Falling In Love With the Most...

By D_Yayy_Nine

50.7K 4.9K 356

ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11[Final]
Extra
Book Announcement

Part-7

2.4K 333 23
By D_Yayy_Nine

Unicode Version

"ငါစဉ်းစားနေတာကွာ။ ဒီဘာသာပြန်စာအုပ်ထဲမှာ ရေးထားတာ ဇာတ်လိုက်နဲ့ဗီလိန်က နာမည်ကြီးbarမှာ Cocktail အတူ သောက်တယ်လို့ ပါတယ်ကွ။ Cocktail ဆိုတာ ဘယ်လိုမျိုးလဲလို့ တွေးနေတာ"  

ရဝေချမ်းက ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ရင်း ဘေးတွင်ထိုင်နေသော ဇေယျာချမ်းကိုမေးသောအခါ ဇေယျာချမ်းက လက်ဖြောက်တစ်ချက်တီး၍ ပြောလေသည်။

"ဒါလေးများ ဒီကဆရာကြီးကို မေးပါဟ "

"မင်းကို ဆရာတင်မယ့်အစား ငါပဲငတုံးအဖြစ်ခံလိုက်မယ်"

ဇေယျာချမ်းက မိမိအားအထင်မကြီးသလို ပြောလာသည့်ရဝေချမ်းကို လျစ်လျူရှုကာ ဆရာကြီးဂိုက်ဖမ်းပြီး ခပ်တည်တည်ဖြင့် ဆက်ပြောလေသည်။

"Cockဆိုတာဘာလဲ"

"ကြက်ဖ"

ရဝေချမ်းက မဟုတ်တာတော့ လာတော့မည်ဟူသောအကြည့်တို့ဖြင့်ကြည့်ရင်း ပြန်ဖြေလိုက်သည်။ စိတ်ထဲမှာတော့ ဇေယျာချမ်းဗရုတ်သုတ်ခလုပ်တော့မည်မှန်း သိနေ၏။

"tail ကရော "

" အမြီးလေ"

"အေး။ အင်္ဂလိပ်စာဆိုတာ ဘယ်တော့မှတိုက်ရိုက်ဘာသာမပြန်ရဘူး။ ကြက်မြှီးဆိုရင်မှားသွားမှာ။ ဆီလျော်အောင်ဘာသာပြန်ရရင်ကြက်ဖင်...။ အဲ့ဒီတော့ cocktailဆိုတာ ကြက်ဖင်ဆီဖူးပေါ့ကွ "

ဇေယျာချမ်း လူတတ်ကြီးစတိုင်ဖြင့် ပြောသောစကားအဆုံးတွင် ရဝေချမ်းက သူ့ကို ထရိုက်ပါတော့သည်။

"ငါထင်သားပဲ။ ဗရုတ်သုတ်ခတော့ပြောတော့မယ်ဆိုတာ "

"cock ကြက်ဖ tail အမြီးလေ။ ငါဘာမှားလဲ။ ပြော"

"အဲ့တော့ ဇာတ်လိုက်နဲ့ဗီလိန်က နာမည်ကြီး barတစ်ခုမှာ အထာကျကျ ဖင်ဆီဖူးစားရင်း စကားပြောတာဖြစ်နိုင်တယ်ပေါ့လေ"

ရဝေချမ်းမှာ တစ်ချက်လေးမှလေးစား၍မရသည့် အစ်ကိုဖြစ်သူကို မျက်ထောင့်နီဖြင့်ကြည့်၍ ပြောသောအခါ ဇေယျာချမ်းကလည်း မင်သေသေနှင့် ဘာမှအမှားမပါသလို မျက်နှာထားဖြင့် ပြန်ဖြေလေသည်။

"သူတို့ကြိုက်လို့ စားတာနေမှာပေါ့"

"တော် တော် တော်။ မင်းနဲ့ စကားပြောရတာ ကြာရင်ဦးနှောက်ပျက်သွားလိမ့်မယ်"

ရဝေချမ်းက ပြောရင်းဆိုရင်းဖြင့် အနားမှထွက်သွားသောအခါ ဇေယျာချမ်းကလည်း နေရာတွင် တဟားဟားအော်ရယ်ကာ ကျန်နေခဲ့လေရဲ့။

ဇေယျာချမ်းမလည်း နေရာတွင်တစ်ယောက်တည်းထိုင်နေရာမှ ဗိုက်နာလာသဖြင့် ရေအိမ်ဝင်ရန်လိုအပ်လာပြီမို့ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်စဉ် ရဝေချမ်းမှာ ဆူပုတ်ပုတ်အမူအရာဖြင့် စက်ဘီးကိုတွန်းရင်း ဇေယျာချမ်း၏အနားသို့ ပြန်ရောက်လာလေသည်။

"အမေက ဒေါ်လေးမေဆီက ဆန်အိတ်သွားယူခိုင်းနေတယ်။ ငါတစ်ယောက်တည်းမနိုင်ဘူး။ လိုက်ခဲ့ဦး"

"ဆိုင်ကယ်ကရော"

"အဖေယူသွားတယ်။ စက်ဘီးပေါ်တင်ပြီး နှစ်ယောက်ထိန်းသယ်ရင်းတွန်းရမှာပဲ။ မတတ်နိုင်ဘူး"

"လောလောဆယ် ငါဗိုက်နာနေတယ်။ မင်းအရင်သွားနှင့်။ ငါ့ကိစ္စပြီးတာနဲ့ လိုက်ခဲ့မယ်"

ဇေယျာချမ်းမှာ ဗိုက်ကိုဖိထားရင်း အလျင်စလိုပြောသော်လည်း ရဝေချမ်းကမယုံသင်္ကာဖြင့်ကြည့်ကာ သူ့ကိုတားနေသဖြင့် သူ့မှာ စိတ်မရှည်တော့ချေ။

"တကယ်ပြောနေတာ။ မင်းယုံယုံမယုံယုံ ငါတော့ပြေးရတော့မယ်ဟေ့"

ဇေယျာချမ်းမှာ ရဝေချမ်း၏စကားကို မစောင့်တော့ဘဲ အိမ်ထဲပြေးဝင်သွားသဖြင့် တော်တော်အရေးပေါ်ဖြစ်နေသည်ကို သတိထားမိသော ရဝေချမ်းက လှောင်ရယ်ပါတော့သည်။ ထို့နောက် တစ်ယောက်တည်း စက်ဘီးလေးတွန်းကာ အရင်ထွက်လာခဲ့လိုက်သည်။

ဇေယျာချမ်းမှာ ဆယ်မိနစ်ခန့်အကြာတွင် အိမ်ထဲမှလန်းလန်းဆန်းဆန်းအမူအရာနှင့် ပြန်ထွက်လာလေသည်။ ထို့နောက်ရဝေချမ်း၏နောက်ကို လိုက်ဖို့ ဒေါ်လေးမေ၏အိမ်ဘက်သို့ ဦးတည်ကာထွက်လာခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင် ဇေယျာချမ်းမှာ သူ့အား အိမ်ဘေးနားက အဒေါ်ကြီးလာပြောသည့်စကားကြောင့် ခေါင်းနပန်းကြီးသွားရသည်။

