Zawgyi
ရီပေါ် ပေးထားသောလိပ်စာနှင့် အိမ်ကို ရှာဖွေနေမိသည်။
ဒီကောင်ကလေး ဘယ်များ ရောက်နေပါလိမ့်။
ထိုစဉ်မှာပင်.....
"ဦးဝမ်ရီပေါ်"
"အလို"
ရီပေါ် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ ရှောင်ကျန့်ကို ပြေးဖက်လိုက်မိတော့သည်။
"ကြည့် ကြည့်ကွာ"
"မရှိပါဘူးကွယ်"
"အိမ်ပြေးကောင်လေး"
"ကပ်မနေရပါဘူးဗျာ အိမ်ရှင်သခင်လေးပဲ လုပ်ပါတော့ ခင်ဗျာ"
'ကလေး ဘယ်လောက်များ ဒုက္ခတွေရောက်လာပါလိမ့်နော်'
"ကဲ ဆင်းလေ"
"ဘာဝယ်မလို့လဲ"
ရီပေါ် အင်္ကျီတွေအားလုံးဝယ်ပြီး ငွေးရှင်းမည်အလုပ်.....
"ဟေ့ လူကြီး နေဦး၊ ဝယ်စရာတစ်ခု ကျန်သေးလို့"
"ဘာကျန်သေးလို့လဲကွ"
"ဟုတ်သားပဲ သွား၊ သွား"
"Sorryဗျာ၊ Sorry"
"စိတ်ချ Beijingရောက်ရင် အကုန်လုံး ပြန်ဆပ်ရမယ်၊ စာရင်းနဲ့ကို အသေအချာမှတ်ထားပါဗျ၊ မင်းက သူဌေးသားလေးပဲ ဆပ်နိုင်မှာပေါ့"
❤💚❤💚❤💚
ရီပေါ် ရေမိုးချိုးပြီး Hotel Dining Roomထဲမှ စောင့်နေလိုက်သည်။ ခဏအကြာ လှလှပပလေးဝတ်စား၍ ရေချိုးပြီးကာစ ရှောင်ကျန့်ကို တွေ့လိုက်ရ၍ သူ့ရင်ထဲ ကြည်လင်ချမ်းမြေ့သွားရသည်။
"ဪ၊ အင်း လာပြီ"
"ဟုတ်ကဲ့"
"အဲဒီ ဦးဝမ်ရီပေါ်၊ ဦးဝမ်ရီပေါ်နဲ့ အာမညောင်းဘူးလား ကလေးရဲ့၊ နာမ်စားတစ်ခုခု ပြောင်းသုံးပါလား၊ ဥပမာ ကိုကိုဖြင့် ကိုကို၊ ကိုကြီးဖြင့် ကိုကြီး၊ ဦးဖြင့် ဦးပေါ့"
"ဟိတ် ကောင်ကလေး ဘာရယ်တာလဲ"
"ဟင်"
"ကလေး ဘာဖြစ်လို့လဲ"
"ဟိုမှာ နေကာမျက်မှန်နဲ့လူကြီး ကျန့်ကျန့်တို့ကို စိုက်ကြည့်နေတာကြာပြီ၊ ကျန့်ကျန့် ကြက်သီးကို ထသွားတာပဲသိလား"
ဟင်.....
ထိုလူဟာ စောစောက စတိုးုင်ထဲမှာ တွေ့ခဲ့တဲ့လူပါလား.....။
"ဦး သွားစို့လေ"
"အင်းပါ"
"တစ်ခုခုဆို ဦး အခန်းတံခါးခေါက်ဖို့ မမေ့နဲ့နော်၊ ကလေး အခန်းတံခါးကို လော့(ခ်)ချအိပ်၊ ပြတင်းပေါက်တွေဘာတွေ ဖွင့်မအိပ်နဲ့နော်"
"အင်းပါ ဦးရဲ့"
"Good night ကလေး"
အမှန်တကယ်ဆို မနေ့က တစ်နေ့လုံး၊ တစ်ညလုံး ပင်ပန်းလာ၍ သူ့တစ်ကိုယ်လုံး တောင့်တင်းကာ နားချင်နေပြီ။
ဪ.....
