Unicode
ဒီနေ့က ၃၁ရက်နေ့ဖြစ်တာမလို့ ကဏ္ဏပျော်နေလေသည်။ ဒါနဲ့ဆို သူဂိုက်ပြတာ ၃လပြည့်ပြီဖြစ်သည်။ ကိုကြီးရဲ့ကျေးဇူးကြောင့် ဆယ်တန်းကျောင်းသားသုံးယောက်ကို ဘိုင်၀မ်းသင်ရလေသည်။ ထို့ကြောင့် တစ်ယောက်ကိုတစ်သိန်းနှုန်းနဲ့ တစ်လကိုသုံးသိန်း၀င်လေသည်။ သို့သော်လည်း သူသုံးဖို့အတွက်ငါးသောင်းလောက်သာချန်ထားရင်း ကျန်တဲ့ပိုက်ဆံတွေကို အဖေ့ကိုပေးသည်။
သူတက္ကသိုလ်တက်နေတာလည်း တစ်လရှိပြီဖြစ်သည်။ ဆရာ၀န်တစ်ယောက်ဖြစ်ချင်ခဲ့ပါသော်လည်း ၇နှစ်လောက်တက်ရမည့်အပြင် ငွေကုန်ကြေးကျလည်းများသေးသည့်အတွက် သူလက်လျှော့ကာ ရိုးရိုးတက္ကသိုလ်ပဲတက်ဖြစ်ခဲ့သည်မှာ ယခုဆို တတိယနှစ်တောင်ရောက်လေပြီ။ ညနေလေးနာရီကျောင်းဆင်းတာနဲ့ သူဂိုက်သင်နေရတဲ့ ဆယ်တန်းကျောင်းသားသုံးယောက်ဆီကို သွားသင်ရသည်မှာ ည၁၀နာရီအထိ။ ထမင်းကိုတော့ ကျောင်းသားတစ်ယောက်နဲ့နောက်တစ်ယောက်ဆီ ကူးသန်းချိန်မှာ ကမန်းကတန်းစားသွားရသည်။
တော်သေးသည်က ည၈နာရီခွဲကနေ ၁၀နာရီထိ၀င်တဲ့ကျောင်းသားက သူတို့အိမ်နှင့် တစ်ပြနှစ်ပြလောက်သာဝေးသည့်အတွက် လမ်းလျှောက်သွားရုံနဲ့ပင်ရသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကိုညနေ၆နာရီကနေ ၈နာရီထိသင်ပြီး အိမ်ကိုပြန်လာကာ ထမင်းစားပြီးတာနဲ့ ၈ခွဲမှာသင်ရမည့်ကျောင်းသားအိမ်ကိုလမ်းလျှောက်သွားရုံပင်။
ယခု ထိုကျောင်းသားကိုသင်လာပြီး ည၁၀နာရီရောက်တော့ အိမ်ကိုပြန်လာတာဖြစ်သည်။ လကုန်ရက်ဖြစ်တာမလို့ လစာတစ်သိန်းထုတ်လာလေသည်။ ပိုက်ဆံကို မှတ်စုစာအုပ်ကြားထဲညှပ်ထားပြီး စာအုပ်ကိုတော့ခါးကြားထဲထိုးကာ လမ်းလျှောက်လာလေသည်။ အဖေတို့ကဆိုင်ကယ်ယူသွားခိုင်းသော်လည်း အိမ်သိပ်မဝေးတာကြောင့် သူကတော့ခြေလျင်ပဲသွားသည်။ ည၁၀နာရီဆိုလျှင်တော့ အပြန်လမ်းက နည်းနည်းမှောင်လေသည်။ သို့သော်လည်း သူအသွားအပြန်လုပ်နေတာ သုံးလပင်ရှိသွားပြီမလို့ မှောင်နေလည်းမကြောက်တော့ပေ။
မှတ်စုစာအုပ်ကိုခါးကြားထဲထိုးကာ လမ်းလျှောက်လာတုန်း နောက်ကျောကမလုံသဖြင့် နောက်ကိုလှည့်ကြည့်မိတော့ ဘယ်သူမှမရှိပေ။
" ငါစိတ်ထင်နေတာဖြစ်မှာပါ...ဒီလမ်းတွေကသွားနေကျလမ်းတွေပဲကို " ဟုဖြေတွေးနေသော်လည်း နောက်ကတစ်ဟုန်ထိုးပြေးလာပြီး သူ့ခါးမှာထိုးထားတဲ့မှတ်စုစာအုပ်ကို နှိုက်ယူခံရလေသည်။ ထိုအခါမှ သူသတိ၀င်ပြီး စာအုပ်ကိုပြန်လုရလေသည်။ အော်မည်လုပ်သော်လည်း တစ်ဖက်လူမှာ ဓါးတွေပါမှာစိုးရိမ်တာကြောင့် သူမအော်ရဲသေး။ လမ်းမီးရောင်မှိန်ဖြဖြအောက်မှာ စာအုပ်ကိုလုနေကြသည့် ကောင်လေးနှစ်ယောက်ရှိလေသည်။
" ဟင် စာအုပ်ကြီး " တစ်ဖက်က စိတ်ညစ်သွားသည့်အသံနှင့်ပြောနေတာကြောင့် ကဏ္ဏထိုလူ့ကိုကြည့်မိသွားသည်။ မီးရောင်မှိန်ဖျဖျပဲရှိတဲ့အပြင် ဆံပင်တွေနဲ့ဖုံးနေတာကြောင့် ထိုသူရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရသော်လည်း ဆံပင်ကဂုတ်ထောက်နေပြီး ပုံစံကညှင်းသိုးသိုးနှင့် ၀တ်ထားသည့်အင်္ကျီဘောင်းဘီတို့မှာ အရောင်မွဲနေလေသည်ကိုတော့ မြင်ရသည်။ သူ့ဘက်က ထိုလူ့ကိုအကဲခပ်နေတာကြောင့် စာအုပ်ကိုင်ထားသည့်လက်က အားပျော့သွားပြီး ထိုလူကလည်း ပိုက်ဆံအိတ်မဟုတ်ပဲ စာအုပ်ဖြစ်နေတာကြောင့် လက်ကိုအလွှတ်...
