Unicode
အချိန်တွေက လတွေပြောင်း၊နှစ်တွေ
ပြောင်းခဲ့လို့ နှစ်နှစ်ကြာကာလ တစ်ခုကို
ရောက်ခဲ့ပြီ။
အင်္ကျီလက်ကိုခေါက်တင်ရင်းနဲ့ အတိတ်
အချိန်တွေကို ပြန်တွေးတောမိတော့
မောင့်မျက်နှာမှာ အပြုံးတွေဟာလည်း
ဝေဝေဆာဆာ။ကိုကိုနဲ့ခွဲနေရတာလည်း
နှစ်နှစ်ဆိုတဲ့ ကာလတစ်ခုပြည့်ခါနီးပြီ။
တာဝန်ကျတဲ့နယ်မြို့လေး တစ်မြို့မှာ
တာဝန်ထမ်းဆောင်နေတဲ့ ကိုကို့ဆီ
မောင် တစ်လတစ်ခါသွားပေမဲ့ အရင်လို
အတူမှ ရှိမနေနိုင်တာ။လေလှိုင်းကနေ
တစ်ဆင့် ဆက်သွယ်ရခြင်းက မျက်နှာ
ချင်းဆိုင်တွေ့ပြီးစကားပြောရတာမှ
မဟုတ်ဘဲ။ဘယ်လိုလုပ်အလွမ်းတွေ
ပြေနိုင်မှာလဲ။အသံလေးကြားရရင်တောင်
အလွမ်းပြေမယ်ပေါ့။တကယ်တော့
အလွမ်းတွေမပြေတဲ့အပြင် အလွမ်းတွေက
တိုးသထက်တိုးလာခဲ့ရတာပါပဲ။
"တစ်သက်လုံး အနားမှာခေါ်ထားတော့မှာ"
ကတ္တီပါသားနှင့်လုပ်ထားသည့် ဘူးအဖြူ
ကိုကြည့်ရင်း မောင်ပြောနေတာဖြစ်သည်။
နာရီကိုတစ်ချက်ကြည့်တော့ ကားဂိတ်ကို
သွားသင့်နေပြီ။ခရီးပန်းလာတဲ့ကိုကို့ကို
အဆင်သင့် ကြိုဆိုပြီးစောင့်နေပေးချင်တာ။
'ဒေါက်..ဒေါက်'
"ငါပြီးပြီ နေရှင်း..ဝင်လာခဲ့လေ"
တံခါးကိုကျောပေးကာရပ်နေရင်း အင်္ကျီကို
သေချာပြင်ရသည်။လှည့်ကြည့်ဖြစ်တော့
နှလုံးများ ရပ်သလား။ဒါမှမဟုတ် အပျော်များ
လွန်သလား။ဝဲဘက်ရင်အုံက လှုပ်ခတ်လာ
တော့မှမောင့်မှာ ဟာခနဲ ပြုံးလည်းပြုံး၊
ရယ်လည်းရယ်သည်။
"နေရှင်း ခေတ်ခေတ်ရောလိုက်.."
"surprise!"
အံ့ဩသွားတဲ့ မောင့်ကိုကြည့်ရင်း ခရီးမှာ
ပင်ပန်းလာခဲ့ရသမျှတွေက ပျောက်သည်။
ဒီလူသားက ငါ့အတွက်အရာရာပဲ။
"ကိုကို..ကိုကိုက ဘယ်လိုဖြစ်လို့"
"မောင့်ကို အံ့ဩသွားအောင် လုပ်ချင်လို့လေ"
ပါးချိုင့်တွေပေါ်အောင် ပြုံးတော့ မူပိုင်
သွားတက်လေးလည်းပေါ်သည်။
ရင်ခွင်ထဲ ဆွဲဖက်ထားပစ်တော့ အလွမ်းတွေ
တပွေ့တပိုက်ကိုလည်း ဖြေလျှော့ရသည်။
ဒီလို မဖက်ရတာ သုံးလရှိပြီ။အလုပ်တွေ
ရှုပ်နေလို့ ကိုကို့ဆီသွားဖို့ အဆင်မပြေခဲ့တာ
သုံးလတောင်။
"မောင်တို့ ထပ်မခွဲတော့ဘူး"
"အင်း မောင်နဲ့မခွဲတော့ဘူး။
မောင့်ဆီကို ကိုကိုပြန်လာတာ"
မောင့်ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်
မိတော့ ဘယ်လောက်တောင် လွမ်းနေခဲ့ရ
သလဲ။မောင့်ကိုယ်သင်းနံ့တွေကိုလည်း
လွမ်းနေခဲ့ရတာပဲ။မောင့်ရင်ခွင်ကိုလည်း
တမ်းတမိခဲ့တာပဲ။နှစ်ယောက်သား ခေါင်းချင်း
ဆိုင်တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းတွေ
ကို မလွတ်တမ်းကြည့်မိတော့ ရင်ခုန်သံတွေ
ဟာလည်း မပြောင်းလဲပါ။တဖြည်းဖြည်းနဲ့
နှုတ်ခမ်းတွေကလည်း နီးကပ်လာသည်။
"ချစ်တယ်"
တိုက်ဆိုင်စွာ ဖွင့်ဟမိတာ ချစ်တယ်ဆိုတဲ့
စကား။နူးညံ့မှုတွေနဲ့ အနမ်းယာဉ်ကြောမှာ
ရုန်းမထွက်နိုင်ကြ။တစ်စတစ်စနဲ့အသက်ရှူသံ
တွေပြင်းပြလာတော့မှ ရပ်စဲမိကြတဲ့ အခိုက်
အတန့်။တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်ရင်း ရှက်ရှက်နဲ့ ရယ်မိခဲ့ကြတဲ့ ဖြစ်ရပ်။
"ကိုသု..ကိုသုရောက်နေပြီဆို"
ကိုကို့ဆီပြေးလာတဲ့ ခေတ်ခေတ်က စကား
တွေလည်း တပြောပြော။ကိုကို့ကို ဖက်ဖို့
ပြေးလာတဲ့ ခေတ်ခေတ်မှာ မဖက်လိုက်ရဘဲ
ကြမ်းပြန်ပေါ် ဘုတ်ခနဲ မှောက်ရပ်သားလေး
လဲကျရှာသည်။တရားခံကတော့ သော်ယံမောင်။
ကိုကို့ကို အဖက်မှမခံစေချင်တာ။
"အား! သေပါပြီ။အစ်ကိုနေရှင်းရေ ကယ်..
