4. Bow To Eros (အချစ်နတ်ဘုရား...

Par DoeymyDoe

40K 4K 628

Twin story Plus

Intro (uni)
Intro (Z)
P 1 (U+Z)
P 2 (U +Z)
P 3 (U+ Z)
P 4 (U+Z)
Part 6 (Uni+Z)
P 7 ( U+Z)
P 8 (U+Z)
P 9 (U+Z)
P 10 (U+Z)
P 11 (U+Z)
P 12 (U+Z)
P 13 (U+Z)
P 14 (U+Z)
P 15 ( U+Z)
Part 16
Part 17
Part 18
Part 19
Part 20
Part 21

P 5 (U+Z)

1.2K 221 55
Par DoeymyDoe

"ဘယ်လိုအခြေအနေရှိလဲ ဒေါက်တာ"

"လူနာက လည်ပင်းရိုးကျိုးပြီး သေသွားခဲ့တာပဲ၊ ဟိုဘက်က လူနဲ့ တစ်ပုံစံတည်းပဲ၊ ဒီလိုသတ်နည်းမျိုးက ရက်စက်သလို လုပ်ဖို့လည်း ခက်တယ်၊ တော်တော် လက်ယဉ်နေတဲ့သူ ဖြစ်ရမယ်"

ရင်ခွဲထားသည့် အလောင်းနှစ်လောင်းကို ကြည့်၍ အဖြေထုတ်နေကြသည့် လူတစ်စုသည် အခုထိ တရားခံကို စဉ်းစားလို့မရကြသေးချေ။

"လွန်ခဲ့တဲ့ ၁၃နှစ်က ကိုအင် (Co In)ဂိုဏ်းဆိုတာ ရှိခဲ့ဖူးတယ်၊ တစ်ဂိုဏ်းလုံး အမြစ်ပြတ်ချေမှုန်းခံလိုက်ရပြီးတာ ကြာပြီ၊ ဒီလို လည်ပင်းရိုးချိုးပြီး သတ်နည်းက ကိုအင် ဂိုဏ်းရဲ့ နာမည်ကြီးလူသတ်နည်းပဲ"

ရှေ့မှီနောက်မှီဖြစ်သော အမှုစစ်ကြီး ဦး‌မင်းရောင်၏ စကားကို နားထောင်ရင်း ဆရာ၀န်က ခေါင်းညိတ်ပြသည်။

"အဲ့တုန်းကဆိုရင် ကျွန်တော် တော်တော် ငယ်သေးတယ်၊ ဒီနိုင်ငံမှာ အကြီးအကျယ်ဆုံးဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်ပဲ၊ ဘယ်က စပြီး ဘယ်လိုဆုံးသွားသလဲဆိုတာတော့ မသိခဲ့ရဘူး"

"လူယုံ သစ္စာဖောက်တယ်လို့ ကြားလိုက်ရတယ်၊ ကိုအင်ဂိုဏ်းက မကောင်းမှုချည်းပဲ လုပ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းတော့ မဟုတ်ဘူး၊ အရင်တုန်းက‌ဆို ကိုအင်ဂိုဏ်းကပါလို့ ပြောလိုက်ရင်၊ ထမင်းတစ်နပ်တော့ အလကားစားလို့ရတယ်"

"ကျွန်တော်လည်း ကြားခဲ့ဖူးပါတယ်၊ တစ်ဂိုဏ်းလုံး မီးလောင်တိုက်သွင်း ခံရတယ်ဆိုတာက တော်တော်ကို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာမျိုးပဲ၊ အဲ့ဒီတုန်းက မီးတောက်တွေကြောင့် ကောင်းကင်တစ်ခုလုံးတောင် နီရဲသွားသေးတယ်လေ"

ဆရာ၀န်က တွေးစစဖြင့် ပြောတော့ ဦးမင်းရောင်ကလည်း လက်ခံလေသည်။ ဒီအဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသူအဖို့ ရင်နာစရာတောင် ကောင်းသေးသည်။ အစိုးရတောင် ခွင့်ပြုထားရသည့် သမာဓိရှိသော အဖြူရောင်ဂိုဏ်းက အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရတယ်မလား။

ကိုအင်ဂိုဏ်း ကျဆုံးသွားတဲ့ အချိန်ကစပြီး ထိုဂိုဏ်းရှိစဉ်က ဖိနှိပ်နိုင်ခဲ့သည့် အကြမ်းဖက် ဂိုဏ်းပေါင်းများစွာက အခုလက်ရှိတွင် လွတ်လပ်သွားပြီး မကောင်းမှုများစွာ ကျူးလွန်လျက်ရှိနေသည်။

"ကိုအင်ဂိုဏ်းက အခုချိန်ထိ ကျန်နေသေးတဲ့ သူတွေ ရှိသေးလို့လား၊ အခုမှ ဘာလို့ ဒီလိုအမှုတွေ လိုက်လုပ်နေရတာလဲ"

အလုပ်သင် အမှုစစ်လေး အားဟူ၏ စကားကို ကြားတော့ ဦးမင်းနောင်က တွေဝေသွားသည်။

"တရားခံက လူသတ်ခဲ့တယ်၊ ဒါပေမယ့် သူက သူသတ်ရတဲ့ အကြောင်းပြချက်ကို တစ်ခါတည်း ထားခဲ့ပေးတယ်"

အိတ်ထဲကနေ သူရထားသည့် သက်သေခံ စာရွက်စာတမ်းနှင့် ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။ ပြည့်တန်ဆာ တင်သွင်းမှုနှင့် အကျင့်ပျက် လာဘ်ယူပြီး အဂတိလိုက်စားမှု သက်သေခံ ပစ္စည်းများဖြစ်သည်။

"ဦးမာန်ထည်က ဒီတစ်ခေါက် ရွေးကောက်ပွဲ ၀င်ပြိုင်တဲ့ အမှုဆောင် မဟုတ်လား"

အားဟူက တအံ့တဩမေးလေလျှင် ဦးမင်းနောင်က ခေါင်းညိတ်၍ ဖြေသည်။

"ဟုတ်တယ်၊ သူက ဒီတစ်ခေါက် အနိုင်ရနိုင်ခြေ အရှိဆုံးသူပဲ၊ နောက်တစ်လဆိုရင် မဲပေးကြတဲ့အခါ သူက နိုင်ကိုနိုင်မှာ သေချာပေါက်ပဲ၊ ကြည့်ပါဦးနောက်ကွယ်မှာ သူလုပ်ထားတာတွေက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး"

