ZONE

By W_polestar

434K 30.3K 2.1K

နှစ်ပေါင်းများစွာကြာတဲ့အထိ လူတယောက်ကို မမေ့နိူင်တာကလည်း ဝဋ်ကြွေးတမျိုးပါပဲ...🌹 ခါးသီးပေမဲ့ မစွန့်လွှတ်ချင်တဲ... More

၂ (အတိတ်)
၃ (အတိတ်)
၄ (အတိတ်)
၅ (အတိတ်)
၆ (အတိတ်)
၇ (အတိတ်)
၈ (အတိတ်)
၉ (အတိတ်)
၁၀ (အတိတ်)
၁၁ (အတိတ်)
၁၂ (အတိတ်)
၁၃ (အတိတ်)
၁၄ (အတိတ်)
၁၅ (အတိတ်)
၁၆ (အတိတ်)
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁ (Final)
Bonus Part
Married Life 1
Married Life 2
Married Life 3
Married Life 4
Married Life 5
Married Life 6
Married Life 7 Final

၂၉

9K 631 39
By W_polestar

Unicode

'ဟာ ဒုက္ခပါပဲကွာ... မြန်မြန်ရောက်ချင်ပါတယ်ဆိုနေ...'

ပါးစပ်ကလည်း မရပ်မနားညည်းညူရင်း ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ရင်း လင်းသန့်ကိုခေါ်မလာမိတာကို နောင်တရချင်သွားသည်...

ဒီနေ့ ရုံးကိုရောက်မှ အလုပ်ကိစ္စပေါ်လာတာနဲ့ တယောက်တည်း ပဲခူးကိုထွက်လာခြင်းဖြစ်သည်...
ကိုယ်တိုင်မလာလို့လည်းမဖြစ်တော့ ရုံးကကိစ္စတွေကို လင်းသန့်နဲ့လွှဲထားခဲ့ပြီး ကတိုက်ကရိုက်ထွက်လာမိလိုက်တာ...
အသွားတုန်းကတော့ အဆင်ကိုချောလို့ပဲ...
အလုပ်လည်းအဆင်ပြေ အကုန်အဆင်ပြေပေမဲ့ အပြန်ကျမှ ကားက‌ ဗွေထဖောက်ပြီး ဘီးပေါက်သွားတော့သည်...
အရင်ကဆို ဇုံက ကားနဲ့ခရီးထွက်ခါနီးရင် ကားကိုစိတ်ကြိုက်စစ်ဆေးပြီးမှထွက်တာမို့ ဒီလိုအဖြစ်မျိုးတခါမှမဖြစ်ဖူး...

အနီးအနားမှာလည်း ဝပ်ရှော့တွေဘာတွေမတွေ့...
ခါတိုင်းတော့ ကားဝပ်ရှော့တွေ ဒီလောက်ပေါလျက်နဲ့ အခုမှ ဘယ်ရောက်ကုန်ကြလည်းမသိ...

မတတ်နိူင်...
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဟာကိုယ်သာ spare wheel လဲရတော့မည်...
တခါမှတော့ မလုပ်ဖူးပေမဲ့ အဆင်တော့ပြေမှာပါ...

'အကူအညီလို‌သေးလားဗျ...'

တယောက်တည်း အလုပ်ရှုပ်နေတုန်း ဘေးကအသံကြောင့် လှည့်ကြည့်လိုက်တော့ ဇုံနဲ့ရွယ်တူလောက်ရှိမည့် ယောင်္ကျားတယောက်...

'ခင်ဗျား တယောက်တည်း ဘီးလဲရတာ အဆင်ပြေမယ်မထင်လို့မေးတာပါ...'

တည်ငြိမ်တဲ့မျက်နှာနဲ့သူက မျက်ခုံးကိုပင့်ကာ ထပ်‌ပြောသည်...
သူ့ကိုကြည့်ရတာ မိန်းကလေးတယောက်တည်းမို့ တမင်ဖွန်ကြောင်ချင်လို့ထက် တကယ်ကူညီပေးချင်တဲ့ပုံစံမို့ ဇုံလည်း ငြင်းမနေတော့ပဲ လက်ခံလိုက်သည်...

'အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ရမှာပဲ... ကျမအတွက် ပိုအဆင်ပြေတာပေါ့...'

'အိုခေ...'

သူကခေါင်းတငြိမ့်ငြိမ်နဲ့ ဇုံ့လက်ထဲကဘီးကို လွှဲပြောင်းယူသည်...

သူကကျွမ်းကျွမ်းကျင်ကျင်ပဲ ဘီးကိုလဲတပ်နေပြီး အပိုစကားတခွန်းမှမဆို...
ဇုံက သူလုပ်သမျှကိုလိုက်ကြည့်ရင်း သူ့ကို မသိမသာအကဲခတ်နေမိသည်...
ရုပ်ရည်က မင်းသားတွေလို အရမ်းချောမနေပေမဲ့ ပါးသိုင်းမွှေးရေးရေးနဲ့ ဆွဲဆောင်မှုတော့ရှိပါသည်...

'ကဲရပြီဗျ... ဘီးအပိုပါလို့တော်သေးတာပေါ့... မဟုတ်ရင် ခင်ဗျားအချိန်တွေ အကြာကြီး အလကားကုန်တယ်...'

'အင်း ဟုတ်ပါတယ်...'

'ဒါဆို...'

အကြည့်တချက်နဲ့သာ နှုတ်ဆက်သလိုကြည့်ပြီး ထွက်သွားတော့ ဇုံ အားနာနာနဲ့ ကျေးဇူးစကားလှမ်းပြောလိုက်ရသည်...

သူက ကြားလားမကြားလားတော့မသိ ဘာမှပြန်မပြောပဲ သူ့ကားပေါ်သူတက်ပြီး မောင်းထွက်သွားတော့ ဇုံလည်း ပြန်ဖို့ပြင်ရသည်...
နောက်‌လည်းထပ်တွေ့ကြမဲ့သူတွေမှ မဟုတ်တာ နေပါစေတော့...
သူ့ကိုကြည့်ရတာ တကူးတကကြီး ကျေးဇူးအတင်ခံချင်နေတဲ့ပုံလည်း မဟုတ်ဘူးလေ...

xxxxx

'တကယ်လား... ဗိုက်ဆာနေတာနဲ့ အတော်ပဲ... အေး အေး လင်းသန့်ရေ ကျေးဇူးပဲ သိလား...'

ရုံးတွင်း extension ဖုန်းကိုချလိုက်ပြီး မုန့်သံကြားသည်နှင့် အလိုလိုအူမြူးတတ်တဲ့မွန်တယောက် တက်ကြွကြွနဲ့ အားလုံးကို နှိုးဆော်လိုက်သည်...

'ကဲ... အားလုံးပဲ... Boss က အားလုံးအတွက် မုန့်တွေမှာထားတယ်... Mess Room မှာ သွားစားကြပါတဲ့...'

ကလေးတွေထွက်သွားပြီဆိုမှ မွန်လည်း ငုံတို့ရုံးခန်းဘက်ခြေဦးလှည့်လိုက်သည်...
အဲ့ဒီလိုမှ သွားမခေါ်ရင် ဒေါ်ဖူးပွင့်ငုံက လုံးဝသွားစားမှာမဟုတ်ဘူး...

ငုံ့အခန်းဆီရောက်တော့ ငုံကမရှိ...
သူ့လက်အောက်က ကလေးတွေသာ စုရုံးစုရုံးနဲ့ တခုခုကို ဆွေးနွေးနေကြသည်...

'ယမင်းတို့ ဘာတွေ‌လုပ်နေကြတာလဲ... Boss က အားလုံးအတွက် မုန့်တွေမှာထားတယ်တဲ့ သွားမစားကြဘူးလား... ငုံကော ဘယ်ရောက်နေလဲ...'

'ဟော မမမွန်... ဒီမှာလေ အဲ့ဒါပြောနေတာ... မမငုံက Boss ရုံးခန်းကိုသွားတာ အခုထိပြန်မရောက်သေးဘူး... အဆူများခံနေရတာလားမသိဘူး... မမငုံတော့ သနားပါတယ်...'

'ဟင်... ဟုတ်လား...'

'ဟုတ်တယ်... ဟိုတနေ့ကလည်း အဆူခံရပုံပဲသိလား... Boss ဆီကို report သွားတင်ပြီးပြန်လာတော့ မမငုံမျက်နှာကိုနီရဲနေတာပဲ ဘယ်လောက်တောင် ဒေါသထွက်လာလည်းမသိဘူး...'

'ဟုတ်ပ... ဟုတ်ပ...'

'ဘာဆူစရာရှိမှာလဲဟာ သိပ်လည်းစိတ်မပူကြပါနဲ့...'

သူတို့ manager အဆူခံရမှာကို စိတ်ပူနေကြသည့်ကလေးတွေကို နှစ်သိမ့်ရင်း မွန်ကိုယ်တိုင်လည်း တခုခုထူးဆန်းနေသလို စိတ်ကထင်နေသည်...

Bossနဲ့ငုံ ငပလီကို အတူတူသွားပြီး ပြန်လာကတည်းက ထူးဆန်းနေတာ ဘာထူးဆန်းတာလဲဆိုတာတော့ သေချာမပြောတတ်...

အပြင်ကလူတွေ ကျွတ်စီကျွတ်စီဖြစ်နေကြသလို ဒေါ်မေပြည့်စုံရဲ့ရုံးခန်းအတွင်းမှာလည်း ထိုနည်းလည်းကောင်း...

'အဲ့ဒါဆို မေမေသိသွားမှာပေါ့ မဖြစ်ပါဘူး...'

'မရဘူးကွာ... ကိုယ်ပြောတာတခုခုတော့ လက်ခံပေးရမှာပဲ...'

'ရှင်ကလည်း... ငုံ မေမေ့ကိုစိတ်မချပါဘူးဆို...'

'အင်းလေ... အဲ့ဒါကြောင့် ကိုယ်ပြောသလိုလုပ်လိုက်ရင် အဆင်ပြေပြီလေ...'

'ဘယ်မှာအဆင်ပြေလို့လဲ... ငုံ့အတွက် အဆင်မပြေဘူးလေ... သူများတွေ ဘယ်လိုပြောကြမလဲ...'

'ဘယ်သူပြောတာကိုမှ ဂရုစိုက်စရာမလိုဘူး... ကိုယ်က ငုံလေးချစ်သူပဲ ကိုယ့်တယောက်တည်းကိုပဲ အာရုံစိုက်ထား... ပြီးတော့ ငုံလေး​ပဲ ကိုယ့်ကို ညဘက်တွေစောစောအိပ်ဆို... ကိုယ်တယောက်တည်းဆို ဘယ်လိုမှ အစောကြီးအိပ်လို့မပျော်တာ ငုံလေးသိရဲ့သားနဲ့... နော်... ကိုယ်က ငုံလေးစကားကို နားထောင်ဖို့ ကြိုးစားနေတာလေကွာ... နော် ခေါင်းငြိမ့်လိုက်...'

ဒေါ်မေပြည့်စုံကို ပြောရဆိုရ အင်မတန်လက်ပေါက်ကပ်လိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဖူး...
အခုတော့ သူနဲ့ပြိုင်ငြင်းနေတာ တော်တော်လေး ကြာသလောက်ဖြစ်နေပြီကို အခုထိ လက်မလျှော့သေး...

သူတောင်းဆိုတာကိုလည်းကြည့်ပါဦး...
ငုံနဲ့မေမေကို သူ့အိမ်မှာလိုက်နေရမတဲ့လေ...
အကြောင်းပြချက်ကတော့ မေမေက လူကြီးမို့ ၅လွှာတိုက်ခန်းလှေကားက အတက်အဆင်း ဒုက္ခများသည်ဟုဆိုသည်...

သူ့အိမ်ကလည်း ကွန်ဒိုတိုက်ခန်းပဲ ဘာထူးလဲဆိုတော့ သူ့အိမ်က ဓါတ်လှေကားရှိပြီး ၂၄ နာရီလုံး Service အပြည့်နဲ့မို့ လုံခြုံရေးလည်း စိတ်ပူစရာမလိုပါတဲ့လေ...
အဲ့ဒါမှမဟုတ်ရင် သူက ငုံတို့အိမ်ကိုလိုက်နေမည်ဆိုပြန်သည်...
နှစ်ခုလုံးဘယ်ဟာမှအဆင်မပြေတာကို ပြောပြလို့ ဘယ်လိုမှမရ...
ပတ်ဝန်းကျင်ကပြောကြမှာကို သူနည်းနည်းမှ ထည့်မစဥ်းစားတော့ဘူးလားမသိ...

'ကဲပါကွာ... အဲ့လောက် မျက်မှောင်ကြီးကုပ်ပြီး စဥ်းစားမနေပါနဲ့... အတင်းအကျပ်ကြီး လုပ်ရမယ်လို့ မပြောပါဘူး... ဟိုလူက အိမ်ကိုအဝင်အထွက်လုပ်နေတာကို နည်းနည်းမှမကြိုက်လို့သာ ဒီလိုပြောမိသွားတာ...'

'ဘယ်သူလဲ...အော် ကိုစည်သူလား...'

'ဟုတ်တယ် ငုံလေးကိုကြည့်တဲ့ သူ့မျက်လုံးတွေကို ကိုယ်မကြိုက်ဘူး... ပြီးတော့ အန်တီကလည်း ငုံလေးနဲ့သူ့ကို သဘောတူနေသလိုပဲ ကိုယ်လုံးဝဘဝင်မကျဘူး... ငုံလေးတို့သာ ကိုယ့်အရိပ်အောက်မှာဆိုရင် သူ့ကို ငုံလေးအနားကပ်လို့မရအောင်ကိုလုပ်ပစ်မှာ...'

မကျေနပ်သမျှတွေပြောလည်းပြောရင်း မနေ့က ကိစ္စကိုလည်း လုံးဝအခဲမကျေ...

မနေ့က ငုံလေးက အလုပ်ကိုလာရတော့ အိမ်မှာတယောက်တည်းကျန်နေခဲ့သည့် အန်တီက ရုတ်တရက် သွေးတိုးတာကြောင့် ငုံလေးက နေ့တဝက်ခွင့်ယူပြီး အိမ်ပြန်ဆေးခန်းပြရသည်...
ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ...
ဟို စည်သူလင်းဆိုတဲ့လူက သူရုံးနားမှာရောက်နေကြောင်း ငုံလေးဆီဖုန်းဆက်​တော့ သူရှိနေတာနဲ့ ငုံလေးရဲ့အခက်အခဲတွေ အဆင်ပြေသွားရသတဲ့...

ဒီမနက်မှာ အဲ့ဒီကိစ္စကို ငုံလေးရဲ့ section က ကောင်မလေးတွေက အားကျသလိုပြောနေကြတာကို ကြားပြီး ပဲခူးကို အလုပ်ကိစ္စနဲ့သွားလိုက်သည့် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မဆုံး...
ဇုံသာရှိရင် ငုံလေးက သူ့ကိုပဲအားကိုးမှာကို...

အခုတော့ ပဲခူးကို ကိုယ်တိုင်သွားခဲ့သည့်ရလဒ်အဖြစ် သိန်းထောင်ချီမြတ်တာကို ဝမ်းသာရမဲ့အစား စိတ်တွေတိုနေတာ ထိန်းလို့မရ...

အဲ့ဒါနဲ့ပဲ သူနဲ့လာနေဖို့ ငုံလေးကို အတင်းခေါ်နေတာဖြစ်သည်...

'ငုံ သူ့ကို ငြင်းပြီးသားပါ...'

'ဒါတောင် သူက လိုက်ကပ်နေတုန်းပဲမလား... နောက်တခါဆို ကိုယ်နဲ့ငုံလေးက ချစ်သူတွေဆိုတာ သူ့ကိုပြောပြလိုက်...'

'ဘာဆိုင်လို့လဲ... ပေါက်ကရတွေလျှောက်ပြောမနေနဲ့... ဒီကိစ္စကြီးပဲပြောမှာဆိုရင် အပြင်ထွက်တော့မယ်... တော်ကြာ သူများတွေ တမျိုးထင်ကုန်လိမ့်မယ်...'

'ငုံလေးနော်... ဘာဆိုင်လို့လဲလို့ နောက်တခါမမေးနဲ့... ဆိုင်ချင်လွန်းလို့ ကိုယ်စီစဉ်ထားတာတွေကို ထုတ်ပြလိုက်ရင် ငုံလေးအကြီးအကျယ်အံ့ဩသွားနိူင်တယ်... ကိုယ့်ကို လျော့မတွက်နဲ့ ငုံလေးကို ကိုယ်က မရရအောင်ယူမှာ...'

'ဟွန့်...'

မျက်လုံးတဖက်ကို ဖျတ်ခနဲမှိတ်ပြကာ ညှို့ရီရီပြုံးကြည့်နေပြန်တော့ မျက်စောင်းထိုးလုဆဲဆဲကနေ မျက်နှာလွှဲပစ်လိုက်ရသည်...

အခုတလော ငုံ့ကို လိုတာထက်ပိုပြီး သူ့ဘက်ပါအောင် မြူစွယ်နေသည့် ဒီဘွားတော်ကို ဘယ်လိုမှကြည့်မရ...
အလုပ်ကိုရောက်ပြီဆိုတာနဲ့ လူကို တချိန်လုံး သူ့ရုံးခန်းထဲခေါ်ခေါ်နေတော့ ဘယ်အလုပ်မှကို ကောင်းကောင်းမပြီးဘူး...
ဖြစ်ချင်တော့ မနေ့ကကိစ္စကလည်း တိုက်တိုက်ဆိုင်ဆိုင် သူမရှိချိန်ဖြစ်သွားတော့ ပိုဆိုးသည်လေ...

'ကဲပါ... စိတ်မဆိုးပါနဲ့... လာ မုန့်စားရအောင်နော်... ကိုယ် ခွံ့ကျွေးမယ်...'

ပန်းကန်ထဲထည့်ထားသည့် ချောကလက်ကိတ်တုံးလေးကို ဇွန်းနဲ့ဖဲ့ကာခွံ့ကျွေးလိုက်သည်...
ငုံလေးက ဇုံကျွေးသမျှကို မငြင်းဆန်ပဲ နာခံစွာစားရင်း ငြိမ်သက်နေသလို သူမလေးကို ရင်နှင့်အမျှမြတ်နိုးမိရသည့် ဇုံမှာလည်း သူ့မျက်နှာလေးကိုကြည့်ရင်း တငြိမ့်ငြိမ့်လှုပ်ခတ်နေသည့် ရင်ခုန်သံတွေကို နှစ်သက်စွာခံစားနေမိသည်...

xxxxx

ဘေးကနေ လှစ်ခနဲ လှစ်ခနဲ ပျောက်ပျောက်သွားတတ်သည့်ငုံလေးကို အသဲတယားယားနဲ့ကြည့်ရင်း သူ့လက်ကလေးကိုင်ထားဖို့ အခွင့်အရေးကိုချောင်းနေမိသည်...

ဒီနေ့ စောစောစီးစီး ငုံလေးတို့အိမ်ကို ရောက်နေရခြင်းအကြောင်းရင်းကတော့ ငုံလေးရဲ့မေမေက မုန့်ဟင်းခါးချက်ကျွေးမည့်အကြောင်း​ ဖုန်းဆက်ပြောတာမို့ သိပ်မလာချင်ရှာသည့် ဇုံက မိုးလင်းတာနဲ့ ရောက်လာတာဖြစ်သည်...

နှစ်ယောက်သား အန်တီပေးလိုက်သည့်စာရင်းစာရွက်ကိုင်ကာ ရပ်ကွက်ဈေးထဲမှာ တဆိုင်ဝင်တဆိုင်ထွက်နဲ့ မှာတာတွေ စုံသလောက်တော့ရှိနေပြီ...

ငုံလေးနဲ့အတူ ဈေးဝယ်ထွက်ရတာက ဇုံ့အတွက် ပထမဆုံးအတွေ့အကြုံမဟုတ်ပေမဲ့ ဇုံက အခုမှ ဝဋ်လည်တာဖြစ်မည်...
အရင်တုန်းကတော့ ငုံလေးနဲ့အပြင်တွေဘာတွေသွားရင် ဇုံ့လက်ကိုလာလာတွဲတတ်တဲ့သူက ငုံလေးဖြစ်ပြီး ဇုံကတော့ အဲ့ဒီလို လက်ချင်းတွဲထားရင် သူများတွေကြည့်ပြီး တမျိုးထင်မှာကို အမြဲစိုးရိမ်ခဲ့တာ...

အခုကျတော့ ပြောင်းပြန်...
ငုံလေးက လက်တွဲမလျှောက်ချင်ဘူးလို့မပြောပေမဲ့ တခုခုဝယ်သလိုလိုနဲ့ ဇုံ့လက်ကို မသိမသာဖြုတ်ချပစ်တတ်တာကို လိုက်တွဲဖို့ကြိုးစားနေရသည်လေ...

ဒါတောင် လက်တွဲဖို့နေနေသာသာ မှာတာတွေကော မမှာတာတွေကော အကုန်ဝယ်လို့အပြီးမှာတော့ ဇုံ့လက်တွေက အားတောင်မအားတော့...

နောက်တခါဆို နှစ်ယောက်သားကြည်ကြည်နူးနူး ဈေးဝယ်လို့ရတဲ့ City Mart လိုနေရာမျိုးမှာပဲ သွားဝယ်ရမယ် ...

'အင်း... စုံပြီထင်တာပဲ... ရှင် ဗိုက်ဆာလား ဘာစားချင်လဲ...'

'ရပါတယ် မဆာသေးပါဘူး... အိမ်ရောက်မှပဲ coffee တခွက်လောက်သောက်တော့မယ်...'

'ဒါဆို ပြန်ကြမယ်လေ... အထုတ်တွေ ငုံ့ကိုတဝက်ပေးပါ... မနိူင်မနင်းဖြစ်နေပြီ...'

'ရတယ် ရတယ်... ငုံလေးက ကိုယ့်ကို တခုပဲကူညီပေး... ဈေးထဲကထွက်ပြီး လမ်းပေါ်ရောက်တာနဲ့ ကိုယ့်လက်ကိုတွဲထားပေး...'

'ဟင်... ဘာလို့...'

'ကားတွေရှုပ်တော့ ကိုယ်ကြောက်လို့...'

စ,ပြန်ပြီလားဆိုတဲ့အကြည့်နဲ့ သူ့မျက်နှာကိုကြည့်လိုက်တော့ သူက ခပ်တည်တည်...

'တကယ်ပြောနေတာ... ကိုယ်က ကားမောင်းနေရင်သာမကြောက်တာ... ဒီအတိုင်းကျတော့ နည်းနည်းကြောက်တယ်...'

ဇုံပြောတဲ့စကား ထိရောက်လားမထိရောက်လားသိချင်ရင်တော့ ဈေးကအပြန် ဈေးခြင်းတောင်းအပြင် အထုတ်တွေအများကြီးဆွဲလာရတာတောင် ပြုံးပြုံးကြီးပြန်လာသည့် ဇုံ့ကိုသာ မေးကြည့်လိုက်ကြပါတော့...

xxxxx

အိမ်ကလေးမှာ သူ့အကြည့်တွေကိုသူ မယုံနိူင်လောက်အောင် ဖြစ်သွားရသည်...
မနက်စောစောထလာရတာမို့ အိပ်ချင်မူးတူးများဖြစ်နေလားလို့ ကမန်းကတန်း ကားကိုလမ်းဘေးမှာရပ်ပြီး သေသေချာချာကြည့်မိတော့ သေချာပါတယ်...
ငုံလေးမှ ငုံလေးပါပဲ...

ကြည့်စမ်းပါဦး...
ရှာနေတုန်းကတော့ လုံးဝအဆက်ပြတ်သွားသလို ဖြစ်နေတာမို့ ပြန်မတွေ့ရတော့ဘူးလို့ပဲ ထင်ထားတာ... အခုတော့...
ဝမ်းသာအားရနဲ့ ကားပေါ်ကဆင်းမလို့...
ဒါပေမဲ့ ငုံလေးနဲ့အတူ လက်ချင်းတွဲလာသည့် နောက်တယောက်ကိုအမြင်မှာတော့ ခြေလှမ်းတွေကို ပြန်ရုပ်လိုက်ရသည်...
မေပြည့်စုံရယ်လေ...

မေပြည့်စုံနဲ့ငုံလေးကတော့ လမ်းတဖက်က အိမ်ကလေးကိုမမြင်ပါ...

မြင်လိုက်ရသည့် အိမ်ကလေးမှာသာ ရင်ထဲရှုပ်ထွေးမှုတွေနဲ့ ဆူပွက်နေရသည်...

အိမ်ကိုပြန်ရောက်သည့်တိုင်အောင် ပြုံးရွှင်ရယ်မောနေသည့် ငုံလေးမျက်နှာက မျက်လုံးထဲကမထွက်...
နှစ်တွေဒီလောက်ကြာနေပြီကို မေပြည့်စုံကို အခုထိသဘောကျနေတုန်းလား ငုံလေးရယ်...

သူသိရသလောက် မေပြည့်စုံနဲ့ငုံလေးဟာလည်း အဆက်အသွယ်မရှိတော့တာ ကြာလှပြီပဲ...
မေပြည်စုံက သူ့ထက် ခြေတလှမ်းသာသွားပြန်ပြီလား...

စိတ်ရှုပ်ရှုပ်နဲ့ မွေ့ယာပေါ်ပစ်လှဲရင်း ဘာဆက်လုပ်ရမလဲလို့ အကြံထုတ်နေမိသည်...
နောက်တော့ သိပ်မကြာသေးခင်ကမှ US ကပြန်လာသည့် သူငယ်ချင်းတယောက်ကို သတိရသွားသည်...

ဟုတ်သားပဲ...
သူနဲ့ကိစ္စကြီးတခုလုပ်ဖို့ တိုင်ပင်ထားတာကို အကျိုးအကြောင်းမေးဖို့ သတိရသွားပြီး မွေ့ယာပေါ်က လူးလဲထရင်း ထိုလူ့ဆီဖုန်းဆက်လိုက်သည်...

သူပြောပြသည့်အကြောင်းအရာတွေကို နားထောင်ရင်း လူက တဖြေးဖြေးအလိုမကျစိတ်နဲ့အတူ မျက်မှောင်တွန့်လာတော့သည်...

'အဲ့လိုပုံစံနဲ့ ရပါလိမ့်မယ်... သူက သိပ်တော့မလွယ်ဘူးနော်...'

'.....'

'အတည်ဆိုတော့လည်း ဘာဖြစ်သေးလဲ... ငါက ဝမ်းနည်းမနေဘူး... အဓိကက ငါလိုချင်တာကို ရဖို့ပဲ...'

တဖက်ကပြန်အပြောကို စောင့်မနေတော့ပဲ ဖုန်းကိုချပစ်လိုက်ပြီး မွေ့ယာပေါ်ပစ်တင်လိုက်သည်...

ကိုယ်လိုချင်တာကို သေချာသိပြီဆိုမှတော့ အဲ့ဒီအရာကို ပိုင်ဆိုင်ရဖို့ ဘယ်နည်းနဲ့မဆို ရအောင်ကြိုးစားမှာဖြစ်သည်...

ဒီတခါ ငါနိူင်ကိုနိူင်စေရမယ်... စောင့်ကြည့်လိုက် ဇုံ...

TBC...

Zawgyi

'ဟာ ဒုကၡပါပဲကြာ... ျမန္ျမန္ေရာက္ခ်င္ပါတယ္ဆိုေန...'

ပါးစပ္ကလည္း မရပ္မနားညည္းၫူရင္း ကိုယ့္ကိုယ္ကိုယ္လည္း အျပစ္တင္ရင္း လင္းသန႔္ကိုေခၚမလာမိတာကို ေနာင္တရခ်င္သြားသည္...

ဒီေန့ ရံုးကိုေရာက္မွ အလုပ္ကိစၥေပၚလာတာနဲ႔ တေယာက္တည္း ပဲခူးကိုထြက္လာျခင္းျဖစ္သည္...
ကိုယ္တိုင္မလာလို႔လည္းမျဖစ္ေတာ့ ရံုးကကိစၥေတြကို လင္းသန႔္နဲ႔လႊဲထားခဲ့ၿပီး ကတိုက္ကရိုက္ထြက္လာမိလိုက္တာ...
အသြားတုန္းကေတာ့ အဆင္ကိုေခ်ာလို႔ပဲ...
အလုပ္လည္းအဆင္ေျပ အကုန္အဆင္ေျပေပမဲ့ အျပန္က်မွ ကားက‌ ေဗြထေဖာက္ၿပီး ဘီးေပါက္သြားေတာ့သည္...
အရင္ကဆို ဇံုက ကားနဲ႔ခရီးထြက္ခါနီးရင္ ကားကိုစိတ္ႀကိဳက္စစ္ေဆးၿပီးမွထြက္တာမို႔ ဒီလိုအျဖစ္မ်ိဳးတခါမွမျဖစ္ဖူး...

အနီးအနားမွာလည္း ဝပ္ေရွာ့ေတြဘာေတြမေတြ့...
ခါတိုင္းေတာ့ ကားဝပ္ေရွာ့ေတြ ဒီေလာက္ေပါလ်က္နဲ႔ အခုမွ ဘယ္ေရာက္ကုန္ၾကလည္းမသိ...

မတတ္ႏိူင္...
ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ့္ဟာကိုယ္သာ spare wheel လဲရေတာ့မည္...
တခါမွေတာ့ မလုပ္ဖူးေပမဲ့ အဆင္ေတာ့ေျပမွာပါ...

'အကူအညီလို‌ေသးလားဗ်...'

တေယာက္တည္း အလုပ္ရႈပ္ေနတုန္း ေဘးကအသံေၾကာင့္ လွၫ့္ၾကၫ့္လိုက္ေတာ့ ဇံုနဲ႔ရြယ္တူေလာက္ရိွမၫ့္ ေယာက်ၤားတေယာက္...

'ခင္ဗ်ား တေယာက္တည္း ဘီးလဲရတာ အဆင္ေျပမယ္မထင္လို႔ေမးတာပါ...'

တည္ၿငိမ္တဲ့မ်က္ႏွာနဲ႔သူက မ်က္ခံုးကိုပင့္ကာ ထပ္‌ေျပာသည္...
သူ႔ကိုၾကၫ့္ရတာ မိန္းကေလးတေယာက္တည္းမို႔ တမင္ဖြန္ေၾကာင္ခ်င္လို႔ထက္ တကယ္ကူညီေပးခ်င္တဲ့ပံုစံမို႔ ဇံုလည္း ျငင္းမေနေတာ့ပဲ လက္ခံလိုက္သည္...

'အဲ့ဒါဆိုရင္ေတာ့ ေက်းဇူးတင္ရမွာပဲ... က်မအတြက္ ပိုအဆင္ေျပတာေပါ့...'

'အိုေခ...'

သူကေခါင္းတၿငိမ့္ၿငိမ္နဲ႔ ဇံု႔လက္ထဲကဘီးကို လႊဲေျပာင္းယူသည္...

သူကကြၽမ္းကြၽမ္းက်င္က်င္ပဲ ဘီးကိုလဲတပ္ေနၿပီး အပိုစကားတခြန္းမွမဆို...
ဇံုက သူလုပ္သမ်ွကိုလိုက္ၾကၫ့္ရင္း သူ႔ကို မသိမသာအကဲခတ္ေနမိသည္...
ရုပ္ရည္က မင္းသားေတြလို အရမ္းေခ်ာမေနေပမဲ့ ပါးသိုင္းေမႊးေရးေရးနဲ႔ ဆြဲေဆာင္မႈေတာ့ရိွပါသည္...

'ကဲရၿပီဗ်... ဘီးအပိုပါလို႔ေတာ္ေသးတာေပါ့... မဟုတ္ရင္ ခင္ဗ်ားအခ်ိန္ေတြ အၾကာႀကီး အလကားကုန္တယ္...'

'အင္း ဟုတ္ပါတယ္...'

'ဒါဆို...'

အၾကၫ့္တခ်က္နဲ႔သာ ႏႈတ္ဆက္သလိုၾကၫ့္ၿပီး ထြက္သြားေတာ့ ဇံု အားနာနာနဲ႔ ေက်းဇူးစကားလွမ္းေျပာလိုက္ရသည္...

သူက ၾကားလားမၾကားလားေတာ့မသိ ဘာမျွပန္မေျပာပဲ သူ႔ကားေပၚသူတက္ၿပီး ေမာင္းထြက္သြားေတာ့ ဇံုလည္း ျပန္ဖို႔ျပင္ရသည္...
ေနာက္‌လည္းထပ္ေတြ့ၾကမဲ့သူေတြမွ မဟုတ္တာ ေနပါေစေတာ့...
သူ႔ကိုၾကၫ့္ရတာ တကူးတကႀကီး ေက်းဇူးအတင္ခံခ်င္ေနတဲ့ပံုလည္း မဟုတ္ဘူးေလ...

xxxxx

'တကယ္လား... ဗိုက္ဆာေနတာနဲ႔ အေတာ္ပဲ... ေအး ေအး လင္းသန႔္ေရ ေက်းဇူးပဲ သိလား...'

ရံုးတြင္း extension ဖုန္းကိုခ်လိုက္ၿပီး မုန႔္သံၾကားသည္ႏွင့္ အလိုလိုအူျမဴးတတ္တဲ့မြန္တေယာက္ တက္ႂကြၾကြနဲ႔ အားလံုးကို ႏိႈးေဆာ္လိုက္သည္...

'ကဲ... အားလံုးပဲ... Boss က အားလံုးအတြက္ မုန႔္ေတြမွာထားတယ္... Mess Room မွာ သြားစားၾကပါတဲ့...'

ကေလးေတြထြက္သြားၿပီဆိုမွ မြန္လည္း ငံုတို႔ရံုးခန္းဘက္ေျခဦးလွၫ့္လိုက္သည္...
အဲ့ဒီလိုမွ သြားမေခၚရင္ ေဒၚဖူးပြင့္ငံုက လံုးဝသြားစားမွာမဟုတ္ဘူး...

ငံု႔အခန္းဆီေရာက္ေတာ့ ငံုကမရိွ...
သူ႔လက္ေအာက္က ကေလးေတြသာ စုရံုးစုရံုးနဲ႔ တခုခုကို ေဆြးေနြးေနၾကသည္...

'ယမင္းတို႔ ဘာေတြ‌လုပ္ေနၾကတာလဲ... Boss က အားလံုးအတြက္ မုန႔္ေတြမွာထားတယ္တဲ့ သြားမစားၾကဘူးလား... ငံုေကာ ဘယ္ေရာက္ေနလဲ...'

'ေဟာ မမမြန္... ဒီမွာေလ အဲ့ဒါေျပာေနတာ... မမငံုက Boss ရံုးခန္းကိုသြားတာ အခုထိျပန္မေရာက္ေသးဘူး... အဆူမ်ားခံေနရတာလားမသိဘူး... မမငံုေတာ့ သနားပါတယ္...'

'ဟင္... ဟုတ္လား...'

'ဟုတ္တယ္... ဟိုတေန့ကလည္း အဆူခံရပံုပဲသိလား... Boss ဆီကို report သြားတင္ၿပီးျပန္လာေတာ့ မမငံုမ်က္ႏွာကိုနီရဲေနတာပဲ ဘယ္ေလာက္ေတာင္ ေဒါသထြက္လာလည္းမသိဘူး...'

'ဟုတ္ပ... ဟုတ္ပ...'

'ဘာဆူစရာရိွမွာလဲဟာ သိပ္လည္းစိတ္မပူၾကပါနဲ႔...'

သူတို႔ manager အဆူခံရမွာကို စိတ္ပူေနၾကသည့္ကေလးေတြကို ႏွစ္သိမ့္ရင္း မြန္ကိုယ္တိုင္လည္း တခုခုထူးဆန္းေနသလို စိတ္ကထင္ေနသည္...

Bossနဲ႔ငံု ငပလီကို အတူတူသြားၿပီး ျပန္လာကတည္းက ထူးဆန္းေနတာ ဘာထူးဆန္းတာလဲဆိုတာေတာ့ ေသခ်ာမေျပာတတ္...

အျပင္ကလူေတြ ကြၽတ္စီကြၽတ္စီျဖစ္ေနၾကသလို ေဒၚေမျပည့္စံုရဲ့ရံုးခန္းအတြင္းမွာလည္း ထိုနည္းလည္းေကာင္း...

'အဲ့ဒါဆို ေမေမသိသြားမွာေပါ့ မျဖစ္ပါဘူး...'

'မရဘူးကြာ... ကိုယ္ေျပာတာတခုခုေတာ့ လက္ခံေပးရမွာပဲ...'

'ရွင္ကလည္း... ငံု ေမေမ့ကိုစိတ္မခ်ပါဘူးဆို...'

'အင္းေလ... အဲ့ဒါေၾကာင့္ ကိုယ္ေျပာသလိုလုပ္လိုက္ရင္ အဆင္ေျပၿပီေလ...'

'ဘယ္မွာအဆင္ေျပလို႔လဲ... ငံု႔အတြက္ အဆင္မေျပဘူးေလ... သူမ်ားေတြ ဘယ္လိုေျပာၾကမလဲ...'

'ဘယ္သူေျပာတာကိုမွ ဂရုစိုက္စရာမလိုဘူး... ကိုယ္က ငံုေလးခ်စ္သူပဲ ကိုယ့္တေယာက္တည္းကိုပဲ အာရံုစိုက္ထား... ၿပီးေတာ့ ငံုေလး​ပဲ ကိုယ့္ကို ညဘက္ေတြေစာေစာအိပ္ဆို... ကိုယ္တေယာက္တည္းဆို ဘယ္လိုမွ အေစာႀကီးအိပ္လို႔မေပ်ာ္တာ ငံုေလးသိရဲ့သားနဲ႔... ေနာ္... ကိုယ္က ငံုေလးစကားကို နားေထာင္ဖို႔ ႀကိဳးစားေနတာေလကြာ... ေနာ္ ေခါင္းၿငိမ့္လိုက္...'

ေဒၚေမျပည့္စံုကို ေျပာရဆိုရ အင္မတန္လက္ေပါက္ကပ္လိမ့္မယ္လို႔ ဘယ္တုန္းကမွမထင္ခဲ့ဖူး...
အခုေတာ့ သူနဲ႔ၿပိဳင္ျငင္းေနတာ ေတာ္ေတာ္ေလး ၾကာသေလာက္ျဖစ္ေနၿပီကို အခုထိ လက္မေလ်ွာ့ေသး...

သူေတာင္းဆိုတာကိုလည္းၾကည့္ပါၪီး...
ငံုနဲ႔ေမေမကို သူ႔အိမ္မွာလိုက္ေနရမတဲ့ေလ...
အေၾကာင္းျပခ်က္ကေတာ့ ေမေမက လူႀကီးမို႔ ၅လႊာတိုက္ခန္းေလွကားက အတက္အဆင္း ဒုကၡမ်ားသည္ဟုဆိုသည္...

သူ႔အိမ္ကလည္း ကြန္ဒိုတိုက္ခန္းပဲ ဘာထူးလဲဆိုေတာ့ သူ႔အိမ္က ဓါတ္ေလွကားရိွၿပီး ၂၄ နာရီလံုး Service အျပၫ့္နဲ႔မို႔ လံုၿခံဳေရးလည္း စိတ္ပူစရာမလိုပါတဲ့ေလ...
အဲ့ဒါမွမဟုတ္ရင္ သူက ငံုတို႔အိမ္ကိုလိုက္ေနမည္ဆိုျပန္သည္...
ႏွစ္ခုလံုးဘယ္ဟာမွအဆင္မေျပတာကို ေျပာျပလို႔ ဘယ္လိုမွမရ...
ပတ္ဝန္းက်င္ကေျပာၾကမွာကို သူနည္းနည္းမွ ထည့္မစဥ္းစားေတာ့ဘူးလားမသိ...

'ကဲပါကြာ... အဲ့ေလာက္ မ်က္ေမွာင္ႀကီးကုပ္ၿပီး စဥ္းစားမေနပါနဲ႔... အတင္းအက်ပ္ႀကီး လုပ္ရမယ္လို႔ မေျပာပါဘူး... ဟိုလူက အိမ္ကိုအဝင္အထြက္လုပ္ေနတာကို နည္းနည္းမွမႀကိဳက္လို႔သာ ဒီလိုေျပာမိသြားတာ...'

'ဘယ္သူလဲ...ေအာ္ ကိုစည္သူလား...'

'ဟုတ္တယ္ ငံုေလးကိုၾကည့္တဲ့ သူ႔မ်က္လံုးေတြကို ကိုယ္မႀကိဳက္ဘူး... ၿပီးေတာ့ အန္တီကလည္း ငံုေလးနဲ႔သူ႔ကို သေဘာတူေနသလိုပဲ ကိုယ္လံုးဝဘဝင္မက်ဘူး... ငံုေလးတို႔သာ ကိုယ့္အရိပ္ေအာက္မွာဆိုရင္ သူ႔ကို ငံုေလးအနားကပ္လို႔မရေအာင္ကိုလုပ္ပစ္မွာ...'

မေက်နပ္သမ်ွေတြေျပာလည္းေျပာရင္း မေန့က ကိစၥကိုလည္း လံုးဝအခဲမေက်...

မေန့က ငံုေလးက အလုပ္ကိုလာရေတာ့ အိမ္မွာတေယာက္တည္းက်န္ေနခဲ့သည့္ အန္တီက ရုတ္တရက္ ေသြးတိုးတာေၾကာင့္ ငံုေလးက ေန့တဝက္ခြင့္ယူၿပီး အိမ္ျပန္ေဆးခန္းျပရသည္...
ဘယ္ေလာက္တိုက္ဆိုင္လိုက္သလဲ...
ဟို စည္သူလင္းဆိုတဲ့လူက သူရံုးနားမွာေရာက္ေနေၾကာင္း ငံုေလးဆီဖုန္းဆက္​ေတာ့ သူရိွေနတာနဲ႔ ငံုေလးရဲ့အခက္အခဲေတြ အဆင္ေျပသြားရသတဲ့...

ဒီမနက္မွာ အဲ့ဒီကိစၥကို ငံုေလးရဲ့ section က ေကာင္မေလးေတြက အားက်သလိုေျပာေနၾကတာကို ၾကားၿပီး ပဲခူးကို အလုပ္ကိစၥနဲ႔သြားလိုက္သည့္ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္မဆံုး...
ဇံုသာရိွရင္ ငံုေလးက သူ႔ကိုပဲအားကိုးမွာကို...

အခုေတာ့ ပဲခူးကို ကိုယ္တိုင္သြားခဲ့သည့္ရလဒ္အျဖစ္ သိန္းေထာင္ခ်ီျမတ္တာကို ဝမ္းသာရမဲ့အစား စိတ္ေတြတိုေနတာ ထိန္းလို႔မရ...

အဲ့ဒါနဲ႔ပဲ သူနဲ႔လာေနဖို႔ ငံုေလးကို အတင္းေခၚေနတာျဖစ္သည္...

'ငံု သူ႔ကို ျငင္းၿပီးသားပါ...'

'ဒါေတာင္ သူက လိုက္ကပ္ေနတုန္းပဲမလား... ေနာက္တခါဆို ကိုယ္နဲ႔ငံုေလးက ခ်စ္သူေတြဆိုတာ သူ႔ကိုေျပာျပလိုက္...'

'ဘာဆိုင္လို႔လဲ... ေပါက္ကရေတြေလ်ွာက္ေျပာမေနနဲ႔... ဒီကိစၥႀကီးပဲေျပာမွာဆိုရင္ အျပင္ထြက္ေတာ့မယ္... ေတာ္ၾကာ သူမ်ားေတြ တမ်ိဳးထင္ကုန္လိမ့္မယ္...'

'ငံုေလးေနာ္... ဘာဆိုင္လို႔လဲလို႔ ေနာက္တခါမေမးနဲ႔... ဆိုင္ခ်င္လြန္းလို႔ ကိုယ္စီစဉ္ထားတာေတြကို ထုတ္ျပလိုက္ရင္ ငံုေလးအႀကီးအက်ယ္အံ့ဩသြားႏိူင္တယ္... ကိုယ့္ကို ေလ်ာ့မတြက္နဲ႔ ငံုေလးကို ကိုယ္က မရရေအာင္ယူမွာ...'

'ဟြန႔္...'

မ်က္လံုးတဖက္ကို ဖ်တ္ခနဲမိွတ္ျပကာ ၫွို႔ရီရီၿပံဳးၾကၫ့္ေနျပန္ေတာ့ မ်က္ေစာင္းထိုးလုဆဲဆဲကေန မ်က္ႏွာလႊဲပစ္လိုက္ရသည္...

အခုတေလာ ငံု႔ကို လိုတာထက္ပိုၿပီး သူ႔ဘက္ပါေအာင္ ျမဴစြယ္ေနသၫ့္ ဒီဘြားေတာ္ကို ဘယ္လိုမွၾကၫ့္မရ...
အလုပ္ကိုေရာက္ၿပီဆိုတာနဲ႔ လူကို တခ်ိန္လံုး သူ႔ရံုးခန္းထဲေခၚေခၚေနေတာ့ ဘယ္အလုပ္မွကို ေကာင္းေကာင္းမၿပီးဘူး...
ျဖစ္ခ်င္ေတာ့ မေန့ကကိစၥကလည္း တိုက္တိုက္ဆိုင္ဆိုင္ သူမရိွခ်ိန္ျဖစ္သြားေတာ့ ပိုဆိုးသည္ေလ...

'ကဲပါ... စိတ္မဆိုးပါနဲ႔... လာ မုန႔္စားရေအာင္ေနာ္... ကိုယ္ ခြံ႔ေကြၽးမယ္...'

ပန္းကန္ထဲထၫ့္ထားသၫ့္ ေခ်ာကလက္ကိတ္တံုးေလးကို ဇြန္းနဲ႔ဖဲ့ကာခြံ႔ေကြၽးလိုက္သည္...
ငံုေလးက ဇံုေကြၽးသမ်ွကို မျငင္းဆန္ပဲ နာခံစြာစားရင္း ၿငိမ္သက္ေနသလို သူမေလးကို ရင္ႏွင့္အမ်ျွမတ္ႏိုးမိရသၫ့္ ဇံုမွာလည္း သူ႔မ်က္ႏွာေလးကိုၾကည့္ရင္း တၿငိမ့္ၿငိမ့္လႈပ္ခတ္ေနသၫ့္ ရင္ခုန္သံေတြကို ႏွစ္သက္စြာခံစားေနမိသည္...

xxxxx

ေဘးကေန လွစ္ခနဲ လွစ္ခနဲ ေပ်ာက္ေပ်ာက္သြားတတ္သၫ့္ငံုေလးကို အသဲတယားယားနဲ႔ၾကၫ့္ရင္း သူ႔လက္ကေလးကိုင္ထားဖို႔ အခြင့္အေရးကိုေခ်ာင္းေနမိသည္...

ဒီေန့ ေစာေစာစီးစီး ငံုေလးတို႔အိမ္ကို ေရာက္ေနရျခင္းအေၾကာင္းရင္းကေတာ့ ငံုေလးရဲ့ေမေမက မုန္႔ဟင္းခါးခ်က္ေကြၽးမည့္အေၾကာင္း​ ဖုန္းဆက္ေျပာတာမို႔ သိပ္မလာခ်င္ရွာသည့္ ဇံုက မိုးလင္းတာနဲ႔ ေရာက္လာတာျဖစ္သည္...

ႏွစ္ေယာက္သား အန္တီေပးလိုက္သည့္စာရင္းစာရြက္ကိုင္ကာ ရပ္ကြက္ေဈးထဲမွာ တဆိုင္ဝင္တဆိုင္ထြက္နဲ႔ မွာတာေတြ စံုသေလာက္ေတာ့ရိွေနၿပီ...

ငံုေလးနဲ႔အတူ ေဈးဝယ္ထြက္ရတာက ဇံု႔အတြက္ ပထမဆံုးအေတြ့အႀကံဳမဟုတ္ေပမဲ့ ဇံုက အခုမွ ဝဋ္လည္တာျဖစ္မည္...
အရင္တုန္းကေတာ့ ငံုေလးနဲ႔အျပင္ေတြဘာေတြသြားရင္ ဇံု႔လက္ကိုလာလာတြဲတတ္တဲ့သူက ငံုေလးျဖစ္ၿပီး ဇံုကေတာ့ အဲ့ဒီလို လက္ခ်င္းတြဲထားရင္ သူမ်ားေတြၾကၫ့္ၿပီး တမ်ိဳးထင္မွာကို အၿမဲစိုးရိမ္ခဲ့တာ...

အခုက်ေတာ့ ေျပာင္းျပန္...
ငံုေလးက လက္တြဲမေလ်ွာက္ခ်င္ဘူးလို႔မေျပာေပမဲ့ တခုခုဝယ္သလိုလိုနဲ႔ ဇံု႔လက္ကို မသိမသာျဖဳတ္ခ်ပစ္တတ္တာကို လိုက္တြဲဖို႔ႀကိဳးစားေနရသည္ေလ...

ဒါေတာင္ လက္တြဲဖို႔ေနေနသာသာ မွာတာေတြေကာ မမွာတာေတြေကာ အကုန္ဝယ္လို႔အၿပီးမွာေတာ့ ဇံု႔လက္ေတြက အားေတာင္မအားေတာ့...

ေနာက္တခါဆို ႏွစ္ေယာက္သားၾကည္ၾကည္ႏူးႏူး ေဈးဝယ္လို႔ရတဲ့ City Mart လိုေနရာမ်ိဳးမွာပဲ သြားဝယ္ရမယ္ ...

'အင္း... စံုၿပီထင္တာပဲ... ရွင္ ဗိုက္ဆာလား ဘာစားခ်င္လဲ...'

'ရပါတယ္ မဆာေသးပါဘူး... အိမ္ေရာက္မွပဲ coffee တခြက္ေလာက္ေသာက္ေတာ့မယ္...'

