Part 3

1.1K 48 1
                                    

Unicode

သူ​​ပြေးသွားပြီး အုတ်ခဲ​တွေသယ်​​နေတဲ့ထိုလူကိုလှမ်းဆွဲလိုက်သည်။ ​ပြေး၀င်လာတဲ့အရှိန်ပြင်းတာ​ကြောင့် ထိုလူ့လက်ထဲကအုတ်ခဲ​တွေအကုန်ပြုတ်ကျကုန်သည်။ ​

" တော်​သေးတယ် ​ခြေ​ထောက်​ပေါ်မကျလို့၊ ​ဟေ့​​လူ ဘာကိစ္စကျုပ်ကိုဘလိုင်းကြီးလာတိုက်ခိုက်​နေတာတုန်း "

" ဘာ​ပြောတယ်! ဘလိုင်းကြီး ဟုတ်လား၊ မင်းက​ခွေးသတိ၀က်သတိပဲကွ၊ မ​နေ့ညက ငါ့ပိုက်ဆံတစ်သိန်းကိုမင်းလု​ပြေးသွားတာ​လေ မျက်ခုံးစုတ်​ကောင်ရဲ့၊ ငါ့ပိုက်ဆံပြန်​ပေးစမ်း !!  " သူ​ပြောလိုက်​တော့ ထိုလူရဲ့မျက်နှာအ​ရောင်​ပြောင်းသွား​သော်လည်းခဏသာ။

" ဘာ​တွေလာ​ပြော​နေတာလဲ၊ ကျုပ်ဘာမှမသိဘူး၊ ခင်ဗျားလူမှား​နေပြီ "

" ​ဟေ့​ကောင်၊ ငါ့ပိုက်ဆံ​တွေပြန်​ပေးလို့​​ပြောနေတယ်​လေ၊ ဘာလို့လူမှားရမှာလဲ၊ မျက်နှာကို​သေချာမမှတ်မိရင်​​တောင် မျက်ခုံးကို​တော့မှတ်မိတယ် မျက်ခုံးစုတ်​ကောင် "

မျက်ခုံးစုတ်လို့​ခေါ်လိုက်တိုင်း ​ဒေါသထွက်သည့်ပုံ​ပြောင်းသွားသည့်ထိုလူ။ သူတို့နှစ်​ယောက်ရုန်းရင်းဆန်ခပ်ဖြစ်​နေတုန်း

" ​ဟေ့​ကောင်​တွေရပ်လိုက်ကြစမ်း!! ဒါကဘာဖြစ်​နေကြတာလဲ၊ ငဟန် မင်းကအလုပ်၀င်တာမှမကြာ​သေးဘူး ပြသနာထပ်ရှာလာပြန်ပြီလား " ဟူ​သော ပန်းရံ​ခေါင်းရဲ့စကားကိုကြား​လေသည်။

" မဟုတ်ဘူး ဦး​လေးတိုး၊ ကျွန်​တော်သူ့ကိုမသိဘူး၊ သူလူမှားတာ "

" ဘာလူမှားရမှာလဲ! မင်းငါ့ပိုက်ဆံတစ်သိန်းလု​ပြေးသွားတာ​လေ၊ ဦး​လေးတို့လည်းသတိထား​နေကြအုံး၊ ဒီ​ကောင်က လစ်ရင်လစ်သလို ခိုးတတ်တယ် "

" ငဟန် !! မင်းပြသနာမင်းဘာသာရှင်း​တော့၊ မင်းဟာက တစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်၊ အမြဲတမ်းပြသနာအရှာခံ​နေရတာ၊ ငါတို့အဖွဲ့နာမည်ပျက်တယ်၊ ဒီ​နေ့အတွက် ငါး​ထောင်ယူပြီး​နောက်​နေ့မလာနဲ့​တော့ "

" ဟာ​! ဦး​လေးတိုး အဲ့လိုမလုပ်နဲ့​လေဗျာ " ထိုလူက ဦး​လေးတိုးဆိုတဲ့လူ​နောက်လိုက်သွားမည်ပြင်​တော့ ကဏ္ဏထိုလူရဲ့အင်္ကျီကိုဆွဲထားလိုက်ပြီး

နာကျင်မှုတို့အလွန် ( နာကျင်မှုတို့အလွန် ) [ Completed ]Where stories live. Discover now