ေႏွာင္တြယ္ရစ္ေသာ...ၾကိဳး💕...

By pkchan1998

766K 67.7K 2.2K

BL(1.9.2020) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 (Warning🔥)
Part 29
Part 30
Part 31
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End

Part 19

18.2K 1.8K 87
By pkchan1998


🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺

"ေကာင္းကင္ သူေ႒းမင္းကိုေခၚေနတယ္"

"ဟုတ္ က်ေနာ္သြားလိုက္မယ္ဗ်"

ေနျပန္ေကာင္းျပီမို႔ အလုပ္ျပန္ဆင္းတာ သံုးရက္ပင္ရွိျပီျဖစ္သည္။
မင္းအနားျပန္လာမည္ဟုေျပာသြားသည့္အကိုလဲ ေရာက္မလာသလို ဖုန္းေလးေတာင္ တစ္ခ်က္ေခၚမလာခဲ့။
ဒီေန႔ေတာ့ ကုမၼဏီကိုေရာက္လာသည္မို႔ အလြမ္းေျပေငးၾကည့္မိေသးသည္။

ေကာင္းကင္ကိုျမင္ပံုမရသည့္အကိုကေတာ့ သူေ႒းရံုးခန္းစီတမ္းဝင္သြားခဲ့သည္။
အကိုရွိေနသည့္အခ်ိန္မွာ ေခၚသည္မို႔ မသြားခ်င္ေသာ္လည္း သူေ႒းေခၚတာဆိုေတာ့ မသြားလို႔လဲမျဖစ္ေပ။

"သူေ႒း ေခၚတယ္ဆိုလို႔ပါဗ်"

"ဝင္လာခဲ့ေကာင္းကင္"

ေကာင္းကင္ရံုးခန္းထဲဝင္လာခဲ့ျပီး သူေ႒းနဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည့္ အကို႔စီအၾကည့္ေရာက္မိသည္။
ခါတိုင္းေတြ႔ေနက် အၾကည့္မ်ိဳးႏွင့္သာျပန္ၾကည့္လာသည္။
စိမ္းကားစြာေျပာင္းလဲသြာတာမ်ိဳးေတာ့မရွိ။
ပါးစပ္ကသာ အကို႔ကိုအေဝးႏွင္မိပါေသာ္လည္း တကယ္တမ္းထြက္သြားမွာကိုေတာ့ ေကာင္းကင္ေၾကာက္ပါသည္။

"ထိုင္အံုးေကာင္းကင္"

"ရပါတယ္ သူေ႒း ဒီတိုင္းေျပာပါ"

"ထိုင္ပါေကာင္းကင္ရယ္
မင္းကိုဘယ္သူမွ ကိုက္မစားပါဘူး"

"အာ……အဲ့လိုမဟုတ္ပါဘူးဗ်"

"လာထိုင္ ဒီနား"

"အေမ့……"

လက္ကိုဆြဲကာ ေဘးနားထိုင္ခိုင္းသည့္အကို႔ေၾကာင့္
လန္႔ျဖတ္သြားရသည္။
သူေ႒းေရွ႕မွာေတာင္ အကိုကနည္းနည္းမွဂရုစိုက္ပံုမရ။

"ကိုကိုေျပာလိုက္ေလ"

ဘာေျပာမလဲဆိုျပီး ေကာင္းကင္ရင္တထိတ္ထိတ္ေစာင့္ေနရသည္။
အကိုနဲ႔ပတ္သက္ျပီးတစ္ခုခုသိလို႔ သူေ႒းကေျပာမွာမ်ားလား။
ကိုယ့္အေတြးနဲ႔ကိုယ္ပင္သိမ္ငယ္လာရျပန္သည္။

"ေကာင္းကင္ ကိုယ္အကူညီေတာင္းစရာရွိလို႔ပါ
အလုပ္ရွင္တစ္ေယာက္မေနနဲ႔မဟုတ္ဘဲ အသိမိတ္ေဆြတစ္ေယာက္အေနနဲ႔ပါ"

