စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို...

By ThikNanPaing5

140K 22.8K 389

ရွှီယမ်ယိ က အသက် ၁၈နှစ်အရွယ် ကျောင်းသားတစ်ယောက်.. အမွှာအမဖြစ်သူက သူမကောင်မလေးနဲ့ ခိုးရာလိုက်ပြေးသွားတဲ့အခါမှ... More

❤️ Intro ❤️
Chapter-1(အမဖြစ်သူအစားလက်ထပ်ခြင်း)
Chapter-2(ပါးရိုက်ခံရခြင်း)
Chapter-3(ရက်စက်၍ကြမ်းတမ်းသော)
Chaper-4(စကားမပြောနိုင်တော့သောအ​ခြေအနေ/စကားမေျပာႏိုင္ေတာ့ေသာအ​ေျခအေန)
Chapter-5(ငါ့ဇနီးက ယောက်ျားလေးတစ်ယောက်
Chapter-6(ဒီလူက လူယုတ်မာပဲ)
Chapter-7(နှောင့်ယှက်ပါရစေ)
Chapter-8(စစ်တပ်ထဲခေါ်သွားမယ်)
📢📢📢
Chapter-9(သစ္စာဖောက်)
Chapter-10(မကောင်းဆိုးဝါးနှစ်ကောင်)
Chapter-11(ရုတ်တရက်ကျရောက်သောအန္တရာယ်)
Chapter-12(ထောင်မှူး ကျိူ့ပေါ)
Chapter-13(ပါးကိုက်နားကိုက်တွေ)
Chapter-14(စိတ်တူကိုယ်တူ)
Chapter-15(ဘာကိုမှမကြောက်သလိုဟန်ဆောင်ခြင်း)
Chapter-16(ဒီလူတွေအကုန်အရူးတွေပဲ)
Chapter-17(ရန်လိုခြင်း)
Chapter-18(ငါ့ဇနီးကဒေါသကြီးပြီးဉာဏ်​ကောင်းတယ်)
Chapter-19(တိုက်ခိုက်ခံရခြင်း)
Chapter-20(ရွှီယမ်ယိ ဆွံ့အသွားခြင်း)
Chapter-21
Chapter-23
Chapter-24(ဒုတိယအစီအစဉ်)
Chapter-25(ကျီကွမ်းယောင်ဆိုတဲ့ ရယ်စရာကောင်းတဲ့လူ)
Chapter-26(မကောင်းဆိုးဝါးနဲ့ စိတ္တဇအရူး)
Chapter-27(နံရိုး ကျိုးကျေခြင်း)
Chapter-28(တပ်ရေး နမ်ရှောင်)
Chapter-29(စိတ်မသိုးမသန့်ဖြစ်ခြင်း)
Attention pls📢

Chapter-22

3.1K 598 7
By ThikNanPaing5

Unicode 💗💗

"ဖြစ်ရပ်မှန်ရဲ့ နောက်ကြောင်းကို စုံစမ်းချင်လား?? ကိုယ်မင်းကို ကူညီပေးမယ်"

ရဲတွေဆီက ရလဒ်အပေါ် ရွှီယမ်ယိ ယုံကြည်ခြင်းမရိှကြောင်း သိတာကြောင့် ဟယ်ကျင်းရန် သူ့အား လက်မောင်းထဲတွင် ဖက်ထားရင် ငြင်သာသောအသံဖြင့် မေးလိုက်သည်။

'သူ့ကို ရိုင်းစိုင်းပြီးကြမ်းတမ်းတဲ့မြင်းရိုင်းလေးလို့ ထင်ခဲ့မိပေမဲ့ သူ့မှာလည်း ထူးဆန်းတဲ့ဖြစ်ရပ်မျိုးရိှနေလိမ့်မယ်လိုပမထင်ခဲ့မိဘူး ..ဒါပေမဲ့ သူပြောပုံအရဆိုရင် ငါ့ ယောက္ခမရဲ့ သေဆုံးမှုက ရိုးရှင်းတဲ့ မတော်တဆ တစ်ခုတော့ မဖြစ်နိုင်ဘူး'
ဟယ်ကျင်းရန် သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

ရွှီယမ်ယိကတော့ သူ့လက်မောင်းထဲတွင် ကောင်းကောင်းနေပြီးနောက္
"ကျွန်တော့်အမေရဲ့ သေဆုံးမှုကို ကျွန်တော်ကိုယ်တိုင် စုံစမ်းမယ်... ဒါပေမဲ့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုအတွက်တော့ ကျေးဇူးတင်ပါတယ်"

