Zawgyi
မနေခဲ့ဘူး။
.
.
.
စဉ်ကိုအကောင်အထည်ဖော်ဖိုအတွက်ပြင်ဆင်ရတော့သည်။
ထွက်ပေါ်လာတော့သည်။
"ဘာကူညီပေးရမလဲရှင့်??"
"အာ...ဆိုပါတော့ဗျာ"
လိုက်မယ်"
စိတ်ပြေစေနိုင်မလား။
"သဘောကျမှာပါ..ခရမ်းရောင်hyacinthတွေရဲ့အဓိပ္ပါယ်
~~~~~~~
မိသည်။
ဒေါင်💥
"တောင်းပန်ပါတယ်!!"
ပြဿနာရှာမိလိုက်ပြီမို့ တစ်ဖက်ကိုပြန်လှည့်ပြီးအမြန်အရိုအသေပေးပြီးလှည့်ပြေးဖို့လုပ်လိုက်ပေမယ့် အနောက်ကနေ
"ပြီးတော့...ဒါလေး~"
"အင်း"
ပေမဲ့လို့ပေါ့။
"နာရယ်အာ~"
ခေါင်းငြိမ့်ပြပြီးအိမ်ပေါ်တက်ဖို့ပြင်လိုက်ပေမယ့် အနောက်က
တန့်သွားသည်။
အပိုင်ရမှာဆိုတော့~"
"မဟုတ်တာ...ကိုယ်ကြောင့်ပါ"
Tbc
Unicode
နာရယ်ပြန်သွားပြီးကတည်းက တောက်လျှောက်တစ်ချိန်လုံးဖုန်းဆက်နေပေမယ့် မကိုင်ပဲပြန်ချပစ်လိုက်တာချည်း။ဒါရိုက်ဘာဟန်ကိုမနည်းသိမ်းသွင်းပြီး မာမီမေးတဲ့အခါအကုန်အဆင်ပြေတယ်လို့ပဲဖြေခိုင်းထားပေမယ့် ရတက်မအေးနိုင်ပေ။
သူဘယ်လိုရှေ့ဆက်ရမလဲ။ဒီအပြုအမူလေးတစ်ခုက သူမကိုအဲ့လောက်စိတ်ဆိုးသွားစေသည်တဲ့လား။သေချာပြန်စဉ်းစားကြည့်မှ ကိုယ့်ဘာသာလည်းပြန်မေးမိသည်။
စချင်လို့နမ်းတယ်ဆိုတာဖြစ်သင့်ရဲ့လား။လူက စိတ်မြန်လက်မြန်မို့ အဲ့တဒင်္ဂလေးမှာဖြတ်ခနဲပြုမူလိုက်ပေမယ့် သူ့စိတ်ထဲမှာတကယ်ကိုပေါ့ပါးနေခဲ့တာ။ဒီလိုစလိုက်ဖို့အတွက်ဝန်လေးမေနခဲ့ဘူး။
သူအမှားကြီးကျူးလွန်မိသွားပြီလား....
.
.
.
တစ်ပတ်လုံးခေါင်းခြောက်အောင်စဉ်းစားပြီးတဲ့နောက် အစီအစဉ်ကိုအကောင်အထည်ဖော်ဖို်အတွက်ပြင်ဆင်ရတော့သည်။
"ကြိုဆိုပါတယ် ဘာများအလိုရှိပါသလဲရှင့်"
တံခါးကိုတွန်းဖွင့်လိုက်ပြီးတဲ့နောက် ချိတ်ဆွဲထားတဲ့ခေါင်းလောင်းမြည်သံနဲ့အတူ တဆက်တည်းချိုသာတဲ့နှုတ်ဆက်သံကထွက်ပေါ်လာတော့သည်။
ဟိုရက်တွေကသူတွေးထားပေမယ့် တကယ်တမ်းဆိုင်ထဲရောက်တော့ဘယ်ဟာကိာရွေးချယ်ရမှန်းမသိတော့။နာရယ်က ဘယ်လိုအမျိုးအစားကိုကြိုက်လောက်မလဲ။
"ဘာကူညီပေးရမလဲရှင့်??"
"ကျနော်လူတစ်ယောက်ကိုတောင်းပန်ချင်လို့ဗျာ အဲ့ဒါဘယ်လိုပန်းအမျိုးအစားပေးရင်အဆင်ပြေမလဲမသိဘူး ကျနော်လည်းပန်းအကြောင်းသေချာမသိတော့ အဲ့ဒါ..."
"ကောင်မလေးကစိတ်ကောက်သွားလို့ထင်တယ်..."
ပန်းတွေထားထားတဲ့ဖက်ကိုပြန်သွားရင်းနဲ့ ဆိုင်ရှင်ကမေးလာတော့ ပြန်ဖြေဖို့ကိုစဉ်းစားနေမိသည်။ဆုန်းနာရယ်က ငါ့ကောင်မလေးလား??
"အာ...ဆိုပါတော့ဗျာ"
"ရိုးရိုးရှင်းရှင်းပဲသဘောကျတယ်ဆိုရင်တော့ အစ်မဒါလေးနဲ့ပန်းစည်းစည်းဖို့အကြံပေးချင်တယ်.."
"ဟုတ်ကဲ့ ကျနော်အဲ့ဒါလေးပဲယူလိုက်မယ်လေ"
"အစ်မတစ်ခြားဟာလေးတွေနဲ့ပါရောပြီးလှလှလေးစည်းပေးလိုက်မယ်"
လှိုက်လှိုက်လှဲလှဲဝန်ဆောင်မှုပေးနေတဲ့ဆိုင်ရှင်အစ်မကိုအသိအမှတ်ပြုရင်း ခေါင်းငြိမ့်ပြလိုက်သည်။
ပန်းစည်းပြင်ဆင်ဖို့ဆိုင်ရှင်ကပြန်ထွက်သွားတဲ့နောက် ကောင်တာကိုအနည်းငယ်မှီရင်းဆိုင်ထဲကိုကိုကြည့်နေလိုက်သည်။ခဏအကြာမှာ ဆိုင်ရှင်အစ်မကသူမလက်ထဲမှာကိုင်လာတဲ့သေသပ်စွာပြင်ဆင်ထားတဲ့ပန်းစည်းကို သူ့ဆီကမ်းပေးလို့လာသည်။
"ကျသင့်ငွေကိုဒီဘက်မှာရှင်းပေးပါနော်..."
ကဒ်နဲ့ရှင်းပေးပြီးတဲ့နောက် လက်ထဲကပန်းစည်းကိုသေချာကြည့်လိုက်သည်။ရိုးရိုးရှင်းရှင်းအပြင်အဆင်လေးက သူမကိုစိတ်ပြေစေနိုင်မလား။
"သေဘာက်မွာပါ..ခရမ်းရောင်hyacinthတွေရဲ့အဓိပ္ပါယ်က I am sorry, please forgive me တဲ့ "
"ကျေးဇူးအများကြီးတင်ပါတယ်အစ်မ~"
~~~~~~~
ပုံမှန်ဖြတ်သန်းနေကျသူမရဲ့နေ့ရက်တွေက လွန်ခဲ့တဲ့ရက်သတ္တပတ်လောက်ကနဲ့ကွာခြားမှုရှိပေမဲ့ တကယ်တမ်းအရင်ကလည်းကိုယ့်ရဲ့နေ့စဉ်ဘဝကဒီလိုပဲမို့လို့ ထွေထွေထူးထူးပြောင်းလဲသွားတာတော့မရှိပေ။
သေချာပေါက် အချိန်ပိုင်းအလုပ်ကိုသွားတဲ့လမ်းတွေမှာတစ်ယောက်တည်းပြန်ရတာအထီးကျန်လာတာပဲ။အရင်ကလည်းတစ်ယောက်ထဲပြန်နေကျဆိုပေမဲ့ နှစ်ပတ်လောက်အတူပြန်တဲ့အဖော်ရသွားတာနဲ့ အခုရက်တွေမှာနေရတာကိုအထီးကျန်နေတယ်လို့တောင် ခံစားမိလာတယ်။
အသိစိတ်ကပ်စမ်း ဆုန်းနာရယ်!!!
တကယ်ပဲနေနိုင်လိုက်တာ။အလုပ်တူတူလုပ်ဖို့သဘောတူထားတဲ့သူတွေပဲကို သူစိတ်ဆိုးသွားရင်ချက်ချင်းလိုက်ချော့မယ်ပဲထင်ထားခဲ့တာ။
ဒါမှန်းသိရင် လက်စွပ်လေးပြန်ချွတ်ပြီးမပေးခဲ့ပါဘူး။မိနစ်ပိုင်းလေး လက်သူကြွယ်မှာနေရာယူခဲ့တဲ့လက်စွပ်ကိုအခုမှပဲ အကြာကြီးသိခဲ့တဲ့သူငယ်ချင်းနဲ့ခွဲရတဲ့ခံစားချက်လိုမျိုးတမ်းတနေမိသည်။
ပါ့ခ်ဂျီမင်ကတကယ့်ကိုမကောင်းတဲ့လူပဲ...
ဒေါင်💥
တွေးရင်းလမ်းလျှောက်လာကာ ဒေါသထွက်လာသည်မို့ခြေထောက်နားကသံဘူးခွံကိုကန်လိုက်မိသည်မှာဘယ်ကိုထိသွားသည်မသိ ခပ်ကျယ်ကျယ်အသံထွက်လာသည်မို့မျက်နှာကိုအုပ်ရင်း နောက်ကြောင်းပြန်လှည့်ဖို့ကြံမိသည်။
"ဟိတ်...ငါ့ကားကိုထိသွားပြီနော်!!"
"တောင်းပန်ပါတယ်!!"
ပြဿနာရှာမိလိုက်ပြီမို့ တစ်ဖက်ကိုပြန်လှည့်ပြီးအမြန်အရိုအသေပေးပြီးလှည့်ပြေးဖို့လုပ်လိုက်ပေမယ့် အေနာက္ကေနဆတ်ခနဲဆွဲလှည့်ခံလိုက်ရသည်။
"ကိုယ့်အသံကိုတောင်မေ့သွားတာလား..."
"အာ...ရှင်ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
မလာတော့ဘူးလို့တွေးမိရုံရှိသေး ရှေ့ကိုဆိုက်ဆိုက်ရောက်ချလာသည်မို့အနည်းငယ်ပျော်ရွှင်သလိုခံစားလိုက်ရသည်။ဒါပေမဲ့ကိုယ့်ကိုစိတ်ဆိုးအောင်လုပ်ထားတာကိုပြန်သတိရလာသည်မို့ သိပ်တော့မဖော်ရွေပြမိပေ။
"ကိုယ်တောင်းပန်မလို့လေ..."
နူးညံ့တဲ့မျက်ဝန်းတွေနဲ့ရုတ်တရက်ကြည်လြာသည်မို့ လူကသူ့ရှေ့မှာမနေတတ်မထိုင်တတ်ဖြစ်လို့လာတော့သည်။သေချာကြည့်မိမှ gelနဲ့သေချာလှန်တင်ထားတဲ့ဆံပင်ရယ်နေကာမျက်မှန်အညိုရောင်ကိုပါတပ်ထားသည်မို့ မြင်နေကျပုံစံထက်ပိုကြည့်ကောင်းလို့နေသည်။
"ပြီးတော့...ဒါလေး~"
သဘောကျပါ့မလားတွေးပြီးစိုးရိမ်နေခဲ့ပေမဲ့ အနောက်မှာဖွက်ပြီးယူလာတဲ့ပန်းစည်းလေးကိုအရှေ့ကိုကမ်းပေးလိုက်တော့လက်ခနဲဖြစ်သွားတဲ့မျက်ဝန်းတွေ။
"အဲ...ခရမ်းရောင် hyacinth တွေ..."
"သိပ်မရွေးတတ်လို့ ဆိုင်ကရွေးပေးတာပဲဝယ်လာခဲ့တာ"
တစ်ခါမှလူတစ်ယောက်စိတ်ဆိုးနေတာကိုပန်းစည်းပေးပြီးမချော့ဖူးဘူး။အရင်ရည်းစားတွေနဲ့တောင် တစ်ခါမှမပေးဖူးတာမို့ ခပ်ရှက်ရှက်နဲ့ပဲလည်ဂုတ်ကိုပွတ်သပ်နေလိုက်သည်။
"ဟီး...ဒါလေးတွေကချစ်ဖို့ကောင်းတယ်"
သွားတွေပေါ်အောင်ပြုံးပြလာတာမို့ ဒီကောင်မလေးခပ်ကြာကြာစိတ်မကောက်တတ်မှန်းသိလိုက်ရသည်။
"ပြန်မှာမလား ကိုယ်လိုက်ပို့ပေးမယ်"
"အင်း"
အိမ်ကိုလမ်းလျှောက်ပြန်နေကျမို့ အရင်လိုပဲလမ်းထိပ်မှာသူ့ကားကိုရပ်ပြီးဘေးကနေအတူလိုက်လျှောက်ပေးသည်။ကိုယ်ကတော့လက်ထဲကပန်းစည်းကိုနမ်းကြည့်လိုက် တို့လိုက်ထိလိုက်နဲ့လုပ်နေမိသည်။
ဒီနေ့မှ ထူးထူးခြားခြားအနေခက်နေမိသည်။
လမ်းတစ်လျှောက်လုံးဘာစကားမှမပြောဖြစ်ပဲ ဒီအတိုင်းပဲအိမ်ကိုလျှောက်လာကြသည်။မျက်လုံးထောင့်ကနေ ကိုယ့်ကိုတစိခုခုပြောချင်သလိုမျိုးကိုကြည့်နေတဲ့ ပါ့ခ်ဂျီမင်ကိုမြင်နေရပေမဲ့လို့ပေါ့။
"ကျေးဇူးပါ...လိုက်ပို့တဲ့အတွက်ရော ပန်းစည်းအတွက်ရော"
"နာရယ်အာ~"
ခေါင်းငြိမ့်ပြပြီးအိမ်ပေါ်တက်ဖို့ပြင်လိုက်ပေမယ့် အေနာက္ကနေကိုယ့်နာမည်ကိုလှမ်းခေါ်လိုက်တာကြောင့်ခြေလှမ်းတို့ရပ်တန့်သွားသည်။
"ဒါလေး...ဒီအတိုင်းလက်ဆောင်လို့ပဲသဘောထားပြီးယူထားလိုက်ပါ ထပ်မချွတ်နဲ့တော့နော် ၃လပြည့်သွားရင်လည်းမင်းပဲအပိုင်ရမှာဆိုတော့~"
ကိုယ့်ရဲ့ဘယ်ဘက်လက်ကိုဆွဲလို့ သူ့အိပ်ကပ်ထဲကထွက်လာတဲ့ဆင်တူလက်စွပ်လေးကိုကိုယ့်လက်သူကြွယ်မှာစွပ်ပေးလာသည်။
"ကျမလည်း တောင်းပန်ပါတယ်"
သူ့ဘက်ကပြန်ပြေလည်လာတော့ ကိုယ်လည်းကလေးဆန်မိတာကိုပြန်တောင်းပန်မိသည်။
"မဟုတ္တာ...ကိုယ်ကြောင့်ပါ"
"ကျမသွားပြီနော် ရှင်လည်းကောင်းကောင်းပြန်ပါ"
လက်ကိုပြန်မလွှတ်ပေးသေးပဲလက်စွပ်နေရာကိုပွတ်သပ်လာတာမို့မနေတတ်စွာနဲ့လက်ကိုပြန်ရုတ်လို့ အမြန်နှုတ်ဆက်ကာအိမ်ပေါ်သို့ပြေးတက်လာလိုက်သည်။
ဘာလို့ရင်တွေအရမ်းတုန်နေရတာလဲ??
Tbc