ေႏွာင္တြယ္ရစ္ေသာ...ၾကိဳး💕...

By pkchan1998

766K 67.7K 2.2K

BL(1.9.2020) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 28 (Warning🔥)
Part 29
Part 30
Part 31
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End

Part 27

18.6K 1.8K 43
By pkchan1998


🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺

"ခန္႔တည္ေပ်ာ္ေနတယ္အဖြား"

"ေပ်ာ္တယ္ဆိုတာနဲ႔ လႊတ္ထားေပးရမွာလားေျမးၾကီး
ဒါဘယ္ေလာက္ေတာင္ရွက္စရာေကာင္းလဲ"

ၾကည္ႏူးပို႔ေပးသည့္ ဓာတ္ပံုေတြကို အဖြားအားျပကာ
နားခ်ေသာ္လည္း တိုးတက္မႈေတာ့မရွိ။
သဘာဝမဟုတ္တဲ့လက္ထပ္ျခင္းက အဖြားအတြက္
ရွက္စရာတစ္ခုအျဖစ္သာ ျမင္ေနသည္။

"ေျပာင္းလဲပစ္လို႔မွမရေတာ့တာ
ဒီအတိုင္း လက္ခံေပးလိုက္ပါလားအဖြားရယ္
ျပီးေတာ့ ကေလးက ခန္႔တည္သမီးဆိုတာ အဖြားေသခ်ာသိထားျပီးျပီပဲေလ မ်ိဳးရိုးစဥ္ဆက္အတြက္လဲ စိတ္ပူစရာမရွိဘူး ေကာင္းကင္က ကေလးေမြးနိုင္တာပဲမို႔ေလ"

"ေယာက်ာ္းတစ္ေယာက္နဲ႔လက္ထပ္လိုက္တာက
လူကဲ့ရဲ႕စရာပဲေျမးၾကီး အခုကိစၥကို ကုမၼဏီရွယ္ယာရွင္ေတြသိသြားရင္ အဖြားတို႔ကုမၼဏီ နာမည္ပ်က္ေတာ့မွာ"

"အဲ့ဒီအတြက္ေၾကာင့္ျငင္းတာဆိုရင္ မျငင္းပါနဲ႔လားအဖြား
ုကုမၼဏီဖ်က္သိမ္းလိုက္ရင္ေတာင္ က်ေနာ္ၾကိဳးစားျပီး ျပန္ယူမွာမို႔ စိတ္မပူေစခ်င္ဘူး အဖြားတို႔မ်ိဳးရိုးစဥ္ဆက္အတြက္လဲ ေတြးၾကည့္ရင္ဂုဏ္ယူစရာေကာင္းတာပဲမဟုတ္လား"

"ဘယ္လိုေျမးၾကီး ဘာကမ်ားဂုဏ္ယူစရာေကာင္းေနလို႔လဲ"

"ဟုတ္တယ္ေလ အဖြားရဲ႕ မ်ိဳးရိုးျမင့္တဲ့မိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ေပးတာထက္ ပိုျမတ္တဲ့ေယာက်ာ္းေလးတစ္ေယာက္နဲ႔လက္ထပ္တာ ပိုေကာင္းတယ္မဟုတ္ဘူးလား က်ေနာ္ေတာ့ အဲ့လိုပဲေတြးတယ္အဖြား"

"ခက္လိုက္တာေျမးၾကီးရယ္
အဖြားေတာ့ ဘယ္နည္းနဲ႔မွသေဘာမတူနိုင္ဘူး
အခုမင္းညီဘယ္မွာရွိလဲ ေျမးၾကီးသိတယ္မဟုတ္လား"

"သိရင္ေတာင္ က်ေနာ္မေျပာဘူးအဖြား
က်ေနာ့္ညီကို သူေပ်ာ္တဲ့ဘဝမွာပဲေနေစခ်င္တယ္"

"အဖြားအရိပ္ကေနထြက္သြားတာနဲ႔ မင္းတို႔ဘဝေကာင္းစားမယ္ထင္လို႔လား ပင္ပန္းဆင္းရဲတဲ့ဒဏ္ကို အၾကာၾကီးခံနိုင္မယ္ထင္လားေျမးၾကီး"

"က်ေနာ္က မခံနိုင္ရင္ေတာင္
ခန္႔တည္ကေတာ့ ဆင္းရဲမဲ့လမ္းျဖစ္ေနလဲေရြးလိမ့္မယ္အဖြား သူ႕သမီးနဲ႔ေကာင္းကင္ရွိတယ္ဆိုရင္ေလ
ဟင္း……က်ေနာ္တစ္ေယာက္လံုး အဖြားကိုေရြးခ်ယ္ထားျပီပဲ ခန္႔တည္ကိုေတာ့ လႊတ္ထားလိုက္ပါေတာ့လားအဖြား"

"တစ္ဇြတ္ထိုးလုပ္တက္တဲ့မင္းညီက သူ႔အေမအတိုင္းလာတာပဲ မင္းကေရာ ဘယ္အထိေရွ႕ကကာေနအံုးမွာလဲ"

"မကာပါဘူးအဖြားရယ္ အကုန္လံုးစိတ္ခ်မ္းသာေစခ်င္ယံုပါ"

"အခုမင္းတို႔ညီကို လုပ္ခ်င္တာလုပ္ထားေတာ့ စိတ္ခ်မ္းသာေနတာပဲမဟုတ္ဘူးလား စိတ္ဆင္းရဲေနရတာ ဒီအဖြားၾကီးပါေျမးၾကီးရယ္"

"အဖြားထင္လို႔ပါ က်ေနာ္လဲစိတ္ခ်မ္းသာမေနသလို
ခန္႔တည္လဲ စိတ္ခ်မ္းသာမွာမဟုတ္ပါဘူး
အဖြားခြင့္ျပဳခ်က္မရွိေသးဘဲမိသားစုနဲ႔အတူေနေနေပမဲ့
ခန္႔တည္ အျပည့္အဝေပ်ာ္မေနဘူးအဖြား
ခန္႔တည္စိတ္ကိုအဖြားသိပါတယ္သူကအဖြားကိုက်ေနာ့္ထက္ေတာင္ ခ်စ္တယ္မဟုတ္လား"

"ေတာ္ျပီေျမးၾကီး မင္းတို႔အတြက္ အဖြားအမ်ားၾကီးစဥ္းစားထားခဲ့တာ ဒီလိုစုန္ကန္ဖို႔မဟုတ္ဘူး မင္းလဲၾကည္ႏူးနဲ႔ကြာရွင္းရတာ အဖြားေၾကာင့္လို႔ယူဆတယ္မဟုတ္လား
မင္းစိတ္ၾကိဳက္လုပ္ အဖြားမတားခ်င္ေတာ့ဘူး
မင္းညီကိုလဲေျပာလိုက္ ဒီအဖြားၾကီးလာခ်င္သပါ့ဆို လာလို႔ သူ႔ေယာက်ာ္းက အဖြားစိတ္တိုင္းက် ေနေပးနိုင္မယ္လို႔ အာမခံရင္ေခၚလာခဲ့ခိုင္းလိုက္ အဖြားစကားဒါအကုန္ပဲ"

အဖြားကစိတ္ကိုေတာ္ေတာ္ေလး ေလ်ွာ့ခ်လိုက္ဟန္တူသည္။
အဖြားအတြက္ခက္ခဲမယ္ဆိုတာသိေပမဲ့ ဒီလိုေျပာေပးတာနဲ႔တင္ မင္းရန္နိုင္ဝမ္းသာရသည္။
ခန္႔တည္သိရင္လဲ ေသခ်ာေပါက္ ဝမ္းသာေနလိမ့္မည္။
……………………………………

*အဖြားက သားတို႔အဖြားလား*ဆိုျပီး ေမ်ွာ္လင့္တၾကီးေမးလာခဲ့တဲ့ ကေလးငယ္ေလးေတြဟာ အခုအခ်ိန္ မိမိေရွ႕မွာပင္ မိသားစုအတြက္ ရပ္တည္ေနပါေပါ့လား။
အႏွစ္20ဆိုတဲ့ သံေယာဇဥ္က လပိုင္းသာသာမွာ ျဖစ္တည္တဲ့သံေယာဇဥ္ကို အနိုင္ယူလို႔ရမည္မထင္ေတာ့။

မိမိရင္နင့္သည္းခ်ာေျမးငယ္ဟာ ထိုေကာင္ေလးကို ေရြးခ်ယ္ခဲ့သတဲ့။
ဘယ္လိုပံုစံေမြးဖြားလာလဲမသိတဲ့ကေလးငယ္ေလးကို
ျဖတ္မရတဲ့သံေယာဇဥ္နဲ႔တြယ္ျငိသတဲ့။

ေျမးႏွစ္ေယာက္လံုးက မိမိထက္သူစိမ္းကိုေတာ့ ပိုမခ်စ္နိုင္ဟုထင္ခဲ့သည္။
မွားယြင္းခဲ့သည္မဟုတ္ေသာ္လည္း သူစိမ္းဆိုသည့္ ေကာင္ေလးတစ္ေယာက္ကိုေတာ့ ေျမးငယ္ဟာ သတၱိရွိရွိဖက္တြယ္သတဲ့ေလ။
မိမိအနားရွိေနသည့္ေျမးၾကီးကလဲ ကြာရွင္းျပီးသည့္ ဇနီးကို သံေယာဇဥ္တြယ္တာ မိမိသိေပမဲ့ လ်စ္လ်ဴရႈခ်င္ခဲ့သည္။
အသက္ၾကီးသူတို႔၏ အတၱေပလားမေျပာတက္။
မိမိေသသည့္အထိ ေျမးေတြကို အနားမွာသာရွိေစခ်င္သည္။

သမီးတုန္းက မတားနိုင္ခဲ့သည့္မိမိဟာ ေျမးငယ္ကိုလဲတားနိုင္စြမ္းရွိမည္မထင္။
ညီငယ္ကိုေပ်ာ္ေစခ်င္သည္ဟုဖြင့္ေျပာေသာေျမးၾကီးဟာလဲ
ဘယ္လိုအေျခအေနျဖစ္ေစ မိမိဘက္ကရပ္တည္မည့္အေတြးရွိဟန္မတူ။

