So far away(Completed)

By AliceYay-Zhang

161K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-15 Zawgyi

2.4K 115 18
By AliceYay-Zhang

အပြင်ဖက်မှာရွာ​နေတဲ့မိုးကို ဧည့်ခန်းရဲ့
မှန်ကာက​နေ ​ငေးကြည့်​နေမိတဲ့ Jennieက
coffeeခွက်ထဲက လက်ကျန်တစ်ဝက်​လောက်ကို
မ​သောက်ဘဲ လက်ထဲကိုင်ထားတာဘယ်​လောက်ကြာ​နေပြီလဲ
တောင်မသိ​တော့ဘူး

အဲ့လိုမှိုင်​ထွေ​နေမိတဲ့ Jennieရဲ့အနားမှာ
ဘယ်သူ့မှမရှိဘဲ တစ်​​ယောက်တည်းဆိုမှားသွားမှာပါ
ဧည့်ခန်းရဲ့ Jennieနဲ့ မျက်နှာချင်းဆိုင်မှာ
Joyလည်း ထိုင်​နေပါတယ်

"နင် ​ပြန်​တောင်းပန်သင့်တယ်​လေ Jennie!"

တိတ်ဆိတ်​နေပြီးမှ ကြားရတဲ့စကားသံ​ကြောင့်
Jennie ခုဏက​အေးစက်​နေတဲ့ မျက်နှာက
လုံးဝ မထိန်းနိုင်စွာနဲ့ ပျက်ယွင်းသွားပြီး​တော့
ကျဆင်းလာတဲ့ မျက်​ရည်​တွေက ချက်ချက်ပင်
ရှိုက်သံတစ်ချို့ပါ ပါလာခဲ့တယ်

ဒါဆို ခုဏတည်းက Jennieငိုချင်​နေတာ​ပေါ့
မျက်ရည်မကျ​​အောင် ထိန်းထားခဲ့တဲ့ပုံပါပဲ

"ငါ အမြဲ darlingကိုနာကျင်​အောင်လုပ်​နေမိတယ်
ဘယ်လိုသတ္တိမျိုးနဲ့ ငါထပ်ပြီး​တောင်းပန်ရဦးမှာလဲ Joy?"

ရင်ဘက်ကိုထုရိုက်ပြီး ငို​နေတဲ့ Jennieကို
Joy လည်းသနားမိတယ်

Unnie chuဆီက​နေ အဖြစ်မှန်​တွေသိပြီးတဲ့​နောက်
တကယ့်ကို မယုံနိုင်​လောက်​အောင် အားလုံက လွဲကုန်ခဲ့ပြီ
အဲ့ဒါ​ကြောင့် ဒီ​နေ့မနက် unnie lisaရဲ့ companyကို
Joy နဲ့ Jennie တို့သွားခဲ့ကြတယ်
.
.
.
.
.
.
.
.
.

Flash back

"ဘာ​ပြောတယ် Jennie Kim?
Lisa ကို​တောင်းပန်ဖို့အတွက်လာခဲ့တာ ဟုတ်လား?"

ဘားမှပြန်မ​ပြောနိုင်​လောက်​အောင်ကို
Jennie အမှားသိစိတ်က အရမ်းကိုကြီးစိုး​နေတယ်

"Lisaကို Lesbianပါဆိုပြီး နင်အရှက်ခွဲခဲ့တယ်
အခု သူ့အ​ဖေက အဲ့ဒါကိုသိပြီး​တော့ Bangkokကိုပြန်​ခေါ်တယ်
လွန်ခဲ့တဲ့ တစ်​ပတ်​လောက်တည်းက သူထွက်သွားပြီ"

Jennie အ​စော​လေးတင်ကမှ
အဖြစ်မှန်ကိုသိလိုက်ရတာမကြာ​​သေးဘူး
အခုထပ်ပြီးကြားရတဲ့အရာ​ကြောင့် အားအင်ချိနဲ့စွာနဲ့
ကြမ်းပြင်​ပေါ်မှာ ထိုင်ချမိလိုက်တယ်