ကယ်ပါဦး!! ခေတ်ခေတ်နာသွားပြီ။ဦးလေး သော်ယံမောင် လုပ်လိုက်တာ"
"ကလေးလေး ဟာ..ဘယ်လိုဖြစ်တာတုန်း"
နေရှင်းက အပြေးအလွှားရောက်ချလာပြီး
ခေတ်ခေတ်ကို ထူပေးရှာသည်။
ဒါတင်မကသေး ဘယ်နားထိသွားသေး
သလဲဆိုပြီး သူ့မှာပျာပျာသလဲလည်း
ကြည့်ရှာသေးသည်။ခေတ်ခေတ်ကတော့
နာသွားတဲ့ ရင်ဘတ်ကိုဖိရင်း နေရှင်းကို
မျက်နှာလေးလည်း မဲ့ပြကာချွဲသည်။
"မင်းဟာလေးက ဘာမှမဖြစ်ဘူး။
ကြမ်းပြင်ပေါ်ကျသွားတာ ဆူးခင်းပေါ်ကျ
သွားတာမှ မဟုတ်ဘဲ။နှစ်ယောက်လုံး
အမြင်ကတ်စရာတွေ"
"မောင်..မင်းအခုထိ ခေတ်ခေတ်နဲ့မတည့်
သေးဘူးလား"
"ကိုသုရဲ့ မောင်မင်းကြီးသားကလေ
ခေတ်ခေတ်ကိုဆို သိပ်အနိုင်ကျင့်တာ၊
အခုပဲကြည့်လေ..ခေတ်ခေတ်က ကိုသုကို
ပြေးဖက်ဖို့ကို လုပ်လိုက်တာပဲကြည့်"
"သော်ယံ ငါ့ကလေးကို မနှိပ်စက်ပါနဲ့ကွာ။
ကလေးက ငယ်ငယ်လေးပဲရှိသေးတာကို။
လာလာ ကလေးလေး ကိုယ်တို့ အောက်ထပ်
မှာ သွားနေကြရအောင်၊သူတို့ဘာသာ
အလွမ်းသယ်ပါစေ"
မောင့်ကိုပြောရင်း ခေတ်ခေတ်ကိုလည်း
ခေါ်သွားရှာသည်။မောင်ကတော့ မျက်နှာ
ပြောင်စပ်စပ်နှင့်ပင်။
"သူ့ကလေးက ၁၈နှစ်ပဲပြည့်ပြီးနေပြီ။
ဒါတောင် ကလေးတဲ့ အံ့ဩစရာ"
"မောင်ရာ..မင်းကလည်း ကလေးကို
ခြေထိုးခံစရာလား။မင်းတို့နှစ်ယောက်
လည်း တည့်မှာကို မဟုတ်တော့ဘူး"
"ကိုကိုပင်ပန်းလာတာ နားလိုက်ဦး။
ညနေကျရင် မောင်ခေါ်သွားစရာနေရာရှိတယ်"
လူကိုအတင်းပွေ့ချီကာ အိပ်ရာပေါ်သို့
တင်သည်။မောင့်လက်မောင်းပေါ် ခေါင်းအုံး
ရင်း မောင့်ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ကာ
အိပ်စက်စေသည်။နွေ၊မိုး၊ဆောင်း ဥတုသုံးပါး
လုံးမှာ ငါ့အတွက်အမြဲတမ်းနွေးထွေးနေပေး
တာက သော်ယံမောင်ဆိုတဲ့လူသား။
"ကိုကို"
"ဟင်"
မျက်လုံးတွေမှိတ်ထားလျက် ကိုကိုက
ပြန်ထူးလာသည်။အနည်းငယ်ညိုနေတဲ့
မျက်ကွင်းနဲ့ချောင်ကျသွားတဲ့ မျက်နှာလေး
က မောင့်ရင်ကို ဆူးစေသည်။သူကတော့
သူလုပ်ချင်တဲ့အလုပ်မို့ ပျော်ပေမဲ့ မောင်
ကတော့ မပျော်နိုင်ပါ။အရင်က နှစ်ရက်၊
သုံးရက်လောက်ခွဲခဲ့ရတာကို တစ်သက်
လောက်ကြာတယ်ထင်ခဲ့မိတာ။
အခုမှ တစ်ကမ္ဘာလောက်ခြားသလိုမျိုး
လွမ်းခဲ့ရတာပဲ။
"တော်တော်လေး ပင်ပန်းနေလား။
မောင် ဘာလုပ်ပေးရမလဲ"
"ဟင့်အင်း ဒီလိုလေး ငါ့ကိုဖက်ထားပေး။
ငါအိပ်ချင်လို့။ပြီးတော့ ခေါင်းကိုပုတ်ပေး"
ရင်ခွင်ထဲ ငြိမ်ကျသွားတဲ့ မောင့်ကောင်လေး
အိပ်မပျော်ခင် ပြောသွားတဲ့စကား။
"ငါက မောင့်အပိုင်၊မောင်က ငါ့အပိုင်"
ပြတင်းပေါက်မှ တိုးဝင်လာသည့် လေထုက
ဒီနေ့မှ ပိုအေးမြနေခဲ့သလား။ပြတင်းပေါက်
ဘောင်တန်းမှာ လာနားနေတဲ့ စာကလေးဌက်
တွေက အလိုက်တသိ အသံတွေလည်းတိတ်လို့။
နွေရာသီတစ်ခုက သာမာန်ဆို ပူလွန်းနေမှာ
မှန်ပေမဲ့လို့ ကိုကိုနဲ့မို့ အေးမြမြလည်း
ရှိသည်။
*************
"မောင် ဘာလို့ငါ့မျက်လုံးကို ပဝါနဲ့စည်းပြီး
ခေါ်လာတာလဲ"
"ရောက်ရင်သိမှာပေါ့ ကိုကိုရဲ့"
နေရှင်းနဲ့ခေတ်ခေတ်က ကားအရှေ့ခန်းမှာ
ဖြစ်ပြီး မောင်နဲ့ကိုကိုက ကားအနောက်ခန်းမှာ
ဖြစ်သည်။ကိုကို့ ပုခုံးကိုဖက်ထားရင်း
