ခ်စ္ျခင္း၏စီးဆင္းရာ Ep-10
Zawgyi
သတင္းစာေၾကာ္ျငာပါၿပီး 1လအၾကာ.....။
တစ္ေန႔ေသာ ညေနခင္းတစ္ခုတြင္ ရီေပၚ စိတ္ပ်က္လက္ပ်က္ႏွင့္ လက္ထားေလ်ွာ့ၿပီးျဖစ္ေသာ ေ႐ွာင္က်န္႔ထံမွ ဖုန္းကို မေမ်ွာ္လင့္ပဲ လက္ခံရ႐ွိေလသည္။
"Hello"
"ေဒၚရီ႐ႈဟန္နဲ႔ စကားေျပာခ်င္လို႔ပါ"
တစ္ဖက္မွ မားနာမည္ကို တစ္ခါတည္းေခၚ၍ ေမးလိုက္ေသာ္လည္း ဒီေကာင္ကေလး၏အသံကို အိပ္မက္ထဲကပင္ မွတ္ေနသည့္သူကေတာ့ သိေနေလသည္။
"ဟိတ္ ေကာင္ကေလး ေဒၚရီ႐ႈဟန္နဲ႔ပဲ စကားေျပာခ်င္တာလား၊ ေဒၚရီ႐ႈဟန္သားနဲ႔ေရာ စကားမေျပာခ်င္ဘူးလား ကေလးရယ္၊ ကိုယ့္မွာေတာ့ လြမ္းလိုက္ရတာ ေသေတာ့မယ္ အ႐ူးတစ္ပိုင္းကိုျဖစ္လို႔"
"ဟင္၊ ဘာေတြ လာေျပာေနတာလဲ၊ ကြၽန္ေတာ္ ခင္ဗ်ားကို မသိဘူး၊ ေဒၚရီ႐ႈဟန္ကိုပဲ သိတယ္"
ေကာင္ကေလးက သူ႔ကို အေၾကာင္ျပန္႐ိုက္ေနသည္ေၾကာင့္ သူ ျပံဳးမိသည္။
"မင္းကေတာ့ အခုခ်ိန္မွာ ကိုယ့္ကိုဘယ္သိပါ့မလဲ၊ ကိုယ္ကေတာ့ မင္းကို ေကာင္းေကာင္းသိတယ္ က်န္႔က်န္႔ရဲ႕၊ ကိုယ့္ကို အေျဖဘယ္ေတာ့ျပန္ေပးမွာလဲ"
"ခင္ဗ်ား ဘာေတြလာေျပာေနတာလဲ၊ ကြၽန္ေတာ္ ဖုန္းခ်လိုက္ေတာ့မယ္"
"ဖုန္းေတာ့မခ်ပါနဲ႔ သခင္ေလးရယ္၊ မားကို သြားေပးလိုက္ဦးမယ္ ကိုင္ထားေနာ္"
"အင္း"
ရီေပၚ ဖုန္းေလးကို မ,သြားၿပီး ေဒၚရီ႐ႈဟန္ကို ေပးလိုက္သည္။
"ဟဲ့ သား ဘယ္သူ႔ဖုန္းမို႔လို႔လဲ"
"မားရဲ႕ အားျဖည့္ေဆးေလးေပါ့"
ရီေပၚ ခပ္ေငါ့ေငါ့ေလးေျပာရင္း ဧည့္ခန္းသို႔ ျပန္ထြက္လာၿပီး ဧည့္ခန္းထဲ႐ွိ ဖုန္းကို ေကာက္ကိုင္လိုက္သည္။
ရီေပၚ သူမ်ားေျပာသည့္ဖုန္းကို ခိုးနားေထာင္ရန္ တစ္ႀကိမ္တစ္ခါမွ စိတ္မကူးခဲ့ေသာ္လည္း ဒီတစ္ခါေတာ့ ခ်စ္ရသူေလး၏အသံကို နားေထာင္ခ်င္မိသည္။ ဖုန္းထဲတြင္ မားကို ကေလးေျပာေနသည့္ စကားသံေလးေတြက ေႏြးေႏြးေထြးေထြး ႐ွိလွသည္။
