ေႏွာင္တြယ္ရစ္ေသာ...ၾကိဳး💕...

Door pkchan1998

766K 67.7K 2.2K

BL(1.9.2020) Meer

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28 (Warning🔥)
Part 29
Part 30
Part 31
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End

Part 25

18.9K 1.8K 88
Door pkchan1998

🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺

ခါးကိုဖက္ထားသည့္အကို႔လက္ေတြကို အသာဖယ္ၾကည့္ေတာ့ရသြားသည္။
ေတာ္ေသးတာေပါ့ အိပ္ေပ်ာ္သြားလို႔။
မဟုတ္ရင္ ေကာင္းကင္ဘာအလုပ္မွလုပ္လို႔ရမည္မထင္။

အိမ္ကလာတုန္းက ေဘာင္းဘီရွည္ဝတ္ထားေသာ္လည္း
လူၾကီးေတြေရွ႕အျမင္မေတာ္မည္စိုးတာေၾကာင့္ အိတ္ထဲကပုဆိုးထုတ္ကာလဲလိုက္သည္။

အိပ္ေပ်ာ္ေနသည့္ သားအဖႏွစ္ေယာက္ကုိ ၾကည့္ကာျပံဳးမိသည္။
အခုမွ တကယ့္သားအဖေတြျဖစ္သြားသည္။

အခန္းထဲကေျခဖြနင္းကာအျပင္ထြက္လာခဲ့သည္။
ေနာက္ေဖးဘက္က အသံၾကားလို႔ လာခဲ့ေတာ့ ေဒၚေလးက ပဲအနီေတြကို စေကာနဲ႔ထည့္ကာျပာေနသည္။

"ေဒၚေလး ပဲေရြးေနတာလား"

"ေအး သားေလး ညေနက်ျပဳတ္ရေအာင္လို႔ေလ
သားေလး မနားဘူးလား"

"က်ေနာ္နားျပီးပါျပီဗ် အကိုနဲ႔သမီးက အိပ္ေနၾကတယ္ဗ်
က်ေနာ္ကူေပးမယ္ေနာ္အေဒၚ"

"ေအးေအးသားေလး……
ဒါနဲ႔ အေဒၚသိခ်င္တာေမးလို႔ရမလားသားေလး
တမ်ိဳးေတာ့ မျမင္ေစခ်င္ဘူး သားတို႔က အေဒၚတို႔မိသားစုပဲမဟုတ္လား"

ပဲေရြးေနရင္း ေဒၚေလးကေမးလာသည္။
သမီးငယ္နဲ႔ပတ္သက္ျပီးသိခ်င္ဟန္တူပါသည္။

"ဟုတ္ ရပါတယ္ေဒၚေလးေမးပါဗ်"

"တျခားမဟုတ္ပါဘူး ေျမးမေလးအေၾကာင္းပါ
ေျမးမေလးက သားငယ္ရဲ႕ကေလးဆိုေတာ့
သားတို႔ကအရင္ကတည္းက သေဘာက်ေနခဲ့ၾကတာလား"

"အဲ့လိုေတာ့မဟုတ္ပါဘူးေဒၚေလး
မရွက္တမ္းဝန္ခံရရင္ က်ေနာ္က ကိုယ္ဝန္ေဆာင္နိုင္တဲ့ေယာက်ာ္းေလးတစ္ေယာက္ပါ ေဒၚေလးယံုဖို႔ခက္နိုင္ေပမဲ့ ဒါကအမွန္တရားပါ က်ေနာ္အိမ္ေထာင္မျပဳခ်င္လို႔ အသိဆရာဝန္ကိုအကူအညီေတာင္းျပီး ကေလးယူခဲ့တာပါ
အဲ့ဒါကအကိုျဖစ္ေနလိမ့္မယ္လို႔ မထင္ခဲ့ဖူးဘူးဗ်
လြန္ခဲ့တဲ့ဆယ္လေလာက္ကမွ အကိုနဲ႔ျပန္ေတြ႔တာဗ်
ျပန္ေတြ႔တယ္ဆိုကလဲ က်ေနာ္အရင္တုန္းက အကို႔ကိုျမင္ဖူးေနတာမို႔ပါ"

"ေအာ္ ဒါဆို ေျမးေလးကိုသားကိုယ္တိုင္လြယ္ေမြးခဲ့တာေပါ့ အရမ္းခက္ခဲခဲ့မွာပဲ မိန္းကေလးေတြေတာင္
ကေလးယူဖို႔ တြန္႔ဆုတ္ေနၾကတာ သားကေမြးယံုတင္မဟုတ္ဘဲ အၾကာၾကီးတစ္ေယာက္ထဲေစာင့္ေရွာက္ခဲ့တာပဲ
သားကိုသေဘာက်တဲ့ သားငယ္ေတာ့ ကံေကာင္းလိုက္တာ ေယာက်ာ္းေလးဆိုေပမဲ့ စိတ္ထားေလးကလဲ ႏူးည့ံေနေရာ အေဒၚသားေလးသာဆို အေဒၚေတာ့ ဂုဏ္ယူမိမွာပဲ"

"ဟုတ္ အခုလဲ က်ေနာ္က ေဒၚေလးသားပါပဲဗ်
အကို႔အေမပဲေလ က်ေနာ့္အေမပဲေပါ့"

"အေဒၚက သားငယ္တို႔ အေမအရင္းမဟုတ္ပါဘူးကြယ္"

"က်ေနာ္သိပါတယ္ဗ် ဒါေပမဲ့ အကိုနဲ႔သူေ႒းက
ေဒၚေလးကို အေမလိုသေဘာထားတာပဲမဟုတ္လား
ေဒၚေလးကလဲ သားေတြလိုသေဘာထားတာမို႔
သားမိေတြပဲေပါ့ဗ်"

"အဟင္း…ဟင္း အဲ့ဒါေတာ့ ဟုတ္ပါတယ္ကြယ္
သားေလးကိုေတာ့ အေဒၚသေဘာက်လိုက္တာ ဒီမွာပဲ အျမဲေနက်ပါလား"

"ဟုတ္ ေနခ်င္ပါတယ္ဗ်
အကိုကအိမ္ေထာင္ဦးစီးမို႔ အကို႔ေျပာင္းရင္ေတာ့ က်ေနာ္လဲ မျငင္းနိုင္ဘူးဗ်"

"ေအးပါသားေလးရယ္ တကယ္ခ်စ္စရာေကာင္းလိုက္တာ
ကဲ အေဒၚထမင္းအိုးတည္အံုးမယ္ ဒါေလးသားစီထားခဲ့မယ္ေနာ္"

"ဟုတ္ေဒၚေလး က်ေနာ္ဒါျပီးရင္ ထမင္းကူခ်က္ေပးပါ့မယ္ဗ်"

ေကာင္းကင္ ပဲလံုးေတြေရြးျပီး ထမင္းကူခ်က္ေပးလိုက္သည္။
အကို႔ေဖေဖက သားျဖစ္သည့္ အငယ္ေလးကို
က်ဴရွင္လိုက္ပို႔မည္ဆိုကာ သားဖႏွစ္ေယာက္ထြက္သြားၾကသည္။
အငယ္ေလးက ကိုးတန္းတက္မည္ျဖစ္ျပီး အကိုနဲ႔သူေ႒းက ေထာက္ပ့ံေပးထားေၾကာင္းေဒၚေလးကရွင္းျပသည္။

"ေဒၚေလး ဟင္းေတြကအမ်ားၾကီးပဲ
က်ေနာ္တို႔ေၾကာင့္ တကူးတကၾကီးမခ်က္ပါနဲ႔ဗ်
ဘာနဲ႔ျဖစ္ျဖစ္ အဆင္ေျပတယ္ဗ် ခဏေနမွာမွမဟုတ္တာ
အၾကာၾကီးေနမွာဆိုေတာ့ ေခ်ြတာရေအာင္ဗ်"

"ေအးပါသားေလးရယ္ ဒီေန႔တစ္ရက္ေတာ့
ေကာင္းေကာင္းစားရေအာင္လို႔ပါ
ေနာက္ရက္ေတြက် အေဒၚေလ်ာ့ခ်က္ပါ့မယ္"

"ဟုတ္……အမေလး"

"ဟဲ့သားေလး ဘာျဖစ္တာ……ေအာ သားငယ္ပဲကို"