လက်ကိုလည်း ဆုပ်ကိုင်ထားမိနဲ့ ညနေခင်း
တစ်ခုက သာမာန်ညနေခင်းတွေထက်
ရင်ခုန်စရာလည်း ကောင်းသည်။
ခေါ်သွားစရာ နေရာရှိတယ်ပြောပြီး လူကို
မျက်လုံးပိတ်ခေါ်လာတာတောင် မေးတော့
လည်း ရောက်ရင်သိမှာပေါ့တဲ့။
"သော်ယံမောင် ဘာတွေအံ့ဩအောင်
လုပ်ဦးမလို့လဲ"
ပါးပြင်ပေါ်မှာ နွေးခနဲ။မောင်က မဖြေချင်
လို့ ဒါတမင်ရှောင်ထွက်တာ။
"အစ်ကိုနေရှင်း အဲ့အရှေ့က မြင်နေရတဲ့
နေရာကြီးလား"
"ဟုတ်တာပေါ့ ခေတ်ခေတ်ရဲ့"
ခေတ်ခေတ်ဆီမှ 'ဝိုး၊ဝါး'နဲ့အံ့ဩသံတွေက
ထွက်လာတော့ လူမှာမနေနိုင်။သိလိုစိတ်က
ပြင်းပြလာတော့ စိတ်မှာ မရိုးမရွလည်း
ဖြစ်သည်။သိပ်တော့မကြာလိုက် ကားရပ်
သွားပြီး မောင်က ကားပေါ်မှတွဲကာ ကူဆင်း
ပေးသည်။ကားပေါ်မှဆင်းဆင်းချင်း
ပိတောက်ပန်း အနံ့သင်းသင်းတို့က အနံ့အာရုံ
ထဲသို့ တိုးဝင်လာသည်။
"ဒီမှာရပ်လိုက်လို့ရပြီ ကိုကို"
မောင့်စကားသံအဆုံး မျက်လုံးကို
အုပ်စည်းထားသည့် ပဝါကိုလည်း
ဖယ်ခွာပေးလာသည်။မျက်မှန်ကိုလည်း
ပြန်တပ်ပေးလာတော့ အမြင်အာရုံက
ရှင်းရှင်းလင်းလင်းဖြစ်သည်။
ပထမဆုံးမြင်ရတဲ့မြင်ကွင်း ဒါဟာ
သုံးနှစ်လောက်လွမ်းဆွတ်ခဲ့ရတဲ့ နေရာမှာ
တဲ့လေ။မိဘတွေနဲ့နေခဲ့တဲ့ ဒီခြံကြီးထဲ
မောင်ကခေါ်လာခဲ့တာပဲ။ပိတောက်ပန်းတွေက
အရင်လို တစ်ပင်လုံး ဝါထိန်အောင်ပွင့်နေဆဲ
လည်း ဖြစ်သည်။မြေပေါ်မှာလည်း ပိတောက်
ပန်းတွေက ကြွေကျကာ ပန်းချီကား
တစ်ချပ်လိုပင်။
"မောင် ဒီခြံထဲ ဘယ်လိုလုပ်.."
မောင့်ဘက်သို့ လှည့်ကြည့်ကာ မေးမိတော့
မောင်က မြေပေါ်၌ ဒူးတစ်ဖက်ထောက်
ထိုင်သည်။ပြီးနောက် ဘူးအဖြူကိုလည်း
ကိုင်ထားမြဲဖြစ်သည်။အမြဲ သော်ယံမောင်
ဆိုတဲ့ကောင်လေးက လူကိုအံ့ဩရအောင်
လုပ်ဆောင်တတ်သည်။မောင့်ဘက်က
လက်ထပ်ခွင့်တောင်းလာတော့မယ်မှန်း
သိတော့ ဒီလူရင်မှာ ဝမ်းပန်းတသာ၊
နွေးနွေးထွေးထွေးလည်း ခံစားလာရသည်။
"မောင့်ကို လက်ထပ်ခွင့်ပေးနိုင်မလားကိုကို။
မောင်တို့တွေ ဒီနိုင်ငံမှာတရားဝင် လက်ထပ်
လို့ မရနိုင်ပေမဲ့ မောင့်ကိုလက်ထပ်ခွင့်ပေးပါ။
မငိုပါနဲ့။ပျော်လို့ကျတဲ့ မျက်ရည်တွေဆိုတာ
သိပေမဲ့ မောင့်နှလုံးသားက မခံစားနိုင်လို့။
မငိုပါနဲ့ ..မောင့်ကိုလက်ထပ်ပေးနိုင်မလား"
"အင်း မောင်နဲ့လက်ထပ်မယ်"
ခေါင်းတသွင်သွင်ညိတ်ကာ အဖြေပေးလာ
တော့ ပွေ့ဖက်ထားမိတာလည်း နူးနူးညံ့ညံ့။
ပိတောက်တွေက ကြွေကျလာတော့
ကောင်းချီးများပေးသလား။ကိုကို့ ဆံပင်သား
တွေပေါ်မှ ပိတောက်တွေကို ဖယ်ပေးရင်း
ဖိကပ်နမ်းမိတော့လည်း မြတ်မြတ်နိုးနိုး။
ပိတောက်တွေနဲ့ ဒီလက်ထပ်ခွင့်က ထပ်တူကျ
လှပနေခဲ့တာမျိုးပဲ ဖြစ်မယ်။
"ရေး..ဒါမှ ခေတ်ခေတ်မုန့်စားရတော့မှာကွ"
"ကလေးလေး လက်တွေနာကုန်မယ်"
အသံစာစာလေးနဲ့ ခေတ်ခေတ်က လက်ခုပ်
တီးတော့ ပျော်နေမှန်းလည်း သိသာသည်။
ဒီကလေးလေးက တကယ့်ကိုအဖြူထည်
လေး။ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်
တွေကို အပြန်အလှန်ဝတ်ပေးပြီးကြတော့
တိုးတိုက်လာတဲ့ လေတွေနဲ့အတူ ပိတောက်
တွေလည်း ထပ်ကြွေကျသည်။
