Falling In Love With the Most...

Oleh D_Yayy_Nine

50.8K 4.9K 358

ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိ... Lebih Banyak

Intro
Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11[Final]
Extra
Book Announcement

Part-5

2.6K 366 15
Oleh D_Yayy_Nine

Unicode Version

ရဝေချမ်း၏ ပထမဆုံးစာသင်ရက်တွင် ခန့်မင်းနောင်က သူ၏ဘာသာရပ်တစ်ခုချင်းစီအပေါ် အာရုံဝင်စားမှုနှင့် တတ်မြောက်ခြင်းကို စစ်ဆေးခဲ့သည်။ ထို့နောက်တွင် ရဝေချမ်း၏ရလဒ်ကို သေချာမှတ်သားကာ ဘယ်ဘာသာတွင် ဘယ်လိုပို၍တွန်းအားပေးသင့်သည်ဟူသော အစီအစဥ်အချို့ကို အကြမ်းချမှတ်လိုက်သည်။

ပထမဆုံးရက်ကတော့ ပြင်းပြင်းထန်ထန်မလုပ်ခိုင်းဘဲ ပုံမှန်Definition တချို့ကိုသာ ဖတ်ခိုင်း၊မှတ်ခိုင်းခဲ့သည်။ ရဝေချမ်းကလည်း စာလုပ်သည့်အချိန်တွင် သေချာအာရုံစိုက်သဖြင့် ခန့်မင်းနောင်အတွက် ဘာမှစိတ်အနှောင့်အယှက်မရှိဘဲ သင်နိုင်သည်။

သူတို့စာသင်နေစဥ် ဇေယျာချမ်းက ရေဘူးဖြစ်စေ၊ စားစရာတစ်ခုခုဖြစ်စေ ယူလာပေးလေ့ရှိပြီး စကားတစ်ခွန်းမှမပြောဘဲ ယူလာသမျှကို ချပေးပြီးသည်နှင့် အခန်းထဲမှထွက်သွားသည်သာ။

ယခုလည်း ဇေယျာချမ်းက အသီးပန်းကန်လေးကိုင်ကာ ရဝေချမ်း၏ အခန်းထဲသို့ ပျင်းတိပျင်းလျော့ပုံစံဖြင့် ဝင်လာလေသည်။ သူရောက်လာချိန်တွင် ရဝေချမ်းနှင့်ခန့်မင်းနောင်က သင်္ချာပုဒ်စာတစ်ပုဒ်ကို အတူဖြေရှင်းနေကြချိန်ဖြစ်သည်။

"အမေကပို့ခိုင်းလိုက်တာ။ ရော့"

ဇေယျာချမ်းသည် အသီးပန်းကန်ကို ရဝေချမ်းအား ကမ်းပေးလိုက်ပြီး ချက်ချင်းပင် အခန်းထဲကထွက်သွားရန်ပြင်သည်။ ထွက်မသွားခင် အငြိမ်မနေနိုင်သော သူ၏ဗီဇကြောင့် ကြမ်းပြင်ပေါ်တွင် တင်ပုလ္လင်ချိတ်ကာ ထိုင်နေသော ရဝေချမ်း၏တင်ပါးကို ခြေမနှင့်ခပ်ကြမ်းကြမ်းတို့ထိသွားသေးသည်။ ယားယံမှုကြောင့် တွန့်လိမ်သွားသော ရဝေချမ်း၏ပုံစံကိုမြင်သောအခါ ခန့်မင်းနောင်နှင့်ဇေယျာချမ်းတို့က မထိန်းနိုင်တော့ဘဲ အူလှိုက်သည်းလှိုက်ရယ်မောမိကြသည်။

ရဝေချမ်းကတော့ ဇေယျာချမ်းအား မြင်ပြင်းကပ်စွာ မျက်စောင်းနာနာထိုးလိုက်သည်။ ထို့နောက် စာအုပ်ကိုစိုက်ကြည့်နေပြီး ကိုယ့်စာကိုသာအာရုံစိုက်နေဟန်ပြုပြီး ခန့်မင်းနောင်ကိုပါ စိတ်ဆိုးချင်ယောင်ဆောင်နေလေသည်။

"​ဟေ့.. အဲ့ဒါဘာရုပ်လဲ"

ဇေယျာချမ်းထွက်သွားပြီးသည့်နောက် ခန့်မင်းနောင်က ရဝေချမ်း၏ ပုံစံကိုကြည့်ပြီး သဘောကျစွာမေးလိုက်လေရာ ရဝေချမ်းကတော့ ခေါင်းပင်ပြန်မော့မလာဘဲ ဖြေသည်။

"ဘာရုပ်မှမဟုတ်ပါဘူး။ စာတွက်နေတာလေ"

"အဖြေထွက်ပြီးသားပုစ္ဆာကို ဘာအဖြေထပ်ရှာနေသေးတာလဲ"

ခန့်မင်းနောင်က ရယ်ကျဲကျဲဖြင့်မေးလိုက်သောအခါ ရဝေချမ်းမှာ မိမိစိုက်ကြည့်နေသော စာမျက်နှာကို သေချာပြန်ကြည့်မိသည်။ ခန့်မင်းနောင်ပြောသည့်အတိုင်း ထိုပုစ္ဆာသည် အဖြေရှာပြီးသားပုစ္ဆာဖြစ်နေသည်။

"အား!! အဲ့ဒါအစ်ကိုတို့ ဝိုင်းစကြလို့အာရုံများသွားတာ"

ဆူပုတ်ပုတ်မျက်နှာလေးဖြင့်ပြောနေသော ရဝေချမ်းကို ခန့်မင်းနောင်မှာ အသည်းတယားယားနှင့်ငေးမောရင်း သဘောအကျကြီးကျကာ အော်ရယ်နေမိတော့သည်။

"ချစ်လို့စတာလေကွာ"

သူ၏ဆံပင်များကို လက်ဖြင့်ထိုးဖွကာ စနောက်ဟန်ပြနေသော ခန့်မင်းနောင်ကြောင့် ရဝေချမ်းမှာ အနည်းငယ်ကြောင်အသွားရပြီး စိတ်လှုပ်ရှားချင်သလိုဖြစ်လာသည်။ တဒုန်းဒုန်းဆန္ဒပြချင်နေသော ရင်ခုန်သံကို မသိမသာဖုံးဖိထားရင်း မျက်နှာထက်တွင် ဖြတ်ပြေးသွားသော အပူလှိုင်းကိုလည်း မသိချင်ယောင်ဆောင်ရသေးသည်။

ခန့်မင်းနောင်က အေးအေးလူလူသာ ဖြစ်နေသော်လည်း ရဝေချမ်းကတော့ တစ်ယောက်တည်း ကမ္ဘာပျက်မတတ်ဖြစ်နေရသည်။

"ဘာတွေငေးနေတာလဲ။ မေးနေတာကြားရဲ့လား"

"ဗျာ.. ဘာမေးလိုက်တာလဲ"

ရဝေချမ်း ပြန်ပြောလိုက်သောအသံမှာ အနည်းငယ် ပျာယာခတ်နေပုံပေါ်သည်။

"ခုနကရှင်းပြလိုက်တဲ့ဟာ နားလည်လားလို့"

"သြော် ဟုတ်။ ဘယ်လိုပုံစံလဲဆိုတာတော့ မျက်လုံးထဲမြင်သွားပြီ"

"အင်း။ ဒါဆိုတွက်ကြည့်လေ။ မရတဲ့နေရာကျရင်ထပ်မေးပေါ့"

"ဟုတ်"

ရဝေချမ်းလည်း မျက်နှာပူပူနှင့် ခန့်မင်းနောင်ကို အမြန်အကြည့်လွှဲလိုက်ပြီး စာအုပ်ကိုသာ စူးစူးစိုက်စိုက်ငုံ့ကြည့်ကာ စာတွက်နေတော့သည်။

ခန့်မင်းနောင်ကတော့ ရဝေချမ်း၏ ပြောင်းလဲသွားသော အမူအရာတစ်ခုချင်းစီကအစ မြင်လိုက်ရသည်ဖြစ်ရာ ကပျာကယာဖြစ်နေသည့် အရှေ့ကကောင်လေးကိုကြည့်၍ ပြုံးမိသွားသည်။ ချစ်စရာကောင်းသည်ထက်ပိုသည်ဟူသော အတွေးမျိုးဝင်လာသည့်အခါတွင်တော့ ခေါင်းကိုခါရမ်းကာ ကိုယ့်ကိုယ်ကိုယ်သတိပေးမိသည်။

စိတ်ထိန်းစမ်း ခန့်မင်းနောင်။ ဒီကလေးကမင်းလိုမှ မဟုတ်တာ။

စိတ်ကိုငြိမ်အောင် ထိန်းလိုက်နိုင်သော်ငြား ရဝေချမ်း၏အမူအရာလေးကို သေချာအကဲခတ်ကြည့်နေမိဆဲပင်။ စဥ်းစားရလွန်း၍ပဲလား၊စိတ်လှုပ်ရှားလွန်း၍ပဲလားမသိ။ ရဝေချမ်းမှာ ကိုင်ထားသောဘောပင်ကို လက်ထဲတွင် ဟိုသည်လှိမ့်ကာကစားနေသည်။

တဖျတ်ဖျတ်ခတ်နေသော မျက်တောင်လေးများကလည်း ရဝေချမ်းနေရခက်နေပါသည်ဟု​ ပြောပြစရာမလိုအောင် သိသာလျက်ရှိသည်။

ရုတ်တရက်ဆိုသလို ခန့်မင်းနောင်၏စိတ်ထဲတွင် ရောင်နီကိုသတိရလိုက်မိပြီး ရောင်နီနှင့်ရဝေချမ်းကို ယှဥ်ကြည့်နေမိသည်။ ရောင်နီလိုခပ်ညှို့ညှို့အမူအရာမျိုးထက်စာလျှင် ရဝေချမ်း၏အပြစ်ကင်းစင်သောပုံစံလေးကို သူပိုသဘောကျမိသည်။ ရောင်နီ၏ တမင်လုပ်ယူထားသော ရှက်တက်တက်အမူအရာထက် ရဝေချမ်း၏ ဟန်မဆောင်နိုင်စွာ ရှက်သွေးဖြာသွားသည့် အမူအရာလေးက ပိုကြည့်ကောင်းလေသည်။

ကိုယ်တိုင်ပင် သတိမထားမိလိုက်ခင်မှာတင် တွေးမိသော အတွေးများကြောင့် ခန့်မင်းနောင်မှာ မျက်လုံးအပြူးသားဖြစ်သွားရပြန်သည်။ စိတ်ကိုထိန်းချုပ်ရခြင်းအမှုမှာ ရှိရှိသမျှအရာများထက် ပိုခက်ခဲသည်။

သူ၏စိတ်အစဥ်သည် သူစေလိုရာမစေနိုင်တော့ဘဲ အထိန်းအကွပ်မဲ့လျက်ရှိသည်။

'ရူးနေပြီ ခန့်မင်းနောင်။ ဒီလောက် စိတ်ထိန်းနေတဲ့ကြားက ရောင်နီနဲ့တောင် ယှဥ်ကြည့်လိုက်သေးတယ်'

ခေါင်းတတွင်တွင်ခါရမ်းနေသော ခန့်မင်းနောင်ကို အထူးတဆန်းငေးကြည့်နေသူကတော့ ရဝေချမ်းပါပင်။ ခန့်မင်းနောင်က ပြန်၍စိုက်ကြည့်လာသောအခါတွင်လည်း ကမန်းကတန်းခေါင်းကို ငုံ့သွားရှာသည်။နှစ်ယောက်သား ကူကယ်ရာမဲ့နေပြီး အတော်ကို့ရို့ကားယားဖြစ်နေရပါသည်။

အခြေအနေဟာ စိတ်မကောင်းစရာကောင်းစွာပင် မိနစ်အနည်းငယ်ကြာသည်အထိ အေးခဲနေပြီးနောက် ရဝေချမ်းတွက်နေသောပုစ္ဆာ အဖြေထွက်သည့်အချိန်ကျမှ ပုံမှန်ပြန်ဖြစ်သွားလေသည်။

နောက်ထပ်တစ်နာရီကျော်ခန့်ကြာပြီးသည့်နောက်မှာတော့ ခန့်မင်းနောင်၏ စာသင်ချိန်လည်းပြည့်သွားပြီဖြစ်ရာ ရဝေချမ်းကို ဖတ်စရာမှတ်စရာအချို့အိမ်စာပေးခဲ့ပြီးနောက် ပြန်သွားခဲ့သည်။

ထိုအခါမှသာ ရဝေချမ်း၏ပုံမှန်ကျမနေသော စိတ်တို့လည်း အနည်းငယ် လွတ်လပ်ရာရတော့သည်။ သူလည်း ချက်ချင်းအခန်းထဲကမထွက်သေးဘဲ ခြေဆန်လက်ဆန့်လုပ်နေခိုက် အခန်းထဲသို့ မပြောမဆိုနှင့် ဒုန်းစိုင်းပြေးဝင်လာသော ဇေယျာချမ်းကိုမြင်လိုက်ရသောအခါ ရဝေချမ်းမှာ မျက်မှောင်ကြုတ်ကာ ကြည့်မိလိုက်သည်။

"ယဥ်ကျေးမှုမရှိလိုက်တာ။ သူများအခန်းထဲကိုဝင်တာ ကမူးရှုးထိုးနဲ့"

"အံမယ်.. ငါကအကောင်းနဲ့လည်း သူ့အတွက်အမြန်လာပေးရသေးတယ်။ မသိချင်ရင်လည်း မင်းရဲ့စျာန်အကြောင်း ပြောမပြတော့ပါဘူး"

လက်ထဲကဖုန်းကို တကိုင်ကိုင်ဖြင့်ဟန်ရေးပြနေသော ဇေယျာချမ်းကြောင့် ရဝေချမ်းမှာ ပျာပျာသလဲဖြစ်သွားကာ မျက်နှာချိုသွေးရတော့သည်။

"ဟဲ ဟဲ.. ချစ်ကိုကြီးကလည်း သားကစတာကို"

"အဟမ်း.. ပြစရာကနှစ်ခုရှိတယ်။ လောလောဆယ် ဒါကိုအရင်ဖတ်"

ဇေယျာချမ်းက ဖုန်းကို သူ့လက်ထဲသို့ ထည့်ပေးလာသဖြင့် ရဝေချမ်းလည်း ခပ်မြန်မြန်ယူကြည့်လိုက်သည်။ သူ အလွန်မျှော်လင့်နေရသည့် စျာန်၏အခန်းဆက်ဝတ္ထု ပထမပိုင်းထွက်လာခြင်းဖြစ်သည်။

ရဝေချမ်းမှာ ပြောမပြတတ်လောက်အောင် အပျော်လွန်သွားရသည်။ ထို့ကြောင့် ဇေယျာချမ်းကိုပင် ဂရုမစိုက်အားဘဲ ဝတ္ထုကိုသာဖတ်ရန်စိတ်လောနေမိသည်။

"ကဲ ဖတ်နေနှင့်ဦး။ ဖတ်ပြီးရင်တော့ပြော။ နောက်ထပ်ပြစရာတစ်ခုရှိတယ်"

ဇေယျာချမ်းကတော့ ဤတစ်ကြိမ်တွင်တော့ ထိုစကားတစ်ခွန်းသာပြောပြီး အခန်းထဲက အလိုတသိထွက်သွားပေးသည်။ ထို့ကြောင့် ရဝေချမ်းလည်း စာကိုအေးဆေးစွာ ဖတ်ခွင့်ရလိုက်ပေသည်။

ဝတ္ထု၏အမည်ကို ဗိုလ်ဆန်ဆန်Hidden Mysteryဟု ပေးထားပြီး မျက်နှာဖုံးပုံကလည်း အလွန်တရာလက်ရာမြောက်လေသည်။ ပိန်းပိတ်အောင် မှောင်နေသည့်ညဘက်ရှုခင်းတွင် ရေနံဆီမီးအိမ်လေးဆီက အလင်းမှိန်မှိန်သာ ဖြာကျနေပြီး ထိုမီးအိမ်မှအလင်းဟာအနီးအနားကအရာများအပေါ် ကျရောက်နေသောပုံသဏ္ဍာန်မှာ လူတစ်ဦးက တစ်စုံတစ်ရာကို သည်းထိတ်ရင်ဖိုစရာများအကြား ရှာဖွေနေဟန် ပေါက်သည်။

မျက်နှာဖုံးကို သေချာရှုစားပြီးနောက် အတွင်းကစာကို စဖတ်ကြည့်လိုက်သောအခါ အစပိုင်းနှင့်ပင် အလွန်ဆွဲဆောင်မှုရှိသည်။ ဇာတ်လိုက်ဖြစ်သူစုံထောက်နှင့် သူ၏သူငယ်ချင်းဖြစ်သူတို့ လမ်းလျှောက်ထွက်ရာမှ အမည်မသိလူတစ်ဦးထံမှ အမှတ်မထင်လျှို့ဝှက်စွာရသည့် အမှုတစ်ခုအကြောင်းကို အပိုအလိုမရှိပုံဖော်ထားသည်။

အမှုအပ်သူဟာ အကြောင်းတစ်စုံတစ်ရာကြောင့် လျှို့ဝှက်စွာနေရသည့်အကြောင်းမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလျက်ရှိရာ ရဝေချမ်းမှာ ဖတ်နေရင်းဖြင့် အမှန်တကယ်သိလိုစိတ်တိုးလာရသည်။ ဤသည်မှာ စျာန်၏ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ တစ်ပိုင်းနှင့်တစ်ပိုင်းအကြားတွင် သိချင်စိတ်ကိုနှိုးဆွပေးပြီး ပျင်းရိမသွားအောင်လုပ်ဆောင်နိုင်သည်။

ရဝေချမ်းလည်း ဖတ်ပြီးသွားသည်အထိ ဖုန်းကိုလက်ထဲက မချနိုင်အောင်ဖြစ်ရပြီး ဇာတ်ကွက်များကိုမျက်လုံးထဲမှာ ပုံဖော်ကြည့်မိလေသည်။ စျာန်၏လက်ရာများမှာ ရုပ်ရှင်အနေနှင့် ပုံပေါ်လာလျှင် အကောင်းဆုံးဆိုသောအရာများနှင့် ထိုက်တန်မည်မှာ အသေအချာပင်။

ခဏအကြာတွင် ရဝေချမ်းလည်း ဖုန်းကိုယူကာ ဇေယျာချမ်း၏အခန်းဘက်သို့ ကူးလာခဲ့လိုက်သည်။ ဇေယျာချမ်းသည် အခန်းထဲတွင် အေးအေးလူလူထိုင်ကာ မုန့်စားနေသည်။

"ပြီးပြီလား"

သူ့အား မျက်ခုံးပင့်ပြပြီးမေးလာသဖြင့် ရဝေချမ်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဇေယျာချမ်းမှာ သူ၏ဖုန်းကို ပြန်ပေးရန်လက်ဖြန့်တောင်းနေသဖြင့် အမြန်ပြန်ပေးလိုက်ရသည်။

"ပြစရာတစ်ခုရှိသေးတယ်ဆို"

"အင်း။ ငါခုနကမင်းတို့စျာန်ရဲ့fan groupတစ်ခု ရှာတွေ့ထားလို့မင်းအတွက်joinကြည့်လိုက်တာ။  ကောင်မလေးတစ်ယောက်က အဲ့ဒီအထဲမှာ ဒါတင်ထားတယ်။ ဖတ်ကြည့်"

ဖုန်းကိုပြန်လှမ်းပေးလာသော ဇေယျာချမ်းကြောင့် ရဝေချမ်းလည်း သိချင်စိတ်ဖြင့် ဖုန်းကိုပြန်ယူလိုက်ပြီး ကြည့်မိသည်။

'ငါ့ဦးလေးရဲ့ကျေးဇူးကြောင့် စာရေးဆရာကိုစျာန်ကို အပြင်မှာမြင်ဖူးခဲ့ပြီ။ သူကတကယ်ကိုငယ်သေးတာပဲ။ အသားအရည်ကလည်း ကောင်းလိုက်တာမှ ကပြားနဲ့တောင်ပိုတူတယ်။ ပြုံးလိုက်ရင် ဘယ်လိုကြည့်ကောင်းမှန်း မသိဘူး။ ပြီးတော့ ငါသတိထားမိတာ ရှိသေးတယ်။ သူ့ရဲ့မျက်လုံးအိမ်ထဲက မှဲ့နက်လေးကလည်း တအားဆွဲဆောင်မှုရှိတာပဲ'

ပို့စ်မှာ လွန်ခဲ့သည့်တစ်လလောက်က တင်ထားခြင်းဖြစ်ပြီး ထိုပို့စ်အောက်တွင် တော်တော်များများက ဝင်ရောက်ဆွေးနွေးထားကြသည်။

'အမြင်စူးရှချက်။ ဘယ်လိုများမျက်လုံးထဲက မှဲ့ကိုမြင်နိုင်ရတာလဲ'

'ကံကောင်းလိုက်တာ..ကံမကောင်းတာကငါတို့ပဲ။ ပုံလေးနဲ့တောင် သူ့မျက်နှာကိုမြင်ခွင့်မရဘူး'

'စျာန်က သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ထုတ်မပြချင်သေးတာကို ငါတို့ကဘာတတ်နိုင်မှာလဲ'

ရဝေချမ်းမှာ ပထမဆုံးမိန်းကလေးပြောသည့်စကားကို တကယ်ထောက်ခံပါသည်။ ပုံမှန်ဆိုလျှင် ရဝေချမ်းက မိသားစုဝင်များမှလွဲလျှင် သူများ၏မျက်လုံးကိုတည့်တည့်ကြည့်ရန် ဝန်လေးသည်။တော်ရုံသင့်ရုံလောက်သာ အကြည့်ချင်းဆုံတတ်ပြီး တစ်ခါတရံတွင်သာမန်ကာလျှံကာမျှသာ ကြည့်တတ်သည်။

အကြည့်ချင်းဆုံသည်ဆိုမှ မတိုင်မီက ခန့်မင်းနောင်နှင့် အကြည့်ချင်းဆုံသည့် အခိုက်အတန့်လေးကို သွားသတိရမိသည်။ ထိုအချိန်ကလည်း ရဝေချမ်းဘက်ကစ၍သာ မျက်နှာလွှဲပစ်မိသည်။

ထိုစဥ်ကခံစားချက်ကို ပြောရမည်ဆိုလျှင် ရှစ်တန်းနှစ်က ချစ်သူများနေ့တွင် ရဝေချမ်းအား သဘောကျနေသည့် ကောင်မလေးက ချောကလက်လာပေးစဥ်က မနေတတ်မထိုင်တတ်ဖြစ်ကာ ရှက်နေမိသည့် အဖြစ်မျိုးနှင့်တူလှသည်။

"ငါက စာရေးဆရာစျာန်ကနည်းနည်းအသက်ကြီးပြီထင်နေတာ။ ဒီကောင်မလေးပြောပုံအရဆိုရင် လူငယ်ပိုင်းကပဲထင်တယ်"

ဇေယျာချမ်းက တွေးဆဆဖြင့်ပြောလာသောအခါ ရဝေချမ်းလည်းထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြရုံသာ တုံ့ပြန်လိုက်သည်။သူသည် စျာန်၏အပြင်ကပုံစံကို တစ်ခါမှခန့်မှန်းမကြည့်ဖူးပေ။ သူရေးသောစာများကို သဘောကျရုံလောက်သာ ရှိသော်လည်း ယခုလိုမျိုး တစ်စုံတစ်ဦးက သူ၏အပြင်ပန်းသဏ္ဍာန်ကို အစဖော်ပေးလာချိန်တွင် ရဝေချမ်းလည်း ပထမဆုံးအကြိမ်အဖြစ် စျာန်၏ပုံစံကို စိတ်ကူးကြည့်မိသည်။

မျက်လုံးအိမ်ထဲရှိ မှဲ့နက်နှင့် ပြုံးလိုက်လျှင်ကြည့်ကောင်းပြီး အသားအရည်ကောင်းသော အမျိုးသားတစ်ယောက်ကို ပုံစံအမျိုးမျိုးပုံဖော်ကြည့်မိသည်။ စိတ်ကူးနှင့်ပင် အလွန်တရာကြည့်ကောင်းသည့်ပုံရိပ်မျိုးစုံ ထွက်ပေါ်လာသည်။ ရဝေချမ်းလည်း သဘောကျစွာကြိတ်ပြုံးလိုက်မိပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ အရှေ့မှရေပက်မဝင်အောင် စကားပြောနေသည့် ဇေယျာချမ်းကို လျစ်လျူရှု၍ အခန်းထဲမှပြန်ထွက်လာခဲ့လိုက်သည်။

စာရေးဆရာစျာန်ကို စိတ်ကူးထဲက အမျိုးမျိုးပုံဖော်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထဲမှာ မြင်ယောင်မိသည်က ခန့်မင်းနောင်....။ သူသည်လည်းရယ်လိုက်လျှင် အလွန်ကြည့်ကောင်းလှသည်။ ထိုအရယ်အပြုံးမျိုးနှင့် တစ်ယောက်ယောက်အား ဆွဲဆောင်လိုလျှင်လည်း သူ၏ပစ်မှတ်သည် သေချာပေါက် သူ့ထံသို့ ကျရှုံးသွားမည်မှာ မလွဲဧကန်ပင်။

ရဝေချမ်းတစ်ယောက် အတွေးပေါင်းများစွာ ယောက်ယက်ခတ်နေအောင် တွေးနေမိပြီး မိမိ၏အခန်းကိုကျော်ကာ အိမ်အပြင်ဆီသို့ ဦးတည်မိနေမှန်းမသိဘဲ ယောင်နနဖြင့် ခြံထဲမှာ ပတ်လျှောက်နေမိသည်။

"အဲ့နားမှာဘာလုပ်နေတာလဲ။ စင်္ကြံလျှောက်နေတာလား"

ဇေယျာချမ်း ရွဲ့တဲ့တဲ့နှင့် မေးလာသောမေးခွန်းကိုကြားမှသာ ယောင်နနဖြစ်နေသော ကိုယ့်ကိုယ်ကိုယ်သတိထားမိပြီး အိမ်ထဲသို့ အမြန်ပြန်ဝင်လာခဲ့လိုက်ရသည်။ စိတ်နှင့်ကိုယ် မကပ်နေလိုက်ပုံများတော့..။

"ဟားဟား.. ငါ့ညီ စျာန်ရဲ့အကြောင်းသိရပြီး စျာန်ကြွတော့မယ်ထင်နေတာ"

တဟားဟားအော်ရယ်နေသော ဇေယျာချမ်းကို သူ့ခမျာအမြင်ကပ်သော်လည်း ကိုယ့်အမှားနှင့်ကိုယ်မို့ ဘာမှလည်းပြန်မချေပနိုင်ချေ။ အလှောင်ခံရလွန်းသောအခါတွင်တော့ စိတ်တိုတိုနှင့် လက်သီးရွယ်ပြမိသည်။ ထိုသို့သောအချိန်မျိုးတွင် အိမ်ထဲကအမေကလည်း အချိန်ကိုက် လှမ်းမြင်ဖြစ်အောင်မြင်သေးသည်။

"ချမ်းလေး!!"

အဆူခံရမည်စိုးသော ရဝေချမ်းလည်း ဘာတစ်ခွန်းမှပြန်မပြောတော့ဘဲ အနားကလှည့်ထွက်လာခဲ့သည်။

ကိုယ့်အမှားနဲ့ကိုယ်မို့ ခံလိုက်ပေဦးတော့ ရဝေချမ်းရေ.....။

••••••••••

A/N: Edited on 6.11.2021

********

ZawGyi Version

ရေဝခ်မ္း၏ ပထမဆုံးစာသင္ရက္တြင္ ခန္႔မင္းေနာင္က သူ၏ဘာသာရပ္တစ္ခုခ်င္းစီအေပၚ အာ႐ုံဝင္စားမႈႏွင့္ တတ္ေျမာက္ျခင္းကို စစ္ေဆးခဲ့သည္။ ထို႔ေနာက္တြင္ ရေဝခ်မ္း၏ရလဒ္ကို ေသခ်ာမွတ္သားကာ ဘယ္ဘာသာတြင္ ဘယ္လိုပို၍တြန္းအားေပးသင့္သည္ဟူေသာ အစီအစဥ္အခ်ိဳ႕ကို အၾကမ္းခ်မွတ္လိုက္သည္။

ပထမဆုံးရက္ကေတာ့ ျပင္းျပင္းထန္ထန္မလုပ္ခိုင္းဘဲ ပုံမွန္Definition တခ်ိဳ႕ကိုသာ ဖတ္ခိုင္း၊မွတ္ခိုင္းခဲ့သည္။ ရေဝခ်မ္းကလည္း စာလုပ္သည့္အခ်ိန္တြင္ ေသခ်ာအာ႐ုံစိုက္သျဖင့္ ခန္႔မင္းေနာင္အတြက္ ဘာမွစိတ္အေႏွာင့္အယွက္မ႐ွိဘဲ သင္ႏိုင္သည္။

သူတို႔စာသင္ေနစဥ္ ေဇယ်ာခ်မ္းက ေရဘူးျဖစ္ေစ၊ စားစရာတစ္ခုခုျဖစ္ေစ ယူလာေပးေလ့႐ွိၿပီး စကားတစ္ခြန္းမွမေျပာဘဲ ယူလာသမွ်ကို ခ်ေပးၿပီးသည္ႏွင့္ အခန္းထဲမွထြက္သြားသည္သာ။

ယခုလည္း ေဇယ်ာခ်မ္းက အသီးပန္းကန္ေလးကိုင္ကာ ရေဝခ်မ္း၏ အခန္းထဲသို႔ ပ်င္းတိပ်င္းေလ်ာ့ပုံစံျဖင့္ ဝင္လာေလသည္။ သူေရာက္လာခ်ိန္တြင္ ရေဝခ်မ္းႏွင့္ခန္႔မင္းေနာင္က သခ်ၤာပုဒ္စာတစ္ပုဒ္ကို အတူေျဖ႐ွင္းေနၾကခ်ိန္ျဖစ္သည္။

"အေမကပို႔ခိုင္းလိုက္တာ။ ေရာ့"

ေဇယ်ာခ်မ္းသည္ အသီးပန္းကန္ကို ရေဝခ်မ္းအား ကမ္းေပးလိုက္ၿပီး ခ်က္ခ်င္းပင္ အခန္းထဲကထြက္သြားရန္ျပင္သည္။ ထြက္မသြားခင္ အၿငိမ္မေနႏိုင္ေသာ သူ၏ဗီဇေၾကာင့္ ၾကမ္းျပင္ေပၚတြင္ တင္ပုလႅင္ခ်ိတ္ကာ ထိုင္ေနေသာ ရေဝခ်မ္း၏တင္ပါးကို ေျခမႏွင့္ခပ္ၾကမ္းၾကမ္းတို႔ထိသြားေသးသည္။ ယားယံမႈေၾကာင့္ တြန္႔လိမ္သြားေသာ ရေဝခ်မ္း၏ပုံစံကိုျမင္ေသာအခါ ခန္႔မင္းေနာင္ႏွင့္ေဇယ်ာခ်မ္းတို႔က မထိန္းႏိုင္ေတာ့ဘဲ အူလိႈက္သည္းလိႈက္ရယ္ေမာမိၾကသည္။

ရေဝခ်မ္းကေတာ့ ေဇယ်ာခ်မ္းအား ျမင္ျပင္းကပ္စြာ မ်က္ေစာင္းနာနာထိုးလိုက္သည္။ ထို႔ေနာက္ စာအုပ္ကိုစိုက္ၾကည့္ေနၿပီး ကိုယ့္စာကိုသာအာ႐ုံစိုက္ေနဟန္ျပဳၿပီး ခန္႔မင္းေနာင္ကိုပါ စိတ္ဆိုးခ်င္ေယာင္ေဆာင္ေနေလသည္။

"​ေဟ့.. အဲ့ဒါဘာ႐ုပ္လဲ"

ေဇယ်ာခ်မ္းထြက္သြားၿပီးသည့္ေနာက္ ခန္႔မင္းေနာင္က ရေဝခ်မ္း၏ ပုံစံကိုၾကည့္ၿပီး သေဘာက်စြာေမးလိုက္ေလရာ ရေဝခ်မ္းကေတာ့ ေခါင္းပင္ျပန္ေမာ့မလာဘဲ ေျဖသည္။

"ဘာ႐ုပ္မွမဟုတ္ပါဘူး။ စာတြက္ေနတာေလ"

"အေျဖထြက္ၿပီးသားပုစၧာကို ဘာအေျဖထပ္႐ွာေနေသးတာလဲ"

ခန္႔မင္းေနာင္က ရယ္က်ဲက်ဲျဖင့္ေမးလိုက္ေသာအခါ ရေဝခ်မ္းမွာ မိမိစိုက္ၾကည့္ေနေသာ စာမ်က္ႏွာကို ေသခ်ာျပန္ၾကည့္မိသည္။ ခန္႔မင္းေနာင္ေျပာသည့္အတိုင္း ထိုပုစၧာသည္ အေျဖ႐ွာၿပီးသားပုစၧာျဖစ္ေနသည္။

"အား!! အဲ့ဒါအစ္ကိုတို႔ ဝိုင္းစၾကလို႔အာ႐ုံမ်ားသြားတာ"

ဆူပုတ္ပုတ္မ်က္ႏွာေလးျဖင့္ေျပာေနေသာ ရေဝခ်မ္းကို ခန္႔မင္းေနာင္မွာ အသည္းတယားယားႏွင့္ေငးေမာရင္း သေဘာအက်ႀကီးက်ကာ ေအာ္ရယ္ေနမိေတာ့သည္။

"ခ်စ္လို႔စတာေလကြာ"

သူ၏ဆံပင္မ်ားကို လက္ျဖင့္ထိုးဖြကာ စေနာက္ဟန္ျပေနေသာ ခန္႔မင္းေနာင္ေၾကာင့္ ရေဝခ်မ္းမွာ အနည္းငယ္ေၾကာင္အသြားရၿပီး စိတ္လႈပ္႐ွားခ်င္သလိုျဖစ္လာသည္။ တဒုန္းဒုန္းဆႏၵျပခ်င္ေနေသာ ရင္ခုန္သံကို မသိမသာဖုံးဖိထားရင္း မ်က္ႏွာထက္တြင္ ျဖတ္ေျပးသြားေသာ အပူလိႈင္းကိုလည္း မသိခ်င္ေယာင္ေဆာင္ရေသးသည္။

ခန္႔မင္းေနာင္က ေအးေအးလူလူသာ ျဖစ္ေနေသာ္လည္း ရေဝခ်မ္းကေတာ့ တစ္ေယာက္တည္း ကမ႓ာပ်က္မတတ္ျဖစ္ေနရသည္။

"ဘာေတြေငးေနတာလဲ။ ေမးေနတာၾကားရဲ႕လား"

"ဗ်ာ.. ဘာေမးလိုက္တာလဲ"

ရေဝခ်မ္း ျပန္ေျပာလိုက္ေသာအသံမွာ အနည္းငယ္ ပ်ာယာခတ္ေနပုံေပၚသည္။

"ခုနက႐ွင္းျပလိုက္တဲ့ဟာ နားလည္လားလို႔"

"ေၾသာ္ ဟုတ္။ ဘယ္လိုပုံစံလဲဆိုတာေတာ့ မ်က္လုံးထဲျမင္သြားၿပီ"

"အင္း။ ဒါဆိုတြက္ၾကည့္ေလ။ မရတဲ့ေနရာက်ရင္ထပ္ေမးေပါ့"

"ဟုတ္"

ရေဝခ်မ္းလည္း မ်က္ႏွာပူပူႏွင့္ ခန္႔မင္းေနာင္ကို အျမန္အၾကည့္လႊဲလိုက္ၿပီး စာအုပ္ကိုသာ စူးစူးစိုက္စိုက္ငုံ႔ၾကည့္ကာ စာတြက္ေနေတာ့သည္။

ခန္႔မင္းေနာင္ကေတာ့ ရေဝခ်မ္း၏ ေျပာင္းလဲသြားေသာ အမူအရာတစ္ခုခ်င္းစီကအစ ျမင္လိုက္ရသည္ျဖစ္ရာ ကပ်ာကယာျဖစ္ေနသည့္ အေ႐ွ႕ကေကာင္ေလးကိုၾကည့္၍ ျပဳံးမိသြားသည္။ ခ်စ္စရာေကာင္းသည္ထက္ပိုသည္ဟူေသာ အေတြးမ်ိဳးဝင္လာသည့္အခါတြင္ေတာ့ ေခါင္းကိုခါရမ္းကာ ကိုယ့္ကိုယ္ကိုယ္သတိေပးမိသည္။

စိတ္ထိန္းစမ္း ခန္႔မင္းေနာင္။ ဒီကေလးကမင္းလိုမွ မဟုတ္တာ။

စိတ္ကိုၿငိမ္ေအာင္ ထိန္းလိုက္ႏိုင္ေသာ္ျငား ရေဝခ်မ္း၏အမူအရာေလးကို ေသခ်ာအကဲခတ္ၾကည့္ေနမိဆဲပင္။ စဥ္းစားရလြန္း၍ပဲလား၊စိတ္လႈပ္႐ွားလြန္း၍ပဲလားမသိ။ ရေဝခ်မ္းမွာ ကိုင္ထားေသာေဘာပင္ကို လက္ထဲတြင္ ဟိုသည္လွိမ့္ကာကစားေနသည္။

တဖ်တ္ဖ်တ္ခတ္ေနေသာ မ်က္ေတာင္ေလးမ်ားကလည္း ရေဝခ်မ္းေနရခက္ေနပါသည္ဟု​ ေျပာျပစရာမလိုေအာင္ သိသာလ်က္႐ွိသည္။

႐ုတ္တရက္ဆိုသလို ခန္႔မင္းေနာင္၏စိတ္ထဲတြင္ ေရာင္နီကိုသတိရလိုက္မိၿပီး ေရာင္နီႏွင့္ရေဝခ်မ္းကို ယွဥ္ၾကည့္ေနမိသည္။ ေရာင္နီလိုခပ္ညိႇဳ႕ညိႇဳ႕အမူအရာမ်ိဳးထက္စာလွ်င္ ရေဝခ်မ္း၏အျပစ္ကင္းစင္ေသာပုံစံေလးကို သူပိုသေဘာက်မိသည္။ ေရာင္နီ၏ တမင္လုပ္ယူထားေသာ ႐ွက္တက္တက္အမူအရာထက္ ရေဝခ်မ္း၏ ဟန္မေဆာင္ႏိုင္စြာ ႐ွက္ေသြးျဖာသြားသည့္ အမူအရာေလးက ပိုၾကည့္ေကာင္းေလသည္။

ကိုယ္တိုင္ပင္ သတိမထားမိလိုက္ခင္မွာတင္ ေတြးမိေသာ အေတြးမ်ားေၾကာင့္ ခန္႔မင္းေနာင္မွာ မ်က္လုံးအျပဴးသားျဖစ္သြားရျပန္သည္။ စိတ္ကိုထိန္းခ်ဳပ္ရျခင္းအမႈမွာ ႐ွိ႐ွိသမွ်အရာမ်ားထက္ ပိုခက္ခဲသည္။

သူ၏စိတ္အစဥ္သည္ သူေစလိုရာမေစႏိုင္ေတာ့ဘဲ အထိန္းအကြပ္မဲ့လ်က္႐ွိသည္။

'႐ူးေနၿပီ ခန္႔မင္းေနာင္။ ဒီေလာက္ စိတ္ထိန္းေနတဲ့ၾကားက ေရာင္နီနဲ႔ေတာင္ ယွဥ္ၾကည့္လိုက္ေသးတယ္'

ေခါင္းတတြင္တြင္ခါရမ္းေနေသာ ခန္႔မင္းေနာင္ကို အထူးတဆန္းေငးၾကည့္ေနသူကေတာ့ ရေဝခ်မ္းပါပင္။ ခန္႔မင္းေနာင္က ျပန္၍စိုက္ၾကည့္လာေသာအခါတြင္လည္း ကမန္းကတန္းေခါင္းကို ငုံ႔သြား႐ွာသည္။ႏွစ္ေယာက္သား ကူကယ္ရာမဲ့ေနၿပီး အေတာ္ကို႔႐ို႕ကားယားျဖစ္ေနရပါသည္။

အေျခအေနဟာ စိတ္မေကာင္းစရာေကာင္းစြာပင္ မိနစ္အနည္းငယ္ၾကာသည္အထိ ေအးခဲေနၿပီးေနာက္ ရေဝခ်မ္းတြက္ေနေသာပုစၧာ အေျဖထြက္သည့္အခ်ိန္က်မွ ပုံမွန္ျပန္ျဖစ္သြားေလသည္။

ေနာက္ထပ္တစ္နာရီေက်ာ္ခန္႔ၾကာၿပီးသည့္ေနာက္မွာေတာ့ ခန္႔မင္းေနာင္၏ စာသင္ခ်ိန္လည္းျပည့္သြားၿပီျဖစ္ရာ ရေဝခ်မ္းကို ဖတ္စရာမွတ္စရာအခ်ိဳ႕အိမ္စာေပးခဲ့ၿပီးေနာက္ ျပန္သြားခဲ့သည္။

ထိုအခါမွသာ ရေဝခ်မ္း၏ပုံမွန္က်မေနေသာ စိတ္တို႔လည္း အနည္းငယ္ လြတ္လပ္ရာရေတာ့သည္။ သူလည္း ခ်က္ခ်င္းအခန္းထဲကမထြက္ေသးဘဲ ေျခဆန္လက္ဆန္႔လုပ္ေနခိုက္ အခန္းထဲသို႔ မေျပာမဆိုႏွင့္ ဒုန္းစိုင္းေျပးဝင္လာေသာ ေဇယ်ာခ်မ္းကိုျမင္လိုက္ရေသာအခါ ရေဝခ်မ္းမွာ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္မိလိုက္သည္။

"ယဥ္ေက်းမႈမ႐ွိလိုက္တာ။ သူမ်ားအခန္းထဲကိုဝင္တာ ကမူး႐ႈးထိုးနဲ႔"

"အံမယ္.. ငါကအေကာင္းနဲ႔လည္း သူ႕အတြက္အျမန္လာေပးရေသးတယ္။ မသိခ်င္ရင္လည္း မင္းရဲ႕စ်ာန္အေၾကာင္း ေျပာမျပေတာ့ပါဘူး"

လက္ထဲကဖုန္းကို တကိုင္ကိုင္ျဖင့္ဟန္ေရးျပေနေသာ ေဇယ်ာခ်မ္းေၾကာင့္ ရေဝခ်မ္းမွာ ပ်ာပ်ာသလဲျဖစ္သြားကာ မ်က္ႏွာခ်ိဳေသြးရေတာ့သည္။

"ဟဲ ဟဲ.. ခ်စ္ကိုႀကီးကလည္း သားကစတာကို"

"အဟမ္း.. ျပစရာကႏွစ္ခု႐ွိတယ္။ ေလာေလာဆယ္ ဒါကိုအရင္ဖတ္"

ေဇယ်ာခ်မ္းက ဖုန္းကို သူ႕လက္ထဲသို႔ ထည့္ေပးလာသျဖင့္ ရေဝခ်မ္းလည္း ခပ္ျမန္ျမန္ယူၾကည့္လိုက္သည္။ သူ အလြန္ေမွ်ာ္လင့္ေနရသည့္ စ်ာန္၏အခန္းဆက္ဝတၳဳ ပထမပိုင္းထြက္လာျခင္းျဖစ္သည္။

ရေဝခ်မ္းမွာ ေျပာမျပတတ္ေလာက္ေအာင္ အေပ်ာ္လြန္သြားရသည္။ ထို႔ေၾကာင့္ ေဇယ်ာခ်မ္းကိုပင္ ဂ႐ုမစိုက္အားဘဲ ဝတၳဳကိုသာဖတ္ရန္စိတ္ေလာေနမိသည္။

"ကဲ ဖတ္ေနႏွင့္ဦး။ ဖတ္ၿပီးရင္ေတာ့ေျပာ။ ေနာက္ထပ္ျပစရာတစ္ခု႐ွိတယ္"

ေဇယ်ာခ်မ္းကေတာ့ ဤတစ္ႀကိမ္တြင္ေတာ့ ထိုစကားတစ္ခြန္းသာေျပာၿပီး အခန္းထဲက အလိုတသိထြက္သြားေပးသည္။ ထို႔ေၾကာင့္ ရေဝခ်မ္းလည္း စာကိုေအးေဆးစြာ ဖတ္ခြင့္ရလိုက္ေပသည္။

ဝတၳဳ၏အမည္ကို ဗိုလ္ဆန္ဆန္Hidden Mysteryဟု ေပးထားၿပီး မ်က္ႏွာဖုံးပုံကလည္း အလြန္တရာလက္ရာေျမာက္ေလသည္။ ပိန္းပိတ္ေအာင္ ေမွာင္ေနသည့္ညဘက္႐ႈခင္းတြင္ ေရနံဆီမီးအိမ္ေလးဆီက အလင္းမွိန္မွိန္သာ ျဖာက်ေနၿပီး ထိုမီးအိမ္မွအလင္းဟာအနီးအနားကအရာမ်ားအေပၚ က်ေရာက္ေနေသာပုံသ႑ာန္မွာ လူတစ္ဦးက တစ္စုံတစ္ရာကို သည္းထိတ္ရင္ဖိုစရာမ်ားအၾကား ႐ွာေဖြေနဟန္ ေပါက္သည္။

မ်က္ႏွာဖုံးကို ေသခ်ာ႐ႈစားၿပီးေနာက္ အတြင္းကစာကို စဖတ္ၾကည့္လိုက္ေသာအခါ အစပိုင္းႏွင့္ပင္ အလြန္ဆြဲေဆာင္မႈ႐ွိသည္။ ဇာတ္လိုက္ျဖစ္သူစုံေထာက္ႏွင့္ သူ၏သူငယ္ခ်င္းျဖစ္သူတို႔ လမ္းေလွ်ာက္ထြက္ရာမွ အမည္မသိလူတစ္ဦးထံမွ အမွတ္မထင္လွ်ိဳ႕ဝွက္စြာရသည့္ အမႈတစ္ခုအေၾကာင္းကို အပိုအလိုမ႐ွိပုံေဖာ္ထားသည္။

အမႈအပ္သူဟာ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ လွ်ိဳ႕ဝွက္စြာေနရသည့္အေၾကာင္းမွာလည္း စိတ္ဝင္စားဖြယ္ေကာင္းလ်က္႐ွိရာ ရေဝခ်မ္းမွာ ဖတ္ေနရင္းျဖင့္ အမွန္တကယ္သိလိုစိတ္တိုးလာရသည္။ ဤသည္မွာ စ်ာန္၏ဆြဲေဆာင္မႈတစ္ခုျဖစ္သည္။ တစ္ပိုင္းႏွင့္တစ္ပိုင္းအၾကားတြင္ သိခ်င္စိတ္ကိုႏိႈးဆြေပးၿပီး ပ်င္းရိမသြားေအာင္လုပ္ေဆာင္ႏိုင္သည္။

ရေဝခ်မ္းလည္း ဖတ္ၿပီးသြားသည္အထိ ဖုန္းကိုလက္ထဲက မခ်ႏိုင္ေအာင္ျဖစ္ရၿပီး ဇာတ္ကြက္မ်ားကိုမ်က္လုံးထဲမွာ ပုံေဖာ္ၾကည့္မိေလသည္။ စ်ာန္၏လက္ရာမ်ားမွာ ႐ုပ္႐ွင္အေနႏွင့္ ပုံေပၚလာလွ်င္ အေကာင္းဆုံးဆိုေသာအရာမ်ားႏွင့္ ထိုက္တန္မည္မွာ အေသအခ်ာပင္။

ခဏအၾကာတြင္ ရေဝခ်မ္းလည္း ဖုန္းကိုယူကာ ေဇယ်ာခ်မ္း၏အခန္းဘက္သို႔ ကူးလာခဲ့လိုက္သည္။ ေဇယ်ာခ်မ္းသည္ အခန္းထဲတြင္ ေအးေအးလူလူထိုင္ကာ မုန္႔စားေနသည္။

"ၿပီးၿပီလား"

သူ႕အား မ်က္ခုံးပင့္ျပၿပီးေမးလာသျဖင့္ ရေဝခ်မ္းလည္း ေခါင္းညိတ္ျပလိုက္သည္။ ထိုအခါ ေဇယ်ာခ်မ္းမွာ သူ၏ဖုန္းကို ျပန္ေပးရန္လက္ျဖန္႔ေတာင္းေနသျဖင့္ အျမန္ျပန္ေပးလိုက္ရသည္။

"ျပစရာတစ္ခု႐ွိေသးတယ္ဆို"

"အင္း။ ငါခုနကမင္းတို႔စ်ာန္ရဲ႕fan groupတစ္ခု ႐ွာေတြ႕ထားလို႔မင္းအတြက္joinၾကည့္လိုက္တာ။  ေကာင္မေလးတစ္ေယာက္က အဲ့ဒီအထဲမွာ ဒါတင္ထားတယ္။ ဖတ္ၾကည့္"

ဖုန္းကိုျပန္လွမ္းေပးလာေသာ ေဇယ်ာခ်မ္းေၾကာင့္ ရေဝခ်မ္းလည္း သိခ်င္စိတ္ျဖင့္ ဖုန္းကိုျပန္ယူလိုက္ၿပီး ၾကည့္မိသည္။

'ငါ့ဦးေလးရဲ႕ေက်းဇူးေၾကာင့္ စာေရးဆရာကိုစ်ာန္ကို အျပင္မွာျမင္ဖူးခဲ့ၿပီ။ သူကတကယ္ကိုငယ္ေသးတာပဲ။ အသားအရည္ကလည္း ေကာင္းလိုက္တာမွ ကျပားနဲ႔ေတာင္ပိုတူတယ္။ ျပဳံးလိုက္ရင္ ဘယ္လိုၾကည့္ေကာင္းမွန္း မသိဘူး။ ၿပီးေတာ့ ငါသတိထားမိတာ ႐ွိေသးတယ္။ သူ႕ရဲ႕မ်က္လုံးအိမ္ထဲက မွဲ႔နက္ေလးကလည္း တအားဆြဲေဆာင္မႈ႐ွိတာပဲ'

ပို႔စ္မွာ လြန္ခဲ့သည့္တစ္လေလာက္က တင္ထားျခင္းျဖစ္ၿပီး ထိုပို႔စ္ေအာက္တြင္ ေတာ္ေတာ္မ်ားမ်ားက ဝင္ေရာက္ေဆြးေႏြးထားၾကသည္။

'အျမင္စူး႐ွခ်က္။ ဘယ္လိုမ်ားမ်က္လုံးထဲက မွဲ႔ကိုျမင္ႏိုင္ရတာလဲ'

'ကံေကာင္းလိုက္တာ..ကံမေကာင္းတာကငါတို႔ပဲ။ ပုံေလးနဲ႔ေတာင္ သူ႕မ်က္ႏွာကိုျမင္ခြင့္မရဘူး'

'စ်ာန္က သူ႕ရဲ႕ကိုယ္ေရးကိုယ္တာကို ထုတ္မျပခ်င္ေသးတာကို ငါတို႔ကဘာတတ္ႏိုင္မွာလဲ'

ရေဝခ်မ္းမွာ ပထမဆုံးမိန္းကေလးေျပာသည့္စကားကို တကယ္ေထာက္ခံပါသည္။ ပုံမွန္ဆိုလွ်င္ ရေဝခ်မ္းက မိသားစုဝင္မ်ားမွလြဲလွ်င္ သူမ်ား၏မ်က္လုံးကိုတည့္တည့္ၾကည့္ရန္ ဝန္ေလးသည္။ေတာ္႐ုံသင့္႐ုံေလာက္သာ အၾကည့္ခ်င္းဆုံတတ္ၿပီး တစ္ခါတရံတြင္သာမန္ကာလွ်ံကာမွ်သာ ၾကည့္တတ္သည္။

အၾကည့္ခ်င္းဆုံသည္ဆိုမွ မတိုင္မီက ခန္႔မင္းေနာင္ႏွင့္ အၾကည့္ခ်င္းဆုံသည့္ အခိုက္အတန္႔ေလးကို သြားသတိရမိသည္။ ထိုအခ်ိန္ကလည္း ရေဝခ်မ္းဘက္ကစ၍သာ မ်က္ႏွာလႊဲပစ္မိသည္။

ထိုစဥ္ကခံစားခ်က္ကို ေျပာရမည္ဆိုလွ်င္ ႐ွစ္တန္းႏွစ္က ခ်စ္သူမ်ားေန႔တြင္ ရေဝခ်မ္းအား သေဘာက်ေနသည့္ ေကာင္မေလးက ေခ်ာကလက္လာေပးစဥ္က မေနတတ္မထိုင္တတ္ျဖစ္ကာ ႐ွက္ေနမိသည့္ အျဖစ္မ်ိဳးႏွင့္တူလွသည္။

"ငါက စာေရးဆရာစ်ာန္ကနည္းနည္းအသက္ႀကီးၿပီထင္ေနတာ။ ဒီေကာင္မေလးေျပာပုံအရဆိုရင္ လူငယ္ပိုင္းကပဲထင္တယ္"

ေဇယ်ာခ်မ္းက ေတြးဆဆျဖင့္ေျပာလာေသာအခါ ရေဝခ်မ္းလည္းေထာက္ခံသည့္သေဘာျဖင့္ ေခါင္းညိတ္ျပ႐ုံသာ တုံ႔ျပန္လိုက္သည္။သူသည္ စ်ာန္၏အျပင္ကပုံစံကို တစ္ခါမွခန္႔မွန္းမၾကည့္ဖူးေပ။ သူေရးေသာစာမ်ားကို သေဘာက်႐ုံေလာက္သာ ႐ွိေသာ္လည္း ယခုလိုမ်ိဳး တစ္စုံတစ္ဦးက သူ၏အျပင္ပန္းသ႑ာန္ကို အစေဖာ္ေပးလာခ်ိန္တြင္ ရေဝခ်မ္းလည္း ပထမဆုံးအႀကိမ္အျဖစ္ စ်ာန္၏ပုံစံကို စိတ္ကူးၾကည့္မိသည္။

မ်က္လုံးအိမ္ထဲ႐ွိ မွဲ႔နက္ႏွင့္ ျပဳံးလိုက္လွ်င္ၾကည့္ေကာင္းၿပီး အသားအရည္ေကာင္းေသာ အမ်ိဳးသားတစ္ေယာက္ကို ပုံစံအမ်ိဳးမ်ိဳးပုံေဖာ္ၾကည့္မိသည္။ စိတ္ကူးႏွင့္ပင္ အလြန္တရာၾကည့္ေကာင္းသည့္ပုံရိပ္မ်ိဳးစုံ ထြက္ေပၚလာသည္။ ရေဝခ်မ္းလည္း သေဘာက်စြာႀကိတ္ျပဳံးလိုက္မိၿပီးေနာက္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ကာ အေ႐ွ႕မွေရပက္မဝင္ေအာင္ စကားေျပာေနသည့္ ေဇယ်ာခ်မ္းကို လ်စ္လ်ဴ႐ႈ၍ အခန္းထဲမွျပန္ထြက္လာခဲ့လိုက္သည္။

စာေရးဆရာစ်ာန္ကို စိတ္ကူးထဲက အမ်ိဳးမ်ိဳးပုံေဖာ္ၿပီးေနာက္ ႐ုတ္တရက္ဆိုသလို သူ၏မ်က္လုံးထဲမွာ ျမင္ေယာင္မိသည္က ခန္႔မင္းေနာင္....။ သူသည္လည္းရယ္လိုက္လွ်င္ အလြန္ၾကည့္ေကာင္းလွသည္။ ထိုအရယ္အျပဳံးမ်ိဳးႏွင့္ တစ္ေယာက္ေယာက္အား ဆြဲေဆာင္လိုလွ်င္လည္း သူ၏ပစ္မွတ္သည္ ေသခ်ာေပါက္ သူ႕ထံသို႔ က်႐ႈံးသြားမည္မွာ မလြဲဧကန္ပင္။

ရေဝခ်မ္းတစ္ေယာက္ အေတြးေပါင္းမ်ားစြာ ေယာက္ယက္ခတ္ေနေအာင္ ေတြးေနမိၿပီး မိမိ၏အခန္းကိုေက်ာ္ကာ အိမ္အျပင္ဆီသို႔ ဦးတည္မိေနမွန္းမသိဘဲ ေယာင္နနျဖင့္ ျခံထဲမွာ ပတ္ေလွ်ာက္ေနမိသည္။

"အဲ့နားမွာဘာလုပ္ေနတာလဲ။ စႀကႍေလွ်ာက္ေနတာလား"

ေဇယ်ာခ်မ္း ႐ြဲ႕တဲ့တဲ့ႏွင့္ ေမးလာေသာေမးခြန္းကိုၾကားမွသာ ေယာင္နနျဖစ္ေနေသာ ကိုယ့္ကိုယ္ကိုယ္သတိထားမိၿပီး အိမ္ထဲသို႔ အျမန္ျပန္ဝင္လာခဲ့လိုက္ရသည္။ စိတ္ႏွင့္ကိုယ္ မကပ္ေနလိုက္ပုံမ်ားေတာ့..။

"ဟားဟား.. ငါ့ညီ စ်ာန္ရဲ႕အေၾကာင္းသိရၿပီး စ်ာန္ႂကြေတာ့မယ္ထင္ေနတာ"

တဟားဟားေအာ္ရယ္ေနေသာ ေဇယ်ာခ်မ္းကို သူ႕ခမ်ာအျမင္ကပ္ေသာ္လည္း ကိုယ့္အမွားႏွင့္ကိုယ္မို႔ ဘာမွလည္းျပန္မေခ်ပႏိုင္ေခ်။ အေလွာင္ခံရလြန္းေသာအခါတြင္ေတာ့ စိတ္တိုတိုႏွင့္ လက္သီး႐ြယ္ျပမိသည္။ ထိုသို႔ေသာအခ်ိန္မ်ိဳးတြင္ အိမ္ထဲကအေမကလည္း အခ်ိန္ကိုက္ လွမ္းျမင္ျဖစ္ေအာင္ျမင္ေသးသည္။

"ခ်မ္းေလး!!"

အဆူခံရမည္စိုးေသာ ရေဝခ်မ္းလည္း ဘာတစ္ခြန္းမွျပန္မေျပာေတာ့ဘဲ အနားကလွည့္ထြက္လာခဲ့သည္။

ကိုယ့္အမွားနဲ႔ကိုယ္မို႔ ခံလိုက္ေပဦးေတာ့ ရေဝခ်မ္းေရ.....။

••••••••••

A/N: Edited on 6.11.2021

********

Lanjutkan Membaca

Kamu Akan Menyukai Ini

81.1K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
44.6K 5.6K 16
One Shot အတိုအထြာေလးမ်ားစုစည္းထားသည္ One Shot အတိုအထွာလေးများစုစည်းထားသည်
10.9K 536 9
[ Zawgyi ] ---------------- အခ်စ္နဲ႕မေတြ႕ေသးလို႕ စိတ္ညစ္မေနပါနဲ႕ ကိုယ့္သူငယ္ခ်င္းရဲ႕သားကလည္း ကိုယ့္ရဲ႕ဖူးစာရွင္ ျဖစ္လာနိုင္ပါေသးတယ္ ... [ Unicode ] ...
315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...