"မား ေနေကာင္းရဲ႕လား"
"သားေလး အသံၾကားရလို႔ ေရာဂါတစ္ဝက္ေလာက္ သက္သာေနပါၿပီ၊ သား...သားေလးမားတို႔ဆီကို ဘယ္ေတာ့ျပန္လာမွာလဲ၊ အခု ဘယ္က ဖုန္းဆက္ေနတာလဲ"
"သား ျပန္လာခ်င္ပါတယ္မားရယ္၊ မားတို႔အိမ္ကို သား အရမ္းလြမ္းတာပဲ သိလား"
ရီေပၚ 'လြမ္းလို႔ပဲ ေတာ္ေသးတယ္' ဟု စိတ္ထဲမွ ႀကိတ္ေျပာလိုက္၏။
"သားေလး အခု ဘယ္မွာလဲဟင္"
"သား Beijingမွာ မဟုတ္ဘူး မား၊ ဒါနဲ႔ မားဆီေရာ ဖိန္လီက်ဲ လာေသးလား"
"လာတယ္ သားေလးထြက္သြားတဲ့ေန႔ပဲ ေရာက္လာတာ၊ သားက သူတို႔ကို အေမြခြဲမေပးခ်င္လို႔ ေ႐ွာင္ေနတာဆို"
"မဟုတ္ပါဘူး မားရယ္၊ သားက သူတို႔ ရသင့္ရထိုက္တာကို ခြဲေပးဖို႔ ေ႐ွ႕ေနကတစ္ဆင့္ ေျပာၿပီးသားပဲ၊ အဲဒါကို သူတို႔က လက္မခံပဲ အိမ္ႀကီးကိုပါေတာင္းေနလို႔ သားမေပးႏိုင္လို႔ ေ႐ွာင္ေနတာပါ၊ ၿပီးေတာ့ အဲဒီအိမ္ေပၚမွာ သား ဆက္ေနရင္ေသလိမ့္မယ္"
ေ႐ွာင္က်န္႔ ေျပာရင္း ငိုသံပါလာ၏။
ဪ.....
ဘာဒုကၡေတြမ်ား ခံစားေနရတာလည္း ကိုယ့္ကေလးရယ္.....။
"ဒီလိုဆိုလည္း သားေလးရယ္ မားတို႔အိမ္ကေနၿပီး သူတို႔ကို ႐ွင္းလင္းစရာ႐ွိတာ ႐ွင္းလင္းေပးလိုက္ေပါ့၊ မားတို႔အိမ္က အႏၱရာယ္ကင္းပါတယ္"
"ဟုတ္ကဲ့ သားလည္း အဲလိုအရင္က စဥ္းစားထားၿပီး ေ႐ွ႕ေနနဲ႔ေတြ႔ဖို႔ စီစဥ္ေနတုန္း ဖိန္လီက်ဲနဲ႔ေတြ႔လို႔ပါ"
"ကဲ၊ ကဲ သားေလး Beijingကိုသာ အျမန္ဆံုးျပန္လာပါ သားေလးရယ္၊ သားေလးတစ္ေယာက္တည္း ခုလိုေလ်ွာက္သြားေနတာမေကာင္းဘူး အခု သားေလးဘယ္မွာလဲ"
မားက ပညာသားပါပါေျပာေနသည္ေၾကာင့္ သူ စိတ္ေအးသြားရသည္။ ေကာင္ကေလးက ေခတၱၿငိမ္သက္သြားၿပီး.....
