"ကောင်းကင်ဘာလို့လဲ"
"အစောကြီးရှိသေးတယ်လေ"
လာပါ ပြန်အိပ်အုံး"
"အဲ့ဒါဆိုနမ်း"
" ပြွတ်စ် "
"အင်း ကောင်းကင်"
"အေးအေးသား"
"အကျင့်ပါတယ်အကိုရဲ့
"အင်းပါ မထည့်ပါဘူး
သမီးကိုကျ မဖက်ဘူး"
"မလိုပါဘူးသားရယ်
"ဟုတ် ဒါဆို ကျနော်တို့သွားတော့မယ်"
"အင်း မြတ်ဘုန်း မင်းကိုဆေးရုံပို့ပေးခဲ့မယ်
အဆင်ပြေလား"
မင်းကအိုတော့မှာ"
"ကဲ တော်ကြပါတော့
အကိုကလဲ လူကြီးဆိုး။
"အကိုဘာဝယ်ကြမလဲ"
"အင်း ကောင်းကင်သဘော"
"ဟုတ်"
သမီးကိုချလို့ရတယ်"
"ဟုတ်"
ကြည်နူးအကျီ င်္ဝယ်နေတုန်း တွေ့လိုက်သည့် လူနှစ်ယောက်ကို သေချာအောင်လိုက်ကြည့်နေမိသည်။
"မောင်လေး"
"အင်း နားရက်မို့လေ
ကောင်းကင်နဲ့ပါ"
မင်းအကိုက မတားဘူးလား"
"အယ် မမကြည်နူး"
"အဟင်း ကောင်းကင်
"ဟုတ် မမကြည်နူး"
" ဟုတ်ကဲ့ဗျ "
"ငါ့မောင် မမသွားပြီ"
"ဟုတ်မရီး"
ဗိုက်ထွက်တော့မှာပဲ"
ဖေဖေစားတဲ့ဟာမစားဘူး"
……………………………………
T.B.C
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
မနက်စောစောထနေကျမို့ ကောင်းကင်ပုံမှန်အတိုင်းနိုးလာရသည်။
ခါးကိုမလွှတ်တမ်းဖက်ထားသည့် အကိုက အိပ်နေတာတောင် လူကိုအလွတ်မပေး။
ညအိပ်တုန်းက သမီးငယ်ကိုအလည်မှာထားအိပ်တော့
ကလေးမဟုတ်ပါဘဲ ဂျီကျသည့်အကို့ကြောင့် ကောင်းကင်ကြားကဝင်အိပ်လိုက်ရသည်။
သမီးငယ်ကလဲ ဖေဖေ့ကိုဖက်အိပ်ချင်ပါသည်ဆိုတာ သားဖနှစ်ယောက်ဝိုင်းဖက်ကြသေးသည်။
သမီးငယ်က ဖက်ထားတာကို လွှတ်ပေးပေမဲ့ အကိုကတော့ လက်ကိုသော့ခတ်ထားသည့်အတိုင်း နည်းနည်းတောင်မရွေ့သွား။
အဖက်ခံထားရသည့် ခါးတစ်ဝိုက်က တော်တော်လေးကိုနာနေပြီဖြစ်သည်။
မရမကဖြုတ်တော့မှ အကိုကနိုးသွားသည်။
"ကောင်းကင်ဘာလို့လဲ"
"ကျနော် အိပ်ယာထတော့မယ်လေ
အကိုနဲ့သမီးအိပ်နေအုံး"
"အစောကြီးရှိသေးတယ်လေ"
"မစောတော့ပါဘူး မနက်စာချက်ရအုံးမယ်လေ
ကျနော့်ကိုယောက္ခမတွေ ငြိုငြင်စေချင်လို့လား"
"ကိုယ့်ကောင်းကင်လေးကို ဘယ်သူကငြိုငြင်မှာလဲ
လာပါ ပြန်အိပ်အုံး"
"ကဲ တော်ပြီဆို ဖယ်ပေးနော် ကျနော်ထတော့မယ်"
"အဲ့ဒါဆိုနမ်း"
"အကိုနော် ညကလဲ အကို့ကြောင့် ကျနော်တော်တော်နဲ့မအိပ်ရဘူး"
"ကိုယ်ကဘာလုပ်လို့လဲ သူများတွေကြားရင်
တမျိုးထင်အောင် ကိုယ့်အချစ်ရယ်"
"ကျနော်ပြောတာက ရိုးရိုးပဲလေ အကိုကသာ မဟုတ်တာတွေတွေးနေတာ……အကိုလိုက်နမ်းနေလို့
အိပ်မပျော်ဘူးလို့ပြောတာကို"
"ဟုတ်ပါပြီ အိပ်ယာထမယ်ဆိုလဲ အနမ်းလေးတော့ပေးအုံးမှပေါ့ မဟုတ်ရင် ကိုယ်ပြန်အိပ်မရဘဲနေလိမ့်မယ်"
ကောင်းကင်အကို့ရင်ခွင်ထဲကနေ တစ်စောင်းလေးမော့ကာ ပါးပြင်ကိုနမ်းလိုက်သည်။
အကိုကကျနော့်သက်ဆိုင်သူဖြစ်နေတာ အခုထိအိပ်မက်လိုပဲ။
အကိုရင်ခွင်မှာနိုးထချင်မိတဲ့ ဆန္ဒလေးပြည့်သွားခဲ့တာ တကယ်လက်တွေ့တဲ့လေ။
"ပါးပဲလား နှုတ်ခမ်းရော"
"အကိုနော် သမီးရှိတယ်ဗျ"
"သမီးကဖြင့် ဆင်အော်ရင်တောင်မနိုးတာကို
အသဲယားလိုက်တာ မင်းလေးကို"
"အကိုကတော့ အချိန်ပြည့်အသဲယားနေတာပဲ"
"အဟား ဒါကတော့ ခင်ဗျားလေးက အချိန်ပြည့်ချစ်စရာကောင်းနေတာကို"
" ပြွတ်စ် "
ရန်တွေ့ချင်နေသည့် နှုတ်ခမ်းပါးလေးကို စုပ်နမ်းလိုက်တော့ လက်ကလေးကတွန့်ခနဲ။
နေသားမကျသေးတဲ့ ကောင်းကင်ကိုတော့ အမြဲနမ်းပေးရမည်ထင်သည်။
"မီးပိတ်ထားခဲ့မယ်နော် အကို"
"အင်း ကောင်းကင်"
အခန်းမီးပိတ်ပေးထားခဲ့ပြီး မနက်စာချက်ရန် ကောင်းကင်ပြင်ဆင်ရမည်။
မျက်နှာအရင်သစ်ပြီးမှ မနေ့ကဒေါ်လေးပြထားသည့် ဟင်းချက်စရာတို့ကို ယူကာမနက်ခင်းကိုစတင်ရတော့သည်။
"သားငယ်လေး ဒေါ်လေးအရင်တောင်နိုးနေတာပဲ
ဘာလို့အစောကြီးထတာလဲကွယ်"
"ကျနော်ဒီအချိန်ထနေကျပါဒေါ်လေး
ဟင်းတွေချက်ထားတယ်ဗျ အဆင်ပြေလား မြည်းကြည့်ပေးပါအုံးဒေါ်လေး"
"အေးအေးသား"
ဒေါ်လေးကဟင်းတွေမြည်းကြည့်ပေးပြီး အဆင်ပြေကြောင်းပြောသည်။
အကို့ဖေဖေလဲ အိပ်ယာထပြီမို့ ရေနွေးထည့်သည့် ဓာတ်ဗူးကို အပြင်မှာချပေးထားလိုက်သည်။
လက်ဖက်ရည်ထုပ်လေးတွေတော့ ဒေါ်လေးကထုပ်ပေးသွားသည်။
ဈေးသွားမည်ဟုလဲပြောသွားသည်။
မနိုးသေးသည့် အကိုနဲ့သမီးစီ တစ်ခေါက်လာခဲ့ရသည်။
"အကိုကနိုးနေပြီလား
ကျနော်ကအခုမှနှိုးမလို့"
"နိုးပြီပေါ့ကောင်းကင်ရဲ့
ကိုယ်အိပ်ပုတ်မှမဟုတ်ဘဲ သမီးကိုအိပ်ခိုင်းလိုက်ပါအုံး"
"အကျင့်ပါတယ်အကိုရဲ့
အိမ်မှာလဲသမီးက ဒီအချိန်နှိုးနေကျ
တော်သေးတယ် ကျောင်းမဖွင့်ခင်မို့ မဟုတ်ရင် ဒီအခြေအနေနဲ့
