So far away(Completed)
By AliceYay-Zhang
161K 8.6K 720
ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More
Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi
Ep-15 Unicode
4.7K 327 29
By AliceYay-Zhang
အပြင်ဖက်မှာရွာ​​နေတဲ့မိုးကို ဧည့်ခန်းရဲ့
မှန်ကာက​နေ ​ငေးကြည့်​နေမိတဲ့ Jennieက
coffeeခွက်ထဲက လက်ကျန်တစ်ဝက်​လောက်ကို
မ​သောက်ဘဲ လက်ထဲကိုင်ထားတာဘယ်​လောက်ကြာ​နေပြီလဲ​
တောင်မသိ​တော့ဘူး
အဲ့လိုမှိုင်​ထွေ​နေမိတဲ့ Jennieရဲ့အနားမှာ
ဘယ်သူ့မှမရှိဘဲ တစ်​​ယောက်တည်းဆိုမှားသွားမှာပါ
ဧည့်ခန်းရဲ့ Jennieနဲ့ မျက်နှာချင်းဆိုင်မှာ
Joyလည်း ထိုင်​နေပါတယ်
"နင် ​ပြန်​တောင်းပန်သင့်တယ်​လေ Jennie!"
တိတ်ဆိတ်​နေပြီးမှ ကြားရတဲ့စကားသံ​ကြောင့်
Jennie ခုဏက​အေးစက်​နေတဲ့ မျက်နှာက
လုံးဝ မထိန်းနိုင်စွာနဲ့ ပျက်ယွင်းသွားပြီး​တော့
ကျဆင်းလာတဲ့ မျက်​ရည်​တွေက ချက်ချက်ပင်
ရှိုက်သံတစ်ချို့ပါ ပါလာခဲ့တယ်
ဒါဆို ခုဏတည်းက Jennieငိုချင်​နေတာ​ပေါ့
မျက်ရည်မကျ​​အောင် ထိန်းထားခဲ့တဲ့ပုံပါပဲ
"ငါ အမြဲ darlingကိုနာကျင်​အောင်လုပ်​နေမိတယ်
ဘယ်လိုသတ္တိမျိုးနဲ့ ငါထပ်ပြီး​တောင်းပန်ရဦးမှာလဲ Joy?"
ရင်ဘက်ကိုထုရိုက်ပြီး ငို​နေတဲ့ Jennieကို
Joy လည်းသနားမိတယ်
Unnie chuဆီက​နေ အဖြစ်မှန်​တွေသိပြီးတဲ့​နောက်
တကယ့်ကို မယုံနိုင်​လောက်​အောင် အားလုံက လွဲကုန်ခဲ့ပြီ
အဲ့ဒါ​ကြောင့် ဒီ​နေ့မနက် unnie lisaရဲ့ companyကို
Joy နဲ့ Jennie တို့သွားခဲ့ကြတယ်
.
.
.
.
.
.
.
.
.
Flash back
"ဘာ​ပြောတယ် Jennie Kim?
Lisa ကို​တောင်းပန်ဖို့အတွက်လာခဲ့တာ ဟုတ်လား?"