"ဟဲ့ ကိုဇေ။ ရှေ့နားက အရက်ဆိုင်နားမှာ စကားများနေတာ နင့်ညီလားလို့"

ဇေယျာချမ်းမှာ အဒေါ်ကြီးကိုပင် ပြန်လှည့်မကြည့်နိုင်တော့ဘဲ အပြေးသွားရတော့သည်။ အမှန်တကယ်ကို အဒေါ်ကြီးပြောသောနေရာတွင် ရဝေချမ်းရှိနေသည်။ ရဝေချမ်းယူသွားသည့် စက်ဘီးလေးမှာလည်း အနီးအနားကမြေပြင်တွင် လဲကျနေပြီး ရဝေချမ်းခမျာလည်း မည်သူမှန်းမသိရသည့် လူနှစ်ယောက်၏ ဝိုင်းရံထားခြင်းကိုခံနေရသည်။ သို့သော်လည်း ထိုကောင်လေးကကြောက်လန့်နေပုံမပေါ်ဘဲ အေးဆေးဖြစ်နေသောကြောင့် ဇေယျာချမ်းမှာ အခြေအနေကို အသာအကဲခတ်ရင်း ထိုနားသို့လျှောက်သွားလိုက်သည်။

"မင်းပုံစံက ပျော့တိပျော့ဖတ်နဲ့။ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ။ သတ္တိမရှိရင်ရန်လာမစနဲ့လေ။ အခုကျတော့ ရန်ဖြစ်ဖို့တောင် ကြောက်နေရှာတာ "

"ကြောက်တာမဟုတ်ဘူး။ မတန်လို့ "

ရဝေချမ်းက ခပ်မာမာမျက်နှာထားနှင့် ပြန်ပြောသောအခါ တစ်ဖက်က လူနှစ်ယောက်ကလည်း အလွန်ဒေါသဖြစ်သွားဟန်ဖြင့် ရဝေချမ်း၏မျက်နှာကို လက်သီးဖြင့်ရွယ်လေသောအခါ အနားမှာအဆင်သင့်ရှိနေသော ဇေယျာချမ်းကလည်း အနားသို့အပြေးသွားလိုက်သည်။ ထို့နောက် ရဝေချမ်းကိုမထိအောင် ထိုလူ၏လက်မောင်းကို ခြေဖြင့်ပစ်ကန်လိုက်သောအခါ လွဲသွားသော လက်သီးချက်နှင့်အတူ ထိုလူလည်းဟန်ချက်ပျက်သွားရသည်။

"ငါ့ညီကိုများလက်ရွယ်ရဲတယ်။ မင်းတို့ဟိုဘက်ရွာကမလား"

"နောက်တစ်ကောင်လာရှုပ်ပြန်ပြီ။ ဒီမှာ ငါတို့က ငါတို့ကိစ္စငါတို့လုပ်တာ။ အဲ့ဒါကို မင်းရဲ့ညီကဝင်ရှုပ်တာ။ အဲ့ဒီယောက်ျားလိုလို မိန်းမလိုလိုကောင်က မှားတာ။ အဲ့တော့အခြေအနေကိုနားလည်ရင် ဒီကလစ်တော့ "

"ကျုပ်မမှားဘူး ခင်ဗျားတို့သာ ကိုယ့်ရဲ့ယုတ်မာတဲ့လုပ်ရပ်ကို ကိုယ်ပြန်စဉ်းစားကြည့်"

"ဒီစောက်ခြောက်လိုကောင်ကတော့....."

ဇေယျာချမ်း၏ဒေါသမှာ ဂိတ်ဆုံးသို့ရောက်နေလေပြီ။ ဆက်ထိန်းထားဖ်ု့ မဖြစ်တော့သောစိတ်တို့ကို အဆုံးစွန်ပေါက်ထွက်စေလိုက်တော့ အရင်ဆုံးလုပ်မိသည်မှာ အရှေ့ကလူ၏မျက်နှာကို လက်သီးတစ်ချက် ခပ်ပြင်းပြင်းပစ်သွင်းလိုက်ခြင်းပင်။ အငိုက်မိသွားသော ထိုလူကလည်း ဇေယျာချမ်း၏ လက်သီးချက်ကို မရှောင်နိုင်လိုက်ပေ။

"ငါ့ညီက မှန်တယ်လို့ပြောရင် သူတကယ်မှန်လို့ပဲ။ ပြီးတော့ သူ့ကိုအဲ့လိုစော်ကားပြောဆိုဖို့မသင့်ဘူး။ သူက သည်းခံနေမလားမသိပေမယ့် ငါကတော့မရဘူးကွ"

ထို့နောက် နှစ်ယောက်တစ်ယောက် ရန်ပွဲအကြီးအကျယ်ဖြစ်ပါတော့သည်။ ထိုအခါမှသာ အနီးအနားတွင်ရှိသော လူတော်တော်များများ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး အသာနေရနိုးနိုး ၀င်ဆွဲရနိုးနိုး ဖြစ်နေကြသည်။

ရဝေချမ်းသည် ဇေယျာချမ်းကိုအော်ပြော၍ တားနေသော်လည်း ဇေယျာချမ်းကတော့ အာရုံမရပေ။ ၀င်ဆွဲလိုပါသော်လည်း ရဝေချမ်း၏ အင်အားလေးဖြင့်မရပေ။ ချက်ချင်းဆိုသလို ရန်ပွဲနေရာသို့ ခန့်မင်းနောင်ရောက်လာပြီး ရန်ဖြစ်နေသော သုံးယောက်ကိုတားသည်။

"ကိုဇေ တော်ပြီ။ ရပ်တော့။ ခင်ဗျားတို့လည်း တော်လိုက်တော့ "

"အဲ့လူတွေကို အသေသတ်မှာ။ ချမ်းလေးကို စော်စော်ကားကားပြောဆိုထားတာ"

ထိုအခါ ခန့်မင်းနောင်လည်း မျက်မှောင်ကြုတ်မိသွားပြီး တစ်ဖက်က လူနှစ်ယောက်ကို အကြည့်ခပ်စူးစူးတစ်ချက်စိုက်ကြည့်လိုက်သည်။

"ရန်တောင်မဖြစ်ရဲဘဲ ငါတို့ကိုလာပြီး ရန်စတဲ့အဲ့ခွေးကောင်ကို ပြောနေတာလား"

တစ်ဖက်ကလည်း ခနဲ့တဲ့တဲ့ဖြင့်ပြောလာသဖြင့် ခန့်မင်းနောင်၏ အချုပ်ခံထားရသောဇေယျာချမ်းမှာ လှုပ်လှုပ်ရွရွဖြစ်လာသည်။သို့သော် ကြောက်စရာကောင်းအောင် ခြိမ်းခြောက်လာသောအသံကတော့ ခန့်မင်းနောင်ဆီကဖြစ်လေသည်။

"အိမ်ကို အန္တရာယ်ကင်းကင်းပြန်ချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ထားတာကောင်းမယ်"

ထို့နောက်တွင်တော့ ဥက္ကဌနှင့်လူကြီးအချို့ပါ ရောက်လာကြပြီး ရန်ပွဲအကြောင်းမေးမြန်းစစ်ဆေးကြသည်။ ပြဿနာကတော့ တစ်ဖက်ကလူနှစ်ယောက်၏ အလွန်ဖြစ်သည်မှာ သိသာသည်မို့ ရဝေချမ်းနှင့် ဇေယျာချမ်းတို့က အိမ်ပြန်ခွင့်ရခဲ့ပြီး ထိုလူနှစ်ယောက်ကတော့ အပြစ်ပေးခံရမည်ဖြစ်သည်။

