🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺
ေဒၚမိုးျမင့္နိုင္ဧည့္ခန္းတြင္ထိုင္ေနခိုက္ ပုခံုးေပၚကိုဖြဖြလာထိသည့္ တစ္စံုတစ္ရာေၾကာင့္ လွည့္ၾကည့္္ိေတာ့ ေျမးငယ္၏သမီးဟုေျပာရမည့္ ကေလးမေလးျဖစ္ေနသည္။
"ဖြားဖြား သမီးႏွိပ္ေပးခ်င္လို႔"
"ရတယ္ တျခားမွာသြားေဆာ့ေန"
"ဟင့္ ဖြားဖြားက သမီးကိုမခ်စ္ေတာ့ဘူးလား
ဟိုတခါတုန္းကေတာင္ ခ်စ္စရာေလးလို႔ေျပာျပီး"
မ်က္ရည္ေလးဝဲကာ ေျပာသည့္ကေလးမေလးေၾကာင့္
စိတ္ေလ်ွာ့ခ်လိုက္ရသည္။
ကေလးကိုစကားမာကာမေျပာခ်င္ေသာ္လည္း
ထိုကေလး၏ဖခင္ျဖစ္သူကို မိမိမွလက္မခံနိုင္ေသးသည္ကို။
"ကေလး တစ္ေယာက္ထဲ ေအာက္ဆင္းလာတာလား
ညည္းဒယ္ဒီေရာ"
"ဒယ္ဒီက ေဖေဖေနမေကာင္းလို႔ ေဆးတိုက္ေနတယ္"
ေနမေကာင္းဘူးဆိုသည္မို႔ ဘာမ်ားျဖစ္တာလဲေတြးမိေသးသည္။
တစ္မနက္ခင္းလံုးထိုေကာင္ေလး မျမင္ပါဘူးေအာက္ေမ့မိတာ ေနမေကာင္းျဖစ္ေနတာေၾကာင့္ကိုး။
"ညည္းေလး ေဖေဖကဘာျဖစ္တာတဲ့လဲ"
"ကိုယ္ေတြပူေနတာဖြားဖြား ေဖေဖ့ေၾကာင့္ဒယ္ဒီလဲ မအိပ္ရဘူး အဖ်ားခဏခဏတက္လို႔တဲ့"
အဖ်ားတက္ေနတာကို ဆရာဝန္ျဖစ္ေသာ မိမိေျမးငယ္က
သက္သာေအာင္မလုပ္ေပးနိုင္ေသးတာလား။
အိမ္မွာေဆးပစၥည္းမစံုရင္ေတာင္ ေဆးရံုေခၚသြားသင့္သည္မဟုတ္လား။
ဒီကေလးေတြ တမင္မ်ား ေပကပ္ေနၾကသလား။
"ရျပီ ရျပီ ကေလး……မနွိပ္နဲ႔ေတာ့
ဖြားဖြားကို ဖုန္းယူေပးမလား"
"ဟုတ္ ယူေပးမယ္ဖြားဖြား
ေဖေဖကမွာထားတယ္ ဖြားဖြားသေဘာက်ေအာင္ အကုန္လုပ္ေပးရမယ္တဲ့"
ကေလးမေလးက ေျပာလဲေျပာရင္း
စားပြဲေပၚတင္ထားသည့္ ဖုန္းကိုယူလာေပးသည္။
ကေလးငယ္၏ ယဥ္ေက်းတက္မႈေၾကာင့္ ထိုေကာင္ေလး သြန္သင္မႈေကာင္းမွန္းသိသည္။
"သြားေဆာ့ေခ်ေတာ့ ဖြားဖြားဖုန္းဆက္စရာရွိလို႔
တိုးတိုးေနေနာ္"
"ဟုတ္ ဖြားဖြား"
ကေလးမေလးက ဘယ္အခ်ိန္ယူလာလဲမသိသည့္
အရုပ္ေတြႏွင့္ ေလွကားအရင္းတြင္ထိုင္ေဆာ့ေနသည္။
ေျမးၾကီးစီဖုန္းေခၚေတာ့ ခ်က္ခ်င္းကိုင္သည္။
"ဟဲလို အဖြား "
"ေျမးၾကီး ေဒါက္တာကိုဖုန္းဆက္ျပီး
အိမ္လႊတ္ေပးစမ္းအံုး"
"ဟင္ အဖြားဘာျဖစ္လို႔လဲ
ဘယ္ေနရာကေနမေကာင္းတာလဲ
