Unicode
မင်္ဂလာပွဲကို အဆင့်မြင့်ဟိုတယ်မှာ
ခမ်းခမ်းနားနားကျင်းပခြင်းမျိုးလည်းမဟုတ်။
"မောင်..ငါတော့ ကုန်ကျငွေတွေကို လိုအပ်တဲ့
နေရာတွေမှာပဲ ခွဲပြီးလှူချင်တယ်"
ကိုကို့ရဲ့ဆန္ဒအတိုင်း သော်ယံမောင်က
ဖြည့်စည်းပေးရှာသည်။လက်ထပ်ခွင့်တောင်း
ပြီး နောက်တစ်ပတ်ကြာတော့ သူတို့ရဲ့မင်္ဂလာပွဲ
လို့ပြောလို့ရမဲ့ အလှူမှာ လူတွေအားလုံးဟာ
သိုက်သိုက်မြိုက်မြိုက်။
"ဆန်အိတ်တွေနဲ့ပစ္စည်းတွေသယ်ဖို့ လူလို
သေးလား"
မောင့်အဖေက ဘုန်းကြီးကျောင်းဝန်းထဲရှိ
သစ်ပင်အောက်မှာ ရပ်ကြည့်ကာပြောလာသည်။
"ရပြီ ဦး..မလိုတော့ဘူး"
ဆန်အိတ်ကိုထမ်းရင်း ကိုကိုက ပြန်ပြော
တော့ ဘယ်ကနေမှန်းမသိ အနားကို
လှစ်ခနဲရောက်လာတာက သော်ယံမောင်။
"ဟာ ကိုကို..ကိုကို မသယ်နဲ့မောင်တို့ပဲသယ်ပါ
မယ်ဆိုကွာ"
"ကိုကိုသယ်နိုင်ပါတယ်ကွ။
မောင်လည်းသယ်ပြီး လိုက်လာခဲ့"
ဒီလိုနဲ့ လှူမဲ့ပစ္စည်းတွေသယ်လို့အပြီး
ကျောင်းထိုင် ဘုန်းဘုန်းဆီ သွားကာကန်တော့
ရင်း နေ့ဆွမ်းလည်းကပ်ဖြစ်ကြသည်။
"ဘုန်းဘုန်းဘုရား.."
ခေတ်ခေတ်မှ မရဲတရဲလေးခေါ်၍ကျောင်း
ပေါ်သို့တက်လာပြီး ဘုန်းဘုန်းကို ကန်တော့
သည်။ထို့နောက် လက်အုပ်ချီကာ ဘုန်းဘုန်း
ကိုရယ်ပြနေပြန်တော့ ဘုန်းဘုန်းမှာလည်း
ယောင်ယမ်းပြီးပြန်ရယ်ပြမိသည်။
ဒေါ်လေးနွယ်ကတော့ သူ့သားမျက်နှာကြည့်
ပြီး မွှေတော့မှာကိုလည်း သိသည်။
"ဒကာလေးက ဘာပြောမလို့တုန်း"
"ဒီလိုပါ ဘုရား။ခေတ်..အဲ တပည့်တော်
ကလေ ဘုန်းဘုန်းဆီမှာ ခွင့်လာတောင်းတာ
ပါဘုရား"
"ဟေ ဘာခွင့်တုန်း"
"ဟိုဟာလေ ဘုရား"
"ဘယ်ဟာတုန်းကွဲ့"
"ဟိုဟာပါ ဘုရား..ဟိုဟာလေ အဲ့အသီး
နာမည်မေ့နေလို့ဘုရား"
ဒေါ်ကေသီဟန်တို့အားလုံး ခေတ်ခေတ်ပုံစံ
ကိုကြည့်ကာ ရယ်ချင်သော်လည်း ဘုန်းကြီး
အရှေ့မို့ အန်ကြိတ်ကာအောင့်ထားရှာသည်။
ဒီကလေးက တစ်ခါတလေ ပျာပျာယာယာ
လေးရှိပေမဲ့ ဒါကလည်း ချစ်ဖို့ကောင်းတော့
သူတို့လည်း မတတ်နိုင်။အရေးထဲ စားချင်တဲ့
အသီးနာမည်ကိုမေ့နေတော့ ခေါင်းကုတ်
စဉ်းစားရတာလည်း အလုပ်တလုပ်။
မအီမသာမျက်နှာလေးနဲ့ အသီးနာမည်ကို
ပြန်မှတ်မိမှ မျက်နှာဟာပြုံးရွှင်ရွှင်လေးရယ်။
"ဒကာလေး မှတ်မိပြီလား"
"မှတ်..မှတ်မိပါပြီ ဘုန်းဘုန်း။ခေတ်ခေတ်
မရမ်းသီးစားချင်လို့ပါ ဘုရား"
