[Unicode + Zawgyi]
အလုပ်စဝင်တဲ့နေ့ကတည်းကနေ Baekhyunအတွက်တစ်နေ့တာရဲ့အရေးကြီးဆုံးထဲမှာ ချစ်ရသူရှေ့ကြည့်ကောင်းနေစေဖို့လည်းပါသည်။
အလုပ်ဝင်ချိန်မတိုင်ခင် မှန်ရှေ့ရပ်ကြည့်နေသည်ကနာရီဝက်ထက်မနည်း.. Chanyeol သူ့ကိုမြင်တိုင်းသဘောကျနေစေချင်သည်။
သို့ပေမဲ့လည်း.. Chanyeolကအလုပ်ဆိုအလုပ်ပဲစိတ်ထဲရှိတာကြောင့် တခါခါတွင်လည်း ကြည့်ကောင်းနေဖို့ထက် Chanyeolဆီကအာရုံစိုက်ခြင်းခံရအောင်ပင် မနည်းလုပ်ယူနေရသည်။
ဘယ်လိုလူကိုချစ်မိခဲ့တာလဲ Baekhyunရာ.. အလုပ်ဆိုတာနဲ့တခြားသူကိုလှည့်တောင်မကြည့်တဲ့ လူယုတ်မာကြီး..
သူ့အနားနေချင်လို့ကို အမြဲမအားဘူး..
"ငါ့တို့Baekhyunလေးက ဘာဖြစ်နေတာလဲစူပုတ်နေတာပဲ"
"JunMyeon Hyung.. Hyungတို့အစည်းအဝေးကပြီးသွားပြီလား"
"ဒါပေါ့."
စီနီယာတွေနဲ့သက်ဆိုင်တာမို့ ဘာအစည်းအဝေးမှန်းBaekhyunမသိပေမဲ့ Chanyeolပါတက်ရောက်နေရသည်ကိုတော့သိသည်။
"Chanyeolကော"
"လာပါလိမ့်မယ် မှတ်တမ်းFileတွေသွားပြန်ထားနေတယ်"
Baekhyunစူပုတ်နေရာကနေပြုံးသွားကာ Chanyeolလာရင်စားဖို့အတွက် ယူထားပေးလိုက်သည်။
"ဒီလိုကျတော့လည်း ငါတို့ရဲ့Baekhyunလေးက ချစ်သူကိုတော်တော်ဂရုစိုက်တာပဲ"
ဒါပေါ့.. ဒါပေါ့..
ချစ်ရသူလေးက ဒီတစ်ယောက်ထဲရှိတာကို ဂရုစိုက်ရမှာပေါ့..
သူကသာအလုပ်တွေရှုပ်နေတာ
ဒီBaekhyunလေးက သူ့အတွက်ဆိုအမြဲအားပါတယ်နော်
အပြင်တွင်တော့ပြုံးနေကာ ထမင်းပန်းကန်ထဲဟိုထိုးသည်ထိုး..
"စားနေကြပြီပေါ့"
"Chanyeol ငါ မင်းအတွက်ယူထားပေးပြီးသား.. စားတော့"
Baekhyunပြုံးရွှင်နေကာ ထမင်းပန်းကန်ကိုChanyeolအရှေ့တိုးပေးလိုက်သည်။
"အင်း.. ကျေးဇူး"
Chanyeolက တကယ်စိတ်ထဲကကျေးဇူးတင်မိပြီး.. အလုပ်ကပင်ပန်းလာတဲ့အပြင် နားချိန်လည်းနည်းတာကြောင့် ပုံမှန်အတိုင်း အေးတိအေးစက်Baekhyunကိုကျေးဇူးစကားဆိုလိုက်တာကို.. Baekhyunကသဘောမကျဘူးဖြစ်သွားရသည်။
ငါ့ကိုသူစိမ်းဆန်လိုက်တာ.. ငါကသူ့ချစ်သူပဲဟာ ဘာလို့အေးတိအေးစက်ကြီးလဲ
"Chanyeol ပင်ပန်းနေလား"
"ဒီလိုပါပဲ"
မင်းမပြောလည်း ငါချစ်ရတဲ့သူ ပင်ပန်းနေလားဆိုတာကို မင်းမျက်နှာတစိမ့်စိမ့်ကြည့်နေတဲ့ငါက သိပါတယ်
ဒါပေမဲ့လည်း မင်းပင်ပန်းရင် ပင်ပန်းကြောင်းတော့ငါ့ဆီမှာဝန်ခံစေချင်တာ..
"များများစားသွား"
တိတ်ဆိတ်သွားတဲ့နေ့လယ်စာဝိုင်းကြောင့် JunMyeonခေါင်းမော့ကြည့်တဲ့အခါ Chanyeolက သေသေချာချာစားနေပေမဲ့ Baekhyunက မျက်နှာမကောင်းဘဲ Chanyeolစားနေတာကိုကြည့်နေခဲ့သည်။
"Chanyeol.. ငါမင်းအတွက် Iced Americanoဝယ်ထားပေးတယ် နေ့လယ်စာစားပြီးရင် အလုပ်ရှိတယ်မလား ယူသွား"
"အင်း ကျေးဇူးပဲ"
Baekhyun...လက်သီးဆုပ်လေးတွေဆုပ်ချလိုက်သည်ကို JunMyeonတွေ့သွားပြီး ခေါင်းကိုခါကာ ဆက်စားနေလိုက်သည်။
"ငါ.. ငါအရင်ထနှင့်တော့မယ်.. ညနေပိုင်းမှာ လူနာဝိုင်းကြည့်ပေးဖို့အတွက် လိုတာတွေသွားပြင်ထားမလို့"
"အင်း.."
Baekhyunခုံကထလိုက်တဲ့အခါ Chanyeolကလက်ကိုဆွဲထားလိုက်သည်။
Baekhyunကကြည့်လာတော့ Chanyeolပါးစပ်ထဲကထမင်းကိုသေချာဝါးမြိုချလိုက်ပြီး အေးစက်စွာမော့ကြည့်လာသည်။
"အချိန်တွေလိုသေးတာပဲ.. ပြီးတော့မင်းနည်းနည်းလေးစားထားတာ.. လူနာမကြည့်ရခင် မင်းကိုအရင်ကြည့်နေရလိမ့်မယ်"
Chanyeolနာရီကိုကြည့်ပြီးပြောလာတဲ့အခါ.. Baekhyunလည်းနာရီကိုပြန်ကြည့်မိသည်။
ဒါပေမဲ့.. Chanyeolရဲ့အေးတိအေးစက် ဆက်ဆံရေးတွေကြောင့် ဆက်ပြီးစားလို့အဆင်ပြေမနေ..
"မင်းSupervisorတစ်ယောက်လုံးကဘေးမှာအေးအေးဆေးဆေးစားနေတာကို.. မင်းကဘာလို့အရမ်းတွေလောနေတာလဲ"
"ငါ.. ငါမနက်ကစားထားတာတွေများပြီး ဗိုက်မဆာဘူး အဲ့တာကြောင့် ထိုင်နေတာထက်စာရင် အလုပ်တစ်ခုခုလုပ်နေတာပိုကောင်းမယ်ထင်လို့"
Chanyeolကဟုတ်လို့လားဆိုတဲ့အကြည့်နဲ့ကြည့်လာတဲ့အခါ Baekhyunကပြုံးပြနေကာဟုတ်ကြောင်း ခေါင်းညိပ်ပြနေသည်။
"တခြားသူတွေနဲ့ အရမ်းအရောတဝင်မနေနဲ့.. လူတိုင်းကိုလည်း မင်းရဲ့သွားတွေနဲ့လိုက်ဖြီးပြမနေနဲ့.. တကယ်ကြည့်ရဆိုးတယ်"
Baekhyunစူပုတ်သွားကာ ထွက်သွားတော့ Chanyeolလိုက်ကြည့်နေသည်ကို JunMyeonကကြည့်နေသည်။
"Chanyeolရာ.. မချစ်တာလည်းမဟုတ်ဘဲနဲ့ Baekhyunအပေါ်စကားပြောတဲ့အခါ နူးနူးညံ့ညံ့တွေသုံးပါလား..