"အဲ့ဒါ Jennie မဟုတ်ပါဘူး
သတင်းထွက်​အောင်လုပ်ခဲ့တာ Jennieမဟုတ်ပါဘူး
Oppa Jeonက နားစွံနားဖျားကြားပြီး​တော့
ဒေါသနဲ့ စိတ်ထင်ရာလုပ်လိုက်တာပါ
Jennie အဲ့သတင်းကိစ္စကိုလုံးဝမသိခဲ့တာအမှန်ပါ"

ငိုပြီး​ပြော​နေတဲ့ Jennie က
မလိမ်ဘူးဆိုတာကို chae သိ​လိုက်ရတယ်
သူမ တကယ့်ကို ဝမ်းနည်းပြီး ​နောင်တ တကြီးငို​နေတာ

"Bangkokကိုသွားတာ သူ့အ​ဖေဆီကို
ဒါ​​ပေမယ့် သူ့ထွက်သွားတဲ့ရက် ညပိုင်းထိ​တော့
တို့နဲ့ အဆက်အသွယ်ရ​နေ​သေးတယ်
နောက်ပိုင်း သူလုံးဝ မဆက်သွယ်ဘူး"

"​နောက်တစ်ခါဆက်သွယ်လာရင် Jennie ကို​ပြောပါ​နော်
သတင်းကိစ္စကိုလည်း Darlingကို အမှန်တိုင်း​ပြောပြ​ပေးပါ
Darling စိတ်နာသွားမှာကို Jennie ​ကြောက်တယ်"

"စိတ်နာမှာ?"

Jennie ရဲ့စကားကို chaeက​ထောက်ပြီး
တစ်ခုခုကို​တွေး​နေရင်းနဲ့ မဲ့ပြုံးတစ်ချက်ပြုံးတယ်

"နင်သိလား Jennie Kim?

အဲ့ Lisaဆိုတဲ့အရူးက​လေ
နင်နဲ့ပြတ်သွားတာ​တောင် နင့်အ​ကြောင်း​တွေ​ကို
အမြဲလိုလို​ပြောတတ် ​တွေး​နေတတ်​သေးတာဟ
တ​လောက ပြသနာဖြစ်​တော့လည်း
အရက်​တွေမူးပြီးကျန်ခဲ့တဲ့ နင့်ကိုစိတ်ပူ​နေ​သေးတာ

ငါ...ငါ​လေ...

ပြော​နေရင်း တိမ်ဝင်သွားတဲ့အသံ​ကြောင့်
Jennie နဲ့ Joyတို့ unnie chaeကိုကြည့်လိုက်တယ်

"အဲ့တုန်းကသာ lisaကို နင်နဲ့အစမပျိုး​ပေးမိခဲ့ရင်
သူအဲ့​လောက်ထိ ဒိလိုမျိုး သူနာကျင်ရမှာမဟုတ်ဘူး
ငါ့အမှား​တွေ အားလုံးက ငါ့ရဲ့အမှား​တွေပဲ Jennie!"

"​တောင်းပန်ပါတယ် unnie!
အဲ့လိုမျိုးမ​ပြောပါနဲ့ ​တောင်းပန်ပါတယ်
Jennie မှားခဲ့တာပါ"

ခံစား​နေရတဲ့တစ်ဆို့မှု​တွေ​ကြောင့်
ရင်ဘက်ကိုဖိပြီး အားယူ​ပြော​နေတဲ့ Jennieက
စကားအဆုံးမှာ အခန်းထဲက​နေ ​ပြေးထွက်လာခဲ့လိုက်တယ်

"Jennieက unnie lisaကိုတကယ်ချစ်မိသွားတာပါ"

Joy ရဲ့အ​ပြောကို မျက်ရည်​တွေဝဲ​နေတဲ့ chaeက
လှောင်သလိုမဟုတ်​ပေမယ့် ပေါ့ပျက်ပျက်အပြုံးဖြင့်ပြုံးလိုက်ပြီး...

"​နောင်တလား?

ဟက်!
Jennie Kimက Lisaရဲ့အချစ်နဲ့မတန်ဘူး
ဒါ​ပေမယ့် အဲ့Lisaက ချစ်​နေ​တော့လည်း ဘယ်တတ်နိုင်မလဲ?
Lisaဆီကိုလိုက်သွားခိုင်းလိုက်ပါ

အဲ့အရူးက သူ့ကိုJennieသတ်မယ်ဆိုရင်တောင်
လည်စင်းခံ​ပေးမယ့် အချစ်ရူးကြီးမို့ အခုလည်းလက်ခံ​ဦးမှာ
Bangkokဆီကိုသာ လိုက်သွားခိုင်းလိုက်ပါ"

"​ကျေးဇူးပါပဲ"

.
.
.
.
.
.
.
.
.
.
.
.

Flash end



"လိုက်သွားမလား Jennie?
ငါ unnie chaeဆီက​နေ နင့်လူရဲ့အိမ်လိပ်စာ​မေးလာခဲ့တယ်"

"အင်း
ငါလိုက်ကိုလိုက်သွားရမယ်"












~~~~~~~~~~~~~~~~~~~~~~~~~





Bangkokကို​ရောက်​တော့ Joy​ပြောတဲ့လိပ်စာအတိုင်း
Darlingရဲ့ အိမ်​ရှေ့ကို Jennie ​ရောက်လာခဲ့တယ်
ဒါ​ပေမယ့် Jennie အိမ်​ရှေ့မှာရပ်​နေတာအ​တော်ကြာပြီ
ဘယ်သူလဲလို့လာ​မေးတဲ့ အ​​ဒေါ်ကြီးပြီးတဲ့​နောက်မှာ
တခြားဘယ်သူမှ ထွက်မလာခဲ့ဘူး

💢💢

အိမ်​ရှေ့အုတ်ခုံ​လေး​ပေါ်မှာထိုင်​နေတုန်း
ကားတစ်စီးက ခြံ​ရှေ့​ရောက်လာပြီး ဟွန်းတီးလာတာ​ကြောင့်
Jennie လှမ်းကြည့်လိုက်​တော့ Darlingရဲ့အ​ဖေ...

"Uncle!"

ကားနားကိုအမြန်သွားလိုက်ပြီး
ကားမှန်ကိုလက်နဲ့ပုတ်ရင်း ​ပြောလိုက်​​တော့
Uncleက မှန်ချ​ပေးပြီး ထူးဆန်းသလိုကြည့်​နေတယ်

"မင်းက?"

"Arrrrrh!
မဂ်လာပါ သမီးနာမည်က Jennie Kimပါ"

"Kimရဲ့ သမီးလား?"

"ဟုတ်ပါတယ် uncle!"

"ဒါနဲ့ ဘာကိစ္စရှိလို့လာခဲ့တာလဲ?"

"တကယ်​တော့Jennieက
Uncleရဲ့ သမီး Lalisaရဲ့ ချစ်သူပါ"

Jennie ​ပြောလိုက်​တော့ မျက်ခုံး​တွေ
ထိစပ်လုနီးပါးကျုံ့သွားပြီး ကြည့်လာတဲ့ uncle...

"Lisa ကိုလာရှာတာဆို မင်းပြန်​တော့
သူဒီမှာမရှိဘူး"

ကားစက်နှိုးဖို့ပြင်​နေတဲ့ uncleကို
Jennie ကား​ရှေ့က​နေပိတ်ရပ်လိုက်​တော့

"အ​ရှေ့ကဖယ်စမ်း က​​လေးမ!"

ကားမှန်​အ​ပေါက်က​နေ ​ခေါင်းပြူထွက်လာပြီး
ဒေါသတကြီး​ပြောလာတဲ့ uncleက ကားဟွန်းကိုလည်း
အဆက်မပြတ်တီးလို့​နေ​သေးတယ်

"မဖယ်​ပေးနိုင်ဘူး uncle!
Darlingနဲ့ Jennie ​တွေ့ရမှဖြစ်မယ်"

"မင်းက တကယ့်ကို​ခေါင်းမာပြီးစွာလွန်းတယ်
ဒီလိုမိန်းက​လေးကို Lisaဘယ်လိုများချစ်မိခဲ့တာလဲ?"

"ဟုတ်တယ်
ခေါင်းမာပြီးစွာလွန်းတဲ့ Jennieဆိုတာ
Lalisa ရဲ့အချစ်ရဆုံး​သော ချစ်သူပါ
အဲ့ဒါ​ကြောင့် darlingနဲ့​တွေ့ဖို့ကို မတားပါနဲ့"

Jennie တို့အပြန်အလှန်​ပြော​နေရင်း
အ​နောက်ဖက် ခြံတံခါးဝနားက​နေ ​ပြောလိုက်တဲ့အသံ​ကြောင့်
စကားစပြတ်သွားခဲ့တယ်

Jennie လှည့်ကြည့်လိုက်​တော့
ဝှီးချဲ​ပေါ်မှာထိုင်​နေတဲ့ အဖိုးတစ်​ယောက်ရယ်
အန်တီကြီးတစ်ဦးရယ်

Uncleက ကား​ပေါ်က​နေဆင်းလာပြီး
အဖိုးရဲ့အနားကို ​လျှောက်သွားခဲ့တယ်

"အ​ဖေ!
ဘာလို့အပြင်ထွက်လာတာလဲ?"

"အပြင်မှာဆူညံ​နေတာနဲ့ မင်းညီမကို လိုက်ပို့ခိုင်းတာ

အခု ဘာဖြစ်နေကြတာလဲ?
ဟိုက​လေးမ​လေးက​​ရော ဘယ်သူလဲ?"

.

"အဖိုး!
သမီးက အဖိုး​မြေးရဲ့ ချစ်သူပါ
အခု သူ့ဆီလာ​တွေ့တာကို ဒီက uncleက
မရှိဘူးဆိုပြီး အတင်းပြန်လွှတ်​နေတယ်"

စကားအသွားအလာအရ
အဲ့အဖိုးက darlingရဲ့အဖိုးပဲလို့
Jennie သိလိုက်တာနဲ့ ချက်ချက်​ပြေးကပ်ပြီး
ပြောပြလိုက်​တော့ အဖိုးက uncleကိုကြည့်တယ်

"Manoban!
သူက ငါ့​မြေး Lisa ရဲ့...

"ဟုတ်ပါတယ် အ​ဖေ!"

အဖိုးက သက်ပြင်းချလိုက်တယ်
ပြီးတာနဲ့ Jennieကိုကြည့်လာခဲ့တယ်

*ဝမ်းနည်း​နေတဲ့မျက်လုံး​တွေ?
ဘာလို့ အဖိုးက ငါ့ကို အဲ့လိုကြည့်တာလဲ?*

စိတ်ထဲ​​တွေး​နေတုန်း
အဖိုးရဲ့စကား​ကြောင့် အ​တွေးစပြတ်သွားခဲ့တယ်

"Lisaက ဒီအိမ်မှာ မရှိဘူး ​​မြေးရဲ့"

"အဖိုးကပါ Jennieကိုညာတယ်
ကျေးဇူးပြုပြီး သမီးကို darlingနဲ့​တွေ့ခွင့်​ပေးပါ​နော်"

"Manoban!"

.

"ဟုတ်ကဲ့ အ​ဖေ!"

"လိုက်ပို့​ပေးလိုက်ပါ ​မြေး​လေးဆီကို"

အဖိုးရဲ့​ပြောစကား​ကြောင့်
Jennie အ​တော်​လေးကို ​ပျော်သွားခဲ့တယ်

Uncleက Jennieကိုကြည့်ပြီး
ခေါင်းခါ သက်ပြင်းချရင်း...

"လိုက်ခဲ့
ငါမင်းကို လိုက်ပို့​ပေးမယ်"

"ဟုတ် uncle"
.
.
.
.
.
.
.
.
.
.
.
.
.
.
.

Uncle ကားနဲ့ထွက်လာခဲ့တာက
ဘေးပတ်ဝန်းကျင်ကိုကြည့်ပုံအရဆိုရင်
ချောင်ကျပြီး အိမ်​ခြေနည်းတဲ့လမ်းမကြီး​ပေါ်မှာ

"Uncle!
ဘယ်ကို​မောင်း​နေတာလဲဟင်?"

Uncleက ဘားမှမ​ပြောဘူး
ပြီး​တော့ လမ်းအဆုံးလို့ထင်ရတဲ့​နေရာမှာ
ခြံအကျယ်ကြီးနဲ့ အိမ်တစ်အိမ်လည်းရှိ​သေးတယ်

ခြံထဲဝင်ပြီး​တော့ စင်ဝင်​အောက်မှာ
ကားကိုရပ်လိုက်ပြီး uncleကဆင်းသွားတယ်
Jennieလည်း အမြန်ဆင်းလိုက်ပြီး
အ​နောက်က​နေ အိမ်ထဲလိုက်ဝင်လာခဲ့လိုက်တယ်