"ဒါဆို တရားခံကို ကျွန်တော်တို့က ဖမ်းစရာလိုသေးလား"

အားဟူ၏ မသိနားလည် မေးသော စကားကိုကြားတော့ ဦးမင်းနောင်က သူ့ခေါင်းကို ရိုက်လေသည်။

"ရူးနေလား၊ ဦးမာန်ထည် ဘယ်လောက်ပဲ မကောင်းတာ လုပ်လုပ် လူသတ်တာကလည်း အပြစ်ကြီးတာပဲ၊ သေချာပေါက် ဖမ်းရမှာပေါ့ကွ"

ဆရာတပည့်နှစ်‌ယောက်ကို ကြည့်၍ နေသူရိန်မင်းက သက်ပြင်းချ၍ ရယ်လေသည်။ အခုသူက အမှုအတွက် အလောင်းကို ရင်ခွဲပြီး စစ်ဆေး ပေးနေရသူ ဖြစ်သည်။

"ဒါဆို ဒေါက်တာကပဲ၊ အကြောင်းထူးရင် ပြန်ဆက်သွယ်ပေးပါဦး၊ တရားခံက အရမ်းတော်လွန်းတယ်၊ သဲလွန်စတွေ ပေးသွားတာတောင် ကျွန်တော်တို့က လိုက်မမှီဘူး ဖြစ်နေတယ်၊ အဲ့ဒီအခန်းထဲမှာ ဆေးလိပ်တစ်လိပ်တောင် တွေ့ခဲ့သေးတယ်"

ဦးမင်းနောင်၏ စကားကို နေသူရိန်က အသိအမှတ်ပြုဟန် ပြုံးပြ၍ ခေါင်းညိတ်လိုက်သည်။ သူကူညီနိုင်တာ ဒီအထိပဲ ရှိသည်။ အမှန်တိုင်းဆိုရမည် ဆိုလျှင် သူကတော့ လူသတ်သမားကို ကျေးဇူးတင်သည်။ မဟုတ်ရင် ပြည်သူလူထု တစ်ခုလုံး ဒုက္ခတွင်းထဲ ကျရောက်ရတော့မည်။
__________________________

"Stand by"

ဒါရိုက်တာ၏ အော်သံကြောင့် ရိုက်ကွင်းတစ်ခုလုံး ငြိမ်ကျသွားသည်။ မင်းသားနှစ်လက် ရန်ဖြစ်မည့် အခန်းကို ရိုက်ကူးနေသည့် ရိုက်ကွင်းဖြစ်သည်။

"Action"

အဂ္ဂလင်းက အသံကြားသည်နှင့် သူ၏အပြုံးကို အသက်၀င်အောင် ပြုံးလိုက်သည်။ တစ်ဖက်က မင်းသားက သူ့လောက် နာမည်မကြီးပေမယ့် ခန့်ညားသည့် သွင်ပြင်ကြောင့် လူကြိုက်များသည့် အနုပညာရှင်ထဲတွင်တော့ ပါလေသည်။

"ကဒ်၊ ကောင်းတယ်၊ အဂ္ဂကတော့ အမြဲ perfectပဲ"

ဒါရိုက်တာ၏ စကားကို မျက်စိတစ်ဖက် မှိတ်ပြရင်း ရယ်လိုက်တော့ သွားပေါ်က စိန်လေးက လက်ခနဲဖြစ်သွားသည်။ ဒါရိုက်တာကြီးကတော့ မှတ်ချက်ချသည်။ အဂ္ဂလင်း၏ အပြုံးသည်ကား လွန်ဆန်နိုင်ရန် ခက်ခဲသည် ဟူ၍ ဖြစ်သည်။

"ဟဲ့ ဟိုမှာ အဂ္ဂလင်း"

"ဦးမာန်ထည်ရဲ့ စပွန်ဆာယူတယ် ဆိုတဲ့ကောင် မဟုတ်လား၊ ဘိုးတော်ကြီး သေသွားတော့ သူလွတ်လပ်သွားတာပေါ့၊ နာမည်ကြီးလို့သာပဲ၊ သူနဲ့ တွဲဖူးသမျှက ယောင်္ကျားကြီးတွေပဲတဲ့"

"သူက အဖြောင့်ကောင် မဟုတ်ဘူးလား"

"ဖြောင့်မနေဘူး၊ သူက အမြဲ ဘိုးတော်တစ်ယောက်မဟုတ် တစ်ယောက်နဲ့ တွဲနေတာ၊ ဦးမာန်ထည်သေတာလည်း သွေးရိုးသားရိုး ဟုတ်ရဲ့လား မသိပါဘူး၊ ဟိုက သူ့ကို အသေအလဲ ကြွေဝာာနော်"

ကြားရအောင်တစ်မျိုး မကြားရအောင်တစ်ဖုံ ခပ်ဝေးဝေးမှ အတင်းတုပ်နေသည်ကို အဂ္ဂလင်းအတိုင်းသား ကြားနေရသည်။

"ရေ"

ဇွဲမင်းကို ရေဘူးလှမ်းယူခိုင်းလိုက်ပြီး အာဆွတ်ရုံမျှ သောက်လိုက်သည်။

"ညာဘက်ထောင့် ၄၅ဒီဂရီမှာ ပစ်မှတ် ရှိတယ်"

ဇွဲမင်းက ရုပ်တည်ဖြင့် ပြောလာသည်ကို နေကာမျက်မှန်အောက်မှ သေချာလိုက်ကြည့်ရသည်။ အဂ္ဂက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ဦးဂရေဘယ်၊ အသက် ၄၈၊ ***ဟိုတယ် ပိုင်ရှင်၊ ပစ်မှတ် အမှတ် (၂)"

အဂ္ဂလင်းစဉ်းစားသည်က တစ်ခါတလေ ကျောက်တိုင်၏ မှတ်ညဏ်ကို ရွှေချထားလိုသည်ဟူ၍ ဖြစ်သည်။ စာအုပ်တစ်အုပ် ၁နာရီအတွင်း အပြီးဖတ်ပြီး ၏၊ သည်မရွေး ပြန်ဆိုနိုင်လောက်သည်အထိ ကျောက်တိုင်က မှတ်ညဏ်ကောင်းလွန်းသည်။

"ငါ့ကို ဖရဲသီးဖျော်ရည်လေး ၀ယ်ပေးပါလား"

ဇွဲမင်းကို အပူတိုက်လိုက်ပြီးနောက် ဇာတ်ညွှန်းဖတ်နေရင်း ပစ်မှတ်ဆိုသူကို သူလိုက်ကြည့်နေခဲ့သည်။ ထိုလူက သူသိသလောက်ဆို ဘိန်းဖြူလုပ်ငန်းကို နောက်ကွယ်မှာ အကြီးအကျယ် လုပ်ကိုင်နေသူဖြစ်သည်။ ပြီးတော့ သူ့ဘေးပတ်ပတ်လည်မှာ bodyguardတွေက အများကြီးရှိသည်။ မိန်းမလှလေး တစ်ယောက်က သူ့ပေါင်ပေါ်တင်ထိုင်နေသည့် ဦးဂရေဘယ်ကရော ဦးသူဆီမှာ ဘာတွေများ အကြွေးတင်နေတာလဲ။

ဇွဲမင်း ယူလာပေးသည့် ဖရဲသီး ဖျော်ရည်ခွက်ကို ကိုင်၍ ဦးဂရေဘယ်ရှိရာ ဆိုင်အတွင်းသို့ ၀င်သွားလိုက်သည်။ အဖြူရောင်ဖဲသား အင်္ကျီလေးကို ရင်ဟိုက်တဲ့အထိ ကြယ်သီးကို ဖြုတ်လိုက်ပြီး အပြုံးတစ်ခုကို ဖန်တီးယူလိုက်သည်။

ဦးဂရေဘယ် မြင်သာသည့် နေရာတွင် ထိုင်၍ ‌ကိတ်မုန့်တစ်ခုကို မှာလိုက်သည်။ ခဏအကြာတွင်တော့ စားပွဲပေါ်မှာ တင်ထားသည့် ပန်းအိုးမှ နှင်းဆီပွင့်ကို ယူ၍ ဦးဂရေဘယ် ရှိရာ ခုံသို့ ခြေဦးတည်လိုက်သည်။

"ကျွန်တော့်မျက်လုံးထဲမှာ ခဏခဏ ကြည့်ချင်လောက်အောင် ခင်များက ဆွဲဆောင်နိုင်လို့ နာမည်လေး သိခွင့်ရနိုင်မလား ခင်မျာ"

ဦးဂရေဘယ်၏ ပေါင်ပေါ်တွင် ထိုင်နေသော မိန်းမလှလေးကို နှင်းဆီပန်းပေး၍ သူပြောလျှင် ဘေးနားရှိ bodyguardများက အသင့်အနေအထား စောင့်နေသည်။

"အို ရှင်က အဂ္ဂလင်းပဲ၊ ကျွန်မက ချမ်းမီနိုင်ပါ၊ နှင်းဆီပန်းကိုတော့ ယူလိုက်ပါ့မယ်၊ ကျွန်မမှာက ပိုင်ရှင် ရှိပြီးပါပြီ"

"အိုး ဟုတ်လား၊ နှမျောစရာပဲ၊ အစကတော့ ဒီပန်းလေးကို မိန်းကလေးဆီ ပေးမလို့ပါပဲ၊ အခုတော့ မိန်းမလှလေးကို ပိုင်ဆိုင်သွားတဲ့သူကို ပိုဂုဏ်ပြုရမှာပေါ့၊ ဒါလေးက ခင်များအတွက်ပါ၊ အနောက်တိုင်း၀တ်စုံ၀တ်ထားပြီး မိန်းမလှလေးကို ပိုင်ဆိုင်တဲ့သူရဲ့ အိတ်ကပ်ထဲမှာ နှင်းဆီတစ်ပွင့်ရှိမှ ပနံတင့်မှာပေါ့ မဟုတ်ဘူးလား"

နှင်းဆီရိုးကို ချိုး၍ ဦးဂရေဘယ်၏ ရင်ဘတ်တွင် ထိုးပေးလိုက်ရင်း အဂ္ဂက ပြုံးကာ စကားဆိုလျှင် ထိုလူ၏ မျက်၀န်းတို့က အဂ္ဂ၏ လှုပ်ရှားပုံများကိုသာ လိုက်ကြည့်နေသည်။ မိန်းမလှဆိုတာ အဂ္ဂနဲ့တွေ့ရင် ဖုန်မှုန့်သာသာပဲဆိုသော သူကြားဖူးနေသည့် စကားက တကယ်အမှန်ပဲ ဖြစ်သည်။

"ကျွန်တော် ရိုက်ကူးရေး ရှိလို့ သွားလိုက်ပါဦးမယ်၊ မိန်းကလေး ခွင့်ပြုပါ"

ဖရဲသီးဖျော်ရည်ဘူးလေးနဲ့ ကိတ်မုန့်ကို သူထားခဲ့လိုက်ပြီး အပြင်ကို ပြန်ထွက်လာတော့ သူ့နောက်ကနေ bodyguardတစ်ဦး ပြေးလိုက်လာသည်။

"ဒီမှာ မင်းရဲ့ ဖျော်ရည်နဲ့ကိတ်မုန့် ကျန်ခဲ့လို့ပါ၊ bossက မင်းရဲ့ ဖုန်းနံပါတ်ကိုလည်း မေးခိုင်းလိုက်တယ်၊ စိတ်မရှိရင် ဖုန်းနံပါတ်လေး ပေးနိုင်မလား"

အဂ္ဂလင်း ပြုံးလိုက်မိသည်။ သူ့အတွက် သိပ်လွယ်လွန်းနေသည် မဟုတ်လား။ ဖုန်းနံပါတ်ကို အေးဆေးစွာပဲ ပေးလိုက်ရင်း ထိုလူကို သူနှုတ်ဆက်လိုက်သည်။

သူရိုက်ကွင်းရှိရာ ပြန်ရောက်လာတော့ လက်သန့်စင်ဆေးဘူးနှင့် အသင့်စောင့်နေသည့် ဇွဲမင်းကို တွေ့လိုက်ရသည်။ သူယူပြီး သန့်စင်လိုက်ပေမယ့် စိတ်ထဲမှာ မသိုးမသန့် ခံစားနေရတုန်းပဲမို့ ရေဘူးကိုပါ ယူလိုက်ပြီး လက်ဆေးလိုက်ရသည်။ သူက မစ်ရှင်တစ်ခုပြီးတိုင်း ဆိုက်ကို၀င်နေကျ ဖြစ်သည်။
_______________________