' ဘုတ် ' ခနဲ ပြုတ်ကျသံနှင့်အတူ ပြန့်ကြဲထွက်လာသည့် ပိုက်ဆံများ...
ထိုအခါမှ ထိုလူက၀မ်းသာသွားသည့်ပုံနှင့် ပိုက်ဆံတွေကို အတင်းကောက်ယူကာ ထွက်ပြေးမည်လုပ်သည်။ ကဏ္ဏ..ထိုလူကိုပြေးဆွဲလိုက်သော်လည်း သူ့လက်ကို ပုတ်ချခံရကာ နှစ်ယောက်သား လုံးထွေးသွားလေသည်။ မျက်နှာကိုသေချာမမြင်ရသော်လည်း မျက်ခုံးနားကအမာရွတ်ကြီးကတော့ ထင်ရှားစွာမြင်ရသည်။ အရွယ်ကသိပ်မကွာတာကြောင့် သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်နေတဲ့နောက်မှာ ' မင်းမလွှတ်ရင် မင်းကိုဓါးနဲ့ထိုးမှာနော် ' ဟူသောစကားကြောင့် သူလက်ကိုလွှတ်လိုက်ရလေသည်။ ထိုလူကတော့ ပိုက်ဆံကိုယူကာ ပြေးသွားလေပြီ။
" ကျွတ်! အမေတို့ကိုဘယ်လိုပြန်ပြောရမလဲတောင်မသိတော့ဘူး " စိတ်ညစ်စွာ မြည်တမ်းရင်းနဲ့ပဲ အိမ်ကိုပြန်လာခဲ့ရသည်။ စိတ်ထဲမှာတော့ တေးထားလိုက်သည်။ မျက်ခုံးနားကအမာရွတ်အကြီးကြီးပါတဲ့သူကိုတွေ့ရင် ရဲနဲ့တိုင်မည်ဟူ၍...
~~~~~~~~~~~~~
ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တာကြောင့် ကဏ္ဏတစ်ယောက်အိမ်မှာပဲရှိနေသည်။ သူဂိုက်လုပ်ပေးရတဲ့ကျောင်းသားသုံးယောက်ကို တနင်္ဂနွေနေ့တိုင်းပိတ်ပေးထားသည်လေ။ ကဏ္ဏက ကွပ်ပျစ်ပေါ်မှာလှဲချလိုက်ရင်း မနေ့ညကအဖြစ်ကိုပြန်တွေးမိပြန်သည်။
" ကျွတ်! စိတ်ပျက်စရာကောင်းလိုက်တာ၊အဖေတို့ကိုဘယ်လိုပြောရမလဲမသိဘူး၊ ကျောင်းမှာလည်း စာအုပ်ဖိုးတွေပေးရအုံးမှာ၊ ကိုကြီးတို့ကိုအကူအညီတောင်းကြည့်ရမလား " သူတစ်ယောက်ထဲပြောနေတုန်းမှာပဲ ကိုကြီးကအိမ်ကိုပြန်လာလေသည်။
" ကိုကြီး၊ ကျွန်တော့်ကိုပိုက်ဆံတစ်သိန်းလောက်ချေးပါလား၊ နောက်လကုန်ကျရင်ပြန်ဆပ်မယ်လေ "
" ဘာလို့လဲ၊ မင်းမနေ့တုန်းက လစာထုတ်လာတယ်မဟုတ်ဘူးလား "
" ဟုတ်တော့ဟုတ်တယ်လေ၊ ဒါပေမဲ့ ညနေတုန်းကထုတ်တဲ့နှစ်သိန်းမှာ တစ်သိန်းကကြီးသွယ်တို့ကိုဆပ်ဖို့၊ တစ်သိန်းက အန်တီနွယ်နီ့ကိုဆပ်ဖို့ဆိုပြီး အဖေ့ကိုပေးလိုက်ပြီလေ၊ ညတုန်းကရလာတဲ့တစ်သိန်းက ခါးပိုက်နှိုက်က လုပြေးသွားလို့၊ မနက်ဖြန်ကျရင် ECကိုစာအုပ်ဖိုးတွေပေးရအုံးမှာ "
'' ဒါဆိုရင်လည်း ကိုကြီးညနေကျတော့လစာထုတ်မှာ အဲ့တော့မှယူတော့နော် ''
" ဟုတ် ကိုကြီး၊ နောက်လကျရင်ပြန်ဆပ်မယ်နော် "
ညီအကိုနှစ်ယောက် စကားပြောနေကြတုန်းမှာပဲ အန်တီနွယ်နီ၀င်လာလေသည်။
" ကိုနိုင်မရှိပြန်ဘူးလား၊ လကုန်ကျ ငါ့ကိုတစ်သိန်းပေးမယ်လို့ပြောထားတာလေ "
" ဗျာ၊ အဖေမေ့နေတာနေမယ်အန်တီ၊ ကျွန်တော်မနေ့တုန်းက အန်တီ့ကိုပေးဖို့ဆိုပြီး အဖေ့ကိုတစ်သိန်းပေးလိုက်သေးတယ်အန်တီ "
" ဟုတ်လား၊ ဒါဆိုလည်းပြီးတာပဲ၊ နင့်အဖေကပေါ်မလာလို့ဟေ့၊ ဖုန်းဆက်တော့လည်း ဖုန်းချပစ်တယ်၊ ငါ့ကိုပေးမယ်ပေးမယ်ဆိုပြီးတော့ နှစ်လရှိပြီမပေးတာ၊ ဟိုအရင် ငါလာတောင်းတဲ့လတုန်းကပဲ လကုန်တော့တစ်သိန်းလာပေးတာ "
အန်တီနွယ်နီ့ရဲ့စကားကိုကြားတော့သူတို့ညီအစ်ကိုတွေ တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ အဖေက အန်တီနွယ်နီ့ကို လာမပေးတာနှစ်လရှိပြီဆိုရင် အရင်လတွေတုန်းက သူပေးတဲ့ပိုက်ဆံတွေကိုဘယ်မှာသုံးပစ်တာလဲ.....