ေနာက္ကေန ရုတ္တရက္ၾကီးလာဖက္လိုက္တာေၾကာင့္
ေကာင္းကင္လန္႔ကာေအာ္လိုက္မိသည္။
ေဒၚေလးက လွည့္ၾကည့္လာျပီး အကိုမွန္းသိေတာ့ လုပ္စရာရွိတာျပန္လုပ္ေနသည္။

"အကို လႊတ္အံုးဗ်"

"ဘာလို႔ဒီေရာက္ေနတာလဲ
ကိုယ္ကေကာင္းကင္ျပန္သြားတယ္ထင္ျပီးရင္ပူသြားတာပဲ"

"အာ က်ေနာ္ကဘာလို႔ျပန္ရမွာလဲ
အကိုနဲ႔သမီးကဒီမွာရွိေနတာကို"

"ေတာ္ေသးတာေပါ့ ညေနစာကူခ်က္ေနတာလား
ျပီးျပီလား"

"ဟုတ္ျပီးေတာ့မွ ငရုပ္သီးေထာင္းေပးမလို႔ ေဒၚေလးကို"

"ေနပါသားေလးရယ္
သားငယ္ေခၚသြားလိုက္ ဒီကေလးကို မလုပ္ပါနဲ႔လဲေျပာမရဘူး"

"ဟုတ္ေဒၚေလး က်ေနာ္ေခၚသြားလိုက္မယ္ဒါဆို"

"အို႔……အကို ဘာလုပ္တာလဲဗ်"

"ေညာင္းေနမွာစုိးလို႔ေလ"

ေကာင္းကင္ မ်က္ႏွာပူစြာေဒၚေလးကိုၾကည့္မိေတာ့
အကိုနဲ႔ေကာင္းကင္ကိုၾကည့္ကာျပံဳးေနသည္။
ဒီအကိုနဲ႔ေတာ့ ေယာကၡမေတြစီမွာ ေကာင္းကင္မ်က္ႏွာပူစရာေတြျဖစ္ကုန္ပါျပီ။

"ဟင္ ဒယ္ဒီက ဘာလို႔ ေဖေဖ့ကိုခ်ီလာတာလဲ
ေဖေဖက ကေလးလဲမဟုတ္ဘဲနဲ႔"

နိုးေနသည့္ သမီးက ေကာင္းကင္တို႔ကိုျမင္တာနဲ႔ေမးေတာ့သည္။

"အကို ေအာက္ခ်ေပးေတာ့ေလ ခ်ီထားတာ မေလးဘူးလား"

"အမယ္ မင္းေလးကဘယ္ေလာက္ဝေနလို႔လဲ
တစ္ကိုယ္လံုးေပါင္းမွ တစ္စုပ္စာေလးကို"

"က်ေနာ္အဲ့ေလာက္ေသးေကြးမေနပါဘူးဗ်
အကိုေျပာမွ က်ေနာ္က ငလက္မျဖစ္ေတာ့မယ္
ေအာက္ခ်ေတာ့ဗ် သမီးရွိေနတာကို"

ထိုအခါမွ သမီးေဘးနားခ်ေပးသည္။

"သမီးငယ္ နိုးျပီးေပါ့ ခဏေနေဖေဖေရခ်ိဳးေပးမယ္"

"ဟုတ္ ဗိုက္ဆာတယ္ေဖေဖ"

"အင္း ေရခ်ိဳးျပီးမွ ညေနစာတခါထဲစားမယ္ေလ
ခဏေလးေစာင့္ ေဖေဖ တဘတ္ယူလိုက္အံုးမယ္"

"ကိုယ္ေရာေရခ်ိဳးမယ္ေကာင္းကင္
သမီးကိုေခၚသြားႏွင့္မယ္"

ေကာင္းကင္ဘာမွျပန္မေျပာရေသးခင္
သမီးကိုေခၚကာအခန္းထဲကထြက္သြားသည္။
အဲ့ဒါမွအခက္။ အကိုေရခ်ိဳးတာ ေကာင္းကင္မွမျမင္ဖူးတာ ဘယ္လိုလုပ္ေပးရမလဲ။
အကိုက ေရခ်ိဳးရင္ဘယ္လိုခ်ိဳးတာလဲ။
ေကာင္းကင္လို ပုဆိုးနဲ႔ခ်ိဳးတာလား။
ဒါမွမဟုတ္ေဘာင္းဘီနဲ႔ခ်ိဳးျပီးမွ ပုဆိုးလဲတာလား။
သူေ႒းမို႔ သူေ႒းလိုပဲခ်ိဳးတာလား။
ေကာင္းကင္လဲ ဘာယူရမွန္းမသိတာနဲ႔ ေကာင္းကင္အိတ္ထဲကပဲ ပုဆိုးႏွစ္ထည္ထုပ္ယူလာခဲ့သည္။
တစ္ထည္ဝတ္ခ်ိဳးျပီး တစ္ထည္လဲရင္အဆင္ေျပမွာပါ။

"အကို ေရခ်ိဳးမွာဆို ခ်ိဳးပါဗ်
သမီးကိုက်ေနာ္ခ်ိဳးေပးလိုက္မယ္"

"အင္း ပုဆိုးက ကိုယ့္အတြက္လား"

"ဟုတ္ အကိုဝတ္တက္လားမသိဘူး"

"ေကာင္းကင္ရယ္ ကိုယ္လဲဗမာလူမ်ိဳးပါ ပုဆိုးဝတ္တက္တာေပါ့ ဒီမွာပုဆိုးဝတ္မခ်ိဳးလို႔ ဘယ္လိုခ်ိဳးရမလဲ"

အက်ီ ၤေတြခ်ြတ္ကာ ေဘးကတန္းေပၚတင္ေနသည့္
အကို႔စီမၾကည့္မိေအာင္ေနရသည္။
ဒီလိုပံုစံကိုေကာင္းကင္တကယ္မရင္းနီးဘူး။
ေယာက်ာ္းတစ္ေယာက္က ကိုယ့္ေယာက်ာ္းျဖစ္လာျပီး
အခုလိုေတြ လုပ္ေနရလိမ့္မယ္လို႔ မေတြးဖူးတာေတာ့အမွန္ပင္။
ေယာက်ာ္းခ်င္းတူေပမဲ့ အကိုက ကိုယ့္ေယာက်ာ္းဆိုတဲ့အသိနဲ႔ နည္းနည္းေတာ့ အေနခက္ရသည္မဟုတ္လား။

သမီးကိုေရခ်ိဳးေပးျပီးေတာ့ အကိုလဲျပီးသြားျပီျဖစ္သည္။
သမီးငယ္ကိုတဘတ္ေလးနဲ႔ပတ္ျပီးေရသုတ္ေပးလိုက္သည္။

"အကို သမီးငယ္ကိုေခၚသြားလို႔ရတယ္မို႔လား
က်ေနာ္ဒီအဝတ္ေလးေတြ ေလ်ွာ္ျပီးလာခဲ့မယ္"

"အင္း အဝတ္ေတြထားလိုက္ ေဒၚေလးကိုေမးျပီးမွ
ေလ်ွာ္တဲ့စီအပ္ရေအာင္"

"ရတယ္ဗ် က်ေနာ္ကိုယ့္ဘာသာပဲေလ်ွာ္လိုက္မယ္
က်ေနာ္တို႔ကေခ်ြတာရမယ္မဟုတ္လား"

"ဟုတ္ပါျပီ ဒါဆိုလဲ သမီးအက်ီ ၤေတြပဲေလ်ွာ္
ကိုယ့္အဝတ္ေတြထားလိုက္ ျပီးမွ ကိုယ္ေလ်ွာ္မယ္
ေကာင္းကင္ပင္ပန္းမွာစိုးလို႔"

"မေလ်ွာ္ရပါဘူး က်ေနာ္လုပ္ပါ့မယ္အကိုက
က်ေနာ့္အိမ္ေထာင္ဦးစီပဲ ပင္ပန္းတယ္လို႔မမွတ္ပါဘူးဗ်"

"ဟား……ေကာင္းကင္ရာ ကိုယ္ေတာ့ အေပ်ာ္လြန္လို႔
ေသေတာ့မွာပဲ"

"ေသေတာ့မေသပါနဲ႔ က်ေနာ္မုဆိုးဖို မျဖစ္ခ်င္ဘူးဗ်"

"အဟား……လူကိုကြာ ရူးေတာ့မွာပဲ
ကဲ ဒါဆိုအိမ္ထဲမသြားေသးဘူး
ေကာင္းကင္ျပီးတဲ့အထိထိုင္ေစာင့္မယ္"

"ဟုတ္ သေဘာပါဗ်"

တကယ္ၾကီးထိုင္ေစာင့္ေနသည့္ အကိုနဲ႔သမီးငယ္ေၾကာင့္
အဝတ္ေတြ ျမန္ျမန္ေလ်ွာ္လိုက္ရသည္။
အိမ္မွာ သမီးအဝတ္ေတြေကာင္းကင္ကိုယ္တိုင္ေလ်ွာ္တာမို႔ ဒါေလာက္ေတာ့ ပင္ပန္းသည္မဆိုသာ။
ေရခ်ိဳးခ်င္ေသာ္လည္း အကိုရွိေနတာမို႔ ညမွသာခ်ိဳးမည္ဟုဆံုးျဖတ္လိုက္သည္။

"ျပီးျပီဗ် လာသမီးငယ္ ေဖေဖ့စီ"

"ေနပါ ကိုယ္ခ်ီခဲ့မယ္
ေရွ႕ကသြား ေခ်ာ္လဲမယ္ ေျဖးေျဖးသြား"

"ဟုတ္ အကို"

အိမ္ထဲျပန္ေရာက္ေတာ့ သမီးငယ္အတြက္ အက်ီ ၤထုပ္ကာဝတ္ေပးလိုက္သည္။
ေဘးနာေနထိုင္ၾကည့္ေနသည့္ အကို႔ေၾကာင့္ တခါတေလ လူကအေယာင္ေယာင္အမွားမွား။
အကိုဘာေတြစိတ္ဝင္စားေနတာတဲ့လဲ။

"အကို အက်ီ ၤဝတ္ေလ အေအးပတ္ေတာ့မွာပဲ"

"ထုပ္ေပးေလ သမီက်ထုပ္ဝတ္ေပးျပီး"

"အယ္……အကိုကလဲ"

"ကုိယ္စဥ္းစားေနတာ ေယာက်ာ္းယူရတာ ဒီလိုေပ်ာ္စရာေလးပါလားလို႔ေလ"

"အကိုက တကယ္ေပ်ာ္လို႔လား"

"ေပ်ာ္တာေပါ့ေကာင္းကင္ရဲ႕
ေကာင္းကင္ရယ္ သမီးရယ္ ဒီလိုေလး အတူရွိခ်င္ခဲ့တာ
အခုကိုယ္အမ်ားၾကီးစိတ္ခ်မ္းသာေနတာ"

"ဟုတ္ ေက်းဇူးတင္ပါတယ္ဗ်
က်ေနာ္နဲ႔သမီးကို ခ်စ္ေပးလို႔"

"ေျပာပါအံုး ေကာင္းကင္ေရာ ကိုယ့္ကိုခ်စ္လား"

"အာ……ဒီမွာ အက်ီ ၤရျပီဗ်
ျပီးရင္ အကိုထြက္လာခဲ့ပါ
က်ေနာ္သမီးကိုေခၚသြားႏွင့္မယ္ သမီးကဗိုက္ဆာေနျပီတဲ့"

ပါးေတြရဲကာ ေရွာင္ေျပးသြားသည့္ ေကာင္းကင္ေၾကာင့္
္ခန္႔တည္ခ်စ္မဝျဖစ္ေနရသည္။
အဝတ္စားလဲျပီး အျပင္ထြက္လာခဲ့သည္။

"ေဒၚေလး အငယ္ေလးက်ဴရွင္သြားတာလား"

"ဟုတ္တယ္ သားငယ္ သားအေဖလိုက္ပို႔တယ္
ခဏေနျပန္လာၾကေတာ့မယ္ထင္တယ္
ေျမးေလးကဗိုက္ဆာေနျပီထင္တယ္ သားတို႔ထမင္းစားၾကေတာ့ေလ"

"သမီးကိုပဲ ခြံလိုက္မယ္ေဒၚေလး
က်ေနာ္တို႔ျပီးမွစားမွာ"

"ေအးေအး"

ေကာင္းကင္သမီးကို ထမင္းေက်ြးေနေတာ့
ခန္႔တည္ေဘးမွာထိုင္ေနလိုက္သည္။

"အကို ေဆးရံုသြားရင္ ဘယ္လိုလုပ္မလဲ
ကားကလဲယူလို႔အဆင္မေျပေတာ့
ျမတ္ဘုန္းကိုလာေခၚခိုင္းမွာလား"

"ဟင့္အင္း ကိုယ္ေဆးရံုမသြားရေတာ့ဘူး"

"ဘာလို႔လဲ အကိုရဲ႕ က်ေနာ္နဲ႔သမီးကိုစိတ္မခ်လို႔လား"

"မဟုတ္ဘူးေကာင္းကင္ရဲ႕
ေဆးလက္မွတ္ျပန္သိမ္းခံထားရတယ္ အဲ့ဒါေၾကာင့္"

"ဟာ အကိုအမွားျဖစ္သြားလို႔လား လူနာအေပၚ"

"အဲ့လိုမရွိပါဘူး ထားလိုက္ပါ တစ္ခုခုနားလည္မႈလႊဲေနတာပါ စိတ္မပူပါနဲ႔ သမီးနဲ႔ေကာင္းကင္ကို ကိုယ္တင့္တင့္တယ္တယ္ထားနိုင္ပါတယ္"

"က်ေနာ္က အဲ့ဒီအတြက္ေျပာေနတာမဟုတ္ဘူးအကို
အကို႔အတြက္စုိးရိမ္လို႔ ဆရာဝန္အလုပ္က အကို႔ဝါသနာပဲမဟုတ္ဘူးလား"

"ဝါသနာဆိုတာထက္ ငယ္ငယ္ကအဖြားတိုက္တြန္းလို႔ ေဆးေက်ာင္းတက္ျဖစ္ခဲ့ျပီး ဆရာဝန္ျဖစ္ခဲ့တာပါ
ကိုယ့္ဝါသနာက ဘာမွန္းေတာင္ေသခ်ာမသိဘူး
အာ အခုေတာ့ သိသြားျပီ"

"အကိုကဘာဝါသနာပါတာလဲ"

"ေကာင္းကင္ကိုခ်စ္တာ……မင္းေလးကိုခ်စ္ရတာ ကိုယ့္ဝါသနာပဲ"

"အေကာင္းမွတ္လို႔ က်ေနာ္က အကိုပိုင္တဲ့လူျဖစ္ေနျပီပဲကို"

"မပိုင္ေသးပါဘူး"

"ဟင္ ဒီမွာေလ အကိုနဲ႔တူတဲ့သမီးေလးေတာင္ရွိေနတာကို ပိုင္ျပီေပါ့"

"သမီးက ဒီတိုင္းရသြားတာေလ
ေတြးၾကည့္ရင္ ကိုယ့္အတြက္ တြက္ေခ်မကိုက္ဘူး သိလား"

"ဟင္ ဘာကတြက္ေခ်မကိုက္တာလဲ"

"သမီးသာရွိလာတာေလ ကိုယ္ကေကာင္းကင္ကို ဘာမွလဲမလုပ္ရဘူး"

"အမ္ ဘာကို ဘာမွမလုပ္ …… ဟာဗ်ာ အကိုမေကာင္းဘူး"

အကို႔စကားေၾကာင့္ ေကာင္းကင္တစ္ကိုယ္လံုးထူပူသြားရသည္။
အကိုကအရွက္လဲမရွိဘူး။ သမီးေရွ႕မွာဘယ္လိုစကားေတြလာေျပာေနရတာတဲ့လဲ။

"မဟုတ္ဘူးလား ေျပာ
ကိုယ္ဘာလုပ္ရတုန္း ဘာမွမလုပ္ရဘူး အခုအခ်ိန္ထိ
နမ္းပဲနမ္းရေသးတယ္ ဒါေတာင္ တဖက္သတ္"

"အကိုကလဲ ေတာ္ပါေတာ့ က်ေနာ္ရွက္လာျပီ"

"ၾကည့္စမ္းကြာ မ်က္ႏွာေတြလဲနီလို႔
တကယ္ပါပဲ ဘယ္လိုခ်စ္စရာေလးမွန္းမသိဘူး
အာ…ဒီေန႔မဂၤလာဦးညျဖစ္မွာပဲကို"

"ဟာ အကို႔……ေတာ္ပါျပီဆိုဗ်ာ"

"ေဟာ ဘာေျပာလို႔လဲ မဂၤလာဦးညမို႔
မဂၤလာဦးညလို႔ေျပာတာကို"

"အကို႔ မစနဲ႔လို က်ေနာ္တကယ္မ်က္ႏွာပူလာျပီ
သမီးေရွ႕မွာ အဲ့လိုေျပာစရာလား ျပီးေတာ့ အကို႔အေဖတို႔ရွိတာကို အေနအထိုင္ဆင္ျခင္မွေပါ့"

"ေန႔တိုင္းဆင္ျခင္ရမွာလားကိုယ္က"

"ေန႔တိုင္းေပါ့ဗ်"

"ဒီေန႔ညေရာလား"

"ဘာကို… ဒီေန႔ညေရာေပါ့ဗ်"

"အျမဲတမ္းလား ဒီမွာေနတဲ့တစ္ေလ်ွာက္လံုးေလ"

"ဟုတ္တယ္"

"ေဖေဖတို႔အိမ္မွာ တစ္သက္လံုးေနရရင္ေရာ အဲ့ဒါဆို"

"တစ္သက္လံုး အေနအထိုင္ဆင္ျခင္ေပါ့ ကဲ"

"အဲ့ဒါဆို ေနာက္ကေလးရဖို႔ ဘယ္လိုလုပ္မယ္"

"ဟမ္ အကိုကဗ်ာ ဘာလို႔ဒါပဲလာလာေျပာေနတာလဲ
ေတာ္ျပီေရာ့ သမီးကို ထမင္းဆက္ေက်ြး
ေရသြားခ်ိဳးေတာ့မယ္"

ထမင္းပန္းကန္ေလးထိုးေပးကာ ထြက္ေျပးသည့္ေကာင္းကင္ကိုၾကည့္ျပီး ခန္႔တည္ တဟားဟားရယ္ေနမိသည္။
စပ္စုသည့္သမီးငယ္က ထမင္းဝါးေနရင္ မ်က္ေမွာင္က်ံဳ႕ၾကည့္လာျပန္သည္။

"သမီး ေဖေဖ အရွက္သည္းေလး ေျပးျပီ
ဒယ္ဒီပဲထမင္းေက်ြးတာဝန္က်ေရာ"

"ဖြားဖြားတို႔ အိမ္ကထမင္းကစားလို႔ေကာင္းတယ္ဒယ္ဒီ"

"သမီးၾကိဳက္တယ္ေပါ့ ဖြားဖြားလက္ရာကို"

"ဟုတ္ ေန႔တိုင္းစားမွာ"

"ေန႔တိုင္းစားရမွာေပါ့ ဒယ္ဒီအသဲေလးစားခ်င္တာေတြ မနက္ျဖန္သြားဝယ္ၾကမယ္ေနာ္"

"ဟုတ္"

သမီးကိုထမင္းေက်ြးျပီး ၾကာေတာ့ ေဖေဖနဲ႔အငယ္ေလးလဲျပန္ေရာက္လာသည္။
ေရသြားခ်ိဳးသည့္ေကာင္းကင္လဲ ေရာက္လာျပီမို႔
ညေနစာစားလိုက္ၾကသည္။
စားဖူးသမ်ွညေနစာေတြထဲမွာ ဒီတခါစားသည့္ ညေနစာသည္ အေကာင္းဆံုးဟု ခန္႔တည္မွတ္ခ်က္ခ်မိသည္။
ခ်စ္ရသူက အနားမွာရွိေနျပီမို႔မ်ားလား။
………………………………………

ေဆးရံုမွာလဲ တာဝန္မရွိေတာ့သည့္ ေျမးငယ္ဟာ
ေနာက္က်သည္အထိ ျပန္မလာေသးေတာ့ ေဒၚမိုးျမင့္နိုင္စိတ္ပူေနရသည္။
ေျမးၾကီးကလဲ အိမ္မွာသာရွိျပီး ေျမးငယ္အေၾကာင္းဘာတစ္ခုမွေျပာမလာ။

"ေျမးၾကီး မင္းညီကိုဖုန္းဆက္စမ္း ဘယ္သြားေနတာလဲသိရေအာင္"

"ဖုန္းစက္ပိတ္ထားတယ္အဖြား"

"တစ္ေနကုန္ ဘယ္ကိုသြားေနတာပ့ါလိမ့္
USမသြားခ်င္တာနဲ႔ ေရွာင္ေနျပီထင္တယ္ ဒီေကာင္ေလး"

"အဖြား ဘာလို႔ ခန္႔တည္ေဆးလက္မွတ္သိမ္းခံရေအာင္လုပ္တာလဲ သူဘာအမွားမွမလုပ္ဘဲနဲ႔"

"မင္းညီက အဲ့ဒီအလုပ္မရွိေတာ့ရင္ အဖြားကိုစုန္ကန္ဖို႔ မျဖစ္နိုင္ေတာ့ဘူးေလ မဟုတ္ရင္ သူ႔ဘာသူ ေငြရွာနိုင္ျပီဆိုျပီး ဟိုေကာင္ေလးကို လက္ထပ္ေတာ့မွာ"

"အခုလိုလုပ္ေတာ့ေရာ ခန္႔တည္က အိမ္ျပန္ေရာက္လာလို႔လားအဖြား"

"ေျမးၾကီး မင္းစကားကဘာလဲ
ေျမးငယ္ဘာလုပ္ေနလဲ အဖြားကိုေျပာစမ္း"

"ခန္႔တည္က က်ေနာ့္ထက္ပိုျပီး ဆံုးျဖတ္ခ်က္ခိုင္မာတာ အဖြားသိပါတယ္ သူဆံုးျဖတ္ျပီးရင္ ဘယ္တုန္းကျပင္ခဲ့ဖူးလို႔လဲ အခုသူေကာင္းကင္ကိုလက္ထပ္မယ္ေျပာထားတာပဲ သူျဖစ္ေအာင္လုပ္မယ္ဆိုတာ အဖြားလဲခန္႔မွန္းမိမွာပါ"

"ေျမးၾကီး မင္းကပါ မင္းညီလမ္းမွားေလ်ွာက္ေနတာကို
ေထာက္ခံေနတာလား"

"သူေလ်ွာက္တဲ့လမ္း မွားတယ္မွန္တယ္ဆိုတာ
က်ေနာ္ဆံုးျဖတ္ခြင့္မရွိဘူးေလအဖြား
ေလ်ွာက္တဲ့သူကိုယ္တိုင္ပဲသိလိမ့္မယ္
ဒါေပမဲ့ခန္႔တည္ကေတာ့ သူေလ်ွာက္တဲ့လမ္း
ၾကမ္းေနရင္ေတာင္ သူခ်စ္တဲ့သူကို ပန္းခင္းလမ္းျဖစ္ေအာင္ဖန္တီးေပးမဲ့လူမ်ိဳး က်ေနာ္တို႔ညီကိုႏွစ္ေယာက္ကို
အဖြားေစာင့္ေရွာက္ခဲ့တာပါ ဒါေတြ အဖြားအသိဆံုးျဖစ္မွာပါ က်ေနာ္တစ္ေယာက္လံုး အဖြားအတြက္ အစစလိုက္ေလ်ာေပးျပီးျပီပဲ ခန္႔တည္ကိုေတာ့ သူကိုယ္တိုင္ေရြးခ်ယ္ပါေစ"

"မင္းတို႔အဖြား ေသတာျမင္ခ်င္ရင္ေတာ့
မင္းတို႔အေမလိုပဲ ထင္ရာလုပ္ၾကေပါ့
သံေယာဇဥ္ပ်က္ျပီဆို အဖြားကဘာလက္က်န္မွ မထားတာ ေျမးၾကီးသိပါတယ္ မင္းလဲ အဖြားစကားကို
နားေထာင္ေနရလို႔ ေနာင္တရေနရင္ သြား
အဖြားမွားေနတယ္လို႔ထင္တယ္မဟုတ္လား သြားေျမးၾကီးသြား မင္းတို႔စိတ္ၾကိဳက္ေနရာ သြားၾက"

ိဆိုဖာကေန ထဖို႔ျပင္ေနသည့္ အဖြားကို တြဲထူေပးေတာ့
ဖယ္ခ်သည္။
အိမ္အကူအမ်ိဳးသမီးကိုေခၚကာ တြဲခိုင္းျပီး အခန္းထဲဝင္သြားသည္။

က်ေနာ္ေနာင္တမရပါဘူးအဖြား။
အဖြားကက်ေနာ္တို႔ရဲ႕တစ္ဦးတည္းေသာေက်းဇူးရွင္မို႔
အဖြားစိတ္ခ်မ္းသာဖို႔ က်ေနာ္က ဘာေတြစေတးရ စေတးရ ေနာင္တမရဘူး။
က်ေနာ့္ႏွလံုးသားျဖစ္ေနရင္မွ အဖြားစိတ္ခ်မ္းသာတယ္ဆို
က်ေနာ္ေက်နပ္နိုင္တယ္။
ခန္႔တည္ကိုေတာ့ သူ႔ဘဝကို သူ႔သေဘာက်ျဖတ္သန္းေစခ်င္ယံုပါ။
အခုထိ က်ေနာ္ညီငယ့္အေပၚ တာဝန္မေက်ဘူးလို႔ ခံစားရတုန္းပဲအဖြား။
ေဖေဖ့အေပၚလဲ က်ေနာ္သားၾကီးမပီသနိုင္ေသးဘူး။
အဖြားအတြက္ ေျမးၾကီးပီသနိုင္ဖို႔ေတာ့ က်ေနာ္အတက္နိုင္ဆံုးၾကိဳးစားေနပါတယ္။
……………………………………
T.B.C

(AN/အေနအထိုင္ဆင္ျခင္ပါတဲ့ ေမာင္ေကာင္းကင္က🙃)

#HoneyChan

🌺နှောင်တွယ်ရစ်သောကြိုး🌺

ခါးကိုဖက်ထားသည့်အကို့လက်တွေကို အသာဖယ်ကြည့်တော့ရသွားသည်။
တော်သေးတာပေါ့ အိပ်ပျော်သွားလို့။
မဟုတ်ရင် ကောင်းကင်ဘာအလုပ်မှလုပ်လို့ရမည်မထင်။

အိမ်ကလာတုန်းက ဘောင်းဘီရှည်ဝတ်ထားသော်လည်း
လူကြီးတွေရှေ့အမြင်မတော်မည်စိုးတာကြောင့် အိတ်ထဲကပုဆိုးထုတ်ကာလဲလိုက်သည်။

အိပ်ပျော်နေသည့် သားအဖနှစ်ယောက်ကို ကြည့်ကာပြုံးမိသည်။
အခုမှ တကယ့်သားအဖတွေဖြစ်သွားသည်။

အခန်းထဲကခြေဖွနင်းကာအပြင်ထွက်လာခဲ့သည်။
နောက်ဖေးဘက်က အသံကြားလို့ လာခဲ့တော့ ဒေါ်လေးက ပဲအနီတွေကို စကောနဲ့ထည့်ကာပြာနေသည်။

"ဒေါ်လေး ပဲရွေးနေတာလား"

"အေး သားလေး ညနေကျပြုတ်ရအောင်လို့လေ
သားလေး မနားဘူးလား"

"ကျနော်နားပြီးပါပြီဗျ အကိုနဲ့သမီးက အိပ်နေကြတယ်ဗျ
ကျနော်ကူပေးမယ်နော်အဒေါ်"

"အေးအေးသားလေး……
ဒါနဲ့ အဒေါ်သိချင်တာမေးလို့ရမလားသားလေး
တမျိုးတော့ မမြင်စေချင်ဘူး သားတို့က အဒေါ်တို့မိသားစုပဲမဟုတ်လား"

ပဲရွေးနေရင်း ဒေါ်လေးကမေးလာသည်။
သမီးငယ်နဲ့ပတ်သက်ပြီးသိချင်ဟန်တူပါသည်။

"ဟုတ် ရပါတယ်ဒေါ်လေးမေးပါဗျ"

"တခြားမဟုတ်ပါဘူး မြေးမလေးအကြောင်းပါ
မြေးမလေးက သားငယ်ရဲ့ကလေးဆိုတော့
သားတို့ကအရင်ကတည်းက သဘောကျနေခဲ့ကြတာလား"

"အဲ့လိုတော့မဟုတ်ပါဘူးဒေါ်လေး
မရှက်တမ်းဝန်ခံရရင် ကျနော်က ကိုယ်ဝန်ဆောင်နိုင်တဲ့ယောကျာ်းလေးတစ်ယောက်ပါ ဒေါ်လေးယုံဖို့ခက်နိုင်ပေမဲ့ ဒါကအမှန်တရားပါ ကျနော်အိမ်ထောင်မပြုချင်လို့ အသိဆရာဝန်ကိုအကူအညီတောင်းပြီး ကလေးယူခဲ့တာပါ
အဲ့ဒါကအကိုဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူးဗျ
လွန်ခဲ့တဲ့ဆယ်လလောက်ကမှ အကိုနဲ့ပြန်တွေ့တာဗျ
ပြန်တွေ့တယ်ဆိုကလဲ ကျနော်အရင်တုန်းက အကို့ကိုမြင်ဖူးနေတာမို့ပါ"

"အော် ဒါဆို မြေးလေးကိုသားကိုယ်တိုင်လွယ်မွေးခဲ့တာပေါ့ အရမ်းခက်ခဲခဲ့မှာပဲ မိန်းကလေးတွေတောင်
ကလေးယူဖို့ တွန့်ဆုတ်နေကြတာ သားကမွေးယုံတင်မဟုတ်ဘဲ အကြာကြီးတစ်ယောက်ထဲစောင့်ရှောက်ခဲ့တာပဲ
သားကိုသဘောကျတဲ့ သားငယ်တော့ ကံကောင်းလိုက်တာ ယောကျာ်းလေးဆိုပေမဲ့ စိတ်ထားလေးကလဲ နူးညံ့နေရော အဒေါ်သားလေးသာဆို အဒေါ်တော့ ဂုဏ်ယူမိမှာပဲ"

"ဟုတ် အခုလဲ ကျနော်က ဒေါ်လေးသားပါပဲဗျ
အကို့အမေပဲလေ ကျနော့်အမေပဲပေါ့"

"အဒေါ်က သားငယ်တို့ အမေအရင်းမဟုတ်ပါဘူးကွယ်"

"ကျနော်သိပါတယ်ဗျ ဒါပေမဲ့ အကိုနဲ့သူဋ္ဌေးက
ဒေါ်လေးကို အမေလိုသဘောထားတာပဲမဟုတ်လား
ဒေါ်လေးကလဲ သားတွေလိုသဘောထားတာမို့
သားမိတွေပဲပေါ့ဗျ"

"အဟင်း…ဟင်း အဲ့ဒါတော့ ဟုတ်ပါတယ်ကွယ်
သားလေးကိုတော့ အဒေါ်သဘောကျလိုက်တာ ဒီမှာပဲ အမြဲနေကျပါလား"

"ဟုတ် နေချင်ပါတယ်ဗျ
အကိုကအိမ်ထောင်ဦးစီးမို့ အကို့ပြောင်းရင်တော့ ကျနော်လဲ မငြင်းနိုင်ဘူးဗျ"

"အေးပါသားလေးရယ် တကယ်ချစ်စရာကောင်းလိုက်တာ
ကဲ အဒေါ်ထမင်းအိုးတည်အုံးမယ် ဒါလေးသားစီထားခဲ့မယ်နော်"

"ဟုတ်ဒေါ်လေး ကျနော်ဒါပြီးရင် ထမင်းကူချက်ပေးပါ့မယ်ဗျ"

ကောင်းကင် ပဲလုံးတွေရွေးပြီး ထမင်းကူချက်ပေးလိုက်သည်။
အကို့ဖေဖေက သားဖြစ်သည့် အငယ်လေးကို
ကျူရှင်လိုက်ပို့မည်ဆိုကာ သားဖနှစ်ယောက်ထွက်သွားကြသည်။
အငယ်လေးက ကိုးတန်းတက်မည်ဖြစ်ပြီး အကိုနဲ့သူဋ္ဌေးက ထောက်ပံ့ပေးထားကြောင်းဒေါ်လေးကရှင်းပြသည်။

"ဒေါ်လေး ဟင်းတွေကအများကြီးပဲ
ကျနော်တို့ကြောင့် တကူးတကကြီးမချက်ပါနဲ့ဗျ
ဘာနဲ့ဖြစ်ဖြစ် အဆင်ပြေတယ်ဗျ ခဏနေမှာမှမဟုတ်တာ
အကြာကြီးနေမှာဆိုတော့ ချွေတာရအောင်ဗျ"

"အေးပါသားလေးရယ် ဒီနေ့တစ်ရက်တော့
ကောင်းကောင်းစားရအောင်လို့ပါ
နောက်ရက်တွေကျ အဒေါ်လျော့ချက်ပါ့မယ်"

"ဟုတ်……အမလေး"

"ဟဲ့သားလေး ဘာဖြစ်တာ……အော သားငယ်ပဲကို"

နောက်ကနေ ရုတ်တရက်ကြီးလာဖက်လိုက်တာကြောင့်
ကောင်းကင်လန့်ကာအော်လိုက်မိသည်။
ဒေါ်လေးက လှည့်ကြည့်လာပြီး အကိုမှန်းသိတော့ လုပ်စရာရှိတာပြန်လုပ်နေသည်။

"အကို လွှတ်အုံးဗျ"

"ဘာလို့ဒီရောက်နေတာလဲ
ကိုယ်ကကောင်းကင်ပြန်သွားတယ်ထင်ပြီးရင်ပူသွားတာပဲ"

"အာ ကျနော်ကဘာလို့ပြန်ရမှာလဲ
အကိုနဲ့သမီးကဒီမှာရှိနေတာကို"

"တော်သေးတာပေါ့ ညနေစာကူချက်နေတာလား
ပြီးပြီလား"

"ဟုတ်ပြီးတော့မှ ငရုပ်သီးထောင်းပေးမလို့ ဒေါ်လေးကို"

"နေပါသားလေးရယ်
သားငယ်ခေါ်သွားလိုက် ဒီကလေးကို မလုပ်ပါနဲ့လဲပြောမရဘူး"

"ဟုတ်ဒေါ်လေး ကျနော်ခေါ်သွားလိုက်မယ်ဒါဆို"

"အို့……အကို ဘာလုပ်တာလဲဗျ"

"ညောင်းနေမှာစိုးလို့လေ"

ကောင်းကင် မျက်နှာပူစွာဒေါ်လေးကိုကြည့်မိတော့
အကိုနဲ့ကောင်းကင်ကိုကြည့်ကာပြုံးနေသည်။
ဒီအကိုနဲ့တော့ ယောက္ခမတွေစီမှာ ကောင်းကင်မျက်နှာပူစရာတွေဖြစ်ကုန်ပါပြီ။

"ဟင် ဒယ်ဒီက ဘာလို့ ဖေဖေ့ကိုချီလာတာလဲ
ဖေဖေက ကလေးလဲမဟုတ်ဘဲနဲ့"

နိုးနေသည့် သမီးက ကောင်းကင်တို့ကိုမြင်တာနဲ့မေးတော့သည်။

"အကို အောက်ချပေးတော့လေ ချီထားတာ မလေးဘူးလား"

"အမယ် မင်းလေးကဘယ်လောက်ဝနေလို့လဲ
တစ်ကိုယ်လုံးပေါင်းမှ တစ်စုပ်စာလေးကို"

"ကျနော်အဲ့လောက်သေးကွေးမနေပါဘူးဗျ
အကိုပြောမှ ကျနော်က ငလက်မဖြစ်တော့မယ်
အောက်ချတော့ဗျ သမီးရှိနေတာကို"

ထိုအခါမှ သမီးဘေးနားချပေးသည်။

"သမီးငယ် နိုးပြီးပေါ့ ခဏနေဖေဖေရေချိုးပေးမယ်"

"ဟုတ် ဗိုက်ဆာတယ်ဖေဖေ"

"အင်း ရေချိုးပြီးမှ ညနေစာတခါထဲစားမယ်လေ
ခဏလေးစောင့် ဖေဖေ တဘတ်ယူလိုက်အုံးမယ်"

"ကိုယ်ရောရေချိုးမယ်ကောင်းကင်
သမီးကိုခေါ်သွားနှင့်မယ်"

ကောင်းကင်ဘာမှပြန်မပြောရသေးခင်
သမီးကိုခေါ်ကာအခန်းထဲကထွက်သွားသည်။
အဲ့ဒါမှအခက်။ အကိုရေချိုးတာ ကောင်းကင်မှမမြင်ဖူးတာ ဘယ်လိုလုပ်ပေးရမလဲ။
အကိုက ရေချိုးရင်ဘယ်လိုချိုးတာလဲ။
ကောင်းကင်လို ပုဆိုးနဲ့ချိုးတာလား။
ဒါမှမဟုတ်ဘောင်းဘီနဲ့ချိုးပြီးမှ ပုဆိုးလဲတာလား။
သူဋ္ဌေးမို့ သူဋ္ဌေးလိုပဲချိုးတာလား။
ကောင်းကင်လဲ ဘာယူရမှန်းမသိတာနဲ့ ကောင်းကင်အိတ်ထဲကပဲ ပုဆိုးနှစ်ထည်ထုပ်ယူလာခဲ့သည်။
တစ်ထည်ဝတ်ချိုးပြီး တစ်ထည်လဲရင်အဆင်ပြေမှာပါ။

"အကို ရေချိုးမှာဆို ချိုးပါဗျ
သမီးကိုကျနော်ချိုးပေးလိုက်မယ်"

"အင်း ပုဆိုးက ကိုယ့်အတွက်လား"

"ဟုတ် အကိုဝတ်တက်လားမသိဘူး"

"ကောင်းကင်ရယ် ကိုယ်လဲဗမာလူမျိုးပါ ပုဆိုးဝတ်တက်တာပေါ့ ဒီမှာပုဆိုးဝတ်မချိုးလို့ ဘယ်လိုချိုးရမလဲ"

အကျီ ၤတွေချွတ်ကာ ဘေးကတန်းပေါ်တင်နေသည့်
အကို့စီမကြည့်မိအောင်နေရသည်။
ဒီလိုပုံစံကိုကောင်းကင်တကယ်မရင်းနီးဘူး။
ယောကျာ်းတစ်ယောက်က ကိုယ့်ယောကျာ်းဖြစ်လာပြီး
အခုလိုတွေ လုပ်နေရလိမ့်မယ်လို့ မတွေးဖူးတာတော့အမှန်ပင်။
ယောကျာ်းချင်းတူပေမဲ့ အကိုက ကိုယ့်ယောကျာ်းဆိုတဲ့အသိနဲ့ နည်းနည်းတော့ အနေခက်ရသည်မဟုတ်လား။

သမီးကိုရေချိုးပေးပြီးတော့ အကိုလဲပြီးသွားပြီဖြစ်သည်။
သမီးငယ်ကိုတဘတ်လေးနဲ့ပတ်ပြီးရေသုတ်ပေးလိုက်သည်။

"အကို သမီးငယ်ကိုခေါ်သွားလို့ရတယ်မို့လား
ကျနော်ဒီအဝတ်လေးတွေ လျှော်ပြီးလာခဲ့မယ်"

"အင်း အဝတ်တွေထားလိုက် ဒေါ်လေးကိုမေးပြီးမှ
လျှော်တဲ့စီအပ်ရအောင်"

"ရတယ်ဗျ ကျနော်ကိုယ့်ဘာသာပဲလျှော်လိုက်မယ်
ကျနော်တို့ကချွေတာရမယ်မဟုတ်လား"

"ဟုတ်ပါပြီ ဒါဆိုလဲ သမီးအကျီ ၤတွေပဲလျှော်
ကိုယ့်အဝတ်တွေထားလိုက် ပြီးမှ ကိုယ်လျှော်မယ်
ကောင်းကင်ပင်ပန်းမှာစိုးလို့"

"မလျှော်ရပါဘူး ကျနော်လုပ်ပါ့မယ်အကိုက
ကျနော့်အိမ်ထောင်ဦးစီပဲ ပင်ပန်းတယ်လို့မမှတ်ပါဘူးဗျ"

"ဟား……ကောင်းကင်ရာ ကိုယ်တော့ အပျော်လွန်လို့
သေတော့မှာပဲ"

"သေတော့မသေပါနဲ့ ကျနော်မုဆိုးဖို မဖြစ်ချင်ဘူးဗျ"

"အဟား……လူကိုကွာ ရူးတော့မှာပဲ
ကဲ ဒါဆိုအိမ်ထဲမသွားသေးဘူး
ကောင်းကင်ပြီးတဲ့အထိထိုင်စောင့်မယ်"

"ဟုတ် သဘောပါဗျ"

တကယ်ကြီးထိုင်စောင့်နေသည့် အကိုနဲ့သမီးငယ်ကြောင့်
အဝတ်တွေ မြန်မြန်လျှော်လိုက်ရသည်။
အိမ်မှာ သမီးအဝတ်တွေကောင်းကင်ကိုယ်တိုင်လျှော်တာမို့ ဒါလောက်တော့ ပင်ပန်းသည်မဆိုသာ။
ရေချိုးချင်သော်လည်း အကိုရှိနေတာမို့ ညမှသာချိုးမည်ဟုဆုံးဖြတ်လိုက်သည်။

"ပြီးပြီဗျ လာသမီးငယ် ဖေဖေ့စီ"

"နေပါ ကိုယ်ချီခဲ့မယ်
ရှေ့ကသွား ချော်လဲမယ် ဖြေးဖြေးသွား"

"ဟုတ် အကို"

အိမ်ထဲပြန်ရောက်တော့ သမီးငယ်အတွက် အကျီ ၤထုပ်ကာဝတ်ပေးလိုက်သည်။
ဘေးနာနေထိုင်ကြည့်နေသည့် အကို့ကြောင့် တခါတလေ လူကအယောင်ယောင်အမှားမှား။
အကိုဘာတွေစိတ်ဝင်စားနေတာတဲ့လဲ။

"အကို အကျီ ၤဝတ်လေ အအေးပတ်တော့မှာပဲ"

"ထုပ်ပေးလေ သမီကျထုပ်ဝတ်ပေးပြီး"

"အယ်……အကိုကလဲ"

"ကိုယ်စဉ်းစားနေတာ ယောကျာ်းယူရတာ ဒီလိုပျော်စရာလေးပါလားလို့လေ"

"အကိုက တကယ်ပျော်လို့လား"

"ပျော်တာပေါ့ကောင်းကင်ရဲ့
ကောင်းကင်ရယ် သမီးရယ် ဒီလိုလေး အတူရှိချင်ခဲ့တာ
အခုကိုယ်အများကြီးစိတ်ချမ်းသာနေတာ"

"ဟုတ် ကျေးဇူးတင်ပါတယ်ဗျ
ကျနော်နဲ့သမီးကို ချစ်ပေးလို့"

"ပြောပါအုံး ကောင်းကင်ရော ကိုယ့်ကိုချစ်လား"

"အာ……ဒီမှာ အကျီ ၤရပြီဗျ
ပြီးရင် အကိုထွက်လာခဲ့ပါ
ကျနော်သမီးကိုခေါ်သွားနှင့်မယ် သမီးကဗိုက်ဆာနေပြီတဲ့"

ပါးတွေရဲကာ ရှောင်ပြေးသွားသည့် ကောင်းကင်ကြောင့်
်ခန့်တည်ချစ်မဝဖြစ်နေရသည်။
အဝတ်စားလဲပြီး အပြင်ထွက်လာခဲ့သည်။

"ဒေါ်လေး အငယ်လေးကျူရှင်သွားတာလား"

"ဟုတ်တယ် သားငယ် သားအဖေလိုက်ပို့တယ်
ခဏနေပြန်လာကြတော့မယ်ထင်တယ်
မြေးလေးကဗိုက်ဆာနေပြီထင်တယ် သားတို့ထမင်းစားကြတော့လေ"

"သမီးကိုပဲ ခွံလိုက်မယ်ဒေါ်လေး
ကျနော်တို့ပြီးမှစားမှာ"

"အေးအေး"

ကောင်းကင်သမီးကို ထမင်းကျွေးနေတော့
ခန့်တည်ဘေးမှာထိုင်နေလိုက်သည်။

"အကို ဆေးရုံသွားရင် ဘယ်လိုလုပ်မလဲ
ကားကလဲယူလို့အဆင်မပြေတော့
မြတ်ဘုန်းကိုလာခေါ်ခိုင်းမှာလား"

"ဟင့်အင်း ကိုယ်ဆေးရုံမသွားရတော့ဘူး"

"ဘာလို့လဲ အကိုရဲ့ ကျနော်နဲ့သမီးကိုစိတ်မချလို့လား"

"မဟုတ်ဘူးကောင်းကင်ရဲ့
ဆေးလက်မှတ်ပြန်သိမ်းခံထားရတယ် အဲ့ဒါကြောင့်"

"ဟာ အကိုအမှားဖြစ်သွားလို့လား လူနာအပေါ်"

"အဲ့လိုမရှိပါဘူး ထားလိုက်ပါ တစ်ခုခုနားလည်မှုလွှဲနေတာပါ စိတ်မပူပါနဲ့ သမီးနဲ့ကောင်းကင်ကို ကိုယ်တင့်တင့်တယ်တယ်ထားနိုင်ပါတယ်"

"ကျနော်က အဲ့ဒီအတွက်ပြောနေတာမဟုတ်ဘူးအကို
အကို့အတွက်စိုးရိမ်လို့ ဆရာဝန်အလုပ်က အကို့ဝါသနာပဲမဟုတ်ဘူးလား"

"ဝါသနာဆိုတာထက် ငယ်ငယ်ကအဖွားတိုက်တွန်းလို့ ဆေးကျောင်းတက်ဖြစ်ခဲ့ပြီး ဆရာဝန်ဖြစ်ခဲ့တာပါ
ကိုယ့်ဝါသနာက ဘာမှန်းတောင်သေချာမသိဘူး
အာ အခုတော့ သိသွားပြီ"

"အကိုကဘာဝါသနာပါတာလဲ"

"ကောင်းကင်ကိုချစ်တာ……မင်းလေးကိုချစ်ရတာ ကိုယ့်ဝါသနာပဲ"

"အကောင်းမှတ်လို့ ကျနော်က အကိုပိုင်တဲ့လူဖြစ်နေပြီပဲကို"

"မပိုင်သေးပါဘူး"

"ဟင် ဒီမှာလေ အကိုနဲ့တူတဲ့သမီးလေးတောင်ရှိနေတာကို ပိုင်ပြီပေါ့"

"သမီးက ဒီတိုင်းရသွားတာလေ
တွေးကြည့်ရင် ကိုယ့်အတွက် တွက်ချေမကိုက်ဘူး သိလား"

"ဟင် ဘာကတွက်ချေမကိုက်တာလဲ"

"သမီးသာရှိလာတာလေ ကိုယ်ကကောင်းကင်ကို ဘာမှလဲမလုပ်ရဘူး"

"အမ် ဘာကို ဘာမှမလုပ် …… ဟာဗျာ အကိုမကောင်းဘူး"

အကို့စကားကြောင့် ကောင်းကင်တစ်ကိုယ်လုံးထူပူသွားရသည်။
အကိုကအရှက်လဲမရှိဘူး။ သမီးရှေ့မှာဘယ်လိုစကားတွေလာပြောနေရတာတဲ့လဲ။

"မဟုတ်ဘူးလား ပြော
ကိုယ်ဘာလုပ်ရတုန်း ဘာမှမလုပ်ရဘူး အခုအချိန်ထိ
နမ်းပဲနမ်းရသေးတယ် ဒါတောင် တဖက်သတ်"

"အကိုကလဲ တော်ပါတော့ ကျနော်ရှက်လာပြီ"

"ကြည့်စမ်းကွာ မျက်နှာတွေလဲနီလို့
တကယ်ပါပဲ ဘယ်လိုချစ်စရာလေးမှန်းမသိဘူး
အာ…ဒီနေ့မင်္ဂလာဦးညဖြစ်မှာပဲကို"

"ဟာ အကို့……တော်ပါပြီဆိုဗျာ"

"ဟော ဘာပြောလို့လဲ မင်္ဂလာဦးညမို့
မင်္ဂလာဦးညလို့ပြောတာကို"

"အကို့ မစနဲ့လို ကျနော်တကယ်မျက်နှာပူလာပြီ
သမီးရှေ့မှာ အဲ့လိုပြောစရာလား ပြီးတော့ အကို့အဖေတို့ရှိတာကို အနေအထိုင်ဆင်ခြင်မှပေါ့"

"နေ့တိုင်းဆင်ခြင်ရမှာလားကိုယ်က"

"နေ့တိုင်းပေါ့ဗျ"

"ဒီနေ့ညရောလား"

"ဘာကို… ဒီနေ့ညရောပေါ့ဗျ"

"အမြဲတမ်းလား ဒီမှာနေတဲ့တစ်လျှောက်လုံးလေ"

"ဟုတ်တယ်"

"ဖေဖေတို့အိမ်မှာ တစ်သက်လုံးနေရရင်ရော အဲ့ဒါဆို"

"တစ်သက်လုံး အနေအထိုင်ဆင်ခြင်ပေါ့ ကဲ"

"အဲ့ဒါဆို နောက်ကလေးရဖို့ ဘယ်လိုလုပ်မယ်"

"ဟမ် အကိုကဗျာ ဘာလို့ဒါပဲလာလာပြောနေတာလဲ
တော်ပြီရော့ သမီးကို ထမင်းဆက်ကျွေး
ရေသွားချိုးတော့မယ်"

ထမင်းပန်းကန်လေးထိုးပေးကာ ထွက်ပြေးသည့်ကောင်းကင်ကိုကြည့်ပြီး ခန့်တည် တဟားဟားရယ်နေမိသည်။
စပ်စုသည့်သမီးငယ်က ထမင်းဝါးနေရင် မျက်မှောင်ကျုံ့ကြည့်လာပြန်သည်။

"သမီး ဖေဖေ အရှက်သည်းလေး ပြေးပြီ
ဒယ်ဒီပဲထမင်းကျွေးတာဝန်ကျရော"

"ဖွားဖွားတို့ အိမ်ကထမင်းကစားလို့ကောင်းတယ်ဒယ်ဒီ"

"သမီးကြိုက်တယ်ပေါ့ ဖွားဖွားလက်ရာကို"

"ဟုတ် နေ့တိုင်းစားမှာ"

"နေ့တိုင်းစားရမှာပေါ့ ဒယ်ဒီအသဲလေးစားချင်တာတွေ မနက်ဖြန်သွားဝယ်ကြမယ်နော်"

"ဟုတ်"

သမီးကိုထမင်းကျွေးပြီး ကြာတော့ ဖေဖေနဲ့အငယ်လေးလဲပြန်ရောက်လာသည်။
ရေသွားချိုးသည့်ကောင်းကင်လဲ ရောက်လာပြီမို့
ညနေစာစားလိုက်ကြသည်။
စားဖူးသမျှညနေစာတွေထဲမှာ ဒီတခါစားသည့် ညနေစာသည် အကောင်းဆုံးဟု ခန့်တည်မှတ်ချက်ချမိသည်။
ချစ်ရသူက အနားမှာရှိနေပြီမို့များလား။
………………………………………

ဆေးရုံမှာလဲ တာဝန်မရှိတော့သည့် မြေးငယ်ဟာ
နောက်ကျသည်အထိ ပြန်မလာသေးတော့ ဒေါ်မိုးမြင့်နိုင်စိတ်ပူနေရသည်။
မြေးကြီးကလဲ အိမ်မှာသာရှိပြီး မြေးငယ်အကြောင်းဘာတစ်ခုမှပြောမလာ။

"မြေးကြီး မင်းညီကိုဖုန်းဆက်စမ်း ဘယ်သွားနေတာလဲသိရအောင်"

"ဖုန်းစက်ပိတ်ထားတယ်အဖွား"

"တစ်နေကုန် ဘယ်ကိုသွားနေတာပ့ါလိမ့်
USမသွားချင်တာနဲ့ ရှောင်နေပြီထင်တယ် ဒီကောင်လေး"

"အဖွား ဘာလို့ ခန့်တည်ဆေးလက်မှတ်သိမ်းခံရအောင်လုပ်တာလဲ သူဘာအမှားမှမလုပ်ဘဲနဲ့"

"မင်းညီက အဲ့ဒီအလုပ်မရှိတော့ရင် အဖွားကိုစုန်ကန်ဖို့ မဖြစ်နိုင်တော့ဘူးလေ မဟုတ်ရင် သူ့ဘာသူ ငွေရှာနိုင်ပြီဆိုပြီး ဟိုကောင်လေးကို လက်ထပ်တော့မှာ"

"အခုလိုလုပ်တော့ရော ခန့်တည်က အိမ်ပြန်ရောက်လာလို့လားအဖွား"

"မြေးကြီး မင်းစကားကဘာလဲ
မြေးငယ်ဘာလုပ်နေလဲ အဖွားကိုပြောစမ်း"

"ခန့်တည်က ကျနော့်ထက်ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာတာ အဖွားသိပါတယ် သူဆုံးဖြတ်ပြီးရင် ဘယ်တုန်းကပြင်ခဲ့ဖူးလို့လဲ အခုသူကောင်းကင်ကိုလက်ထပ်မယ်ပြောထားတာပဲ သူဖြစ်အောင်လုပ်မယ်ဆိုတာ အဖွားလဲခန့်မှန်းမိမှာပါ"

"မြေးကြီး မင်းကပါ မင်းညီလမ်းမှားလျှောက်နေတာကို
ထောက်ခံနေတာလား"

"သူလျှောက်တဲ့လမ်း မှားတယ်မှန်တယ်ဆိုတာ
ကျနော်ဆုံးဖြတ်ခွင့်မရှိဘူးလေအဖွား
လျှောက်တဲ့သူကိုယ်တိုင်ပဲသိလိမ့်မယ်
ဒါပေမဲ့ခန့်တည်ကတော့ သူလျှောက်တဲ့လမ်း
ကြမ်းနေရင်တောင် သူချစ်တဲ့သူကို ပန်းခင်းလမ်းဖြစ်အောင်ဖန်တီးပေးမဲ့လူမျိုး ကျနော်တို့ညီကိုနှစ်ယောက်ကို
အဖွားစောင့်ရှောက်ခဲ့တာပါ ဒါတွေ အဖွားအသိဆုံးဖြစ်မှာပါ ကျနော်တစ်ယောက်လုံး အဖွားအတွက် အစစလိုက်လျောပေးပြီးပြီပဲ ခန့်တည်ကိုတော့ သူကိုယ်တိုင်ရွေးချယ်ပါစေ"

"မင်းတို့အဖွား သေတာမြင်ချင်ရင်တော့
မင်းတို့အမေလိုပဲ ထင်ရာလုပ်ကြပေါ့
သံယောဇဉ်ပျက်ပြီဆို အဖွားကဘာလက်ကျန်မှ မထားတာ မြေးကြီးသိပါတယ် မင်းလဲ အဖွားစကားကို
နားထောင်နေရလို့ နောင်တရနေရင် သွား
အဖွားမှားနေတယ်လို့ထင်တယ်မဟုတ်လား သွားမြေးကြီးသွား မင်းတို့စိတ်ကြိုက်နေရာ သွားကြ"

ိဆိုဖာကနေ ထဖို့ပြင်နေသည့် အဖွားကို တွဲထူပေးတော့
ဖယ်ချသည်။
အိမ်အကူအမျိုးသမီးကိုခေါ်ကာ တွဲခိုင်းပြီး အခန်းထဲဝင်သွားသည်။

ကျနော်နောင်တမရပါဘူးအဖွား။
အဖွားကကျနော်တို့ရဲ့တစ်ဦးတည်းသောကျေးဇူးရှင်မို့
အဖွားစိတ်ချမ်းသာဖို့ ကျနော်က ဘာတွေစတေးရ စတေးရ နောင်တမရဘူး။
ကျနော့်နှလုံးသားဖြစ်နေရင်မှ အဖွားစိတ်ချမ်းသာတယ်ဆို
ကျနော်ကျေနပ်နိုင်တယ်။
ခန့်တည်ကိုတော့ သူ့ဘဝကို သူ့သဘောကျဖြတ်သန်းစေချင်ယုံပါ။
အခုထိ ကျနော်ညီငယ့်အပေါ် တာဝန်မကျေဘူးလို့ ခံစားရတုန်းပဲအဖွား။
ဖေဖေ့အပေါ်လဲ ကျနော်သားကြီးမပီသနိုင်သေးဘူး။
အဖွားအတွက် မြေးကြီးပီသနိုင်ဖို့တော့ ကျနော်အတက်နိုင်ဆုံးကြိုးစားနေပါတယ်။
……………………………………
T.B.C

(AN/အနေအထိုင်ဆင်ခြင်ပါတဲ့ မောင်ကောင်းကင်က🙃)

#HoneyChan

Ga verder met lezen

Dit interesseert je vast

35.8K 2.4K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
1.2M 64K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
165K 9.3K 49
လမ္းေဘးမွာ ဒုကၡေရာက္ေနတယ့္ကေလးငယ္ကို ေမြးစားခဲ့တယ့္ ထက္ရွားဧကရာဇ္ သူေမြးစားခဲ့တယ့္ကေလးကေရာ ရိုးရွင္းရယ့္လား တစ္ကိုယ္တည္းေနရာကေန ခနေလးအတြင္း သံေယာဇဥ...
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."