ခန္႔တည္ကိုေခၚလိုက္ေလ"
"အဖြားဘာမွမျဖစ္ဘူး
ဟိုေကာင္ေလး အဖ်ားတက္ေနတယ္တဲ့
မင္းညီေဒါက္တာက အခုထိ အဖ်ားက်ေအာင္လုပ္နိုင္ပံုမရဘူး အိမ္မွာေဆးပစၥည္းလဲအစံုမရွိေတာ့"
"ေအာ္ အဖြားက ေကာင္းကင္အတြက္ ေဒါက္တာေခၚခိုင္းတာလား စိတ္မပူပါနဲ႔အဖြားရယ္ ခန္႔တည္ကမလိုအပ္လို႔ ေဆးရံုေဆးခန္းမျပတာပါ"
"စိတ္ပူလို႔မဟုတ္ပါဘူး
မင္းညီက ထူပူျပီး ေဆးခန္းမျပဘူးထင္လို႔
အဲ့ဒါဆိုဒါပဲေျမးၾကီး"
"ဟုတ္အဖြား"
ဖုန္းခ်သြားသည့္ အဖြားေၾကာင့္ မင္းရန္နိုင္ျပံဳးမိေသးသည္။
အဖြားကထင္သေလာက္ မမာေက်ာပါဘူး။
ခန္႔တည္ကိုခ်စ္ေတာ့ ခန္႔တည္နဲ႔ပတ္သက္သမ်ွကိုလဲ
သံေယာဇဥ္တြယ္ေပလိမ့္မည္။
အခုလဲေရာက္တာႏွစ္ရက္မျပည့္ေသးသည့္ေကာင္းကင္အတြက္ စိတ္ပူေပးေနျပီျဖစ္သည္။
ေကာင္းကင္ေနမေကာင္းတာ မနက္ကပဲ ခန္႔တည္ေျပာလို႔သိျပီးျပီျဖစ္သည္။
ခန္႔တည္ကိုေတာင္ အခုမွလူျဖစ္တာလားဆိုျပီးေနာက္ခဲ့ေသးသည္။
……………………………………
ေကာင္းကင္စီကအဆက္အသြယ္မလာလို႔ စိတ္ပူေနသည့္
မိဘႏွစ္ပါးကို ၾကယ္စင္နားခ်ေပးေနရသည္။
ဟိုေကာင္ေလးကလဲ သူ႔ေယာက်ာ္းေနာက္လိုက္သြားကတည္းက ဖုန္းေလးပင္ဆက္မလာ။
ျမတ္ဘုန္းကိုေမးေတာ့လဲ လိုက္ပို႔သည့္ေနကနဲ႔ ကုန္တိုက္လိုက္ပို႔သည့္ေန႔ကပဲေတြ႔သည္တဲ့။
"သမီး သားငယ္စီဖုန္းဆက္ၾကည့္ပါလား
အက်ိဳးအေၾကာင္းေလးသိရေအာင္"
"ဟုတ္ ဟုတ္ ဆက္ေပးမယ္"
ေဖေဖလဲ အလုပ္ကျပန္ေရာက္ျပီမို႔ အေမာေျပေစရန္
ေရခြက္ေလးခ်ေပးျပီး ေကာင္းကင္စီဖုန္းေခၚလိုက္သည္။
"ဟဲလို"
"ဟဲလို ေဒါက္တာလားရွင့္ က်မၾကယ္စင္ပါ"
ေဖေဖနဲ႔ေမေမေရာၾကားေစရန္ စပီကာပါဖြင့္ထားလိုက္သည္။
"ဟုတ္ကဲ့ ဆရာမ ေျပာပါဗ်"
"ဟုတ္ ေကာင္းကင္နဲ႔တူမေလး အဆင္ေျပလားသိခ်င္လို႔ပါေဒါက္တာ"
"ဟုတ္ဆရာမ အဆင္ေျပပါတယ္
က်ေနာ္တို႔ အခုအဖြားအိမ္မွာပါ အဖြားကေခၚလို႔ မေန႔ကပဲလာခဲ့ၾကတာဗ် အန္ကယ္နဲ႔အန္တီကိုလဲ စိတ္မပူဖို႔ေျပာေပးပါအံုးဗ် က်ေနာ္ ေကာင္းကင္ကိုဖုန္းေပးလိုက္ပါ့မယ္"
"ဟုတ္ကဲ့ပါေဒါက္တာ"
အဖြားအိမ္ေရာက္ေနျပီဆိုေသာေၾကာင့္ ေဖေဖနဲ႔ေမေမက သက္ျပင္းခ်ၾကသည္။
အဆင္ေျပသည္ဆိုေသာ္လည္း စိတ္ပူတာကေတာ့ ပူရသည္မဟုတ္လား။