" ဒါဖြင့်ရင် ငါပြန်တော့မယ်၊ နင့်အဖေကိုလာပေးခိုင်းလိုက်တော့၊ အခုနင်တို့လက်ထဲလည်းပိုက်ဆံမရှိဘူးမလား " ပြောပြောဆိုဆိုနှင့် အန်တီနွယ်နီထွက်သွားတော့ ကိုကြီးကပဲ
" အငယ်ကောင်.. အဖေကမင်းပေးတဲ့ပိုက်ဆံတွေနဲ့အကြွေးဆပ်တာရောဟုတ်ရဲ့လား "
" ကျွန်တော်လည်းမသိဘူးကိုကြီး၊ အရင်လတွေကတည်းက ကျွန်တော်လစာထုတ်လာတိုင်းအဖေ့ကိုပဲတိုက်ရိုက်ပေးတာ၊ သူ့အကြွေးရှင်တွေနဲ့မတွေ့ဖြစ်ဘူး၊ အဖေကသူပဲသွားပေးလိုက်မယ်ဆိုလို့ "
" ကျွတ်! အဖေက အကြွေးမဆပ်ပဲ ဘာတွေလုပ်နေပြန်ပြီလဲကွာ၊ မိုးလင်းကမိုးချုပ် စာလှည့်သင်ပြီး ပိုက်ဆံရှာနေရတဲ့သားတွေကိုမသနားဘူး၊ စိတ်ကုန်လာပြီ " ကိုကြီးကပြောတော့ ကဏ္ဏလည်းငြိမ်နေလိုက်သည်။ အဖေ့ရဲ့လုပ်ပုံတွေကလည်းဟုတ်မှမဟုတ်ပဲလေ...
" ဟော အဖေပြန်လာပြီ၊ မင်းမေးကြည့်လိုက်အုံး ပိုက်ဆံကိစ္စ "
" သားကြီးပြန်ရောက်ပြီလား၊ ထမင်းစားတော့မလား သား၊ အမေ၀က်သားဆီပြန်ချက်ထားတယ် "
" ထမင်းစားတာအသာထားပါအုံးအမေရာ၊ ခုနတုန်းက အန်တီနွယ်နီလာသွားတယ်၊ အဖေပိုက်ဆံလာမပေးတာနှစ်လရှိပြီတဲ့၊ အငယ်ကောင်ပေးတဲ့ပိုက်ဆံတွေကို အဖေဘာတွေလုပ်ပစ်တာလဲ " ကိုကြီးကမေးလိုက်တော့ မျက်နှာပျက်သွားသည့်အဖေ။
" ကိုနိုင် တော်ကျုပ်ကိုပြောတော့ မနွယ်နီကိုပေးလိုက်ပြီဆို၊ အခုကဘယ်လိုဖြစ်ရတာလဲ၊ တော်လောင်းကစားတွေလုပ်နေပြန်ပြီလား၊ အရင်လတွေတုန်းက မနွယ်နီဆီပိုက်ဆံသွားပေးမယ်ပြောတော့ ကျုပ်လည်းလိုက်မယ်ပြောတိုင်း တော်မလိုက်ခိုင်းတာ အကြွေးမဆပ်ပဲ ဘောလုံးရုံကိုသွားမှာမလို့လား "
" အဖေ...အဖေဘာတွေလုပ်နေတာလဲဗျာ၊ ကျွန်တော်တို့ကိုလည်းသနားပါအုံး၊ သားတွေက အဖေတို့ကိုဂုဏ်တက်စေသလောက်၊ အဖေတို့ကတော့ သားတို့ကိုသိက္ခါချနေသလိုပဲ၊ ရပ်ကွက်ထဲမှာလည်းပြောနေကြပြီ၊ အဖေ့အကြွေးရှင်တွေခဏခဏလာတောင်းလွန်းလို့၊ ကျွန်တော်တို့မှာ အပြင်ထွက်ရင်မျက်နှာတောင်မပြရဲတော့ဘူး "
ကိုကြီးပြောတာကို မျက်နှာငယ်လေးနဲ့ငြိမ်ခံနေတဲ့အဖေ့ကိုကြည့်ပြီး သူလည်းစိတ်မကောင်းပေ။ အမေကတော့ မနေနိုင်သဖြင့်
" သော်က၊ အဲ့ဒါနင့်ကိုမွေးထားတဲ့အဖေနော်၊ မစော်ကားနဲ့၊ နင်တို့ကိုဒီအရွယ်ထိရောက်လာအောင် နင့်အဖေနဲ့ငါနဲ့ကပဲ ပြုစုပျိုးထောင်လာပေးရတာ၊ အခုငွေရှာနိုင်တဲ့အရွယ်ကျမှကျေးဇူးကန်းချင်တာလား နင်က "
" ကျေးဇူးကန်းတာမဟုတ်ဘူးလေအမေရာ၊ ကျွန်တော်တို့ဘက်ကိုလည်းပြန်တွေးပေးအုံးလေ၊ ကျွန်တော်တို့လည်းချမ်းသာနေတာမှမဟုတ်ပဲ၊ ပိုက်ဆံချမ်းသာလို့ကတော့အဖေ့ဘာသာ သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်းဆိုပြီးလွှတ်ပေးထားမှာပေါ့၊ အခုဟာက အဖေဘာတွေသုံးသလဲဆိုတာလည်းမသိရ၊ အကြွေးရှင်တွေလိုက်လာတော့မှ အဖေအကြွေးတွေတင်နေမှန်းသိရတယ်၊ အိမ်အတွက်လည်းဘာမှသုံးတာမှမတွေ့ရဘဲ အကြွေးတွေကဘာလို့တင်နေတာလဲ၊ အဖေ့ကိုဆပ်ပေးရတဲ့အကြွေးတွေနဲ့တင် ကျွန်တော်တို့အိမ်တိုက်ဆောက်လို့ရနေပြီ "
" တော်စမ်း!! ငါ့ယောကျာ်းကိုဘာမှပြောစရာမလိုဘူး၊ ပြောစရာရှိရင်တောင်ငါပဲပြောမယ်၊ နင်တို့ကျေးဇူးကန်းစရာမလိုဘူး၊ လာကိုနိုင်၊ အိမ်ထဲ၀င်မယ် "
အမေက အဖေ့လက်ကိုဆွဲရင်း အိမ်ထဲ၀င်သွားတော့ ကိုကြီးက ခေါင်းကိုခါရမ်းလိုက်ကာ
" တွေ့လား၊ အမေကရှေ့ကနေကာဆီးကာဆီးနဲ့လုပ်နေတာ၊ တကယ်ဖြစ်ရင် သူလည်းအဖေ့ကိုမနိုင်ဘူး၊ အမုန်းခံပြောရတဲ့ငါကပဲ ကျေးဇူးကန်းတဲ့သားဖြစ်သွားရော "
" ကျွန်တော် လက်ဖက်ရည်ဆိုင်ခဏသွားလိုက်အုံးမယ်ကိုကြီး "
" အေး ဂရုစိုက်သွားအုံး။ ပိုက်ဆံတော့ရှိသေးတယ်မလား။ အခုဖြစ်ခဲ့တာတွေ စိတ်ထဲမထားနဲ့။ စာထဲကိုပဲအာရုံစိုက် ကြားလား "
" ဟုတ် "
ကိုကြီးကို ထိုမျှသာပြောပြီး သူတို့လမ်းရဲ့ အရှေ့လက်တစ်လမ်းကျော်ကလက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့လိုက်သည်။
လမ်းလျှောက်နေရင်း ခေါင်းထဲမှာပေါ်လာတာက အဖေ့အကြွေးကိစ္စတွေ။ ပိုက်ဆံကိုဘယ်မှာသုံးနေလို့လဲ။ တစ်လကို နှစ်သိန်းခွဲနှုန်းနဲ့သူပေးနေတာ အခုဆို ခုနစ်သိန်းရှိပြီ။ ဒါတွေအကုန်လုံးရော အကြွေးရှင်တွေလက်ထဲရောက်ရဲ့လား။ ဘာရယ်မဟုတ် မျက်လုံးတို့က လက်ဖက်ရည်ဆိုင်ရဲ့တစ်အိမ်ကျော်မှာရှိတဲ့ဆောက်လက်စတိုက်ဘက်ကိုရောက်သွားတော့ ဟိုကောင်.....