ရွှီယမ်ယိ ဒီလိုပဲ ပြောလိမ့်မယ်ဆိုတာ ကြိုတွက်ထားပြီးသားဖြစ်တာကြောင့် ဟယ်ကျင်းရန် မအံ့သြတော့ပေ။ သူ့ဇနီးက ကိုယ့်ကိုကိုယ်ယုံကြည်မှုပြင်းထန်ပြီး သူ့ရဲ့ကမ်းလှမ်းချက်အား ငြင်းဆန်မည်ဆိုတာ သိသော်လည်း ဘယ်လိုပဲ ငြင်းနေပါစေ သူ့ဘက်က အကူအညီပေးရန် လက်မလျော့ပေ။

"ဒါပေမဲ့လည်း ကိုယ့်ယောက္ခမနဲ့ ပက်သက်တဲ့ကိစ္စပဲ ကိုယ်ရော ရပ်တည်ပေးလို့ရနိုင်မလား"

ဟယ်ကျင်းရန် ပြောပြီးနောက် ရွှီယမ်ယိ အချိန်တိုအတွင်းပင် စိတ်ပျက်အားလျော့သွားသည်
"ခင်ဗျားကို ဘယ်နှစ်ခါပြောရမှာလဲ.. သူက ခင်ဗျားယောက္ခမမဟုတ်ဘူး ပြီးတော့ ကျွန်တော်ကလည်း....."

"ဒါပေမဲ့ ကိုယ့္ကိုလက်ထပ်လိုက်တဲ့ လူက မင်းအမဖြစ်ခဲ့ရင်လည်း မင်းအမေက ကိုယ့်ယောက္ခမပဲလေ မှန်တယ်မလား??"

ရွှီယမ်ယိက 'ကျွန်တော် ခင်ဗျား မိန်းမမဟုတ်ဘူး' ဆိုတဲ့စကား ဆုံးအောင္ မပြောရသေးခင်မှာတင် ဟယ်ကျင်းရန်က ပျော်ရွှင်ကျေနပ်သော အပြုံးကြီးဖြင့် ကြားဖြတ်ပြောလိုက်သည်။

ရွှိယမ်ယိ တွေဝေသွားကာ နောက်မှ ထောက်ခံလိုက်သည်။
"ဒါအမှန်ပဲလေ"

ထို့နောက် အကျေနပ်ကြီးပြုံးနေသော ဟယ်ကျင်းရန်အား မကျေနပ်သောအကြည့်ဖြင့် စိုက်ကြည့်ကာ

"ဒါပေမဲ့
ခင်ဗျားကို လက်ထပ်ထားတာ ကျွန်တော်... ဒါ့ကြောင့် ကျွန်တော့်ကိုအရူးလုပ်ဖို့ မစဉ်းစားနဲ့"

နောက်မှ ရွှီယမ်ယိ အံ့အားသင့်သွားကာ
'သေစမ်း! ငါဘယ်လိုများ ငါသူ့ကိုလက်ထပ်လိုက်တဲအကြောင်းကို ပြောမိတာပါလိမ့်!'

စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့ခေါင်းသူ ပွတ်သပ်ကာ အော်လိုက္သည္။

"ဘယ်လိုပဲဖြစ်ဖြစ် သူက ခင်ဗျားယောက္ခမမဟုတ်ဘူး"

'ရွှီယမ်ယိ.. မင်းငတုံးပဲ!'

ဟယ်ကျင်းရန် အပြုံးကြီး ပြုံးနေလိုက်သည်... သူ ရည်ရွယ်ချက်ရိှရိှ ရွှီယမ်ယိအား ထောင်ချောက်ဆင်နိုင်ခဲ့သောကြောင့်ပင်။

(Note; ကျင်းရန်က သူ့ယောက္ခမတော်တယ်ဆိုတဲ့အကြောင်းကိုပြောတာ ယမ်ယိက လက်မခံလို့ မလိမ့်တပတ်နဲ့ သူ့အမအကြောင်းပြောလိုက်တာပါ)

"ခင်ဗျား ဘာရယ်တာလဲ!! မကောင်းတဲ့ကောင်!!!"