အိမ်​​ပေါ်ထပ်ရဲ့ ​လှေကားညာဖက်ခြမ်းရဲ့
ဒုတိယ​မြောက်အခန်း​​ရှေ့မှာ ရပ်လိုက်တဲ့uncleက
Jennie ဖက်ကိုလှည့်လာပြီး...

"သိပ်​တွေ့ချင်​​နေတယ်မှတ်လား?
ဝင်သွားလိုက်ပါ Jennie Kim!"

အပြုံး​တွေက ပုံ​ဖော်မရတာမို့
Jennie ဘားမှ​တွေးမ​နေဘဲ အခန်းထဲကိုဝင်သွား​လိုက်တယ်
.
.
.
.
.

မီးအလင်း​ရောင်​တောင်မရှိတဲ့အခန်းက
ပွင့်​နေတဲ့ ပြူတင်း​ပေါက်က အလင်းနဲ့ပဲ
အနည်းငယ်မြင်ရရုံ​လောက်သာ ရှိ​နေတယ်

လိုက်ကာစ​တွေက ​လေတိုက်လို့လွင့်​နေပြီး
Jennie အခုမှ အဲ့နားကိုကြည့်ပြီး သတိထားမိတာ

လူတစ်​ယောက်...

ဆံပင်အရှည်ကို ဖြန့်ချထားပြီး
ပြူတင်း​ပေါက်က​နေ အပြင်ဖက်ကို​ငေးကြည့်​နေတဲ့
လူတစ်​ယောက်ရဲ့ ​ကျောဖက်ကိုကြည့်ပြီး
အဲ့ဒီ့သူက darlingဆိုတာ Jennieသိလိုက်တယ်

အနားကိုတ​ဖြေး​ဖြေးကပ်သွားပြီး
Darlingရဲ့​ကျောကိုလှမ်းကိုင်ဖို့ လက်လှမ်းရင်း

"Darling!"

လက်က​​ကျောကိုမ​ရောက်ခင်မှ
Darlingက အ​နောက်ဖက်ကို လှည့်လာပြီး
Jennie​ရဲ့ ရှေ့ကို တိုးလာ​နေတာတာမို့
ဘာ​ကြောင့်မှန်းမသိ​ပေမယ့် ​နောက်ဆုတ်မိလိုက်​တော့
တစ်ခုခုက darling ရဲ့​ခြေ​ထောက်​တွေကို တား​နေသလိုမျိုး
Jennie ကြည့်လိုက်​တော့ တချွင်ချွင်မြည်​နေတာ​တွေက...

"သံကြိုး​တွေ?"

အံ့သြထိတ်လန့်စွာနဲ့ တိုးတိုး​လေး​ရေရွတ်မိ​လိုက်တုန်း
Darling ကသူ့​ခြေ​ထောက်ကို သံကြိုး​တွေကြားက​နေ
အတင်းရုန်း​နေတာ​ကြောင့်​ရှေ့ကို​မှောက်လျက်လဲကျသွားခဲ့တယ်

"Darling!"

အမြန်​ပြေးပြီး အနားသွားထူမ​ပေးလိုက်​တော့
Jennieလက်ကို ဆုပ်ကိုင်ပြီး မျက်ရည်​တွေနဲ့ darlingက...

"Ireneနဲ့ကိစ္စ​တွေကို ခွင့်လွှတ်တာမို့ မထားသွားပါနဲ့
ကိုယ့်ကို မထားခဲ့ပါနဲ့ baby!
တောင်းပန်ပါတယ်"
















To be continued.....


😁😁 မျက်နှာချိုကြို​သွေးထားတာ

Continue Reading

You'll Also Like

342K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
325K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
312K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
253K 40.7K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .