By pkchan1998
764K 67.6K 2.2K
BL(1.9.2020) More
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 (Warning🔥)
Part 29
Part 31
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End
Part 30
18.5K 1.8K 61
By pkchan1998
"ဘယ်သူလဲ"
"အင်း ငါထွက်လာခဲ့မယ်"
"ဟုတ်ကဲ့သူဋ္ဌေး"
"ကြည်နူး"
"အင်း"
"ဟုတ်"
ဘေးချင်းယှဉ်လျှေုာက်ရင်း သူမလက်ကို လှမ်းကိုင်လိုက်တော့ လှည့်ကြည်လာပြီး ဘာမှတော့မပြော။
"စိတ်ကုန်တယ် ကိုယ်က"
"ရှင်"
အထင်လွဲနေလိမ့်မယ်"
မနေခိုင်းချင်ပါဘူး မတ်လေးတို့အတူမဟုတ်ရင် ကြည်နူးကအတူနေပေးမှာပါ"
"အဟား……ကိုယ် ဝန်ခံပါတယ်
"ဟင်……ဗိုက်ထဲက……ကလေး
"အင်း ကိုမင်းသဘောပဲ"
………………………………………
"အမကြယ်စင်"
"အမကြယ်စင်စားလေ
"အင်း နင်ဘယ်လိုသိတာလဲ"
အမှတ်ယူနေပြန်ပါပြီ"
"ဘာကျောင်းလဲ"
"အချစ်ကျောင်း"
ခေါက်လိုက်ရ"
"အာ့……သေပါပြီ ဆရာမရယ်"
ဒါလေးဖက်မိတာကိုဗျာ။
အိမ်ပြန်လိုက်ပို့သည့်လမ်းတွင် အမကြယ်စင့်လက်ကိုဆပ်ြကိုင်ထားလိုက်သည်။
သို့ပေမဲ့လဲ ချစ်သည်။
ယောကျာ်းမဆန်ယုံတမယ် အမကြယ်စင်အပြုအမူတို့က
…………………………………
"အင်း"
အပျင်းပြေအောင်"
"အင်း အလိမ်မာတုံးလေး"
"ဟုတ် မေးပါဗျအဖွား"
"အေးပါ……အေးပါကွယ်"
အဖွားကိုသနားလိုက်တာ။
…………………………………
T.B.C
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
"သူဋ္ဌေး ဧည့်သည်ရောက်နေပါတယ်ရှင့်"
"ဘယ်သူလဲ"
မင်းရန်နိုင် နေ့လည်စာသွားစားခါနီး အတွင်းရေးမှူးကလာပြောသည်။
"Diamond ကုမ္မဏီက မကြည်နူးပွင့်ပါ"
ကြည်နူးနဲ့ကွာရှင်းထားတာ ကုမ္မဏီကလူတွေသိတာမို့
ဇနီးလို့တော့မပြောချေ။
"အင်း ငါထွက်လာခဲ့မယ်"
"ဟုတ်ကဲ့သူဋ္ဌေး"
ကြည်နူးကိုယ်တိုင်လာတယ်ဆိုတော့ ဘာကိစ္စများပါလိမ့်။
မသက်ဆိုင်တော့သည့် ဇနီးကိုတွေ့ရဖို့အရေး မင်းရန်နိုင် ရင်ခုန်နေမိတာတော့အမှန်ပင်။
ခန့်တည်တို့အိမ်ပြန်လာပြီး တစ်ပတ်လောက်အထိ
ကြည်နူးကိုသွားမတွေ့ဘဲ သေချာစဉ်းစားကြည့်ခဲ့သည်။
အစစအရာရာနားလည်ပေးသည့်သူမက အဖွားနဲ့သာ