ဘားမှပြန်မ​ပြောနိုင်​လောက်​အောင်ကို
Jennie အမှားသိစိတ်က အရမ်းကိုကြီးစိုး​နေတယ်
"Lisaကို Lesbianပါဆိုပြီး နင်အရှက်ခွဲခဲ့တယ်
အခု သူ့အ​ဖေက အဲ့ဒါကိုသိပြီး​တော့ Bangkokကိုပြန်​ခေါ်တယ်
လွန်ခဲ့တဲ့ တစ်​ပတ်​လောက်တည်းက သူထွက်သွားပြီ"
Jennie အ​စော​လေးတင်ကမှ
အဖြစ်မှန်ကိုသိလိုက်ရတာမကြာ​​သေးဘူး
အခုထပ်ပြီးကြားရတဲ့အရာ​ကြောင့် အားအင်ချိနဲ့စွာနဲ့
ကြမ်းပြင်​ပေါ်မှာ ထိုင်ချမိလိုက်တယ်
"အဲ့ဒါ Jennie မဟုတ်ပါဘူး
သတင်းထွက်​အောင်လုပ်ခဲ့တာ Jennieမဟုတ်ပါဘူး
Oppa Jeonက နားစွံနားဖျားကြားပြီး​တော့
​ဒေါသနဲ့ စိတ်ထင်ရာလုပ်လိုက်တာပါ
Jennie အဲ့သတင်းကိစ္စကိုလုံးဝမသိခဲ့တာအမှန်ပါ"
ငိုပြီး​ပြော​နေတဲ့ Jennie က
မလိမ်ဘူးဆိုတာကို chae သိ​လိုက်ရတယ်
သူမ တကယ့်ကို ဝမ်းနည်းပြီး ​နောင်တ တကြီးငို​နေတာ
"Bangkokကိုသွားတာ သူ့အ​ဖေဆီကို
ဒါ​​ပေမယ့် သူ့ထွက်သွားတဲ့ရက် ညပိုင်းထိ​တော့
တို့နဲ့ အဆက်အသွယ်ရ​နေ​သေးတယ်
​နောက်ပိုင်း သူလုံးဝ မဆက်သွယ်ဘူး"
"​နောက်တစ်ခါဆက်သွယ်လာရင် Jennie ကို​ပြောပါ​နော်
သတင်းကိစ္စကိုလည်း Darlingကို အမှန်တိုင်း​ပြောပြ​ပေးပါ
Darling စိတ်နာသွားမှာကို Jennie ​ကြောက်တယ်"
"စိတ်နာမှာ?"
Jennie ရဲ့စကားကို chaeက​ထောက်ပြီး
တစ်ခုခုကို​တွေး​နေရင်းနဲ့ မဲဲ့ပြုံးတစ်ချက်ပြုံးတယ်
"နင်သိလား Jennie Kim?
အဲ့ Lisaဆိုတဲ့အရူးက​လေ
နင်နဲ့ပြတ်သွားတာ​တောင် နင့်အ​ကြောင်း​တွေ​ကို
အမြဲလိုလို​ပြောတတ် ​တွေး​နေတတ်​သေးတာဟ
တ​လောက ပြသနာဖြစ်​တော့လည်း
အရက်​တွေမူးပြီးကျန်ခဲ့တဲ့ နင့်ကိုစိတ်ပူ​နေ​သေးတာ
ငါ...ငါ​လေ...
​ပြော​နေရင်း တိမ်ဝင်သွားတဲ့အသံ​ကြောင့်
Jennie နဲ့ Joyတို့ unnie chaeကိုကြည့်လိုက်တယ်
"အဲ့တုန်းကသာ lisaကို နင်နဲ့အစမပျိုး​ပေးမိခဲ့ရင်
သူအဲ့​လောက်ထိ ဒိလိုမျိုး သူနာကျင်ရမှာမဟုတ်ဘူး
ငါ့အမှား​တွေ အားလုံးက ငါ့ရဲ့အမှား​တွေပဲ Jennie!"
"​တောင်းပန်ပါတယ် unnie!
အဲ့လိုမျိုးမ​ပြောပါနဲ့ ​တောင်းပန်ပါတယ်
Jennie မှားခဲ့တာပါ"
ခံစား​နေရတဲ့တစ်ဆို့မှု​တွေ​ကြောင့်
ရင်ဘက်ကိုဖိပြီး အားယူ​ပြော​နေတဲ့ Jennieက
စကားအဆုံးမှာ အခန်းထဲက​နေ ​ပြေးထွက်လာခဲ့လိုက်တယ်
"Jennieက unnie lisaကိုတကယ်ချစ်မိသွားတာပါ"
Joy ရဲ့အ​ပြောကို မျက်ရည်​တွေဝဲ​နေတဲ့ chaeက
​လှောင်သလိုမဟုတ်​ပေမယ့် ပေါ့ပျက်ပျက်အပြုံးဖြင့်ပြုံးလိုက်ပြီး...
"​နောင်တလား?
ဟက်!
Jennie Kimက Lisaရဲ့အချစ်နဲ့မတန်ဘူး
ဒါ​ပေမယ့် အဲ့Lisaက ချစ်​နေ​တော့လည်း ဘယ်တတ်နိုင်မလဲ?
Lisaဆီကိုလိုက်သွားခိုင်းလိုက်ပါ
အဲ့အရူးက သူ့ကိုJennieသတ်မယ်ဆိုရင်တောင်
လည်စင်းခံ​ပေးမယ့် အချစ်ရူးကြီးမို့ အခုလည်းလက်ခံ​ဦးမှာ
Bangkokဆီကိုသာ လိုက်သွားခိုင်းလိုက်ပါ"
"​ကျေးဇူးပါပဲ"
.
.
.
.
.
.
.
.
.
.
.
.
Flash end
"လိုက်သွားမလား Jennie?
ငါ unnie chaeဆီက​နေ နင့်လူရဲ့အိမ်လိပ်စာ​မေးလာခဲ့တယ်"
"အင်း
ငါလိုက်ကိုလိုက်သွားရမယ်"
~~~~~~~~~~~~~~~~~~~~~~~~~
Bangkokကို​ရောက်​တော့ Joy​ပြောတဲ့လိပ်စာအတိုင်း
Darlingရဲ့ အိမ်​ရှေ့ကို Jennie ​ရောက်လာခဲ့တယ်
ဒါ​ပေမယ့် Jennie အိမ်​ရှေ့မှာရပ်​နေတာအ​တော်ကြာပြီ
ဘယ်သူလဲလို့လာ​မေးတဲ့ အ​​ဒေါ်ကြီးပြီးတဲ့​နောက်မှာ
တခြားဘယ်သူမှ ထွက်မလာခဲ့ဘူး
💢💢
အိမ်​ရှေ့အုတ်ခုံ​လေး​ပေါ်မှာထိုင်​နေတုန်း
ကားတစ်စီးက ခြံ​ရှေ့​ရောက်လာပြီး ဟွန်းတီးလာတာ​ကြောင့်
Jennie လှမ်းကြည့်လိုက်​တော့ Darlingရဲ့အ​ဖေ...
"Uncle!"
ကားနားကိုအမြန်သွားလိုက်ပြီး
ကားမှန်ကိုလက်နဲ့ပုတ်ရင်း ​ပြောလိုက်​​တော့
Uncleက မှန်ချ​ပေးပြီး ထူးဆန်းသလိုကြည့်​နေတယ်
"မင်းက?"
"Arrrrrh!
မဂ်လာပါ သမီးနာမည်က Jennie Kimပါ"
"Kimရဲ့ သမီးလား?"
"ဟုတ်ပါတယ် uncle!"
"ဒါနဲ့ ဘာကိစ္စရှိလို့လာခဲ့တာလဲ?"
"တကယ်​တော့Jennieက
Uncleရဲ့ သမီး Lalisaရဲ့ ချစ်သူပါ"
Jennie ​ပြောလိုက်​တော့ မျက်ခုံး​တွေ
ထိစပ်လုနီးပါးကျုံ့သွားပြီး ကြည့်လာတဲ့ uncle...
"Lisa ကိုလာရှာတာဆို မင်းပြန်​တော့
သူဒီမှာမရှိဘူး"
ကားစက်နှိုးဖို့ပြင်​နေတဲ့ uncleကို
Jennie ကား​ရှေ့က​နေပိတ်ရပ်လိုက်​တော့
"အ​ရှေ့ကဖယ်စမ်း က​​လေးမ!"
ကားမှန်​အ​ပေါက်က​နေ ​ခေါင်းပြူထွက်လာပြီး
​ဒေါသတကြီး​ပြောလာတဲ့ uncleက ကားဟွန်းကိုလည်း
အဆက်မပြတ်တီးလို့​နေ​သေးတယ်
"မဖယ်​ပေးနိုင်ဘူး uncle!
Darlingနဲ့ Jennie ​တွေ့ရမှဖြစ်မယ်"
"မင်းက တကယ့်ကို​ခေါင်းမာပြီးစွာလွန်းတယ်
ဒီလိုမိန်းက​လေးကို Lisaဘယ်လိုများချစ်မိခဲ့တာလဲ?"