မင်းအပြုအမူတွေ စကားလုံးတွေက သူ့ကိုနာကျင်စေလိမ့်မယ်"
Chanyeolကရယ်လိုက်ကာ Baekhyunထားခဲ့ပေးတဲ့ Iced Americanoတစ်ငုံကိုသောက်လိုက်သည်။
"သူ ကျွန်တော့်ကိုနားလည်မှာပါ"
JunMyeonလည်း တခြားအလုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေပြောပြီး ညနေပိုင်းလူနာတွေလိုက်ကြည့်တဲ့အခါ Chanyeolပါအတူလိုက်ခဲ့သည်။
Baekhyun Chanyeolကိုမြင်လိုက်ရတော့ ပျော်သွားပေမဲ့လည်း မိန်းကလေးတွေရဲ့အကြည့်တွေက Chanyeolဆီမှာရောက်နေတာကိုမြင်တော့ မျက်မှောင်ကြုတ်နေရသည်။
သူက ဘာလဲ.. ဘာလာလုပ်တာလဲ..
"ပြောနေတာကောင်းကောင်းလိုက်နားထောင်လေ ဘာလို့မျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်နေတဲ့ပုံဖြစ်နေတာလဲ"
Chanyeolကတိုးတိုးလာပြောတော့ Baekhyunနှာခေါင်းရှုံ့လိုက်ပြီး မျက်စောင်ကြည့်သည်။
"မင်းကဘာလာလုပ်တာလဲ.."
"ငါ့နားချိန်လေးမှာ ငါ့ကောင်လေးဘာတွေလုပ်လဲကို လာကြည့်လို့မရဘူးလား"
Baekhyunမျက်နှာမကောင်းဖြစ်သွားတာကိုမြင်လိုက်ရတာမို့ နည်းလှတဲ့နားချိန်ကိုတောင်မနားအားဘဲ Baekhyunအရှေ့ရောက်လာရခြင်းဖြစ်သည်။
ချက်ချင်းပဲBaekhyunသဘောကျသွားကာခေါင်းကိုငုံ့ချလိုက်ပြီး ခိုးရယ်နေသည်။
အီး.. ကြွေပါပြီကွာ...
"အခုပြောနေတာတွေကို ငါပြန်မေးမှာနော် ပြောနေတုန်းသေချာလိုက်နားထောင်ကြ"
JunMyeonရဲ့တည့်တည့်ကြည့်ပြီးပြောလာတဲ့သတိပေးစကားကြောင့် Chanyeol Baekhyunဂုတ်ကိုဖိညှစ်လိုက်ကာ အနားကနေထွက်သွားပြီး JunMyeonဘေးမှာသွားထိုင်နေလိုက်သည်။
မင်းအဲ့မှာထိုင်နေတော့ ငါဒီကနေသေချာကြည့်လို့ရတာပေါ့..
ဟိဟိ.. ချစ်လိုက်တာChanyeolရာ..
"Baekhyun"
"ဗျာ..??"
JunMyeonရုတ်တရက်နာမည်ခေါ်လိုက်တဲ့အခါ Baekhyunမှာကြောင်သွားရပြီး.. Chanyeolက လက်ပိုက်ပြီး မတ်တပ်ရပ်လာသည်။
စာမေးခံရပြီထင်တယ်... အူဝါးးး အမေရေကယ်ပါဦး..
ဘာတွေပြောလိုက်မှန်း တစ်လုံးမှမကြားလိုက်ဘူး.. သေပြီ
Chanyeol..အဲ့တာမင်းကြောင့်.. မင်းကိုကြည့်နေလို့ ငါမသိလိုက်တာ..
"ဘယ်တွေအာရုံရောက်နေလဲ.. ငါစာပြန်မေးလို့မသိရင် မပြန်ရဘဲအချိန်ပိုဆင်းရမှာနော်"
"ဟုတ်ကဲ့"
Baekhyun JunMyeonပြောတာတွေကိုသေချာအာရုံစိုက်နေတဲ့အခါ Chanyeolကပြုံးပြီး ထွက်သွားတော့သည်။
ထိုတော့မှ Baekhyunလေပူတွေမှုတ်ထုတ်လိုက်ကာ ပြုံးနေလိုက်တော့သည်။
ညနေအလုပ်ဆင်းချိန်ရောက်တဲ့အခါ Baekhyunမပြန်သေးဘဲ Chanyeolကိုရပ်စောင့်နေလေသည်။
Chanyeolတည်တည်ငြိမ်ငြိမ်နဲ့ Smartကျစွာလျှောက်လာတာမြင်တော့ Baekhyunတကယ်ကိုသဘောကျနေရသည်။
"Chanyeol.."
ရပ်စောင့်နေတဲ့သူ့ကိုမမြင်တဲ့Chanyeolကြောင့်လှမ်းခေါ်လိုက်တော့မှ အံ့ဩသွားသလိုအကြည့်တွေကရောက်လာသည်။
"မင်းမပြန်သေးဘူးလား"
"ငါမင်းတိုက်ခန်းဆီလိုက်ချင်တယ်.. မင်းနဲ့တူတူနေချင်လို့ နော်.. နော်.. ငါ့ကိုခေါ်သွားနော်"
"မဖြစ်ဘူး"
ချက်ချင်းကိုတုန့်ဆိုင်းမနေဘဲငြင်းလာတဲ့Chanyeolကို Baekhyunမျက်မှောင်ကြုတ်ကြည့်တော့ Chanyeolကအကြည့်လွှဲလိုက်သည်။
"ဘာလို့လဲ.. မင်းမခေါ်လည်းငါကလာမှာပဲ"
"ငါအိမ်ပြန်မလို့ ငါ့တိုက်ခန်းမှာငါမရှိဘူး"
"ငါ့ကိုမခေါ်ချင်တိုင်းအကြောင်းပြချက်တွေမပေးနဲ့.. မင်းမရှိလည်း ငါ့ပါ့ငါတစ်ယောက်ထဲနေမယ်.. အိမ်မပြန်ခင်တိုက်ခန်းဆီဝင်ဦးမှာမလား.. ခေါ်သွားနော်"
Baekhyun Chanyeolလက်မောင်းကိုချိတ်လိုက်ကာရယ်ပြနေတော့ Chanyeolက လက်ကိုဖယ်ပစ်နေသည်။
"တခြားသူတွေမြင်ကုန်မယ်လေ"
"မြင်မြင်ပေါ့.. ငါ့အချစ်လေးကရှက်လို့လား.. ဟုတ်လား ဟုတ်လား"
Baekhyunသွားကိုဖြီးနေကာ Chanyeolလက်မောင်းကိုချိတ် တတွတ်တွတ်ပြောနေတာကြောင့် Chanyeolပြောလို့မရမှန်းသိလိုက်သည်။
"လွှတ်လေကွာသွားမယ်ဆိုလည်း"
Baekhyun Chanyeolမေးကိုလှမ်းနမ်းလိုက်ကာ တဟားဟားရယ်နေပြီး အရှေ့ကပြေးထွက်သွားသည်။
"စီနီယာ!!"
Baekhyunကပျော်နေပြီးကားဆီသွားနေတဲ့အခါ Chanyeolတွေ့လိုက်ရသည်က သူ့ထားတဲ့ကားနဲ့မလှမ်းမကန်းမှာရပ်ထားတဲ့ကားထဲ ဝင်သွားတဲ့Dr.MinSeokကိုပင်..
စီနီယာတွေ့သွားပြီလား.. ဒါဆိုဘာလို့ ဘာမှလာမပြောတာလဲ..
ဒါမှမဟုတ် ငါပဲအတွေးလွန်နေတာလား
"Chanyeol..ဘာရပ်လုပ်နေတာလဲ မြန်မြန်လာလေ"
Chanyeol MinSeokကားဆီကြည့်တဲ့အခါ ကားကမထွက်သေးဘဲရှိနေသည်။
Baekhyunကိုအိမ်ရောက်မှပြောမှာလား.. စီနီယာတွေ့သွားလောက်ပါတယ်
ဒီလောက်.. ဒီလောက်အရှင်းကြီးကို..
Baekhyunကို ငါကဒုက္ခဖြစ်စေတော့မှာပဲ
ငါ ပတ်ဝန်းကျင်ကိုဂရုမစိုက်လိုက်မိဘူး
"Chanyeolမြန်မြန်လာလို့"
Chanyeol ခေါ်နေတဲ့Baekhyunနားရောက်တဲ့အခါ Baekhyunကရယ်ပြနေသည်။
"ဗိုက်ဆာနေပြီ.. မြန်မြန်သွားကြရအောင်"
Chanyeol MinSeokကားကိုပြန်လှည့်ကြည့်ကာ ကားကိုမတွေ့ရတော့မှ ကားထဲဝင်လိုက်တော့သည်။
"Baekhyun.."
"အင်း.. ပြော ငါနားထောင်နေတယ်"
ငါ တောင်းပန်ပါတယ်...