"ဟုတ္ ေျပာပါသူေ႒း"

"ဒီလိုပါ အခုရက္ပိုင္ အဖြားကက်န္းမာေရးသိပ္မေကာင္းဘူး
အနီးကပ္ဂရုစိုက္ေပးမဲ့သူတစ္ေယာက္ေလာက္လိုေနတာ
ကိုယ့္အမ်ိဳးသမီးကလဲသူ႔အလုပ္ကိုလႊဲလို႔မရေတာ့ အဖြားနားဂရုစိုက္ေပးဖို႔ အဆင္မေျပဘူးေလ အဲ့ဒါေကာင္းကင္ကို တစ္လေလာက္ အဖြားကို ဂရုစိုက္ေပးဖို႔အကူအညီေတာင္းခ်င္တာ ျပီးရင္ကုမၼဏီမွာပဲျပန္လုပ္ရမွာပါ"

"အဲ့ဒါကသူေ႒း က်ေနာ္ကေဆးပညာလဲမသိေတာ့ အဆင္မေျပေလာက္ဘူးဗ် အသက္ၾကီးတဲ့သူေတြကို က်ေနာ္တခါမွ ျပဳစုမေပးဖူးဘူး"

"ေကာင္းကင္ကလဲ လူၾကီးေတြက အသက္ၾကီးလာရင္
ကေလးျပန္ျဖစ္သြားၾကတယ္ေလကြာ ေကာင္းကင္က သမီးေလးကို
ဂရုစိုက္လာခဲ့ေတာ့ လုပ္နိုင္မွာပါ ကိုယ္တို႔ကိုကူညီပါေနာ္"

အကိုကဝင္ေျပာလာသည္။
အကူညီေတာင္းသည္မွန္ေသာ္လည္း ေဒၚမိုးျမင့္နိုင္ႏွင့္ အနီးကပ္ေနဖို႔အေရး ေကာင္းကင္ေၾကာက္သည္။
အေဝးကျမင္ရတာေတာင္ ရွိန္ေနရသည္မဟုတ္လား။

"ဟုတ္ပါတယ္ ေကာင္းကင္ ျဖစ္နိုင္ရင္ ကူညီေစခ်င္ပါတယ္
အားနာေပမဲ့ ခန္႔တည္က မင္းဆိုအဆင္ေျပေလာက္တယ္ေျပာတာနဲ႔ အကူညီေတာင္းရတာပါ"

ဒါဆို အၾကံေပးသူဟာအကိုေပါ့။
အကိုဘာေတြလုပ္ဖို႔ စဥ္းစားေနတာတဲ့လဲ။
အေဝးသြားခိုင္းမွ အနီးကိုဆြဲေခၚေနသည့္ အကိုက တကယ္ကိုမလြယ္လွ။

"စိတ္ခ်ပါ ေကာင္းကင္လုပ္အားခကိုလဲ အခုထက္ပိုေပးမွာပါ
အလုပ္ခ်ိန္လဲမေက်ာ္ေစရဘူး"

"အာ…အဲ့လိုမဟုတ္ပါဘူးသူေ႒း
အဲ့ကိစၥေတြ က်ေနာ္မေတြးပါဘူးဗ်
ကူညီပါ့မယ္ တစ္လေလာက္ပဲမဟုတ္လားဗ်"

"အင္း တစ္လေလာက္ပါပဲ ေက်းဇူးတင္ပါတယ္ေကာင္းကင္"

"ဟုတ္ တစ္လေလာက္ေတာ့ က်ေနာ္ၾကိဳးစားေနပါ့မယ္ဗ်"

ေက်နပ္စြာျပံဳးသြားသည့္ အကို႔မ်က္ႏွာကို ေဘးတိုက္ျမင္ေနရသည္။
အကိုက တကယ္လူလြန္းက်လြန္းတာပဲ။

"ဒါဆိုက်ေနာ္သြားလို႔ရျပီလားဗ်"