ဖြူသွယ်၍ ရှည်လျားသည့် လက်ချောင်းတို့က သားမွေးချည်ကို တုတ်တံနှစ်ချောင်းဖြင့် ဆွဲယူ၍ အထုတ်အသွင်းလုပ်ရင်း ရွေ့လျားနေသည်။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးနုနု ထင်ကျန်နေသည်။ မကြာခင်မှာ ဆောင်းရာသီရောက်တော့မှာမို့ မာဖလာတစ်ထည်တော့ ကောင်းကောင်း ရှိသင့်သည်လေ။

"အဟမ်း ဦးသူ"

အခန်းတံခါးကို ခေါက်ခြင်းမရှိဘဲ ၀င်ရောက်လာသည့်သူက ရသလင်းမှလွဲ၍ အခြားသူမရှိနိုင်။

"အင်း"

သူလှည့်မကြည့်ဘဲ အသံပြုလိုက်တော့ ရသလင်းက ဆက်ပြောသည်။

"အဂ္ဂက ဦးဂရေဘယ်ကို တွေ့ပြီလို့ ပြောတယ်၊ အခြေအနေ တိုးတက်တယ်တဲ့"

"အင်း ကောင်းတယ်၊ သူအဆင်ပြေတာနဲ့ ချိတ်ဆက်ဖို့ မလောနဲ့နော်၊ မင်းက အရမ်းတဇွတ်ထိုးလုပ်တတ်တယ်"

"အင်းပါ ကျွန်တော် သိပါတယ်၊ ဦးသူ အခု ဘာလုပ်နေတာလဲ"

"မာဖလာထိုးနေတာ၊ ဆောင်းတွင်းရောက်ပြီလေ"

ရသလင်းက ခါးသီးစွာ ပြုံးလိုက်သည်။ ဦးသူက ဆောင်းရာသီရောက်တိုင်း အဂ္ဂလင်းကို မာဖလာ တစ်ထည် အမြဲ လက်ဆောင် ပေးသည်။ မွေးနေ့ချင်းအတူတူတောင် အဂ္ဂလင်းကိုပဲ ဆုတောင်းပေးပြီး ရသကိုတော့ အမြဲမေ့ထားခဲ့သည်။

"ဒါဆို ကျွန်တော်ပြန်တော့မယ်"

"ထမင်းစားသွား"

"တော်ပြီ မစားတော့ဘူး၊ ကျွန်တော် အပြင်က စားခဲ့ပြီ"

စေသူရိန်မင်းက ရသ၏ စကားကြောင့် သက်ပြင်းချသည်။ သူဟာ ဘယ်တော့မှ ရသလင်းနှင့်အတူ လက်စုံစားခွင့် မရခဲ့ဘူး။ ဒီကောင်လေးကလည်း သူ့အနားမှာ ရှိရသည့် အချိန်ကို လျှော့နိုင်သမျှ လျှော့တတ်သည်။

"ရော့ မာဖလာ ယူသွား"

"ဘာလဲ၊ အဂ္ဂအတွက်လား၊ သူပြန်လာရင် ဆက်ဆက်ပေးလိုက်ပါ့မယ်၊ ဒါပဲဆို သွားပြီနော်"

မာဖလာကို ယူ၍ အမြန်ထွက်သွားသည့် ကောင်လေး၏ နောက်ကျောပြင်ကို သူလှည့်ကြည့်သည်။ အဂ္ဂလင်းက သူ့အတွက် ဆုလာဘ်ဆို ရသလင်းက သူ့အတွက် အပြစ်ဒဏ်ပဲ။

ရက်စက်မှုတွေကို ဒီနည်းနဲ့ပြန်ပြီး အပြစ်ပေးနေသလား ကောင်လေး။

ဆိုင်ကယ်စီးပြီး လှည့်မကြည့်တမ်း ထွက်သွားသည့် ကောင်လေးက သူ့ကိုဘယ်တော့မှ မြင်အောင်ကြည့်မှာ မဟုတ်သလို သူကလည်း မပြဖြစ်ခဲ့ပါဘူး။ လက်ထဲမှာ ကျန်ခဲ့သည့် ထိုးလက်စ မာဖလာတစ်ခုကို ကြည့်ရင်း အောက်ဖျားက Hanဆိုသည့် စာလုံးလေးကို လက်နဲ့ပွတ်ကာ သက်ပြင်းချလိုက်သည်။ အဂ္ဂကို ရည်ရွယ်သည့် မာဖလာက သူအခုမှ ထိုးတုန်းရှိသေးသည်လေ။

သူပေးလိုက်တဲ့ မာဖလာလေးကို ယူသွားသူက ဖြန့်တောင်ကြည့်ပါ့မလား။ ဘေးနားက ပုံးတစ်ခုကို သူဖွင့်ကြည့်တော့ Zanစာလုံးလေးတွေပါသည့် မာဖလာတချို့ ရှိနေသည်။ နှစ်ပေါင်းများစွာ သူမပေးဖြစ်ခဲ့တဲ့ မာဖလာလေးတွေက ပုံးတစ်ခုထဲမှာ ထည့်သိမ်းထားခြင်း ခံခဲ့ရသည်လေ။

ဒီကောင်လေးက သူပေးသမျှကိုလည်း လက်မခံခဲ့သလို၊ သူ့ကိုလည်း လက်မခံခဲ့ဘူး ထင်ပါတယ်။

___________________

Zawgyi

"ဘယ္လိုအေျခအေနရွိလဲ ေဒါက္တာ"

"လူနာက လည္ပင္းရိုးက်ိဳးၿပီး ေသသြားခဲ့တာပဲ၊ ဟိုဘက္က လူနဲ႕ တစ္ပုံစံတည္းပဲ၊ ဒီလိုသတ္နည္းမ်ိဳးက ရက္စက္သလို လုပ္ဖို႔လည္း ခက္တယ္၊ ေတာ္ေတာ္ လက္ယဥ္ေနတဲ့သူ ျဖစ္ရမယ္"

ရင္ခြဲထားသည့္ အေလာင္းႏွစ္ေလာင္းကို ၾကည့္၍ အေျဖထုတ္ေနၾကသည့္ လူတစ္စုသည္ အခုထိ တရားခံကို စဥ္းစားလို႔မရၾကေသးေခ်။