ငါ ဆိုသည့္မာနႏွင့္ ရပ္တည္ခဲ့တာ ယေန႔အထိရွိေသာ္လည္း ေျမးငယ္အတြက္ေၾကာင့္ မိမိမာန မိမိအတၱ မိမိမ်ိဳးရိုးသိကၡာ အရာအားလံုးလႊတ္ခ်ရေတာ့မည္ထင္သည္။
ေရြးခ်ယ္မႈျပတ္သားစြာလုပ္နိုင္ခဲ့သည့္မိမိဟာ ေျမးငယ္ကုိေတာ့ စြန္႔ပစ္ဖို႔ ခက္ခဲေနခဲ့သည္။

ေျမးငယ္ဟာ မိမိရင္ကိုခြဲကာ ေကာင္ေလးတစ္ေယာက္ကို ေရြးခ်ယ္မည္မွန္းသိတာေတာင္ လ်စ္လ်ဴရႈဖို႔ခက္ခဲ့လွသည္။
ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာ ရင္ဆိုင္ဖို႔ ခက္သည့္လမ္းကိုေရြးခ်ယ္သည့္ေျမးငယ္ကိုအျပစ္လဲမဆုိလိုေတာ့။
ေကာင္ေလးတစ္ေယာက္အတြက္ ေျမးငယ္က အရာရာကိုေတာင္စြန္႔လြတ္ေနသည္မုိ႔ ဘယ္အခက္အခဲမဆို မရြံ႕ေတာ့တာ မိမိခန္႔မွန္းနိုင္သည္။
မိမိကေျမးငယ္အတြက္ အင္အားမျဖစ္ေပးနိုင္ပါဘဲ
ကန္႔ကြက္ေနတာဟာ မွားမ်ားေနခဲ့သလား။

အဖြားအတြက္ခက္ခဲေပမဲ့ ေျမးငယ္အတြက္ အဖြားေရြးခ်ယ္ပါ့မယ္။
အဖြားရင္ကိုေတာ့ စုန္မကန္ဘူးမို႔လားေျမးငယ္။
……………………………………………

"အယ္ သူေ႒း"

မနက္ခင္းေစာေစာ ဘုရားပန္းျပီး အိမ္ေရွ႕ကအမိႈက္အိတ္ပစ္ဖို႔ ျပင္ေနတုန္း ေရာက္လာသည့္ သူေ႒းေၾကာင့္
လက္ထဲကအထုပ္ေတာင္ျပဳတ္က်သြားရသည္။
အကို႔ကိုလာေခၚတာမ်ားလား။

"ေကာင္းကင္ ဘာေတြလုပ္ေနတာလဲ"

"အမိႈက္ပစ္မလို႔ဗ်
သူေ႒း အကို႔ကိုလာေခၚတာလားဟင္
အဖြားက က်ေနာ္တို႔ကို ခြဲမွာလားဟင္"

မ်က္ႏွာငယ္ႏွင့္ေမးလာသည့္ ေကာင္းကင္ေၾကာင့္
မင္းရန္နိုင္စိတ္မေကာင္းျဖစ္ရသည္။

"အိမ္ထဲဝင္ရေအာင္ေလ ျပီးမွကိုယ္ေျပာျပမယ္"

"ဟုတ္"

ေကာင္းကင္အိမ္ထဲအရင္ဝင္လာခဲ့ျပီး
မနိုးေသးသည့္ အကို႔ကိုႏိႈးရေတာ့သည္။
အေၾကာင္းအရင္းလဲမသိပါဘဲ မ်က္ရည္ကလဲ က်ခ်င္ေနျပန္သည္။

"အကို……အကိုလို႔……"

"ဟင္ ေကာင္းကင္ဘာလဲ"

"သူေ႒းေရာက္ေနတယ္ အင့္…"

"ကိုကိုလာတယ္……ဘာလို႔ငိုတာလဲ
ကိုကိုကဘာေျပာလို႔လဲ ကိုယ္ရင္ပူေအာင္မလုပ္ပါနဲ႔ေကာင္းကင္ရယ္"

"ဘာမွမေျပာဘူး က်ေနာ္ဝမ္းနည္းေနလို႔
ူသူေ႒းနဲ႔သြားေတြ႔လိုက္အံုး"

"တိတ္ပါ မ်က္ရည္ေတြနဲ႔ ၾကည့္မေကာင္းဘူး
လက္ေတြကလဲ ေပလို႔ ဘာေတြကိုင္လာတာလဲ"

"ဟာ……လက္ေပနဲ႔မ်က္ရည္သုတ္ရလား ေကာင္းကင္ရယ္ မ်က္ႏွာေတြပြကုန္ျပီ"

"သူေ႒းလာေခၚတာနဲ႔ က်ေနာ့္ကို ေအာ္တာလား
သြားလိုက္သြား ျပန္လိုက္သြား"

ရန္ေတြ႔ကာ တအီးအီးငိုပါသည့္ ေကာင္းကင္ကို ခန္႔တည္လိုက္မမွီနိုင္။
အခ်ိဳသာဆံုးအသံႏွင့္ေျပာသည္ကိုပင္ေအာ္သည္ဟုထင္ေနသည္။
ဘာေတြမ်ား ဒီေလာက္ဝမ္းနည္းေနတာပါလိမ့္။

"မငိုပါနဲ႔ေကာင္းကင္ရယ္
ကိုယ္ကမေအာ္ပါဘူး ညစ္ပတ္ေလးမို႔ ဒီတိုင္းေျပာလိုက္တာပါ အငိုသန္ေလးရယ္ တိတ္ေတာ့ သမီးနိုးသြားလိမ့္မယ္"

"အကို ျပန္သြားမွာလား"

"အင္…ဘယ္ကိုလဲေကာင္းကင္ရဲ႕"

"သူေ႒းက အကို႔ကိုျပန္ေခၚသြားမွာေလ"

"အဟား……မေခၚပါဘူး ကိုယ့္အသက္ရယ္
ကိုကိုက ေကာင္းကင္နဲ႔လက္ထပ္ဖို႔ အၾကံေပးထားတာကို
အခုကလဲ ကိစၥရွိလို႔လာတာေနမွာကို ၾကည့္ပါအံုးကြာ
အဲ့ဒါေတြးျပီးငိုတာေပါ့"

"ဟုတ္တယ္ အကိုက က်ေနာ္နဲ႔သမီးကို ထားခဲ့မွာစိုးလို႔"

"ထားခဲ့စရာလား ေကာင္းကင္ရယ္
မင္းနဲ႔သမီးရွိတဲ့အရပ္က ကိုယ့္အိမ္ပဲေလ ဘယ္အရပ္ေဒသျဖစ္ျဖစ္ မင္းမရွိရင္ ကိုယ္မသြားပါဘူး သြားရင္ေတာင္ မင္းလက္ကိုတြဲျပီးသြားမွာ"

"ဟုတ္ သြားေတာ့ေလ
သူေ႒းေစာင့္ေနတာကို"

"အတူတူသြားမယ္ေလ ကိုကိုဘာေျပာမလဲနားေထာင္ရေအာင္"

"က်ေနာ္လိုက္လို႔ရတယ္ေပါ့"

"ရတာေပါ့ ေကာင္းကင္ကကိုယ့္ေယာက်ာ္းပဲဟာ
မိသားစုအေရးပါဆို နားေထာင္ရမယ္ေလ
ကဲ လာ…လက္အရင္ေဆးရေအာင္"

ီႏွာတရံႈ႕ရံႈ႕ျဖစ္ေနသည့္ ေကာင္းကင္က မ်က္ႏွာေလးေတာင္ရဲလို႔။
တကယ္ကေလးေလး။ ေတြးျပီးေတာင္ငိုသတဲ့။
ခန္႔တည္ကိုျငင္းတုန္းက လူၾကီးေပါက္စလုပ္ေနတဲ့ေကာင္ေလးဘယ္မ်ားေရာက္သြားပါလိမ့္။

"ကိုကို ဘာကိစၥရွိလို႔လဲ အေစာၾကီးေရာက္လာတာပဲ"

ေဒၚေလးက ေရေႏြးပန္းကန္ေတြလာခ်ေပးသည္။
ေစ်းျခင္းဆြဲကာ အငယ္ေကာင္ႏွင့္ထြက္သြားၾကသည္။
ခန္႔တည္တို႔ ေအးေအးေဆးေဆးစကားေျပာေစခ်င္တာေၾကာင့္ျဖစ္မည္။

"ေျပာစရာရွိလို႔လာတာ……ေနရတာအဆင္ေျပၾကလား"

"ေျပပါတယ္ ကိုကို……အဖြားေရာ ေနေကာင္းရဲ႕လား"

"လူကေကာင္းေပမဲ့ စိတ္ေတာ့မေကာင္းဘူး
မင္းကိုပဲေမးေနျပီး ျပန္ေခၚမယ္ေျပာေနတာ"

ေကာင္းကင္က ခန္႔တည္လက္ေမာင္းကို ခပ္တင္းတင္းေလးလာကိုင္သည္။

"က်ေနာ္လဲလာခ်င္ပါတယ္ အဖြားကေကာင္းကင္နဲ႔သေဘာမတူေသးေတာ့ လာဖို႔အဆင္မေျပဘူးေလ
ကိုကိုသိတဲ့အတိုင္း ေကာင္းကင္ကစိုးရိမ္တက္တယ္
က်ေနာ္လာရင္ေတာင္ သူစိတ္ခ်မွာမဟုတ္ဘူး"

"သူေ႒း အခုကဘာေျပာမလို႔လဲဗ်"

သိခ်င္လြန္းသည့္ ေကာင္းကင္ကပဲ မေနနိုင္လြန္းစြာေမးရသည္။
သူေ႒းလာတဲ့အဓိကအေၾကာင္းရင္းကိုသိခ်င္လွသည္။

"အဖြားက ခန္႔တည္ကိုေခၚခိုင္းလိုက္တာေကာင္းကင္"

ေကာင္းကင္ထင္သည့္အတိုင္းပဲမဟုတ္လား။

"က်ေနာ္တစ္ေယာက္ထဲလား"

"ေကာင္းကင္နဲ႔ကေလးေရာေခၚခဲ့တဲ့"

"ဟင္……က်…က်ေနာ္ေရာ"

မ်က္ႏွာမေကာင္းသည့္ေကာင္းကင္က ခ်က္ခ်င္းေမာ့ၾကည့္လာသည္။

"အဖြားက…သေဘာတူလိုက္တာလားဟင္ သူေ႒း"

"သေဘာက်ေအာင္ ေနနိုင္ရင္လက္ခံေပးမယ္တဲ့
စိတ္ပူစရာေတာ့မရွိဘူး မင္းကိုနဂိုကလဲ သေဘာက်တာဆိုေတာ့"

"အဲ့လိုသာဆို က်ေနာ္ဝမ္းသာပါတယ္
က်ေနာ့္ကိုအဖြားသေဘာက်ေအာင္ ၾကိဳးစားပါ့မယ္
အခုလို အကိုနဲ႔မိသားစုကို တစ္ေနရာစီျဖစ္ေအာင္လုပ္မိသလိုျဖစ္ေနတာ က်ေနာ္အဆင္မေျပဘူး"

"ခန္႔တည္မင္းဘယ္လိုဆံုးျဖတ္မွာလဲ ေကာင္းကင္ကေတာ့
တက္ၾကြေနတာပဲ"

"က်ေနာ္သေဘာတူတာေပါ့ကိုကိုကလဲ
အဖြားကအခုလိုေခၚျပီဆိုကတည္းက က်ေနာ့္ကိုမစြန္႔ပစ္နိုင္တာေပၚေနျပီ အိမ္ေရာက္တာနဲ႔ က်ေနာ္ကပ္ခ်ြဲေတာ့မွာ"

"အကိုကလဲ……ကေလးမဟုတ္ဘဲနဲ႔"

"တကယ္ေကာင္းကင္ရဲ႕ အဖြားကကိုယ့္ကိုခ်စ္တယ္
အဲ့ဒါမို႔လဲ တစ္ပတ္မျပည့္ခင္ ျပန္ေခၚတာေပါ့"

"အေဖတို႔ကိုဘယ္လိုေျပာမလဲအကို
ေဒၚေလးနဲ႔အေဖက က်ေနာ္တို႔လာေနလို႔ ေပ်ာ္ေနၾကတာ"

"ေဖေဖက နားလည္ပါတယ္
ေလာေလာဆယ္အဖြားလံုးဝသေဘာတူေအာင္ၾကိဳးစားၾကစို႔ ေနာက္မွ ေဖေဖတို႔စီ ထပ္လာမွာေပါ့"

"ဟုတ္"

စကားေျပာေနၾကတုန္း ေဖေဖက အိမ္ထဲဝင္လာသည္။
မနက္အေစာအျပင္ကျပန္လာတာျဖစ္မည္။

"သားၾကီးကားေတြ႔ခဲ့လို႔ အျမန္ျပန္လာတာ
သားငယ္ကိုလာေတြ႔တာလား"

"ဟုတ္တယ္ ေဖေဖ အဖြားက ေခၚခိုင္းလို႔ေလ
ေဖေဖက ဘယ္ကျပန္လာတာလဲ"

"ေအာ္ လာေခၚတာလား ေဖေဖက သားငယ္တို႕အတြက္ အခန္းျပင္ေပးဖို႔ လက္သမားလုပ္တဲ့သူစီသြားေနတာ
အခုျပန္ၾကေတာ့မွာေပါ့"

ေဖေဖ့စကားေၾကာင့္ ခန္တည္ေရာေကာင္းကင္ပါ အားနာသြားရသည္။
တကယ္လဲေတာ္ေတာ္နဲ႔မျပန္ျဖစ္ေသးဘူးထင္ထားခဲ့တာ။
အဖြားကခ်က္ခ်င္းၾကီးလက္ခံလိမ့္မယ္လို႔မွမထင္ထားခဲ့ဘဲ။

"ေဖေဖအလုပ္ရႈပ္သြားရျပီ
အဖြားကေခၚေနတာဆိုေတာ့ မသြားလို႔ကလဲ အဆင္မေျပတာေၾကာင့္ပါ က်ေနာ္တို႔အလည္လာအံုးမွာပါ"

"ေအးပါ သားငယ္ရယ္
စိတ္မေကာင္းမျဖစ္ပါနဲ႔ မင္းတို႔အဖြားကိုသာ စိတ္ခ်မ္းသာေအာင္ထားပါ မဂၤလာေဆာင္ရင္ေတာ့ အေဖလာလို႔ရတယ္မဟုတ္လား"

"လာရမွာေပါ့ေဖေဖကလဲ မဂၤလာရက္သိတာနဲ႔ ေဖေဖ့စီအရင္လာေျပာမွာ စိတ္ခ် အဖြားဘာမွမေျပာေစရဘူး"

"ေအးပါ မသြားခင္မနက္စာစားသြားၾက
သားၾကီးေရာတခါထဲစား"

"ဟုတ္ ေဖေဖ"

"ဒါဆို က်ေနာ္မနက္စာျပင္လိုက္မယ္ဗ်"

"ေအးေအး သား"

ေကာင္းကင္စိတ္ထဲေနေကာင္းသြားျပီမို႔
ျမန္ျမန္ပင္ထကာ မနက္စာျပင္ဖို႔လုပ္လိုက္သည္။

"ကိုကို ခဏေလး သမီးနိုးျပီထင္တယ္
က်ေနာ္ေခၚလိုက္အံုးမယ္"

"အင္း"

ကိုကိုနဲ႔စကားေျပာေနတုန္း အိပ္ယာထဲကသမီးအသံေၾကာင့္ သြားေခၚလိုက္ရသည္။

"အကို……မနက္စာစားလို႔ရျပီ
သမီးငယ္က်ေနာ့္ကိုေပး"

"ေအာ္ အင္း ျပီးရင္ေကာင္းကင္ေရာလာေနာ္"

"ဟုတ္"

အားလံုးမနက္စာစားျပီးမွ ေကာင္းကင္တစ္ဖန္အိမ္ေျပာင္းဖို႔ျပင္ရျပန္သည္။
အေဖေရာေဒၚေလးကိုေရာကန္ေတာ့ျပီးမွ သူေ႒းကားနဲ႔အဖြားအိမ္လိုက္ခဲ့သည္။

အဆင္ေျပတယ္ဆိုေပမဲ့လဲ ေၾကာက္တာေတာ့ေၾကာက္တာပဲမဟုတ္လား။
နဂိုကတည္းက အဖြားကိုရွိန္ခဲ့တဲ့အျပင္ အခုအကိုနဲ႔ပါသေဘာမတူတဲ့ၾကားက လက္ထပ္ထားမိေတာ့ ပိုလို႔ေတာင္ရွိန္ေနမိေသးသည္။

"ဒယ္ဒီ"

"ဟင္ သမီးဘာလဲ ေျပာေလ"

ေကာင္းကင္ရင္ခြင္ထဲထိုင္ေနသည့္သမီးငယ္က အေရွ႕မွာထိုင္ေနသည့္ အကို႔ကိုလွမ္းေခၚသည္။

"ေဖေဖ့လက္ေတြက တုန္ေနတယ္ ေနမေကာင္ဘူးထင္တယ္"

"ဟင္"

သမီးစကားေၾကာင့္ အကိုက ေကာင္းကင္ကိုစိုးရိမ္တၾကီးၾကည့္လာသည္။

"ေကာင္းကင္ အဖြားကိုေတြ႔ရမွာ စိတ္လႈပ္ရွားေနတာထင္တယ္"

သူေ႒းက ကားေမာင္းေနရင္းေျပာသည္။

"ဟုတ္လား ေကာင္းကင္ စိတ္ပူေနတာလား"

"ဟုတ္ နည္းနည္းပါအကို
အဆင္ေျပပါတယ္"

"စိတ္ထဲအရမ္းမထားနဲ႔ အဖြားက ေျဖးေျဖးလက္ခံမွာပါ
ေကာင္းကင္ကို ကိုယ္ေတာင္မခ်စ္ဘဲမေနနိုင္တာ
အဖြားလဲခ်စ္လာမွာပါ"

အဲ့လိုပါပဲ။အကိုကၾကံဳရင္ၾကံဳသလို သူ႔အခ်စ္ကိုထုတ္ေဖာ္တက္သည္။
သူေ႒းေရွ႕လဲေျပာခ်င္တာေျပာသည့္ အကို႔ေၾကာင့္ မ်က္ႏွာပူရသည္ကေကာင္းကင္ပဲျဖစ္သည္။
အကိုနဲ႔အဖြား မတူတာအကိုမသိေလသလား။
အကိုကခ်စ္ေပမဲ့ အဖြားက ခ်စ္ခ်င္မွခ်စ္မွာမဟုတ္လား။
သူ႔ေျမးကို သူ႔စီကဆြဲထုတ္ပါတယ္မေျပာရင္ ကံေကာင္းမဟုတ္လား။
သူမ်ားဖူးဖူးမႈတ္ခ်စ္ခံရသည့္လူကိုသြားခ်စ္လိုက္မိတဲ့ကိုယ္ကလဲ အျပစ္မကင္းေတာ့ အဖြားဆူရင္ေတာင္ ျငိမ္ခံယံုပဲရွိသည္။
အဖြားရဲ႕ငါးရာႏွစ္ဆယ့္ရွစ္ေမတၱာကိုမမွီနိုင္ရင္ေတာင္
ေကာင္းကင္ အကို႔ကိုခ်စ္တဲ့ တစ္ေထာင့္ငါးရာေသာအခ်စ္ကေတာ့ မွန္ကန္ေၾကာင္း သစၥာျပဳရဲပါသည္။

အဖြားအိမ္ကိုေရာက္ေတာ့ ကားေပၚကဆင္းဖို႔ေတာင္ လူကအားမရွိသလို ခံစားေနရသည္။

"ခန္႔တည္ အဖြားေရခ်ိဳးျပီး ေန႔လည္စာစားအံုးမွာဆိုေတာ့
မင္းတို႔ေအးေအးေဆးေဆးနားအံုး ျပီးမွ ကိုကိုလာေခၚမယ္"

"ဟုတ္ ကိုကို အဲဒါဆို က်ေနာ္အခန္းထဲသြားေတာ့မယ္"

"အကို က်ေနာ္မလိုက္ေသးဘူး
အဖြားအတြက္ ေန႔လည္စာျပင္ေပးလိုက္အံုးမယ္"