အရူးလုပ်ခံလိုက်ရတာကို ရိပ်မိသွားတာကြောင့် ရွှီယမ်ယိ ဟယ်ကျင်းရန်အား သူ့အားရိှသလောက် ခပ်ပြင်းပြင်း ရိုက်နှက်နေသည်။ ပုံမှန်အတိုင်းဆို ဟယ်ကျင်းရန် ဘာနာကျင်မှုမှ မခံစားရပေမဲ့ အခုတော့ တကယ်နာကျင်နေသည့်ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်သည္။

"အချစ်.. ကိုယ် အခု ဒဏ်ရါရနေတာလေ.. ကိုယ့်အပေါ် ကောင်းကောင်းလေးဆက်ဆံပေးပါလား??"

ဟယ်ကျင်းရန်က သူ့နဖူးပေါ်တွင်ရိှနေသော ချွေးစက်များနှင့် ကြည့်္လို့မကောင်းပေ။ သို့သော္လည်း ဟယ်ကျင်းရန်က သူ့ရဲ့ သနားစာနာတတ်သောအကျင့်အား အနိုင်ယူရန် အားနည်းချင်ယောင်ဆောင်နေသည်ကို ရွှီယမ်ယိ သိနေတာကြောင့် အောင်နိုင်သူတစ်ယောက်လို ဟယ်ကျင်းရန်ရဲ့ လက်မောင်းအား အဝေးသို့ တွန်းထုတ်လိုက္ပြီး အေးတိအေးစက်ဖြင့်စိုက်ကြည့်ကာ
"လူလိမ်!!"

'အရှက်မရိှတဲ့လူ..  ခင်ဗျားဟန်ဆောင်နေတာမဟုတ်လား?? နဖူးသွေးထွက်ရုံနဲ့ ခင်ဗျား သေမသွားဘူး'

အရှေ့ခန်းတွင် ထိုင်ကာ ကားမောင်းနေသော လုံရှန်ကတော့ ဟယ်ကျင်းရန် ရွှီယမ်ယိကို စနောက်နေသည်ဟု တွေးမိပြီး သူတို့အား အာရုံသိပ်ထားခြင်းမပြုပေ။ သူ့ခေါင်းထဲမှ ရိှတာက ရန်သူတွေ သူတို့ကို ထပ်ပြီးမဖမ်းမိနိုင်ခင် သူတို့လူတွေနဲ့ အမြန်ဆုံးတွေ့နိုင်ရန်သာဖြစ်သည်။

ခနအကြာတွင် ဟယ်ကျင်းရန် ရွှီယမ်ယိကို စနောက်ခြင်းမလုပ်တော့တာကြောင့် ကားတစ်ခုလုံးရိှ အငွေ့အသက်တို့သည် ပျင်းစရာကောင်းပြီး တိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင် ရွှီယမ်ယိ ဟယ်ကျင်းရန်ရဲ့တိတ်ဆိတ်ခြင်းပေါ် အထူးတဆန်းဖြစ်နေသည်။ ရုတ်တရက် ဟယ်ကျင်းရန်ရဲ့ လက်မောင်းအား သတိထားမိကာ တစ်ကိုယ်လံူးအေးစက်သွားလိုသလိုခံစားလိုက်ရသည်။

သတိရိှရိှဖြင့် ရွှီယမ်ယိ သူ့လက်မောင်းသူထိကြည့်ပြီးနောက် လက်တစ်ခုလုံးမှာရိှနေတဲ့ သွေ​ေးတွေကြောင့် မျက်လုံးပြူးသွားရသည်။ထိုသွေးတွေက ဟယ်ကျင်းရန်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစ်စက်စက် ကျဆင်းနေသည်။

"ဘာလဲ?? ဒါလေးကို ကြောက်သွားတာလား?"

ရွှီယမ်ယိရဲ့ ကြောက်လန့်နေတံမျက်နှာကို မြင်နေရပြီး ဟယ်ကျင်းရန်က ကားကူရှင်ပေါ်နာကျင်စွာလှဲချကာ ကျယ်လောင်စွာရယ်မောလိုက်သည္။

"ကြည့်ရတာ ကိုယ့်လက်မောင်း ဒဏ်ရါရသွားတဲ ပုံပဲ?"

'ဒါ အခြေအနေကောင်းမဟုတ်ဘူးလေ... အထူးသဖြင့် ပေါ့ပြက်ပြက်လေသံနဲ့ပြောနေရအောင်.. သွေးထွက်လွန်လို့ ခင်ဗျားမျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်နေတာကို ခင်ဗျား ဘယ်လိုများရယ်နိုင်ရတာလဲ??'

