"Baby! Baby!
က်ုယ်တောင်းပန်ပါတယ် မထားခဲ့ပါနဲ့"
ငိုပြီးတော့ Jennieကိုအတင်းဖက်တွယ်ထားတဲ့Darlingရဲ့
တောင်းပန်စကားတွေက Jennieရဲ့ ရင်ထဲမှာအောင့်သက်သက်ရယ်
ပြီးတော့ထူးဆန်းနေတဲ့ စကားတွေနဲ့ Darlingရဲ့ပုံစံက...
"Uncle! Uncle!"
အခန်းအပြင်မှာရှိနေတဲ့ uncleကို အော်ခေါ်လိုက်တော့
အပြေးအလွှာနဲ့ အထဲကိုရောက်လာခဲ့တယ်
"သမီးlisaဘာဖြစ်လို့လဲ?"
"Darling ဘာဖြစ်တာလဲ uncle?"
Uncle ရဲ့အမေးကို Jennieက
သံကြိုးကိုဆုပ်ကိုင်ပြီး ပြရင်း မေးလိုက်တော့
"မင်းမြင်တဲ့အတိုင်းပဲလေ"
"ကျွန်မ မြင်တဲ့အတိုင်း?
အခု မြင်နေရတဲ့ သံကြိုးတွေက ဘာတွေလဲ?
ဘာလို့ darlingကိုခုလိုချုပ်နှောင်ထားတာလဲ?"
"ငါ Jennie Kimဆိုတာလည်းမသိဘူး
Kim ရဲ့ သမီးဆိုတာကိုလည်း ငါလုံးဝမသိဘူး
ဒါပေမယ့် ငါ့သမီးခုလိုဖြစ်ရတာ သူချစ်ရတဲ့သူကြောင့်"
ဒေါသတကြီးပြောလာတဲ့ uncleကို
Jennie အံ့သြစွာကြည့်နေရင်း ရင်ခွင်ထဲကို
အတင်းတိုးဝင်ဖက်တွယ်လာတဲ့ Darling ကိုလည်း
ကျောကိုပုတ်ပေးနေမိတယ်
"အားလုံးက Jennie ပဲလား?
Darling ကအမြဲ နာကျင်ခံစားနေရတာ
အမြဲ အဲ့ဒါ Jennie ကြောင့်ပဲဖြစ်နေရတာလား?"
ကိုယ့်ကိုယ်ကို မုန်းမိတယ်
ဒီလူသားက ဘယ်လောက်တောင် တုံးအလိုက်သလဲ?
Jennie Kimကိုချစ်ရလို့ နာကျင်ရတာတောင်
ဘာလို့ ဒီလူသားက ဆက်ပြီး ရူးမိုက်ရင်း ချစ်နေသေးတာလဲ?
ကျလာတဲ့ မျက်ရည်တွေနဲ့အတူ
စိတ်ထဲကနေ အော်ဟစ်လိုက်ရင်း ပေါက်ကွဲမိတယ်
"Baby မငိုနဲ့လေ"
Jennie ပါးပြင်ပေါ်က မျက်ရည်တွေကိုလာထိတွေ့တဲ့
လက်ချောင်းသွယ်သွယ်လေးတွေကြောင့် ငုံကြည့်လိုက်တော့
Darling က စိုးရိမ်နေသလိုမျိုး ပြောလာတယ်
"မငိုပါနဲ့ ကိုယ့်ကို မချစ်ဘူးလားဟင်?
Irene နဲ့ကိစ္စကို ခွင့်လွှတ်တာတောင် ကိုယ့်ဆီကို
ပြန်လာပေးလို့မရဘူးလားဟင်?"
"Irene?"
ဘာကိစ္စကြောင့်မှန်းမသိ
ပြန်ပါလာတဲ့ နာမည်တစ်ခုကြောင့် ကြောင်အမ်းစွာနဲ့
Uncle ကိုမော့ကြည့်လိုက်တော့...
"သူ Bangkok ကိုရောက်ပြီး နောက်တစ်နေ့
မနက်စောစောလောက်မှာ အိမ်က ကားနဲ့ တစ်နေရာကို
ထွက်သွားခဲ့တယ်
သူမှ ဒီက လမ်းတွေကို သိပ်မကျွမ်းကျင်တာ
အဲ့ဒါနဲ့ လမ်းမတန်းကြီးမှာ အပြန်လမ်းပြင်ထားတာကို
မသိလိုက်ဘဲ ဆက်မောင်းရင်းနဲ့ ကားဘီးချော်ပြီးတော့
ယာဉ်တိုက်မှုဖြစ်ခဲ့တယ်
Uncle တို့လည်း မနက်ရောက်မှသိရတာ
သူထွက်သွားတဲ့အချိန်က အရမ်းစောလွန်းတော့
ဘယ်လမ်းသွား လမ်းလာ မှ ကောင်းကောင်းမရှိနေဘူး
မနက်နေထွက်ချိန်လောက်တော့မှ လမ်းထဲက
Taxiမောင်းတဲ့ကောင်လေးတစ်ယောက်မြင်လို့
လာအကြောင်းကြားပေးတာ
နောက်ပြီး...
"နောက်ပြီး ဘာဆက်ဖြစ်လဲ Uncle?"
"ဆေးရုံအချိန်မီတင်လိုက်နိုင်ပေမယ့်
Lisa လေးက Amnesiaရသွားပြီး တစ်ချို့သော
မှတ်ဥာဏ်တွေကို လုံးဝသတိမရတော့ဘူး
ဆရာဝန်ပြောတာကတော့
သူ့ရင်ထဲ ပြင်းပြင်းထန်ထန်နာကျင်ဖူးခဲ့တဲ့အချိန်ကို
စိတ်ထဲမှာစွဲနေပြီးတော့ အဲ့နောက်ပိုင်းတွေကို
သတိမရတော့တာတဲ့
သူသတိရ ရချင်း ' babyကိုခေါ်ပေး' ဆိုပြီး
တစ်ချိန်လုံး အရူးတစ်ယောက်လိုသောင်းကျမ်းနေခဲ့တာ
ဒါပေမယ့် ငါတို့က ဘာလို့လုပ်ပေးရမှာလဲ?
ငါတို့သမီးကို ခုလိုမျိုးစိတ်ဒုက္ခရောက်အောင်လုပ်တဲ့သူကိုလေ
မထိန်းနိုင်တဲ့အဆုံး သူမမှတ်မိနိုင်တဲ့နေရာမှာ
ပုဂ္ဂိုလ်ရေးဆရာဝန်နဲ့တိုင်ပင်ပြီး ဒီမှာထား ထားတာ"
"တောင်းပန်ပါတယ်"
နာကျည်းစွာနဲ့ သမီးဖြစ်သူ darlingကိုကြည့်ပြီး
မာကျောတဲ့ ယောက်ျားဒဏ်မဲ့ မျက်ရည်တွေဝဲပြီး ပြောလာတဲ့
Uncle ကို Jennie တောင်းပန်စကားသာဆိုမိတယ်
"Jennie တောင်းပန်ပါတယ် uncle!"
"တောင်းပန်စရာ မလိုဘူး
ငါ့သမီးက မင်းကိုအရမ်းတွေ့ချင်နေခဲ့တာ
အဖေတစ်ယောက်အနေနဲ့ ငါ့သမီးအတွက်
မင်းကိုခွင့်မလွှတ်နိုင်ပေမယ့် ငါဘာတတ်နိုင်မှာလဲ?
ဒိမှာ သော့!
သံကြိုးကိုမင်းပဲဖြေပေးလိုက်ပြီး အေးဆေးစကားပြောကြပါ
ငါသွားတော့မှာမို့ တစ်ခုခုလိုရင် အောက်ထပ်ကို ပြောလိုက်"
"ဟုတ်ကဲ uncle!"
သော့ကိုယူလိုက်တော့ uncleက ထွက်သွားခဲ့တယ်
Jennie လည်း Darling ရဲ့ ခြေချင်းတွေကို ခတ်ထားတဲ့
သံကြိုးက သော့ကိုဖြေပေးလိုက်ပြီး အဝေးကို ဖယ်လိုက်တယ်
"Darling!
တစ်ခုခုပြောပါဦး ခုလိုပဲကြည့်နေမှာလား?"
"ဘယ်မှမသွားဘူးမှတ်လား?"
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ darlingကို
Jennie ရင်ခွင်ထဲထည့် ပွေ့ဖက်ထားလိုက်တယ်
"မထားခဲ့ဘူး darling!
တောင်းပန်ပါတယ် နာကျင်စေခဲ့လို့"
"ချစ်တယ် ကလေးလေး!"
အပေါ်ဝတ်ရဲ့ အက်ျီကြယ်သီးနှစ်လုံးလောက်ကို
Jennie ဖြုတ်ထားတာမို့ ဟနေတဲ့ ရင်ညွန့်နားကို လာနမ်းတဲ့
Darling ကြောင့် တစ်ကိုယ်လုံးက ရှိန်းခနဲ
(အကိုနိုက အတိတ်သာမေ့တာ ဇကတော့ မသေးဘူး🤣)
"Darling!"
"လွမ်းလို့ပါ
1နှစ်နီးပါးလောက် ပညာသင်သွားပြီးတော့
စာမေးပွဲပြီးတာတောင် ပြန်မလာခဲ့ဘူးမှတ်လား?
အော်...
တစ်ခုခုကို သတိရသွားသလိုမျိုး
ရင်ခွင်ထဲက အတင်းထွက်ပြီး ကြည့်လာတဲ့ Darlingက
"စာမေးပွဲကျတယ်ဆို?
စာမလုပ်ဘဲ ကိုယ်ph ဆက်တော့ ဘာလို့
မအားသေးဘူး စာလုပ်နေတယ်လိုပြောရတာလဲ?"
ဒီအခြေအနေက Jennieကို အရမ်းနာကျင်ရတယ်
အဲ့တုန်းက darling ဘယ်လောက်နာကျင်ခဲ့ရမလဲ
မထားသွားပါနဲ့ဆိုတဲ့စကားကို
နားထဲ ထပ်ခါထပ်ခါ ကြားနေရပြီးတော့
ရင်ဘက်ကြီးတစ်ခုလုံးကို နင်းခြေပစ်နေသလိုပါပဲ
"Baby လို့"
"ဟင် အင်း Darling?"
အတွေးလွန်နေတာနဲ့ darling က အသံဆွဲခေါ်မှ
Jennie သတိဝင်လာခဲ့တယ်
"ကိုယ်မေးနေတယ်လေ"
"အခု ဘယ်နှခုနှစ်လဲ darling?"
"2018လေ
ဘာလို့မေးရတာလဲ babyရဲ့?"
"ဟင့်အင်း မဟုတ်ပါဘူး
Darling ဘာစားပြီးသွားပြီလဲဟင်?"
နှုတ်ခမ်းလေးဆူပြီး ခေါင်းခါပြတဲ့
Darlingကို Jennie အရမ်း အူယားလိုက်တာ
ဒိအခြေအနေလည်းကောင်းပါတယ်လို့လည်း
Jennie တွေးမိလိုက်သေးတယ်
အခုက 2020ခုနှစ်ဆိုတောင် မသိဘဲ
အတိတ်ကိုပဲ စွဲကပ်စွာ သတိရနေတဲ့ ဒီလူသားကိုပေါ့
*Baby မထားခဲ့တဲ့အချိန်လေးပဲ Darling!
နာကျင်စရာတွေမေ့သွားတာမို့လည်း ကောင်းပါတယ်
အားလုံးအတွက် babyက အချစ်တွေနဲ့ ပြန်ပေးဆပ်ပါ့မယ်*
"နေ့လည်စာ မစားရသေးရင်
Baby တစ်ခုခုလုပ်ပေးမယ်လေ Darling!"
"သူတို့က လာပို့ပါတယ်
ကိုယ်ကသာ မစားဘဲ ဟိုခုံပေါ်မှာတင်ထားတာ"
"တစ်ခုခုတော့ စားရမှာပေါ့"
"Babyက ချက်တတ်လို့လား?
အရင်တုန်းက မချက်တတ်လို့ဆိုပြီး
Babyရဲ့ လက်ရာကို ကိုယ်မစားရဘူးလေ"
"ခု ချက်တတ်သွားပြီ
ဘာစားချင်လဲ ပြော"
Jennie မေးလိုက်တော့
ပြုံးစိစိနဲ့ ကြည့်လာတဲ့ darlingကို
Jennie လည်း ဘာလဲ ဆိုတဲ့အတွေးနဲ့ ပြုံးပြီး
ကြည့်မိတယ်
"ကိုယ်က အခုစားချင်နေတာကလေ...
"အင်?"
"Babyကို!"
ပြောစရာစကားတောင် လည်ပင်းထဲတစ်ဆို့သွားတဲ့အထိ
Jennie ရဲ့သွေးကြောထဲကသွေးတွေက အထက်အောက်
ပြောင်းပြန်စီးဆင်းနေသလိုပဲ
"စားလို့ရလား?"
မျက်စောင်းပဲလှိမ့်ထိုးပစ်လိုက်တယ်
"နေ့လည်စာစားမယ် ထခဲ့"
"ဟီးးး"
ကုတင်နားမှထိုင်ပြီး မစားဘဲပစ်ထားတဲ့
အကောင်းပတိ ထမင်းပန်းကန်ကို Jennieယူလိုက်ပြီး
ဘေးမှာ ဝင်ထိုင်လာတဲ့ darlingဖက်ကိုလှည့်ရင်း
"ခွံ့ကျွေးမယ် ပါးစပ်ဟ အာ!!!"
စိုက်ကြည့်နေပြီး ပါးစပ်မဟပေးတဲ့
Darling ကြောင့် Jennie ဇွန်းကိုင်ထားတဲ့
လက်တောင်ညောင်းလို့နေပြီ
"Darling လို့ဆိုနေ"
"ချထားလိုက်"
ဇွန်းကိုယူပြီး ပန်းကန်ထဲပြန်ထည့်ရင်း
Jennieလက်ထဲကနေ ထမင်းပန်းကန်ကိုလွှဲယူကာ
ဘေးက ခုံပေါ်မှာ လှမ်းတင်လိုက်တဲ့ darlingကို
Jennie လိုက်ကြည့်နေမိတယ်
"ဘားမှမစားရသေးဘူးဆို?
ဘာလို့...အွင့်!!
Jennie ရဲ့ကိုယ်ကို တွန်းလှန်ချခံလိုက်ရမှုနဲ့အတူ
ထိကပ်လာတဲ့ နူးညံ့တဲ့ နှုတ်ခမ်းတစ်စုံကြောင့်
မျက်လုံးတွေပြူးကျယ်ပြီး အံ့သြသွားခဲ့ရတယ်
ကိုယ်ပေါ်မှာ ဖိကပ်ထားတဲ့ Darlingကို
Jennie မရုန်းဘဲ အနမ်းတွေကို ပြန်တုံ့ပြန်နေမိတယ်
ခဏလောက်ပဲကြာတဲ့ နူးညံ့တဲ့အနမ်းတွေအပြီးမှာ
Darlingက Jennieကိုယ်ကို အုပ်မိုးလျက်ပဲ
မျက်လုံးတွေကို နူးညံ့စွာကြည့်ပြီးပြောလာခဲ့တယ်
"Baby က ကိုယ့်ကိုတကယ်ချစ်သွားတာလား?"
"အင်း
Darlingကို babyတကယ်ချစ်တာပါ"
ပြုံးပြီး နှဖူးပြင်ကိုအနမ်းခြွေချလာတဲ့ darlingက
Jennieရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တစ်စက်
ခြွေကျသွားခဲ့သေးတယ်
"ဘာလို့ငိုနေတာလဲ Darling?"
"အရင်ကလိုအေးစက်စက်နဲ့ babyမဟုတ်တော့တာ
ကိုယ်အရမ်းဝမ်းသာမိသွားလို့ပါ
ချစ်တယ် baby!"
"ချစ်ပါတယ်
Darlingလောက်တော့ မချစ်နိုင်ပေမယ့်
Babyလည်း အရမ်းချစ်ပါတယ်"
အပြုံးနှစ်ခါထပ်တူကျသွားပြီး
ထပ်မံထိကပ်လာတဲ့ အနမ်းတွေက
အခန်းထဲက လူ2ယောက်အတွက် အရမ်းကိုချိုမြိန်နေခဲ့တယ်
To be continued....
ပြီးတော့မှာ😫