"မမ ေျပာ က်ေနာ္ပါ"
"အသံကဘယ္လိုျဖစ္တာလဲ ေမာင္ေလး
ေနမေကာင္းဘူးလား"
"ဟုတ္ နည္းနည္းဖ်ားေနတာ
သက္သာေနပါျပီ"
"ဂရုစိုက္မွေပါ့ ကေလးေရာ အနားမွာလား"
"သမီးငယ္က အဖြားနဲ႔ေအာက္မွာထင္တယ္"
"အဖြားနဲ႔ဆိုေတာ့ အဆင္ေျပေနၾကျပီလား"
"စကားေတာင္ေသခ်ာမေျပာရေသးဘူးမမ
အဆင္ေတာ့ေျပပါတယ္အကိုကလဲ ဂရုစိုက္တယ္
သူေ႒းကလဲ ေဖာ္ေရြပါတယ္"
"ေအးပါ ေဖေဖတို႔က နင့္ကိုစိတ္ပူေနၾကလို႔"
"အင္းပါ ေနာက္မွ အိမ္ျပန္လာခဲ့မယ္
က်န္းမာေရးဂရုစိုက္ၾကအံုး ေဖေဖတို႔ကိုလဲ ငါအဆင္ေျပတာမို႔ စိတ္မပူေစနဲ႔"
"ေအးပါ တူမေလးကိုလဲ အဖြားကို အရမ္းအေႏွာက္အယွက္မျဖစ္ေစနဲ႔ ကေလးဆိုေတာ့ ဘာမွသိမွာမဟုတ္ဘူး
နင္နဲ႔ကေလးကို ထပ္ျပီးျငိဳျငင္သြားရင္ ဒုကၡ"
"ဟုတ္မမ သမီးကလိမ္မာပါတယ္"
"အဲ့ဒါဆိုဒါပဲေကာင္းကင္"
"ဟုတ္"
ေကာင္းကင္နဲ႔ဖုန္းေျပာျပီးမွ ေဖေဖနဲ႔ေမေမလဲ ေက်နပ္သြားၾကသည္။
…………………………………
"ေကာင္းကင္ရယ္ ျငိမ္ျငိမ္ေလးနားပါဆိုကြာ"
"ေနေကာင္းပါျပီဆိုအကိုကလဲ ေအာက္ဆင္းရေအာင္ေနာ္
အဖြားညေနစာစားေတာ့မယ္ထင္တယ္"
"စားလဲ အကုန္အဆင္သင့္ရွိတယ္ေလ
ေကာင္းကင္ကေနမေကာင္းထားေတာ့ အားနည္းေနတာကို"
"အကိုကလဲ အဖြားတမ်ိဳးျမင္မွာေပါ့
ဘာမွမျဖစ္ဘူး လာပါသြားရေအာင္ သူေ႒းေတာင္ျပန္ေရာက္ျပီထင္တယ္"
ေန႔လည္မွ အဖ်ားက်သြားလို႔ စိတ္ေပးရပါတယ္သူေလးက အိမ္အလုပ္ေတြလုပ္ဖို႔ တျပင္ျပင္။
ေျပာမနိုင္ေတာ့လဲ ခန္တည္လက္ေလ်ာ့ရသည္။
အနည္းငယ္လမ္းေလ်ွာက္ရအဆင္မေျပသည္မို႔
ခါးေလးကေနထိန္းကိုင္ေပးကာ ဆင္းလာခဲ့ၾကသည္။
"ေဟာ……ေကာင္းကင္ သက္သာရဲ႕လား
ေနမေကာင္းေသးရင္ အခန္းထဲနားမွေပါ့"
"ေနေကာင္းပါတယ္ဗ် သူေ႒း"
မ်က္ႏွာကူစြာပင္ ေကာင္းကင္ျပန္ေျဖလိုက္ရသည္။
"အဖြားက ညေနစာစားေနျပီပဲ"
ခန္႔တည္အသံျပဳေတာ့ အဖြားကလွည့္ၾကည့္သည္။
အဖြားေဘးတြင္ သမီးကပါထိုင္စားေနေသးသည္။
အဖြားကအတူစားခိုင္းသည္ထင္ပါ့။
"ကိုကိုလဲစားေတာ့မလို႔
တခါထဲစားရေအာင္လာ"
"ေနပါေစ သူေ႒း က်ေနာ္မစားေသးဘူး
အကိုသြားစားေတာ့ေလ အဖြားနဲ႔အတူတူ"
"ဟင့္အင္း မင္းနဲ႔မွအတူတူစားမယ္