"ဟေ"
"ဟုတ်ပါတယ်ဘုရား။ဟိုဘက်နားက
မရမ်းပင်မှာ အသီးတွေအများကြီးပဲ။
အဲ့တာလေ အခုခူးစားပြီး အိမ်ကိုလည်း
ယူသွားချင်လို့ပါဘုရား"
"အသီးဆိုလို့ ပန်းသီးတို့ လိမ္မော်သီးတို့
ထင်တာ။မရမ်းသီးစားချင်တာဆိုလည်း
ဒကာလေးကြိုက်သလောက်သာခူးစား၊
ခူးသွားချည်ဟုတ်ပြီလား"
"ဟုတ်ကဲ့ တပည့်တော်သွားခူးလိုက်ပါ
ဦးမယ် ဘုရား။ဟိုဆန်အိတ်အလွတ်လေးပါ
ပြန်စွန့်ပါ"
ဘုန်းဘုန်းလည်း ခေတ်ခေတ်ပြောသမျှ
ကို ခေါင်းသာညိတ်မိတော့သည်။ခေတ်ခေတ်
ကိုကြည့်ရင်း ဘုန်းဘုန်းပါ မောလာတဲ့အဖြစ်။
ပုစိန်ပေါက်သလို ဦးချကန်တော့ပြီး ကျောင်း
ပေါ်မှ ပြေးဆင်းတော့ မရမ်းသီးထည့်ဖို့
ဆန်အိတ် အလွတ်ယူသွားဖို့ကိုလည်းမမေ့။
ဘုန်ကြီးကျောင်းအနီးရှိ ရပ်ကွက်များမှ
ဘုန်းကြီးကျောင်းတွင် စတုဒီသာကျွေးတယ်
ဆိုလို့ လာစားကြသည်မှာ ခုံဝိုင်းတွေပင်
မလောက်။ဘာဟိတ်ဟန် မှမရှိဘဲ အခုလို
စားကြခြင်းက လှူရသူလည်းပီတိဖြစ်၊
ကုသိုလ်ရသလို သူတို့တတွေလည်း ဗိုက်ဝ
ကြရဲ့။သီးစုံချဉ်ဟင်း၊ငါးခြောက်ကျော်၊
ကြက်သား၊သရက်ချဉ်သုပ်၊ငပိကျော်စတဲ့
ဟင်းတွေနဲ့ကျွေးမွေးတော့ ထမင်းမြိန်စေမှာ
အမှန်ပေ။
ကိုကိုနဲ့မင်းရတုက ဟင်းချိုင့်တွေကိုင်ကာ
လိုက်ထည့်ပေးပြီး၊မောင်နဲ့နေရှင်းက ထမင်း
လိုက်ထည့် ပေးသည်။ရဲမွန်ကတော့ ခုံနေရာ
စီစဉ်ပေးနေပြီး မုန့်ဝေပေးသည်။ကျော်မြတ်သာ
ကတော့ ပန်းကန်တွေသိမ်းနေတဲ့ ကောင်းဆက်
လင်း အနောက်သို့ တကောက်ကောက်လိုက်
သည်။
"ခင်ဗျား ဘာလို့ကျွန်တော့်အနောက်ကိုပဲ
လိုက်နေတာလဲ"
"ဟင် ဘယ်မှာလိုက်လို့လဲ။
ကိုယ်က ပန်းကန်တွေသွားပေးမလို့ကို"
လူကို သူမဟုတ်သလိုမျက်နှာပေးနဲ့ပြောပြီး
အရှေ့ကနေကျော်တက်သွားသည်။
ကောင်းဆက်လင်းတစ်ယောက် ကျော်မြတ်သာ
ကိုကြည့်ရင်း စိတ်ထဲမှာဆဲနေမိတာတော့အမှန်။
ကိုယ်ချစ်တဲ့သူက အိမ်ထောင်ပြုသွားလို့ဝမ်းနည်း
ရမလားမှတ်တယ် အဲ့လူကြောင့် ဝမ်းနည်းတဲ့
ဆီကိုလည်း မရောက်တော့။
"အစ်မမူယာ ကျွန်တော်တစ်လှည့်ဆေးပေး
ရမလား"
ပန်းကန်တွေဆေးနေတဲ့မူယာ့ဘေးမှာ ပန်းကန်
တွေချရင်း ကောင်းဆက်လင်းပြောလိုက်သည်။ရပ်ကွက်ကလုပ်အားပေးတွေလာကူကြပေမဲ့
မောင်တို့လူငယ်တွေ ကိုယ်တိုင်သာလုပ်ကြ
သည်ကများသည်။
"ရပါတယ် ဒီမှာအစ်မကြီးတွေကလည်း