ပိတောက်တွေ လှိုင်လှိုင်ပွင့်နေတဲ့ ဒီနွေဦးဟာ
မေ့မရတဲ့ အမှတ်တရတစ်ခုပင် ဖြစ်မည်..။
"မောင်အပါအဝင် ဒီအိမ်၊ဒီခြံကြီးက
ကိုကို့အပိုင်ဖြစ်သွားပြီ"
"မောင် တကယ်..တကယ်ပဲ..။မောင့်ကို
ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်နော်"
စကားတို့က ထပ်ထွက်မလာတော့။
မိဘတွေရဲ့အငွေ့သက်တွေရှိနေတဲ့ ဒီခြံ၊ဒီအိမ်
ကြီးထဲကို မောင်က ပြန်ခေါ်လာပေးနိုင်ခဲ့တာပဲ။
"မောင့်ကို ကျေးဇူးမတင်ပါနဲ့။အဲဒီအစား
မောင့်ကို ပိုချစ်ပေးပါ။ကိုကို့ကို ချစ်တယ်
ဆိုတာထက်ပိုပြီး မြတ်နိုးတယ်ဆိုတာတွေ
ထက်လည်း ပိုပါတယ်"
"ငါလည်း မောင့်ကိုချစ်တယ်။မောင့်ကို
ကိုကို ချစ်တယ်နော်"
မောင်ကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ ရလဒ်တွေက
နောက်ဆုံးတော့ ကိုကို့အတွက် ဒီခြံနဲ့ဒီအိမ်ကို
အပိုင်ဖြစ်အောင်လည်း လုပ်ပေးနိုင်ခဲ့ပြီ။
ကြွေကျလာတဲ့ ပိတောက်ပန်းတွေက ကြဲချ
ပေးလိုက်သလိုမျိုးပင်။ညနေခင်း လေညင်း
တွေ တိုက်ခတ်တော့ ဝါဝါထိန်ထိန် ပိတောက်
ပန်းတွေကလည်း မြိုင်ဆိုင်စွာ အပင်ထက်မှ
လေထဲသို့ ပျံ့လွင့်သည်။တုမရတဲ့ပန်းချီကား
တစ်ချပ်နှယ် ဒီကောင်လေးတွေဟာလည်း
ပိတောက်ပန်းတွေကြား ကြည်နူးစရာ။
ကင်မရာတစ်လုံးနဲ့တစ်ဖျပ်ဖျပ် ဓာတ်ပုံတွေ
ရိုက်ပြီး နေရှင်းက မှတ်တမ်းတင်ပေးသည်။
ခေတ်ခေတ်ကတော့ မျက်လုံးမှိတ်ပြီး
ပိတောက်ရနံ့ကို ခံစားရင်း နွေရာသီအငွေ့
အသက်ကို အသေအချာခံစားနေတာဖြစ်သည်။
"ထာဝရအတွက် ချစ်တယ်"
"ကိုယ်လည်း မင်းခေတ်သွန်းဆိုတဲ့
ကောင်လေးကို ထာဝရထက်ပိုပြီးချစ်တယ်"
စကားတို့ဆိုပြီးသည့်နောက် ခေတ်ခေတ်
နဖူးသို့ မြတ်မြတ်နိုးနိုး အနမ်းခြွေမိတာလည်း
ဖြစ်သည်။
မောင်က မျက်ဝန်းညိုညိုတွေကို
ငေးစိုက်ကြည့်ပြီး၊ကိုကိုက မျက်ဝန်းနက်နက်
တွေကို စူးစိုက်ကြည့်သည်။ပြိုင်တူဆိုမိကြတဲ့ စကားတွေဟာမေတ္တာမှတစ်ဆင့် ပေါက်ဖွား
လာတာမျိုးပါ။
"ခွဲခွာခြင်းက သေသောအခါမှသာ ဖြစ်လိမ့်မယ်"
နှလုံးသားမှာ ချစ်သူနာမည်ကိုလည်း
ကမ္ပည်းထိုးပါတယ်။ဒီခြံကနေ အစပြုခဲ့ပြီး
ဒီခြံထဲမှာပဲ ပျော်ရွှင်ကြည်နူးမှုတို့နဲ့ အဆုံးသတ်
မဟုတ်တဲ့အဆုံးသတ်ကို ဆင်နွှဲခဲ့ဖူးပြီပဲ။
ဆုံးရှုံးမှုတွေကြုံပြီးသည့်နောက် သော်ယံမောင်
ဆိုတဲ့ ဒီလူသားနဲ့ ဆုံစည်းခွင့်လည်းရတော့
ဒါဟာ ဆုလာဘ်တစ်ပါးပေါ့။
"မောင်ကငါ့အပိုင်"လို့ရေရွတ်မိတိုင်း၊
တွေးမိတိုင်း၊သတိရမိတိုင်းမှာ ဝဲဘက်ရင်အုံ
က နွေးခနဲပင် ဖြစ်သည်။
စာဖွဲ့မိတဲ့အခါ"ချစ်ရပါသောမောင်"ပေါ့။
_____________ပြီးပါပြီ____________
(2.10.2020)Lily_Han🍀
ဇာတ်လမ်းတစ်ပုဒ်ကို သုံးလပြည့်ခါ
နီးမှာ အဆုံးသတ်ခဲ့ပါပြီ။Extraတွေလည်း
လာဦးမှာမို့လို့ စောင့်နေပေးကြပါဦး။
ခရီးလမ်းအစကနေ အဆုံးထိလိုက်ပါပေးခဲ့
ကြတဲ့စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။
ဒီဇာတ်လမ်းကိုဖတ်ပြီး ခံစားမိတဲ့ ခံစားချက်
လေးတွေကိုလည်း ပြောပြပေးခဲ့ စေချင်
ပါတယ်။
ချစ်ခြင်းများစွာဖြင့် လီလီဟန်။
Zawgyi
အခ်ိန္ေတြက လေတြေျပာင္း၊ႏွစ္ေတြ
ေျပာင္းခဲ့လို႔ ႏွစ္ႏွစ္ၾကာကာလ
တစ္ခုကို ေရာက္ခဲ့ၿပီ။
အကၤ်ီလက္ကိုေခါက္တင္ရင္းနဲ႔ အတိတ္
အခ်ိန္ေတြကို ျပန္ေတြးေတာမိေတာ့
ေမာင့္မ်က္ႏွာမွာ အျပဳံးေတြဟာလည္း
ေဝေဝဆာဆာ။ကိုကိုနဲ႔ခြဲေနရတာလည္း
ႏွစ္ႏွစ္ဆိုတဲ့ ကာလတစ္ခုျပည့္ခါနီးၿပီ။
တာဝန္က်တဲ့နယ္ၿမိဳ႕ေလး တစ္ၿမိဳ႕မွာ
တာဝန္ထမ္းေဆာင္ေနတဲ့ ကိုကို႔ဆီ
ေမာင္ တစ္လတစ္ခါသြားေပမဲ့ အရင္လို
အတူမွ ရွိမေနနိုင္တာ။ေလလွိုင္းကေန
တစ္ဆင့္ ဆက္သြယ္ရျခင္းက မ်က္ႏွာ
ခ်င္းဆိုင္ေတြ႕ၿပီးစကားေျပာရတာမွ
မဟုတ္ဘဲ။ဘယ္လိုလုပ္အလြမ္းေတြ
ေျပနိုင္မွာလဲ။အသံေလးၾကားရရင္
ေတာင္ အလြမ္းေျပမယ္ေပါ့။
တကယ္ေတာ့အလြမ္းေတြမေျပတဲ့အျပင္ အလြမ္းေတြကတိုးသထက္တိုးလာခဲ့ရတာပါပဲ။
"တစ္သက္လုံး အနားမွာေခၚထားေတာ့မွာ"
ကတၱီပါသားႏွင့္လုပ္ထားသည့္ ဘူးအျဖဴ
ကိုၾကည့္ရင္း ေမာင္ေျပာေနတာ
ျဖစ္သည္။နာရီကိုတစ္ခ်က္ၾကည့္ေတာ့ ကားဂိတ္
ကို သြားသင့္ေနၿပီ။ခရီးပန္းလာတဲ့ကိုကို႔
ကို အဆင္သင့္ ႀကိဳဆိုၿပီးေစာင့္ေနေပးခ်င္တာ။
'ေဒါက္..ေဒါက္'
"ငါၿပီးၿပီ ေနရွင္း..ဝင္လာခဲ့ေလ"
တံခါးကိုေက်ာေပးကာရပ္ေနရင္း
အကၤ်ီကိုေသခ်ာျပင္ရသည္။
လွည့္ၾကည့္ျဖစ္ေတာ့
ႏွလုံးမ်ား ရပ္သလား။ဒါမွမဟုတ္ အေပ်ာ္မ်ား
လြန္သလား။ဝဲဘက္ရင္အုံက လွုပ္ခတ္လာ
ေတာ့မွေမာင့္မွာ ဟာခနဲ ျပဳံးလည္းျပဳံး၊
ရယ္လည္းရယ္သည္။
"ေနရွင္း ေခတ္ေခတ္ေရာလိုက္.."
"surprise!"
အံ့ဩသြားတဲ့ ေမာင့္ကိုၾကည့္ရင္း
ခရီးမွာပင္ပန္းလာခဲ့ရသမၽွေတြက ေပ်ာက္သည္။
ဒီလူသားက ငါ့အတြက္အရာရာပဲ။
"ကိုကို..ကိုကိုက ဘယ္လိုျဖစ္လို႔"
"ေမာင့္ကို အံ့ဩသြားေအာင္ လုပ္ခ်င္လို႔ေလ"
ပါးခ်ိဳင့္ေတြေပၚေအာင္ ျပဳံးေတာ့ မူပိုင္
သြားတက္ေလးလည္းေပၚသည္။
ရင္ခြင္ထဲ ဆြဲဖက္ထားပစ္ေတာ့ အလြမ္းေတြ
တေပြ႕တပိုက္ကိုလည္း ေျဖေလၽွာ့ရသည္။
ဒီလို မဖက္ရတာ သုံးလရွိၿပီ။အလုပ္ေတြ
ရွုပ္ေနလို႔ ကိုကို႔ဆီသြားဖို႔ အဆင္မေျပ
ခဲ့တာ သုံးလေတာင္။
"ေမာင္တို႔ ထပ္မခြဲေတာ့ဘူး"
"အင္း ေမာင္နဲ႔မခြဲေတာ့ဘူး။
ေမာင့္ဆီကို ကိုကိုျပန္လာတာ"
ေမာင့္ခါးကို တင္းတင္းက်ပ္က်ပ္ဖက္တြယ္
မိေတာ့ ဘယ္ေလာက္ေတာင္ လြမ္းေန
ခဲ့ရသလဲ။ေမာင့္ကိုယ္သင္းနံ႔ေတြကိုလည္း
လြမ္းေနခဲ့ရတာပဲ။ေမာင့္ရင္ခြင္ကိုလည္း
တမ္းတမိခဲ့တာပဲ။ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ဝန္း
ေတြကို မလြတ္တမ္းၾကည့္မိေတာ့
ရင္ခုန္သံေတြဟာလည္း မေျပာင္းလဲပါ။
တျဖည္းျဖည္းနဲ႔
ႏွုတ္ခမ္းေတြကလည္း နီးကပ္လာသည္။
"ခ်စ္တယ္"
တိုက္ဆိုင္စြာ ဖြင့္ဟမိတာ ခ်စ္တယ္ဆိုတဲ့
စကား။ႏူးညံ့မွုေတြနဲ႔ အနမ္းယာဥ္
ေၾကာမွာ ႐ုန္းမထြက္နိုင္ၾက။တစ္စတစ္စနဲ႔
အသက္ရွူသံေတြျပင္းျပလာေတာ့မွ
ရပ္စဲမိၾကတဲ့ အခိုက္အတန႔္။
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္
ၾကည့္ရင္း ရွက္ရွက္နဲ႔ ရယ္မိခဲ့ၾကတဲ့ ျဖစ္ရပ္။
"ကိုသု..ကိုသုေရာက္ေနၿပီဆို"
ကိုကို႔ဆီေျပးလာတဲ့ ေခတ္ေခတ္က
စကားေတြလည္း တေျပာေျပာ။
ကိုကို႔ကို ဖက္ဖို႔
ေျပးလာတဲ့ ေခတ္ေခတ္မွာ မဖက္လိုက္ရဘဲ