"မား သားျပန္လာလို႔ မျဖစ္ေသးဘူးထင္တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ သား အသက္အႏၱရာယ္ကိုပါ လုပ္ၾကံမယ့္သူေတြ႐ွိတယ္၊ အခုေတာင္ မနည္းေျခရာေဖ်ာက္ထားရတာ"
မေမ်ွာ္လင့္ေသာစကားေၾကာင့္ ရီေပၚ အရမ္းစိတ္ပူသြားရသည္။
"အမေလး၊ အမေလး ဒါတကယ္ပဲလားဟင္ သားေလး"
"တကယ္ပါ အန္တီရယ္၊ ဟိုတစ္ခါ အိမ္ကိုကပ္တဲ့သူေတြကလည္း သားကိုလုပ္ၾကံဖို႔ ေခ်ာင္းေျမာင္းေနတဲ့သူေတြပါ"
"ဘာျဖစ္လို႔မ်ား အသက္အႏၱရာယ္အထိေတာင္ လုပ္ၾကံရဲၾကတာပါလိမ့္"
"အေမြကိစၥေပါ့ မားရယ္"
ဒီေတာ့မွ ရီေပၚ ေ႐ွာင္က်န္႔ရဲ႕အျဖစ္ကို သိခြင့္ရေတာ့သည္။
"ဒါဆိုရင္ ဒီလိုလုပ္ပါလား သားေလးရယ္၊ ဘယ္ေရာက္ေနလဲ မားကိုေျပာ သားေလးရဲ႕ကိုကိုကို လာေခၚခိုင္းလိုက္မယ္ေလ အိမ္ကကားနဲ႔"
မား စကားေၾကာင့္ သူ႔ရင္ထဲ လိႈက္ခုန္သြားရသည္။ ေတာ္လည္းေတာ္တဲ့ မား။
"ဟင္၊ အိမ္မွာ မားတစ္ေယာက္တည္း က်န္မွာေပါ့၊ မျဖစ္ေသးပါဘူး မားရယ္"
"ေဒၚႀကီးမို ႐ွိေနတာပဲ သားေလးရယ္၊ ေနာ္ သားေလး အခုလိုျဖစ္ေနတာ မား လံုးဝစိတ္မခ်ပါဘူးကြယ္၊ ကဲ၊ ကဲ ေျပာ သားကိုကိုကို ဒီေန႔ပဲ လာေခၚခိုင္းလိုက္မယ္ သားေလး ဘယ္မွာလဲ"
"Nanjingမွာပါ မား"
"အေဝးႀကီးပဲ၊ အဲေလာက္အေဝးႀကီးကို သြားရလား သားေလးရယ္၊ ကဲ ကဲ လိပ္စာေျပာ"
ေ႐ွာင္က်န္႔ လိပ္စာတစ္ခုခုေျပာလိုက္ေတာ့ ေဒၚရီ႐ႈဟန္ လိုက္မွတ္လိုက္သည္။
"အဲဒီမွာပဲ ေစာင့္ေနေနာ္၊ ဘယ္မွမသြားနဲ႔ သားကိုကိုကို မား အခုလႊတ္လိုက္မယ္"
မားက ေကာင္ကေလးအေၾကာင္းကိုသိ၍ ပန္ပူစြာေနသေလာက္ ေကာင္ကေလးက.....
"လာေခၚလို႔ရရဲ႕လား မား၊ ေတာ္ၾကာ မားသားက သူ႔အလုပ္ပ်က္လို႔ သားကို ေျပာေနဦးမယ္"
"အို...ေျပာလို႔ရမလား"
"သူက သားဆို ၾကည္တာမဟုတ္ဘူး"
"ကေလးအတြက္ဆို ကိုယ္က အားေပးရမွာေပါ့" ဟုသာ ရီေပၚ စိတ္ထဲမွ ေျပာလိုက္မိသည္။
"ကဲ၊ သားေလး ဖုန္းခ်လိုက္ေတာ့မယ္၊ သားကိုကိုကို လႊတ္ဖို႔စီစဥ္စရာေတြ႐ွိတာ စီစဥ္ရေအာင္၊ အဲဒီမွာပဲ ဆက္ဆက္ေစာင့္ေနေနာ္"
"ဟုတ္ကဲ့"
ႏွစ္ဖက္ဖုန္းေတြ ခ်သြားေတာ့ ရီေပၚ ဖုန္းကို အသာခ်လိုက္၏။
"သားေရ၊ သား"
ခဏအၾကာ မားရဲ႕ေခၚသံထြက္ေပၚလာသည္ေၾကာင့္ သူ အေပၚထပ္သို႔ ေျပးတက္သြားလိုက္သည္။ မားရဲ႕ မ်က္ႏွာက ျပံဳးခ်ိဳေနတာကို သူ သတိျပဳမိသည္။
"သားေရ သားေလးကို သြားေခၚဖို႔ျပင္ေတာ့"
"ဟုတ္ကဲ့ မား"
"ကားေတြဘာေတြ ေသခ်ာစစ္ေဆးေနာ္၊ အျပန္က်ရင္လည္း သတိဝီရိယနဲ႔ ျပန္လာခဲ့၊ က်န္႔က်န္႔မွာ အသက္အႏၱရာယ္ေတြ႐ွိတယ္တဲ့"
"ဟုတ္ကဲ့ မား၊ ဒါဆို သား ခရီးထြက္ဖို႔ သြားျပင္လိုက္ဦးမယ္"
ရီေပၚ ဟန္မေဆာင္ႏိုင္စြာ ေဒၚရီ႐ႈဟန္အခန္းထဲက ထြက္သြားမည္အလုပ္ ေဒၚရီ႐ႈဟန္က.....