×××××
5.11.2020
Zawgyi
ဒီေန႔က ၃၁ရက္ေန႔ျဖစ္တာမလို႔ ကဏၰေပ်ာ္ေနေလသည္။ ဒါနဲ႔ဆို သူဂိုက္ျပတာ ၃လျပည့္ၿပီျဖစ္သည္။ ကိုႀကီးရဲ႕ေက်းဇူးေၾကာင့္ ဆယ္တန္းေက်ာင္းသားသုံးေယာက္ကို ဘိုင္၀မ္းသင္ရေလသည္။ ထို႔ေၾကာင့္ တစ္ေယာက္ကိုတစ္သိန္းႏႈန္းနဲ႔ တစ္လကိုသုံးသိန္း၀င္ေလသည္။ သို႔ေသာ္လည္း သူသုံးဖို႔အတြက္ငါးေသာင္းေလာက္သာခ်န္ထားရင္း က်န္တဲ့ပိုက္ဆံေတြကို အေဖ့ကိုေပးသည္။
သူတကၠသိုလ္တက္ေနတာလည္း တစ္လရွိၿပီျဖစ္သည္။ ဆရာ၀န္တစ္ေယာက္ျဖစ္ခ်င္ခဲ့ပါေသာ္လည္း ၇ႏွစ္ေလာက္တက္ရမည့္အျပင္ ေငြကုန္ေၾကးက်လည္းမ်ားေသးသည့္အတြက္ သူလက္ေလွ်ာ့ကာ ႐ိုး႐ိုးတကၠသိုလ္ပဲတက္ျဖစ္ခဲ့သည္မွာ ယခုဆို တတိယႏွစ္ေတာင္ေရာက္ေလၿပီ။ ညေနေလးနာရီေက်ာင္းဆင္းတာနဲ႔ သူဂိုက္သင္ေနရတဲ့ ဆယ္တန္းေက်ာင္းသားသုံးေယာက္ဆီကို သြားသင္ရသည္မွာ ည၁၀နာရီအထိ။ ထမင္းကိုေတာ့ ေက်ာင္းသားတစ္ေယာက္နဲ႔ေနာက္တစ္ေယာက္ဆီ ကူးသန္းခ်ိန္မွာ ကမန္းကတန္းစားသြားရသည္။
ေတာ္ေသးသည္က ည၈နာရီခြဲကေန ၁၀နာရီထိ၀င္တဲ့ေက်ာင္းသားက သူတို႔အိမ္ႏွင့္ တစ္ျပႏွစ္ျပေလာက္သာေဝးသည့္အတြက္ လမ္းေလွ်ာက္သြား႐ုံနဲ႔ပင္ရသည္။ ထို႔ေၾကာင့္ ေက်ာင္းသားတစ္ေယာက္ကိုညေန၆နာရီကေန ၈နာရီထိသင္ၿပီး အိမ္ကိုျပန္လာကာ ထမင္းစားၿပီးတာနဲ႔ ၈ခြဲမွာသင္ရမည့္ေက်ာင္းသားအိမ္ကိုလမ္းေလွ်ာက္သြား႐ုံပင္။
ယခု ထိုေက်ာင္းသားကိုသင္လာၿပီး ည၁၀နာရီေရာက္ေတာ့ အိမ္ကိုျပန္လာတာျဖစ္သည္။ လကုန္ရက္ျဖစ္တာမလို႔ လစာတစ္သိန္းထုတ္လာေလသည္။ ပိုက္ဆံကို မွတ္စုစာအုပ္ၾကားထဲညႇပ္ထားၿပီး စာအုပ္ကိုေတာ့ခါးၾကားထဲထိုးကာ လမ္းေလွ်ာက္လာေလသည္။ အေဖတို႔ကဆိုင္ကယ္ယူသြားခိုင္းေသာ္လည္း အိမ္သိပ္မေဝးတာေၾကာင့္ သူကေတာ့ေျခလ်င္ပဲသြားသည္။ ည၁၀နာရီဆိုလွ်င္ေတာ့ အျပန္လမ္းက နည္းနည္းေမွာင္ေလသည္။ သို႔ေသာ္လည္း သူအသြားအျပန္လုပ္ေနတာ သုံးလပင္ရွိသြားၿပီမလို႔ ေမွာင္ေနလည္းမေၾကာက္ေတာ့ေပ။
မွတ္စုစာအုပ္ကိုခါးၾကားထဲထိုးကာ လမ္းေလွ်ာက္လာတုန္း ေနာက္ေက်ာကမလုံသျဖင့္ ေနာက္ကိုလွည့္ၾကည့္မိေတာ့ ဘယ္သူမွမရွိေပ။
" ငါစိတ္ထင္ေနတာျဖစ္မွာပါ...ဒီလမ္းေတြကသြားေနက်လမ္းေတြပဲကို " ဟုေျဖေတြးေနေသာ္လည္း ေနာက္ကတစ္ဟုန္ထိုးေျပးလာၿပီး သူ႔ခါးမွာထိုးထားတဲ့မွတ္စုစာအုပ္ကို ႏႈိက္ယူခံရေလသည္။ ထိုအခါမွ သူသတိ၀င္ၿပီး စာအုပ္ကိုျပန္လုရေလသည္။ ေအာ္မည္လုပ္ေသာ္လည္း တစ္ဖက္လူမွာ ဓါးေတြပါမွာစိုးရိမ္တာေၾကာင့္ သူမေအာ္ရဲေသး။ လမ္းမီးေရာင္မွိန္ျဖျဖေအာက္မွာ စာအုပ္ကိုလုေနၾကသည့္ ေကာင္ေလးႏွစ္ေယာက္ရွိေလသည္။
" ဟင္ စာအုပ္ႀကီး " တစ္ဖက္က စိတ္ညစ္သြားသည့္အသံႏွင့္ေျပာေနတာေၾကာင့္ ကဏၰထိုလူ႔ကိုၾကည့္မိသြားသည္။ မီးေရာင္မွိန္ဖ်ဖ်ပဲရွိတဲ့အျပင္ ဆံပင္ေတြနဲ႔ဖုံးေနတာေၾကာင့္ ထိုသူရဲ႕ မ်က္ႏွာကို ေကာင္းေကာင္းမျမင္ရေသာ္လည္း ဆံပင္ကဂုတ္ေထာက္ေနၿပီး ပုံစံကညႇင္းသိုးသိုးႏွင့္ ၀တ္ထားသည့္အက်ႌေဘာင္းဘီတို႔မွာ အေရာင္မြဲေနေလသည္ကိုေတာ့ ျမင္ရသည္။ သူ႔ဘက္က ထိုလူ႔ကိုအကဲခပ္ေနတာေၾကာင့္ စာအုပ္ကိုင္ထားသည့္လက္က အားေပ်ာ့သြားၿပီး ထိုလူကလည္း ပိုက္ဆံအိတ္မဟုတ္ပဲ စာအုပ္ျဖစ္ေနတာေၾကာင့္ လက္ကိုအလႊတ္...
' ဘုတ္ ' ခနဲ ျပဳတ္က်သံႏွင့္အတူ ျပန္႔ႀကဲထြက္လာသည့္ ပိုက္ဆံမ်ား...
ထိုအခါမွ ထိုလူက၀မ္းသာသြားသည့္ပုံႏွင့္ ပိုက္ဆံေတြကို အတင္းေကာက္ယူကာ ထြက္ေျပးမည္လုပ္သည္။ ကဏၰ..ထိုလူကိုေျပးဆြဲလိုက္ေသာ္လည္း သူ႔လက္ကို ပုတ္ခ်ခံရကာ ႏွစ္ေယာက္သား လုံးေထြးသြားေလသည္။ မ်က္ႏွာကိုေသခ်ာမျမင္ရေသာ္လည္း မ်က္ခုံးနားကအမာ႐ြတ္ႀကီးကေတာ့ ထင္ရွားစြာျမင္ရသည္။ အ႐ြယ္ကသိပ္မကြာတာေၾကာင့္ သူတစ္ျပန္ကိုယ္တစ္ျပန္ျဖစ္ေနတဲ့ေနာက္မွာ ' မင္းမလႊတ္ရင္ မင္းကိုဓါးနဲ႔ထိုးမွာေနာ္ ' ဟူေသာစကားေၾကာင့္ သူလက္ကိုလႊတ္လိုက္ရေလသည္။ ထိုလူကေတာ့ ပိုက္ဆံကိုယူကာ ေျပးသြားေလၿပီ။
" ကြၽတ္! အေမတို႔ကိုဘယ္လိုျပန္ေျပာရမလဲေတာင္မသိေတာ့ဘူး " စိတ္ညစ္စြာ ျမည္တမ္းရင္းနဲ႔ပဲ အိမ္ကိုျပန္လာခဲ့ရသည္။ စိတ္ထဲမွာေတာ့ ေတးထားလိုက္သည္။ မ်က္ခုံးနားကအမာ႐ြတ္အႀကီးႀကီးပါတဲ့သူကိုေတြ႕ရင္ ရဲနဲ႔တိုင္မည္ဟူ၍...
~~~~~~~~~~~~~
ဒီေန႔ကတနဂၤေႏြေန႔ျဖစ္တာေၾကာင့္ ကဏၰတစ္ေယာက္အိမ္မွာပဲရွိေနသည္။ သူဂိုက္လုပ္ေပးရတဲ့ေက်ာင္းသားသုံးေယာက္ကို တနဂၤေႏြေန႔တိုင္းပိတ္ေပးထားသည္ေလ။ ကဏၰက ကြပ္ပ်စ္ေပၚမွာလွဲခ်လိုက္ရင္း မေန႔ညကအျဖစ္ကိုျပန္ေတြးမိျပန္သည္။
" ကြၽတ္! စိတ္ပ်က္စရာေကာင္းလိုက္တာ၊အေဖတို႔ကိုဘယ္လိုေျပာရမလဲမသိဘူး၊ ေက်ာင္းမွာလည္း စာအုပ္ဖိုးေတြေပးရအုံးမွာ၊ ကိုႀကီးတို႔ကိုအကူအညီေတာင္းၾကည့္ရမလား " သူတစ္ေယာက္ထဲေျပာေနတုန္းမွာပဲ ကိုႀကီးကအိမ္ကိုျပန္လာေလသည္။
" ကိုႀကီး၊ ကြၽန္ေတာ့္ကိုပိုက္ဆံတစ္သိန္းေလာက္ေခ်းပါလား၊ ေနာက္လကုန္က်ရင္ျပန္ဆပ္မယ္ေလ "
" ဘာလို႔လဲ၊ မင္းမေန႔တုန္းက လစာထုတ္လာတယ္မဟုတ္ဘူးလား "
" ဟုတ္ေတာ့ဟုတ္တယ္ေလ၊ ဒါေပမဲ့ ညေနတုန္းကထုတ္တဲ့ႏွစ္သိန္းမွာ တစ္သိန္းကႀကီးသြယ္တို႔ကိုဆပ္ဖို႔၊ တစ္သိန္းက အန္တီႏြယ္နီ႔ကိုဆပ္ဖို႔ဆိုၿပီး အေဖ့ကိုေပးလိုက္ၿပီေလ၊ ညတုန္းကရလာတဲ့တစ္သိန္းက ခါးပိုက္ႏႈိက္က လုေျပးသြားလို႔၊ မနက္ျဖန္က်ရင္ ECကိုစာအုပ္ဖိုးေတြေပးရအုံးမွာ "
'' ဒါဆိုရင္လည္း ကိုႀကီးညေနက်ေတာ့လစာထုတ္မွာ အဲ့ေတာ့မွယူေတာ့ေနာ္ ''
" ဟုတ္ ကိုႀကီး၊ ေနာက္လက်ရင္ျပန္ဆပ္မယ္ေနာ္ "
ညီအကိုႏွစ္ေယာက္ စကားေျပာေနၾကတုန္းမွာပဲ အန္တီႏြယ္နီ၀င္လာေလသည္။
" ကိုႏိုင္မရွိျပန္ဘူးလား၊ လကုန္က် ငါ့ကိုတစ္သိန္းေပးမယ္လို႔ေျပာထားတာေလ "
" ဗ်ာ၊ အေဖေမ့ေနတာေနမယ္အန္တီ၊ ကြၽန္ေတာ္မေန႔တုန္းက အန္တီ့ကိုေပးဖို႔ဆိုၿပီး အေဖ့ကိုတစ္သိန္းေပးလိုက္ေသးတယ္အန္တီ "
" ဟုတ္လား၊ ဒါဆိုလည္းၿပီးတာပဲ၊ နင့္အေဖကေပၚမလာလို႔ေဟ့၊ ဖုန္းဆက္ေတာ့လည္း ဖုန္းခ်ပစ္တယ္၊ ငါ့ကိုေပးမယ္ေပးမယ္ဆိုၿပီးေတာ့ ႏွစ္လရွိၿပီမေပးတာ၊ ဟိုအရင္ ငါလာေတာင္းတဲ့လတုန္းကပဲ လကုန္ေတာ့တစ္သိန္းလာေပးတာ "
အန္တီႏြယ္နီ႔ရဲ႕စကားကိုၾကားေတာ့သူတို႔ညီအစ္ကိုေတြ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ ၾကည့္လိုက္မိၾကသည္။ အေဖက အန္တီႏြယ္နီ႔ကို လာမေပးတာႏွစ္လရွိၿပီဆိုရင္ အရင္လေတြတုန္းက သူေပးတဲ့ပိုက္ဆံေတြကိုဘယ္မွာသုံးပစ္တာလဲ.....