ကူဆေးပေးနေတာ၊ရတယ်ကောင်းဆက်"
"လာလာ ညီလေး..ပန်းကန်တွေသွားသယ်ရအောင်"
လက်ကိုဆွဲကာခေါ်သွားတဲ့ ကျော်မြတ်သာရဲ့
အနောက်ကို ကောင်းဆက်လင်းမှာ ကြောင်ပြီး
လိုက်သွားမိသည်။အဲ့ဒီနောက်မှာတော့
ကောင်းဆက်လင်းပြောဆိုတာတောင်
ကျော်မြတ်သာကပြုံးဖြီးလို့။ဆဲဆိုတော့လည်း
ဒီလူကသူ့ကို ပန်းနဲ့ပေါက်နေသလိုပင်။
"ဘယ်သူ ချဉ်ဟင်းထပ်ယူဦးမလဲ"
"ထမင်းယူကြဦးမလား"
ထပ်ယူကြတဲ့သူတွေများတော့ လက်မလည်
တော့။စားကြတာများ အားရစရာ။ပင်ပန်းရ
ကျိုး၊လှူရကျိုးလည်း နပ်ရဲ့။
"ကိုကို ပင်ပန်းနေပြီလား၊ခဏနားလိုက်ဦးလေ"
"ရတယ် မပင်ပန်းဘူးမောင်။ငါပျော်လွန်းလို့
ပင်ပန်းတယ်လို့တောင်မထင်မိဘူး"
"ကိုကို"
"အင်း"
"မောင်အရင်ကပြောဖူးတဲ့ စကားကိုမှတ်မိ
လား။မောင်က ဥပုလ်စောင့်တဲ့ကျားဆိုတာ
လေ။အဟန့် ဒီညကနေစပြီး အသားစားတဲ့
ကျားဖြစ်သွားပြီ"
စပ်ဖြဲဖြဲဖြစ်နေတဲ့မောင့်မျက်နှာကိုကြည့်ပြီး
ကိုကို့မှာ ကြက်သီးပင်ထလာသည်။လူကို
အခုပဲဝါးစားတော့မည့်ရုပ်နဲ့။
"မောင် မင်း..မင်းနော်။ဘုန်းကြီးကျောင်းမှာ
တောင် မရှောင်ဘူး"
"ညကျရင်လည်း.."
"ဟေ့ကောင် မင်းနော်။တော်ပြီကွာ ငါခေတ်ခေတ်
ကိုသွားရှာလိုက်ဦးမယ်။ရောက်ထဲက အခုထိ
မတွေ့သေးဘူး"
"ကောင်လေး ရှက်ရင်လည်းရှက်တယ်ပေါ့"
ပြေးထွက်သွားတဲ့ ကိုကို့ကိုကြည့်ကာ
အော်ပြောမိတော့ အနောက်ကိုလှည့်ရင်း
လက်သီးထောင်ပြသွားတာ မောင့်မှာပါးတောင်
ကျိန်းမိသည်။လက်စပြင်းလွန်းလို့ ထပ်ပြီး
လည်းမစရဲ။
"ဒီကလေး ဘယ်ရောက်နေတာလဲ။
ထမင်းလည်းမစားရသေးဘူး"
"ကိုသု..ခေတ်ခေတ်ဒီမှာ မရမ်းပင်ပေါ်မှာ"
မရမ်းပင်ပေါ်မော့ကြည့်မိမှ ခွကြားမှာထိုင်ပြီး
မရမ်းသီးတွေထိုင်စားနေသည့် ခေတ်ခေတ်ကို
တွေ့သည်။နေရှင်းသာမြင်ရင် သည်းသည်း
လှုပ်ပြီး သူ့ကလေးကို စိတ်ပူမှာတော့
မြင်ယောင်သေး။
"ခေတ်သွန်း ထမင်းမစားသေးဘူးလား။
ဟိုမှာ လူနည်းသွားပြီ၊သွားစားကြမယ်လေ"
"ခဏလေး ခေတ်ခေတ်မရမ်းသီးမှဲ့တွေခူး
ဦးမလို့"
"ဒါဆိုအစ်ကိုပါ ကူခူးပေးမယ်။အစ်ကိုက
ဒီဘက်ဘေးက အပင်မှာတက်ခူးလိုက်မယ်။
မြန်မြန်ခူးမှ။ဟိုနှစ်ယောက်လာရင်အဆူခံရ
ဦးမယ်"
"ဟုတ်ဟုတ်"
နှစ်ယောက်သား အသီးတွေကို ခူးပြီးမြေပေါ်
ပစ်ချရင်း မောင်နဲ့နေရှင်းကိုလည်းတွေ့ရော
အပင်ပေါ်မှာ ငြိမ်ငြိမ်ကုတ်ကုတ်နေရတဲ့အဖြစ်။
"ခေတ်ခေတ်နဲ့အစ်ကို ကဘယ်ရောက်သွား
ကြတာလဲ"
"ဘုန်းကြီးကျောင်းထဲမှာလည်းနှံ့နေပြီ
ဘယ်ရောက်နေလဲမသိဘူး။ဖုန်းခေါ်ကြည့်
လိုက်ဦးမယ်"
မောင်ဖုန်းခေါ်လိုက်တော့ ဖုန်းသံကိုလည်း
ကြားရသည်။ဒါပေမဲ့ ဘယ်နားက ကြားရမှန်း
လည်းမသိ။နေရှင်းလည်း လိုက်ရှာတာ
မြေကြီးထဲ မဝင်ရုံတမယ်။ဖုန်းသံကိုသာ
ကြားရပြီး လူကိုရောဖုန်းကိုပါမတွေ့။
"နတ်များဖွက်သွားတာလား။သရဲပဲခြောက်
နေတာလား"
"ခဏ..ဒီအသံက အပင်ပေါ်ကလာတာ
နေရှင်းရ"
မောင်နဲ့နေရှင်း နှစ်ယောက်သား မော့ကြည့်
မိတော့မှ အပင်ပေါ်ကနေ မအီမသာရယ်ပြ
နေကြတာက ကိုကိုနဲ့ခေတ်ခေတ်။ပြုတ်ကျ
ပြီး ထိခိုက်မိသွားမှဖြင့် လူကရူးသွားမည်ထင်သည်။
"ကိုကို!..ကျစ် အပင်ပေါ်မတက်နဲ့လို့ပြောထား
တာကိုကွာ မောင့်စကားကိုနားမထောင်ဘူး။
ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ အခု
ဆင်းလာခဲ့"
"အင်းပါကွာ။မင်းက ဆူဖို့ကြီးပဲ"
"ခေတ်ခေတ် ကလေးလေး..ဘယ်အချိန်ထဲ
က အပင်ပေါ်တက်နေတာလဲ။ဆင်းခဲ့တော့"
"အပင်ပေါ်တက်နေတာကြာပြီ"
အပင်ပေါ်မှ ဆင်းရင်းပြောတော့ နေရှင်းမှာ
လက်တပြင်ပြင်နဲ့ မောင်လည်းထိုနည်းတူပင်။
အောက်ရောက်တာနဲ့နှစ်ယောက်သား ဆန်အိတ်
အလွတ်ထဲကို မရမ်းသီးတွေ အသည်းအသန်
ကောက်ထည့် ကြပြန်သည်။မနေနိုင်တဲ့နေရှင်း
နဲ့မောင်မှာလည်း နောက်ဆုံးတော့ကူကောက်
ပေးရတော့သည်။လုပ်ချင်တာလုပ်နေရရင်
ကိုကိုရော၊ခေတ်ခေတ်ရောမျက်နှာတွေက
ပြုံးလို့။
"တစ်ယောက်က ၂၅နှစ်၊တစ်ယောက်က
၁၈ပြည့်ပြီးပြီ။ဒါတောင် ကလေးစိတ်တွေ
မကုန်နိုင်ကြသေးဘူး"
"မောင်ကငြိုငြင်တာလား"
"မဟုတ်ရပါဘူးဗျာ။လူကိုစိတ်ပူအောင်
ကိုကိုကလုပ်တာကိုး။ကောက်ပြီးရင် ထမင်း
သွားစားကြမယ်။မောင့်ကို ခွံ့ကျွေးနော်"
"ဪ သူများကိုကျတော့ ကလေးစိတ်မကုန်
သေးဘူးတဲ့၊သူကျတော့ ခွံ့ကျွေးတဲ့။
ဦးလေးသော်ယံမောင်ကရယ်ရတယ် ဟား..ဟား"
"နေရှင်း မင်းဟာလေးကိုထိန်းနော် ရန်လာစ
နေတယ်။ဝတ်ထားတာဘိုးတော်ရုပ်နဲ့"
သည်လိုနဲ့ ခေတ်ခေတ်နဲ့မောင့်ရဲ့ရန်ပွဲကလည်း
အိမ်ပြန်လမ်းထိမပြီးခဲ့။စကားနိုင်လုနေကြ
သည့် နှစ်ယောင်ကြောင့် ကိုကိုနဲ့နေရှင်းမှာ
နားငြီးလွန်းလို့ ရပ်ခိုင်းရတာ အတင်းအကျပ်။
ဒီနှစ်ယောက် တစ်သက်လုံးလည်း တည့်ဖို့