"လြန္ခဲ့တဲ့ ၁၃ႏွစ္က ကိုအင္ (Co In)ဂိုဏ္းဆိုတာ ရွိခဲ့ဖူးတယ္၊ တစ္ဂိုဏ္းလုံး အျမစ္ျပတ္ေခ်မႈန္းခံလိုက္ရၿပီးတာ ၾကာၿပီ၊ ဒီလို လည္ပင္းရိုးခ်ိဳးၿပီး သတ္နည္းက ကိုအင္ ဂိုဏ္းရဲ႕ နာမည္ႀကီးလူသတ္နည္းပဲ"

ေရွ႕မွီေနာက္မွီျဖစ္ေသာ အမႈစစ္ႀကီး ဦး‌မင္းေရာင္၏ စကားကို နားေထာင္ရင္း ဆရာ၀န္က ေခါင္းညိတ္ျပသည္။

"အဲ့တုန္းကဆိုရင္ ကြၽန္ေတာ္ ေတာ္ေတာ္ ငယ္ေသးတယ္၊ ဒီနိုင္ငံမွာ အႀကီးအက်ယ္ဆုံးျဖစ္သြားခဲ့တဲ့ ျဖစ္ရပ္ပဲ၊ ဘယ္က စၿပီး ဘယ္လိုဆုံးသြားသလဲဆိုတာေတာ့ မသိခဲ့ရဘူး"

"လူယုံ သစၥာေဖာက္တယ္လို႔ ၾကားလိုက္ရတယ္၊ ကိုအင္ဂိုဏ္းက မေကာင္းမႈခ်ည္းပဲ လုပ္ေနတဲ့ ဂိုဏ္းတစ္ဂိုဏ္းေတာ့ မဟုတ္ဘူး၊ အရင္တုန္းက‌ဆို ကိုအင္ဂိုဏ္းကပါလို႔ ေျပာလိုက္ရင္၊ ထမင္းတစ္နပ္ေတာ့ အလကားစားလို႔ရတယ္"

"ကြၽန္ေတာ္လည္း ၾကားခဲ့ဖူးပါတယ္၊ တစ္ဂိုဏ္းလုံး မီးေလာင္တိုက္သြင္း ခံရတယ္ဆိုတာက ေတာ္ေတာ္ကို ရက္ရက္စက္စက္ အသတ္ခံလိုက္ရတာမ်ိဳးပဲ၊ အဲ့ဒီတုန္းက မီးေတာက္ေတြေၾကာင့္ ေကာင္းကင္တစ္ခုလုံးေတာင္ နီရဲသြားေသးတယ္ေလ"

ဆရာ၀န္က ေတြးစစျဖင့္ ေျပာေတာ့ ဦးမင္းေရာင္ကလည္း လက္ခံေလသည္။ ဒီအျဖစ္အပ်က္ကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရသူအဖို႔ ရင္နာစရာေတာင္ ေကာင္းေသးသည္။ အစိုးရေတာင္ ခြင့္ျပဳထားရသည့္ သမာဓိရွိေသာ အျဖဴေရာင္ဂိုဏ္းက အျဖစ္ဆိုးမ်ိဳးနဲ႕ ႀကဳံခဲ့ရတယ္မလား။

ကိုအင္ဂိုဏ္း က်ဆဳံးသြားတဲ့ အခ်ိန္ကစၿပီး ထိုဂိုဏ္းရွိစဥ္က ဖိႏွိပ္နိုင္ခဲ့သည့္ အၾကမ္းဖက္ ဂိုဏ္းေပါင္းမ်ားစြာက အခုလက္ရွိတြင္ လြတ္လပ္သြားၿပီး မေကာင္းမႈမ်ားစြာ က်ဴးလြန္လ်က္ရွိေနသည္။

"ကိုအင္ဂိုဏ္းက အခုခ်ိန္ထိ က်န္ေနေသးတဲ့ သူေတြ ရွိေသးလို႔လား၊ အခုမွ ဘာလို႔ ဒီလိုအမႈေတြ လိုက္လုပ္ေနရတာလဲ"

အလုပ္သင္ အမႈစစ္ေလး အားဟူ၏ စကားကို ၾကားေတာ့ ဦးမင္းေနာင္က ေတြေဝသြားသည္။

"တရားခံက လူသတ္ခဲ့တယ္၊ ဒါေပမယ့္ သူက သူသတ္ရတဲ့ အေၾကာင္းျပခ်က္ကို တစ္ခါတည္း ထားခဲ့ေပးတယ္"

အိတ္ထဲကေန သူရထားသည့္ သက္ေသခံ စာ႐ြက္စာတမ္းႏွင့္ ဓာတ္ပုံမ်ားကို ထုတ္ျပလိုက္သည္။ ျပည့္တန္ဆာ တင္သြင္းမႈႏွင့္ အက်င့္ပ်က္ လာဘ္ယူၿပီး အဂတိလိုက္စားမႈ သက္ေသခံ ပစၥည္းမ်ားျဖစ္သည္။

"ဦးမာန္ထည္က ဒီတစ္ေခါက္ ေ႐ြးေကာက္ပြဲ ၀င္ၿပိဳင္တဲ့ အမႈေဆာင္ မဟုတ္လား"

အားဟူက တအံ့တဩေမးေလလွ်င္ ဦးမင္းေနာင္က ေခါင္းညိတ္၍ ေျဖသည္။

"ဟုတ္တယ္၊ သူက ဒီတစ္ေခါက္ အနိုင္ရနိုင္ေျခ အရွိဆုံးသူပဲ၊ ေနာက္တစ္လဆိုရင္ မဲေပးၾကတဲ့အခါ သူက နိုင္ကိုနိုင္မွာ ေသခ်ာေပါက္ပဲ၊ ၾကည့္ပါဦးေနာက္ကြယ္မွာ သူလုပ္ထားတာေတြက ဘယ္လိုမွ လက္ခံနိုင္စရာ မရွိဘူး"

"ဒါဆို တရားခံကို ကြၽန္ေတာ္တို႔က ဖမ္းစရာလိုေသးလား"

အားဟူ၏ မသိနားလည္ ေမးေသာ စကားကိုၾကားေတာ့ ဦးမင္းေနာင္က သူ႕ေခါင္းကို ရိုက္ေလသည္။

"႐ူးေနလား၊ ဦးမာန္ထည္ ဘယ္ေလာက္ပဲ မေကာင္းတာ လုပ္လုပ္ လူသတ္တာကလည္း အျပစ္ႀကီးတာပဲ၊ ေသခ်ာေပါက္ ဖမ္းရမွာေပါ့ကြ"

ဆရာတပည့္ႏွစ္‌ေယာက္ကို ၾကည့္၍ ေနသူရိန္မင္းက သက္ျပင္းခ်၍ ရယ္ေလသည္။ အခုသူက အမႈအတြက္ အေလာင္းကို ရင္ခြဲၿပီး စစ္ေဆး ေပးေနရသူ ျဖစ္သည္။

"ဒါဆို ေဒါက္တာကပဲ၊ အေၾကာင္းထူးရင္ ျပန္ဆက္သြယ္ေပးပါဦး၊ တရားခံက အရမ္းေတာ္လြန္းတယ္၊ သဲလြန္စေတြ ေပးသြားတာေတာင္ ကြၽန္ေတာ္တို႔က လိုက္မမွီဘူး ျဖစ္ေနတယ္၊ အဲ့ဒီအခန္းထဲမွာ ေဆးလိပ္တစ္လိပ္ေတာင္ ေတြ႕ခဲ့ေသးတယ္"

ဦးမင္းေနာင္၏ စကားကို ေနသူရိန္က အသိအမွတ္ျပဳဟန္ ၿပဳံးျပ၍ ေခါင္းညိတ္လိုက္သည္။ သူကူညီနိုင္တာ ဒီအထိပဲ ရွိသည္။ အမွန္တိုင္းဆိုရမည္ ဆိုလွ်င္ သူကေတာ့ လူသတ္သမားကို ေက်းဇူးတင္သည္။ မဟုတ္ရင္ ျပည္သူလူထု တစ္ခုလုံး ဒုကၡတြင္းထဲ က်ေရာက္ရေတာ့မည္။
__________________________

"Stand by"

ဒါရိုက္တာ၏ ေအာ္သံေၾကာင့္ ရိုက္ကြင္းတစ္ခုလုံး ၿငိမ္က်သြားသည္။ မင္းသားႏွစ္လက္ ရန္ျဖစ္မည့္ အခန္းကို ရိုက္ကူးေနသည့္ ရိုက္ကြင္းျဖစ္သည္။

"Action"

အဂၢလင္းက အသံၾကားသည္ႏွင့္ သူ၏အၿပဳံးကို အသက္၀င္ေအာင္ ၿပဳံးလိုက္သည္။ တစ္ဖက္က မင္းသားက သူ႕ေလာက္ နာမည္မႀကီးေပမယ့္ ခန႔္ညားသည့္ သြင္ျပင္ေၾကာင့္ လူႀကိဳက္မ်ားသည့္ အႏုပညာရွင္ထဲတြင္ေတာ့ ပါေလသည္။

"ကဒ္၊ ေကာင္းတယ္၊ အဂၢကေတာ့ အၿမဲ perfectပဲ"

ဒါရိုက္တာ၏ စကားကို မ်က္စိတစ္ဖက္ မွိတ္ျပရင္း ရယ္လိုက္ေတာ့ သြားေပၚက စိန္ေလးက လက္ခနဲျဖစ္သြားသည္။ ဒါရိုက္တာႀကီးကေတာ့ မွတ္ခ်က္ခ်သည္။ အဂၢလင္း၏ အၿပဳံးသည္ကား လြန္ဆန္နိုင္ရန္ ခက္ခဲသည္ ဟူ၍ ျဖစ္သည္။

"ဟဲ့ ဟိုမွာ အဂၢလင္း"

"ဦးမာန္ထည္ရဲ႕ စပြန္ဆာယူတယ္ ဆိုတဲ့ေကာင္ မဟုတ္လား၊ ဘိုးေတာ္ႀကီး ေသသြားေတာ့ သူလြတ္လပ္သြားတာေပါ့၊ နာမည္ႀကီးလို႔သာပဲ၊ သူနဲ႕ တြဲဖူးသမွ်က ေယာကၤ်ားႀကီးေတြပဲတဲ့"

"သူက အေျဖာင့္ေကာင္ မဟုတ္ဘူးလား"

"ေျဖာင့္မေနဘူး၊ သူက အၿမဲ ဘိုးေတာ္တစ္ေယာက္မဟုတ္ တစ္ေယာက္နဲ႕ တြဲေနတာ၊ ဦးမာန္ထည္ေသတာလည္း ေသြးရိုးသားရိုး ဟုတ္ရဲ႕လား မသိပါဘူး၊ ဟိုက သူ႕ကို အေသအလဲ ေႂကြဝာာေနာ္"

ၾကားရေအာင္တစ္မ်ိဳး မၾကားရေအာင္တစ္ဖုံ ခပ္ေဝးေဝးမွ အတင္းတုပ္ေနသည္ကို အဂၢလင္းအတိုင္းသား ၾကားေနရသည္။

"ေရ"

ဇြဲမင္းကို ေရဘူးလွမ္းယူခိုင္းလိုက္ၿပီး အာဆြတ္႐ုံမွ် ေသာက္လိုက္သည္။

"ညာဘက္ေထာင့္ ၄၅ဒီဂရီမွာ ပစ္မွတ္ ရွိတယ္"

ဇြဲမင္းက ႐ုပ္တည္ျဖင့္ ေျပာလာသည္ကို ေနကာမ်က္မွန္ေအာက္မွ ေသခ်ာလိုက္ၾကည့္ရသည္။ အဂၢက ၿပဳံး၍ ေခါင္းညိတ္ျပလိုက္သည္။

"ဦးဂေရဘယ္၊ အသက္ ၄၈၊ ***ဟိုတယ္ ပိုင္ရွင္၊ ပစ္မွတ္ အမွတ္ (၂)"

အဂၢလင္းစဥ္းစားသည္က တစ္ခါတေလ ေက်ာက္တိုင္၏ မွတ္ညဏ္ကို ေ႐ႊခ်ထားလိုသည္ဟူ၍ ျဖစ္သည္။ စာအုပ္တစ္အုပ္ ၁နာရီအတြင္း အၿပီးဖတ္ၿပီး ၏၊ သည္မေ႐ြး ျပန္ဆိုနိုင္ေလာက္သည္အထိ ေက်ာက္တိုင္က မွတ္ညဏ္ေကာင္းလြန္းသည္။

"ငါ့ကို ဖရဲသီးေဖ်ာ္ရည္ေလး ၀ယ္ေပးပါလား"

ဇြဲမင္းကို အပူတိုက္လိုက္ၿပီးေနာက္ ဇာတ္ၫႊန္းဖတ္ေနရင္း ပစ္မွတ္ဆိုသူကို သူလိုက္ၾကည့္ေနခဲ့သည္။ ထိုလူက သူသိသေလာက္ဆို ဘိန္းျဖဴလုပ္ငန္းကို ေနာက္ကြယ္မွာ အႀကီးအက်ယ္ လုပ္ကိုင္ေနသူျဖစ္သည္။ ၿပီးေတာ့ သူ႕ေဘးပတ္ပတ္လည္မွာ bodyguardေတြက အမ်ားႀကီးရွိသည္။ မိန္းမလွေလး တစ္ေယာက္က သူ႕ေပါင္ေပၚတင္ထိုင္ေနသည့္ ဦးဂေရဘယ္ကေရာ ဦးသူဆီမွာ ဘာေတြမ်ား အေႂကြးတင္ေနတာလဲ။

ဇြဲမင္း ယူလာေပးသည့္ ဖရဲသီး ေဖ်ာ္ရည္ခြက္ကို ကိုင္၍ ဦးဂေရဘယ္ရွိရာ ဆိုင္အတြင္းသို႔ ၀င္သြားလိုက္သည္။ အျဖဴေရာင္ဖဲသား အကၤ်ီေလးကို ရင္ဟိုက္တဲ့အထိ ၾကယ္သီးကို ျဖဳတ္လိုက္ၿပီး အၿပဳံးတစ္ခုကို ဖန္တီးယူလိုက္သည္။

ဦးဂေရဘယ္ ျမင္သာသည့္ ေနရာတြင္ ထိုင္၍ ‌ကိတ္မုန႔္တစ္ခုကို မွာလိုက္သည္။ ခဏအၾကာတြင္ေတာ့ စားပြဲေပၚမွာ တင္ထားသည့္ ပန္းအိုးမွ ႏွင္းဆီပြင့္ကို ယူ၍ ဦးဂေရဘယ္ ရွိရာ ခုံသို႔ ေျခဦးတည္လိုက္သည္။

"ကြၽန္ေတာ့္မ်က္လုံးထဲမွာ ခဏခဏ ၾကည့္ခ်င္ေလာက္ေအာင္ ခင္မ်ားက ဆြဲေဆာင္နိုင္လို႔ နာမည္ေလး သိခြင့္ရနိုင္မလား ခင္မ်ာ"

ဦးဂေရဘယ္၏ ေပါင္ေပၚတြင္ ထိုင္ေနေသာ မိန္းမလွေလးကို ႏွင္းဆီပန္းေပး၍ သူေျပာလွ်င္ ေဘးနားရွိ bodyguardမ်ားက အသင့္အေနအထား ေစာင့္ေနသည္။

"အို ရွင္က အဂၢလင္းပဲ၊ ကြၽန္မက ခ်မ္းမီနိုင္ပါ၊ ႏွင္းဆီပန္းကိုေတာ့ ယူလိုက္ပါ့မယ္၊ ကြၽန္မမွာက ပိုင္ရွင္ ရွိၿပီးပါၿပီ"

"အိုး ဟုတ္လား၊ ႏွေမ်ာစရာပဲ၊ အစကေတာ့ ဒီပန္းေလးကို မိန္းကေလးဆီ ေပးမလို႔ပါပဲ၊ အခုေတာ့ မိန္းမလွေလးကို ပိုင္ဆိုင္သြားတဲ့သူကို ပိုဂုဏ္ျပဳရမွာေပါ့၊ ဒါေလးက ခင္မ်ားအတြက္ပါ၊ အေနာက္တိုင္း၀တ္စုံ၀တ္ထားၿပီး မိန္းမလွေလးကို ပိုင္ဆိုင္တဲ့သူရဲ႕ အိတ္ကပ္ထဲမွာ ႏွင္းဆီတစ္ပြင့္ရွိမွ ပနံတင့္မွာေပါ့ မဟုတ္ဘူးလား"

ႏွင္းဆီရိုးကို ခ်ိဳး၍ ဦးဂေရဘယ္၏ ရင္ဘတ္တြင္ ထိုးေပးလိုက္ရင္း အဂၢက ၿပဳံးကာ စကားဆိုလွ်င္ ထိုလူ၏ မ်က္၀န္းတို႔က အဂၢ၏ လႈပ္ရွားပုံမ်ားကိုသာ လိုက္ၾကည့္ေနသည္။ မိန္းမလွဆိုတာ အဂၢနဲ႕ေတြ႕ရင္ ဖုန္မႈန႔္သာသာပဲဆိုေသာ သူၾကားဖူးေနသည့္ စကားက တကယ္အမွန္ပဲ ျဖစ္သည္။

"ကြၽန္ေတာ္ ရိုက္ကူးေရး ရွိလို႔ သြားလိုက္ပါဦးမယ္၊ မိန္းကေလး ခြင့္ျပဳပါ"

ဖရဲသီးေဖ်ာ္ရည္ဘူးေလးနဲ႕ ကိတ္မုန႔္ကို သူထားခဲ့လိုက္ၿပီး အျပင္ကို ျပန္ထြက္လာေတာ့ သူ႕ေနာက္ကေန bodyguardတစ္ဦး ေျပးလိုက္လာသည္။

"ဒီမွာ မင္းရဲ႕ ေဖ်ာ္ရည္နဲ႕ကိတ္မုန႔္ က်န္ခဲ့လို႔ပါ၊ bossက မင္းရဲ႕ ဖုန္းနံပါတ္ကိုလည္း ေမးခိုင္းလိုက္တယ္၊ စိတ္မရွိရင္ ဖုန္းနံပါတ္ေလး ေပးနိုင္မလား"

အဂၢလင္း ၿပဳံးလိုက္မိသည္။ သူ႕အတြက္ သိပ္လြယ္လြန္းေနသည္ မဟုတ္လား။ ဖုန္းနံပါတ္ကို ေအးေဆးစြာပဲ ေပးလိုက္ရင္း ထိုလူကို သူႏႈတ္ဆက္လိုက္သည္။

သူရိုက္ကြင္းရွိရာ ျပန္ေရာက္လာေတာ့ လက္သန႔္စင္ေဆးဘူးႏွင့္ အသင့္ေစာင့္ေနသည့္ ဇြဲမင္းကို ေတြ႕လိုက္ရသည္။ သူယူၿပီး သန႔္စင္လိုက္ေပမယ့္ စိတ္ထဲမွာ မသိုးမသန႔္ ခံစားေနရတုန္းပဲမို႔ ေရဘူးကိုပါ ယူလိုက္ၿပီး လက္ေဆးလိုက္ရသည္။ သူက မစ္ရွင္တစ္ခုၿပီးတိုင္း ဆိုက္ကို၀င္ေနက် ျဖစ္သည္။
_______________________

ျဖဴသြယ္၍ ရွည္လ်ားသည့္ လက္ေခ်ာင္းတို႔က သားေမြးခ်ည္ကို တုတ္တံႏွစ္ေခ်ာင္းျဖင့္ ဆြဲယူ၍ အထုတ္အသြင္းလုပ္ရင္း ေ႐ြ႕လ်ားေနသည္။ သူ၏ ႏႈတ္ခမ္းထက္တြင္ အၿပဳံးႏုႏု ထင္က်န္ေနသည္။ မၾကာခင္မွာ ေဆာင္းရာသီေရာက္ေတာ့မွာမို႔ မာဖလာတစ္ထည္ေတာ့ ေကာင္းေကာင္း ရွိသင့္သည္ေလ။

"အဟမ္း ဦးသူ"

အခန္းတံခါးကို ေခါက္ျခင္းမရွိဘဲ ၀င္ေရာက္လာသည့္သူက ရသလင္းမွလြဲ၍ အျခားသူမရွိနိုင္။

"အင္း"

သူလွည့္မၾကည့္ဘဲ အသံျပဳလိုက္ေတာ့ ရသလင္းက ဆက္ေျပာသည္။

"အဂၢက ဦးဂေရဘယ္ကို ေတြ႕ၿပီလို႔ ေျပာတယ္၊ အေျခအေန တိုးတက္တယ္တဲ့"

"အင္း ေကာင္းတယ္၊ သူအဆင္ေျပတာနဲ႕ ခ်ိတ္ဆက္ဖို႔ မေလာနဲ႕ေနာ္၊ မင္းက အရမ္းတဇြတ္ထိုးလုပ္တတ္တယ္"

"အင္းပါ ကြၽန္ေတာ္ သိပါတယ္၊ ဦးသူ အခု ဘာလုပ္ေနတာလဲ"

"မာဖလာထိုးေနတာ၊ ေဆာင္းတြင္းေရာက္ၿပီေလ"

ရသလင္းက ခါးသီးစြာ ၿပဳံးလိုက္သည္။ ဦးသူက ေဆာင္းရာသီေရာက္တိုင္း အဂၢလင္းကို မာဖလာ တစ္ထည္ အၿမဲ လက္ေဆာင္ ေပးသည္။ ေမြးေန႕ခ်င္းအတူတူေတာင္ အဂၢလင္းကိုပဲ ဆုေတာင္းေပးၿပီး ရသကိုေတာ့ အၿမဲေမ့ထားခဲ့သည္။

"ဒါဆို ကြၽန္ေတာ္ျပန္ေတာ့မယ္"

"ထမင္းစားသြား"

"ေတာ္ၿပီ မစားေတာ့ဘူး၊ ကြၽန္ေတာ္ အျပင္က စားခဲ့ၿပီ"

ေစသူရိန္မင္းက ရသ၏ စကားေၾကာင့္ သက္ျပင္းခ်သည္။ သူဟာ ဘယ္ေတာ့မွ ရသလင္းႏွင့္အတူ လက္စုံစားခြင့္ မရခဲ့ဘူး။ ဒီေကာင္ေလးကလည္း သူ႕အနားမွာ ရွိရသည့္ အခ်ိန္ကို ေလွ်ာ့နိုင္သမွ် ေလွ်ာ့တတ္သည္။

"ေရာ့ မာဖလာ ယူသြား"

"ဘာလဲ၊ အဂၢအတြက္လား၊ သူျပန္လာရင္ ဆက္ဆက္ေပးလိုက္ပါ့မယ္၊ ဒါပဲဆို သြားၿပီေနာ္"

မာဖလာကို ယူ၍ အျမန္ထြက္သြားသည့္ ေကာင္ေလး၏ ေနာက္ေက်ာျပင္ကို သူလွည့္ၾကည့္သည္။ အဂၢလင္းက သူ႕အတြက္ ဆုလာဘ္ဆို ရသလင္းက သူ႕အတြက္ အျပစ္ဒဏ္ပဲ။

ရက္စက္မႈေတြကို ဒီနည္းနဲ႕ျပန္ၿပီး အျပစ္ေပးေနသလား ေကာင္ေလး။

ဆိုင္ကယ္စီးၿပီး လွည့္မၾကည့္တမ္း ထြက္သြားသည့္ ေကာင္ေလးက သူ႕ကိုဘယ္ေတာ့မွ ျမင္ေအာင္ၾကည့္မွာ မဟုတ္သလို သူကလည္း မျပျဖစ္ခဲ့ပါဘူး။ လက္ထဲမွာ က်န္ခဲ့သည့္ ထိုးလက္စ မာဖလာတစ္ခုကို ၾကည့္ရင္း ေအာက္ဖ်ားက Hanဆိုသည့္ စာလုံးေလးကို လက္နဲ႕ပြတ္ကာ သက္ျပင္းခ်လိဳက္သည္။ အဂၢကို ရည္႐ြယ္သည့္ မာဖလာက သူအခုမွ ထိုးတုန္းရွိေသးသည္ေလ။

သူေပးလိုက္တဲ့ မာဖလာေလးကို ယူသြားသူက ျဖန႔္ေတာင္ၾကည့္ပါ့မလား။ ေဘးနားက ပုံးတစ္ခုကို သူဖြင့္ၾကည့္ေတာ့ Zanစာလုံးေလးေတြပါသည့္ မာဖလာတခ်ိဳ႕ ရွိေနသည္။ ႏွစ္ေပါင္းမ်ားစြာ သူမေပးျဖစ္ခဲ့တဲ့ မာဖလာေလးေတြက ပုံးတစ္ခုထဲမွာ ထည့္သိမ္းထားျခင္း ခံခဲ့ရသည္ေလ။

ဒီေကာင္ေလးက သူေပးသမွ်ကိုလည္း လက္မခံခဲ့သလို၊ သူ႕ကိုလည္း လက္မခံခဲ့ဘူး ထင္ပါတယ္။


Continuer la Lecture

Vous Aimerez Aussi

341K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
2.2M 165K 36
Myanmar × OC 9.10.2022 _ 12.1.2023
466K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."