ရွာေနတာပါ။ ခင္ဗ်ားမွာ နည္းလမ္းမ်ား ရိွေနလို႔လား ” မိုဝူက်ီက ျပန္ေျဖလိုက္သည္။
မိုဝူက်ီက ဤလမ္းမ်ားအေပၚ၌ စီးပြားရွာေနၾကေသာ က်င့္ႀကံသူအမ်ိဳးမ်ိဳးကို အထင္မေသးသင့္ေၾကာင္း သိေပသည္။ ထိုသို႔မ်ိဳး လူမ်ိဳးတြင္ ကိုယ္ပိုင္နည္းလမ္းမ်ား ရိွတတ္ၾကသည္။
“ စီနီယာက ဘယ္လိုအခန္းမ်ိဳးမ်ား ရွာေနတာလဲဗ် ... တျခား လိုခ်င္တဲ့ အေနအထားေရာ ရိွေသးလား ”
ပိန္ပါးပါး က်င့္ႀကံသူက ရိုရိုးက်ိဳးက်ိဳး ခ်က္ခ်င္း ျပန္ေျဖလိုက္သည္။
မိုဝူက်ီတြင္ ရိွေနေသာ အင္ေမာ္တယ္ေက်ာက္ အေရအတြက္မ်ားအရ သူ႔ကို သၾကားေဖေဖဟု ယူဆ၍ မရေသာ္လည္း ေနရစရာ ရွာရန္ေတာ့ လံုေလာက္ေပသည္။ သူက ပိန္ပါးပါးအမ်ိဳးသား စကားကို ၾကားေသာအခါ အခန္းရႏိုင္ေၾကာင္း သိလိုက္သည္
“ အရင္ဆံုး တိတ္ဆိတ္ေနဖို႔ လိုအပ္တယ္။ ဒုတိယအခ်က္အေနနဲ႔ က်င့္ႀကံဖို႔ သင့္ေတာ္ရမယ္။ ေနာက္ဆံုးအခ်က္က ပတ္ဝန္းက်င္လည္း ေကာင္းရမယ္ ”
မိုဝူက်ီ စကားမ်ား ၾကားလိုက္သည္ႏွင့္ ပိန္ပါးပါး က်င့္ႀကံသူက သူေဌးတစ္ေယာက္ ေတြ့လိုက္ရေၾကာင္း သိလိုက္သည္။ သူက စိတ္အားတက္ႂကြလာၿပီး
“ တကယ္လို႔ စီနီယာက အေလာမႀကီးရင္ ေနာက္ထပ္ ေလးနာရီေလာက္ ေစာင့္ေပးလို႔ ရမလား။ အဲဒီအခါက် စီနီယာအတြက္ အသင့္ေတာ္ဆံုးအခန္းကို ျပပါ့မယ္။ မိတ္ဆက္ေပးခက အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ ၅၀၀ ထဲပါဗ် ”
သူက မိုဝူက်ီကဲ့သို႔ က်င့္ႀကံသူမ်ိဳးအေၾကာင္း ေကာင္းေကာင္း သိေပသည္။ ထိုသူတို႔မွာ အင္ေမာ္တယ္ေက်ာက္မ်ားကို ဂရုမစိုက္ဘဲ ေနစရာ ေနရာ ကိုသာ ဂရုစိုက္သူမ်ား ျဖစ္ေပ၏။
မိုဝူက်ီက ပိန္ပါးပါး က်င့္ႀကံသူကို နားမလည္ႏိုင္စြာ ၾကၫ့္လိုက္ရင္း “ က်ဳပ္က ဘာလို႔ ေလးနာရီ ေစာင့္ရမွာလဲ ”