ၾကမ္းျပန္ေပၚ ဘုတ္ခနဲ ေမွာက္ရပ္သား
ေလးလဲက်ရွာသည္။တရားခံကေတာ့ ေသာ္ယံေမာင္။ကိုကို႔ကို အဖက္မွမခံေစခ်င္တာ။
"အား! ေသပါၿပီ။အစ္ကိုေနရွင္းေရ
ကယ္..ကယ္ပါဦး!! ေခတ္ေခတ္နာသြားၿပီ။
ဦးေလး ေသာ္ယံေမာင္ လုပ္လိုက္တာ"
"ကေလးေလး ဟာ..ဘယ္လိုျဖစ္တာတုန္း"
ေနရွင္းက အေျပးအလႊားေရာက္ခ်
လာၿပီးေခတ္ေခတ္ကို ထူေပးရွာသည္။
ဒါတင္မကေသး ဘယ္နားထိသြားေသး
သလဲဆိုၿပီး သူ႔မွာပ်ာပ်ာသလဲလည္း
ၾကည့္ရွာေသးသည္။ေခတ္ေခတ္ကေတာ့
နာသြားတဲ့ ရင္ဘတ္ကိုဖိရင္း ေနရွင္းကို
မ်က္ႏွာေလးလည္း မဲ့ျပကာခၽြဲသည္။
"မင္းဟာေလးက ဘာမွမျဖစ္ဘူး။
ၾကမ္းျပင္ေပၚက်သြားတာ
ဆူးခင္းေပၚက်သြားတာမွ
မဟုတ္ဘဲ။ႏွစ္ေယာက္လုံး အျမင္ကတ္စရာေတြ"
"ေမာင္..မင္းအခုထိ ေခတ္ေခတ္နဲ႔
မတည့္ေသးဘူးလား"
"ကိုသုရဲ့ ေမာင္မင္းႀကီးသားကေလ
ေခတ္ေခတ္ကိုဆို သိပ္အနိုင္က်င့္တာ၊
အခုပဲၾကည့္ေလ..ေခတ္ေခတ္က ကိုသုကို
ေျပးဖက္ဖို႔ကို လုပ္လိုက္တာပဲၾကည့္"
"ေသာ္ယံ ငါ့ကေလးကို မႏွိပ္စက္ပါနဲ႔ကြာ။
ကေလးက ငယ္ငယ္ေလးပဲရွိေသးတာကို။
လာလာ ကေလးေလး ကိုယ္တို႔ ေအာက္ထပ္
မွာ သြားေနၾကရေအာင္၊သူတို႔ဘာသာ
အလြမ္းသယ္ပါေစ"
ေမာင့္ကိုေျပာရင္း ေခတ္ေခတ္ကိုလည္း
ေခၚသြားရွာသည္။ေမာင္ကေတာ့ မ်က္ႏွာ
ေျပာင္စပ္စပ္ႏွင့္ပင္။
"သူ႔ကေလးက ၁၈ႏွစ္ပဲျပည့္ၿပီးေနၿပီ။
ဒါေတာင္ ကေလးတဲ့ အံ့ဩစရာ"
"ေမာင္ရာ..မင္းကလည္း ကေလးကို
ေျခထိုးခံစရာလား။မင္းတို႔ႏွစ္ေယာက္
လည္း တည့္မွာကို မဟုတ္ေတာ့ဘူး"
"ကိုကိုပင္ပန္းလာတာ နားလိုက္ဦး။
ညေနက်ရင္ ေမာင္ေခၚသြားစရာေနရာရွိတယ္"
လူကိုအတင္းေပြ႕ခ်ီကာ အိပ္ရာေပၚသို႔
တင္သည္။ေမာင့္လက္ေမာင္းေပၚ ေခါင္းအုံးရင္း ေမာင့္ရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္ကာ
အိပ္စက္ေစသည္။ေႏြ၊မိုး၊ေဆာင္း
ဥတုသုံးပါးလုံးမွာ ငါ့အတြက္အျမဲတမ္းေႏြး
ေထြးေနေပးတာက ေသာ္ယံေမာင္ဆိုတဲ့
လူသား။
"ကိုကို"
"ဟင္"
မ်က္လုံးေတြမွိတ္ထားလ်က္ ကိုကိုက
ျပန္ထူးလာသည္။အနည္းငယ္ညိဳေနတဲ့
မ်က္ကြင္းနဲ႔ေခ်ာင္က်သြားတဲ့ မ်က္ႏွာေလး
က ေမာင့္ရင္ကို ဆူးေစသည္။သူကေတာ့
သူလုပ္ခ်င္တဲ့အလုပ္မို႔ ေပ်ာ္ေပမဲ့ ေမာင္
ကေတာ့ မေပ်ာ္နိုင္ပါ။အရင္က ႏွစ္ရက္၊
သုံးရက္ေလာက္ခြဲခဲ့ရတာကို တစ္သက္
ေလာက္ၾကာတယ္ထင္ခဲ့မိတာ။
အခုမွ တစ္ကမၻာေလာက္ျခားသလိုမ်ိဳး
လြမ္းခဲ့ရတာပဲ။
"ေတာ္ေတာ္ေလး ပင္ပန္းေနလား။
ေမာင္ ဘာလုပ္ေပးရမလဲ"
"ဟင့္အင္း ဒီလိုေလး ငါ့ကိုဖက္ထားေပး။
ငါအိပ္ခ်င္လို႔။ၿပီးေတာ့ ေခါင္းကိုပုတ္ေပး"
ရင္ခြင္ထဲ ၿငိမ္က်သြားတဲ့ ေမာင့္ေကာင္ေလး
အိပ္မေပ်ာ္ခင္ ေျပာသြားတဲ့စကား။
"ငါက ေမာင့္အပိုင္၊ေမာင္က ငါ့အပိုင္"
ျပတင္းေပါက္မွ တိုးဝင္လာသည့္ ေလထုက
ဒီေန႔မွ ပိုေအးျမေနခဲ့သလား။
ျပတင္းေပါက္ ေဘာင္တန္းမွာ လာနား
ေနတဲ့ စာကေလးဌက္ေတြက အလိုက္တသိ အသံေတြလည္းတိတ္လို႔။
ေႏြရာသီတစ္ခုက သာမာန္ဆို ပူလြန္းေနမွာ
မွန္ေပမဲ့လို႔ ကိုကိုနဲ႔မို႔ ေအးျမျမလည္း
ရွိသည္။
*************
"ေမာင္ ဘာလို႔ငါ့မ်က္လုံးကို ပဝါနဲ႔စည္းၿပီး