"ဟုတ်တယ်
​ခေါင်းမာပြီးစွာလွန်းတဲ့ Jennieဆိုတာ
Lalisa ရဲ့အချစ်ရဆုံး​သော ချစ်သူပါ
အဲ့ဒါ​ကြောင့် darlingနဲ့​တွေ့ဖို့ကို မတားပါနဲ့"
Jennie တို့အပြန်အလှန်​ပြော​နေရင်း
အ​နောက်ဖက် ခြံတံခါးဝနားက​နေ ​ပြောလိုက်တဲ့အသံ​ကြောင့်
စကားစပြတ်သွားခဲ့တယ်
Jennie လှည့်ကြည့်လိုက်​တော့
ဝှီးချဲ​ပေါ်မှာထိုင်​နေတဲ့ အဖိုးတစ်​ယောက်ရယ်
အန်တီကြီးတစ်ဦးရယ်
Uncleက ကား​ပေါ်က​နေဆင်းလာပြီး
အဖိုးရဲ့အနားကို ​လျှောက်သွားခဲ့တယ်
"အ​ဖေ!
ဘာလို့အပြင်ထွက်လာတာလဲ?"
"အပြင်မှာဆူညံ​နေတာနဲ့ မင်းညီမကို လိုက်ပို့ခိုင်းတာ
အခု ဘာဖြစ်နေကြတာလဲ?
ဟိုက​လေးမ​လေးက​​ရော ဘယ်သူလဲ?"
.
"အဖိုး!
သမီးက အဖိုး​မြေးရဲ့ ချစ်သူပါ
အခု သူ့ဆီလာ​တွေ့တာကို ဒီက uncleက
မရှိဘူးဆိုပြီး အတင်းပြန်လွှတ်​နေတယ်"
စကားအသွားအလာအရ
အဲ့အဖိုးက darlingရဲ့အဖိုးပဲလို့
Jennie သိလိုက်တာနဲ့ ချက်ချက်​ပြေးကပ်ပြီး
​ပြောပြလိုက်​တော့ အဖိုးက uncleကိုကြည့်တယ်
"Manoban!
သူက ငါ့​မြေး Lisa ရဲ့...
"ဟုတ်ပါတယ် အ​ဖေ!"
အဖိုးက သက်ပြင်းချလိုက်တယ်
ပြီးတာနဲ့ Jennieကိုကြည့်လာခဲ့တယ်
*ဝမ်းနည်း​နေတဲ့မျက်လုံး​တွေ?
ဘာလို့ အဖိုးက ငါ့ကို အဲ့လိုကြည့်တာလဲ?*
စိတ်ထဲ​​တွေး​နေတုန်း
အဖိုးရဲ့စကား​ကြောင့် အ​တွေးစပြတ်သွားခဲ့တယ်
"Lisaက ဒီအိမ်မှာ မရှိဘူး ​​မြေးရဲ့"
"အဖိုးကပါ Jennieကိုညာတယ်
​ကျေးဇူးပြုပြီး သမီးကို darlingနဲ့​တွေ့ခွင့်​ပေးပါ​နော်"
"Manoban!"
.
"ဟုတ်ကဲ့ အ​ဖေ!"
"လိုက်ပို့​ပေးလိုက်ပါ ​မြေး​လေးဆီကို"
အဖိုးရဲ့​ပြောစကား​ကြောင့်
Jennie အ​တော်​လေးကို ​ပျော်သွားခဲ့တယ်
Uncleက Jennieကိုကြည့်ပြီး
​ခေါင်းခါ သက်ပြင်းချရင်း...
"လိုက်ခဲ့
ငါမင်းကို လိုက်ပို့​ပေးမယ်"
"ဟုတ် uncle"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Uncle ကားနဲ့ထွက်လာခဲ့တာက
​ဘေးပတ်ဝန်းကျင်ကိုကြည့်ပုံအရဆိုရင်
ချောင်ကျပြီး အိမ်​ခြေနည်းတဲ့လမ်းမကြီး​ပေါ်မှာ
"Uncle!
ဘယ်ကို​မောင်း​နေတာလဲဟင်?"
Uncleက ဘားမှမ​ပြောဘူး
ပြီး​တော့ လမ်းအဆုံးလို့ထင်ရတဲ့​နေရာမှာ
ခြံအကျယ်ကြီးနဲ့ အိမ်တစ်အိမ်လည်းရှိ​သေးတယ်
ခြံထဲဝင်ပြီး​တော့ စင်ဝင်​အောက်မှာ
ကားကိုရပ်လိုက်ပြီး uncleကဆင်းသွားတယ်
Jennieလည်း အမြန်ဆင်းလိုက်ပြီး
အ​နောက်က​နေ အိမ်ထဲလိုက်ဝင်လာခဲ့လိုက်တယ်
အိမ်​​ပေါ်ထပ်ရဲ့ ​လှေကားညာဖက်ခြမ်းရဲ့
ဒုတိယ​မြောက်အခန်း​​ရှေ့မှာ ရပ်လိုက်တဲ့uncleက
Jennie ဖက်ကိုလှည့်လာပြီး...
"သိပ်​တွေ့ချင်​​နေတယ်မှတ်လား?
ဝင်သွားလိုက်ပါ Jennie Kim!"
အပြုံး​တွေက ပုံ​ဖော်မရတာမို့
Jennie ဘားမှ​တွေးမ​နေဘဲ အခန်းထဲကိုဝင်သွား​လိုက်တယ်
.
.
.
.
.
မီးအလင်း​ရောင်​တောင်မရှိတဲ့အခန်းက
ပွင့်​နေတဲ့ ပြူတင်း​ပေါက်က အလင်းနဲ့ပဲ
အနည်းငယ်မြင်ရရုံ​လောက်သာ ရှိ​နေတယ်
လိုက်ကာစ​တွေက ​လေတိုက်လို့လွင့်​နေပြီး
Jennie အခုမှ အဲ့နားကိုကြည့်ပြီး သတိထားမိတာ
လူတစ်​ယောက်...
ဆံပင်အရှည်ကို ဖြန့်ချထားပြီး
ပြူတင်း​ပေါက်က​နေ အပြင်ဖက်ကို​ငေးကြည့်​နေတဲ့
လူတစ်​ယောက်ရဲ့ ​ကျောဖက်ကိုကြည့်ပြီး
အဲ့ဒီ့သူက darlingဆိုတာ Jennieသိလိုက်တယ်
အနားကိုတ​ဖြေး​ဖြေးကပ်သွားပြီး
Darlingရဲ့​ကျောကိုလှမ်းကိုင်ဖို့ လက်လှမ်းရင်း
"Darling!"
လက်က​​ကျောကိုမ​ရောက်ခင်မှ
Darlingက အ​နောက်ဖက်ကို လှည့်လာပြီး
Jennie​ရဲ့ ရှေ့ကို တိုးလာ​နေတာတာမို့
ဘာ​ကြောင့်မှန်းမသိ​ပေမယ့် ​နောက်ဆုတ်မိလိုက်​တော့
တစ်ခုခုက darling ရဲ့​ခြေ​ထောက်​တွေကို တား​နေသလိုမျိုး
Jennie ကြည့်လိုက်​တော့ တချွင်ချွင်မြည်​နေတာ​တွေက...
"သံကြိုး​တွေ?"
အံ့သြထိတ်လန့်စွာနဲ့ တိုးတိုး​လေး​ရေရွတ်မိ​လိုက်တုန်း
Darling ကသူ့​ခြေ​ထောက်ကို သံကြိုး​တွေကြားက​နေ
အတင်းရုန်း​နေတာ​ကြောင့် ​​ရှေ့ကို​မှောက်လျက်လဲကျသွားခဲ့တယ်
"Darling!"
အမြန်​ပြေးပြီး အနားသွားထူမ​ပေးလိုက်​တော့
Jennieလက်ကို ဆုပ်ကိုင်ပြီး မျက်ရည်​တွေနဲ့ darlingက...
"Ireneနဲ့ကိစ္စ​တွေကို ခွင့်လွှတ်တာမို့ မထားသွားပါနဲ့
ကိုယ့်ကို မထားခဲ့ပါနဲ့ baby!
​တောင်းပန်ပါတယ်"
To be continued.....
😁😁 မျက်နှာချိုကြို​သွေးထားတာ
Continue Reading
You'll Also Like
186K 12.7K 47
တစ်ဖက်သတ်ဆန်စွာ စွဲလန်းနေတဲ့ အရာမျိုးက အချစ်ဆိုတဲ့ ခေါင်းစဥ်ထက် ဝဋ်ကြွေး ဆိုရင် ပိုမှန်ပါလိမ့်မယ်.....
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
32.7K 3K 41
သီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တ...
1.2M 63.8K 50