"ေကာင္းကင္က ေနခဲ့မယ္ေပါ့ဒါဆို"

"ဟုတ္"

"ကိုယ္ကကိုယ့္အခန္းျပမလို႔ကို"

ကေလးၾကီးလို႔ စူပုတ္ပုတ္ေျပာေနသည့္အကိုက
တကယ္ဘာမွကိုမသိတာမ်ားလား။
အခုပဲအိမ္ေပၚတက္လာျပီး ေျမးအခန္းမွာ ဇိမ္နဲ႔သြားနားေနရင္ အဖြားက အျမင္ၾကည္ပါေတာ့မတဲ့လား။
သူေတာင္ခြင့္မျပဳေသးဘူး ေျမးအခန္းဝင္ေနျပီဆိုျပီး
မ်က္မုန္းက်ိဳးသြားရင္ဒုကၡျဖစ္မည္။

"ေကာင္းကင္ သေဘာအတိုင္းေနပါေစ
မင္းနဲ႔ကေလးပဲသြားနားလိုက္"

"အင္း ဒါဆို ခဏေနကိုယ့္အခန္းလာခဲ့ေနာ္
အဖြားေရွ႕တစ္ေယာက္ထဲစိတ္မခ်ဘူး"

"ဟုတ္ အကို"

"မင္းအကိုငါက ဒီတိုင္းရွိပါေသးတယ္ကြာ
ေတာ္ယံုစိတ္ပူပါ အျမင္ကပ္ေအာင္မင္းက"

သူေ႒းက အကို႔ကို မဲ့ၾကည့္ရင္းေျပာသည္။
သူေ႒းမ်က္လံုးထဲမွာ အကိုက ကေလးငယ္ေလးလို႔ထင္ေနတုန္းပဲထင္သည္။
အင္းေလ ၾကယ္စင္ေတာင္မွ ေကာင္းကင္ကိုအခုထိ ကေလးလိုျမင္ေသးတာမဟုတ္လား။

"ကိုကိုေတာင္ မရီးကို မ်က္စိေဒါက္ေထာက္မၾကည့္နိုင္လို႔
အဖြားနဲ႔ျပသနာမျဖစ္တာမသိဘူးမို႔လား
ျပန္ေပါင္းထုပ္ဖို႔လဲၾကိဳးစားအံုး"

စေနာက္သလို အကို႔စကားကို သူေ႒းကရယ္ပဲရယ္ေနသည္။
အသက္မဲ့သည့္ မ်က္လံုးေတြက မမၾကည္ႏူးကို သတိရသြားပံုေပၚသည္။

"အကို သြားမွာဆိုသြားေတာ့"

"အင္းပါ"

အကိုနဲ႔သမီးအေပၚတက္သြားမွ ေကာင္းကင္မီးဖိုခန္းဘက္ဝင္ခဲ့သည္။
အဖြားအတြက္စားစရာကခ်က္ထားျပီးျပီမို႔ အဆင္သင့္စားဖို႔သာ ျပင္ထားလိုက္သည္။

"အဟမ္း"

အဖြားေခ်ာင္းဟန္႔သံေၾကာင့္ ေကာင္းကင္ကိုယ္ေလးေတာင့္သြားရသည္။
လွည့္ၾကည့္ေတာ့ အေပါက္ဝတြင္ အဖြားကို အိမ္အကူအမ်ိဳးသမီးကတြဲထားသည္။
သြားတြဲဖို႔ျပင္ေတာ့ မလာရန္ ထိုအမ်ိဳးသမီးက ေခါင္းခါျပသည္။

"တူေလး သြားေတာ့ေလ အေဒၚေက်ြးလိုက္မယ္အဖြားကို"

"အာ……ဟုတ္ဗ်"

အဖြားကေကာင္းကင္ကို တခ်က္မၾကည့္ေသာ္လည္း
ေခါင္းငံု႔အရိုအေသေပးျပီးမွ မီးဖိုခန္းထဲကထြက္ခဲ့သည္။
အေပၚကိုတက္လာေတာ့ အခန္းထဲကထြက္လာသည့္ သူေ႒းနဲ႔ဆံုသည္။

"အဖြားထြက္လာျပီလားေကာင္းကင္"

"ဟုတ္ ေန႔လည္စာစားေနတယ္ဗ်"

"ေအာ္……အဲ့ဘက္ကခန္႔တည္အခန္း နားလိုက္အံုး"

"ဟုတ္"

သူေ႒းကေအာက္ဆင္းသြားသည္။
ေကာင္းကင္လဲ အကို႔အခန္းထဲဝင္လာခဲ့သည္။
ခုတင္ဟိုဘက္အစြန္းဒီဘက္အစြန္းထိုင္ကာ ေက်ာေပးထားသည့္ အကိုနဲ႔သမီးေၾကာင့္ ဘာမ်ားျဖစ္ၾကတာလဲေတြးမိသည္။

"အကို ဘာျဖစ္ထားၾကတာလဲ"

ျပန္မေျဖတာမို႔ သမီးအနားသြားလိုက္သည္။

"သမီးငယ္ ဘာျဖစ္ထားတာလဲ ဒယ္ဒီနဲ႔"

"ဖြားဖြားစီသြားခ်င္တာပါဆို ဒယ္ဒီကလိုက္မပို႔ဘူး"

" ဟမ္ ဖြားဖြားစီ……အာ……တီတီေလးတို႔အိမ္ကိုလား"

"ဟုတ္ဘူး ဒီအိမ္ကဖြားဖြားစီ"

"အဲ့ဒါနဲ႔ဒယ္ဒီကိုစိတ္ဆိုးေနတာလား သမီးငယ္က"

"ဟုတ္ ေဖေဖက လိုက္မပို႔ဘူး
တံခါးလဲဖြင့္မေပးဘူး သမီးကိုလဲ ဦးဦးနဲ႔သြားအိပ္တဲ့"

"ေအာ္ သမီးငယ္ရယ္ ခဏေန ဖြားဖြားကေခၚမွာ အဲ့က်မွ သြားရေအာင္ေနာ္"

ဦးဦးနဲ႔သြားအိပ္ဆိုသည့္ ကိစၥကိုေတာ့ အကို႔ကိုပဲေမးရေတာ့မည္။

"သမီးကဒီအခန္းထဲမွာပဲေနရမွာေပါ့
TVလဲမၾကည့္ရဘူးလား"

"အာ……TVကေအာက္မွာသမီးရဲ႕ေနာက္ရက္က်ၾကည့္မယ္ေလ ဒီေန႔ေတာ့ ျငိမ္ျငိမ္ေလးေနရေအာင္ေနာ္
ေတာ္ၾကာဖြားဖြားက ေဖေဖတို႔ကို မေခၚဘဲေနလိမ့္မယ္
သမီးအရုပ္ေတြ ေဖေဖထုပ္ေပးမယ္ ေဆာ့ေနာ္"

"ဟုတ္"

အိတ္ထဲသမီးအရုပ္ေတြထုပ္ကာ ၾကမ္းျပင္ေပၚခ်ေပးလိုက္သည္။
သမီးနဲ႔အျပိဳင္စိတ္ေကာက္ေနသည့္ အကိုကေတာ့ စကားတစ္ခြန္းမေျပာဘဲ လိုက္ပဲၾကည့္ေနသည္။

သမီးကေဆာ့ေနျပီမို႔ ေကာင္းကင္အကို႔အနားလာခဲ့သည္။
ခုတင္ေပၚထိုင္ေနသည့္ အကို႔ေျခရင္းဝင္ထိုင္ရင္း ေပါင္ေပၚေမးတင္ကာ ေမာ့ၾကည့္လိုက္သည္။

"အကိုက ဘာေတြစိတ္ေကာက္တာလဲ သမီးနဲ႔ျပိဳင္ျပီး"

"ညက်ရင္ အဖြားနဲ႔ျဖစ္ျဖစ္ ကိုကိုနဲ႔ျဖစ္ျဖစ္ အိပ္ပါလားလို႔ ေျပာတာကို မရလို႔"

"ဟမ္…အကိုကလဲ သမီးကက်ေနာ္တို႔နဲ႔အိပ္မွာအဆင္ေျပမွာေလ ဘာလို႔လဲ"

"ေကာင္းကင္ကလဲ ဒီေန႔မွ အိမ္ေရာက္တာေလကြာ
သမီးရွိေတာ့……"

"သမီးရွိေတာ့ ဘာျဖစ္လဲ အကို႔သမီးပဲမဟုတ္ဘူးလား
ကေလးကငယ္ေသးတယ္ေလ"

"ဒါဆိုကိုယ္က……အား……ဒီတိုင္းေနရမွာလား"

"ဟင္ အကိုကဘယ္လိုေနခ်င္လို႔လဲ
အကိုေခၚလို႔ပဲ က်ေနာ္နဲ႔သမီးက လိုက္လာတာေလ"

"ေကာင္းကင္ကကြာ တကယ္ပဲ သေဘာမေပါက္ဘူးလား"

"ဘာကိုလဲအကိုရယ္ ေသခ်ာေျပာမွေပါ့"

"ကိုယ္ကဒီညလဲ ဒီတိုင္းအိပ္ရမွာလား
ေဖေဖတို႔အိမ္မွာတုန္းကလဲ ေယာကၡမေတြေရွ႕မို႔ အေနအထိုင္ဆင္ျခင္ခိုင္းတယ္ေလ
ကိုယ္အခုထိ……အခုထိ……မင္းကို……"

ခန္႔တည္စကားမဆံုးခင္ သေဘာေပါက္သြားသည့္ ေကာင္းကင္က မ်က္ႏွာတစ္ခုလံုး ရဲတက္လာေတာ့သည္။
ဒီခ်စ္စရာေကာင္ေလးဟာ လည္မလိုနဲ႔ငတံုးေလးျဖစ္ေနျပန္ေရာ။

"အကိုကဗ်ာ……က်ေနာ္အဟုတ္မွတ္လို႔ နားေထာင္ေနတာကို"

"ကိုယ္အဟုတ္ေျပာတာေနာ္
ကိုယ့္အခန္းနဲ႔ကိုမို႔ ဘာအေနအထိုင္မွဆင္ျခင္စရာမလိုေတာ့ဘူး သမီးကို တစ္ရက္ေလာက္ ကိုကို႔စီအပ္ထားရေအာင္ေနာ္"

