ချယ်ရီပင်လေးများ ဝေဝေဆာဆာပွင့်ကာ သာယာနေ
သော ရာသီဥတုကြောင့် ထိုမြင်ကွင်းကို namjoon
တမေ့တမော ငေးကြည့်နေသည်.
လမ်းအပြည့်ပွင့်နေသော ချယ်ရီပင်များကြောင့်လျှောက်
လမ်းတစ်ခုလုံး ရွက်ကြွေတို့ဖြင့် ပြည့်နှက်နေသည်.
တံတားအလယ်၌ မတ်တပ်ရပ်နေသော namjoon
သည် ခေါင်းလေးငုံ့ကာ ကန်ရေပြင်ကိုငေးနေသည်.
"Joon''
စူးရှရှ အသံလာရာ လှည့်ကြည့်တော့ နန်းတွင်းဝတ်စုံ
ကပိုကရိုဝတ်ထားသော လူသားသည် သူ့ထံပြေးလာ
နေသည်.
သွာတန်းလေးများပေါ်သည်အထိ ပြုံးကာပြေးလာသော
လူသားသည် သူ့ကို ခုန်ဖတ်လိုက်တာမို့ အနောက်ယိုင်
လုနီးပါးဖြစ်ကာ နောက်သို့ ခြေနှစ်လှမ်းလောက်ဆုတ်မိ
သွားသည်.
"အရှင် ဘယ်လိုဖြစ်လို့ပြေးလာတာပါလဲ.ချော်လဲ ကုန်
တော့မှာပဲ''
ထိုစကားကို သူမဟုတ်သော သူမှပြောခြင်းဖြစ်သည်.
တစ်နည်းအားဖြင့် သူ့အရှေ့က namjoon နှင့်အရှင်
ဟုခေါ်သော ကောင်လေးသည် သူ့ကို မမြင်ပုံပင်..
(သူ့ကိုယ်သူ ပြန်မြင်နေတဲ့ပုံကိုပြောတာ.သူမြင်နေတဲ့
Namjoon က သူ့အတိတ်ပေါ့.)
"ချော်လဲ သွားရင် joon ဖမ်းထားပေါ့''
Namjoon ရင်ခွင်ထဲက လူသားလေးသည်ရီမောကာ
ပြန်ဖြေသည်.
"အရှင် ဒီနေ့လဲ နန်းတော်ကနေ ခိုးထွက်လာတာလား''
"ခေါ်ပြန်ပီ..အရှင် အရှင်နဲ့ seokjin ပါဆို kim seokjin''
ထိုစကားကြားတော့ namjoon သည် သူ့ပါးချိုင့်များ
ပေါ်အောင်ပြုံးပြီး ထိုမင်းသားငယ်လေးကို ကြည့်နေ
သည်.
"ကောင်းပါပြီ jin''
"Joon ဒီနေ့တော့ လျှောက်လည်ကြမယ်''
"မင်းကြီးသိရင်....''
"Joon. ကျွန်တော်က သွားချင်တယ်ဆို လိုက်ပို့လေ''
"ဒါပင်မဲ့ ..''
"Joon ကျွန်တော့ကို မချစ်ဘူးမလား.အဟင့်''
ငိုမဲ့မဲ့ ဖြစ်နေသောကောင်လေးကြောင့် namjoon
စိတ်အစုံကို လျော့ချရင်း
"လိုက်ပို့ပါမယ်..ဒါပင်မဲ့ ကျွန်တော့နားမှာပဲနေပါ''
"အာ့မို့ ချစ်တာ joon''
မျက်စိရှေ့က အရိပ်လေး နှစ်ခု ထွက်သွားသည့်တိုင်
Namjoon ထိုနေရာတွင်သာ ရပ်နေမိသည်.
Kim seokjin သည် အတိတ်ဘဝက သူ့ချစ်သူတဲ့
လား??
အချိန်စောင့် မှင်စာအဖြစ် ဝင်စားပြီး မမှတ်မိသည့်ချစ်သူ
ကို စောင့်စားနေရတာသည် အနားမှာ ရှိနေသော သူတဲ့
လား???
Namjoon အတွေးတို့ဖြင့်တွေဝေနေစဉ် ပတ်ဝန်းကျင်သည် အမှောင်ထု အဖြစ်ပြောင်းကာ သစ်ပင်ထူထပ်
သော တောထဲသို့ ရောက်နေပြန်သည်.
ဘေးဘီ ဝဲရာ လိုက်ကြည့်တော့ တောကစားထွက်လာသည့် ဘုရင်နဲ့ namjoon တို့ကို တွေ့လေသည်.
တောကစားထွက်နေတာမို့ အထူးတလယ်လိုက်မကြည့်
ပဲ seokjin အကြောင်းသာတွေးမိနေသည်.
"Joon....သတိထား!''
Seokjin အသံကြောင့် အသံလာရာ ကြည့်မိတော့
မြားမှန်ကာ လဲကျနေသော seokjin နှင့် တုန်လှုပ်စွာ
Seokjin ကို ပွေ့ပိုက်ထားသော namjoon.....
"တောင်း~~~တောင်းပန် ပါ..တယ်''
Namjoon မျက်ရည်မကျအောင်ထိန်းရင်း seokjin
ကိုစကားဆိုသည်.
"Joon...ချစ်~~~''
Namjoon မျက်နှာကို ထိတွေ့ထားသော seokjin လက်သည် မြေပေါ်သို့ ပြုတ်ကျကာ မျက်လုံးတို့မှိတ်သွားသည်.
"Jin.....jin...မဟုတ်ဘူး.ကြည့်ပါဦး''
ငြိမ်သက်သွားသော ခန္ဓာကိုယ်ငယ်လေးကို လှုပ်နိုးကာ
Namjoon ပါးပြင်တွင် မျက်ရည်များစွာ ကျဆင်းလာသည်.
"ထပါဦးလို့..ဘာလို့ ကိုယ်စားခံလိုက်တာလဲ.ဘာလို့လဲ''
အော်ဟစ်ငိုယိုနေသော namjoon သည် seokjin
ကိုယ်ငယ်လေးကို ပွေ့ကာ ထိုနေရာမှ ထွက်သွားသည်.
ထိုမြင်ကွင်းကို ကြည့်နေသော namjoon ကိုယ်တိုင်ကလဲ မျက်ရည်အချို့ ကျဆင်းလျက်ရှိသည်.
"Joon!!!!''
အိပ်ရာမှ ရုတ်တရက် ထလိုက်သော namjoon ရှေ့တွင် seokjin သည် မျက်မှောက်ကျုံ ကာကြည့်နေ
သည်.
"Jin''
"ငိုနေတာလား''
Namjoon သူ့ပါးကိုသူပြန်စမ်းကြည့်တော့ စိုစိစိဖြစ်နေတာမို့
"အိမ်မက်မက်တာနေမှာပါ.ဘာလာလုပ်တာလဲ jin''
"ငါ့ကို မိဘုရားကြီး ခေါ်လို့.ဘာတွေလိုအပ်လဲ လာမေး
တာ''
"မိဘုရား!''
Tbc......
Namjoon အတိတ်ကြောင်းရေးတာ တော်တော်ရှည်
သွားတယ်..
See you in next episode 🖤
Thz for reading💜
For Unicode