"ဟဲ့ သား ဘယ္ကိုသြားေခၚရမွာလဲ သိလို႔လား"
"ဟုတ္ကဲ့၊ ဟဲ ဟဲ သားဧည့္ခန္းထဲကေန ဖုန္းခိုးနားေထာင္ထားလို႔ အားလံုးၾကားၿပီးၿပီ"
သူ မားကို ႐ွက္႐ွက္ႏွင့္ ဝန္ခံလိုက္ေတာ့ မားက သူ႔ကိုၾကည့္၍.....
"ဪ ငါ့သားႏွယ္ အခုမွ တကယ့္ကို အိမ္ေျမာင္အၿမီးျပတ္သလို ျဖစ္ေနပါလား"
"မားကလည္းဗ်ာ"
ရီေပၚ မားကို ႐ွက္ရြံ႔စြာ အိပ္ခန္းထဲက ခပ္သုတ္သုတ္ထြက္လာခဲ့သည္။ သူ႔အသက္က 30ေက်ာ္ေနၿပီး စီးပြားေရးလုပ္ငန္း႐ွင္ႀကီး ျဖစ္ေနေပမယ့္၊ အခ်စ္ေရးကိစၥမွာေတာ့ KGေက်ာင္းသားေလးသာ ျဖစ္သည္။
ဪ.....
ခ်စ္ရတဲ့ကေလးရယ္ မင္းမွာ ဘယ္လိုအႏၱရာယ္ေတြပဲ႐ွိ႐ွိ ရင္ဆိုင္ေျဖ႐ွင္းေပးဖို႔ ကိုယ့္မွာအင္အားေတြအျပည့္ပါပဲ ကိုယ့္ကို အားကိုးလိုက္စမ္းပါေတာ့ ခ်စ္သူရယ္။
သူ႔ရင္ဘတ္ကို သူျပန္စမ္းၾကည့္ေတာ့ သူ႔ရဲ႕ႏွလံုးခုန္သံက ၾကယ္ေလာင္စြာၾကားရသည္။
ရီေပၚ ခ်စ္ရသူေလးကို သြားေခၚရန္ အသင့္ျဖစ္ေနေခ်ေလၿပီ။
"သား ကားကို ဂ႐ုစိုက္ေမာင္းေနာ္၊ တစ္ခုခုျဖစ္ရင္လည္း သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔ မေမ့နဲ႔ေနာ္၊ အိမ္ကိုလည္း ဖုန္းဆက္ဦး မားစိတ္ပူေနတယ္၊ သားေလးကို ဂ႐ုစိုက္ေခၚခဲ့ေနာ္"
မားက ထံုးစံအတိုင္း သူ႔ကို မွာတမ္းေတြ ေခြၽေနေတာ့သည္။ ရီေပၚ မားေျပာသမ်ွကို ေခါင္းညိတ္နားေထာင္ေနမိေတာ့၏။
"မားလည္း ဂ႐ုစိုက္ေနာ္၊ ေဒၚႀကီးမို ကြၽန္ေတာ္ စိတ္ခ်မယ္ေနာ္၊ တစ္ခုခုဆို Doctorကို ဖုန္းဆက္ေနာ္"
"ေအးပါ သားဝမ္ရယ္၊ မင္း မားကိုေတာ့စိတ္ခ် ခုေတာင္ ထူထူေထာင္ေထာင္ျဖစ္ေနၿပီေလ၊ သူ႔ သားေလးျပန္လာမယ္ဆိုေတာ့"
မားက ၾကည္ၾကည္ေမြ႔ေမြ႔ေလး ရယ္လိုက္မိေတာ့သည္။
"ဘာကိစၥျဖစ္ျဖစ္ မားကို ဖုန္းဆက္ေနာ္သား"
"ဟုတ္ကဲ့ပါ မားရဲ႕၊ ကဲ သားသြားၿပီေနာ္"
မားက လက္ျပၿပီး က်န္ရစ္ခဲ့၏။