Ep-12
Coming soon❤💚
ချစ်ခြင်း၏စီးဆင်းရာ Ep-11
Unicode
သူရဲ့ အလောတကြီးနိုင်မှုကြောင့် Nanjingသို့ နောက်တစ်နေ့နံနက် 9:00ခန့်တွင် ရောက်သွား၏။
ဒါတောင် ကားတွေ မီးပွိုင့်မိနေ၍ ဤမျှကြာသွားခြင်း ဖြစ်သည်။
ရီပေါ် ပေးထားသောလိပ်စာနှင့် အိမ္ကို ရှာဖွေနေမိသည်။
တော်တော်ကြာကြာရှာပြီးမှ စိုက်ခင်းတစ်ခင်းနှင့် အိမ်တစ်အိမ် ဖြစ်နေ၏။ ထို့ကြောင့် ရီပေါ် အိမ်ရှေ့တွင် ကားကို ထိုးရပ်လိုက်သည်။
သူ့ကို ကျန့်ကျန့်က ထွက်စောင့်နေမည်ဟု ထင်ထားသော်လည်း မတွေ့ရချေ။
ဒီကောင်ကလေး ဘယ္မ်ား ရောက်နေပါလိမ့်။
ရီပေါ် ကားပေါ်မှဆင်းပြီးမေးရန် ဆုံးဖြတ်လိုက်သည်။ လိပ္စာအရ ဒီအိမ်ပဲဖြစ်နေသည်မို့ ကားထဲမွ ခပ်သွက်သွက်ဆင်း၍ အိမ်ထဲသို့ ဝင်လိုက်၏။
"ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ"
အိမ်ထဲမှ အမျိုးသားတစ်ယောက် ထွက်လာသည်။
"ဟို...ရှောင်ကျန့်နဲ့ တွေ့ချင်လို့ပါ"
"ရှောင်ကျန့်၊ တို့လည်း မသိပါလား၊ စိုက်ခင်းထဲမှာတော့ အလုပ်သမားတွေ အများကြီးရှိတယ်၊ ဝင်ကြည့်လေ မင်း အသိရှိရင်ခေါ်သွားပေါ့"
ရိုးသားလွန်းသော မြို့ငယ်နေအဖိုးကြီးက သူ့ကို စိုက်ခင်းထဲသို့ ခေါ်သွားသည်။ စိုက်ခင်းထဲတွင် အလုပ်သမားများစွာ အလုပ်လုပ်နေကြ၏။ စိုက်ခင်းကြီးကလည်း ကြီးမားကျယ်ဝန်းလှ၍ ရီပေါ် မနည်းရှာဖွေရသည်။
ထိုစဉ်မှာပင်.....