"မျဖစ္ဘူးေလ သမီးကငယ္ေသးတယ္
သူေ႒းကလဲ သူ႔အလုပ္နဲ႔သူကို"

"ဟင္း……ဘယ္လိုျဖစ္ျဖစ္ ကိုယ္ကေတာ့
အေနအထိုင္မဆင္ျခင္ဘူးေနာ္"

"အကိုကလဲ လူၾကီးျဖစ္ျပီး အဲ့လိုမကပ္သပ္နဲ႔ေလဗ်ာ"

"မရဘူး ကိုယ္ကကပ္သပ္တယ္
ျပြတ္စ္……ဒါကအစပ်ိဳးတာ ညမွဆက္မယ္"

ေကာင္းကင္ကိုနမ္းျပီးေဆာ့ေနသည့္ သမီးငယ္ကိုဘုၾကည့္ၾကည့္ကာ ေရခ်ိဳးမည္ေျပာျပီး ေရခ်ိဳးခန္းထဲဝင္သြားသည့္ အကို႔ကို ေကာင္းကင္ျပံဳး၍သာၾကည့္ေနမိသည္။
အကို႔ကိုစေတြ႔တုန္းက ဘာလို႔မ်ား အခုလိုကေလးဆန္ဆန္အက်င့္ေလးေတြရွိမယ္လို႔ မထင္ခဲ့မိပါလိမ့္။
………………………………………
T.B.C

#HoneyChan

🌺နှောင်တွယ်ရစ်သောကြိုး🌺

"ခန့်တည်ပျော်နေတယ်အဖွား"

"ပျော်တယ်ဆိုတာနဲ့ လွှတ်ထားပေးရမှာလားမြေးကြီး
ဒါဘယ်လောက်တောင်ရှက်စရာကောင်းလဲ"

ကြည်နူးပို့ပေးသည့် ဓာတ်ပုံတွေကို အဖွားအားပြကာ
နားချသော်လည်း တိုးတက်မှုတော့မရှိ။
သဘာဝမဟုတ်တဲ့လက်ထပ်ခြင်းက အဖွားအတွက်
ရှက်စရာတစ်ခုအဖြစ်သာ မြင်နေသည်။

"ပြောင်းလဲပစ်လို့မှမရတော့တာ
ဒီအတိုင်း လက်ခံပေးလိုက်ပါလားအဖွားရယ်
ပြီးတော့ ကလေးက ခန့်တည်သမီးဆိုတာ အဖွားသေချာသိထားပြီးပြီပဲလေ မျိုးရိုးစဉ်ဆက်အတွက်လဲ စိတ်ပူစရာမရှိဘူး ကောင်းကင်က ကလေးမွေးနိုင်တာပဲမို့လေ"

"ယောကျာ်းတစ်ယောက်နဲ့လက်ထပ်လိုက်တာက
လူကဲ့ရဲ့စရာပဲမြေးကြီး အခုကိစ္စကို ကုမ္မဏီရှယ်ယာရှင်တွေသိသွားရင် အဖွားတို့ကုမ္မဏီ နာမည်ပျက်တော့မှာ"

"အဲ့ဒီအတွက်ကြောင့်ငြင်းတာဆိုရင် မငြင်းပါနဲ့လားအဖွား
ုကုမ္မဏီဖျက်သိမ်းလိုက်ရင်တောင် ကျနော်ကြိုးစားပြီး ပြန်ယူမှာမို့ စိတ်မပူစေချင်ဘူး အဖွားတို့မျိုးရိုးစဉ်ဆက်အတွက်လဲ တွေးကြည့်ရင်ဂုဏ်ယူစရာကောင်းတာပဲမဟုတ်လား"

"ဘယ်လိုမြေးကြီး ဘာကများဂုဏ်ယူစရာကောင်းနေလို့လဲ"

"ဟုတ်တယ်လေ အဖွားရဲ့ မျိုးရိုးမြင့်တဲ့မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ပေးတာထက် ပိုမြတ်တဲ့ယောကျာ်းလေးတစ်ယောက်နဲ့လက်ထပ်တာ ပိုကောင်းတယ်မဟုတ်ဘူးလား ကျနော်တော့ အဲ့လိုပဲတွေးတယ်အဖွား"

"ခက်လိုက်တာမြေးကြီးရယ်
အဖွားတော့ ဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူး
အခုမင်းညီဘယ်မှာရှိလဲ မြေးကြီးသိတယ်မဟုတ်လား"

"သိရင်တောင် ကျနော်မပြောဘူးအဖွား
ကျနော့်ညီကို သူပျော်တဲ့ဘဝမှာပဲနေစေချင်တယ်"

"အဖွားအရိပ်ကနေထွက်သွားတာနဲ့ မင်းတို့ဘဝကောင်းစားမယ်ထင်လို့လား ပင်ပန်းဆင်းရဲတဲ့ဒဏ်ကို အကြာကြီးခံနိုင်မယ်ထင်လားမြေးကြီး"

"ကျနော်က မခံနိုင်ရင်တောင်
ခန့်တည်ကတော့ ဆင်းရဲမဲ့လမ်းဖြစ်နေလဲရွေးလိမ့်မယ်အဖွား သူ့သမီးနဲ့ကောင်းကင်ရှိတယ်ဆိုရင်လေ
ဟင်း……ကျနော်တစ်ယောက်လုံး အဖွားကိုရွေးချယ်ထားပြီပဲ ခန့်တည်ကိုတော့ လွှတ်ထားလိုက်ပါတော့လားအဖွား"

"တစ်ဇွတ်ထိုးလုပ်တက်တဲ့မင်းညီက သူ့အမေအတိုင်းလာတာပဲ မင်းကရော ဘယ်အထိရှေ့ကကာနေအုံးမှာလဲ"

"မကာပါဘူးအဖွားရယ် အကုန်လုံးစိတ်ချမ်းသာစေချင်ယုံပါ"

"အခုမင်းတို့ညီကို လုပ်ချင်တာလုပ်ထားတော့ စိတ်ချမ်းသာနေတာပဲမဟုတ်ဘူးလား စိတ်ဆင်းရဲနေရတာ ဒီအဖွားကြီးပါမြေးကြီးရယ်"

"အဖွားထင်လို့ပါ ကျနော်လဲစိတ်ချမ်းသာမနေသလို
ခန့်တည်လဲ စိတ်ချမ်းသာမှာမဟုတ်ပါဘူး
အဖွားခွင့်ပြုချက်မရှိသေးဘဲမိသားစုနဲ့အတူနေနေပေမဲ့
ခန့်တည် အပြည့်အဝပျော်မနေဘူးအဖွား
ခန့်တည်စိတ်ကိုအဖွားသိပါတယ်သူကအဖွားကိုကျနော့်ထက်တောင် ချစ်တယ်မဟုတ်လား"

"တော်ပြီမြေးကြီး မင်းတို့အတွက် အဖွားအများကြီးစဉ်းစားထားခဲ့တာ ဒီလိုစုန်ကန်ဖို့မဟုတ်ဘူး မင်းလဲကြည်နူးနဲ့ကွာရှင်းရတာ အဖွားကြောင့်လို့ယူဆတယ်မဟုတ်လား
မင်းစိတ်ကြိုက်လုပ် အဖွားမတားချင်တော့ဘူး
မင်းညီကိုလဲပြောလိုက် ဒီအဖွားကြီးလာချင်သပါ့ဆို လာလို့ သူ့ယောကျာ်းက အဖွားစိတ်တိုင်းကျ နေပေးနိုင်မယ်လို့ အာမခံရင်ခေါ်လာခဲ့ခိုင်းလိုက် အဖွားစကားဒါအကုန်ပဲ"

အဖွားကစိတ်ကိုတော်တော်လေး လျှော့ချလိုက်ဟန်တူသည်။
အဖွားအတွက်ခက်ခဲမယ်ဆိုတာသိပေမဲ့ ဒီလိုပြောပေးတာနဲ့တင် မင်းရန်နိုင်ဝမ်းသာရသည်။
ခန့်တည်သိရင်လဲ သေချာပေါက် ဝမ်းသာနေလိမ့်မည်။
……………………………………

*အဖွားက သားတို့အဖွားလား*ဆိုပြီး မျှော်လင့်တကြီးမေးလာခဲ့တဲ့ ကလေးငယ်လေးတွေဟာ အခုအချိန် မိမိရှေ့မှာပင် မိသားစုအတွက် ရပ်တည်နေပါပေါ့လား။
အနှစ်20ဆိုတဲ့ သံယောဇဉ်က လပိုင်းသာသာမှာ ဖြစ်တည်တဲ့သံယောဇဉ်ကို အနိုင်ယူလို့ရမည်မထင်တော့။

မိမိရင်နင့်သည်းချာမြေးငယ်ဟာ ထိုကောင်လေးကို ရွေးချယ်ခဲ့သတဲ့။
ဘယ်လိုပုံစံမွေးဖွားလာလဲမသိတဲ့ကလေးငယ်လေးကို
ဖြတ်မရတဲ့သံယောဇဉ်နဲ့တွယ်ငြိသတဲ့။

မြေးနှစ်ယောက်လုံးက မိမိထက်သူစိမ်းကိုတော့ ပိုမချစ်နိုင်ဟုထင်ခဲ့သည်။
မှားယွင်းခဲ့သည်မဟုတ်သော်လည်း သူစိမ်းဆိုသည့် ကောင်လေးတစ်ယောက်ကိုတော့ မြေးငယ်ဟာ သတ္တိရှိရှိဖက်တွယ်သတဲ့လေ။
မိမိအနားရှိနေသည့်မြေးကြီးကလဲ ကွာရှင်းပြီးသည့် ဇနီးကို သံယောဇဉ်တွယ်တာ မိမိသိပေမဲ့ လျစ်လျူရှုချင်ခဲ့သည်။
အသက်ကြီးသူတို့၏ အတ္တပေလားမပြောတက်။
မိမိသေသည့်အထိ မြေးတွေကို အနားမှာသာရှိစေချင်သည်။

သမီးတုန်းက မတားနိုင်ခဲ့သည့်မိမိဟာ မြေးငယ်ကိုလဲတားနိုင်စွမ်းရှိမည်မထင်။
ညီငယ်ကိုပျော်စေချင်သည်ဟုဖွင့်ပြောသောမြေးကြီးဟာလဲ
ဘယ်လိုအခြေအနေဖြစ်စေ မိမိဘက်ကရပ်တည်မည့်အတွေးရှိဟန်မတူ။