"အင္း ရျပီေကာင္းကင္ မနက္ျဖန္ပဲ အိမ္ကိုသြားလို႔ျဖစ္တယ္မဟုတ္လား"

"ဟုတ္ က်ေနာ္အိမ္ေတာ့မသိဘူးဗ် လိပ္စာေလးျဖစ္ျဖစ္"

"ကိုယ္လာေခၚမယ္"

"ဗ်ာ……"

ျငိမ္ေနသည့္ အကိုကထေျပာလာသည္။
ေကာင္းကင္ကို လိပ္ျပာလႊင့္ေစခ်င္ေနတာမ်ားလား။

"ကိုယ္လာေခၚမယ္ မနက္တိုင္း
ျပန္လဲျပန္ပို႔ေပးမယ္"

"ရပါတယ္ဗ် က်ေနာ့္ဘာက်ေနာ္လာပါ့မယ္
လိပ္စာပဲေပးပါဗ်"

"အၾကီးစကားကိုနားမေထာင္ဘူးလားေကာင္းကင္
ကေလးလဲမဟုတ္ဘဲနဲ႔"

"ဗ်ာ……က်ေနာ္က ေဒါက္တာ အလုပ္ပိုမွာစိုးလို႔ပါ
သူေ႒း ေျပာပါအံုးဗ်"

"ခန္႔တည္ေျပာသလို လက္ခံလိုက္ပါ
ေကာင္းကင္လဲ ကားခသက္သာတာေပါ့
မဟုတ္လဲ ……ထားပါေတာ့ သြားေတာ့ေလေကာင္းကင္"

"ဟုတ္ကဲ့ဗ်"

ေကာင္းကင္ စိတ္ညစ္ညစ္နဲ႔သာရံုးခန္းထဲကထြက္ခဲ့ရသည္။

ရံုးခန္းထဲက်န္ခဲ့သည့္ ခန္႔တည္ကေတာ့ အျပံဳးတို႔ေဝေဝဆာလို႔။
မင္းရန္နိုင္ကေတာ့ ညီျဖစ္သူကို ၾကည့္ကာရင္ေမာေနရသည္။
ခန္႔တည္ေျပာသည့္ကိစၥေတြက ယံုခ်င္စရာမရွိေသာ္လည္း
ကေလးက ခန္႔တည္နဲ႔တူတာကိုေတာ့ မင္းရန္နိုင္ေတြ႔စကတည္းကသတိထားမိသည္။

"ေက်းဇူး ကိုကို"

"ငါအခုထိ မယံုေသးဘူးေနာ္ခန္႔တည္
မင္းတစ္ခုခုမ်ားမွားေနလားကြာ"

"မမွားဘူး တကယ္ပါဆုိ ေနာက္မွ က်ေနာ္သမီးကိုDNAစစ္ျပမယ္
ျမတ္ဘုန္းလဲသက္ေသရွိတယ္ က်ေနာ္ကညာေျပာပါ့မလား"

"အဖြားသိရင္ ဘယ္လိုမွလက္ခံမွာမဟုတ္ဘူးေနာ္ခန္႔တည္"

"အဲ့ဒါေၾကာင့္ အဖြားလက္ခံနိုင္ေအာင္
ေကာင္းကင္ကို အနီးကပ္ထားတာေလ
ေကာင္းကင္ကို အဖြားသံေယာဇဥ္ရွိသြားရင္ ထင္သေလာက္ဆိုးမွာမဟုတ္ပါဘူး"

"မိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ဖို႔ေတာင္
အမ်ားၾကီးေရြးခ်ယ္တဲ့အဖြားက ေယာက်ာ္းေလးတစ္ေယာက္ကိုလက္ခံေပးဖို႔က ငါေတာ့ မထင္ဘူး"

"ဒါေပမဲ့လဲ က်ေနာ္ေနာက္ဆုတ္လို႔မရဘူးကိုကို
က်ေနာ့္မွာသမီးေလးရွိတယ္ ျပီးေတာ့ ေကာင္းကင္ကိုလဲ က်ေနာ္ခ်စ္တယ္"

