တောင်တောရယ်သာ
By akyinnamon
409K 55.7K 7.9K
တောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး... More
အမှာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား
အင်းတော်ကြီးသမိုင်း ၁
အင်းတော်ကြီးသမိုင်း ၂
စာအုပ်ထွက်ပါပြီ
အမှတ်တရ (၁)
အမှတ်တရ (၂)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား
အပိုင်း ၁၄
9.5K 1.8K 309
By akyinnamon
လှေပေါ်မှတံတားပေါ်သို့တက်ရသည်မှာ အနည်းငယ်လှမ်းသော်လည်း လက်ကမ်းကြိုဆိုနေသူကြောင့် မခက်ခဲပါ။ ဆုံစည်းသောလက်များနောက်မှာ ရင်ခုန်သံသည် ပြင်းထန်လွန်းသည်။ မျက်လုံးများပြာသွားသည်မှာ လှုပ်ခါနေသောလှေပေါ်မှ မြဲမြံသောတံတားပေါ်သို့ ရောက်သွားခြင်းကြောင့်မဟုတ်။ ညှို့ချက်ပြင်းသော ပါးချိုင့်နှစ်ခုကြောင့်သာ။ မိမိကို တစ်ချက် ပြုံးကြည့်ပြီးမှ လှေပေါ်မှ ဖြူ ရှိရာသို့ လက်ကမ်းပေးသည်။
"ဟယ်.. ပြန်ရောက်နေတာလား၊ ဘယ်တုန်းကလဲ"
ဖြူ၏ ၀မ်းသာအားရ နှုတ်ဆက်သံ။ တစ်စုံတစ်ရာ ပြန်ဖြေလိုက်မှန်းသိသော်လည်း သေချာမကြားလိုက်ရ။ နားရွက်ပေါ်သည်အထိ ဆံပင်တိုတိုညှပ်ထားသောကြောင့် ပခုံးကျော်ရှည်သည့် ဆံပင်များမရှိတော့သလို အနက်ရောင်ကဲနေကာ ရွှေအိုရောင်သိပ်မရှိတော့။ နေလောင်ထားသည့် အသားအရေမဟုတ်တော့ဘဲ အသားပြန်ဖြူလာသည်။
"ဖြူဖြူတို့လာမယ်ဆိုတာ သိလို့ ဒီမှာ လာစောင့်နေတာ"
"ပြန်မလာတော့ဘူး ထင်နေတာ"
"မလာစေချင်ဘူးလား"
"သူကပဲ ပြောရတယ်ရှိသေး၊ ဆောင်း ပြောစမ်း.. နှုတ်မဆက်ဘဲ ထွက်သွားတာ ဘယ်သူလဲ"
သစ်သားပြားခင်းထားသော တံတားလေးသည် ကျဥ်းသည်။ သူတို့သုံးယောက်ပိတ်ရပ်နေသလို ဖြစ်နေတာကြောင့် နောက်လူတွေ လှေပေါ်မှ ဆင်း မရတော့။ ဖြူကရယ်ပြီး တောင်းပန်စကားဆိုသည်။ ခပ်စောင်းစောင်းမြင့်တက်နေသော သစ်သားခင်းတံတားအတိုင်း ဆက်လျှောက်လာသည်။
"အသားတွေဖြူလာလိုက်တာ ဒဲရစ်ခ်ရယ်၊ ဖြူတို့ကတော့ မည်းပြာခြောက်ပဲ"
မည်းပြာခြောက်ဆိုသည့် စကားကို အင်္ဂလိပ်လို တစ်ခုံးချင်းစီ ဘာသာပြန်ရင်း ပြောခြင်းဖြစ်သည်။ ယခုအချိန်အထိ ဆောင်းကို စကားတစ်လုံးမှ မပြောနိုင်သေးပါ။ စိတ်လှုပ်ရှားမှုကြောင့် ရင်ခွင်ထဲမှာ ဘောင်ဘင်ခတ်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်နေဆဲ။ နှင်းဖြူရိပ်လက်ထဲမှ လက်ဆွဲအ၀တ်ထုတ်ကို လက်ပြောင်းယူတော့ ဖြူ က ငြင်းသည်။
"ရတယ်၊ ထဘီတွေပါတယ်"
"အင်းပါ၊ ရောင်းမစားပါဘူး ဖြူရာ"
အပြုံးနှင့်ပြောရင်း အ၀တ်အိတ်ကို လှမ်းယူလိုက်သည်။ ဒီလိုအယူအဆတွေ သူ့ မှာမရှိ။ ဖေဖေသည် မေမေ့ထဘီများကို‌ လျှော်ပေးခဲ့သည်ပင်။ ထိုအကြောင်းကို ဂုဏ်ယူစွာနှင့်ပင် သူငယ်ချင်းများကြား ပြောနေခဲ့ဖူးသည်။
ဒီရေကျွန်းလေးသည် စိုထိုင်းထိုင်းဖြစ်ကာ နေရာတိုင်းမှာ ရွှံ့မြေဖြစ်သည်။ ရွှံ့မရှိသောနေရာတွင် ရေ၀ပ်နေသည်။ ခြေဆစ်အထိရောက်နိုင်သည့် ကြည်လင်သော ရေပြင်အောက်မှာ သစ်ရွက်ကြွေများ၊ နှုန်းမြေများနှင့်။ သက်နုသစ်ပင်ငယ် အတော်များများကို တွေ့ရသည်။ ရွှံ့မြေမှတိုးထွက်နေသော လက်ချောင်းအရွယ်၊ တုတ်တိုအရွယ် လေရှူမြစ်ငယ်မြောက်မြားစွာ။ ခြောက်သွေ့သောနေရာ တစ်နေရာမှမရှိသော ရေ၀ပ်မြေပြင်ထက်မှာ ဂဏန်းကောင်လေးများသာ အသွားအလာမပျက် ရှိနေသည်။
ဘန်ဂလိုပုံစံကင်းတဲ နှစ်လုံးရှိသည့်အနက် မိန်းကလေးဖြစ်သော ဖြူ က သီးသန့်တည်းခိုရမည် ဖြစ်သည်။ ဖြူ့နေရာ ကင်းတဲနေရာကို လိုက်ပို့ပြီးမှ မြစ်ကိုမျက်နှာမူနေရာ အခြားကင်းတဲရှိရာ ပြန်လာခဲ့သည်။ ဆောင်းကို တည်းရမည့် ဘန်ဂလိုပုံစံ ကင်းတဲစခန်းသည် ကျယ်ကျယ်၀န်း၀န်းရှိသည်။ အရှေ့ခန်းတွင် အစည်းအ‌ေ၀းအတွက်၊ ဆွေးနွေးတိုင်ပင်စရာများအတွက် နေရာအလုံအလောက်ရှိပြီး နောက်ဖက်အခန်းသည် အိပ်ခန်းအဖြစ် အသုံးပြုနိုင်သည်။ အခန်းတစ်ဖက်မှ ဖျာအောက်နားတွင် ရင်းနှီးနေပြီဖြစ်သော ကျောပိုးအိတ်ရှည်ကို မြင်ရသည်။
တစ်ယောက်သောသူသည် ဒီကျောပိုးအိတ်ရှည်နှင့် အင်းတော်ကြီးသို့ လာခဲ့ဖူးသည်ကို သတိရတော့ ရင်မှာလှိုက်ခနဲ။ မိမိ ကျောပိုးအိတ်ကို အခန်းထောင့်မှာနေရာချပြီး ဆောင်းကို ဘန်ဂလိုတဲ အရှေ့ဘက်သို့ လာခဲ့သည်။
မြေမျက်နှာပြင် စိုထိုင်းမှုကြောင့် ၀ရန်တာလေး၏ လက်ရန်းအချို့နေရာတွင် ရေညှိတက်နေပြီ။ သို့သော် နှစ်လိုဖွယ်ရာ မြစ်ပြင်ကျယ်ကို မြင်နေရသည်။ ရပ်တန့်ငေးကြည့်နေသူဘေးတွင် ၀င်ရပ်ဖြစ်သည်။ ဘေးချင်းကပ်ရပ်တိုင်း ကွာခြားသော အရပ်အမြင့်ကို သတိမထားဘဲမနေနိုင်။
"နေကောင်းလား ဆောင်း"
"မင်းရော"
"မဆိုးပါဘူး"
အပြုံးနှင့်ဖြေခြင်းဖြစ်သော်လည်း မြစ်ပြင်ရှိရာ ငေးကြည့်နေသော မျက်လုံးများသည် မှိန်ဖျော့နေသည်။
"ဘယ်တုန်းက ပြန်ရောက်လဲ"
"တစ်ပတ်လောက်ရှိပြီ၊ ဘန်ကောက်မှာ ခွန်းနောင်နဲ့ တွေ့ခဲ့သေးတယ်"
"ဗျာ..ဟုတ်လား၊ သူ ဘာမှမပြောဘူး"
"ကိုယ် မပြောခိုင်းတာ"
တအံ့တသြ လှည့်ကြည့်ချိန် နားလည်ရခက်သည့် အပြုံးကို မြင်ရသည်။ လက်နှစ်ဖက်ဖြင့် ၀ရန်တာ လက်တန်းကို ဆုပ်ကိုင်ထားရာမှ အားပြုကာ မသိမသာကိုယ်ကိုကိုင်းရင်း အိမ်အောက်ရေပြင်သို့ ငုံ့ကြည့်သည်။ ဖားလေးတစ်ကောင်သည် ရေအိုင်ထဲမှ ဖျတ်ခနဲခုန်ကာ ကန်စွန်းနွယ်ခင်းထဲမှာ ပျောက်ကွယ်သွားသည်။
"ဘာဖြစ်လို့လဲ၊ ကျွန်တော့်ကို မကျေနပ်တာမျိုး ရှိလို့လား"
"ဟာ..မဟုတ်ပါဘူး၊ ကိုယ်နဲ့ပြန်ဆုံရင် မင်း ၀မ်းသာမလား သိချင်နေတာ.."
ပန်းရောင်နှုတ်ခမ်းများမှ အပြုံးကြောင့် ပါးချိုင့်နေရာလေးကို မြင်လိုက်ရပြန်သည်။
"၀မ်းသာတာပေါ့ဗျာ၊ ဘာမှမပြောဘဲ ပြန်သွားလို့ သတိရနေတာ"
"အဘိုးရဲ့ ကျန်းမာရေးကြောင့်ပါ"
"ခင်ဗျာ"
"အဘိုး ဆေးရုံတင်ရတယ်ဆိုတာ သိရလို့ ချက်ချင်းပြန်သွားတာ၊ ကိုယ်ပြန်ရောက်ပြီး နှစ်ပတ်အကြာမှာ ဆုံးသွားတယ်"
ပြောသူကတည်ငြိမ်စွာ ရှင်းပြနိုင်ခဲ့သော်လည်း ကြားရသူမှာ အံ့သြနာကျင်ရသည်။ မည်သို့အားပေးရမည်ကိုပင် မသိနိုင်တော့။ လက်ကောက်၀တ်မှာ ပတ်ချည်ထားသော ငွေလက်ပတ်လေးရှိရာ အကြည့်ရောက်သည်။ အဘိုးက လက်ဆောင်ပေးခဲ့တာဟု ပြောခဲ့ဖူးသည့် ပုံရိပ်ကို ပြန်မြင်ယောင်ကာ လှိုက်ခနဲ ၀မ်းနည်းရပြန်သည်။
"ကျွန်တော် စိတ်မကောင်းပါဘူးဗျာ"
"အသက်ကြီးပြီး ရောဂါကျွမ်းနေပြီဆိုတော့ ဘာမှမတတ်နိုင်ဘူး၊ သူ မဆုံးခင် ပြန်တွေ့လိုက်ရသေးတာကိုပဲ ကျေနပ်ရမှာပဲ"
လက်ပတ်လေးကို စိုက်ကြည့်နေသော ဆောင်းကိုအကြည့်ကို သတိထားမိတော့ စကားဆက်သည်။
"အဘိုးက ခရီးထွက်ရင် အကောင်းစားဟိုတယ်တွေမှာ တည်းတဲ့သူမျိုး မဟုတ်ဘူး ဆောင်းရ၊ ကျောပိုးအိတ်တစ်လုံးကိုလွယ်၊ ရွက်ဖျင်တဲကို ခေါက်ထည့်ပြီး သွားချင်တဲ့နေရာသွားတာ၊ ငယ်ငယ်က အဘိုးနဲ့ ငါးမျှားတယ်၊ တောင်တက်တယ်၊ စက်ဘီးစီးတယ်၊ ကိုယ် သဘာ၀တရားကို ချစ်တတ်ခဲ့တာ အဘိုးရဲ့ကျေးဇူးကြောင့်.."
စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာတပ်ရင်း မီးညှိသည်။ မီးခိုးငွေ့များကို ရှိုက်ထုတ်ရင်း ဟိုးအ‌ေ၀းသို့ ငေးနေသည့် မျက်လုံးများတွင် ၀မ်းနည်းရိပ်သန်းသော်လည်း နှုတ်ခမ်းများမှာ ပြုံးရိပ်ထင်သည်။
"တစ်နေ့ကျတော့ ရေကန်ကြီးတစ်ခုနားမှာ တို့နှစ်ယောက် ရွက်ဖျင်တဲထိုးပြီး အိပ်ကြတယ်၊ အဲ့ဒီ့မှာ ပုစဥ်းတွေ အများကြီးပဲ ဆောင်းရာ၊ ကိုယ်က ကလေးဆိုတော့ လိုက်ဖမ်းဖို့လောက်ပဲ သိတာပေါ့၊ ပုစဥ်းလေးတွေဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အမှန်တရားတွေရဲ့ သင်္ကေတဆိုပြီး အဘိုးပြောခဲ့ဖူးတယ်၊ အဲ့ဒီ့ခရီးကအပြန် လမ်းဘေးဆိုင်လေးမှာ ဒီလက်ပတ်ကြိုးကို သူ ၀ယ်ပေးခဲ့တာ၊ ဘာမှတန်ဖိုးမရှိဘူး၊ ဒါပေမဲ့ ကိုယ်အမြတ်နိုးဆုံးပစ္စည်းတစ်ခုပေါ့"
လက်ကောက်၀တ်နေရာကို မိမိရှေ့နားရောက်အောင် တိုးပြရင်း ရှင်းပြနေသူနှင့် အကြည့်ချင်းဆုံဖြစ်သည်။
"မင်းမိဘတွေကရော"
"သူတို့က သြစတြေးလျမှာ၊ နောက်အိမ်ထောင်ကိုယ်စီနဲ့ဆိုတော့ မဆုံဖြစ်တာကြာပြီ၊ ကိုယ့် အသက်ဆယ်နှစ်အရွယ်လောက်ကတည်းက ဥရောပက အဘိုးတို့ဆီရောက်ခဲ့တာ၊ အဖွားက ဆုံးသွားတာ ငါးနှစ်လောက်ရှိပြီ"
"ကျွန်တော် တကယ် စိတ်မကောင်းဘူး"
မျက်ရည်မကျမိအောင် အတင်းထိန်းချုပ်ထားရခြင်းမျိုးဖြစ်သောကြောင့် ငိုသံသဲ့သဲ့ပါသွားသည်ကို မတားလိုက်နိုင်။
"ကျွန်တော့်ကို ဘာတွေဖြစ်နေလဲဆိုတာတော့ ပြောခဲ့သင့်တယ်ဗျာ၊ အနည်းဆုံး အားပေးစကားတစ်ခွန်းတော့ ကျွန်တော် ပြောနိုင်ခဲ့မှာ"
၀ရန်တာလက်ရန်းကို အတင်းဆုပ်ထားသော်လည်း နာကျင်မှုက မသက်သာ။ ဘေးနားမှာရှိနေသူနှင့် အကြည့်ချင်းမဆုံမိအောင် ခေါင်းကိုငုံ့ထားမိသည်။
"တောင်းပန်ပါတယ် ဆောင်း"
နာကျင်ရသူက ပြန်တောင်းပန်နေသော်လည်း ၀မ်းနည်းမှုကို ထိန်းမရ။ မတွေ့ရသည့်အချိန်များမှာ ထိုသူသည် နာကျင်နေခဲ့ရလိမ့်မည်ဟု မသိထားခဲ့။
"ဆောင်း.. ကိုယ့်ကိုကြည့်ဦး"
ဘေးချင်းယှဥ်ရပ်နေရာမှ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် ပခုံးနှစ်ဖက်ကို ဖိကိုင်ကာ ဆွဲလှည့်လိုက်သည်။ မထင်မှတ်ထားသော အပြုအမူကြောင့် ခေါင်းမော့ကြည့်မိသည်။
"ကိုယ့်မှာ စိတ္တဇဖြစ်နေသလိုမျိုး ခံစားချက်တွေရှိတယ်၊ ဖေဖေနဲ့မေမေကွဲသွားခဲ့တာ ကိုယ့်ကြောင့်လို့ ထင်နေတယ်၊ မိဘတွေတောင်မလိုချင်လို့ အဘိုးတို့က စောင့်ရှောက်ထားရတာမဟုတ်လား၊ ဘယ်သူ့ကိုမှ မယုံရဲဘူး၊ ဂရုစိုက်ခံရလိမ့်မယ်လို့ မထင်ထားဘူး"
ရှေ့ဆက်နားထောင်နိုင်စွမ်းမရှိတော့၍ တားဆီးရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့။
"နားထောင်စမ်းပါ ဆောင်းရာ၊ မင်းကို ရှင်းပြချင်တယ်၊ မင်းကိုနှုတ်မဆက်သွားတာ၊ ဒီကြားထဲ မဆက်သွယ်ဖြစ်ခဲ့တာတွေက မင်း ငါ့ကို သတိမရလောက်ဘူး၊ ဂရုမစိုက်လောက်ဘူးလို့ပဲ တစ်ချိန်လုံးတွေးနေမိလို့၊ ဒါပေမဲ့ မင်း ငါ့ကိုမြင်လိုက်တဲ့အချိန်မှာ အရမ်းပျော်သွားတာ ငါတွေ့တယ်၊ ပျော်တယ် ဆောင်းရာ၊ မင်း ငါ့ကို သတိရနေတာကို ကျေနပ်တယ်"
ဘယ်လိုစကားမျိုးတွေလဲ။ ဆောင်းကိုရဲ့ နှလုံးခုန်သံက အထိန်းအကွပ်မရှိတော့။
"ခွင့်လွှတ်ပြီလား ဆောင်း၊ ခွင့်လွှတ်ပြီလားလို့.. ဟင်"
အတင်းမေးကာ မိမိမျက်နှာကို ငုံ့ကြည့်နေသူကြောင့် "Damn it Derick" ဟုသာ ခပ်တိုးတိုးရေရွတ်တော့ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။ ၀မ်းသာသွားဟန်ရှိသူ၏ မျက်လုံးအကြည့်ကို ရှောင်ရှားရင်း ဆောင်းကို မေးလိုက်သည်။
"မင်း စာတမ်းကိစ္စရော"
"အဆုံးသတ်ဖို့ သိပ်မလိုတော့ဘူး၊ လိုချင်တဲ့ အချက်အလက်တွေ တော်တော်စုံနေပြီ"
"အင်းတော်ကြီး သွားစရာ မလိုတော့ဘူးလား"
"သွားမယ်လေ၊ ဒီကအပြန် မင်းတို့နဲ့အတူတူ သွားဖြစ်မယ်"
"ဆောင်းခိုငှက်တွေ ရောက်နေပြီ"
"တကယ်လား"
စိတ်လှုပ်ရှား၀မ်းသာမှုကို မြင်ရတော့ ကျေနပ်ရသည်။
"အခန်းထဲက ငှက်လေးရော၊ ကျွန်တော် သွားကြည့်တော့ မရှိတော့ဘူး"
"မင်းလာပို့တဲ့ အကောင်လေးလား၊ နောက်တစ်နေ့အစောကြီးနိုးပြီး တစ်ခန်းလုံးပျံနေတာကွာ၊ တံခါးထဖွင့်ပေးလိုက်ရတယ်"
"ဒါဆို သူ ပျံတတ်တာပေါ့"
"ကိုယ် ညတွင်းချင်း သင်ပေးလိုက်တာလေ"
ဒီလို မျက်စိတစ်ဖက်မှိတ်ပြီး နောက်နေသူ၏ ပုံရိပ်များကို အိပ်မက်ထဲမှာသာ မြင်ခွင့်ရှိခဲ့တာ ကြာခဲ့ပြီ။
"တောထဲက မျောက်တွေရော နေကောင်းရဲ့လား"
"ဗျာ"
"မင်းရဲ့ မျောက်တွေလေ"
"ကျွန်တော့်ရဲ့ မျောက်တွေက လိမ္မာတယ်၊ မင်းရဲ့ ခြင်တွေလို မဟုတ်ဘူး"
ရယ်သံတိုးတိုးသည် စွဲမက်စရာ။ ဒီရေတောသည် ဆည်းဆာနေရောင်အောက်တွင် လှချင်တိုင်းလှနေသည်။ မြစ်ပြင်ကျယ်သည် ယှက်ဖြာနေသော လှိုင်းလုံးများနှင့်အတူ ငြိမ်သက်မှုမရှိ။ စိမ်းစိမ်းစိုသော သစ်ပင်များသည် နွယ်ကြိုး၊ သစ်ခက်များနှင့် ‌ေ၀ဆာနေသည်။ အချို့သစ်ကိုင်းများသည် မြစ်ရေထဲ ကိုင်းကျနေသည်။ လေနှင်ရာမဟုတ်။ ရေလျဥ်ခေါ်ရာ လိုက်ပါ ယိမ်းနွဲ့နေသည်။
"ဟာ.."
အာမေဋိတ်သံကို ကြားလိုက်ရပြီး ဆောင်းကိုရှိရာ လှည့်ကြည့်သည်။
"တွေ့လိုက်လား ဆောင်း"
"ဗျာ"
"ဖျံလေးလေ၊ ဟိုသစ်ကိုင်းပေါ်ကနေ ရေထဲခုန်ဆင်းသွားတာ"
ရေဗွက်ကျန်ရာနေရာကိုသာ မြင်လိုက်ရသည်။ သူတို့ရှိနေရာ ကမ်းစပ်မှာ မဟုတ်။ လှမ်းမြင်နေရသော အခြားကမ်းစပ်တစ်ဖက်မှဖြစ်သည်။ ရေထဲထိုးကျနေသော သစ်ကိုင်းသည် လှုပ်ခါနေဆဲ။ ဒီတစ်ခါတော့ ရေထဲခုန်ဆင်းသွားသော ဖျံလေးကို မမြင်လိုက်ရသော်လည်း ဘေးမှာရှိနေသူ၏ အမူအရာအားလုံးကို သူ မြင်ခဲ့သည်။
အံ့သြသွားသလို မြင့်တက်သွားသော မျက်ခုံးများ၊ ရိပ်ခနဲ ကျေနပ်၀မ်းမြောက်သွားသည့် မျက်လုံးများနှင့် ထောင့်စွန်းသာ မသိမသာ ကွေးညွှတ်သွားသော အပြုံးလှလှ။
ယခုမှ သေချာနားလည်ရသည်။
ထိုသူ့ကို သူ အရမ်း လွမ်းနေခဲ့သည်။
⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸
Continue Reading
You'll Also Like
701K 49.9K 54
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
807K 110K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...