လမ်းမမြင်။
(4.9.2020)Lily_Han🍀
Zawgyi
မဂၤလာပြဲကို အဆင့္ျမင့္ဟိုတယ္မွာ
ခမ္းခမ္းနားနားက်င္းပျခင္းမ်ိဳးလည္း
မဟုတ္။
"ေမာင္..ငါေတာ့ ကုန္က်ေငြေတြကို လိုအပ္တဲ့
ေနရာေတြမွာပဲ ခြဲၿပီးလွူခ်င္တယ္"
ကိုကို႔ရဲ့ဆႏၵအတိုင္း ေသာ္ယံေမာင္က
ျဖည့္စည္းေပးရွာသည္။လက္ထပ္ခြင့္
ေတာင္းၿပီး ေနာက္တစ္ပတ္ၾကာေတာ့
သူတို႔ရဲ့မဂၤလာပြဲလို႔ေျပာလို႔ရမဲ့
အလွူမွာ လူေတြအားလုံးဟာ သိုက္သိုက္ၿမိဳက္ၿမိဳက္။
"ဆန္အိတ္ေတြနဲ႔ပစၥည္းေတြသယ္ဖို႔
လူလိုေသးလား"
ေမာင့္အေဖက ဘုန္းႀကီးေက်ာင္းဝန္း
ထဲရွိသစ္ပင္ေအာက္မွာ ရပ္ၾကည့္ကာေျပာ
လာသည္။
"ရၿပီ ဦး..မလိုေတာ့ဘူး"
ဆန္အိတ္ကိုထမ္းရင္း ကိုကိုက ျပန္ေျပာ
ေတာ့ ဘယ္ကေနမွန္းမသိ အနားကို
လွစ္ခနဲေရာက္လာတာက ေသာ္ယံေမာင္။
"ဟာ ကိုကို..ကိုကို မသယ္နဲ႔ေမာင္တို႔ပဲသယ္ပါ
မယ္ဆိုကြာ"
"ကိုကိုသယ္နိုင္ပါတယ္ကြ။
ေမာင္လည္းသယ္ၿပီး လိုက္လာခဲ့"
ဒီလိုနဲ႔ လွူမဲ့ပစၥည္းေတြသယ္လို႔အၿပီး
ေက်ာင္းထိုင္ ဘုန္းဘုန္းဆီ သြားကာ
ကန္ေတာ့ရင္း ေန႔ဆြမ္းလည္းကပ္
ျဖစ္ၾကသည္။
"ဘုန္းဘုန္းဘုရား.."
ေခတ္ေခတ္မွ မရဲတရဲေလးေခၚ၍ေက်ာင္း
ေပၚသို႔တက္လာၿပီး ဘုန္းဘုန္းကို ကန္ေတာ့
သည္။ထို႔ေနာက္ လက္အုပ္ခ်ီကာ ဘုန္းဘုန္း
ကိုရယ္ျပေနျပန္ေတာ့ ဘုန္းဘုန္းမွာလည္း
ေယာင္ယမ္းၿပီးျပန္ရယ္ျပမိသည္။
ေဒၚေလးႏြယ္ကေတာ့ သူ႔သားမ်က္ႏွာၾကည့္ၿပီး ေမႊေတာ့မွာကိုလည္း သိသည္။
"ဒကာေလးက ဘာေျပာမလို႔တုန္း"
"ဒီလိုပါ ဘုရား။ေခတ္..အဲ တပည့္ေတာ္
ကေလ ဘုန္းဘုန္းဆီမွာ ခြင့္လာေတာင္း
တာပါဘုရား"
"ေဟ ဘာခြင့္တုန္း"
"ဟိုဟာေလ ဘုရား"
"ဘယ္ဟာတုန္းကြဲ႕"
"ဟိုဟာပါ ဘုရား..ဟိုဟာေလ အဲ့အသီး
နာမည္ေမ့ေနလို႔ဘုရား"
ေဒၚေကသီဟန္တို႔အားလုံး ေခတ္ေခတ္ပုံစံ
ကိုၾကည့္ကာ ရယ္ခ်င္ေသာ္လည္း
ဘုန္းႀကီးအေရွ႕မို႔ အန္ႀကိတ္ကာေအာင့္
ထားရွာသည္။ဒီကေလးက တစ္ခါတေလ
ပ်ာပ်ာယာယာေလးရွိေပမဲ့ ဒါကလည္း
ခ်စ္ဖို႔ေကာင္းေတာ့သူတို႔လည္း မတတ္နိုင္။အေရးထဲ စားခ်င္တဲ့အသီးနာမည္ကိုေမ့ေနေတာ့ ေခါင္းကုတ္ စဥ္းစားရတာလည္း အလုပ္
တလုပ္။မအီမသာမ်က္ႏွာေလးနဲ႔ အသီးနာ
မည္ကို ျပန္မွတ္မိမွ မ်က္ႏွာဟာျပဳံးရႊင္ရႊင္ေလး
ရယ္။
"ဒကာေလး မွတ္မိၿပီလား"
"မွတ္..မွတ္မိပါၿပီ ဘုန္းဘုန္း။ေခတ္ေခတ္
မရမ္းသီးစားခ်င္လို႔ပါ ဘုရား"
"ေဟ"
"ဟုတ္ပါတယ္ဘုရား။ဟိုဘက္နားက
မရမ္းပင္မွာ အသီးေတြအမ်ားႀကီးပဲ။
အဲ့တာေလ အခုခူးစားၿပီး အိမ္ကိုလည္း
ယူသြားခ်င္လို႔ပါဘုရား"
"အသီးဆိုလို႔ ပန္းသီးတို႔ လိေမၼာ္
သီးတို႔ထင္တာ။မရမ္းသီးစားခ်င္တာဆိုလည္း
ဒကာေလးႀကိဳက္သေလာက္သာခူးစား၊
ခူးသြားခ်ည္ဟုတ္ၿပီလား"
"ဟုတ္ကဲ့ တပည့္ေတာ္သြားခူးလိုက္ပါ
ဦးမယ္ ဘုရား။ဟိုဆန္အိတ္အလြတ္ေလးပါ
ျပန္စြန႔္ပါ"
ဘုန္းဘုန္းလည္း ေခတ္ေခတ္ေျပာ
သမၽွကို ေခါင္းသာညိတ္မိေတာ့သည္။
ေခတ္ေခတ္ကိုၾကည့္ရင္း ဘုန္းဘုန္း
ပါ ေမာလာတဲ့အျဖစ္။ပုစိန္ေပါက္သလို ဦးခ်
ကန္ေတာ့ၿပီး ေက်ာင္းေပၚမွ ေျပး
ဆင္းေတာ့ မရမ္းသီးထည့္ဖို႔
ဆန္အိတ္ အလြတ္ယူသြားဖို႔ကိုလည္းမေမ့။
ဘုန္ႀကီးေက်ာင္းအနီးရွိ ရပ္ကြက္မ်ားမွ
ဘုန္းႀကီးေက်ာင္းတြင္ စတုဒီသာ
ေကၽြးတယ္ဆိုလို႔ လာစားၾကသည္မွာ
ခုံဝိုင္းေတြပင္မေလာက္။ဘာဟိတ္ဟန္ မွမရွိဘဲ
အခုလိုစားၾကျခင္းက လွူရသူလည္း
ပီတိျဖစ္၊ကုသိုလ္ရသလို သူတို႔တေတြ
လည္း ဗိုက္ဝၾကရဲ့။သီးစုံခ်ဥ္ဟင္း၊
ငါးေျခာက္ေက်ာ္၊ၾကက္သား၊သရက္ခ်ဥ္သုပ္၊ငပိေက်ာ္စတဲ့ ဟင္းေတြနဲ႔ေကၽြး
ေမြးေတာ့ ထမင္းၿမိန္ေစမွာ အမွန္ေပ။
ကိုကိုနဲ႔မင္းရတုက ဟင္းခ်ိဳင့္ေတြကိုင္ကာ
လိုက္ထည့္ေပးၿပီး၊ေမာင္နဲ႔ေနရွင္းက
ထမင္းလိုက္ထည့္ ေပးသည္။ရဲမြန္ကေတာ့ခုံ
ေနရာစီစဥ္ေပးေနၿပီး မုန႔္ေဝေပးသည္။
ေက်ာ္ျမတ္သာကေတာ့ ပန္းကန္ေတြသိမ္း
ေနတဲ့ ေကာင္းဆက္လင္း အေနာက္သို႔
တေကာက္ေကာက္လိုက္သည္။
"ခင္ဗ်ား ဘာလို႔ကၽြန္ေတာ့္အေနာက္ကိုပဲ
လိုက္ေနတာလဲ"
"ဟင္ ဘယ္မွာလိုက္လို႔လဲ။
ကိုယ္က ပန္းကန္ေတြသြားေပးမလို႔ကို"
လူကို သူမဟုတ္သလိုမ်က္ႏွာေပးနဲ႔ေျပာ
ၿပီး
အေရွ႕ကေနေက်ာ္တက္သြားသည္။
ေကာင္းဆက္လင္းတစ္ေယာက္ ေက်ာ္
ျမတ္သာကိုၾကည့္ရင္း စိတ္ထဲမွာဆဲေနမိတာ
ေတာ့အမွန္။
ကိုယ္ခ်စ္တဲ့သူက အိမ္ေထာင္ျပဳသြားလို႔ဝမ္း
နည္းရမလားမွတ္တယ္ အဲ့လူေၾကာင့္
ဝမ္းနည္းတဲ့ဆီကိုလည္း မေရာက္ေတာ့။
"အစ္မမူယာ ကၽြန္ေတာ္တစ္လွည့္ေဆးေပး
ရမလား"
ပန္းကန္ေတြေဆးေနတဲ့မူယာ့ေဘးမွာ
ပန္းကန္ေတြခ်ရင္း ေကာင္းဆက္လင္းေျပာလိုက္သည္။ရပ္ကြက္ကလုပ္အားေပးေတြလာကူ
ၾကေပမဲ့ေမာင္တို႔လူငယ္ေတြ ကိုယ္တိုင္သာ
လုပ္ၾကသည္ကမ်ားသည္။
"ရပါတယ္ ဒီမွာအစ္မႀကီးေတြကလည္း
ကူေဆးေပးေနတာ၊ရတယ္ေကာင္းဆက္"
"လာလာ ညီေလး..ပန္းကန္ေတြသြား
သယ္ရေအာင္"
လက္ကိုဆြဲကာေခၚသြားတဲ့ ေက်ာ္ျမတ္သာရဲ့
အေနာက္ကို ေကာင္းဆက္လင္းမွာ ေၾကာင္ၿပီး
လိုက္သြားမိသည္။အဲ့ဒီေနာက္မွာေတာ့
ေကာင္းဆက္လင္းေျပာဆိုတာေတာင္
ေက်ာ္ျမတ္သာကျပဳံးၿဖီးလို႔။ဆဲဆိုေတာ့
လည္း ဒီလူကသူ႔ကို ပန္းနဲ႔ေပါက္ေန
သလိုပင္။
"ဘယ္သူ ခ်ဥ္ဟင္းထပ္ယူဦးမလဲ"
"ထမင္းယူၾကဦးမလား"
ထပ္ယူၾကတဲ့သူေတြမ်ားေတာ့ လက္မလည္
ေတာ့။စားၾကတာမ်ား အားရစရာ။ပင္ပန္း
ရက်ိဳး၊လွူရက်ိဳးလည္း နပ္ရဲ့။
"ကိုကို ပင္ပန္းေနၿပီလား၊ခဏနားလိုက္ဦးေလ"
"ရတယ္ မပင္ပန္းဘူးေမာင္။ငါေပ်ာ္လြန္း
လို႔ ပင္ပန္းတယ္လို႔ေတာင္မထင္မိဘူး"
"ကိုကို"
"အင္း"
"ေမာင္အရင္ကေျပာဖူးတဲ့ စကားကိုမွတ္မိ
လား။ေမာင္က ဥပုလ္ေစာင့္တဲ့က်ားဆိုတာ
ေလ။အဟန႔္ ဒီညကေနစၿပီး အသားစားတဲ့
က်ားျဖစ္သြားၿပီ"
စပ္ျဖဲျဖဲျဖစ္ေနတဲ့ေမာင့္မ်က္ႏွာကို
ၾကည့္ၿပီး ကိုကို႔မွာ ၾကက္သီးပင္ထလာသည္။လူကိုအခုပဲဝါးစားေတာ့မည့္႐ုပ္နဲ႔။
"ေမာင္ မင္း..မင္းေနာ္။
ဘုန္းႀကီးေက်ာင္းမွာေတာင္ မေရွာင္ဘူး"
"ညက်ရင္လည္း.."
"ေဟ့ေကာင္ မင္းေနာ္။ေတာ္ၿပီ
ကြာ ငါေခတ္ေခတ္ကိုသြားရွာလိုက္ဦးမယ္။
ေရာက္ထဲက အခုထိမေတြ႕ေသးဘူး"
"ေကာင္ေလး ရွက္ရင္လည္းရွက္တယ္ေပါ့"
ေျပးထြက္သြားတဲ့ ကိုကို႔ကိုၾကည့္ကာ
ေအာ္ေျပာမိေတာ့ အေနာက္ကိုလွည့္
ရင္းလက္သီးေထာင္ျပသြားတာ ေမာင့္မွာပါးေတာင္က်ိန္းမိသည္။လက္စျပင္းလြန္း
လို႔ ထပ္ၿပီးလည္းမစရဲ။
"ဒီကေလး ဘယ္ေရာက္ေနတာလဲ။
ထမင္းလည္းမစားရေသးဘူး"
"ကိုသု..ေခတ္ေခတ္ဒီမွာ မရမ္းပင္ေပၚမွာ"
မရမ္းပင္ေပၚေမာ့ၾကည့္မိမွ ခြၾကား
မွာထိုင္ၿပီး မရမ္းသီးေတြထိုင္စားေနသည့္ ေခတ္ေခတ္ကိုေတြ႕သည္။ေနရွင္းသာ
ျမင္ရင္ သည္းသည္းလွုပ္ၿပီး သူ႔ကေလးကို စိတ္ပူမွာေတာ့ျမင္ေယာင္ေသး။
"ေခတ္သြန္း ထမင္းမစားေသးဘူးလား။
ဟိုမွာ လူနည္းသြားၿပီ၊သြားစားၾကမယ္ေလ"
"ခဏေလး ေခတ္ေခတ္မရမ္းသီးမွဲ႕ေတြခူး
ဦးမလို႔"
"ဒါဆိုအစ္ကိုပါ ကူခူးေပးမယ္။အစ္ကိုက
ဒီဘက္ေဘးက အပင္မွာတက္ခူးလိုက္မယ္။
ျမန္ျမန္ခူးမွ။ဟိုႏွစ္ေယာက္လာရင္အဆူခံရ
ဦးမယ္"
"ဟုတ္ဟုတ္"
ႏွစ္ေယာက္သား အသီးေတြကို ခူးၿပီးေျ
မေပၚပစ္ခ်ရင္း ေမာင္နဲ႔ေနရွင္းကိုလည္း
ေတြ႕ေရာ အပင္ေပၚမွာ ၿငိမ္ၿငိမ္ကုတ္ကုတ္