(T/N; တချို့သော အသုံးအနှုန်းတွေက မြန်မာလိုပြန်ရေးရာမှာ နဲနဲထောက်နေတာမျိုးတို့ ပြီးတော့ စစ်တပ်နဲ့ဆိုင်တဲ့အသုံးအနှုန်းတွေ situation အပေါ် တိတိကျကျက မဖော်ပြထားတာတွေကြောင့် သစ်ဘက်က tran တဲ့အခါမှာ အချိန်ပေးရပါတယ်😅 ဇာတ်ရည်မလည်ခဲ့ရင် ပြောနော် သစ် သေချာပြန်ပြင်ပေမယ်)

================================

Zawgyi 💗💗

"ျဖစ္ရပ္မွန္ရဲ့ ေနာက္ေၾကာင္းကို စံုစမ္းခ်င္လား?? ကိုယ္မင္းကို ကူညီေပးမယ္"

ရဲေတြဆီက ရလဒ္အေပၚ ရႊီယမ္ယိ ယံုၾကည္ျခင္းမရိွေၾကာင္း သိတာေၾကာင့္ ဟယ္က်င္းရန္ သူ႔အား လက္ေမာင္းထဲတြင္ ဖက္ထားရင္ ျငင္သာေသာအသံျဖင့္ ေမးလိုက္သည္။

'သူ႔ကို ရိုင္းစိုင္းၿပီးၾကမ္းတမ္းတဲ့ျမင္းရိုင္းေလးလို႔ ထင္ခဲ့မိေပမဲ့ သူ႔မွာလည္း ထူးဆန္းတဲ့ျဖစ္ရပ္မ်ိဳးရိွေနလိမ့္မယ္လိုပမထင္ခဲ့မိဘူး ..ဒါေပမဲ့ သူေျပာပံုအရဆိုရင္ ငါ့ ေယာကၡမရဲ့ ေသဆံုးမႈက ရိုးရွင္းတဲ့ မေတာ္တဆ တစ္ခုေတာ့ မျဖစ္ႏိုင္ဘူး'
ဟယ္က်င္းရန္ သူ႔စိတ္ထဲတြင္ ေတြးလိုက္မိသည္။

ရႊီယမ္ယိကေတာ့ သူ႔လက္ေမာင္းထဲတြင္ ေကာင္းေကာင္းေနၿပီးေနာက္
"ကြၽန္ေတာ့္အေမရဲ့ ေသဆံုးမႈကို ကြၽန္ေတာ္ကိုယ္တိုင္ စံုစမ္းမယ္... ဒါေပမဲ့ ခင္ဗ်ားရဲ့ ကမ္းလွမ္းမႈအတြက္ေတာ့ ေက်းဇူးတင္ပါတယ္"

ရႊီယမ္ယိ ဒီလိုပဲ ေျပာလိမ့္မယ္ဆိုတာ ႀကိဳတြက္ထားၿပီးသားျဖစ္တာေၾကာင့္ ဟယ္က်င္းရန္ မအံ့ၾသေတာ့ေပ။ သူ႔ဇနီးက ကိုယ့္ကိုကိုယ္ယံုၾကည္မႈျပင္းထန္ၿပီး သူ႔ရဲ့ကမ္းလွမ္းခ်က္အား ျငင္းဆန္မည္ဆိုတာ သိေသာ္လည္း ဘယ္လိုပဲ ျငင္းေနပါေစ သူ႔ဘက္က အကူအညီေပးရန္ လက္မေလ်ာ့ေပ။

"ဒါေပမဲ့လည္း ကိုယ့္ေယာကၡမနဲ႔ ပက္သက္တဲ့ကိစၥပဲ ကိုယ္ေရာ ရပ္တည္ေပးလို႔ရႏိုင္မလား"

ဟယ္က်င္းရန္ ေျပာၿပီးေနာက္ ရႊီယမ္ယိ အခ်ိန္တိုအတြင္းပင္ စိတ္ပ်က္အားေလ်ာ့သြားသည္
"ခင္ဗ်ားကို ဘယ္ႏွစ္ခါေျပာရမွာလဲ.. သူက ခင္ဗ်ားေယာကၡမမဟုတ္ဘူး ၿပီးေတာ့ ကြၽန္ေတာ္ကလည္း....."

"ဒါေပမဲ့ ကိုယ့္ကိုလက္ထပ္လိုက္တဲ့ လူက မင္းအမျဖစ္ခဲ့ရင္လည္း မင္းအေမက ကိုယ့္ေယာကၡမပဲေလ မွန္တယ္မလား??"