"ကိုဇေ..မင်း တအား ထိသွားသေးလား"

အပြန်လမ်းတွင် ဇေယျာချမ်းကိုကြည့်၍ ခန့်မင်းနောင်က မေးလိုက်သောအခါ ရဝေချမ်းမှာ မျက်နှာအငယ်သားဖြင့် ဇေယျာချမ်းကိုကြည့်နေရှာသည်။ ဇေယျာချမ်းမှာ မျက်ခုံးအထက်နားတွင် ပေါက်ပြဲနေပြီး မေးရိုးနားတွင်လည်း ပွန်းပဲ့ရာတချို့ရှိနေသည်။ ဇေယျာချမ်းက ကြေကွဲစရာကောင်းစွာကြည့်နေသည့် ညီဖြစ်သူ၏ခေါင်းကို အသာပုတ်ပြီး နှစ်သိမ့်ရသည်။

"မျက်နှာကလွဲရင်သိပ်မထိပါဘူး။ အေးဆေး "

"အေးဆေးလုပ်မနေနဲ့။ ချမ်းလေးကိုလည်း ကြည့်ဦး။ ငိုမဲ့မဲ့နဲ့ "

ခန့်မင်းနောင်က ရဝေချမ်း၏ပါးကို ဖျစ်ညှစ်ကာစနောက်သောအခါ ရဝေချမ်းမှာ ထိတ်ခနဲဖြစ်သွားရသည်။ ရုတ်တရက်မူပျက်သွားသောရဝေချမ်းကိုကြည့်၍ ခန့်မင်းနောင်က စိတ်ဆိုးသွားသည်အထင်နှင့် ပြန်ချော့နေရှာသည်။

“အစ်ကိုကစတာလေကွာ။ စိတ်မဆိုးကြေး"

"မဆိုးပါဘူး"

ရဝေချမ်းမှာ နေရခက်စွာပြန်ဖြေမိလေရာ ဇေယျာချမ်းနှင့်ခန့်မင်းနောင်က ခပ်ဖွဖွရယ်သည်။

"အိမ်ရောက်ရင် ဆေးလိမ်းဦး။ မျက်နှာမှာဒဏ်ရာတွေဗရပွနဲ့ "

"အဲ့လောက်စိတ်ပူနေရင် ကိုခန့်ကိုယ်တိုင် လုပ်ပေးလိုက်ပါတော့လား"

ဇေယျာချမ်းနှင့် ခန်မင်းနောင်၏ စကားပြောဆိုနေခြင်းကို ကြည့်ပြီးရဝေချမ်းမှာ ဝမ်းနည်းလာသလို ခံစားလိုက်မိသည်။ ဤခံစားချက်မှာ သဝန်တိုနေခြင်းဟုလည်း မသတ်မှတ်ချင်ပေ။ တစ်ဖက်က မိမိကို အရမ်းဂရုစိုက်ရှာသော အစ်ကိုအရင်းဖြစ်နေသည်မလား။

ထိုအောင့်သက်သက်ခံစားချက်ကို ဖုံးဖိရင်း အိမ်ပြန်လမ်းတစ်လျှောက် ငြိမ်သက်စွာလိုက်ပါလာရသည်။ အိမ်ရှေ့သို့ရောက်သောအခါ အိမ်ထဲမှအမောတကောပြေးထွက်လာသည့် ရဝေချမ်းတို့၏အမေကို တွေ့လိုက်ရသည်။ သူ(မ)မှာလည်း ရဝေချမ်းတို့ကိုတွေ့သောအခါမှ အနည်းငယ်စိတ်သက်သာရာရသွားပုံရသည်။ သို့သော် ဇေယျာချမ်း၏မျက်နှာထက်က ဒဏ်ရာများကို မြင်သောအခါ စိုးရိမ်တကြီးဖြစ်သွားရပြန်သည်။

"ငါ့သားတွေ ရန်ဖြစ်နေတယ်ကြားလို့ "

"အမေက အခုမှတရေးနိုးနေတယ်"

ဇေယျာချမ်းက အမေဖြစ်သူ၏စကားကို ပြောင်ချော်ချော်ဖြင့်ပြန်ပြောသောအခါ သူ၏အမေက မျက်စောင်းထိုး၍ ကြည့်လေသည်။

"ဒီလိုဖြစ်တာတောင် မျက်နှာကပြောင်တုန်း။ နင့်ကိုချမ်းလေးအမြင်ကပ်တာလည်း မပြောနဲ့ "

"ဟဲဟဲ"

"ဟဲမနေနဲ့။ ဆေးလိမ်းမယ်။ လာခဲ့"

ဇေယျာချမ်းကို အမေဖြစ်သူက ဆွဲခေါ်သွားသောအခါ ခန့်မင်းနောင်နှင့်ရဝေချမ်းမှာ အိမ်ရှေ့တွင် နှစ်ယောက်တည်းကျန်ခဲ့လေသည်။ ရဝေချမ်းလည်း ခန့်မင်းနောင်ကိုခေါ်၍ ခြံထဲရှိအပင်အောက်တွင် အတူထိုင်ဖြစ်ကြသည်။

"ချမ်းလေးရော တစ်နေရာထိမိခိုက်မိတာရှိလား"

သူ့ကိုကြည့်၍ အမှန်တကယ်စိုးရိမ်နေဟန်ဖြင့် မေးသောအခါ ရဝေချမ်းလည်း ယောင်နနဖြင့် ခေါင်းညိတ်ပြမိမလိုဖြစ်ရာမှ အမြန်ခေါင်းခါလိုက်ရသဖြင့် သူ့ပုံစံမှာ ကို့ရို့ကားယားဖြစ်သွားရသည်။

ဤသည်ကို ခန့်မင်းနောင်က သဘောကျစွာပြုံး၍ ကြည့်နေလေသည်။ ထိုအခိုက်အတန့်လေးမှာ ရဝေချမ်းနှင့် ခန့်မင်းနောင်တို့နှစ်ဦးအကြည့်ချင်းဆုံမိကြလေသည်။ တစ်ဦးစီ၏အကြည့်တွင် လေးနက်သည့် အဓိပ္ပာယ်အပြည့်ပင်။ မနေတတ်မထိုင်တတ်စွာ အရင်ဆုံး မျက်နှာလွှဲမိသည်က ရဝေချမ်း...။

"ဟို...Hidden Mystery က ပြီးခဲ့တဲ့အပတ်က တကယ်စိတ်လှုပ်ရှားဖို့ကောင်းတယ်။ တကယ်တကယ် အစ်ကို့ကို လေးစားလို့မဆုံးဘူး"

"လေးစားရုံပဲလား"

"ဟင်"

ရဝေချမ်းက ခန့်မင်းနောင်ကို နားမလည်စွာလှည့်ကြည့်မိသော်လည်း ခန့်မင်းနောင်ကတော့ တစ်ဖက်သို့ ငေးကြည့်နေလေရဲ့....။ ထို့နောက် သက်ပြင်းငွေ့ငွေ့လေးချလိုက်သည်ကို ရဝေချမ်းအတိုင်းသားကြားနေရသည်။

"အစ်ကို့ရဲ့အကြောင်းတွေ ချမ်းလေးဘာတွေသိထားလဲ"

မဟေဠိဆန်စွာမေးလာသော ခန့်မင်းနောင်၏မေးခွန်းကို ထူးဆန်းသည်ဟုထင်သော်လည်း ရဝေချမ်း ချက်ချင်းပင် ပြန်ဖြေဖြစ်လိုက်ပါသည်။

"အစ်ကိုက စာရေးဆရာဈာန်ဆိုတာရယ်။ ဒီရွာလေးကအစ်ကို့ရဲ့မွေးရပ်မြေဆိုတာရယ်။ အစ်ကို့ရဲ့အဖေနဲ့အမေကိုလည်း သိတယ်။  အစ်ကိုက မြန်မာစာနဲ့ကျောင်းပြီးထားတာရော ...."