တစ္ေယာက္ထဲစားရင္ ေကာင္းကင္ပ်င္းေနလိမ့္မယ္"
"အာ…ရပါတယ္ သြားပါေနာ္
အဖြားကို ေသခ်ာဂရုစိုက္ထည့္ေပးလိုက္ပါ
က်ေနာ္ဧည့္ခန္းမွာပဲရွိေနမယ္"
"လာ ခန္႔တည္ သူစိတ္ခ်မ္းသာသလိုေနပါေစ
အဖြားကလဲ မင္းနဲ႔အတူ လက္စံုစားခ်င္မွာ"
ကိုကိုကလဲ ဆြဲေခၚေတာ့ ခန္႔တည္လိုက္လာရသည္။
ေကာင္းကင္ အျပံဳးဖြဖြျဖင့္ႏွစ္သိမ့္ကာ ဆိုဖာမွာသြားထိုင္သည္။
"ဒယ္ဒီ……သမီးကို ထမင္းခြံ႕ေက်ြး"
"အင္း သမီး ဒယ္ဒီေက်ြးမယ္……
အဖြား သမီးနဲ႔စားလို႔အဆင္ေျပလားဗ်
အဖြားအတြက္ အေႏွာက္အယွက္ျဖစ္ရင္ က်ေနာ္ပဲေတာင္းပန္ပါတယ္"
"ကေလးသူ႔ဘာသူေအးေအးေဆးေဆးစားေနတာ
မင္းကစကားမမ်ားနဲ႔
ေျမးၾကီးလဲ စားေတာ့"
"ဟုတ္ အဖြား"
အဖြားကစကားျပန္ေျပာတာမို႔ ခန္႔တည္တစ္ဖက္လွည့္ျပံဳးမိသည္။
သမီးကိုထမင္းခြံ႕ရင္း ဧည့္ခန္းစီကေကာင္းကင္ကိုလဲ
လွမ္းၾကည့္ရေသးသည္။
ခန္႔တည္ၾကည့္တာ အဖြားမိသြားရင္ ရယ္သာျပလိုက္သည္။
"ေျမးၾကီး"
"ဗ်ာ အဖြား"
"ဟုိေကာင္ေလးကို ေခၚလိုက္
မဟုတ္ရင္ ခန္႔တည္နိုင္ ထမင္းမ်ိဳက်မွာမဟုတ္ဘူး"
"အဟြင္း…ဟုတ္အဖြား"
"အဖြားကလဲ က်ေနာ္ဘာလုပ္ေနလို႔လဲ
သမီးနဲ႔အတူထမင္းစားေနတာကို"
ကိုကိုကေတာ့ ထမင္းစားရင္း ေရွ႕ထြက္သြားသည္။
"အဖြားအျမင္ၾကည္ဖို႔ၾကိဳးစားေပးေနတာ မင္းကမ်က္စိေနာက္ေအာင္လုပ္ေနတာေလ ေတာ္ယံုပဲကဲ မင္းယူထားတာ နုနုရြရြမိန္းကေလးမဟုတ္ဘူး သူ႔ကိုယ္သူဂရုစိုက္တက္တယ္"
"ဟုတ္ အဖြားကလဲ……က်ေနာ့္ကိုအျပစ္ျမင္ျပီေပါ့"
ကိုကို႔ေနာက္ကေန ေကာင္းကင္ကေခါင္းေလးငံု႔လို႔ပါလာသည္။
"ေျမးၾကီး ျပီးရင္ အဖြားကိုေဆးလာတိုက္
ေအးေအးေဆးေဆးစားၾကအံုး"
"ဟုတ္ အဖြား"
ေကာင္းကင္လာမွအဖြားကထြက္သြားသည္မို႔
ေကာင္းကင္ကေတာ့ မ်က္ႏွာေလးျငိဳးလို႔။
ကိုကိုကလဲ အနည္းငယ္ေတာ့ အားနာေနဟန္ရွိသည္။
သုိ႔ေပမဲ့ အဖြားစိတ္ထဲမွာ ေကာင္းကင္ကေတာ့ ေနရာတစ္ခုယူေနျပီျဖစ္သည္။
မၾကာခင္ပဲ ေကာင္းကင္ခ်င္းထပ္ေအာင္ေခၚေတာ့မွာ ခန္႔တည္ ၾကိဳျမင္ေနမိသည္။
…………………………………………
T.B.C
(AN/double upဆိုေတာ့ နည္းနည္းတိုတယ္😁 အိပ္ခ်င္ေနလို႔)
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
ဒေါ်မိုးမြင့်နိုင်ဧည့်ခန်းတွင်ထိုင်နေခိုက် ပုခုံးပေါ်ကိုဖွဖွလာထိသည့် တစ်စုံတစ်ရာကြောင့် လှည့်ကြည့်ိတော့ မြေးငယ်၏သမီးဟုပြောရမည့် ကလေးမလေးဖြစ်နေသည်။
"ဖွားဖွား သမီးနှိပ်ပေးချင်လို့"
"ရတယ် တခြားမှာသွားဆော့နေ"
"ဟင့် ဖွားဖွားက သမီးကိုမချစ်တော့ဘူးလား
ဟိုတခါတုန်းကတောင် ချစ်စရာလေးလို့ပြောပြီး"
မျက်ရည်လေးဝဲကာ ပြောသည့်ကလေးမလေးကြောင့်
စိတ်လျှော့ချလိုက်ရသည်။
ကလေးကိုစကားမာကာမပြောချင်သော်လည်း
ထိုကလေး၏ဖခင်ဖြစ်သူကို မိမိမှလက်မခံနိုင်သေးသည်ကို။
"ကလေး တစ်ယောက်ထဲ အောက်ဆင်းလာတာလား
ညည်းဒယ်ဒီရော"
"ဒယ်ဒီက ဖေဖေနေမကောင်းလို့ ဆေးတိုက်နေတယ်"
နေမကောင်းဘူးဆိုသည်မို့ ဘာများဖြစ်တာလဲတွေးမိသေးသည်။
တစ်မနက်ခင်းလုံးထိုကောင်လေး မမြင်ပါဘူးအောက်မေ့မိတာ နေမကောင်းဖြစ်နေတာကြောင့်ကိုး။
"ညည်းလေး ဖေဖေကဘာဖြစ်တာတဲ့လဲ"
"ကိုယ်တွေပူနေတာဖွားဖွား ဖေဖေ့ကြောင့်ဒယ်ဒီလဲ မအိပ်ရဘူး အဖျားခဏခဏတက်လို့တဲ့"
အဖျားတက်နေတာကို ဆရာဝန်ဖြစ်သော မိမိမြေးငယ်က
သက်သာအောင်မလုပ်ပေးနိုင်သေးတာလား။
အိမ်မှာဆေးပစ္စည်းမစုံရင်တောင် ဆေးရုံခေါ်သွားသင့်သည်မဟုတ်လား။
ဒီကလေးတွေ တမင်များ ပေကပ်နေကြသလား။
"ရပြီ ရပြီ ကလေး……မနှိပ်နဲ့တော့
ဖွားဖွားကို ဖုန်းယူပေးမလား"
"ဟုတ် ယူပေးမယ်ဖွားဖွား
ဖေဖေကမှာထားတယ် ဖွားဖွားသဘောကျအောင် အကုန်လုပ်ပေးရမယ်တဲ့"
ကလေးမလေးက ပြောလဲပြောရင်း
စားပွဲပေါ်တင်ထားသည့် ဖုန်းကိုယူလာပေးသည်။
ကလေးငယ်၏ ယဉ်ကျေးတက်မှုကြောင့် ထိုကောင်လေး သွန်သင်မှုကောင်းမှန်းသိသည်။
"သွားဆော့ချေတော့ ဖွားဖွားဖုန်းဆက်စရာရှိလို့
တိုးတိုးနေနော်"
"ဟုတ် ဖွားဖွား"
ကလေးမလေးက ဘယ်အချိန်ယူလာလဲမသိသည့်
အရုပ်တွေနှင့် လှေကားအရင်းတွင်ထိုင်ဆော့နေသည်။
မြေးကြီးစီဖုန်းခေါ်တော့ ချက်ချင်းကိုင်သည်။
"ဟဲလို အဖွား "
"မြေးကြီး ဒေါက်တာကိုဖုန်းဆက်ပြီး
အိမ်လွှတ်ပေးစမ်းအုံး"
"ဟင် အဖွားဘာဖြစ်လို့လဲ
ဘယ်နေရာကနေမကောင်းတာလဲ
ခန့်တည်ကိုခေါ်လိုက်လေ"
"အဖွားဘာမှမဖြစ်ဘူး
ဟိုကောင်လေး အဖျားတက်နေတယ်တဲ့
မင်းညီဒေါက်တာက အခုထိ အဖျားကျအောင်လုပ်နိုင်ပုံမရဘူး အိမ်မှာဆေးပစ္စည်းလဲအစုံမရှိတော့"
"အော် အဖွားက ကောင်းကင်အတွက် ဒေါက်တာခေါ်ခိုင်းတာလား စိတ်မပူပါနဲ့အဖွားရယ် ခန့်တည်ကမလိုအပ်လို့ ဆေးရုံဆေးခန်းမပြတာပါ"
"စိတ်ပူလို့မဟုတ်ပါဘူး
မင်းညီက ထူပူပြီး ဆေးခန်းမပြဘူးထင်လို့
အဲ့ဒါဆိုဒါပဲမြေးကြီး"
"ဟုတ်အဖွား"
ဖုန်းချသွားသည့် အဖွားကြောင့် မင်းရန်နိုင်ပြုံးမိသေးသည်။
အဖွားကထင်သလောက် မမာကျောပါဘူး။
ခန့်တည်ကိုချစ်တော့ ခန့်တည်နဲ့ပတ်သက်သမျှကိုလဲ
သံယောဇဉ်တွယ်ပေလိမ့်မည်။
အခုလဲရောက်တာနှစ်ရက်မပြည့်သေးသည့်ကောင်းကင်အတွက် စိတ်ပူပေးနေပြီဖြစ်သည်။
ကောင်းကင်နေမကောင်းတာ မနက်ကပဲ ခန့်တည်ပြောလို့သိပြီးပြီဖြစ်သည်။
ခန့်တည်ကိုတောင် အခုမှလူဖြစ်တာလားဆိုပြီးနောက်ခဲ့သေးသည်။
……………………………………
ကောင်းကင်စီကအဆက်အသွယ်မလာလို့ စိတ်ပူနေသည့်
မိဘနှစ်ပါးကို ကြယ်စင်နားချပေးနေရသည်။
ဟိုကောင်လေးကလဲ သူ့ယောကျာ်းနောက်လိုက်သွားကတည်းက ဖုန်းလေးပင်ဆက်မလာ။
မြတ်ဘုန်းကိုမေးတော့လဲ လိုက်ပို့သည့်နေကနဲ့ ကုန်တိုက်လိုက်ပို့သည့်နေ့ကပဲတွေ့သည်တဲ့။
"သမီး သားငယ်စီဖုန်းဆက်ကြည့်ပါလား
အကျိုးအကြောင်းလေးသိရအောင်"
"ဟုတ် ဟုတ် ဆက်ပေးမယ်"
ဖေဖေလဲ အလုပ်ကပြန်ရောက်ပြီမို့ အမောပြေစေရန်
ရေခွက်လေးချပေးပြီး ကောင်းကင်စီဖုန်းခေါ်လိုက်သည်။
"ဟဲလို"
"ဟဲလို ဒေါက်တာလားရှင့် ကျမကြယ်စင်ပါ"
ဖေဖေနဲ့မေမေရောကြားစေရန် စပီကာပါဖွင့်ထားလိုက်သည်။
"ဟုတ်ကဲ့ ဆရာမ ပြောပါဗျ"
"ဟုတ် ကောင်းကင်နဲ့တူမလေး အဆင်ပြေလားသိချင်လို့ပါဒေါက်တာ"
"ဟုတ်ဆရာမ အဆင်ပြေပါတယ်
ကျနော်တို့ အခုအဖွားအိမ်မှာပါ အဖွားကခေါ်လို့ မနေ့ကပဲလာခဲ့ကြတာဗျ အန်ကယ်နဲ့အန်တီကိုလဲ စိတ်မပူဖို့ပြောပေးပါအုံးဗျ ကျနော် ကောင်းကင်ကိုဖုန်းပေးလိုက်ပါ့မယ်"
"ဟုတ်ကဲ့ပါဒေါက်တာ"
အဖွားအိမ်ရောက်နေပြီဆိုသောကြောင့် ဖေဖေနဲ့မေမေက သက်ပြင်းချကြသည်။
အဆင်ပြေသည်ဆိုသော်လည်း စိတ်ပူတာကတော့ ပူရသည်မဟုတ်လား။
"မမ ပြော ကျနော်ပါ"
"အသံကဘယ်လိုဖြစ်တာလဲ မောင်လေး
နေမကောင်းဘူးလား"
"ဟုတ် နည်းနည်းဖျားနေတာ
သက်သာနေပါပြီ"
"ဂရုစိုက်မှပေါ့ ကလေးရော အနားမှာလား"
"သမီးငယ်က အဖွားနဲ့အောက်မှာထင်တယ်"
"အဖွားနဲ့ဆိုတော့ အဆင်ပြေနေကြပြီလား"
"စကားတောင်သေချာမပြောရသေးဘူးမမ
အဆင်တော့ပြေပါတယ်အကိုကလဲ ဂရုစိုက်တယ်
သူဋ္ဌေးကလဲ ဖော်ရွေပါတယ်"
"အေးပါ ဖေဖေတို့က နင့်ကိုစိတ်ပူနေကြလို့"
"အင်းပါ နောက်မှ အိမ်ပြန်လာခဲ့မယ်
ကျန်းမာရေးဂရုစိုက်ကြအုံး ဖေဖေတို့ကိုလဲ ငါအဆင်ပြေတာမို့ စိတ်မပူစေနဲ့"
"အေးပါ တူမလေးကိုလဲ အဖွားကို အရမ်းအနှောက်အယှက်မဖြစ်စေနဲ့ ကလေးဆိုတော့ ဘာမှသိမှာမဟုတ်ဘူး
နင်နဲ့ကလေးကို ထပ်ပြီးငြိုငြင်သွားရင် ဒုက္ခ"
"ဟုတ်မမ သမီးကလိမ်မာပါတယ်"
"အဲ့ဒါဆိုဒါပဲကောင်းကင်"
"ဟုတ်"
ကောင်းကင်နဲ့ဖုန်းပြောပြီးမှ ဖေဖေနဲ့မေမေလဲ ကျေနပ်သွားကြသည်။
…………………………………
"ကောင်းကင်ရယ် ငြိမ်ငြိမ်လေးနားပါဆိုကွာ"
"နေကောင်းပါပြီဆိုအကိုကလဲ အောက်ဆင်းရအောင်နော်
အဖွားညနေစာစားတော့မယ်ထင်တယ်"
"စားလဲ အကုန်အဆင်သင့်ရှိတယ်လေ
ကောင်းကင်ကနေမကောင်းထားတော့ အားနည်းနေတာကို"
"အကိုကလဲ အဖွားတမျိုးမြင်မှာပေါ့
ဘာမှမဖြစ်ဘူး လာပါသွားရအောင် သူဋ္ဌေးတောင်ပြန်ရောက်ပြီထင်တယ်"
နေ့လည်မှ အဖျားကျသွားလို့ စိတ်ပေးရပါတယ်သူလေးက အိမ်အလုပ်တွေလုပ်ဖို့ တပြင်ပြင်။
ပြောမနိုင်တော့လဲ ခန်တည်လက်လျော့ရသည်။
အနည်းငယ်လမ်းလျှောက်ရအဆင်မပြေသည်မို့
ခါးလေးကနေထိန်းကိုင်ပေးကာ ဆင်းလာခဲ့ကြသည်။
"ဟော……ကောင်းကင် သက်သာရဲ့လား
နေမကောင်းသေးရင် အခန်းထဲနားမှပေါ့"
"နေကောင်းပါတယ်ဗျ သူဋ္ဌေး"
မျက်နှာကူစွာပင် ကောင်းကင်ပြန်ဖြေလိုက်ရသည်။
"အဖွားက ညနေစာစားနေပြီပဲ"
ခန့်တည်အသံပြုတော့ အဖွားကလှည့်ကြည့်သည်။
အဖွားဘေးတွင် သမီးကပါထိုင်စားနေသေးသည်။
အဖွားကအတူစားခိုင်းသည်ထင်ပါ့။
"ကိုကိုလဲစားတော့မလို့
တခါထဲစားရအောင်လာ"
"နေပါစေ သူဋ္ဌေး ကျနော်မစားသေးဘူး
အကိုသွားစားတော့လေ အဖွားနဲ့အတူတူ"
"ဟင့်အင်း မင်းနဲ့မှအတူတူစားမယ်
တစ်ယောက်ထဲစားရင် ကောင်းကင်ပျင်းနေလိမ့်မယ်"
"အာ…ရပါတယ် သွားပါနော်
အဖွားကို သေချာဂရုစိုက်ထည့်ပေးလိုက်ပါ
ကျနော်ဧည့်ခန်းမှာပဲရှိနေမယ်"
"လာ ခန့်တည် သူစိတ်ချမ်းသာသလိုနေပါစေ
အဖွားကလဲ မင်းနဲ့အတူ လက်စုံစားချင်မှာ"
ကိုကိုကလဲ ဆွဲခေါ်တော့ ခန့်တည်လိုက်လာရသည်။
ကောင်းကင် အပြုံးဖွဖွဖြင့်နှစ်သိမ့်ကာ ဆိုဖာမှာသွားထိုင်သည်။
"ဒယ်ဒီ……သမီးကို ထမင်းခွံ့ကျွေး"
"အင်း သမီး ဒယ်ဒီကျွေးမယ်……
အဖွား သမီးနဲ့စားလို့အဆင်ပြေလားဗျ
အဖွားအတွက် အနှောက်အယှက်ဖြစ်ရင် ကျနော်ပဲတောင်းပန်ပါတယ်"
"ကလေးသူ့ဘာသူအေးအေးဆေးဆေးစားနေတာ
မင်းကစကားမများနဲ့
မြေးကြီးလဲ စားတော့"
"ဟုတ် အဖွား"
အဖွားကစကားပြန်ပြောတာမို့ ခန့်တည်တစ်ဖက်လှည့်ပြုံးမိသည်။
သမီးကိုထမင်းခွံ့ရင်း ဧည့်ခန်းစီကကောင်းကင်ကိုလဲ
လှမ်းကြည့်ရသေးသည်။
ခန့်တည်ကြည့်တာ အဖွားမိသွားရင် ရယ်သာပြလိုက်သည်။
"မြေးကြီး"
"ဗျာ အဖွား"
"ဟိုကောင်လေးကို ခေါ်လိုက်
မဟုတ်ရင် ခန့်တည်နိုင် ထမင်းမျိုကျမှာမဟုတ်ဘူး"
"အဟွင်း…ဟုတ်အဖွား"
"အဖွားကလဲ ကျနော်ဘာလုပ်နေလို့လဲ
သမီးနဲ့အတူထမင်းစားနေတာကို"
ကိုကိုကတော့ ထမင်းစားရင်း ရှေ့ထွက်သွားသည်။
"အဖွားအမြင်ကြည်ဖို့ကြိုးစားပေးနေတာ မင်းကမျက်စိနောက်အောင်လုပ်နေတာလေ တော်ယုံပဲကဲ မင်းယူထားတာ နုနုရွရွမိန်းကလေးမဟုတ်ဘူး သူ့ကိုယ်သူဂရုစိုက်တက်တယ်"
"ဟုတ် အဖွားကလဲ……ကျနော့်ကိုအပြစ်မြင်ပြီပေါ့"
ကိုကို့နောက်ကနေ ကောင်းကင်ကခေါင်းလေးငုံ့လို့ပါလာသည်။
"မြေးကြီး ပြီးရင် အဖွားကိုဆေးလာတိုက်
အေးအေးဆေးဆေးစားကြအုံး"
"ဟုတ် အဖွား"
ကောင်းကင်လာမှအဖွားကထွက်သွားသည်မို့
ကောင်းကင်ကတော့ မျက်နှာလေးငြိုးလို့။
ကိုကိုကလဲ အနည်းငယ်တော့ အားနာနေဟန်ရှိသည်။
သို့ပေမဲ့ အဖွားစိတ်ထဲမှာ ကောင်းကင်ကတော့ နေရာတစ်ခုယူနေပြီဖြစ်သည်။
မကြာခင်ပဲ ကောင်းကင်ချင်းထပ်အောင်ခေါ်တော့မှာ ခန့်တည် ကြိုမြင်နေမိသည်။
…………………………………………
T.B.C
(AN/double upဆိုတော့ နည်းနည်းတိုတယ်😁 အိပ်ချင်နေလို့)
#HoneyChan