"ဦးဝမ်ရီပေါ်"
သူ့နှလုံးသားထဲ ဘယ်တော့မှမမေ့နိုင်သော အသံလေး ထွက်ပေါ်လာရာသို့ သူလှမ်းကြည့်လိုက်သည်။
"အလို"
သူ့နှုတ်မှပင် အသံက မထိန်းချုပ်နိုင်စွာ ထွက်သွားသည်။ ယခင်ကနှင့် တခြားစီဖြစ်နေသော ကျန့်ကျန့်ကိုကြည့်၍ သူ စိတ်မကောင်းဖြစ်သွားရ၏။ ခါထိုးထက္ပို၍ မည်းသောအသား၊ ပိန်ချုံးချုံးလေးဖြစ်သွားသော ခန္ဓာကိုယ်၊ အဆီပြန်နေသော မျက်နှာ၊ ပင့်တင်ထားသောဆံပင်တို့နှင့် သူ့ရဲ့ကလေးပါဟု ကျိန်ပြောရမလို ဖြစ်နေချေပြီ။
ရီပေါ် ဘယ္လိုမွ မထိန်းချုပ်နိုင်တော့ဘဲ ရှောင်ကျန့်ကို ပြေးဖက်လိုက်မိတော့သည်။
"ဖြစ်ရလေ ကလေးရယ်၊ ဖြစ်ရလေ"
"ဟင်၊ ဦးဝမ်ရီပေါ် လွှတ်ပါ၊ လူတွေ ဝိုင်းကြည့်နေပြီ"
"ကြည့် ကြည့်ကွာ"
ရှောင်ကျန့် ပြောတော့မှ ရီပေါ် သတိဝင်လာပြီး လူချင်းခွာလိုက်ကာ၊ ရှောင်ကျန့်၏ လက်လေးကို လွတ်ထွက်သွားမည်စိုးသည့်အလား ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားပြီး စိုက်ခင်းပိုင်ရှင်အဖိုးကြီးဘက်သို့ လှည့်ကာ.....
"Uncle ကျွန်တော် သူ့ကို ခေါ်သွားတော့မယ်၊ ဒါ ကျွန်တော့်ညီလေးပါ၊ သူ ပိုက်ဆံတွေဘာတွေ ကြိုယူထားတာရှိရင် ကျွန်တော် ပေးခဲ့ပါ့မယ်"
"မရှိပါဘူးကွယ်"
"ဒါဆို သွားလိုက်ပါဦးမယ်၊ ကျွန်တော့်ညီလေးကို စောင့်ရှောက်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရီပေါ် ရှောင်ကျန့်လက်ကို ကားပေါ်ရောက်မှ လွှတ်ပေးလိုက်သည်။
"အိမ်ပြေးကောင်လေး"
"ဟွန်း ပြေးတော့ဘာဖြစ်လဲ၊ သူများအိမ်မှာ ကပ်မနေနိုင်ပေါင်"
"ကပ္မေနရပါဘူးဗ်ာ အိမ်ရှင်သခင်လေးပဲ လုပ်ပါတော့ ခင်ဗျာ"
သူ့စကားကြောင့် ကောင်ကလေး ရယ်သည်။
"ဘဝဆိုတာ ဒါပဲပေါ့ ဦးဝမ်ရီပေါ်ရယ်၊ ဘဝအကြောင်း သိရတာပေါ့"
"တော်စမ်းပါ ဘဝအကြောင်းသိရလို့ လူရုပ်တောင် မထွက်တော့ဘူးမှတ်လား"
ရီပေါ် စိတ်တိုတိုနှင့်အော်ပစ်လိုက်တော့ ရှောင်ကျန့် ငြိမ်သက်သွား၏။ ရီပေါ် ငြိမ်ငြိမ်ကလေးထိုင်နေသော ရှောင်ကျန့်ကို တစ်ချက်ခိုးကြည့်လိုက်သည်။
'ကေလး ဘယ်လောက်များ ဒုက္ခတွေရောက်လာပါလိမ့်နော်'
ရီပေါ် ရှောင်ကျန့်အတွက် စိတ်မကောင်းဖြစ်စွာ တွေးမိ၏။ ရီပေါ် စတိုးဆိုင်တစ်ခုရှေ့တွင် ကားကို ရပ်လိုက်သည်။
"ကဲ ဆင်းလေ"
"ဘာဝယ်မလို့လဲ"
"ဪ၊ ခင်ဗျားလေးအတွက် အဝတ်အစားတွေလေ၊ ခင်ဗျားလေးကို ဒီအတိုင်းခေါ်သွားရင် ငါ့မား ငါ့ကိုသတ်လိမ့်မယ်"
ဒီတော့မှ ရှောင်ကျန့်က ခေါင်းညိတ်ပြီး ကားပေါ်မှဆင်းသည်။ စတိုးဆိုင်မှည တော်တော်ကြီး၍ အဝတ်အစားတွေရော ကျန်သည့်ပစ္စည်းတွေးပါ ရ၏။
ရီပေါ် အကျႌတွေအားလုံးဝယ်ပြီး ငွေးရှင်းမည်အလုပ်.....