ရဝေချမ်းပြန်ဖြေသည်ကို ကြားသောအခါ ခန့်မင်းနောင်က ရဝေချမ်းကိုကြည့်ကာ ထပ်မေးလေသည်။ သူ၏အကြည့်ကတော့ ရင်ဖိုဖွယ်ကောင်းနေပြီး ရဝေချမ်းတစ်ယောက် ထိုအကြည့်၏ညှို့ငင်မှာ သည်တစ်သက် ရုန်းထွက်မရနိုင်သလို ခံစားလိုက်မိသည်။

"တကယ်လို့ အစ်ကိုက မင်းထင်ထားသလို လေးစားချင်စရာကောင်းမနေရင်ရော "

"သူများတွေကို လိုက်ဒုက္ခပေးနေတာမျိုးမဟုတ်ရင် ကျွန်တော် အစ်ကို့အပေါ် ထားတဲ့သဘောထားပြောင်းလဲမှာမဟုတ်ဘူး"

"အဲ့လိုလူမျိုးဆိုရင်တော့ သဘောထားပြောင်းမယ့်အနေအထားရှိတယ်ပေါ့"

"အစ်ကိုက အဲ့လိုလူစားမျိုးမဟုတ်ဘူးဆိုတာ ယုံတယ်လေ"

ထိုစကားကိုကြားသောအခါ ခန့်မင်းနောင်မှာ သဘောကျစွာရယ်လိုက်မိသည်။ ထို့နောက် တစ်စုံတစ်ရာကိုပြောရန် စကားစလိုက်ချိန်မှာပင် ခြံရှေ့မှ သူ၏အမေခေါ်နေသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် ပြောလက်စစကားက ရပ်တန့်သွားရသည်။

"သားရေ..။ အိမ်မှာ မင်းရဲ့ဧည့်သည်ရောက်နေတယ်"

ခန်မင်းနောင်၏ဧည့်သည်ဆိုလျှင် မြို့မှလာသူသာ ဖြစ်ရမည်။ အဝေးကလာသူကို အကြာကြီးမစောင့်စေလိုသောကြောင့် ယခုချက်ချင်း အိမ်ပြန်မှဖြစ်မည်မို့ မတတ်သာဘဲ ရဝေချမ်းကို နှုတ်ဆက်ဖို့ပြင်ရသည်။

"အစ်ကို ခုနကဘာပြောမလို့လဲ "

"အချိန်တွေရှိပါသေးတယ်။ နောက်မှပေါ့။ အခုတော့ အစ်ကိုသွားလိုက်ဦးမယ်"

“ဟုတ်”

ခန့်မင်းနောင်လည်း ရဝေချမ်းဆီမှထွက်လာခဲ့ပြီးနောက် သူ့အမေနောက်သို့ လိုက်လာခဲ့ရသည်။

"မေမေ ဧည့်သည်ကဘယ်သူတဲ့လဲ "

"အမေလည်းမသိဘူးလေ။ သားရဲ့သူငယ်ချင်းဆိုလို့ သားကိုလာခေါ်တာ"

ခန့်မင်းနောင်မှာ ပို၍ပင်စဉ်းစားရကြပ်သွားရတော့သည်။ အိမ်အလည်လိုက်လာရလောက်အောင် ခင်မင်ရသည့်လူလည်း မရှိပါ။ သို့သော် ထိုမေးခွန်းအတွက် အဖြေကို သူ၏အိမ်သို့ရောက်သောအခါ ထိတ်လန့်ဖွယ်သိရှိလိုက်ရပါသည်။

အိမ်ထဲတွင် အခန့်သားထိုင်ကာ သူပြန်အလာကို စောင့်နေသူက ခန့်မင်းနောင်အနေနှင့် သည်တစ်သက်တိုက်ဆိုင်၍တောင် ပြန်မတွေ့ချင်သည့် လူတစ်ယောက်ဖြစ်နေလေသည်။ ခန့်မင်းနောင်လည်း မိမိအား ပြုံးပြနေသောသူကို ငေးရင်း အံ့အားသင့်စွာရေရွတ်မိသည်။

"ရောင်နီ "

Edited on 6.11.2021

••••••••••

ZawGyi Version

"ငါစဥ္းစားေနတာကြာ။ ဒီဘာသာျပန္စာအုပ္ထဲမွာ ေရးထားတာ ဇာတ္လိုက္နဲ႔ဗီလိန္က နာမည္ႀကီးbarမွာ Cocktail အတူ ေသာက္တယ္လို႔ ပါတယ္ကြ။ Cocktail ဆိုတာ ဘယ္လိုမ်ိဳးလဲလို႔ ေတြးေနတာ"  

ရေဝခ်မ္းက ဖတ္လက္စစာအုပ္ကို ပိတ္လိုက္ရင္း ေဘးတြင္ထိုင္ေနေသာ ေဇယ်ာခ်မ္းကိုေမးေသာအခါ ေဇယ်ာခ်မ္းက လက္ေျဖာက္တစ္ခ်က္တီး၍ ေျပာေလသည္။

"ဒါေလးမ်ား ဒီကဆရာႀကီးကို ေမးပါဟ "

"မင္းကို ဆရာတင္မယ့္အစား ငါပဲငတုံးအျဖစ္ခံလိုက္မယ္"

ေဇယ်ာခ်မ္းက မိမိအားအထင္မႀကီးသလို ေျပာလာသည့္ရေဝခ်မ္းကို လ်စ္လ်ဴ႐ႈကာ ဆရာႀကီးဂိုက္ဖမ္းၿပီး ခပ္တည္တည္ျဖင့္ ဆက္ေျပာေလသည္။

"Cockဆိုတာဘာလဲ"

"ၾကက္ဖ"

ရေဝခ်မ္းက မဟုတ္တာေတာ့ လာေတာ့မည္ဟူေသာအၾကည့္တို႔ျဖင့္ၾကည့္ရင္း ျပန္ေျဖလိုက္သည္။ စိတ္ထဲမွာေတာ့ ေဇယ်ာခ်မ္းဗ႐ုတ္သုတ္ခလုပ္ေတာ့မည္မွန္း သိေန၏။

"tail ကေရာ "

" အၿမီးေလ"