သမီးငယ်ကိုကျောင်းထားဖို့ ဘယ်လိုလုပ်ရမှန်းသိမှာမဟုတ်ဘူး"
ကောင်းကင်က အခြေအနေကို သုံးသပ်ရင်းပြောတော့
ခန့်တည်စိတ်မကောင်းဖြစ်ရသည်။
ခန့်တည်ကြောင့် သမီးနဲ့ကောင်းကင် ကမောက်ကမဖြစ်နေရသည်။
"ဟော အကို မျက်နှာသွားသစ်မယ်လေ"
ကောင်းကင်ကသမီးကိုချီထားရင်း အသံပေးသည်။
"ဘာတွေစိတ်မကောင်းဖြစ်ပြန်တာလဲအကို
ကျနော်က သဘောပြောပြတာပါ သမီးငယ်ကျောင်းထားဖို့ကလဲ ကျောင်းဖွင့်မှ ဖေဖေတို့အိမ်ကနေ ကြယ်စင်ထည့်ရင် အဆင်ပြေတယ်လေ မနက်စောစောစိတ်ညစ်စရာတွေ ခေါင်းထဲမထည့်ရဘူးအကိုရဲ့"
"အင်းပါ မထည့်ပါဘူး
ကိုယ့်ခေါင်းထဲမှာ သမီးနဲ့ကောင်းကင်ပဲထည့်ထားတာ
ဒယ်ဒီမင်းသမီးလေး လာဒယ်ဒီစီ"
သားဖနှစ်ယောက်မျက်နှာသွားသစ်ကြသည်မို့
ကောင်းကင်အိပ်ယာတွေသိမ်းလိုက်သည်။
မနက်စာစားပြီးကြတော့ သမီးနှင့်ဈေးဝယ်ထွက်မည်ဆိုသည့်အကို့ကြောင့် အပြင်သွားဖို့ပြင်လိုက်ရသည်။
အိမ်အတွက်လိုအပ်တာတွေလဲ ဝယ်မည်ဟုစဉ်းစားထားတာကြောင့် အဆင်ပြေသွားသည်။
"အကို ကျနော်တို့ taxiငှားသွားကြမှာလား"
"မြတ်ဘုန်းကိုလာခေါ်ထိုင်းထားတယ်ကောင်းကင်
ခဏနေရောက်တော့မယ်ပြောတယ် သွားရအောင်"
"ဟုတ် အဖေနဲ့ဒေါ်လေး ဘာလိုသေးလဲ မေးလိုက်ပါအုံး
ကျနော်မေးတာထက် အကိုကသားဆိုတော့ ပိုကောင်းတယ်လေ"
"ဟုတ်ပါပြီ ကိုသိတက်လေးရယ်"
ပါးကိုမနာအောင်ဆွဲကာ အကိုကသွားတက်လေးတွေပေါ်သည်အထိပြုံးပြန်သည်။
"အကိုပြုံးရင် ကျနော်ရင်ခုန်တယ်"
မရှက်တမ်းဝန်ခံမိတော့ အကိုကဒုတိယအကြိမ်ပြုံးကာ
ကောင်းကင်ကိုရင်ခွင်ထဲဆွဲသွင်းသည်။
"ဒယ်ဒီကလဲ ဖေဖေ့ကိုပဲ အမြဲတမ်းဖက်နေ
သမီးကိုကျ မဖက်ဘူး"
သမီးငယ်ဟာ မျက်စောင်းလေးဝင့်ကာဖြင့်ပြောတော့
နှစ်ယောက်လုံးရယ်မိကြသည်။
"မယ်စိတ်ကောက်လေးကိုလဲ ဒယ်ဒီကဟော့ဒီလိုပွေ့ချီပါသတဲ့ဗျာ "
သမီးငယ်ကိုစွေ့ခနဲ့ပွေ့ကာ အကိုကအပြင်ထွက်သွားသည်။
ကောင်းကင်လဲ ပိုက်ဆံအိတ်လေးဘောင်းဘီအိတ်ထဲထိုးကာလိုက်လာခဲ့သည်။
"သားတို့ အပြင်သွားကြတော့မလို့လား"
"ဟုတ်ဖေဖေ ဘာမှာအုံးမလဲ
လိုအပ်တာရှိရင် ကျနော်ဝယ်ခဲ့မယ်"
"မလိုပါဘူးသားရယ်
မင်းတို့ပဲအေးအေးဆေးဆေးသွားကြ"
"ဒေါ်လေးရော ဘာလိုသေးလဲ"
"မလိုဘူးသားငယ် သွားကြပါ"
"ဟုတ် ဒါဆို ကျနော်တိ့ုသွားတော့မယ်"
လူကြီးတွေကိုနှုတ်ဆက်ပြီး မနေကလာခဲ့သည့်လမ်းလေးအတိုင်းထွက်လာခဲ့ကြသည်။
"မြတ်ဘုန်းတောင်ရောက်နေပြီ"
"ငါ့သူငယ်ချင်းလေး လမ်းလျှောက်နိုင်သားပဲ"
"လမ်းမလျှောက်နိုင်ရအောင်
ငါကကျိုးနေတဲ့သူမို့လား"
"ဟ ယောကျာ်းရသွားနဲ့ လေသံကပြောင်းပါရောလား"
"မစနဲ့မြတ်ဘုန်း ငါထုထည့်လိုက်မှာနော်
အကိုရှေ့မှာထိုင်လိုက်"
"အင်း မြတ်ဘုန်း မင်းကိုဆေးရုံပိ့ု့ပေးခဲ့မယ်
အဆင်ပြေလား"
"အခုယောက္ခထီးတို့က ကျနော့်ကို မလိုက်နဲ့လို့ပြောတာပေါ့လေ"
"ဟေ့ကောင် မင်းငါ့သမီးကိုနော်
ခယ်မကိုလဲ အလွတ်မပေး သမီးလဲ ဆွဲထားချင်တော့ မလုပ်နဲ့"
အဖေတို့၏သဘာဝအတိုင်း အကိုကသမီးကိုတွန့်တိုပါတော့သည်။
ကောင်းကင်ကတော့ မြတ်ဘုန်းစတက်မှန်းသိသာမို့ စကားလုပ်ပြောမနေတော့။
"ကောင်းကင်ကို ယောက်ဖမတော်တော့ဘူး
ယောက္ခမပဲတော်တော့မှာ ကိုခန့်သဘောတူမယ်မဟုတ်လား"
"တူစရာလား ငါ့သမီးက နုနုထွဋ်ထွဋ်ကလေး
မင်းကအိုတော့မှာ"
"ကျေးဇူးကန်းလိုက်တာဗျာ ဘယ်သူကြောင့် ဒီပေါက်စလေးလူဖြစ်လာတာတုန်း တကယ်ဆို ကျနော်နဲ့ပိုပြီးသက်ဆိုင်တာဗျ"
"အမယ် မင်းမွေးတာမို့လား ငါ့သမီးကို"
"ကဲ တော်ကြပါတော့
မြတ်ဘုန်းကားကိုပဲအာရုံစိုက်မောင်း
ဒီလိုလဲ မင်းဂျူတီနောက်ကျတော့မယ်
အကိုကလဲ လူကြီးဖြစ်ပြီး အနိုင်လုမနေနဲ့"
ဆူပုတ်သွားသည့် မြတ်ဘုန်းကြောင့် အကိုကတခွီးခွီးရယ်သည်။
ကောင်းကင်နဲ့သမီးကတော့ နောက်ခန်းကနေ အေးအေးဆေးဆေးပင်။
မြတ်ဘုန်းသန့်ဆိုတာလဲ ကလေးဆိုး။
ကြယ်စင်နဲ့ဘယ်လိုများ နှစ်ပါးသွားဖို့စိတ်ကူးထားလဲမသိချေ။
အကိုကလဲ လူကြီးဆိုး။
လက်ထပ်တာပဲရက်ပိုင်း ကောင်းကင်အပေါ်ကို ဆိုးတက်နေပြီ။
မြတ်ဘုန်းကိုဆေးရုံပို့ထားခဲ့ပြီး ကုန်တိုက်သို့ ကားယူလာခဲ့ကြသည်။
"အကိုဘာဝယ်ကြမလဲ"
"လိုအပ်တာ အကုန်ဝယ်လေကောင်းကင်ရဲ့
သမီးကိုကိုယ်ခေါ်ထားမယ်"
"ဟုတ် အိမ်အတွက်လိုအပ်တာတွေတော့ဝယ်ရမယ်
ကျနော်ကတော့ ဘာမှမလိုဘူး အကို့အတွက်လဲ နည်းနည်းပါးပါးဝယ်ရအုံးမယ်"
"အင်း ကောင်းကင်သဘော"
ကောင်းကင်ပစ္စည်းထည့်မည့်ခြင်းလေးတစ်ဖက်ဆွဲကာ
ခန့်တည်လက်မောင်းကိုလဲလာချိတ်သည်။
"အကို အသင့်စားဟင်းဗူးလေးတွေ ဝယ်ခဲ့ရအုံးမလား
မနက်ခင်းကျ အလွယ်ရအောင်လေ"
"ကောင်းကင်အဆင်ပြေရင် ယူခဲ့လေ"
"ဟုတ်"
လိုအပ်တွေဝယ်ရင်းနဲ့ ကောင်းကင်ဆွဲထားသည့်ခြင်းကတော်တော်လေးပြည့်လာသည်။
"ကောင်းကင် ခြင်းကိုယ့်ကိုပေး"
"ရတယ်အကို ကျနော်နိုင်ပါတယ်"
"ပေးပါဆို လက်နာကုန်လိမ့်မယ်
ရှေ့ဆို ကလေးပစ္စည်းတွေဘက်ရောက်ပြီ
သမီးကိုချလို့ရတယ်"
"ဟုတ်"
သမီးကိုအောက်ချပြီး လက်ထဲကခြင်းကိုတမ်းယူသည်။
သမီးကအရုပ်တွေစီချက်ချင်းသွားတာမို့ ကောင်းကင်လဲအမြန်လိုက်ရသည်။
ကြည်နူးအကျီ ၤဝယ်နေတုန်း တွေ့လိုက်သည့် လူနှစ်ယောက်ကို သေချာအောင်လိုက်ကြည့်နေမိသည်။
ခန့်တည်နဲ့ကောင်းကင်မှန်းသေချာမှ နောက်ကလိုက်လာခဲ့သည်။
"မောင်လေး"
"အော် မရီး ဈေးဝယ်ထွက်တာလား"
"အင်း နားရက်မို့လေ
ထက်ကောင်းကင်တို့ကို shoppingလိုက်ပို့တာလား"
"ဟုတ်တယ် မရီး သိပြီးသားလားမသိပေမဲ့
ကျနော်ပြောရအုံးမယ်မရီးကို"
"ဘာလဲ မောင်လေး မင်းအကိုအကြောင်းလား"
"မဟုတ်ဘူးမရီး ကျနော်လက်ထပ်လိုက်တဲ့အကြောင်းပါ"
"ဟင် မင်းကလက်ထပ်လိုက်ပြီ ဘယ်သူနဲ့လဲ
အမဖြင့်ဘာမှလဲမကြားမိဘူး"
"ဟုတ် လူသိရှင်ကြားတော့ မလုပ်ရသေးဘူး
အဖွားသဘောတူတဲ့အထိစောင့်နေတုန်းမို့ အခုက လက်မှတ်ထိုးထားယုံပါ တခြားသူနဲ့မဟုတ်ဘူးမရီး
ကောင်းကင်နဲ့ပါ"
"ဘယ်သူ … ထက်ကောင်းကင်နဲ့"
ကောင်းကင်နဲ့သမီးက အရုပ်တွေကြည့်နေကြတာမို့
ခန့်တည်နဲ့မရီးစကားပြောနေတာကို မမြင်သေး။
"ဟုတ်တယ်မရီး……မရီးပြောသလို ကိုယ်သဘောကျတဲ့လူကို လက်လွတ်မခံနိုင်လို့"
"ဘယ်လိုဖြစ်ပြီး…ထက်ကောင်းကင်မှာ ကလေးရှိတာကို
မင်းအကိုက မတားဘူးလား"
"သမီးက ကျနော့်သမီးပါမရီး
ကိုကိုက သဘောတူပါတယ်……ကျနော်က မရီးသိလောက်ပြီထင်နေတာ ကိုကိုနဲ့ထပ်မတွေ့ကြဘူးလား"
"မတွေ့ဘူး ကုမ္မဏီကိုတော့ လာပါတယ်
အမအတွက်အချိန်လိုသေးလို့"
"ဟုတ် ကိုကို့ကို ပြန်စဉ်းစားပေးပါမရီး
ကျနော်တောင်းဆိုပါတယ် ပြီးတော့အိမ်ခွဲနေဖို့ ကိစ္စ အဆင်ပြေမယ်မထင်ဘူးဗျ ဘာလို့လဲဆို အခုအိမ်မှာက အဖွားဘေးနား ကိုကိုပဲရှိတာလေ ကျနော့်ကိုတော့ အဖွားက လက်ခံအုံးမှာမဟုတ်ဘူး အဲ့ဒါကြောင့် မရီးကနားလည်ပေးပါလား ကိုကို့ကိုလေ… ကိုကိုက မရီးကို ချစ်ပါတယ်
မရီးစိတ်တိုင်းကျ ဘာမှလုပ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ အခုကျနော်ကပါ အခုလိုနည်းနည်းကိစ္စလေးပေါ်လာတော့ ကိုကိုက အဖွားနားနေမှဖြစ်တော့မှာ"
ထိုသို့ဆိုတော့လဲ ကြည်နူးစိတ်မကောင်းဖြစ်ရသည်။
အဖွားဒေါ်မိုးမြင့်နိုင်က ဘယ်လောက်အထိမျိုးရိုးကိုတန်ဖိုးထားလဲ ကြည်နူးသိသည်။
ခန့်တည်နဲ့ကောင်းကင်ကိုတော့ ဘယ်လိုမှ လက်ခံမည်မဟုတ်။
မိသာစုသုံးယောက်မှာ တစ်ယောက်မရှိတော့ ကျန်သည့်သူကပဲ ဒေါ်မိုးမြင့်နိုင်ကို ဂရုစိုက်ရတော့မည်။
အဲ့ဒါကလဲ သေချာပေါက် ကိုမင်းဖြစ်နေပါရောလား။
"အယ် မမကြည်နူး"
"အဟင်း ကောင်းကင်
သမီးလေးလဲပါတာကို သားဖတွေ လူစုံသွားတော့ ပျော်နေကြတာပေါ့"
"ဟုတ် မမကြည်နူး"
ကောင်းကင်မဝံ့မရဲဖြစ်နေမိသည်။
"ဂုဏ်ပြုပါတယ် ကောင်းကင်လေး
ပျော်ရွှင်စရာမိသားစုလေးပြန်ဆုံကြတာဝမ်းသာပါတယ်"
"အာ ဟုတ်မမ …… မမရော သူဋ္ဌေးကို
တကယ်သံယောဇဉ်ဖြတ်တော့မှာလားဗျ"
"ကွာရှင်းထားပြီပဲကောင်းကင်ရယ်
ဘာဆက်လုပ်စရာလိုသေးလို့လဲ
ကဲ မိသားစုလျှောက်လည်ကြအုံး မမတော့ လာတာကြာပြီမို့ ပြန်တော့မယ်"
" ဟုတ်ကဲ့ဗျ "
"ငါ့မောင် မမသွားပြီ"
"ဟုတ်မရီး"
မမကြည်နူးပြန်သွားမှ ကောင်းကင်လဲ အကို့နားကပ်လာခဲ့သည်။
"အကို သူဋ္ဌေးသနားပါတယ်နော်
မမကြည်နူးက တကယ်ပြန်မဆက်တော့ဘူးထင်တယ်"
"စိတ်မပူပါနဲ့ သူတို့ပြန်အဆင်ပြေကြမှာပါ
မရီးက မိန်းကလေးပါ ထင်သလောက် စိတ်မမာပါဘူး
တစ်ခုခုစားရအောင်လေ လမ်းလျှောက်ရတာဗိုက်ဆာနေရောပေါ့"
"ဟုတ် ကြက်ဆီထမင်းစားရအောင်အကို
ကျနော်မစားဖြစ်တာကြာပြီမို့"
"ကောင်းကင်သဘော ဝိတ်တက်လာရင်တော့
ဗိုက်ထွက်တော့မှာပဲ"
"ဘယ်လောက်စားစား ကျနော်ကဝိတ်မတက်ဘူးဗျ
သမီးငယ် လာဖေဖေ့စီ ဗိုက်ဆာနေပြီလား"
"ဟုတ် ဒယ်ဒီသမီးကရေခဲ့မုန့်စားမှာ
ဖေဖေစားတဲ့ဟာမစားဘူး"
"အင်းပါသမီးစားချင်တာကျွေးမှာပေါ့"
ပစ္စည်းတွေ အပ်ထားပြီး နေ့လည်စာစားရန် အဆင်ပြေမည့်ဆိုင်ရွေးကာဝင်ခဲ့ကြသည်။
……………………………………
T.B.C
(AN/တိုသွားတယ် မီယမ်းနဲ နောက်ရက်ရှည်ပေးပါ့မယ်🙃 အဟမ်း)
#HoneyChan