"ဟေ့ လူကြီး နေဦး၊ ဝယ္စရာတစ္ခု ကျန်သေးလို့"
"ဘာကျန်သေးလို့လဲကွ"
ကောင်ကလေးက သူ့ကို ဘာမှပြန်မပြောဘဲ မျက်နှာနီနိဖြင့်၊ ယောကျာ်းလေးအတွင်းခံတွေရှိသော စင်ဘက်သို့ လက်ညှိုးထိုးပြသည်။
"ဟုတ္သားပဲ သြား၊ သြား"
ရီပေါ် လူပျိုကြီးပီပီ ရှက်ရှက်နှင့် တစ်ဘက်ကိုလှည့်လိုက်တော့၊ တစ်ဘက်မှ လျှောက်လာသော နေကာမျက်မှန်နှင့်လူကို ဝင်တိုက်မိလေတော့သည်။
"Sorryဗ်ာ၊ Sorry"
ထိုလူက ဘာမှပြန်မပြောဘဲ သူ့ကို ကျော်သွားသည်။
သူ အဝတ်အစားထုပ် တပွေ့တပိုက်ကြီးနှင့် ကားထဲပြန်ဝင်လာခဲ့သည်။ ကောင်ကလေးက သူ့ကို တစ်ချက်လှမ်းကြည့်၍.....
"ခင်ဗျား တော်တော် ပိုက်ဆံကုန်သွားမှာပေါ့နော်"
"စိတ္ခ် Beijingရောက်ရင် အကုန္လုံး ပြန်ဆပ်ရမယ်၊ စာရင်းနဲ့ကို အေသအခ်ာမွတ္ထားပါဗ်၊ မင်းက သူဌေးသားလေးပဲ ဆပ်နိုင်မှာပေါ့"
"ဟင့်အင်း ကျွန်တော် မဆပ်နိုင်ဘူးဗျ၊ ကျွန်တော်က ခင်ဗျားအိမ်က အလုပ်သမားပဲ ဘယ်လိုလုပ် ဆပ်နိုင်မှာလဲဗျ"
ကောင်ကလေးက ရယ်မော၍ ပြောလေသည်။ ပြီးတော့ သူ့ကို မျက်စောင်းတစ်ချက်ထိုး၍.....
"အဲဒီလောက် ကပ်စီးနည်းလို့ ခင်ဗျားလူပျိုကြီးဖြစ်နေတာ ဦးဝမ်ရီပေါ်"
"စကားအဖြစ် ပြောတာပါဗျာ၊ ခင်ဗျားလေးအတွက် ကပ်စီးမနည်းရဲပါဘူး အစလေးတောင် မခံပါလား"
ရီပေါ် ပျာပျာသလဲပြောလိုက်တော့ ရှောင်ကျန့်က ရယ်မောသည်။
သူတို့ Nanjingမြို့ထဲမှ သန့်သောHotelတစ်ခုကိုရှာ၍ တစ်ယောက်ခန်းနှစ်ခန်း ယူလိုက်သည်။
"ရေမိုးချိုး အဝတ်အစားလဲ ခေါင်းလျှော်ပြီးရင် Dining Room လာခဲ့ ကြားလား"
ရီပေါ် ရှောင်ကျန့်ရဲ့ အထုပ်အပိုးတွေကို အခန်းထဲထိ ပို့ပြီးပြောလိုက်သည်။ သူ့ရဲ့ ဂရုစိုက်မှုကြောင့် ရှောင်ကျန့် ပြုံးနေမိလေ၏။