"ေအး။ အဂၤလိပ္စာဆိုတာ ဘယ္ေတာ့မွတိုက္႐ိုက္ဘာသာမျပန္ရဘူး။ ၾကက္ၿမႇီးဆိုရင္မွားသြားမွာ။ ဆီေလ်ာ္ေအာင္ဘာသာျပန္ရရင္ၾကက္ဖင္...။ အဲ့ဒီေတာ့ cocktailဆိုတာ ၾကက္ဖင္ဆီဖူးေပါ့ကြ "

ေဇယ်ာခ်မ္း လူတတ္ႀကီးစတိုင္ျဖင့္ ေျပာေသာစကားအဆုံးတြင္ ရေဝခ်မ္းက သူ႕ကို ထ႐ိုက္ပါေတာ့သည္။

"ငါထင္သားပဲ။ ဗ႐ုတ္သုတ္ခေတာ့ေျပာေတာ့မယ္ဆိုတာ "

"cock ၾကက္ဖ tail အၿမီးေလ။ ငါဘာမွားလဲ။ ေျပာ"

"အဲ့ေတာ့ ဇာတ္လိုက္နဲ႔ဗီလိန္က နာမည္ႀကီး barတစ္ခုမွာ အထာက်က် ဖင္ဆီဖူးစားရင္း စကားေျပာတာျဖစ္ႏိုင္တယ္ေပါ့ေလ"

ရေဝခ်မ္းမွာ တစ္ခ်က္ေလးမွေလးစား၍မရသည့္ အစ္ကိုျဖစ္သူကို မ်က္ေထာင့္နီျဖင့္ၾကည့္၍ ေျပာေသာအခါ ေဇယ်ာခ်မ္းကလည္း မင္ေသေသႏွင့္ ဘာမွအမွားမပါသလို မ်က္ႏွာထားျဖင့္ ျပန္ေျဖေလသည္။

"သူတို႔ႀကိဳက္လို႔ စားတာေနမွာေပါ့"

"ေတာ္ ေတာ္ ေတာ္။ မင္းနဲ႔ စကားေျပာရတာ ၾကာရင္ဦးေႏွာက္ပ်က္သြားလိမ့္မယ္"

ရေဝခ်မ္းက ေျပာရင္းဆိုရင္းျဖင့္ အနားမွထြက္သြားေသာအခါ ေဇယ်ာခ်မ္းကလည္း ေနရာတြင္ တဟားဟားေအာ္ရယ္ကာ က်န္ေနခဲ့ေလရဲ႕။

ေဇယ်ာခ်မ္းမလည္း ေနရာတြင္တစ္ေယာက္တည္းထိုင္ေနရာမွ ဗိုက္နာလာသျဖင့္ ေရအိမ္ဝင္ရန္လိုအပ္လာၿပီမို႔ အိမ္ထဲသို႔ဝင္ရန္ ျပင္လိုက္စဥ္ ရေဝခ်မ္းမွာ ဆူပုတ္ပုတ္အမူအရာျဖင့္ စက္ဘီးကိုတြန္းရင္း ေဇယ်ာခ်မ္း၏အနားသို႔ ျပန္ေရာက္လာေလသည္။

"အေမက ေဒၚေလးေမဆီက ဆန္အိတ္သြားယူခိုင္းေနတယ္။ ငါတစ္ေယာက္တည္းမႏိုင္ဘူး။ လိုက္ခဲ့ဦး"

"ဆိုင္ကယ္ကေရာ"

"အေဖယူသြားတယ္။ စက္ဘီးေပၚတင္ၿပီး ႏွစ္ေယာက္ထိန္းသယ္ရင္းတြန္းရမွာပဲ။ မတတ္ႏိုင္ဘူး"

"ေလာေလာဆယ္ ငါဗိုက္နာေနတယ္။ မင္းအရင္သြားႏွင့္။ ငါ့ကိစၥၿပီးတာနဲ႔ လိုက္ခဲ့မယ္"

ေဇယ်ာခ်မ္းမွာ ဗိုက္ကိုဖိထားရင္း အလ်င္စလိုေျပာေသာ္လည္း ရေဝခ်မ္းကမယုံသကၤာျဖင့္ၾကည့္ကာ သူ႕ကိုတားေနသျဖင့္ သူ႕မွာ စိတ္မ႐ွည္ေတာ့ေခ်။

"တကယ္ေျပာေနတာ။ မင္းယုံယုံမယုံယုံ ငါေတာ့ေျပးရေတာ့မယ္ေဟ့"

ေဇယ်ာခ်မ္းမွာ ရေဝခ်မ္း၏စကားကို မေစာင့္ေတာ့ဘဲ အိမ္ထဲေျပးဝင္သြားသျဖင့္ ေတာ္ေတာ္အေရးေပၚျဖစ္ေနသည္ကို သတိထားမိေသာ ရေဝခ်မ္းက ေလွာင္ရယ္ပါေတာ့သည္။ ထို႔ေနာက္ တစ္ေယာက္တည္း စက္ဘီးေလးတြန္းကာ အရင္ထြက္လာခဲ့လိုက္သည္။

ေဇယ်ာခ်မ္းမွာ ဆယ္မိနစ္ခန္႔အၾကာတြင္ အိမ္ထဲမွလန္းလန္းဆန္းဆန္းအမူအရာႏွင့္ ျပန္ထြက္လာေလသည္။ ထို႔ေနာက္ရေဝခ်မ္း၏ေနာက္ကို လိုက္ဖို႔ ေဒၚေလးေမ၏အိမ္ဘက္သို႔ ဦးတည္ကာထြက္လာခဲ့သည္။ လမ္းတစ္ဝက္အေရာက္တြင္ ေဇယ်ာခ်မ္းမွာ သူ႕အား အိမ္ေဘးနားက အေဒၚႀကီးလာေျပာသည့္စကားေၾကာင့္ ေခါင္းနပန္းႀကီးသြားရသည္။

"ဟဲ့ ကိုေဇ။ ေ႐ွ႕နားက အရက္ဆိုင္နားမွာ စကားမ်ားေနတာ နင့္ညီလားလို႔"

ေဇယ်ာခ်မ္းမွာ အေဒၚႀကီးကိုပင္ ျပန္လွည့္မၾကည့္ႏိုင္ေတာ့ဘဲ အေျပးသြားရေတာ့သည္။ အမွန္တကယ္ကို အေဒၚႀကီးေျပာေသာေနရာတြင္ ရေဝခ်မ္း႐ွိေနသည္။ ရေဝခ်မ္းယူသြားသည့္ စက္ဘီးေလးမွာလည္း အနီးအနားကေျမျပင္တြင္ လဲက်ေနၿပီး ရေဝခ်မ္းခမ်ာလည္း မည္သူမွန္းမသိရသည့္ လူႏွစ္ေယာက္၏ ဝိုင္းရံထားျခင္းကိုခံေနရသည္။ သို႔ေသာ္လည္း ထိုေကာင္ေလးကေၾကာက္လန္႔ေနပုံမေပၚဘဲ ေအးေဆးျဖစ္ေနေသာေၾကာင့္ ေဇယ်ာခ်မ္းမွာ အေျခအေနကို အသာအကဲခတ္ရင္း ထိုနားသို႔ေလွ်ာက္သြားလိုက္သည္။

"မင္းပုံစံက ေပ်ာ့တိေပ်ာ့ဖတ္နဲ႔။ ေယာက်္ားမဟုတ္တဲ့အတိုင္းပဲ။ သတၱိမ႐ွိရင္ရန္လာမစနဲ႔ေလ။ အခုက်ေတာ့ ရန္ျဖစ္ဖို႔ေတာင္ ေၾကာက္ေန႐ွာတာ "

"ေၾကာက္တာမဟုတ္ဘူး။ မတန္လို႔ "

ရေဝခ်မ္းက ခပ္မာမာမ်က္ႏွာထားႏွင့္ ျပန္ေျပာေသာအခါ တစ္ဖက္က လူႏွစ္ေယာက္ကလည္း အလြန္ေဒါသျဖစ္သြားဟန္ျဖင့္ ရေဝခ်မ္း၏မ်က္ႏွာကို လက္သီးျဖင့္႐ြယ္ေလေသာအခါ အနားမွာအဆင္သင့္႐ွိေနေသာ ေဇယ်ာခ်မ္းကလည္း အနားသို႔အေျပးသြားလိုက္သည္။ ထို႔ေနာက္ ရေဝခ်မ္းကိုမထိေအာင္ ထိုလူ၏လက္ေမာင္းကို ေျချဖင့္ပစ္ကန္လိုက္ေသာအခါ လြဲသြားေသာ လက္သီးခ်က္ႏွင့္အတူ ထိုလူလည္းဟန္ခ်က္ပ်က္သြားရသည္။

"ငါ့ညီကိုမ်ားလက္႐ြယ္ရဲတယ္။ မင္းတို႔ဟိုဘက္႐ြာကမလား"

"ေနာက္တစ္ေကာင္လာ႐ႈပ္ျပန္ၿပီ။ ဒီမွာ ငါတို႔က ငါတို႔ကိစၥငါတို႔လုပ္တာ။ အဲ့ဒါကို မင္းရဲ႕ညီကဝင္႐ႈပ္တာ။ အဲ့ဒီေယာက်္ားလိုလို မိန္းမလိုလိုေကာင္က မွားတာ။ အဲ့ေတာ့အေျခအေနကိုနားလည္ရင္ ဒီကလစ္ေတာ့ "

"က်ဳပ္မမွားဘူး ခင္ဗ်ားတို႔သာ ကိုယ့္ရဲ႕ယုတ္မာတဲ့လုပ္ရပ္ကို ကိုယ္ျပန္စဥ္းစားၾကည့္"

"ဒီေစာက္ေျခာက္လိုေကာင္ကေတာ့....."

ေဇယ်ာခ်မ္း၏ေဒါသမွာ ဂိတ္ဆုံးသို႔ေရာက္ေနေလၿပီ။ ဆက္ထိန္းထားဖ္ု႔ မျဖစ္ေတာ့ေသာစိတ္တို႔ကို အဆုံးစြန္ေပါက္ထြက္ေစလိုက္ေတာ့ အရင္ဆုံးလုပ္မိသည္မွာ အေ႐ွ႕ကလူ၏မ်က္ႏွာကို လက္သီးတစ္ခ်က္ ခပ္ျပင္းျပင္းပစ္သြင္းလိုက္ျခင္းပင္။ အငိုက္မိသြားေသာ ထိုလူကလည္း ေဇယ်ာခ်မ္း၏ လက္သီးခ်က္ကို မေ႐ွာင္ႏိုင္လိုက္ေပ။

"ငါ့ညီက မွန္တယ္လို႔ေျပာရင္ သူတကယ္မွန္လို႔ပဲ။ ၿပီးေတာ့ သူ႕ကိုအဲ့လိုေစာ္ကားေျပာဆိုဖို႔မသင့္ဘူး။ သူက သည္းခံေနမလားမသိေပမယ့္ ငါကေတာ့မရဘူးကြ"

ထို႔ေနာက္ ႏွစ္ေယာက္တစ္ေယာက္ ရန္ပြဲအႀကီးအက်ယ္ျဖစ္ပါေတာ့သည္။ ထိုအခါမွသာ အနီးအနားတြင္႐ွိေသာ လူေတာ္ေတာ္မ်ားမ်ား လႈပ္လႈပ္႐ွား႐ွားျဖစ္လာၾကၿပီး အသာေနရႏိုးႏိုး ၀င္ဆြဲရႏိုးႏိုး ျဖစ္ေနၾကသည္။

ရေဝခ်မ္းသည္ ေဇယ်ာခ်မ္းကိုေအာ္ေျပာ၍ တားေနေသာ္လည္း ေဇယ်ာခ်မ္းကေတာ့ အာ႐ုံမရေပ။ ၀င္ဆြဲလိုပါေသာ္လည္း ရေဝခ်မ္း၏ အင္အားေလးျဖင့္မရေပ။ ခ်က္ခ်င္းဆိုသလို ရန္ပြဲေနရာသို႔ ခန္႔မင္းေနာင္ေရာက္လာၿပီး ရန္ျဖစ္ေနေသာ သုံးေယာက္ကိုတားသည္။

"ကိုေဇ ေတာ္ၿပီ။ ရပ္ေတာ့။ ခင္ဗ်ားတို႔လည္း ေတာ္လိုက္ေတာ့ "

"အဲ့လူေတြကို အေသသတ္မွာ။ ခ်မ္းေလးကို ေစာ္ေစာ္ကားကားေျပာဆိုထားတာ"

ထိုအခါ ခန္႔မင္းေနာင္လည္း မ်က္ေမွာင္ၾကဳတ္မိသြားၿပီး တစ္ဖက္က လူႏွစ္ေယာက္ကို အၾကည့္ခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္လိုက္သည္။

"ရန္ေတာင္မျဖစ္ရဲဘဲ ငါတို႔ကိုလာၿပီး ရန္စတဲ့အဲ့ေခြးေကာင္ကို ေျပာေနတာလား"

တစ္ဖက္ကလည္း ခနဲ႔တဲ့တဲ့ျဖင့္ေျပာလာသျဖင့္ ခန္႔မင္းေနာင္၏ အခ်ဳပ္ခံထားရေသာေဇယ်ာခ်မ္းမွာ လႈပ္လႈပ္႐ြ႐ြျဖစ္လာသည္။သို႔ေသာ္ ေၾကာက္စရာေကာင္းေအာင္ ၿခိမ္းေျခာက္လာေသာအသံကေတာ့ ခန္႔မင္းေနာင္ဆီကျဖစ္ေလသည္။

"အိမ္ကို အႏၲရာယ္ကင္းကင္းျပန္ခ်င္ေသးတယ္ဆိုရင္ ပါးစပ္ပိတ္ထားတာေကာင္းမယ္"

ထို႔ေနာက္တြင္ေတာ့ ဥကၠဌႏွင့္လူႀကီးအခ်ိဳ႕ပါ ေရာက္လာၾကၿပီး ရန္ပြဲအေၾကာင္းေမးျမန္းစစ္ေဆးၾကသည္။ ျပႆနာကေတာ့ တစ္ဖက္ကလူႏွစ္ေယာက္၏ အလြန္ျဖစ္သည္မွာ သိသာသည္မို႔ ရေဝခ်မ္းႏွင့္ ေဇယ်ာခ်မ္းတို႔က အိမ္ျပန္ခြင့္ရခဲ့ၿပီး ထိုလူႏွစ္ေယာက္ကေတာ့ အျပစ္ေပးခံရမည္ျဖစ္သည္။

"ကိုေဇ..မင္း တအား ထိသြားေသးလား"

အျပန္လမ္းတြင္ ေဇယ်ာခ်မ္းကိုၾကည့္၍ ခန္႔မင္းေနာင္က ေမးလိုက္ေသာအခါ ရေဝခ်မ္းမွာ မ်က္ႏွာအငယ္သားျဖင့္ ေဇယ်ာခ်မ္းကိုၾကည့္ေန႐ွာသည္။ ေဇယ်ာခ်မ္းမွာ မ်က္ခုံးအထက္နားတြင္ ေပါက္ၿပဲေနၿပီး ေမး႐ိုးနားတြင္လည္း ပြန္းပဲ့ရာတခ်ိဳ႕႐ွိေနသည္။ ေဇယ်ာခ်မ္းက ေၾကကြဲစရာေကာင္းစြာၾကည့္ေနသည့္ ညီျဖစ္သူ၏ေခါင္းကို အသာပုတ္ၿပီး ႏွစ္သိမ့္ရသည္။

"မ်က္ႏွာကလြဲရင္သိပ္မထိပါဘူး။ ေအးေဆး "

"ေအးေဆးလုပ္မေနနဲ႔။ ခ်မ္းေလးကိုလည္း ၾကည့္ဦး။ ငိုမဲ့မဲ့နဲ႔ "

ခန္႔မင္းေနာင္က ရေဝခ်မ္း၏ပါးကို ဖ်စ္ညႇစ္ကာစေနာက္ေသာအခါ ရေဝခ်မ္းမွာ ထိတ္ခနဲျဖစ္သြားရသည္။ ႐ုတ္တရက္မူပ်က္သြားေသာရေဝခ်မ္းကိုၾကည့္၍ ခန္႔မင္းေနာင္က စိတ္ဆိုးသြားသည္အထင္ႏွင့္ ျပန္ေခ်ာ့ေန႐ွာသည္။

“အစ္ကိုကစတာေလကြာ။ စိတ္မဆိုးေၾကး"

"မဆိုးပါဘူး"

ရေဝခ်မ္းမွာ ေနရခက္စြာျပန္ေျဖမိေလရာ ေဇယ်ာခ်မ္းႏွင့္ခန္႔မင္းေနာင္က ခပ္ဖြဖြရယ္သည္။

"အိမ္ေရာက္ရင္ ေဆးလိမ္းဦး။ မ်က္ႏွာမွာဒဏ္ရာေတြဗရပြနဲ႔ "

"အဲ့ေလာက္စိတ္ပူေနရင္ ကိုခန္႔ကိုယ္တိုင္ လုပ္ေပးလိုက္ပါေတာ့လား"

ေဇယ်ာခ်မ္းႏွင့္ ခန္မင္းေနာင္၏ စကားေျပာဆိုေနျခင္းကို ၾကည့္ၿပီးရေဝခ်မ္းမွာ ဝမ္းနည္းလာသလို ခံစားလိုက္မိသည္။ ဤခံစားခ်က္မွာ သဝန္တိုေနျခင္းဟုလည္း မသတ္မွတ္ခ်င္ေပ။ တစ္ဖက္က မိမိကို အရမ္းဂ႐ုစိုက္႐ွာေသာ အစ္ကိုအရင္းျဖစ္ေနသည္မလား။

ထိုေအာင့္သက္သက္ခံစားခ်က္ကို ဖုံးဖိရင္း အိမ္ျပန္လမ္းတစ္ေလွ်ာက္ ၿငိမ္သက္စြာလိုက္ပါလာရသည္။ အိမ္ေ႐ွ႕သို႔ေရာက္ေသာအခါ အိမ္ထဲမွအေမာတေကာေျပးထြက္လာသည့္ ရေဝခ်မ္းတို႔၏အေမကို ေတြ႕လိုက္ရသည္။ သူ(မ)မွာလည္း ရေဝခ်မ္းတို႔ကိုေတြ႕ေသာအခါမွ အနည္းငယ္စိတ္သက္သာရာရသြားပုံရသည္။ သို႔ေသာ္ ေဇယ်ာခ်မ္း၏မ်က္ႏွာထက္က ဒဏ္ရာမ်ားကို ျမင္ေသာအခါ စိုးရိမ္တႀကီးျဖစ္သြားရျပန္သည္။

"ငါ့သားေတြ ရန္ျဖစ္ေနတယ္ၾကားလို႔ "

"အေမက အခုမွတေရးႏိုးေနတယ္"

ေဇယ်ာခ်မ္းက အေမျဖစ္သူ၏စကားကို ေျပာင္ေခ်ာ္ေခ်ာ္ျဖင့္ျပန္ေျပာေသာအခါ သူ၏အေမက မ်က္ေစာင္းထိုး၍ ၾကည့္ေလသည္။

"ဒီလိုျဖစ္တာေတာင္ မ်က္ႏွာကေျပာင္တုန္း။ နင့္ကိုခ်မ္းေလးအျမင္ကပ္တာလည္း မေျပာနဲ႔ "

"ဟဲဟဲ"

"ဟဲမေနနဲ႔။ ေဆးလိမ္းမယ္။ လာခဲ့"

ေဇယ်ာခ်မ္းကို အေမျဖစ္သူက ဆြဲေခၚသြားေသာအခါ ခန္႔မင္းေနာင္ႏွင့္ရေဝခ်မ္းမွာ အိမ္ေ႐ွ႕တြင္ ႏွစ္ေယာက္တည္းက်န္ခဲ့ေလသည္။ ရေဝခ်မ္းလည္း ခန္႔မင္းေနာင္ကိုေခၚ၍ ျခံထဲ႐ွိအပင္ေအာက္တြင္ အတူထိုင္ျဖစ္ၾကသည္။

"ခ်မ္းေလးေရာ တစ္ေနရာထိမိခိုက္မိတာ႐ွိလား"

သူ႕ကိုၾကည့္၍ အမွန္တကယ္စိုးရိမ္ေနဟန္ျဖင့္ ေမးေသာအခါ ရေဝခ်မ္းလည္း ေယာင္နနျဖင့္ ေခါင္းညိတ္ျပမိမလိုျဖစ္ရာမွ အျမန္ေခါင္းခါလိုက္ရသျဖင့္ သူ႕ပုံစံမွာ ကို႔႐ို႕ကားယားျဖစ္သြားရသည္။

ဤသည္ကို ခန္႔မင္းေနာင္က သေဘာက်စြာျပဳံး၍ ၾကည့္ေနေလသည္။ ထိုအခိုက္အတန္႔ေလးမွာ ရေဝခ်မ္းႏွင့္ ခန္႔မင္းေနာင္တို႔ႏွစ္ဦးအၾကည့္ခ်င္းဆုံမိၾကေလသည္။ တစ္ဦးစီ၏အၾကည့္တြင္ ေလးနက္သည့္ အဓိပၸာယ္အျပည့္ပင္။ မေနတတ္မထိုင္တတ္စြာ အရင္ဆုံး မ်က္ႏွာလႊဲမိသည္က ရေဝခ်မ္း...။

"ဟို...Hidden Mystery က ၿပီးခဲ့တဲ့အပတ္က တကယ္စိတ္လႈပ္႐ွားဖို႔ေကာင္းတယ္။ တကယ္တကယ္ အစ္ကို႔ကို ေလးစားလို႔မဆုံးဘူး"

"ေလးစား႐ုံပဲလား"

"ဟင္"

ရေဝခ်မ္းက ခန္႔မင္းေနာင္ကို နားမလည္စြာလွည့္ၾကည့္မိေသာ္လည္း ခန္႔မင္းေနာင္ကေတာ့ တစ္ဖက္သို႔ ေငးၾကည့္ေနေလရဲ႕....။ ထို႔ေနာက္ သက္ျပင္းေငြ႕ေငြ႕ေလးခ်လိုက္သည္ကို ရေဝခ်မ္းအတိုင္းသားၾကားေနရသည္။

"အစ္ကို႔ရဲ႕အေၾကာင္းေတြ ခ်မ္းေလးဘာေတြသိထားလဲ"

မေဟဠိဆန္စြာေမးလာေသာ ခန္႔မင္းေနာင္၏ေမးခြန္းကို ထူးဆန္းသည္ဟုထင္ေသာ္လည္း ရေဝခ်မ္း ခ်က္ခ်င္းပင္ ျပန္ေျဖျဖစ္လိုက္ပါသည္။

"အစ္ကိုက စာေရးဆရာဈာန္ဆိုတာရယ္။ ဒီ႐ြာေလးကအစ္ကို႔ရဲ႕ေမြးရပ္ေျမဆိုတာရယ္။ အစ္ကို႔ရဲ႕အေဖနဲ႔အေမကိုလည္း သိတယ္။  အစ္ကိုက ျမန္မာစာနဲ႔ေက်ာင္းၿပီးထားတာေရာ ...."

ရေဝခ်မ္းျပန္ေျဖသည္ကို ၾကားေသာအခါ ခန္႔မင္းေနာင္က ရေဝခ်မ္းကိုၾကည့္ကာ ထပ္ေမးေလသည္။ သူ၏အၾကည့္ကေတာ့ ရင္ဖိုဖြယ္ေကာင္းေနၿပီး ရေဝခ်မ္းတစ္ေယာက္ ထိုအၾကည့္၏ညိႇဳ႕ငင္မွာ သည္တစ္သက္ ႐ုန္းထြက္မရႏိုင္သလို ခံစားလိုက္မိသည္။

"တကယ္လို႔ အစ္ကိုက မင္းထင္ထားသလို ေလးစားခ်င္စရာေကာင္းမေနရင္ေရာ "

"သူမ်ားေတြကို လိုက္ဒုကၡေပးေနတာမ်ိဳးမဟုတ္ရင္ ကြၽန္ေတာ္ အစ္ကို႔အေပၚ ထားတဲ့သေဘာထားေျပာင္းလဲမွာမဟုတ္ဘူး"

"အဲ့လိုလူမ်ိဳးဆိုရင္ေတာ့ သေဘာထားေျပာင္းမယ့္အေနအထား႐ွိတယ္ေပါ့"

"အစ္ကိုက အဲ့လိုလူစားမ်ိဳးမဟုတ္ဘူးဆိုတာ ယုံတယ္ေလ"

ထိုစကားကိုၾကားေသာအခါ ခန္႔မင္းေနာင္မွာ သေဘာက်စြာရယ္လိုက္မိသည္။ ထို႔ေနာက္ တစ္စုံတစ္ရာကိုေျပာရန္ စကားစလိုက္ခ်ိန္မွာပင္ ျခံေ႐ွ႕မွ သူ၏အေမေခၚေနသံကို ႐ုတ္တရက္ၾကားလိုက္ရသျဖင့္ ေျပာလက္စစကားက ရပ္တန္႔သြားရသည္။

"သားေရ..။ အိမ္မွာ မင္းရဲ႕ဧည့္သည္ေရာက္ေနတယ္"

ခန္မင္းေနာင္၏ဧည့္သည္ဆိုလွ်င္ ၿမိဳ႕မွလာသူသာ ျဖစ္ရမည္။ အေဝးကလာသူကို အၾကာႀကီးမေစာင့္ေစလိုေသာေၾကာင့္ ယခုခ်က္ခ်င္း အိမ္ျပန္မွျဖစ္မည္မို႔ မတတ္သာဘဲ ရေဝခ်မ္းကို ႏႈတ္ဆက္ဖို႔ျပင္ရသည္။

"အစ္ကို ခုနကဘာေျပာမလို႔လဲ "

"အခ်ိန္ေတြ႐ွိပါေသးတယ္။ ေနာက္မွေပါ့။ အခုေတာ့ အစ္ကိုသြားလိုက္ဦးမယ္"

“ဟုတ္”

ခန္႔မင္းေနာင္လည္း ရေဝခ်မ္းဆီမွထြက္လာခဲ့ၿပီးေနာက္ သူ႕အေမေနာက္သို႔ လိုက္လာခဲ့ရသည္။

"ေမေမ ဧည့္သည္ကဘယ္သူတဲ့လဲ "

"အေမလည္းမသိဘူးေလ။ သားရဲ႕သူငယ္ခ်င္းဆိုလို႔ သားကိုလာေခၚတာ"

ခန္႔မင္းေနာင္မွာ ပို၍ပင္စဥ္းစားရၾကပ္သြားရေတာ့သည္။ အိမ္အလည္လိုက္လာရေလာက္ေအာင္ ခင္မင္ရသည့္လူလည္း မ႐ွိပါ။ သို႔ေသာ္ ထိုေမးခြန္းအတြက္ အေျဖကို သူ၏အိမ္သို႔ေရာက္ေသာအခါ ထိတ္လန္႔ဖြယ္သိ႐ွိလိုက္ရပါသည္။

အိမ္ထဲတြင္ အခန္႔သားထိုင္ကာ သူျပန္အလာကို ေစာင့္ေနသူက ခန္႔မင္းေနာင္အေနႏွင့္ သည္တစ္သက္တိုက္ဆိုင္၍ေတာင္ ျပန္မေတြ႕ခ်င္သည့္ လူတစ္ေယာက္ျဖစ္ေနေလသည္။ ခန္႔မင္းေနာင္လည္း မိမိအား ျပဳံးျပေနေသာသူကို ေငးရင္း အံ့အားသင့္စြာေရ႐ြတ္မိသည္။

"ေရာင္နီ "

Edited on 6.11.2021

••••••••••••••

Continue Reading

You'll Also Like

10.9K 536 9
[ Zawgyi ] ---------------- အခ်စ္နဲ႕မေတြ႕ေသးလို႕ စိတ္ညစ္မေနပါနဲ႕ ကိုယ့္သူငယ္ခ်င္းရဲ႕သားကလည္း ကိုယ့္ရဲ႕ဖူးစာရွင္ ျဖစ္လာနိုင္ပါေသးတယ္ ... [ Unicode ] ...
293K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
44.4K 5.6K 16
One Shot အတိုအထြာေလးမ်ားစုစည္းထားသည္ One Shot အတိုအထွာလေးများစုစည်းထားသည်
432K 38.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