ရႊီယမ္ယိက 'ကြၽန္ေတာ္ ခင္ဗ်ား မိန္းမမဟုတ္ဘူး' ဆိုတဲ့စကား ဆံုးေအာင္ မေျပာရေသးခင္မွာတင္ ဟယ္က်င္းရန္က ေပ်ာ္ရႊင္ေက်နပ္ေသာ အၿပံဳးႀကီးျဖင့္ ၾကားျဖတ္ေျပာလိုက္သည္။

ရႊိယမ္ယိ ေတြေဝသြားကာ ေနာက္မွ ေထာက္ခံလိုက္သည္။
"ဒါအမွန္ပဲေလ"

ထို႔ေနာက္ အေက်နပ္ႀကီးၿပံဳးေနေသာ ဟယ္က်င္းရန္အား မေက်နပ္ေသာအၾကည့္ျဖင့္ စိုက္ၾကည့္ကာ

"ဒါေပမဲ့
ခင္ဗ်ားကို လက္ထပ္ထားတာ ကြၽန္ေတာ္... ဒါ့ေၾကာင့္ ကြၽန္ေတာ့္ကိုအရူးလုပ္ဖို႔ မစဉ္းစားနဲ႔"

ေနာက္မွ ရႊီယမ္ယိ အံ့အားသင့္သြားကာ
'ေသစမ္း! ငါဘယ္လိုမ်ား ငါသူ႔ကိုလက္ထပ္လိုက္တဲအေၾကာင္းကို ေျပာမိတာပါလိမ့္!'

စိတ္အေနွာင့္အယွက္ျဖစ္စြာျဖင့္ သူ႔ေခါင္းသူ ပြတ္သပ္ကာ ေအာ္လိုက္သည္။

"ဘယ္လိုပဲျဖစ္ျဖစ္ သူက ခင္ဗ်ားေယာကၡမမဟုတ္ဘူး"

'ရႊီယမ္ယိ.. မင္းငတံုးပဲ!'

ဟယ္က်င္းရန္ အၿပံဳးႀကီး ၿပံဳးေနလိုက္သည္... သူ ရည္ရြယ္ခ်က္ရိွရိွ ရႊီယမ္ယိအား ေထာင္ေခ်ာက္ဆင္ႏိုင္ခဲ့ေသာေၾကာင့္ပင္။

(Note; က်င္းရန္က သူ႔ေယာကၡမေတာ္တယ္ဆိုတဲ့အေၾကာင္းကိုေျပာတာ ယမ္ယိက လက္မခံလို႔ မလိမ့္တပတ္နဲ႔ သူ႔အမအေၾကာင္းေျပာလိုက္တာပါ)

"ခင္ဗ်ား ဘာရယ္တာလဲ!! မေကာင္းတဲ့ေကာင္!!!"

အရူးလုပ္ခံလိုက္ရတာကို ရိပ္မိသြားတာေၾကာင့္ ရႊီယမ္ယိ ဟယ္က်င္းရန္အား သူ႔အားရိွသေလာက္ ခပ္ျပင္းျပင္း ရိုက္ႏွက္ေနသည္။ ပံုမွန္အတိုင္းဆို ဟယ္က်င္းရန္ ဘာနာက်င္မႈမွ မခံစားရေပမဲ့ အခုေတာ့ တကယ္နာက်င္ေနသည့္ပံုစံျဖင့္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အခ်စ္.. ကိုယ္ အခု ဒဏ္ရါရေနတာေလ.. ကိုယ့္အေပၚ ေကာင္းေကာင္းေလးဆက္ဆံေပးပါလား??"

ဟယ္က်င္းရန္က သူ႔နဖူးေပၚတြင္ရိွေနေသာ ေခြၽးစက္မ်ားႏွင့္ ၾကည့္္လို႔မေကာင္းေပ။ သို႔ေသာႅည္း ဟယ္က်င္းရန္က သူ႔ရဲ့ သနားစာနာတတ္ေသာအက်င့္အား အႏိုင္ယူရန္ အားနည္းခ်င္ေယာင္ေဆာင္ေနသည္ကို ရႊီယမ္ယိ သိေနတာေၾကာင့္ ေအာင္ႏိုင္သူတစ္ေယာက္လို ဟယ္က်င္းရန္ရဲ့ လက္ေမာင္းအား အေဝးသို႔ တြန္းထုတ္လိုႄကၸီး ေအးတိေအးစက္ျဖင့္စိုက္ၾကည့္ကာ
"လူလိမ္!!"