ေခၚလာတာလဲ"
"ေရာက္ရင္သိမွာေပါ့ ကိုကိုရဲ့"
ေနရွင္းနဲ႔ေခတ္ေခတ္က ကားအေရွ႕ခန္းမွာ
ျဖစ္ၿပီး ေမာင္နဲ႔ကိုကိုက ကားအေနာက္ခန္းမွာ
ျဖစ္သည္။ကိုကို႔ ပုခုံးကိုဖက္ထားရင္း
လက္ကိုလည္း ဆုပ္ကိုင္ထားမိနဲ႔ ညေနခင္း
တစ္ခုက သာမာန္ညေနခင္းေတြထက္
ရင္ခုန္စရာလည္း ေကာင္းသည္။
ေခၚသြားစရာ ေနရာရွိတယ္ေျပာၿပီး
လူကိုမ်က္လုံးပိတ္ေခၚလာတာေတာင္ ေမး
ေတာ့လည္း ေရာက္ရင္သိမွာေပါ့တဲ့။
"ေသာ္ယံေမာင္ ဘာေတြအံ့ဩေအာင္
လုပ္ဦးမလို႔လဲ"
ပါးျပင္ေပၚမွာ ေႏြးခနဲ။ေမာင္က မေျဖခ်င္
လို႔ ဒါတမင္ေရွာင္ထြက္တာ။
"အစ္ကိုေနရွင္း အဲ့အေရွ႕က ျမင္ေနရတဲ့
ေနရာႀကီးလား"
"ဟုတ္တာေပါ့ ေခတ္ေခတ္ရဲ့"
ေခတ္ေခတ္ဆီမွ 'ဝိုး၊ဝါး'နဲ႔အံ့ဩသံေတြက
ထြက္လာေတာ့ လူမွာမေနနိုင္။သိလိုစိတ္က
ျပင္းျပလာေတာ့ စိတ္မွာ မရိုးမရြလည္း
ျဖစ္သည္။သိပ္ေတာ့မၾကာလိုက္ ကားရပ္
သြားၿပီး ေမာင္က ကားေပၚမွတြဲကာ ကူဆင္း
ေပးသည္။ကားေပၚမွဆင္းဆင္းခ်င္း
ပိေတာက္ပန္း အနံ႔သင္းသင္းတို႔က အနံ႔အာ႐ုံ
ထဲသို႔ တိုးဝင္လာသည္။
"ဒီမွာရပ္လိုက္လို႔ရၿပီ ကိုကို"
ေမာင့္စကားသံအဆုံး မ်က္လုံးကို
အုပ္စည္းထားသည့္ ပဝါကိုလည္း
ဖယ္ခြာေပးလာသည္။မ်က္မွန္ကိုလည္း
ျပန္တပ္ေပးလာေတာ့ အျမင္အာ႐ုံက
ရွင္းရွင္းလင္းလင္းျဖစ္သည္။
ပထမဆုံးျမင္ရတဲ့ျမင္ကြင္း ဒါဟာ
သုံးႏွစ္ေလာက္လြမ္းဆြတ္ခဲ့ရတဲ့ ေနရာမွာ
တဲ့ေလ။မိဘေတြနဲ႔ေနခဲ့တဲ့ ဒီၿခံႀကီးထဲ
ေမာင္ကေခၚလာခဲ့တာပဲ။ပိေတာက္ပန္း
ေတြက အရင္လို တစ္ပင္လုံး ဝါထိန္ေအာင္ပြင့္
ေနဆဲလည္း ျဖစ္သည္။ေျမေပၚမွာလည္း
ပိေတာက္ပန္းေတြက ေႂကြက်ကာ
ပန္းခ်ီကားတစ္ခ်ပ္လိုပင္။
"ေမာင္ ဒီၿခံထဲ ဘယ္လိုလုပ္.."
ေမာင့္ဘက္သို႔ လွည့္ၾကည့္ကာ
ေမးမိေတာ့ မာင္က ေျမေပၚ၌ ဒူးတစ္ဖက္
ေထာက္ထိုင္သည္။ၿပီးေနာက္ ဘူးအျဖဴကိုလည္း
ကိုင္ထားျမဲျဖစ္သည္။အျမဲ ေသာ္ယံေမာင္
ဆိုတဲ့ေကာင္ေလးက လူကိုအံ့ဩရေအာင္
လုပ္ေဆာင္တတ္သည္။ေမာင့္ဘက္က
လက္ထပ္ခြင့္ေတာင္းလာေတာ့မယ္မွန္း
သိေတာ့ ဒီလူရင္မွာ ဝမ္းပန္းတသာ၊
ေႏြးေႏြးေထြးေထြးလည္း ခံစားလာ
ရသည္။
"ေမာင့္ကို လက္ထပ္ခြင့္ေပးနိုင္မလားကိုကို။
ေမာင္တို႔ေတြ ဒီနိုင္ငံမွာတရားဝင္ လက္ထပ္
လို႔ မရနိုင္ေပမဲ့ ေမာင့္ကိုလက္ထပ္ခြင့္
ေပးပါ။မငိုပါနဲ႔။ေပ်ာ္လို႔က်တဲ့ မ်က္ရည္
ေတြဆိုတာသိေပမဲ့ ေမာင့္ႏွလုံးသားက
မခံစားနိုင္လို႔။မငိုပါနဲ႔ ..ေမာင့္ကိုလက္ထပ္ေပး
နိုင္မလား"
"အင္း ေမာင္နဲ႔လက္ထပ္မယ္"
ေခါင္းတသြင္သြင္ညိတ္ကာ အေျဖေပးလာ
ေတာ့ ေပြ႕ဖက္ထားမိတာလည္း ႏူးႏူးညံ့ညံ့။
ပိေတာက္ေတြက ေႂကြက်လာေတာ့
ေကာင္းခ်ီးမ်ားေပးသလား။ကိုကို႔ ဆံပင္သား
ေတြေပၚမွ ပိေတာက္ေတြကို ဖယ္ေပးရင္း
ဖိကပ္နမ္းမိေတာ့လည္း ျမတ္ျမတ္နိုးနိုး။
ပိေတာက္ေတြနဲ႔ ဒီလက္ထပ္ခြင့္က ထပ္တူက်
လွပေနခဲ့တာမ်ိဳးပဲ ျဖစ္မယ္။
"ေရး..ဒါမွ ေခတ္ေခတ္မုန႔္စားရေတာ့မွာကြ"
"ကေလးေလး လက္ေတြနာကုန္မယ္"
အသံစာစာေလးနဲ႔ ေခတ္ေခတ္က လက္ခုပ္
တီးေတာ့ ေပ်ာ္ေနမွန္းလည္း သိသာ
သည္။ဒီကေလးေလးက တကယ့္ကိုအျဖဴ
ထည္ေလး။ဘယ္ဘက္ လက္သူႂကြယ္မွာ လက္စြပ္
ေတြကို အျပန္အလွန္ဝတ္ေပးၿပီးၾကေတာ့
တိုးတိုက္လာတဲ့ ေလေတြနဲ႔အတူ ပိေတာက္
ေတြလည္း ထပ္ေႂကြက်သည္။
ပိေတာက္ေတြ လွိုင္လွိုင္ပြင့္ေနတဲ့ ဒီေႏြဦး
ဟာ ေမ့မရတဲ့ အမွတ္တရတစ္ခုပင္ ျဖစ္မည္..။
"ေမာင္အပါအဝင္ ဒီအိမ္၊ဒီၿခံႀကီးက
ကိုကို႔အပိုင္ျဖစ္သြားၿပီ"
"ေမာင္ တကယ္..တကယ္ပဲ..။ေမာင့္ကို
ေက်းဇူးတင္ပါတယ္။ေက်းဇူးတင္ပါတယ္ေနာ္"
စကားတို႔က ထပ္ထြက္မလာေတာ့။
မိဘေတြရဲ့အေငြ႕သက္ေတြရွိေနတဲ့ ဒီၿခံ၊
ဒီအိမ္ႀကီးထဲကို ေမာင္က ျပန္ေခၚလာေပးနိုင္ခဲ့တာပဲ။
"ေမာင့္ကို ေက်းဇူးမတင္ပါနဲ႔။အဲဒီအစား
ေမာင့္ကို ပိုခ်စ္ေပးပါ။ကိုကို႔ကို ခ်စ္တယ္
ဆိုတာထက္ပိုၿပီး ျမတ္နိုးတယ္ဆိုတာေတြ
ထက္လည္း ပိုပါတယ္"
"ငါလည္း ေမာင့္ကိုခ်စ္တယ္။ေမာင့္ကို
ကိုကို ခ်စ္တယ္ေနာ္"
ေမာင္ကိုယ္တိုင္ ႀကိဳးစားခဲ့ရတဲ့ ရလဒ္ေတြက
ေနာက္ဆုံးေတာ့ ကိုကို႔အတြက္ ဒီၿခံနဲ႔
ဒီအိမ္ကိုအပိုင္ျဖစ္ေအာင္လည္း လုပ္ေပးနိုင္
ခဲ့ၿပီ။
ေႂကြက်လာတဲ့ ပိေတာက္ပန္းေတြက
ၾကဲခ်ေပးလိုက္သလိုမ်ိဳးပင္။ညေနခင္း
ေလညင္းေတြ တိုက္ခတ္ေတာ့ ဝါဝါထိန္ထိန္
ပိေတာက္ပန္းေတြကလည္း ၿမိဳင္ဆိုင္စြာ
အပင္ထက္မွေလထဲသို႔ ပ်ံ႕လြင့္သည္။
တုမရတဲ့ပန္းခ်ီကားတစ္ခ်ပ္ႏွယ္ ဒီေကာင္
ေလးေတြဟာလည္း ပိေတာက္ပန္းေတြ
ၾကား ၾကည္ႏူးစရာ။
ကင္မရာတစ္လုံးနဲ႔တစ္ဖ်ပ္ဖ်ပ္ ဓာတ္ပုံေတြ
ရိုက္ၿပီး ေနရွင္းက မွတ္တမ္းတင္ေပးသည္။
ေခတ္ေခတ္ကေတာ့ မ်က္လုံးမွိတ္ၿပီး
ပိေတာက္ရနံ႔ကို ခံစားရင္း ေႏြရာသီအေငြ႕
အသက္ကို အေသအခ်ာခံစားေနတာျဖစ္သည္။
"ထာဝရအတြက္ ခ်စ္တယ္"
"ကိုယ္လည္း မင္းေခတ္သြန္းဆိုတဲ့
ေကာင္ေလးကို ထာဝရထက္ပိုၿပီးခ်စ္တယ္"
စကားတို႔ဆိုၿပီးသည့္ေနာက္ ေခတ္ေခတ္
နဖူးသို႔ ျမတ္ျမတ္နိုးနိုး အနမ္းေႁခြမိတာ
လည္းျဖစ္သည္။
ေမာင္က မ်က္ဝန္းညိဳညိဳေတြကို
ေငးစိုက္ၾကည့္ၿပီး၊ကိုကိုက မ်က္ဝန္းနက္နက္
ေတြကို စူးစိုက္ၾကည့္သည္။ၿပိဳင္တူဆိုမိၾက
တဲ့ စကားေတြဟာေမတၱာမွတစ္ဆင့္
ေပါက္ဖြားလာတာမ်ိဳးပါ။
"ခြဲခြာျခင္းက ေသေသာအခါမွသာ
ျဖစ္လိမ့္မယ္"
ႏွလုံးသားမွာ ခ်စ္သူနာမည္ကိုလည္း
ကမၸည္းထိုးပါတယ္။ဒီၿခံကေန
အစျပဳခဲ့ၿပီး ဒီၿခံထဲမွာပဲ ေပ်ာ္ရႊင္
ၾကည္ႏူးမွုတို႔နဲ႔ အဆုံးသတ္
မဟုတ္တဲ့အဆုံးသတ္ကို ဆင္ႏႊဲခဲ့ဖူးၿပီပဲ။
ဆုံးရွုံးမွုေတြၾကဳံၿပီးသည့္ေနာက္ ေသာ္ယံေမာင္ဆိုတဲ့ ဒီလူသားနဲ႔ ဆုံစည္း
ခြင့္လည္းရေတာ့ ဒါဟာ ဆုလာဘ္တစ္ပါးေပါ့။
"ေမာင္ကငါ့အပိုင္"လို႔ေရရြတ္မိတိုင္း၊
ေတြးမိတိုင္း၊သတိရမိတိုင္းမွာ ဝဲဘက္ရင္အုံ
က ေႏြးခနဲပင္ ျဖစ္သည္။
စာဖြဲ႕မိတဲ့အခါ"ခ်စ္ရပါေသာေမာင္"ေပါ့။
_____________ၿပီးပါၿပီ____________
(2.10.2020)Lily_Han🍀
ဇာတ္လမ္းတစ္ပုဒ္ကို သုံးလျပည့္ခါ
နီးမွာ အဆုံးသတ္ခဲ့ပါၿပီ။Extraေတြလည္း
လာဦးမွာမို႔လို႔ ေစာင့္ေနေပးၾကပါဦး။
ခရီးလမ္းအစကေန အဆုံးထိလိုက္ပါေပးခဲ့
ၾကတဲ့စာဖတ္သူေတြကို ေက်းဇူးတင္ပါတယ္။
ဒီဇာတ္လမ္းကိုဖတ္ၿပီး ခံစားမိတဲ့ ခံစားခ်က္
ေလးေတြကိုလည္း ေျပာျပေပးခဲ့ ေစခ်င္
ပါတယ္။
ခ်စ္ျခင္းမ်ားစြာျဖင့္ လီလီဟန္။