ပြသနာမဖြစ်ရင် ကိုယ့်အပေါ်သေချာပေါက် သစ္စာရှိပေလိမ့်မည်။
ချစ်တက်လာသည်ဆိုရလေမလား။
ကြည်နူးကို အမြဲလိုတော့သတိရနေမိသည်။
"ကြည်နူး"
"အော် ကိုမင်း နေ့လည်စာသွားစားတော့မလို့လား"
"အင်း"
"စကားခဏပြောချင်လို့ အချိန်ရလား"
"ရပါတယ် ကြည်နူးလဲနေ့လည်စာလိုက်စားလေ"
"ဟုတ်"
ဘေးချင်းယှဉ်လျေှုာက်ရင်း သူမလက်ကို လှမ်းကိုင်လိုက်တော့ လှည့်ကြည်လာပြီး ဘာမှတော့မပြော။
"ကြည်နူး ကုမ္မဏီအထိလာတယ်ဆိုတော့
ဘာအရေးကြီးတာရှိလို့လဲ"
သူမပန်းကန်ထဲဟင်းထည့်ပေးရင်းမေးလိုက်သည်။
"ကိုမင်းမလာလို့ ကြည်နူးကလာတွေ့တာလေ
စိတ်ကုန်သွားပြီလားသိချင်လို့"
"စိတ်ကုန်တယ် ကိုယ်က"
"အင်း ခါတိုင်းဆို ကြည်နူးစီရောက်လာတက်တယ်လေ
ကြည်နူးထွက်မတွေ့ရင်တောင်တော်တော်နဲ့မပြန်တာကို
ဒီတစ်ပတ်လုံးပေါ်မလာတော့ ကြည်နူးကိုစိတ်ကုန်သွားပြီထင်လို့"
"မဟုတ်တာ ကိုယ်ကဘာကိစ္စစိတ်ကုန်ရမှာလဲ
ကိုယ်စဉ်းစားစရာလေးရှိနေလို့ပါ ခန့်တည်တို့လဲ အိမ်ပြန်ရောက်နေလို့လေ"
"အော် အဖွားကခေါ်ပြီလား
ကောင်းလိုက်တာ ကောင်းကင်ကိုအားကျတယ်
မတ်လေးစီကသဲသဲလှုပ်ချစ်တာခံရတယ်
အဖွားကလဲ ချက်ချင်းမဟုတ်ပေမဲ့ ဖြေးဖြေးကျ လက်ခံပေးတော့မှာ"
"ကြည်နူးကိုလဲ သဲသဲလှုပ်ချစ်မဲ့သူရှိမှာပါ"
"အဟင်း မိဘတွေအပြင်မရှိဘူးလေ
ချစ်စေချင်တဲ့သူကဆို အရေးတောင်မလုပ်ဘူး"
"ကိုယ်ရောချစ်ပေးလို့ရလား"
"ရှင်"
"ကြည်နူးကို ကိုယ်ချစ်မယ်လေ လက်ခံမလား"
"ကိုမင်းအဖွားကိုသာသွားမေးလိုက်ပါ
တော်ကြာသူ့မြေးကြီးကို ခွဲထုတ်ပါတယ်ဆိုပြီး
အထင်လွဲနေလိမ့်မယ်"
"အဖွားက ကိုယ့်သဘောတဲ့ ပြန်ပေါင်းဖို့
ကြည်နူးလက်ခံရင်ခေါ်လာခဲ့တဲ့"
"အဖွားက အဲ့လိုပြောတာသေချာလို့လား"
"ဟုတ်တယ် အိမ်ခွဲနေချင်ရင်လဲ နေကြပါတဲ့
သူတစ်ယောက်ထဲ နေတက်အောင်နေမယ်တဲ့"
"ကြည်နူးက အဲ့ဒီတုန်းကလဲ ဒီအတိုင်းပဲ
အဖွားကိုအားမကိုးချင်လို့ပါ အဖွားကိုတစ်ယာက်ထဲတော့
မနေခိုင်းချင်ပါဘူး မတ်လေးတို့ိအတူမဟုတ်ရင် ကြည်နူးကအတူနေပေးမှာပါ"
"အဲ့ဒါဆို ကိုယ့်ကိုပြန်လက်ခံပေးတယ်ပေါ့"
"ကိုမင်းကဖြင့် လက်ခံပေးပါပြောလို့လား
သူ့ကုမ္မဏီအထိလိုက်လာတဲ့သူကို ပြန်မေးနေတယ်"
"အဟား……ကိုယ် ဝန်ခံပါတယ်
ကိုယ်ကြည်နူးကိုချစ်တယ် အဖွားကြောင့် စီးပွားရေးကြောင့် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ကိုယ့်နှလုံးသားကတောင်းဆိုတာ ကိုယ့်အနားပြန်လာပေးပါ ကြည်နူးစိတ်ချမ်းသာအောင် ကိုယ်အများကြီး ဂရုစိုက်ပေးချင်တယ်"
"ယောကျာ်းဟောင်းစီက ချစ်ခွင့်ပန်ခံရတာလဲ
တမျိုးရင်ခုန်ရသားပဲ ကိုမင်းကိုမယုံသေးပေမဲ့ ဗိုက်ထဲက
ကလေးလေးကြောင့် လက်ခံပေးလိုက်မယ်နော် ဟွင့်"
"ဟင်……ဗိုက်ထဲက……ကလေး
ကြည်နူး ကိုယ့်ကလေးလေး ရှိနေတာလား"
"အင်း အဲ့ဒါကြောင့်နော် မဟုတ်ရင် အချိန်ဆွဲပြီး စဉ်းစားနေအုံးမှာ"
"ဟာ ကြည်နူးရယ် ဝမ်းသာလိုက်တာကွာ"
မင်းရန်နိုင်နေရာမှထကာ ကြည်နူးကိုပွေ့ဖက်လိုက်သည်။
"ဆိုင်ထဲမှာလေ ကိုမင်းကလဲ သတိထားအုံး"
"ဘာဖြစ်လဲ ကိုယ့်မိန်းမကိုဖက်တာပဲ"
"အမယ် ဘယ်သူကသူ့မိန်းမလဲ
သေချာတောင်လက်မခံသေးဘဲနဲ့ လူကြီးတွေကိုပြောပြီးမှ အတည်လက်ခံမှာနော်"
"အင်ပါ ကိုယ်အဖွားကိုသေချာပြောပြလိုက်မယ်
အဖွားတော့ပျော်နေတော့မှာ မြစ်ကလေးတွေရတော့မှာဆိုတော့"
"အဖွားကကြည်နူးကလေးလေးကိုချစ်ပ့ါမလား
မြစ်ဦးမဟုတ်တော့လေ ကောင်းကင်ကံကောင်းလိုက်တာ
မြစ်ဦးလေးကိုလဲ မွေးပေးထားတယ်"
"ကြည်နူးရယ် အဖွားက မချစ်ဘဲနေပါ့မလား
မနက်ဖြန်ကျ ကိုယ်အဖွားကိုခေါ်ပြီး ကြည်နူးတို့အိမ်ကိုလာခဲ့မယ်"
"ဟင် ဘာလာလုပ်မှာလဲ ကိုမင်းက"
"ကြည်နူးကိုပြန်လာခေါ်မှာလေ
အဖွားရောပါတော့ ကြည်နူးမိဘတွေလဲ စိတ်ချရတာပေါ့"
"အင်း ကိုမင်းသဘောပဲ"
"ဟုတ်ပြီ ဒါဆို နေ့လည်စာဆက်စားကြမယ်
မမဗိုက် အစပ်တွေမစားနဲ့တော့ ဒီပေး"
မင်းရန်နိုင်ပြောလဲပြော စောစောကကြက်ချဉ်စပ်ဟင်းထည့်ပေးထားသည့် ကြည်နူးပန်းကန်ကို လှမ်းယူလိုက်သည်။
နေ့လည်စာစားနေရသော်လည်း ဝမ်းသာလုံးစို့နေရသည်မို့
သေချာတောင်စားလို့မဝင်ခဲ့။
သူမကုမ္မဏီပြန်မည့်ကြည်နူးကိုစိတ်မချတာမို့ ကိုယ်တိုင်ပဲလိုက်ပို့ပေးမိသည်။
ဂရုစိုက်ရမည်လေ အခုချစ်ရမဲ့သူတစ်ယောက်ထဲမဟုတ်ဘဲနှစ်ယောက်တောင်ဖြစ်နေပြီမဟုတ်လား။
………………………………………
အဖြေပေးမည်ဟုဆိုကာ ရုတ်တရက်ကြီး လှမ်းခေါ်သည့်
အမကြယ်စင်ကြောင့် မြတ်ဘုန်းခွဲခန်းထွက်တာနဲ့ အပြေးလာရသည်။
"အမကြယ်စင်"
"လာပြီလား ကားနဲ့လာတာမဟုတ်ဘူးလား
တစ်ကိုယ်လုံးချွေးတွေချည်းပဲ"
"ကားကဒီနေ့ဖေဖေယူသွားလို့
ဆေးရုံကို taxiနဲ့လာတာ အခုလဲ taxiနဲ့လာတာ
ဒီနားရောက်ခါနီးမှ ပျက်သွားလို့ ဆင်းပြေးလာတာ"
"အော် အဲ့ဒါများ ဖြေးဖြေးလာပါလားဟယ်"
"အမစောင့်နေရမှာစိုးလို့……
ကိတ်မုန့်စားချင်လား ကျနော်ကျွေးမယ်လေ"
"အွန်း စားမလို့ပဲ နင်မလာသေးလို့"
ကြယ်စင်ကိတ်မုန့်ဆိုင်ထဲဝင်လာခဲ့သည်။
ကောင်းကင်နဲ့တူမလေးကိုတောင်သတိရမိသည်။
အမြဲအတူတူလာစားနေကြကို။
"အမကြယ်စင်စားလေ
ဘာလဲကောင်းကင်ကိုသတိရသွားလို့လား"
"အင်း နင်ဘယ်လိုသိတာလဲ"
"ကျနော်က အမမျက်နှာကို စက္ကန့်မလပ်ကြည့်နေတဲ့ပါ
အမဘာဖြစ်နေလဲသိတာပေါ့"
"အမလေး အဖြေပေးပါမယ်ဆိုကာမှ
အမှတ်ယူနေပြန်ပါပြီ"
"အဟား……ပေးမှာဆိုလဲပေးတော့လေ
ကျနော်ရင်ခုန်နေရလို့သေမလိုပဲ"
"နားကြပ်လေးဘာလေးပြန်ထောက်ကြည့်အုံး"
"အမကလဲ ကျနော်အတည်ပြောနေတာ
ကျောင်းဆရာမဆိုပြီး စကားပလင်တွေတော့ မခံနဲ့နော် ကျနော်မစောင့်နိုင်တော့ဘူး"
"ဒါဆိုလဲ ငါ့စီကျောင်းလာတက်"
"ဘာကျောင်းလဲ"
"အချစ်ကျောင်း"
"ဝိုး……ဘာတွေသင်ပေးမှာလဲ အမက"
"အိုင် အယ်လ် အို ဗွီ အီး ဝိုင် အို ယူ -I LOVE YOU ဆိုပြီးသင်ပေးမယ်"
"ဟား……အမဗျာ ကျနော့်ကိုရင်ဘတ်ကြီးပေါက်ထွက်အောင်ဗျာ"
"ဟဲ့ နင်ဘယ်လိုဖြစ် လက်ငြိမ်ငြိမ်နေစမ်း
ခေါက်လိုက်ရ"
"အာ့……သေပါပြီ ဆရာမရယ်"
ကျောင်းဆရာမတွေများ အပြောထက် လက်တွေ့ကပိုမြန်သကိုး။
မြတ်ဘုန်းခေါင်းကိုခေါက်လိုက်တာများ ဘုတည်ပြီလားမှတ်ရသည်။
ဒါလေးဖက်မိတာကိုဗျာ။
အိမ်ပြန်လိုက်ပို့သည့်လမ်းတွင် အမကြယ်စင့်လက်ကိုဆြပ်ကိုင်ထားလိုက်သည်။
ကောင်းကင်စီလာတိုင်း အမကြယ်စင်နဲ့လက်ချင်းတွဲပြီး လမ်းလျှောက်ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ဖူးသည်။
အခုတော့ တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီမို့ ပျော်ရသည်။
အပေါင်းအသင်းနဲသည့် ကောင်းကင်ကို အမြဲတွယ်ကယ်ရင်း လိုအပ်သမျှကူညီပေးခဲ့တာ သူ့အမကို လိုချင်လို့ဆိုတာ ကောင်းကင်အရင်က မသိပေမဲ့ အခုတော့သိလောက်ရောပေါ့။
အမွှာမောင်နှမဆိုပေမဲ့ ကောင်းကင်ကနူးညံ့သလောက်
အမကြယ်စင်ကတော့ မနူးညံ့တက်ပေ။
သို့ပေမဲ့လဲ ချစ်သည်။
ယောကျ္းမဆန်ယုံတမယ် အမကြယ်စင်အပြုအမူတို့က
မြတ်ဘုန်းကို အမြဲတစေရင်ခုန်စေပါသည်။
ကောင်းကင်လို ကြည့်ကောင်းအောင် မရယ်တက်ပေမဲ့
ပွင့်ပွင့်လင်းလင်းရယ်မောတက်သည့် အမကြယ်စင်ရဲ့ရယ်သံတွေက မြတ်ဘုန်းသန့်ဆိုသည့် ကျနော့်အား ရင်အေးစေပါသည်။
အသေးအမွှားလေးကစ ကောင်းကင်လို မရှက်တက်ပေမဲ့
မြတ်ဘုန်းချစ်ခွင့်ပန်တုန်းက ရဲသွားသည့် အမကြယ်စင်၏မျက်နှာလေးသည် တစ်သက်မေ့မရနိုင်သည့် ပုံရိပ်အဖြစ် ရင်တွင်း၌ထင်ကျန်ရစ်ခဲ့သည်။
မည်သို့ဆိုစေ မနူးညံ့သည့် ဤမိန်းကလေးအား ကျနော်မြတ်နိုးစွာချစ်ပါသည်။
…………………………………
"အဖွား ကျနော်ဆေးတိုက်ပါ့မယ်ဗျ"
"အင်း"
ပြီးခဲ့တဲ့ရက်တွေမှာ ကောင်းကင်ဆေးတိုက်လျှင်ငြင်းသည့်အဖွားက တစ်ပတ်လောက်အထိ ဇွဲမလျော့ဘဲ ဆေးလာလာတိုက်သည့်ကောင်းကင်ကို အခုတော့မငြင်းတော့။
စကားပြန်မပြောသော်လည်း ဆေးတော့သောက်ပါသည်။
အကိုနှင့်တော့ အရင်လောက်ကြီးမဟုတ်ပေမဲ့ စကားပြောတာကို တွေ့သည်။
ကောင်းကင်လဲ အဖွားနဲ့မြန်မြန်အဆင်ပြေချင်လှပါသည်။
အကို့ကိုလဲ ဆေးရုံမှာပြန်ပြီး အလုပ်လုပ်စေချင်သည်။
ဆေးလတ်မှတ်ပြန်ထုပ်ပေးဖို့က အဖွားပဲပြောပေးနိုင်တာဆိုတော့ အကူအညီတောင်းချင်မိသည်။
"အဖွား ကျနော်ခြေထောက်ကိုလိမ်းဆေးလိမ်းပြီး နှိပ်ပေးမယ်ဗျ လူကြီးဆိုတော့ ဆေးငွေ့လေးနဲ့မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာဗျ"
အဖွားကခေါင်းလဲမငြိမ့် ခေါင်းလဲမခါသလို
ကောင်းကင်နှိပ်ပေးတာကိုလဲ မငြင်းပါ။
ဆေးလိမ်းကာ သေချာနှိပ်ပေးနေတုန်း
အကိုက အဖွားအခန်းထဲရောက်လာသည်။
"အဖွား အိပ်နေပြီလားကောင်းကင်"
"အိပ်ပျော်တော့မယ်ထင်တယ်
မှေးနေတယ်ဗျ အကိုကဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး အဖွားမအိပ်ရင် စကားပြောမလို့ပါ
အပျင်းပြေအောင်"
"အော် နောက်ရက်မှ ပြောတော့လေ
အဖွားကအိပ်ပျော်တော့မှာ……သမီးငယ်ရော"
"TVကြည့်နေတယ် ကိုကိုနဲ့"
"အိပ်ချိန်ရောက်နေပြီကို သမီးငယ်ကိုခေါ်ပြီး
အပေါ်တက်နှင့်တော့လေ အကိုရဲ့ ခဏနေ ကျနော်လိုက်လာမယ်"
"အင်း အလိမ်မာတုံးလေး"
အကိုကောင်းကင်ဆံပင်တွေကို ဖွကာပြန်ထွက်သွားသည်။
အဖွားကိုကြည့်လိုက်တော့ မျက်လုံးဖွင့်နေသည်။
"အယ် အဖွား အိပ်နေပြီထင်လို့
အကို့ကိုပြန်လွှတ်လိုက်တာဗျ"
"ရတယ် မင်းလဲသွားအိပ်တော့လေ
ကလေးနဲ့ အချိန်နဲ့အချိန်အိပ်"
"ဟုတ်အဖွား……အဖွားအိပ်ပျော်မှ သွားပါ့မယ်ဗျ
ကျနော်တရားစာအုပ်ဖတ်ပြရမလားဗျ"
"မဖတ်ပါနဲ့ မင်းမသွားသေးရင်လဲ
အဖွားတစ်ခုမေးချင်တယ်"
"ဟုတ် မေးပါဗျအဖွား"
"မြေးကြီးကို သူ့ဇနီးနဲ့ပြန်ပေါင်းဖို့ခွင့်ပြုလိုက်တာ အဖွားမှန်ရဲ့လား မင်းအမြင်အခုလိုလုပ်လိုက်တာ ကောင်းတယ်လို့ထင်လား"
"ဟုတ် ကောင်းပါတယ်အဖွား
အဖွားဆုံးဖြတ်တာမှန်ပါတယ်ဗျ
သူဋ္ဌေးကလဲ မမကြည်နူးကို ချသ်တာမို့လို့
သေချာပေါက်ပျော်နေမှာဗျ"
"ကြည်နူးနဲ့ပြန်ပေါင်းတာနဲ့ မြေးကြီးအိမ်ခွဲနေမယ်ဆိုတာ
တွေးမိတော့ စိတ်မကောင်းတာတော့အမှန်ပဲ
ဒါပေမဲ့လဲ သူ့ဇနီးနဲ့သူ့ကလေးနဲ့ မိသားစုလေးနေချင်ရှာတာဆိုတော့ အဖွားခွင့်ပြုရမှာပဲကွယ်"
အဖွားကမျက်ရည်တွေကျကာပြောသည်။
အဖွားရင်ထဲ ခံစားနေရမှာပဲ။
အားလုံးထက်ပိုပြီးအဖွားကသူဋ္ဌေးနဲ့အကို့ကိုချစ်တဲ့သူမဟုတ်လား။
အချိန်အကြားကြီးစောင့်ရှောက်လာခဲ့တော့ ဘယ်ခွဲစေချင်ပါ့မလဲ။
အဖွားဆူလဲဆူပါစေလို့ဆုံးဖြတ်ကာကောင်းကင်
အဖွားကိုသိုင်းဖက်၍ ဗိုက်ပေါ်ခေါင်းလေးမှီလိုက်သည်။
"အဖွားရယ် မငိုပါနဲ့……ဟင့်……
အဖွားအနားမှာ ကျနော်အမြဲနေပေးပါ့မယ်
သူဋ္ဌေးကအိမ်ခွဲနေရင်တောင် ကျနော်တို့ကအဖွားနဲ့ပဲနေမှာပါ ကျနော့်ကိုလက်မခံလဲ ကိစ္စမရှိပါဘူး
အဖွားစီကနေ ကျနော်အကို့ကိုမလုပါဘူး
အဖွားနားမှာပဲ အမြဲနေခိုင်းမှာပါ အဲ့ဒါကြောင့် မငိုပါနဲ့နော်အဖွား"
"အေးပါ……အေးပါကွယ်"
အဖွားကထိုမျှသာပြောပြီး ကောင်းကင်ခေါင်းလေးကိုပွတ်ပေးသည်။
ကောင်းကင်ငြိမ်နေမိရင်း အသံတိတ်ငိုမိသည်။
အဖွားကိုသနားလိုက်တာ။
အသက်ကြီးလာပြီမို့ နွေးနွေးထွေးထွေးသိုက်သိုက်ဝန်းဝန်းနေချင်ရှာသည်မဟုတ်လား။
ကျနော်အတက်နိုင်ဆုံးဖြည့်ဆည်းပေးပါ့မယ်အဖွား။
အဖွားတစ်ယောက်ထဲ အထီးမကျန်စေရပါဘူး။
10နာရီကျော်သည်အထိ ကောင်းကင်အခန်းထဲဝင်မလာတော့ အိပ်နေသည့်သမီးကိုခဏထားခဲ့ကာ ခန့်တည်အောက်ဆင်းလာခဲ့သည်။
ဧည့်ခန်းမှာလဲ TVမဖွင့်ထားတာမို့ ကောင်းကင်မရှိ။
အိမ်အပြင်မှာများထိုင်နေမလားဆိုပြီး ထွက်ရှာတော့လဲ မတွေ့ရ။
ဒီအချိန်ကြီးရှိပြီမို့ အဖွားလဲအိပ်နေလောက်ပြီဖြစ်သည်။
အဖွားအခန်းကို အသာလေးဖွင့်ကြည့်မိတော့ အံ့သြစရာမြင်ကွင်းကစီးကြိုသည်။
ကောင်းကင်ရယ်လေ အဖွားဗိုက်ပေါ်ခေါင်းလေးတင်ပြီး အိပ်ပျော်နေတာ။
အဖွားကလဲ ကောင်းကင်ကျောပေါ်လက်လေးတင်ထားသည်။
ခန့်တည်ထိုမြင်ကွင်းကြောင့် ဝမ်းနည်းဝမ်းသာခံစားရသည်။
အနားတိုးသွားကာ အဖွားလဲမနိုးအောင် ကောင်းကင်ကိုအသာပွေ့ချီလိုက်ရသည်။
အခန်းတံခါးဖြေးဖြေးပိတ်ထားခဲ့ပြီးမှ သိုးနေအောင်အိပ်နေသည့် ကောင်းကင်ကို အပေါ်ထပ်အခန်းထဲအထိပွေ့လာခဲ့ရသည်။
တကယ့်ကလေးလေး။ အဖွားကိုများချွဲနေတာလားမသိတော့။
အိပ်ယာပေါ်ချပေးလိုက်တော့ တဟင့်ဟင့်အသံလေးထွက်လာသည်။
ဧကန်န ကောင်းကင်ငိုများထားလေသလား။
နှဖူးပေါ်ကျနေသည့် ဆံပင်လေးတွေ သပ်တင်ပေးပြီး
အနမ်းဖွဖွချွေလိုက်သည်။
ဘေးမှာဝင်လှဲရင်း ကိုယ်လုံးသေးသေးလေးအား
ရင်ခွင်ထဲထည့်ထားလိုက်သည်။
အိပ်မက်လှလှမက်ပါစေကိုယ့်ရဲ့ကောင်းကင်။
အချစ်ခံဖို့မွေးဖွားလာတဲ့မင်းလေးကို အဖွားက အများကြီးချစ်လာတော့မှာပါ။
…………………………………
T.B.C
(AN/ ဇာတ်သိမ်းဖို့နီးနေပြီ🥰)
#HoneyChan
Continue Reading
You'll Also Like
71.4K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
3.6M 362K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
107K 7K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...