"ဟင္း……ေဖေဖ့ကိုေရာ ေျပာျပီးျပီလား"

"ဒီတစ္ပတ္သြားေတြ႔ရင္ေတာ့ ဖြင့္ေျပာမလို႔ဘဲ"

"ေဖေဖကေတာ့ လက္ခံမွာပါ  ေဖေဖ့အမ်ိဳးသမီးကေရာ
ပိုက္ဆံေတာင္းေသးလားမင္းစီ"

"ျပီးခဲ့တဲ့လကေတာ့ အငယ္ေလးေက်ာင္းစရိတ္ေပးထားခဲ့ေသးတယ္ ေတာင္းေတာ့မေတာင္းပါဘူး က်ေနာ္တို႔ကို အားနာေနပံုပဲ"

ေဖေဖသည္ေနာက္အိမ္ေထာင္ႏွင့္ ကေလးတစ္ေယာက္ရွိသည္။
ကိုးတန္းတက္မည္မို႔ ေက်ာင္းစရိတ္နည္းနည္းေတာ့ အခက္အခဲျဖစ္သည္။
ခန္႔တည္တို႔ညီကိုႏွစ္ေယာက္စီကေတာ့ တခါမွပိုက္ဆံမေတာင္းေပ။
ေဖေဖ့အမ်ိဳးသမီးသည္လဲ ခန္႔တည္တို႔ညီကိုႏွစ္ေယာက္ကို မေစာင့္ေရွာက္နိုင္ခဲ့ေတာ့ စိတ္မေကာင္းျဖစ္ေနပံုရသည္။
ေဖေဖနဲ႔ထိုအမ်ိဳးသမီးအျပစ္မွမဟုတ္ဘဲ။

အဖြားကေတာ့ ေဖေဖ့ကိုမုန္းတာမို႔ ေဖေဖနဲ႔ပတ္သက္သမ်ွကို လွည့္ေတာင္မၾကည့္။
ခန္႔တည္တို႔ကသာ အဖြားကိုအသိမေပးဘဲ ညီကိုႏွစ္ေယာက္
ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေဖေဖစီ တစ္ေယာက္တစ္လသြားေတြ႔ရင္း
တက္နိုင္သေလာက္ေထာက္ပ့ံခဲ့သည္။
ဘယ္လိုပဲျဖစ္ျဖစ္ မိသားစုပဲမဟုတ္လား။
…………………………………………

ေျပာစရာရွိသည္ဆိုျပီး ဖုန္းဆက္လာသည့္ ျမတ္ဘုန္းသန္႔ေၾကာင့္
ၾ္ကယ္စင္ေက်ာင္းကအျပန္တြင္ လမ္းထိပ္မုန္႔ဆိုင္၌ေစာင့္ေနလိုက္သည္။

"အမၾကယ္စင္"

"နင္ကလဲေနာက္က်လိုက္တာ ငါကမေစာင့္ဘဲျပန္ေတာ့မလို႔"

"က်ေနာ္လာခါနီး လူနာၾကည့္ေနလိ႔ုပါဗ်ာ"

"ေျပာ ဘာေျပာစရာရွိတာလဲ"

"ကိုခန္႔သိသြားျပီဗ်"

"ဘယ္ဟာကိုတုန္း"

"ေကာင္းကင္ ကေလးကိစၥ ျပီးေတာ့ ကိုခန္႔ကေကာင္းကင္ကိုဖြင့္ေျပာထားတယ္"

"ဟဲ့ နင္ေျပာတာ ေဒါက္တာကငါ့တူမကို သူ႔သမီးမွန္းသိသြားတာလား"

"ဟုတ္တယ္ ဒါမဲ့ေကာင္းကင္ကိုမေျပာနဲ႔ေနာ္အမ
ကုိခန္႔ကသူ႔ဘာသူၾကိဳးစားမယ္တဲ့"