သူကေတာ့ တက္ႂကြရႊင္လန္းစြာျဖင့္ ခ်စ္ရသူေလးကို ေခၚဖို႔ရန္ Beijingမွ ထြက္လာခဲ့ေတာ့သည္။
ကိုယ္လာမယ္ ခ်စ္သူေလးရယ္ မင္းမွာ႐ွိတဲ့ အႏၱရာယ္ေတြကို ရင္ဆိုင္ေျဖ႐ွင္းေပးမယ္.....။
Ep-11
Coming Soon❤💚
Wybလိုဘဲႀကီးရခ်င္တယ္🤧🤧
ချစ်ခြင်း၏စီးဆင်းရာ Ep-10
Unicode
သတင်းစာကြော်ငြာပါပြီး 1လအကြာ.....။
တစ်နေ့သော ညနေခင်းတစ်ခုတွင် ရီပေါ် စိတ်ပျက်လက်ပျက်နှင့် လက်ထားလျှော့ပြီးဖြစ်သော ရှောင်ကျန့်ထံမှ ဖုန်းကို မမျှော်လင့်ပဲ လက်ခံရရှိလေသည်။
"Hello"
"ဒေါ်ရီရှုဟန်နဲ့ စကားပြောချင်လို့ပါ"
တစ်ဖက်မှ မားနာမည်ကို တစ်ခါတည်းခေါ်၍ မေးလိုက်သော်လည်း ဒီကောင်ကလေး၏အသံကို အိပ်မက်ထဲကပင် မှတ်နေသည့်သူကတော့ သိနေလေသည်။
"ဟိတ် ကောင်ကလေး ဒေါ်ရီရှုဟန်နဲ့ပဲ စကားပြောချင်တာလား၊ ဒေါ်ရီရှုဟန်သားနဲ့ရော စကားမပြောချင်ဘူးလား ကလေးရယ်၊ ကိုယ့်မှာတော့ လွမ်းလိုက်ရတာ သေတော့မယ် အရူးတစ်ပိုင်းကိုဖြစ်လို့"
"ဟင်၊ ဘာတွေ လာပြောနေတာလဲ၊ ကျွန်တော် ခင်ဗျားကို မသိဘူး၊ ဒေါ်ရီရှုဟန်ကိုပဲ သိတယ်"
ကောင်ကလေးက သူ့ကို အကြောင်ပြန်ရိုက်နေသည်ကြောင့် သူ ပြုံးမိသည်။
"မင်းကတော့ အခုချိန်မှာ ကိုယ့်ကိုဘယ်သိပါ့မလဲ၊ ကိုယ္ကေတာ့ မင်းကို ကောင်းကောင်းသိတယ် ကျန့်ကျန့်ရဲ့၊ ကိုယ့်ကို အဖြေဘယ်တော့ပြန်ပေးမှာလဲ"
"ခင်ဗျား ဘာတွေလာပြောနေတာလဲ၊ ကျွန်တော် ဖုန်းချလိုက်တော့မယ်"
"ဖုန်းတော့မချပါနဲ့ သခင်လေးရယ်၊ မားကို သွားပေးလိုက်ဦးမယ် ကိုင်ထားနော်"
"အင်း"
ရီပေါ် ဖုန်းလေးကို မ,သွားပြီး ဒေါ်ရီရှုဟန်ကို ပေးလိုက်သည်။
"ဟဲ့ သား ဘယ်သူ့ဖုန်းမို့လို့လဲ"
"မားရဲ့ အားဖြည့်ဆေးလေးပေါ့"
ရီပေါ် ခပ်ငေါ့ငေါ့လေးပြောရင်း ဧည့်ခန်းသို့ ပြန်ထွက်လာပြီး ဧည့်ခန်းထဲရှိ ဖုန်းကို ကောက်ကိုင်လိုက်သည်။
ရီပေါ် သူများပြောသည့်ဖုန်းကို ခိုးနားထောင်ရန် တစ်ကြိမ်တစ်ခါမှ စိတ်မကူးခဲ့သော်လည်း ဒီတစ်ခါတော့ ချစ်ရသူလေး၏အသံကို နားထောင်ချင်မိသည်။ ဖုန်းထဲတွင် မားကို ကလေးပြောနေသည့် စကားသံလေးတွေက နွေးနွေးထွေးထွေး ရှိလှသည်။
"မား နေကောင်းရဲ့လား"
"သားလေး အသံကြားရလို့ ရောဂါတစ်ဝက်လောက် သက်သာနေပါပြီ၊ သား...သားလေးမားတို့ဆီကို ဘယ်တော့ပြန်လာမှာလဲ၊ အခု ဘယ္က ဖုန်းဆက်နေတာလဲ"
"သား ပြန်လာချင်ပါတယ်မားရယ်၊ မားတို့အိမ်ကို သား အရမ်းလွမ်းတာပဲ သိလား"
ရီပေါ် 'လွမ်းလို့ပဲ တော်သေးတယ်' ဟု စိတ်ထဲမှ ကြိတ်ပြောလိုက်၏။
"သားလေး အခု ဘယ်မှာလဲဟင်"
"သား Beijingမွာ မဟုတ္ဘူး မား၊ ဒါနဲ့ မားဆီရော ဖိန်လီကျဲ လာသေးလား"
"လာတယ် သားလေးထွက်သွားတဲ့နေ့ပဲ ရောက်လာတာ၊ သားက သူတို့ကို အမွေခွဲမပေးချင်လို့ ရှောင်နေတာဆို"
"မဟုတ်ပါဘူး မားရယ်၊ သားက သူတို့ ရသင့်ရထိုက်တာကို ခွဲပေးဖို့ ရှေ့နေကတစ်ဆင့် ပြောပြီးသားပဲ၊ အဲဒါကို သူတို့က လက်မခံပဲ အိမ်ကြီးကိုပါတောင်းနေလို့ သားမပေးနိုင်လို့ ရှောင်နေတာပါ၊ ပြီးတော့ အဲဒီအိမ်ပေါ်မှာ သား ဆက်နေရင်သေလိမ့်မယ်"
ရှောင်ကျန့် ပြောရင်း ငိုသံပါလာ၏။
ဪ.....
ဘာဒုက္ခတွေများ ခံစားနေရတာလည်း ကိုယ့်ကလေးရယ်.....။
"ဒီလိုဆိုလည်း သားလေးရယ် မားတို့အိမ်ကနေပြီး သူတို့ကို ရှင်းလင်းစရာရှိတာ ရှင်းလင်းပေးလိုက်ပေါ့၊ မားတို့အိမ်က အန္တရာယ်ကင်းပါတယ်"
"ဟုတ်ကဲ့ သားလည်း အဲလိုအရင်က စဉ်းစားထားပြီး ရှေ့နေနဲ့တွေ့ဖို့ စီစဉ်နေတုန်း ဖိန်လီကျဲနဲ့တွေ့လို့ပါ"
"ကဲ၊ ကဲ သားလေး Beijingကိုသာ အမြန်ဆုံးပြန်လာပါ သားလေးရယ်၊ သားလေးတစ်ယောက်တည်း ခုလိုလျှောက်သွားနေတာမကောင်းဘူး အခု သားလေးဘယ်မှာလဲ"
မားက ပညာသားပါပါပြောနေသည်ကြောင့် သူ စိတ်အေးသွားရသည်။ ကောင်ကလေးက ခေတ္တငြိမ်သက်သွားပြီး.....
"မား သားပြန်လာလို့ မဖြစ်သေးဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သား အသက်အန္တရာယ်ကိုပါ လုပ်ကြံမယ့်သူတွေရှိတယ်၊ အခုတောင် မနည်းခြေရာဖျောက်ထားရတာ"
မမျှော်လင့်သောစကားကြောင့် ရီပေါ် အရမ်းစိတ်ပူသွားရသည်။
"အမေလး၊ အမေလး ဒါတကယ်ပဲလားဟင် သားလေး"
"တကယ်ပါ အန်တီရယ်၊ ဟိုတစ်ခါ အိမ်ကိုကပ်တဲ့သူတွေကလည်း သားကိုလုပ်ကြံဖို့ ချောင်းမြောင်းနေတဲ့သူတွေပါ"
"ဘာဖြစ်လို့များ အသက်အန္တရာယ်အထိတောင် လုပ်ကြံရဲကြတာပါလိမ့်"
"အမွေကိစ္စပေါ့ မားရယ်"
ဒီတော့မှ ရီပေါ် ရှောင်ကျန့်ရဲ့အဖြစ်ကို သိခွင့်ရတော့သည်။
"ဒါဆိုရင် ဒီလိုလုပ်ပါလား သားလေးရယ်၊ ဘယ်ရောက်နေလဲ မားကိုပြော သားလေးရဲ့ကိုကိုကို လာခေါ်ခိုင်းလိုက်မယ်လေ အိမ်ကကားနဲ့"
မား စကားကြောင့် သူ့ရင်ထဲ လှိုက်ခုန်သွားရသည်။ တော်လည်းတော်တဲ့ မား။
"ဟင်၊ အိမ်မှာ မားတစ်ယောက်တည်း ကျန်မှာပေါ့၊ မဖြစ်သေးပါဘူး မားရယ်"
"ဒေါ်ကြီးမို ရှိနေတာပဲ သားလေးရယ်၊ နော် သားလေး အခုလိုဖြစ်နေတာ မား လုံးဝစိတ်မချပါဘူးကွယ်၊ ကဲ၊ ကဲ ပြော သားကိုကိုကို ဒီနေ့ပဲ လာခေါ်ခိုင်းလိုက်မယ် သားလေး ဘယ်မှာလဲ"
"Nanjingမွာပါ မား"
"အဝေးကြီးပဲ၊ အဲလောက်အဝေးကြီးကို သြားရလား သားလေးရယ်၊ ကဲ ကဲ လိပ်စာပြော"
ရှောင်ကျန့် လိပ်စာတစ်ခုခုပြောလိုက်တော့ ဒေါ်ရီရှုဟန် လိုက်မှတ်လိုက်သည်။
"အဲဒီမွာပဲ စောင့်နေနော်၊ ဘယ်မှမသွားနဲ့ သားကိုကိုကို မား အခုလွှတ်လိုက်မယ်"
မားက ကောင်ကလေးအကြောင်းကိုသိ၍ ပန်ပူစွာနေသလောက် ကောင်ကလေးက.....
"လာခေါ်လို့ရရဲ့လား မား၊ တော်ကြာ မားသားက သူ့အလုပ်ပျက်လို့ သားကို ပြောနေဦးမယ်"
"အို...ပြောလို့ရမလား"
"သူက သားဆို ကြည်တာမဟုတ်ဘူး"
"ကေလးအတြက္ဆို ကိုယ္က အားပေးရမှာပေါ့" ဟုသာ ရီပေါ် စိတ်ထဲမှ ပြောလိုက်မိသည်။
"ကဲ၊ သားလေး ဖုန်းချလိုက်တော့မယ်၊ သားကိုကိုကို လွှတ်ဖို့စီစဉ်စရာတွေရှိတာ စီစဉ်ရအောင်၊ အဲဒီမွာပဲ ဆက်ဆက်စောင့်နေနော်"
"ဟုတ်ကဲ့"
နှစ်ဖက်ဖုန်းတွေ ချသွားတော့ ရီပေါ် ဖုန်းကို အသာချလိုက်၏။
"သားရေ၊ သား"
ခဏအကြာ မားရဲ့ခေါ်သံထွက်ပေါ်လာသည်ကြောင့် သူ အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။ မားရဲ့ မျက်နှာက ပြုံးချိုနေတာကို သူ သတိပြုမိသည်။
"သားရေ သားလေးကို သွားခေါ်ဖို့ပြင်တော့"
"ဟုတ်ကဲ့ မား"
"ကားတွေဘာတွေ သေချာစစ်ဆေးနော်၊ အပြန်ကျရင်လည်း သတိဝီရိယနဲ့ ပြန်လာခဲ့၊ ကျန့်ကျန့်မှာ အသက်အန္တရာယ်တွေရှိတယ်တဲ့"
"ဟုတ်ကဲ့ မား၊ ဒါဆို သား ခရီးထွက်ဖို့ သွားပြင်လိုက်ဦးမယ်"
ရီပေါ် ဟန်မဆောင်နိုင်စွာ ဒေါ်ရီရှုဟန်အခန်းထဲက ထွက်သွားမည်အလုပ် ဒေါ်ရီရှုဟန်က.....
"ဟဲ့ သား ဘယ်ကိုသွားခေါ်ရမှာလဲ သိလို့လား"
"ဟုတ်ကဲ့၊ ဟဲ ဟဲ သားဧည့်ခန်းထဲကနေ ဖုန်းခိုးနားထောင်ထားလို့ အားလုံးကြားပြီးပြီ"
သူ မားကို ရှက်ရှက်နှင့် ဝန်ခံလိုက်တော့ မားက သူ့ကိုကြည့်၍.....
"ဪ ငါ့သားနှယ် အခုမွ တကယ့်ကို အိမ်မြောင်အမြီးပြတ်သလို ဖြစ်နေပါလား"
"မားကလည်းဗျာ"
ရီပေါ် မားကို ရှက်ရွံ့စွာ အိပ်ခန်းထဲက ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ သူ့အသက်က 30ကျော်နေပြီး စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပေမယ့်၊ အချစ်ရေးကိစ္စမှာတော့ KGကျောင်းသားလေးသာ ဖြစ်သည်။
ဪ.....
ချစ်ရတဲ့ကလေးရယ် မင်းမှာ ဘယ်လိုအန္တရာယ်တွေပဲရှိရှိ ရင်ဆိုင်ဖြေရှင်းပေးဖို့ ကိုယ့်မှာအင်အားတွေအပြည့်ပါပဲ ကိုယ့်ကို အားကိုးလိုက်စမ်းပါတော့ ချစ်သူရယ်။
သူ့ရင်ဘတ်ကို သူပြန်စမ်းကြည့်တော့ သူ့ရဲ့နှလုံးခုန်သံက ကြယ်လောင်စွာကြားရသည်။
ရီပေါ် ချစ်ရသူလေးကို သွားခေါ်ရန် အသင့်ဖြစ်နေချေလေပြီ။
"သား ကားကို ဂရုစိုက်မောင်းနော်၊ တစ်ခုခုဖြစ်ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားဖို့ မမေ့နဲ့နော်၊ အိမ်ကိုလည်း ဖုန်းဆက်ဦး မားစိတ်ပူနေတယ်၊ သားလေးကို ဂရုစိုက်ခေါ်ခဲ့နော်"
မားက ထုံးစံအတိုင်း သူ့ကို မှာတမ်းတွေ ချွေနေတော့သည်။ ရီပေါ် မားပြောသမျှကို ခေါင်းညိတ်နားထောင်နေမိတော့၏။
"မားလည်း ဂရုစိုက်နော်၊ ဒေါ်ကြီးမို ကျွန်တော် စိတ်ချမယ်နော်၊ တစ္ခုခုဆို Doctorကို ဖုန်းဆက်နော်"
"အေးပါ သားဝမ်ရယ်၊ မင်း မားကိုတော့စိတ်ချ ခုတောင် ထူထူထောင်ထောင်ဖြစ်နေပြီလေ၊ သူ့ သားလေးပြန်လာမယ်ဆိုတော့"
မားက ကြည်ကြည်မွေ့မွေ့လေး ရယ်လိုက်မိတော့သည်။
"ဘာကိစ္စဖြစ်ဖြစ် မားကို ဖုန်းဆက်နော်သား"
"ဟုတ်ကဲ့ပါ မားရဲ့၊ ကဲ သားသွားပြီနော်"
မားက လက်ပြပြီး ကျန်ရစ်ခဲ့၏။
သူကေတာ့ တက်ကြွရွှင်လန်းစွာဖြင့် ချစ်ရသူလေးကို ခေါ်ဖို့ရန် Beijingမွ ထွက်လာခဲ့တော့သည်။
ကိုယ်လာမယ် ချစ်သူလေးရယ် မင်းမှာရှိတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းပေးမယ်.....။
Ep-11
Coming Soon❤💚
Wybလိုဘဲကြီးရချင်တယ်🤧🤧