ငါ ဆိုသည့်မာနနှင့် ရပ်တည်ခဲ့တာ ယနေ့အထိရှိသော်လည်း မြေးငယ်အတွက်ကြောင့် မိမိမာန မိမိအတ္တ မိမိမျိုးရိုးသိက္ခာ အရာအားလုံးလွှတ်ချရတော့မည်ထင်သည်။
ရွေးချယ်မှုပြတ်သားစွာလုပ်နိုင်ခဲ့သည့်မိမိဟာ မြေးငယ်ကိုတော့ စွန့်ပစ်ဖို့ ခက်ခဲနေခဲ့သည်။

မြေးငယ်ဟာ မိမိရင်ကိုခွဲကာ ကောင်လေးတစ်ယောက်ကို ရွေးချယ်မည်မှန်းသိတာတောင် လျစ်လျူရှုဖို့ခက်ခဲ့လှသည်။
ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ရင်ဆိုင်ဖို့ ခက်သည့်လမ်းကိုရွေးချယ်သည့်မြေးငယ်ကိုအပြစ်လဲမဆိုလိုတော့။
ကောင်လေးတစ်ယောက်အတွက် မြေးငယ်က အရာရာကိုတောင်စွန့်လွတ်နေသည်မို့ ဘယ်အခက်အခဲမဆို မရွံ့တော့တာ မိမိခန့်မှန်းနိုင်သည်။
မိမိကမြေးငယ်အတွက် အင်အားမဖြစ်ပေးနိုင်ပါဘဲ
ကန့်ကွက်နေတာဟာ မှားများနေခဲ့သလား။

အဖွားအတွက်ခက်ခဲပေမဲ့ မြေးငယ်အတွက် အဖွားရွေးချယ်ပါ့မယ်။
အဖွားရင်ကိုတော့ စုန်မကန်ဘူးမို့လားမြေးငယ်။
……………………………………………

"အယ် သူဋ္ဌေး"

မနက်ခင်းစောစော ဘုရားပန်းပြီး အိမ်ရှေ့ကအမှိုက်အိတ်ပစ်ဖို့ ပြင်နေတုန်း ရောက်လာသည့် သူဋ္ဌေးကြောင့်
လက်ထဲကအထုပ်တောင်ပြုတ်ကျသွားရသည်။
အကို့ကိုလာခေါ်တာများလား။

"ကောင်းကင် ဘာတွေလုပ်နေတာလဲ"

"အမှိုက်ပစ်မလို့ဗျ
သူဋ္ဌေး အကို့ကိုလာခေါ်တာလားဟင်
အဖွားက ကျနော်တို့ကို ခွဲမှာလားဟင်"

မျက်နှာငယ်နှင့်မေးလာသည့် ကောင်းကင်ကြောင့်
မင်းရန်နိုင်စိတ်မကောင်းဖြစ်ရသည်။

"အိမ်ထဲဝင်ရအောင်လေ ပြီးမှကိုယ်ပြောပြမယ်"

"ဟုတ်"

ကောင်းကင်အိမ်ထဲအရင်ဝင်လာခဲ့ပြီး
မနိုးသေးသည့် အကို့ကိုနှိုးရတော့သည်။
အကြောင်းအရင်းလဲမသိပါဘဲ မျက်ရည်ကလဲ ကျချင်နေပြန်သည်။

"အကို……အကိုလို့……"

"ဟင် ကောင်းကင်ဘာလဲ"

"သူဋ္ဌေးရောက်နေတယ် အင့်…"

"ကိုကိုလာတယ်……ဘာလို့ငိုတာလဲ
ကိုကိုကဘာပြောလို့လဲ ကိုယ်ရင်ပူအောင်မလုပ်ပါနဲ့ကောင်းကင်ရယ်"

"ဘာမှမပြောဘူး ကျနော်ဝမ်းနည်းနေလို့
ူသူဋ္ဌေးနဲ့သွားတွေ့လိုက်အုံး"

"တိတ်ပါ မျက်ရည်တွေနဲ့ ကြည့်မကောင်းဘူး
လက်တွေကလဲ ပေလို့ ဘာတွေကိုင်လာတာလဲ"

"ဟာ……လက်ပေနဲ့မျက်ရည်သုတ်ရလား ကောင်းကင်ရယ် မျက်နှာတွေပွကုန်ပြီ"

"သူဋ္ဌေးလာခေါ်တာနဲ့ ကျနော့်ကို အော်တာလား
သွားလိုက်သွား ပြန်လိုက်သွား"

ရန်တွေ့ကာ တအီးအီးငိုပါသည့် ကောင်းကင်ကို ခန့်တည်လိုက်မမှီနိုင်။
အချိုသာဆုံးအသံနှင့်ပြောသည်ကိုပင်အော်သည်ဟုထင်နေသည်။
ဘာတွေများ ဒီလောက်ဝမ်းနည်းနေတာပါလိမ့်။

"မငိုပါနဲ့ကောင်းကင်ရယ်
ကိုယ်ကမအော်ပါဘူး ညစ်ပတ်လေးမို့ ဒီတိုင်းပြောလိုက်တာပါ အငိုသန်လေးရယ် တိတ်တော့ သမီးနိုးသွားလိမ့်မယ်"

"အကို ပြန်သွားမှာလား"

"အင်…ဘယ်ကိုလဲကောင်းကင်ရဲ့"

"သူဋ္ဌေးက အကို့ကိုပြန်ခေါ်သွားမှာလေ"

"အဟား……မခေါ်ပါဘူး ကိုယ့်အသက်ရယ်
ကိုကိုက ကောင်းကင်နဲ့လက်ထပ်ဖို့ အကြံပေးထားတာကို
အခုကလဲ ကိစ္စရှိလို့လာတာနေမှာကို ကြည့်ပါအုံးကွာ
အဲ့ဒါတွေးပြီးငိုတာပေါ့"

"ဟုတ်တယ် အကိုက ကျနော်နဲ့သမီးကို ထားခဲ့မှာစိုးလို့"

"ထားခဲ့စရာလား ကောင်းကင်ရယ်
မင်းနဲ့သမီးရှိတဲ့အရပ်က ကိုယ့်အိမ်ပဲလေ ဘယ်အရပ်ဒေသဖြစ်ဖြစ် မင်းမရှိရင် ကိုယ်မသွားပါဘူး သွားရင်တောင် မင်းလက်ကိုတွဲပြီးသွားမှာ"

"ဟုတ် သွားတော့လေ
သူဋ္ဌေးစောင့်နေတာကို"

"အတူတူသွားမယ်လေ ကိုကိုဘာပြောမလဲနားထောင်ရအောင်"

"ကျနော်လိုက်လို့ရတယ်ပေါ့"

"ရတာပေါ့ ကောင်းကင်ကကိုယ့်ယောကျာ်းပဲဟာ
မိသားစုအရေးပါဆို နားထောင်ရမယ်လေ
ကဲ လာ…လက်အရင်ဆေးရအောင်"

ီနှာတရှုံ့ရှုံ့ဖြစ်နေသည့် ကောင်းကင်က မျက်နှာလေးတောင်ရဲလို့။
တကယ်ကလေးလေး။ တွေးပြီးတောင်ငိုသတဲ့။
ခန့်တည်ကိုငြင်းတုန်းက လူကြီးပေါက်စလုပ်နေတဲ့ကောင်လေးဘယ်များရောက်သွားပါလိမ့်။

"ကိုကို ဘာကိစ္စရှိလို့လဲ အစောကြီးရောက်လာတာပဲ"

ဒေါ်လေးက ရေနွေးပန်းကန်တွေလာချပေးသည်။
ဈေးခြင်းဆွဲကာ အငယ်ကောင်နှင့်ထွက်သွားကြသည်။
ခန့်တည်တို့ အေးအေးဆေးဆေးစကားပြောစေချင်တာကြောင့်ဖြစ်မည်။

"ပြောစရာရှိလို့လာတာ……နေရတာအဆင်ပြေကြလား"

"ပြေပါတယ် ကိုကို……အဖွားရော နေကောင်းရဲ့လား"

"လူကကောင်းပေမဲ့ စိတ်တော့မကောင်းဘူး
မင်းကိုပဲမေးနေပြီး ပြန်ခေါ်မယ်ပြောနေတာ"

ကောင်းကင်က ခန့်တည်လက်မောင်းကို ခပ်တင်းတင်းလေးလာကိုင်သည်။

"ကျနော်လဲလာချင်ပါတယ် အဖွားကကောင်းကင်နဲ့သဘောမတူသေးတော့ လာဖို့အဆင်မပြေဘူးလေ
ကိုကိုသိတဲ့အတိုင်း ကောင်းကင်ကစိုးရိမ်တက်တယ်
ကျနော်လာရင်တောင် သူစိတ်ချမှာမဟုတ်ဘူး"

"သူဋ္ဌေး အခုကဘာပြောမလို့လဲဗျ"

သိချင်လွန်းသည့် ကောင်းကင်ကပဲ မနေနိုင်လွန်းစွာမေးရသည်။
သူဋ္ဌေးလာတဲ့အဓိကအကြောင်းရင်းကိုသိချင်လှသည်။

"အဖွားက ခန့်တည်ကိုခေါ်ခိုင်းလိုက်တာကောင်းကင်"

ကောင်းကင်ထင်သည့်အတိုင်းပဲမဟုတ်လား။

"ကျနော်တစ်ယောက်ထဲလား"

"ကောင်းကင်နဲ့ကလေးရောခေါ်ခဲ့တဲ့"

"ဟင်……ကျ…ကျနော်ရော"

မျက်နှာမကောင်းသည့်ကောင်းကင်က ချက်ချင်းမော့ကြည့်လာသည်။

"အဖွားက…သဘောတူလိုက်တာလားဟင် သူဋ္ဌေး"

"သဘောကျအောင် နေနိုင်ရင်လက်ခံပေးမယ်တဲ့
စိတ်ပူစရာတော့မရှိဘူး မင်းကိုနဂိုကလဲ သဘောကျတာဆိုတော့"

"အဲ့လိုသာဆို ကျနော်ဝမ်းသာပါတယ်
ကျနော့်ကိုအဖွားသဘောကျအောင် ကြိုးစားပါ့မယ်
အခုလို အကိုနဲ့မိသားစုကို တစ်နေရာစီဖြစ်အောင်လုပ်မိသလိုဖြစ်နေတာ ကျနော်အဆင်မပြေဘူး"

"ခန့်တည်မင်းဘယ်လိုဆုံးဖြတ်မှာလဲ ကောင်းကင်ကတော့
တက်ကြွနေတာပဲ"

"ကျနော်သဘောတူတာပေါ့ကိုကိုကလဲ
အဖွားကအခုလိုခေါ်ပြီဆိုကတည်းက ကျနော့်ကိုမစွန့်ပစ်နိုင်တာပေါ်နေပြီ အိမ်ရောက်တာနဲ့ ကျနော်ကပ်ချွဲတော့မှာ"

"အကိုကလဲ……ကလေးမဟုတ်ဘဲနဲ့"

"တကယ်ကောင်းကင်ရဲ့ အဖွားကကိုယ့်ကိုချစ်တယ်
အဲ့ဒါမို့လဲ တစ်ပတ်မပြည့်ခင် ပြန်ခေါ်တာပေါ့"

"အဖေတို့ကိုဘယ်လိုပြောမလဲအကို
ဒေါ်လေးနဲ့အဖေက ကျနော်တို့လာနေလို့ ပျော်နေကြတာ"

"ဖေဖေက နားလည်ပါတယ်
လောလောဆယ်အဖွားလုံးဝသဘောတူအောင်ကြိုးစားကြစို့ နောက်မှ ဖေဖေတို့စီ ထပ်လာမှာပေါ့"

"ဟုတ်"

စကားပြောနေကြတုန်း ဖေဖေက အိမ်ထဲဝင်လာသည်။
မနက်အစောအပြင်ကပြန်လာတာဖြစ်မည်။

"သားကြီးကားတွေ့ခဲ့လို့ အမြန်ပြန်လာတာ
သားငယ်ကိုလာတွေ့တာလား"

"ဟုတ်တယ် ဖေဖေ အဖွားက ခေါ်ခိုင်းလို့လေ
ဖေဖေက ဘယ်ကပြန်လာတာလဲ"

"အော် လာခေါ်တာလား ဖေဖေက သားငယ်တို့အတွက် အခန်းပြင်ပေးဖို့ လက်သမားလုပ်တဲ့သူစီသွားနေတာ
အခုပြန်ကြတော့မှာပေါ့"

ဖေဖေ့စကားကြောင့် ခန်တည်ရောကောင်းကင်ပါ အားနာသွားရသည်။
တကယ်လဲတော်တော်နဲ့မပြန်ဖြစ်သေးဘူးထင်ထားခဲ့တာ။
အဖွားကချက်ချင်းကြီးလက်ခံလိမ့်မယ်လို့မှမထင်ထားခဲ့ဘဲ။

"ဖေဖေအလုပ်ရှုပ်သွားရပြီ
အဖွားကခေါ်နေတာဆိုတော့ မသွားလို့ကလဲ အဆင်မပြေတာကြောင့်ပါ ကျနော်တို့အလည်လာအုံးမှာပါ"

"အေးပါ သားငယ်ရယ်
စိတ်မကောင်းမဖြစ်ပါနဲ့ မင်းတို့အဖွားကိုသာ စိတ်ချမ်းသာအောင်ထားပါ မင်္ဂလာဆောင်ရင်တော့ အဖေလာလို့ရတယ်မဟုတ်လား"

"လာရမှာပေါ့ဖေဖေကလဲ မင်္ဂလာရက်သိတာနဲ့ ဖေဖေ့စီအရင်လာပြောမှာ စိတ်ချ အဖွားဘာမှမပြောစေရဘူး"

"အေးပါ မသွားခင်မနက်စာစားသွားကြ
သားကြီးရောတခါထဲစား"

"ဟုတ် ဖေဖေ"

"ဒါဆို ကျနော်မနက်စာပြင်လိုက်မယ်ဗျ"

"အေးအေး သား"

ကောင်းကင်စိတ်ထဲနေကောင်းသွားပြီမို့
မြန်မြန်ပင်ထကာ မနက်စာပြင်ဖို့လုပ်လိုက်သည်။

"ကိုကို ခဏလေး သမီးနိုးပြီထင်တယ်
ကျနော်ခေါ်လိုက်အုံးမယ်"

"အင်း"

ကိုကိုနဲ့စကားပြောနေတုန်း အိပ်ယာထဲကသမီးအသံကြောင့် သွားခေါ်လိုက်ရသည်။

"အကို……မနက်စာစားလို့ရပြီ
သမီးငယ်ကျနော့်ကိုပေး"

"အော် အင်း ပြီးရင်ကောင်းကင်ရောလာနော်"

"ဟုတ်"

အားလုံးမနက်စာစားပြီးမှ ကောင်းကင်တစ်ဖန်အိမ်ပြောင်းဖို့ပြင်ရပြန်သည်။
အဖေရောဒေါ်လေးကိုရောကန်တော့ပြီးမှ သူဋ္ဌေးကားနဲ့အဖွားအိမ်လိုက်ခဲ့သည်။

အဆင်ပြေတယ်ဆိုပေမဲ့လဲ ကြောက်တာတော့ကြောက်တာပဲမဟုတ်လား။
နဂိုကတည်းက အဖွားကိုရှိန်ခဲ့တဲ့အပြင် အခုအကိုနဲ့ပါသဘောမတူတဲ့ကြားက လက်ထပ်ထားမိတော့ ပိုလို့တောင်ရှိန်နေမိသေးသည်။

"ဒယ်ဒီ"

"ဟင် သမီးဘာလဲ ပြောလေ"

ကောင်းကင်ရင်ခွင်ထဲထိုင်နေသည့်သမီးငယ်က အရှေ့မှာထိုင်နေသည့် အကို့ကိုလှမ်းခေါ်သည်။

"ဖေဖေ့လက်တွေက တုန်နေတယ် နေမကောင်ဘူးထင်တယ်"

"ဟင်"

သမီးစကားကြောင့် အကိုက ကောင်းကင်ကိုစိုးရိမ်တကြီးကြည့်လာသည်။

"ကောင်းကင် အဖွားကိုတွေ့ရမှာ စိတ်လှုပ်ရှားနေတာထင်တယ်"

သူဋ္ဌေးက ကားမောင်းနေရင်းပြောသည်။

"ဟုတ်လား ကောင်းကင် စိတ်ပူနေတာလား"

"ဟုတ် နည်းနည်းပါအကို
အဆင်ပြေပါတယ်"

"စိတ်ထဲအရမ်းမထားနဲ့ အဖွားက ဖြေးဖြေးလက်ခံမှာပါ
ကောင်းကင်ကို ကိုယ်တောင်မချစ်ဘဲမနေနိုင်တာ
အဖွားလဲချစ်လာမှာပါ"

အဲ့လိုပါပဲ။အကိုကကြုံရင်ကြုံသလို သူ့အချစ်ကိုထုတ်ဖော်တက်သည်။
သူဋ္ဌေးရှေ့လဲပြောချင်တာပြောသည့် အကို့ကြောင့် မျက်နှာပူရသည်ကကောင်းကင်ပဲဖြစ်သည်။
အကိုနဲ့အဖွား မတူတာအကိုမသိလေသလား။
အကိုကချစ်ပေမဲ့ အဖွားက ချစ်ချင်မှချစ်မှာမဟုတ်လား။
သူ့မြေးကို သူ့စီကဆွဲထုတ်ပါတယ်မပြောရင် ကံကောင်းမဟုတ်လား။
သူများဖူးဖူးမှုတ်ချစ်ခံရသည့်လူကိုသွားချစ်လိုက်မိတဲ့ကိုယ်ကလဲ အပြစ်မကင်းတော့ အဖွားဆူရင်တောင် ငြိမ်ခံယုံပဲရှိသည်။
အဖွားရဲ့ငါးရာနှစ်ဆယ့်ရှစ်မေတ္တာကိုမမှီနိုင်ရင်တောင်
ကောင်းကင် အကို့ကိုချစ်တဲ့ တစ်ထောင့်ငါးရာသောအချစ်ကတော့ မှန်ကန်ကြောင်း သစ္စာပြုရဲပါသည်။

အဖွားအိမ်ကိုရောက်တော့ ကားပေါ်ကဆင်းဖို့တောင် လူကအားမရှိသလို ခံစားနေရသည်။

"ခန့်တည် အဖွားရေချိုးပြီး နေ့လည်စာစားအုံးမှာဆိုတော့
မင်းတို့အေးအေးဆေးဆေးနားအုံး ပြီးမှ ကိုကိုလာခေါ်မယ်"

"ဟုတ် ကိုကို အဲဒါဆို ကျနော်အခန်းထဲသွားတော့မယ်"

"အကို ကျနော်မလိုက်သေးဘူး
အဖွားအတွက် နေ့လည်စာပြင်ပေးလိုက်အုံးမယ်"

"ကောင်းကင်က နေခဲ့မယ်ပေါ့ဒါဆို"

"ဟုတ်"

"ကိုယ်ကကိုယ့်အခန်းပြမလို့ကို"

ကလေးကြီးလို့ စူပုတ်ပုတ်ပြောနေသည့်အကိုက
တကယ်ဘာမှကိုမသိတာများလား။
အခုပဲအိမ်ပေါ်တက်လာပြီး မြေးအခန်းမှာ ဇိမ်နဲ့သွားနားနေရင် အဖွားက အမြင်ကြည်ပါတော့မတဲ့လား။
သူတောင်ခွင့်မပြုသေးဘူး မြေးအခန်းဝင်နေပြီဆိုပြီး
မျက်မုန်းကျိုးသွားရင်ဒုက္ခဖြစ်မည်။

"ကောင်းကင် သဘောအတိုင်းနေပါစေ
မင်းနဲ့ကလေးပဲသွားနားလိုက်"

"အင်း ဒါဆို ခဏနေကိုယ့်အခန်းလာခဲ့နော်
အဖွားရှေ့တစ်ယောက်ထဲစိတ်မချဘူး"

"ဟုတ် အကို"