❤💚❤💚❤💚
ရီပေါ် ရေမိုးချိုးပြီး Hotel Dining Roomထဲမွ စောင့်နေလိုက်သည်။ ခဏအကြာ လွလွပပေလးဝတ္စား၍ ရေချိုးပြီးကာစ ရှောင်ကျန့်ကို တွေ့လိုက်ရ၍ သူ့ရင်ထဲ ကြည်လင်ချမ်းမြေ့သွားရသည်။
"လာလေ ကျန့်ကျန့် ဘာကြောင်ကြည့်နေတာလဲ"
"ဪ၊ အင်း လာပြီ"
"ရော့၊ Coffeeပူပူလေး သောက်လိုက်"
"ဟုတ်ကဲ့"
ရှောင်ကျန့်က သူ့စကားနားထောင်စွာ Coffeeသောက်၏။
"ကျန့်ကျန့်ကို ဒီလိုကျတော့လဲ ခင်ဗျားက ဂရုစိုက်သားပဲနော် ဦးဝမ်ရီပေါ်"
"အဲဒီ ဦးဝမ်ရီပေါ်၊ ဦးဝမ်ရီပေါ်နဲ့ အာမညောင်းဘူးလား ကလေးရဲ့၊ နာမ္စားတစ္ခုခု ပြောင်းသုံးပါလား၊ ဥပမာ ကိုကိုဖြင့် ကိုကို၊ ကိုကြီးဖြင့် ကိုကြီး၊ ဦးဖြင့် ဦးပေါ့"
ရီပေါ် ပါးစပ်မှ ထိုကဲ့သို့လွှတ်ခနဲ ပြောမိပြီးမှ ရှက်ရွံ့နေလေသည်။ သူ ဖြစ်နေပုံကို ရှောင်ကျန့်ကကြည့်၍ တစ်ခစ်ခစ်နှင့် ရယ်မောနေလေ၏။
"ဟိတ် ကောင်ကလေး ဘာရယ္တာလဲ"
"ဪ၊ ဦးဝမ်ရီပေါ်က ဒီလိုလည်း ကဗျာဆန်သားပဲလို့"
"တော်ပြီ ဒီကောင်ကလေး ပေါက်ကရတွေ တော်တော်ပြော"
"ဟေ့၊ လူကြီးတစ်ယောက် ရှက်နေပြီကွ"
ပျော်ရွှင်နေသော ရှောင်ကျန့်၏ မျက်နှာလေးကိုသာကြည့်၍ ရီပေါ် ကျေနပ်နေမိသည်။
"ဟင်"
ရုတ်တရက် ရှောင်ကျန့်က မျက်နှာကလေး တည်သွားသည်ကြောင့်၊ ရီပေါ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရ၏။
"ကေလး ဘာဖြစ်လို့လဲ"
"ဟိုမွာ နေကာမျက်မှန်နဲ့လူကြီး ကျန့်ကျန့်တို့ကို စိုက်ကြည့်နေတာကြာပြီ၊ ကျန့်ကျန့် ကြက်သီးကို ထသြားတာပဲသိလား"
ရှောင်ကျန့်က သူ့ကို လေသံတိုးတိုးဖြင့်ပြော၍ သူကျောခိုင်းရာဘက်သို့ လှည့်ကြည့်လိုက်တော့၊ ထိုလူက သူ့ကို ရင်မဆိုင်ရဲသလို ထမင်းကိုသာ ငုံ့စားနေသည်။
ဟင်.....
ထိုလူဟာ စောစောက စတိုးိုင်ထဲမှာ တွေ့ခဲ့တဲ့လူပါလား.....။
ရီပေါ် ထိုလူကို နေကာမျက်မှန်အနက် တပ်ထားသည်ကြောင့် မှတ်မိသွားရသည်။
"ကလေး ခပ်သွက်သွက်လေး စားပြီးတာနဲ့ အခန်းထဲဝင်တော့၊ အန္တရာယ်ရှိနိုင်နေပြီ ကိုယ့်စိတ်ထဲမှာလည်း မသိဘူး"
"ဟုတ် ကျန့်ကျန့်လည်း ကြောက်တယ်"
ရှောင်ကျန့် အလန့်တကြားပြောပြီး ထမင်းကို ခပ်သုတ်သုတ်လေး စားသည်။
"တော်ပြီ ကျန့်ကျန့် မစားနိုင်တော့ဘူး"
"ထမင်းတစ်ပန်းကန်တော့ စားပါ အစ်ကိုလေးရယ်၊ ဒီလောက်ထိလည်း မကြောက်ပါနဲ့ ကျွန်တော်မျိုးကြီး ရှိတာပဲဟာ"
ကောင်ကလေးကို စိတ်သက်သာရာရအောင် ရယ်စရာတွေပြောလိုက်ရပေမယ့် သူ့ရင်တွေ ပူနေသည်။ ပြီးတော့ ဘာကြောင့်မှန်းမသိ စိတ်တွေလေးလံနေ၏။
"ဦး သွားစို့လေ"
"အင်းပါ"
ကေလးက သူ့ကို ဦးလို့ခေါ်လိုက်၍ သူ ပြုံးချင်သွားရသည်။ သို့သော် မပြုံးမိ။ ကေလးက သူ့ကို အဲ့လိုထပ်မခေါ်မည်စိုး၍ ဖြစ်၏။ သူ ကောင်ကလေးကို အိပ်ခန်းအဝထိ လိုက်ပို့ပေးလိုက်သည်။
"တစ္ခုခုဆို ဦး အခန်းတံခါးခေါက်ဖို့ မမေ့နဲ့နော်၊ ကေလး အခန်းတံခါးကို လော့(ခ်)ချအိပ်၊ ပြတင်းပေါက်တွေဘာတွေ ဖွင့်မအိပ်နဲ့နော်"
"အင်းပါ ဦးရဲ့"
သူနှင့် ကလေးအခန်းကို ဘေးချင်းကပ်လျက် ယူထားသောကြောင့် တော်သေးသည်ဟု တွေးမိသည်။
"မနက်ကျရင် စောစောထသွားမှာ၊ အခု စောစောအိပ်တော့"
"အင်းပါ ဦးရဲ့၊ Good night"
"Good night ကေလး"
ရှောင်ကျန့် အခန်းတံခါး ပိတ်သွားတော့မှ သူ အခန်းထဲသို့ တန်းဝင်ခဲ့သည်။ ခုတင်ပေါ် လှဲသာလှဲလိုက်ရပေမယ့် စိတ္ကေတာ့ ဘယ္လိုမွ မချနိုင်သေးပေ။
အမွန္တကယ္ဆို မနေ့က တစ်နေ့လုံး၊ တစ်ညလုံး ပင်ပန်းလာ၍ သူ့တစ်ကိုယ်လုံး တောင့်တင်းကာ နားချင်နေပြီ။
သူ့မှာ စိုးရိမ်စိတ်သာမရှိပါက ချက်ခြင်းအိပ်ပျော်သွားမှာပင်.....။
ဪ.....
ချစ်မိတော့လည်း စိုးရိမ်ရတာနှင့်၊ ပူပန်ရတာနှင့်၊ လွမ်းဆွတ်ရတာနှင့်၊ ကောင်းစွာကိုပင် မအိပ်စက်နိုင်ပါလား.....။
ဘာပဲဖြစ်ဖြစ် သူ့အတွက် ကလေးနှင့် ပြန်ဆုံရသည်ကိုပင် မဟာကံထူးရှင် ဖြစ်နေချေလေပြီ.....။
Ep-12
Coming soon❤💚
ဦးလိုဘဲမျိုး နဲ့ ဒေါ်ရီရှုဟန်လိုယောက္ခမျိုးရရင်ကျေနပ်ပြီ🤧🤧