ေနရတဲ့အျဖစ္။
"ေခတ္ေခတ္နဲ႔အစ္ကို ကဘယ္ေရာက္သြား
ၾကတာလဲ"
"ဘုန္းႀကီးေက်ာင္းထဲမွာလည္းႏွံ့ေနၿပီ
ဘယ္ေရာက္ေနလဲမသိဘူး။ဖုန္းေခၚၾကည့္လိုက္ဦးမယ္"
ေမာင္ဖုန္းေခၚလိုက္ေတာ့ ဖုန္းသံကို
လည္းၾကားရသည္။ဒါေပမဲ့ ဘယ္နားက
ၾကားရမွန္းလည္းမသိ။ေနရွင္းလည္း
လိုက္ရွာတာ
ေျမႀကီးထဲ မဝင္႐ုံတမယ္။ဖုန္းသံကိုသာ
ၾကားရၿပီး လူကိုေရာဖုန္းကိုပါမေတြ႕။
"နတ္မ်ားဖြက္သြားတာလား။သရဲပဲေျခာက္
ေနတာလား"
"ခဏ..ဒီအသံက အပင္ေပၚကလာတာ
ေနရွင္းရ"
ေမာင္နဲ႔ေနရွင္း ႏွစ္ေယာက္သား ေမာ့ၾကည့္မိေတာ့မွ အပင္ေပၚကေန မအီမသာ
ရယ္ျပေနၾကတာက ကိုကိုနဲ႔ေခတ္ေခတ္။
ျပဳတ္က်ၿပီး ထိခိုက္မိသြားမွျဖင့္ လူက႐ူးသြား
မည္ထင္သည္။
"ကိုကို!..က်စ္ အပင္ေပၚမတက္နဲ႔လို႔ေျပာ
ထားတာကိုကြာ ေမာင့္စကားကိုနားမေထာင္ဘူး။
ျပဳတ္က်သြားရင္ဘယ္လိုလုပ္မလဲ အခု
ဆင္းလာခဲ့"
"အင္းပါကြာ။မင္းက ဆူဖို႔ႀကီးပဲ"
"ေခတ္ေခတ္ ကေလးေလး..ဘယ္အခ်ိန္ထဲ
က အပင္ေပၚတက္ေနတာလဲ။ဆင္းခဲ့ေတာ့"
"အပင္ေပၚတက္ေနတာၾကာၿပီ"
အပင္ေပၚမွ ဆင္းရင္းေျပာေတာ့
ေနရွင္းမွာလက္တျပင္ျပင္နဲ႔ ေမာင္လည္း
ထိုနည္းတူပင္။
ေအာက္ေရာက္တာနဲ႔ႏွစ္ေယာက္သား ဆန္အိတ္
အလြတ္ထဲကို မရမ္းသီးေတြ အသည္းအသန္
ေကာက္ထည့္ ၾကျပန္သည္။မေနနိုင္တဲ့ေနရွင္း
နဲ႔ေမာင္မွာလည္း ေနာက္ဆုံးေတာ့ကူေကာက္
ေပးရေတာ့သည္။လုပ္ခ်င္တာလုပ္ေနရရင္
ကိုကိုေရာ၊ေခတ္ေခတ္ေရာမ်က္ႏွာ
ေတြက ျပဳံးလို႔။
"တစ္ေယာက္က ၂၅ႏွစ္၊တစ္ေယာက္က
၁၈ျပည့္ၿပီးၿပီ။ဒါေတာင္ ကေလးစိတ္
ေတြ မကုန္နိုင္ၾကေသးဘူး"
"ေမာင္ကၿငိဳျငင္တာလား"
"မဟုတ္ရပါဘူးဗ်ာ။လူကိုစိတ္ပူေအာင္
ကိုကိုကလုပ္တာကိုး။ေကာက္ၿပီးရင္ ထမင္း
သြားစားၾကမယ္။ေမာင့္ကို ခြံ႕ေကၽြး
ေနာ္"
"ဪ သူမ်ားကိုက်ေတာ့ ကေလးစိတ္မကုန္
ေသးဘူးတဲ့၊သူက်ေတာ့ ခြံ႕ေကၽြးတဲ့။
ဦးေလးေသာ္ယံေမာင္ကရယ္ရတယ္ ဟား..ဟား"
"ေနရွင္း မင္းဟာေလးကိုထိန္းေနာ္
ရန္လာစေနတယ္။ဝတ္ထားတာဘိုးေတာ္႐ုပ္နဲ႔"
သည္လိုနဲ႔ ေခတ္ေခတ္နဲ႔ေမာင့္ရဲ့ရန္ပြဲက
လည္း အိမ္ျပန္လမ္းထိမၿပီးခဲ့။စကားနိုင္လု
ေနၾကသည့္ ႏွစ္ေယာင္ေၾကာင့္
ကိုကိုနဲ႔ေနရွင္းမွာ နားၿငီးလြန္းလို႔
ရပ္ခိုင္းရတာ အတင္းအက်ပ္။
ဒီႏွစ္ေယာက္ တစ္သက္လုံးလည္း တည့္ဖို႔
လမ္းမျမင္။
(4.9.2020)Lily_Han🍀