'ဒါဆို ျပန္ၾကမယ္ေလ... အထုတ္ေတြ ငံု႔ကိုတဝက္ေပးပါ... မႏိူင္မနင္းျဖစ္ေနၿပီ...'

'ရတယ္ ရတယ္... ငံုေလးက ကိုယ့္ကို တခုပဲကူညီေပး... ေဈးထဲကထြက္ၿပီး လမ္းေပၚေရာက္တာနဲ႔ ကိုယ့္လက္ကိုတြဲထားေပး...'

'ဟင္... ဘာလို႔...'

'ကားေတြရႈပ္ေတာ့ ကိုယ္ေၾကာက္လို႔...'

စ,ျပန္ၿပီလားဆိုတဲ့အၾကည့္နဲ႔ သူ႔မ်က္ႏွာကိုၾကည့္လိုက္ေတာ့ သူက ခပ္တည္တည္...

'တကယ္ေျပာေနတာ... ကိုယ္က ကားေမာင္းေနရင္သာမေၾကာက္တာ... ဒီအတိုင္းက်ေတာ့ နည္းနည္းေၾကာက္တယ္...'

ဇံုေျပာတဲ့စကား ထိေရာက္လားမထိေရာက္လားသိခ်င္ရင္ေတာ့ ေဈးကအျပန္ ေဈးျခင္းေတာင္းအျပင္ အထုတ္ေတြအမ်ားႀကီးဆြဲလာရတာေတာင္ ၿပံဳးၿပံဳးႀကီးျပန္လာသည့္ ဇံု႔ကိုသာ ေမးၾကည့္လိုက္ၾကပါေတာ့...

xxxxx

အိမ္ကေလးမွာ သူ႔အၾကည့္ေတြကိုသူ မယံုႏိူင္ေလာက္ေအာင္ ျဖစ္သြားရသည္...
မနက္ေစာေစာထလာရတာမို႔ အိပ္ခ်င္မူးတူးမ်ားျဖစ္ေနလားလို႔ ကမန္းကတန္း ကားကိုလမ္းေဘးမွာရပ္ၿပီး ေသေသခ်ာခ်ာၾကည့္မိေတာ့ ေသခ်ာပါတယ္...
ငံုေလးမွ ငံုေလးပါပဲ...

ၾကည့္စမ္းပါၪီး...
ရွာေနတုန္းကေတာ့ လံုးဝအဆက္ျပတ္သြားသလို ျဖစ္ေနတာမို႔ ျပန္မေတြ့ရေတာ့ဘူးလို႔ပဲ ထင္ထားတာ... အခုေတာ့...
ဝမ္းသာအားရနဲ႔ ကားေပၚကဆင္းမလို႔...
ဒါေပမဲ့ ငံုေလးနဲ႔အတူ လက္ခ်င္းတြဲလာသည့္ ေနာက္တေယာက္ကိုအျမင္မွာေတာ့ ေျခလွမ္းေတြကို ျပန္ရုပ္လိုက္ရသည္...
ေမျပည့္စံုရယ္ေလ...

ေမျပည့္စံုနဲ႔ငံုေလးကေတာ့ လမ္းတဖက္က အိမ္ကေလးကိုမျမင္ပါ...

ျမင္လိုက္ရသည့္ အိမ္ကေလးမွာသာ ရင္ထဲရႈပ္ေထြးမႈေတြနဲ႔ ဆူပြက္ေနရသည္...

အိမ္ကိုျပန္ေရာက္သည့္တိုင္ေအာင္ ၿပံဳးရႊင္ရယ္ေမာေနသည့္ ငံုေလးမ်က္ႏွာက မ်က္လံုးထဲကမထြက္...
ႏွစ္ေတြဒီေလာက္ၾကာေနၿပီကို ေမျပည့္စံုကို အခုထိသေဘာက်ေနတုန္းလား ငံုေလးရယ္...

သူသိရသေလာက္ ေမျပည့္စံုနဲ႔ငံုေလးဟာလည္း အဆက္အသြယ္မရိွေတာ့တာ ၾကာလွၿပီပဲ...
ေမျပည္စံုက သူ႔ထက္ ေျခတလွမ္းသာသြားျပန္ၿပီလား...

စိတ္ရႈပ္ရႈပ္နဲ႔ ေမြ့ယာေပၚပစ္လွဲရင္း ဘာဆက္လုပ္ရမလဲလို႔ အႀကံထုတ္ေနမိသည္...
ေနာက္ေတာ့ သိပ္မၾကာေသးခင္ကမွ US ကျပန္လာသည့္ သူငယ္ခ်င္းတေယာက္ကို သတိရသြားသည္...

ဟုတ္သားပဲ...
သူနဲ႔ကိစၥႀကီးတခုလုပ္ဖို႔ တိုင္ပင္ထားတာကို အက်ိဳးအေၾကာင္းေမးဖို႔ သတိရသြားၿပီး ေမြ့ယာေပၚက လူးလဲထရင္း ထိုလူ႔ဆီဖုန္းဆက္လိုက္သည္...

သူေျပာျပသည့္အေၾကာင္းအရာေတြကို နားေထာင္ရင္း လူက တေျဖးေျဖးအလိုမက်စိတ္နဲ႔အတူ မ်က္ေမွာင္တြန္႔လာေတာ့သည္...

'အဲ့လိုပံုစံနဲ႔ ရပါလိမ့္မယ္... သူက သိပ္ေတာ့မလြယ္ဘူးေနာ္...'

'.....'

'အတည္ဆိုေတာ့လည္း ဘာျဖစ္ေသးလဲ... ငါက ဝမ္းနည္းမေနဘူး... အဓိကက ငါလိုခ်င္တာကို ရဖို႔ပဲ...'

တဖက္ကျပန္အေျပာကို ေစာင့္မေနေတာ့ပဲ ဖုန္းကိုခ်ပစ္လိုက္ၿပီး ေမြ့ယာေပၚပစ္တင္လိုက္သည္...

ကိုယ္လိုခ်င္တာကို ေသခ်ာသိၿပီဆိုမွေတာ့ အဲ့ဒီအရာကို ပိုင္ဆိုင္ရဖို႔ ဘယ္နည္းနဲ႔မဆို ရေအာင္ႀကိဳးစားမွာျဖစ္သည္...

ဒီတခါ ငါႏိူင္ကိုႏိူင္ေစရမယ္... ေစာင့္ၾကၫ့္လိုက္ ဇံု...

TBC...

Continue Reading

You'll Also Like

382K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
59.4K 6.4K 26
ဇာတ်လမ်းတော်တော်များများမှာဆို လူတွေက ဗီလိန်တွေကိုသဘောမကျကြဘူး ဒါပေမဲ့ ဇာတ်လမ်းက အဲ့ဒီဗီလိန်ကြောင့်အသက်ဝင်တာကြ သူတို့မသိကြဘူး ငါကဗီလိန်ပေါ့... ဇာတ်လမ...
1.7M 70.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
200K 13.8K 53
အချစ်ကိုပိုင်ဆိုင်ခဲ့သော်လည်း အတ္တတွေဖုံးလွှမ်းကာ အချစ်ကိုမပြောင်းလဲနိုင်ဘူးဟု ယုံကြည်ထားခဲ့သော သူမ Lalisa Manoban အချစ်ကိုမျှ...