"ေျပာလိုက္ျပီးေနတာကို အဲ့ဒါမွေကာင္းကင္က လက္ခံေလာက္မွာ"

"မေျပာနဲ႔ဆိုမွေတာ့ မေျပာယံုေပါ့ဗ်ာ အမမုန္႔မမွာဘူးလား
မွာေလ က်ေနာ္ေက်ြးပါ့မယ္"

"မမွာေတာ့ဘူး…လို႔ေနတာ နင္ေက်ြးမွာဆိုေတာ့ မွာလိုက္မယ္"

ျမတ္ဘုန္း မ်က္ႏွာရံႈ႕မဲ့သြားရသည္။
မသိလို႔…အမၾကယ္စင္က ေက်ာင္းတက္တုန္းကလဲ အခုလိုႏွေျမာတာပဲ။

"အမ အိမ္ကိုေျခလ်င္ျပန္မွာလား"

"အင္း နီးနီးေလးပဲကို"

"အဲ့ဒါဆိုလဲ လိုက္မပို႔ေတာ့ပါဘူး"

"ဟယ္ နင္ကလဲ လိုက္ပို႔ ေမးတုန္းကေမးျပီး"

"ေမးတာက လိုက္ပို႔ဖို႔မွမဟုတ္တာ ဒီတိုင္းသိခ်င္လို႔ေလဗ်ာ"

"ေသနာေလး ရွင္းလိုက္မုန္႔ဖိုး ငါျပန္ျပီ
ဘာမွလဲ အေရမရ အဖက္မရ ဒါေလးေျပာခ်င္တာကို
ဖုန္းထဲကေျပာလိုက္ျပီးေနတဲ့ကိစၥ"

"ေအာ္ ဖုန္းထဲကေျပာရင္ အမကိုမေတြ႔ရဘူးေလဗ်ာ"

ဆိုင္ထဲကထြက္သြားသည့္ အမၾကယ္စင္ကေတာ့ ျမတ္ဘုန္းစကားကိုၾကားမသြားပါ။
ျမတ္ဘုန္းအျဖစ္ကလဲ သိပ္ေတာ့အဆင္မေျပလွပါဘူး။
ေနာက္ဆံုးႏွစ္ကတည္းက သေဘာက်ခဲ့တဲ့ အမၾကယ္စင္ကို
ဖြင့္ေျပာမယ္ၾကံတိုင္း သူကဟိုတစ္ေယာက္သေဘာက်တယ္ေျပာလိုက္ ဒီတစ္ေယာက္သေဘာက်တယ္ျဖစ္လိုက္ဆိုေတာ့ အခုထိ ရင္ထဲသိမ္းထားရတုန္း။
ေကာင္းကင္ကေတာ့ ေျပာဖူးပါတယ္ ငါ့အမကိုေတာ္ယံုဘယ္ေယာက်ာ္းမွ စိတ္ဝင္စားမွာမဟုတ္ဘူးတဲ့။

အမကိုလိုခ်င္ေတာ့ ေယာက္ဖကို မျငီးမျငဴကူညီေပးေနရတာ အခုထိ။
ဒါလဲ အလုပ္ေတာ့မျဖစ္ပါဘူး။
ေကာင္းကင္ကသာ ကေလးတစ္ေယာက္ရသြားတာ ျမတ္ဘုန္းကအခုထိ ဖြင့္မေျပာရေသး။

"ဟိတ္ေကာင္"

"ဟမ္……ေယာက္ဖ"

"ဘာေျပာလိုက္တာ"

"ေကာင္းကင္ အခုမွျပန္လာတာလား အလုပ္က"

မွားျပီးေယာက္ဖေခၚလိုက္မိတာကို ေလ်ာခ်လိုက္ရသည္။

"မင္းကဘာလုပ္ေနတာလဲ ဒီမုန္႔ကေရာ ဘယ္သူစားသြားတာလဲ
မင္းစားတာေတာ့ မဟုတ္ဘူး"

"မင္းအမစားသြားတာ ခုနက လမ္းