Part 4
20.3K 2K 25
ဘာလုပ်လုပ်လေးလေးပင်ပင်ရှိလာသည့် ကောင်းကင်ကို
မေမေက အရိပ်တကြည့်ကြည့်။
မြတ်ဘုန်းပြောသလို ထူးခြားမှုရှိလာသည့် ခန္ဓာကိုယ်ကြောင့်
အနေအထိုင်သတိထားနေရသည်။
တခါတရံ ရင်ခေါင်းထဲကနေ ပျို့တက်လာတက်ပြန်သည်။
မေမေ သတိမထားမိအောင်နေရတာမို့ ကောင်းကင်မွန်းကျပ်လှသည်။
ယခုမနက်စာဝိုင်းတွင်လဲ တို့စိတို့စိသာစားနေသည့်
ကောင်းကင်ကို မေမေက သံသယမျက်လုံးဖြင့်ကြည့်လာပြန်သည်။
"သားငယ် နေမကောင်းဘူးလား"
"ကောင်း…ကောင်း ပါ တယ်မေမေ"
"သားငယ်ကြည့်ရတာ မလန်းသလိုပဲ
မျက်နှာကလဲ ဖြူရော်ရော်နဲ့ နေမကောင်းရင် ပြောနော်ဆေးခန်းပြရအောင် ပေမနေနဲ့"
"ဟုတ် မေမေ နေကောင်းပါတယ်
အလုပ်ကိစ္စစဉ်းစားစရာလေးတွေကြောင့် အိပ်ရေးနည်းနည်းပျက်လို့ပါ စိတ်မပူပါနဲ့"
"အလုပ်လဲ အရမ်းပင်ပန်းရင် ထွက်လိုက်ပါလားကွယ်
သားငယ် တနေ့တခြားပိန်လာသလိုပဲ"
"ရပါတယ်မေမေရဲ့ ဘာမှမပင်ပန်းပါဘူး"
"အေးပါ……ကြယ်စင်လဲ မနက်စာ လာမစားပါလား
ဒီကောင်မလေး ကျောင်းသွားဖို့ စိတ်ကူးရှိမထင်ဘူး"
"မေမေ့သမီးစိတ်အခြေအနေမကောင်းလို့လေ"
"ဘာဖြစ်လို့လဲသားငယ်
မောင်နှမနှစ်ယောက် ရန်ဖြစ်ထားကြလို့လား"
"မဟုတ်ပါဘူးမေမေရယ်
သူသဘောကျတဲ့ ဒေါက်တာက နိုင်ငံခြားသွားတော့မှာမို့တဲ့"
"ဒီကောင်မလေးကတော့လေ
မိန်းကလေးဖြစ်နေပြီး အိနြေ္ဒကိုမရှိပါဘူး
မြန်မြန်အိမ်ထောင်ချပေးမှပါ"
မနေ့ညက ကြယ်စင်အခန်းထဲရောက်လာပြီး
ငိုကြီးချက်မနဲ့ပြောလို့ ကောင်းကင်သိပြီးဖြစ်သည်။
ကြယ်စင့်ရဲ့တဖက်သတ်အချစ်ဖြစ်တဲ့ ဒေါက်တာခန့်တည်နိုင်ဆိုသူ
နိုင်ငံခြားသွားမည်တဲ့လေ။
ကောင်းကင် မမြင်ဖူးပေမဲ့ ကြယ်စင်ကတော့ ထိုသူကို
အတော်လေးသဘောကျနေတာ ခန့်မှန်းလို့ရသည်။