ပိန္ပါးပါး အမ်ိဳးသားအေနျဖင့္ မိုဝူက်ီ သူ႔ကို မယံုမၾကည္ ျဖစ္သြားမည္ကို စိုးထိတ္သြားကာ ျမန္ျမန္ ရွင္းျပလိုက္သည္
“ ဘာလို႔လဲဆိုေတာ့ က်ဳပ္က အေတာ္ေလးေကာင္းတဲ့ တည္းခိုေဆာင္ကို သိထားတယ္။ ဒါေပမဲ့ ေနာက္ေလးနာရီက်မွ ဧၫ့္သည္ေတြက ထြက္လာမွာေလ။ တကယ္လို႔ စီနီယာက က်ဳပ္ကို ဆက္သြယ္ေရး ပုတီးေစ့ ေပးခဲ့ရင္ေတာ့ အခ်ိန္က်လာရင္ ဆက္သြယ္လိုက္ပါ့မယ္ ”
မိုဝူက်ီက ထိုလူကို ေနာက္ထပ္ ေမးခြန္းနည္းနည္း ေမးလိုေသာေၾကာင့္ ေအးေအးေဆးေဆး ေျပာလိုက္သည္
“ အဲဆို ခင္ဗ်ားနဲ႔အတူတူ ေစာင့္မယ္ေလ။ တည္းခိုေဆာင္နားက လက္ဖက္ရည္အိမ္ေတာ္မွာ ေခၚသြားေပးပါ့လား ”
ထိုပိန္ပါးပါး က်င့္ႀကံသူက မိုဝူက်ီ စကားမ်ားၾကားေသာအခါ ရႊင္လန္းတက္ႂကြစြာျဖင့္
“ က်ဳပ္နာမည္ တံု႔ဟြားလံုပါ။ စီနီယာ ေက်းဇူးျပဳျပီး က်ဳပ္ေနာက္က လိုက္ခဲ့ပါ ”
မိုဝူက်ီက ေတာက္တိုမည္ရ လုပ္ေသာ ထိုပိန္ပါးပါး က်င့္ႀကံသူ၏ နာမည္မွာ ထိုမ်ွ ႀကီးက်ယ္ခမ္းနားသၫ့္ နာမည္ ျဖစ္ေနလိမ့္မည္ဟု မထင္ထားေပ။
(လံု - နဂါး )
အေမြးတိုင္ တစ္တိုင္စာေလာက္ၾကာၿပီးေနာက္ တံု႔ဟြားလံုက မိုဝူက်ီကို ျမစ္ကမ္းေဘးနားက လက္ဖက္ရည္အိမ္ေတာ္ဆီ ေခၚလာသည္။ မိုဝူက်ီ ေရာက္လာလိုက္သည္ႏွင့္ ပတ္ဝန္းက်င္ကို သေဘာက်သြားမိသည္။ တိတ္ဆိတ္ေနရံုသာမက က်င့္ႀကံဖို႔ရာအတြက္လည္း သင့္ေတာ္လွသည္။
မိုဝူက်ီ၏ ေက်နပ္မႈကို သတိျပဳမိၿပီးေနာက္ တံု႔ဟြားလံုက လက္ဖက္ရည္အိမ္ေတာ္ႏွင့္ မနီးမေဝးေနရာမွ ႀကီးက်ယ္ခမ္းနားေသာ တည္းခိုေဆာင္ကို ၫႊန္ျပကာ
“ ခဏေနရင္ က်ဳပ္တို႔ေတြ ျမစ္ျပင္အင္ေမာ္တယ္ တည္းခိုေဆာင္ကို သြားၾကမွာေလ။ အဲက လူတခ်ိဳ႕နဲ႔ သိတယ္။ အဲေၾကာင့္ အရင္ ဧၫ့္သည္ေတြ ထြက္သြားတာနဲ႔ ခင္ဗ်ားအတြက္ စီစဉ္ခိုင္းထားတယ္။
ထိပ္တန္းအဆင့္နဲ႔အဆင့္ျမင့္ အခန္းေတြက ကုန္သြားၿပီဆိုေတာ့ အလယ္အလတ္အဆင့္ အခန္းပဲ က်န္ေတာ့တယ္။ အဲဒါက တစ္ညကို အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ တစ္ေထာင္ က်တယ္ ”
မိုဝူက်ီက အသက္ဝဝ ရႈထုတ္လိုက္သည္။ ေဈးႏႈန္းမွာ အမွန္တကယ္ ျမင့္ေပ၏။ တစ္ညကို အဆင့္ျမင့္အင္ေမာ္တယ္ေက်ာက္ တစ္ေထာင္ ေပးေခ်ရေသာ္လည္း သူက အလယ္အလတ္အဆင့္အခန္းသာ ရရိွေပ၏။ တံု႔ဟြားလံု သူ႔အေျခအေနကို ၾကားသည္ႏွင့္ ထိုလူက ေဈးႏႈန္းကိုပင္ မစဉ္းစားမွန္း သိသာနိင္သည္။ ၾကၫ့္ရသည္မွာ ထိုလူက သူေဌးတခ်ိဳ႕ႏွင့္ ေတြ့ခဲ့ပံု ေပၚသည္။
မိုဝူက်ီတြင္ အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ တခ်ိဳ႕ ရိွေနေသး၍ သူက တစ္ညတာ အဆင့္ျမင့္အင္ေမာ္တယ္ေက်ာက္ တစ္ေထာင္ က်သင့္မၫ့္ အခန္းခကို တတ္ႏိုင္ေပသည္။ အဓိကအခ်က္မွာ ဤသို႔ေသာ ပတ္ဝန္းက်င္မ်ိဳး၌ သူက က်င္းရွန္းအလယ္အလတ္အဆင့္သို႔ ျမန္ျမန္ ဆန္ဆန္ တက္လွမ္းႏိုင္လိမ့္မည္။
“ ဟုတ္ၿပီေလ အထဲသြားၿပီးေတာ့ ေျပာၾကစို႔ ”
မိုဝူက်ီက အင္ေမာ္တယ္ေက်ာက္မ်ားကို အလြယ္တကူ ရရိွႏိုင္၍ မတန္တဆ မ်ားျပားေနသၫ့္ ေဈးႏႈန္းကို သက္ျပင္းခ်ရံုအျပင္ သူက ဘာမွ ဆက္၍ မေျပာေတာ့ေပ။
သူတို႔ႏွစ္ေယာက္ ထိုင္ခ်လိုက္ၿပီးေနာက္ မိုဝူက်ီက တၫ့္တိုးေမးလိုက္သည္
“ ေသရည္လား လက္ဖက္ရည္လား ... ဘာေသာက္မလဲ ”
သူ အင္ေမာ္တယ္နယ္ေျမသို႔ ေရာက္လာသၫ့္ အခ်ိန္က တိုေတာင္းသည္ဟု ယူဆ၍ မရေသာ္လည္း သူက ပတ္ဝန္းက်င္အေၾကာင္း မ်က္လံုးပိတ္ နားပိတ္ ေနခဲ့မိသည္။ သူ ေမးခ်င္သၫ့္ ေမးခြန္းမ်ားစြာ ရိွကာ သူ႔ေရ႔ွတြင္ ရိွေနေသာ တံု႔ဟြားလံုမွာ အေကာင္းဆံုးအေျဖ ျဖစ္၏။
တံု႔ဟြားလံု မ်က္ဝန္း၌ အလိုရိွဆႏၵတခ်ိဳ႕ ထြက္ေပၚလာၿပီး
“ ဝါးစိမ္း အင္ေမာ္တယ္ေသရည္က မဆိုးဘူး။ ဒါေပမဲ့ ေဈးႏႈန္းက အေတာ္ေလး ျမင့္တယ္။ တစ္ပုလင္းကို အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ ႏွစ္ေထာင္ က်တယ္ ”
ယခု မိုဝူက်ီက ဤေနရာရိွ ေဈးအႏႈန္းအထားမ်ားႏွင့္ အသားက်ေနၿပီ ျဖစ္၏။ သူက စားပြဲထိုးေလးကို ေျပာလိုက္သည္
“ ဒီကို ဝါးစိမ္း အင္မ္ေတယ္ေသရည္ ႏွစ္ပုလင္း ခ်ေပးကြာ ”
စားပြဲထိုးေလး၏ အျမန္ႏႈန္းမွာ အေတာ္ေလး ျမန္ဆန္ရာ သူက မိုဝူက်ီႏွင့္ တံု႔ဟြားလံု ေရ႔ွသို႔ “ ဝါးစိမ္း ” ဟု ကပ္ထားေသာ ပုလင္း ႏွစ္ပုလင္းျဖင့္ ျပန္ေရာက္လာသည္။
မိုဝူက်ီက အဆင့္ျမင့္ အင္ေမာ္တယ္ေက်ာက္ ေလးေထာင္ ေပးေခ်ၿပီးေနာက္ သူက တံု႔ဟြားလံုဘက္ တစ္ပုလင္း တိုးေပးကာ တစ္ပုလင္းကို သူ႔အတြက္ ထားလိုက္သည္. မိုဝူက်ီက ေသရည္အေၾကာင္းမ်ားစြာ မသိေပ။ သူက အင္ေမာ္တယ္ေလာကသို႔ ေရာက္ရိွလာစဉ္ မွ စ၍ ေသရည္ေကာင္းေကာင္း မေသာက္ရေသးေပ။ သူက ဝါးစိမ္း အင္ေမာ္တယ္ေသရည္ ပုလင္းအဖံုးကို ဖြင့္လိုက္သည္ႏွင့္ သူ႔အား သက္ေတာင့္သက္သာ ျဖစ္သြားေစသၫ့္ အနံ႔ျပင္းျပင္းတစ္ခု ထြက္ေပၚလာကာ ႏွစ္လိုဖြယ္ ခံစားခ်က္က သူ႔ႏၶာကိုယ္တစ္ေလ်ွာက္ ျဖတ္ကာ စီးဆင္းသြားသည္။
သူက တစ္ငံု႔ေသာက္လိုက္သည္ႏွင့္ သာယာၾကည္ႏူးဖြယ္ ခံစားမႈက သူ႔ေခြၽးေပါက္အထိ စီးဆင္းလာေသာေၾကာင့္ မိုဝူက်ီက မခ်ီးက်ူးဘဲ မေနႏိုင္ေလာက္ေအာင္ ျဖစ္လာမိသည္
“ တကယ္ကို ေသရည္ေကာင္းပဲ ”
ဤေသရည္ လိုအပ္ေနသၫ့္ တစ္ခုတည္းေသာ အရာမွာ အရသာျပင္းျပင္းမ်ိဳး ျဖစ္၏။ ခံစားရသၫ့္ အေနအထားက ေကာင္းေသာ္လည္း အလွတရား၌ မၿပီးျပၫ့္စံုမႈ တခ်ိဳ႕ ပါဝင္ေနသည္။
တစ္ဖက္တြင္ တံု႔ဟြားလံုက စိုးရိမ္တႀကီး ပါးစပ္အျပၫ့္ ေသာက္လိုက္ေတာ့သည္။ ပါးစပ္အျပၫ့္ ေသာက္သံုးၿပီးသြားေနာက္ သူက ေက်နပ္အားရ သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ လက္ႏွစ္ဖက္ ယွက္ကာ မိုဝူက်ီကို ေျပာလိုက္သည္
“ က်ဳပ္ကို ဒီလိုေသရည္ေကာင္း တိုက္တဲ့ အတြက္ စီနီယာကို ေက်းဇူးတင္ပါတယ္။ က်ဳပ္ တံု႔ဟြားလံု သိတဲ့ တစ္ခုခု ဆိုရင္ ခ်က္ခ်င္း ေျဖေပးပါ့မယ္ ။ စီနီယာ ႀကိဳက္တာ ေမးပါ .... ”
မိုဝူက်ီက သူ႔အား ေသရည္တိုက္ရန္ ေခၚေဆာင္လာျခင္း မဟုတ္မွန္း သိေပသည္။ မိုဝူက်ီက သူ႔အား ေမးခြန္းတခ်ိဳ႕ ေမးလိုျခင္းသာ ျဖစ္ေပလိမ့္မည္။
“ ေက်းဇူး တင္ပါတယ္ ”
မိုဝူက်ီလည္း ျပန္လည္ လက္ႏွစ္ဖက္ယွက္ကာ ေျပာလိုက္သည္။ ခဏတာ ရပ္ၿပီးေနာက္ သူက ေမးလိုက္သည္
“ က်ဳပ္က မ်ိဳးႏြယ္စုထဲမွာ အၿမဲေနေနတာဆိုေတာ့ ဒီေနရာကို ထြက္လာတာ ပထမဆံုးအႀကိမ္ပဲ။ အဲဒါေၾကာင့္ အင္ေမာ္တယ္နယ္ေျမက အေျခအေန အၾကမ္းဖ်င္းကို မသိေသးဘူး။ တာအိုေရာင္းရင္တံု႔က ေျပာျပေပးမယ္လို႔ ေမ်ွာ္လင့္ပါတယ္ ”
မိုဝူက်ီ၏ ရိုးရွင္းေသာ ေမးခြန္းကို ၾကားၿပီး တံု႔ဟြားလံုက ပို၍ တက္ႂကြလာကာ ျပန္ေျဖလိုက္သည္
“ အင္ေမာ္တယ္ေလာကမွာ နယ္ေျမၾကီး ခုႏွစ္ခု ရိွတယ္။ ေလာ့လင္ အင္ေမာ္တယ္နယ္ေျမ၊ ဗလာ ေကာင္းကင္အင္ေမာ္တယ္နယ္ေျမ၊ နတ္ဘုရား အင္ေမာ္တယ္နယ္ေျမ၊ မဟာေဗာဓိ အင္ေမာ္တယ္နယ္ေျမ၊ ဗုဒၶအင္ေမာ္တယ္နယ္ေျမ၊ လမ္းစဉ္ ေျခာက္သြယ္ အင္ေမာ္တယ္နယ္ေျမနဲ႔ ယံုရင္အင္ေမာ္တယ္နယ္ေျမဆိုၿပီး ရိွတယ္
အဲအထဲမွာ ဗလာေကာင္းကင္ အင္ေမာ္တယ္နယ္ေျမက ဒီမြန္း နယ္ေျမ ျဖစ္ၿပီးေတာ့ နတ္ဘုရားအင္ေမာ္တယ္နယ္ေျမက နတ္ဘုရားနယ္ေျမ၊ လမ္းစဉ္ ေျခာက္သြယ္က နတ္ဆိုး နယ္ေျမ ျဖစ္ၿပီးေတာ့ ဗုဒၶ အင္ေမာ္တယ္နယ္ေျမက ဗုဒၶဘာသာဝင္နယ္ေျမပဲ။ အားအနည္းဆံုးက ယံုရင္အင္ေမာ္တယ္နယ္ေျမ ျဖစ္ၿပီးေတာ့ အားအေကာင္းဆံုးလို႔ ေျပာၾကတာက ဗုဒၶ အင္ေမာ္တယ္နယ္ေျမပဲ ....
ထူးဆန္းေထြလာအျဖစ္ဆံုးဆိုရင္ေတာ့ နတ္ဘုရား နယ္ေျမေပါ့။ အခု က်ဳပ္တို႔ ရိွေနတဲ့ ေနရာက မဟာေဗာဓိ အင္ေမာ္တယ္နယ္ေျမရဲ့ ပိုင္နက္ထဲမွာေလ။ ဒါေပမဲ့ ဒီနယ္ေျမရဲ့ ေကာင္းကင္ဧကရာဇ္က အုပ္ခ်ဳပ္ရတာကို မႏွစ္သက္လို႔ ဒီစူးခရာအင္ေမာ္တယ္ၿမိဳ႔ေဟာင္းက သီးျခားေနရာတစ္ခု ျဖစ္လာတာလို႔ ၾကားဖူးတယ္ ”
မိုဝူက်ီက ထိုအေၾကာင္းမ်ား ၾကားေသာအခါ အင္ေမာ္တယ္ေလာကအေၾကာင္း အၾကမ္းဖ်င္း နားလည္သြားေပ၏။ သူက ၾကယ္အဆင့္ ပါရမီရွင္မ်ားအေၾကာင္း ေမးေတာ့မၫ့္ဆဲဆဲတြင္ တံု႔ဟြားလံုက သူ႔အား တီးတိုးေျပာလိုက္သည္
“ တကယ္ေတာ့ ေနာက္ထပ္ အင္ေမာ္တယ္နယ္ေျမ တစ္ခု ရိွေသးတယ္တဲ့ ။ အဲဒါက လမ္းစဉ္ေျခာက္သြယ္ အင္ေမာ္တယ္နယ္ေျမနဲ႔ အနီးဆံုးျဖစ္တဲ့ ေျမေအာက္ေလာကပဲ ။ လတ္တေလာေတာ့ အဲဒီေျမေအာက္ေလာကကို သြားခ်င္ရင္ လမ္းစဉ္ေျခာက္သြယ္ အင္ေမာ္တယ္နယ္ေျမကို ျဖတ္သန္းသြားရမယ္တဲ့ ”
မိုဝူက်ီ စိတ္ထဲ တင္းက်ပ္လာကာ ထပ္ေမးလိုက္သည္ “ အဲဆို ေျမေအာက္ေလာက က ျပန္လည္ဝင္စားျခင္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ ေနရာလား ”
“ အဲဒါေတာ့ ေသခ်ာမသိဘူး။ ဒါေပမဲ့ အင္ေမာ္တယ္နယ္ေျမမွာ ရိွတဲ့ တခ်ိဳ႕ ထိပ္တန္း ပါရမီရွင္ေတြက သူတို႔ အနီးစပ္ဆံုး တစ္ေယာက္ေယာက္ ေသဆံုးသြားရင္ ေျမေအာက္ေလာကဆီ သြားၿပီးေတာ့ သူတို႔ရဲ့ အနီးစပ္ဆံုး အဲဒီလူရဲ့ ဝိညာဉ္ကို ရွာၿပီးေတာ့ ျပန္ေခၚလာၾကတယ္လို႔ ၾကားဖူးတယ္။ ဒီဟာက ဟိုတဆင့္ ဒီတဆင့္ ၾကားတာေတြပဲေလ။ တကယ္ လုပ္ေပးႏိုင္လားဆိုတာေတာ့ မေသခ်ာဘူး ”
တံု႔ဟြားလံုက သတိထားကာ အသံတိုး၍ ေျပာလိုက္သည္။
မိုဝူက်ီက အေလာတႀကီး ေမးလိုက္သည္
“ အဲဆို အနီးစပ္ဆံုးလူ ေသဆံုးသြားၿပီးေတာ့ သူမရဲ့ ကမ႓ာဦး စိတ္ဝိညာဉ္နဲ႔ ဝိညာဉ္ ေပ်ာက္ဆံုးသြားရင္ေတာင္ ခႏၶာကိုယ္ ရိွေနသေရြ့ သူမရဲ့ ဝိညာဉ္ကို ရွာဖို႔ရာ ေျမေအာက္ေလာကကို သြားဖို႔ ျဖစ္ႏိုင္တယ္လား ”
တံု႔ဟြားလံုက အနည္းငယ္ အံ့ဩသြားၿပီး ခဏတာ တံု႔ဆိုင္းသြားၿပီးေနာက္ ျပန္ေျဖေပးလိုက္သည္
“ ေကာလဟာကအရဆိုရင္ ျဖစ္ႏိုင္တယ္။ ေျပာၾကတာေတာ့ လမ္းစဉ္ေျခာက္သြယ္ အင္ေမာ္တယ္နယ္ေျမနဲ႔ ေျမေအာက္ေလာကၾကားက အာကာျပင္မွာ ဝိညာဉ္ဖြဲ႔စည္းျခင္း အင္ေမာ္တယ္ေရကန္ ရိွတယ္တဲ့ ။ ခႏၶာကိုယ္သာ ရိွေနသေရြ့ ရတနာ လံုလံုေလာက္ေလာက္ ယူၿပီး အဲဒီကို ေခၚသြားႏိုင္ရင္ အဲဒီက်င့္ႀကံသူကို အသက္ျပန္ရွင္လာဖို႔ ျဖစ္ႏိုင္တယ္ ”
“ အဲဆို ဘယ္လို ရတနာမ်ိဳး လိုအပ္တာလဲ ” မိုဝူက်ီက မတ္တပ္ရပ္လုမတတ္ ျဖစ္သြားေလ၏။
တံု႔ဟြားလံုက ေခါင္းခါကာ “ ေကာလဟာကပဲ ၾကားဖူးတာဆိုေတာ့ မွန္၊ မမွန္ မေသခ်ာဘူး ”
မိုဝူက်ီက အသိျပန္ကပ္လာၿပီး သူက အလြန္စိုးရိမ္ႀကီးမိသြားေၾကာင္း သိလိုက္သည္။ အကယ္၍ တံု႔ဟြားလံုက ထိုသို႔အရာမ်ိဳး သိေနသည္ဆိုလ်ွင္ ထိုအရာမ်ားမွာ အမ်ားသိေနသၫ့္ အေၾကာင္းအရာမ်ားသာ ျဖစ္လိမ့္မည္။ အကယ္၍ တံု႔ဟြားလံု ေျပာေနသည္က မွန္ေနလ်ွင္ပင္ သူ႔လက္ရိွ အေနအထားျဖင့္ ဝိညာဉ္ဖြဲ႔စည္းျခင္း ေရကန္ဆီ သြားဖို႔ရာ အိပ္မက္တစ္ခုသာ ျဖစ္ေပဦးမည္။ သူက စြမ္းအား အဆင့္တစ္ခုအထိ ေရာက္ရိွလာသၫ့္အခါ ထိုေကာလဟာလမ်ားအေၾကာင္း အလြယ္တကူ ပိုသိႏိုင္လိမ့္မည္။
“ အဲဆို ၾကယ္အဆင့္ ပါရမီရွင္ေတြကေရာ ” မိုဝူက်ီက တံု႔ဟြားလံု အံ့ဩမႈမ်ားကို ခံစားမိ၍ သူက ေခါင္းစဉ္ေျပာင္းကာ ေမးလိုက္သည္။
အကယ္၍ မိုဝူက်ီ၏ ဝိညာဉ္ဖြဲ႔စည္းျခင္း ေရကန္အေပၚ ေမးခြန္းသည္ တံု႔ဟြားလံုကို အံ့ဩသြားေစသည္ဟု ဆိုလ်ွင္ မိုဝူက်ီ’၏ ေနာက္ေမးခြန္းျဖစ္သၫ့္ ၾကယ္အဆင့္ ပါရမီရွင္အဆင့္အေၾကာင္းမွာ တုန္လႈပ္သြားေစသည္။ သူက အလုပ္တာဝန္ ကြၽမ္းက်င္အဆင့္ တစ္ေယာက္ျဖစ္၍ သူက မိုဝူက်ီမွာ ထိုသို႔ ရိုးရွင္းေသာ ေမးခြန္းမ်ား ေမးေနသၫ့္ အေၾကာင္းအရင္းကို အနည္းငယ္ ေၾကာင္အမ္းမိသြားေသာ္လည္း သူက ရွင္းျပလိုက္သည္
“ က်င့္ႀကံသူတစ္ေယာက္အတြက္ အျမင့္တစ္ေနရာ ေရာက္ဖို႔ ႀကိဳးစားေနရံုနဲ႔တင္ မရဘူး။ ကံတရားလည္း အေရးႀကီးတယ္။ ပို၍ အေရးႀကီးတာက ပါရမီေပါ့။ ပါရမီျမင့္မားၿပီးေတာ့ ဝိညာဉ္ေၾကာနဲ႔ က်င့္ႀကံသူေတြကို ၾကယ္အဆင့္ ပါရမီရွင္ေတြလို႔ ေခၚၾကတယ္
ဂိုဏ္းေတြအတြက္ တပၫ့္လက္ခံရ လြယ္ကူေအာင္ ပါရမီရွင္ေတြကို အဆင့္ေတြ ခြဲျခားေပးထားတာ။ ၾကယ္တစ္လံုးကေန ၾကယ္ကိုးလံုးအထိ ေပါ့ ... ပံုမွန္ဆိုရင္ ၾကယ္ငါးလံုးနဲ႔အထက္ ပါရမီရွင္က အင္ေမာ္တယ္ ဧကရာဇ္အဆင့္ထိ ျဖစ္ႏိုင္တယ္လို႔ ေျပာရမယ္။ ၾကယ္ကိုးလံုး ပါရမီရွင္ဆိုရင္ သူတို႔သာ မေသသေရြ့ အင္ေမာ္တယ္ ဧကရာဇ္ ျဖစ္လာဖို႔ ၅၀ ရာခိုင္ႏႈန္းအထိ ရိွတယ္ ”
“ဪ .... ၾကယ္အဆင့္ ပါရမီရွင္ေတြကို သူတို႔ဖြင့္ထားတဲ့ ဝိညာဉ္လမ္းေၾကာင္းနဲ႔သတ္မွတ္တာ ဟုတ္တယ္မလား ” မိုဝူက်ီက သူ႔ဘာသာ ရွင္းျပဟန္ျဖင့္ ေျပာလိုက္သည္။
တံု႔ဟြားလံုက ရွင္းျပလိုက္သည္
“ ဝိညာဉ္လမ္းေၾကာင္း အဲအခ်က္လည္း ပါတာေပါ့။ ၾကယ္ငါးလံုးနဲ႔ အထက္ ပါရမီရွင္ေတြက ဝိညာဉ္လမ္းေၾကာင္း ၁၀၀ အထက္ ရိွၾကတယ္ေလ ”
သူက ထိုေနရာသို႔ ေျပာၿပီးသၫ့္ေနာက္ ဆက္သြယ္ေရး ပုတီးေစ့ကို ထုတ္ကာ ထရပ္ရင္း ေျပာလိုက္သည္
“ စီနီယာ ... ျမစ္ျပင္ အင္ေမာ္တယ္ တည္းခိုေဆာင္မွာ အခန္းလြတ္ၿပီတဲ့ ။ က်ဳပ္တို႔ေတြ သြားၾကေတာ့မလား ”
မိုဝူက်ီက မတ္တပ္ရပ္ကာ
“ ဒါေပါ့ သြားၾကမယ္ေလ ”
သူက ေမးျမန္းခ်င္သၫ့္ ေမးခြန္းမ်ား ရိွေသးေသာ္လည္း အလ်ွင္မလိုေပ။ သူက က်င္းရွန္းအလယ္အလတ္အဆင့္အထိ ေရာက္ၿပီးသၫ့္အထိ ေစာင့္ႏိုင္ေလသည္။ တစ္ဖက္တြင္ သူ႔အတြက္ စူးခရာအင္ေမာ္တယ္ၿမိဳ႔ေဟာင္းအတြင္း ေနရာရွာရန္ အလြန္ခက္ခဲေပရာ အရင္ဆံုး ထိုကိစၥ ေျဖရွင္းေပသင့္၏။
“ ဒါနဲ႔ စီနီယာ .... ေနာက္ထပ္ လတခ်ိဳ႕ၾကာရင္ အင္ေမာ္တယ္နယ္ေျမရဲ့ ဂိုဏ္းႀကီးအခ်ိဳ႕က ဒီေနရာလာၿပီးေတာ့ တပၫ့္သားပန္း လာေရြးလိမ့္မယ္။ ျမစ္ျပင္အင္ေမာ္တယ္ တည္းခိုေဆာင္က သူတို႔ က်င္းပမဲ့ေနရာနဲ႔ မေဝးေတာ့ စီနီယာ စိတ္ဝင္စားတယ္ဆိုရင္ သြားၾကၫ့္လို႔ ရတယ္ ”
တံု႔ဟြားလံုက သူတို႔ တည္းခိုေဆာင္သို႔ သြားေနရင္း ေျပာလိုက္သည္။