"မင်းအကိုငါက ဒီတိုင်းရှိပါသေးတယ်ကွာ
တော်ယုံစိတ်ပူပါ အမြင်ကပ်အောင်မင်းက"

သူဋ္ဌေးက အကို့ကို မဲ့ကြည့်ရင်းပြောသည်။
သူဋ္ဌေးမျက်လုံးထဲမှာ အကိုက ကလေးငယ်လေးလို့ထင်နေတုန်းပဲထင်သည်။
အင်းလေ ကြယ်စင်တောင်မှ ကောင်းကင်ကိုအခုထိ ကလေးလိုမြင်သေးတာမဟုတ်လား။

"ကိုကိုတောင် မရီးကို မျက်စိဒေါက်ထောက်မကြည့်နိုင်လို့
အဖွားနဲ့ပြသနာမဖြစ်တာမသိဘူးမို့လား
ပြန်ပေါင်းထုပ်ဖို့လဲကြိုးစားအုံး"

စနောက်သလို အကို့စကားကို သူဋ္ဌေးကရယ်ပဲရယ်နေသည်။
အသက်မဲ့သည့် မျက်လုံးတွေက မမကြည်နူးကို သတိရသွားပုံပေါ်သည်။

"အကို သွားမှာဆိုသွားတော့"

"အင်းပါ"

အကိုနဲ့သမီးအပေါ်တက်သွားမှ ကောင်းကင်မီးဖိုခန်းဘက်ဝင်ခဲ့သည်။
အဖွားအတွက်စားစရာကချက်ထားပြီးပြီမို့ အဆင်သင့်စားဖို့သာ ပြင်ထားလိုက်သည်။

"အဟမ်း"

အဖွားချောင်းဟန့်သံကြောင့် ကောင်းကင်ကိုယ်လေးတောင့်သွားရသည်။
လှည့်ကြည့်တော့ အပေါက်ဝတွင် အဖွားကို အိမ်အကူအမျိုးသမီးကတွဲထားသည်။
သွားတွဲဖို့ပြင်တော့ မလာရန် ထိုအမျိုးသမီးက ခေါင်းခါပြသည်။

"တူလေး သွားတော့လေ အဒေါ်ကျွေးလိုက်မယ်အဖွားကို"

"အာ……ဟုတ်ဗျ"

အဖွားကကောင်းကင်ကို တချက်မကြည့်သော်လည်း
ခေါင်းငုံ့အရိုအသေပေးပြီးမှ မီးဖိုခန်းထဲကထွက်ခဲ့သည်။
အပေါ်ကိုတက်လာတော့ အခန်းထဲကထွက်လာသည့် သူဋ္ဌေးနဲ့ဆုံသည်။

"အဖွားထွက်လာပြီလားကောင်းကင်"

"ဟုတ် နေ့လည်စာစားနေတယ်ဗျ"

"အော်……အဲ့ဘက်ကခန့်တည်အခန်း နားလိုက်အုံး"

"ဟုတ်"

သူဋ္ဌေးကအောက်ဆင်းသွားသည်။
ကောင်းကင်လဲ အကို့အခန်းထဲဝင်လာခဲ့သည်။
ခုတင်ဟိုဘက်အစွန်းဒီဘက်အစွန်းထိုင်ကာ ကျောပေးထားသည့် အကိုနဲ့သမီးကြောင့် ဘာများဖြစ်ကြတာလဲတွေးမိသည်။

"အကို ဘာဖြစ်ထားကြတာလဲ"

ပြန်မဖြေတာမို့ သမီးအနားသွားလိုက်သည်။

"သမီးငယ် ဘာဖြစ်ထားတာလဲ ဒယ်ဒီနဲ့"

"ဖွားဖွားစီသွားချင်တာပါဆို ဒယ်ဒီကလိုက်မပို့ဘူး"

" ဟမ် ဖွားဖွားစီ……အာ……တီတီလေးတို့အိမ်ကိုလား"

"ဟုတ်ဘူး ဒီအိမ်ကဖွားဖွားစီ"

"အဲ့ဒါနဲ့ဒယ်ဒီကိုစိတ်ဆိုးနေတာလား သမီးငယ်က"

"ဟုတ် ဖေဖေက လိုက်မပို့ဘူး
တံခါးလဲဖွင့်မပေးဘူး သမီးကိုလဲ ဦးဦးနဲ့သွားအိပ်တဲ့"

"အော် သမီးငယ်ရယ် ခဏနေ ဖွားဖွားကခေါ်မှာ အဲ့ကျမှ သွားရအောင်နော်"

ဦးဦးနဲ့သွားအိပ်ဆိုသည့် ကိစ္စကိုတော့ အကို့ကိုပဲမေးရတော့မည်။

"သမီးကဒီအခန်းထဲမှာပဲနေရမှာပေါ့
TVလဲမကြည့်ရဘူးလား"

"အာ……TVကအောက်မှာသမီးရဲ့နောက်ရက်ကျကြည့်မယ်လေ ဒီနေ့တော့ ငြိမ်ငြိမ်လေးနေရအောင်နော်
တော်ကြာဖွားဖွားက ဖေဖေတို့ကို မခေါ်ဘဲနေလိမ့်မယ်
သမီးအရုပ်တွေ ဖေဖေထုပ်ပေးမယ် ဆော့နော်"

"ဟုတ်"

အိတ်ထဲသမီးအရုပ်တွေထုပ်ကာ ကြမ်းပြင်ပေါ်ချပေးလိုက်သည်။
သမီးနဲ့အပြိုင်စိတ်ကောက်နေသည့် အကိုကတော့ စကားတစ်ခွန်းမပြောဘဲ လိုက်ပဲကြည့်နေသည်။

သမီးကဆော့နေပြီမို့ ကောင်းကင်အကို့အနားလာခဲ့သည်။
ခုတင်ပေါ်ထိုင်နေသည့် အကို့ခြေရင်းဝင်ထိုင်ရင်း ပေါင်ပေါ်မေးတင်ကာ မော့ကြည့်လိုက်သည်။

"အကိုက ဘာတွေစိတ်ကောက်တာလဲ သမီးနဲ့ပြိုင်ပြီး"

"ညကျရင် အဖွားနဲ့ဖြစ်ဖြစ် ကိုကိုနဲ့ဖြစ်ဖြစ် အိပ်ပါလားလို့ ပြောတာကို မရလို့"

"ဟမ်…အကိုကလဲ သမီးကကျနော်တို့နဲ့အိပ်မှာအဆင်ပြေမှာလေ ဘာလို့လဲ"

"ကောင်းကင်ကလဲ ဒီနေ့မှ အိမ်ရောက်တာလေကွာ
သမီးရှိတော့……"

"သမီးရှိတော့ ဘာဖြစ်လဲ အကို့သမီးပဲမဟုတ်ဘူးလား
ကလေးကငယ်သေးတယ်လေ"

"ဒါဆိုကိုယ်က……အား……ဒီတိုင်းနေရမှာလား"

"ဟင် အကိုကဘယ်လိုနေချင်လို့လဲ
အကိုခေါ်လို့ပဲ ကျနော်နဲ့သမီးက လိုက်လာတာလေ"

"ကောင်းကင်ကကွာ တကယ်ပဲ သဘောမပေါက်ဘူးလား"

"ဘာကိုလဲအကိုရယ် သေချာပြောမှပေါ့"

"ကိုယ်ကဒီညလဲ ဒီတိုင်းအိပ်ရမှာလား
ဖေဖေတို့အိမ်မှာတုန်းကလဲ ယောက္ခမတွေရှေ့မို့ အနေအထိုင်ဆင်ခြင်ခိုင်းတယ်လေ
ကိုယ်အခုထိ……အခုထိ……မင်းကို……"

ခန့်တည်စကားမဆုံးခင် သဘောပေါက်သွားသည့် ကောင်းကင်က မျက်နှာတစ်ခုလုံး ရဲတက်လာတော့သည်။
ဒီချစ်စရာကောင်လေးဟာ လည်မလိုနဲ့ငတုံးလေးဖြစ်နေပြန်ရော။

"အကိုကဗျာ……ကျနော်အဟုတ်မှတ်လို့ နားထောင်နေတာကို"

"ကိုယ်အဟုတ်ပြောတာနော်
ကိုယ့်အခန်းနဲ့ကိုမို့ ဘာအနေအထိုင်မှဆင်ခြင်စရာမလိုတော့ဘူး သမီးကို တစ်ရက်လောက် ကိုကို့စီအပ်ထားရအောင်နော်"

"မဖြစ်ဘူးလေ သမီးကငယ်သေးတယ်
သူဋ္ဌေးကလဲ သူ့အလုပ်နဲ့သူကို"

"ဟင်း……ဘယ်လိုဖြစ်ဖြစ် ကိုယ်ကတော့
အနေအထိုင်မဆင်ခြင်ဘူးနော်"

"အကိုကလဲ လူကြီးဖြစ်ပြီး အဲ့လိုမကပ်သပ်နဲ့လေဗျာ"

"မရဘူး ကိုယ်ကကပ်သပ်တယ်
ပြွတ်စ်……ဒါကအစပျိုးတာ ညမှဆက်မယ်"

ကောင်းကင်ကိုနမ်းပြီးဆော့နေသည့် သမီးငယ်ကိုဘုကြည့်ကြည့်ကာ ရေချိုးမည်ပြောပြီး ရေချိုးခန်းထဲဝင်သွားသည့် အကို့ကို ကောင်းကင်ပြုံး၍သာကြည့်နေမိသည်။
အကို့ကိုစတွေ့တုန်းက ဘာလို့များ အခုလိုကလေးဆန်ဆန်အကျင့်လေးတွေရှိမယ်လို့ မထင်ခဲ့မိပါလိမ့်။
………………………………………
T.B.C

#HoneyChan

Continue Reading

You'll Also Like

258K 41.2K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
138K 10.9K 48
3.6.2021 - 11.5.2022
1.2M 64K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.6M 326K 79
I'm not a robotထဲမွ​ေရာဂါကို​ေၾကာ႐ိုးတည္​​ေရး၏။ Own Creation ​ေနလ​ေရာင္​ စိုင္​းတိမ္​ယံလင္​း ​ေနရန္​ စိုင္​းညီယံလင္​း fan ficမဟုတ္​ပါ။🔥🔥🔥🔥