၃၀

9.2K 670 53
                                    

Unicode

'မနက်ကသတင်းကို အားလုံးလည်း ကြားပြီးလောက်ရောပေါ့... ဒီကိစ္စမှာ...

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ဒေါ်မေပြည့်စုံရဲ့အသံတခုသာ လွှမ်းခြုံလျှက်ရှိပြီး အခုကိစ္စနဲ့သက်ဆိုင်သူတွေမဆိုထားနှင့် ဘာမှမဆိုင်သည့် ငုံတို့ပါ ခေါင်းပင်မဖော်နိူင်...
မနက်က ရုံးရောက်ရောက်ချင်း ကြားလိုက်ရသည့်သတင်းက အံ့ဩမယုံနိူင်စရာ...

အရည်အသွေးမြင့် နိူင်ငံခြားဖြစ်ပစ္စည်းများကိုသာ ကိုယ်စားလှယ်ယူပြီး မြန်မာပြည်ဈေးကွက်အတွင်းဖြန့်ချီရေးလုပ်နေသည့် ငုံတို့ company က ပစ္စည်းတွေက expired ဖြစ်နေပြီးသား ပစ္စည်းတွေဖြစ်တဲ့အကြောင်း customer ဘက်က complaint တက်လာသည်...
ငုံ အလုပ်လုပ်လာတဲ့သက်တမ်းတလျှောက် ဒါမျိုးတခါမှမဖြစ်ဖူး...
ပိုပြီးဆိုးတာက ဒီကိစ္စဖြစ်မှ စာရင်းစစ်လိုက်တော့ ပစ္စည်းတွေရဲ့ အရေအတွက်ကိုသာ အပေါ်ယံစာရင်းပြုစုထားပြီး တိကျတဲ့မှတ်တမ်းမှတ်ရာတွေ ဘာဆိုဘာမှရှိမထားတာကို Boss တွေ့သွားတာပါပဲ...
ပစ္စည်းအဝင်စာရင်းတွေကိုင်သည့် ကိုအောင်မျိုးထွန်းခမျာတော့ မျက်စိမျက်နှာတွေပျက်ပြီး ခေါင်းမဖော်နိူင်တော့...

Boss ကိုယ်တိုင် customer ဆီအ‌ရောက်သွား တောင်းပန်စကားဆိုပြီး ပစ္စည်းတွေပြန်အစားထိုးပေးဖို့ ညှိနှိုင်းပြေလည်သွားပြီဆိုပေမဲ့ လုပ်ငန်းကြီးလုပ်နေကြသူတွေအဖို့ ဒီလိုကိစ္စမျိုးတွေက မိမိ company ရဲ့ image ကို ထိခိုက်စေတယ်မို့လား...
ပြီးတော့ အလုပ်လုပ်တာ တိကျပြတ်သားတယ်လို့ သတင်းကြီးတဲ့ ဒေါ်မေပြည့်စုံဆိုတော့ ဒီကိစ္စကို တော်ရုံလျှော်ပစ်လိုက်မည်မထင်...

'ကိုအောင်မျိုးထွန်း...'

'ဟုတ် ဟုတ်ကဲ့...'

'ရှင့်မှာ ဘာပြောစရာရှိလဲ...'

'ဒီပစ္စည်းတွေက ရောက်ပြီး ချက်ချင်းပြန်ထုတ်ရမဲ့ပစ္စည်းတွေဖြစ်လို့ ဒီလောက်မြန်မြန်ကြီး expired ဖြစ်သွားမယ် မတွေးမိလိုက်တာပါ... ကျွန်တော် အရမ်းပေါ့ဆသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်...'

'ဟုတ်ပြီလေ... ဖြစ်သွားပြီးသားကိစ္စတွေအတွက် ကျမဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး... ဝန်ထမ်းကိုပဲ အလုံးစုံ တာဝန်ယူခိုင်းတာမျိုးလည်း မလုပ်ချင်ဘူး... ဒီကိစ္စမှာ customer ကို တောင်းပန်လိုက်နိူင်တယ်ဆိုပေမဲ့ ပစ္စည်းတွေ အချိန်မှီအစားထိုးဖို့အတွက်တော့ နည်းနည်းပြသနာရှိနေတယ်... ကျမတို့မှာ တိကျတဲ့ ဘာအချက်အလက်မှမရှိထားတဲ့အတွက်ကြောင့် ဒီပစ္စည်းတွေ expired ဖြစ်နေတဲ့အကြောင်း supplier ဘက်ကို complaint တက်လို့မရနိူင်ဘူး... ဒီတော့ ပစ္စည်းအသစ်ထပ်မှာ... ပြည်တွင်းမှာလည်း ရသလောက်လိုက်စုထားပါ ၂ပတ်အတွင်း အားလုံးအစားထိုးပြီးတာလိုချင်တယ်...'

ZONEWhere stories live. Discover now