" ဒါျဖင့္ရင္ ငါျပန္ေတာ့မယ္၊ နင့္အေဖကိုလာေပးခိုင္းလိုက္ေတာ့၊ အခုနင္တို႔လက္ထဲလည္းပိုက္ဆံမရွိဘူးမလား " ေျပာေျပာဆိုဆိုႏွင့္ အန္တီႏြယ္နီထြက္သြားေတာ့ ကိုႀကီးကပဲ
" အငယ္ေကာင္.. အေဖကမင္းေပးတဲ့ပိုက္ဆံေတြနဲ႔အေႂကြးဆပ္တာေရာဟုတ္ရဲ႕လား "
" ကြၽန္ေတာ္လည္းမသိဘူးကိုႀကီး၊ အရင္လေတြကတည္းက ကြၽန္ေတာ္လစာထုတ္လာတိုင္းအေဖ့ကိုပဲတိုက္႐ိုက္ေပးတာ၊ သူ႔အေႂကြးရွင္ေတြနဲ႔မေတြ႕ျဖစ္ဘူး၊ အေဖကသူပဲသြားေပးလိုက္မယ္ဆိုလို႔ "
" ကြၽတ္! အေဖက အေႂကြးမဆပ္ပဲ ဘာေတြလုပ္ေနျပန္ၿပီလဲကြာ၊ မိုးလင္းကမိုးခ်ဳပ္ စာလွည့္သင္ၿပီး ပိုက္ဆံရွာေနရတဲ့သားေတြကိုမသနားဘူး၊ စိတ္ကုန္လာၿပီ " ကိုႀကီးကေျပာေတာ့ ကဏၰလည္းၿငိမ္ေနလိုက္သည္။ အေဖ့ရဲ႕လုပ္ပုံေတြကလည္းဟုတ္မွမဟုတ္ပဲေလ...
" ေဟာ အေဖျပန္လာၿပီ၊ မင္းေမးၾကည့္လိုက္အုံး ပိုက္ဆံကိစၥ "
" သားႀကီးျပန္ေရာက္ၿပီလား၊ ထမင္းစားေတာ့မလား သား၊ အေမ၀က္သားဆီျပန္ခ်က္ထားတယ္ "
" ထမင္းစားတာအသာထားပါအုံးအေမရာ၊ ခုနတုန္းက အန္တီႏြယ္နီလာသြားတယ္၊ အေဖပိုက္ဆံလာမေပးတာႏွစ္လရွိၿပီတဲ့၊ အငယ္ေကာင္ေပးတဲ့ပိုက္ဆံေတြကို အေဖဘာေတြလုပ္ပစ္တာလဲ " ကိုႀကီးကေမးလိုက္ေတာ့ မ်က္ႏွာပ်က္သြားသည့္အေဖ။
" ကိုႏိုင္ ေတာ္က်ဳပ္ကိုေျပာေတာ့ မႏြယ္နီကိုေပးလိုက္ၿပီဆို၊ အခုကဘယ္လိုျဖစ္ရတာလဲ၊ ေတာ္ေလာင္းကစားေတြလုပ္ေနျပန္ၿပီလား၊ အရင္လေတြတုန္းက မႏြယ္နီဆီပိုက္ဆံသြားေပးမယ္ေျပာေတာ့ က်ဳပ္လည္းလိုက္မယ္ေျပာတိုင္း ေတာ္မလိုက္ခိုင္းတာ အေႂကြးမဆပ္ပဲ ေဘာလုံး႐ုံကိုသြားမွာမလို႔လား "
" အေဖ...အေဖဘာေတြလုပ္ေနတာလဲဗ်ာ၊ ကြၽန္ေတာ္တို႔ကိုလည္းသနားပါအုံး၊ သားေတြက အေဖတို႔ကိုဂုဏ္တက္ေစသေလာက္၊ အေဖတို႔ကေတာ့ သားတို႔ကိုသိကၡါခ်ေနသလိုပဲ၊ ရပ္ကြက္ထဲမွာလည္းေျပာေနၾကၿပီ၊ အေဖ့အေႂကြးရွင္ေတြခဏခဏလာေတာင္းလြန္းလို႔၊ ကြၽန္ေတာ္တို႔မွာ အျပင္ထြက္ရင္မ်က္ႏွာေတာင္မျပရဲေတာ့ဘူး "
ကိုႀကီးေျပာတာကို မ်က္ႏွာငယ္ေလးနဲ႔ၿငိမ္ခံေနတဲ့အေဖ့ကိုၾကည့္ၿပီး သူလည္းစိတ္မေကာင္းေပ။ အေမကေတာ့ မေနႏိုင္သျဖင့္
" ေသာ္က၊ အဲ့ဒါနင့္ကိုေမြးထားတဲ့အေဖေနာ္၊ မေစာ္ကားနဲ႔၊ နင္တို႔ကိုဒီအ႐ြယ္ထိေရာက္လာေအာင္ နင့္အေဖနဲ႔ငါနဲ႔ကပဲ ျပဳစုပ်ိဳးေထာင္လာေပးရတာ၊ အခုေငြရွာႏိုင္တဲ့အ႐ြယ္က်မွေက်းဇူးကန္းခ်င္တာလား နင္က "
" ေက်းဇူးကန္းတာမဟုတ္ဘူးေလအေမရာ၊ ကြၽန္ေတာ္တို႔ဘက္ကိုလည္းျပန္ေတြးေပးအုံးေလ၊ ကြၽန္ေတာ္တို႔လည္းခ်မ္းသာေနတာမွမဟုတ္ပဲ၊ ပိုက္ဆံခ်မ္းသာလို႔ကေတာ့အေဖ့ဘာသာ သုံးခ်င္သလိုသုံး၊ ျဖဳန္းခ်င္သလိုျဖဳန္းဆိုၿပီးလႊတ္ေပးထားမွာေပါ့၊ အခုဟာက အေဖဘာေတြသုံးသလဲဆိုတာလည္းမသိရ၊ အေႂကြးရွင္ေတြလိုက္လာေတာ့မွ အေဖအေႂကြးေတြတင္ေနမွန္းသိရတယ္၊ အိမ္အတြက္လည္းဘာမွသုံးတာမွမေတြ႕ရဘဲ အေႂကြးေတြကဘာလို႔တင္ေနတာလဲ၊ အေဖ့ကိုဆပ္ေပးရတဲ့အေႂကြးေတြနဲ႔တင္ ကြၽန္ေတာ္တို႔အိမ္တိုက္ေဆာက္လို႔ရေနၿပီ "
" ေတာ္စမ္း!! ငါ့ေယာက်ာ္းကိုဘာမွေျပာစရာမလိုဘူး၊ ေျပာစရာရွိရင္ေတာင္ငါပဲေျပာမယ္၊ နင္တို႔ေက်းဇူးကန္းစရာမလိုဘူး၊ လာကိုႏိုင္၊ အိမ္ထဲ၀င္မယ္ "
အေမက အေဖ့လက္ကိုဆြဲရင္း အိမ္ထဲ၀င္သြားေတာ့ ကိုႀကီးက ေခါင္းကိုခါရမ္းလိုက္ကာ
" ေတြ႕လား၊ အေမကေရွ႕ကေနကာဆီးကာဆီးနဲ႔လုပ္ေနတာ၊ တကယ္ျဖစ္ရင္ သူလည္းအေဖ့ကိုမႏိုင္ဘူး၊ အမုန္းခံေျပာရတဲ့ငါကပဲ ေက်းဇူးကန္းတဲ့သားျဖစ္သြားေရာ "
" ကြၽန္ေတာ္ လက္ဖက္ရည္ဆိုင္ခဏသြားလိုက္အုံးမယ္ကိုႀကီး "
" ေအး ဂ႐ုစိုက္သြားအုံး။ ပိုက္ဆံေတာ့ရွိေသးတယ္မလား။ အခုျဖစ္ခဲ့တာေတြ စိတ္ထဲမထားနဲ႔။ စာထဲကိုပဲအာ႐ုံစိုက္ ၾကားလား "
" ဟုတ္ "
ကိုႀကီးကို ထိုမွ်သာေျပာၿပီး သူတို႔လမ္းရဲ႕ အေရွ႕လက္တစ္လမ္းေက်ာ္ကလက္ဖက္ရည္ဆိုင္ကိုထြက္လာခဲ့လိုက္သည္။
လမ္းေလွ်ာက္ေနရင္း ေခါင္းထဲမွာေပၚလာတာက အေဖ့အေႂကြးကိစၥေတြ။ ပိုက္ဆံကိုဘယ္မွာသုံးေနလို႔လဲ။ တစ္လကို ႏွစ္သိန္းခြဲႏႈန္းနဲ႔သူေပးေနတာ အခုဆို ခုနစ္သိန္းရွိၿပီ။ ဒါေတြအကုန္လုံးေရာ အေႂကြးရွင္ေတြလက္ထဲေရာက္ရဲ႕လား။ ဘာရယ္မဟုတ္ မ်က္လုံးတို႔က လက္ဖက္ရည္ဆိုင္ရဲ႕တစ္အိမ္ေက်ာ္မွာရွိတဲ့ေဆာက္လက္စတိုက္ဘက္ကိုေရာက္သြားေတာ့ ဟိုေကာင္.....
×××××
5.11.2020