'အရွက္မရိွတဲ့လူ..  ခင္ဗ်ားဟန္ေဆာင္ေနတာမဟုတ္လား?? နဖူးေသြးထြက္ရံုနဲ႔ ခင္ဗ်ား ေသမသြားဘူး'

အေရ႔ွခန္းတြင္ ထိုင္ကာ ကားေမာင္းေနေသာ လံုရွန္ကေတာ့ ဟယ္က်င္းရန္ ရႊီယမ္ယိကို စေနာက္ေနသည္ဟု ေတြးမိၿပီး သူတို႔အား အာရံုသိပ္ထားျခင္းမျပဳေပ။ သူ႔ေခါင္းထဲမွ ရိွတာက ရန္သူေတြ သူတို႔ကို ထပ္ၿပီးမဖမ္းမိႏိုင္ခင္ သူတို႔လူေတြနဲ႔ အျမန္ဆံုးေတြ့ႏိုင္ရန္သာျဖစ္သည္။

ခနအၾကာတြင္ ဟယ္က်င္းရန္ ရႊီယမ္ယိကို စေနာက္ျခင္းမလုပ္ေတာ့တာေၾကာင့္ ကားတစ္ခုလံုးရိွ အေငြ့အသက္တို႔သည္ ပ်င္းစရာေကာင္းၿပီး တိတ္ဆိတ္သြားၾကသည္။

ထိုအခ်ိန္တြင္ ရႊီယမ္ယိ ဟယ္က်င္းရန္ရဲ့တိတ္ဆိတ္ျခင္းေပၚ အထူးတဆန္းျဖစ္ေနသည္။ ရုတ္တရက္ ဟယ္က်င္းရန္ရဲ့ လက္ေမာင္းအား သတိထားမိကာ တစ္ကိုယ္လံူးေအးစက္သြားလိုသလိုခံစားလိုက္ရသည္။

သတိရိွရိျွဖင့္ ရႊီယမ္ယိ သူ႔လက္ေမာင္းသူထိၾကည့္ၿပီးေနာက္ လက္တစ္ခုလံုးမွာရိွေနတဲ့ ေသြ​ေးေတြေၾကာင့္ မ်က္လံုးျပဴးသြားရသည္။ထိုေသြးေတြက ဟယ္က်င္းရန္မွတစ္ဆင့္ ၾကမ္းျပင္ေပၚသို႔ တစ္စက္စက္ က်ဆင္းေနသည္။

"ဘာလဲ?? ဒါေလးကို ေၾကာက္သြားတာလား?"

ရႊီယမ္ယိရဲ့ ေၾကာက္လန္႔ေနတံမ်က္ႏွာကို ျမင္ေနရၿပီး ဟယ္က်င္းရန္က ကားကူရွင္ေပၚနာက်င္စြာလွဲခ်ကာ က်ယ္ေလာင္စြာရယ္ေမာလိုက္သည္။

"ၾကည့္ရတာ ကိုယ့္လက္ေမာင္း ဒဏ္ရါရသြားတဲ ပံုပဲ?"

'ဒါ အေျခအေနေကာင္းမဟုတ္ဘူးေလ... အထူးသျဖင့္ ေပါ့ျပက္ျပက္ေလသံနဲ႔ေျပာေနရေအာင္.. ေသြးထြက္လြန္လို႔ ခင္ဗ်ားမ်က္ႏွာ ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနတာကို ခင္ဗ်ား ဘယ္လိုမ်ားရယ္ႏိုင္ရတာလဲ??'

(T/N; တခ်ိဳ႕ေသာ အသံုးအႏႈန္းေတြက ျမန္မာလိုျပန္ေရးရာမွာ နဲနဲေထာက္ေနတာမ်ိဳးတို႔ ၿပီးေတာ့ စစ္တပ္နဲ႔ဆိုင္တဲ့အသံုးအႏႈန္းေတြ situation အေပၚ တိတိက်က်က မေဖာ္ျပထားတာေတြေၾကာင့္ သစ္ဘက္က tran တဲ့အခါမွာ အခ်ိန္ေပးရပါတယ္😅 ဇာတ္ရည္မလည္ခဲ့ရင္ ေျပာေနာ္ သစ္ ေသခ်ာျပန္ျပင္ေပမယ္)

Continue Reading

You'll Also Like

997K 53.6K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
752K 63.2K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
518K 18.2K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
1.9M 106K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...