"ပြောလေ"
ချစ်တယ်..
"ပြောစရာရှိတယ်ဆိုပြောလေ.. ပြီးရင်ကားထွက်တော့"
Chanyeol ပြုံးပြီးပြောနေတဲ့Baekhyunကိုပုခုံးကနေကိုင်ယူပြီး ရုတ်တရက်နမ်းလာတာကြောင့် Baekhyunမျက်လုံးလေးပြူးသွားရသည်။
"Chan.. Chanyeol.."
Chanyeol Baekhyunနှုတ်ခမ်းတွေကိုငုံထွေးထားရာကနေ လွတ်ထွက်သွားခွင့်မပြုဘဲ ခေါင်းကိုထိန်းကာနမ်းတော့ Baekhyunမှာလှုပ်မနေတော့ဘဲ ငြိမ်နေပေးလိုက်သည်။
အတော်ကြာသည်အထိနမ်းရှိုက်ပြီးတဲ့အခါ Chanyeol Baekhyunကိုထွက်သွားမရအောင်ရင်ခွင်ထဲဖက်သွင်းထားလိုက်ပြီး Baekhyunဆံပင်တွေကြားဆီ မျက်ရည်ကျသွားခဲ့သည်။
"Chanyeol..မင်းတစ်ခုခုဖြစ်နေတာလားဟင်"
"Baekhyun"
"အင်း ငါနားထောင်နေတယ်"
"ငါ.. ငါ"
ချစ်တယ်.. မင်းထင်မထားတာထက် ငါမင်းကိုချစ်တယ်Baekhyun..
တကယ်တော့ ငါ့အချစ်ကို မင်းသိအောင်ဘယ်လိုပြောပြရမလဲငါမသိဘူး
ငါမင်းကို ဘယ်တုန်းကမှမခံစားဖူး.. မချစ်ဖူးတဲ့ အချစ်နဲ့ချစ်တာမို့လို့ မင်းကိုဘယ်တော့မှ လက်မလွှတ်ဘူးဆိုတာ ယုံပါ..
ဒါကိုငါထုတ်မပြောလည်း မင်းကငါ့နှလုံးသားကို နားလည်ပေးနိုင်မယ်မလား..
မင်းငါ့အနားမှာအမြဲရှိနေပေးပါ.. ငါ့ဆီကနေမင်းကဘယ်လိုနည်းနဲ့မှ ထွက်သွားခွင့်မရှိဘူးနော်
"Chanyeolကလည်း.. ဘာမှလည်းမပြောဘဲနဲ့ ဗိုက်ဆာနေပြီ မြန်မြန်ပြန်ပါမယ်ဆိုတာကို"
"အင်းပါ.. အခုပဲပြန်ကြမယ်"
Chanyeol Baekhyunကိုဖက်ထားတာဖယ်လိုက်ပြီးခေါင်းကဆံပင်ကိုထိုးဖွလိုက်ကာ ကားမောင်းတော့ ဆံပင်တွေပွသွားတဲ့Baekhyunကနှုတ်ခမ်းလေးပြန်ကိုင်ကာ ပြုံးကြည့်နေခဲ့လေသည်။
TBc..
နောက်တစ်ပိုင်း မီးနီ.. :3
[Zawgyi 👇
"ဒါပေါ့."
"Chanyeolကော"
ဒါပေါ့.. ဒါပေါ့..
"စားနေကြပြီပေါ့"
"အင်း.. ကျေးဇူး"
"ဒီလိုပါပဲ"
"များများစားသွား"
"အင်း ကျေးဇူးပဲ"
"အင်း.."
သူက ဘာလဲ.. ဘာလာလုပ်တာလဲ..
"မင်းကဘာလာလုပ်တာလဲ.."
အီး.. ကြွေပါပြီကွာ...
"Baekhyun"
"ဗျာ..??"
"ဟုတ်ကဲ့"
"Chanyeol.."
"မင်းမပြန်သေးဘူးလား"
"မဖြစ်ဘူး"
"စီနီယာ!!"
"Baekhyun.."
ငါ တောင်းပန်ပါတယ်...
"ပြောလေ"
ချစ်တယ်..
"Chan.. Chanyeol.."
"Baekhyun"
"အင်း ငါနားထောင်နေတယ်"
"ငါ.. ငါ"
TBc..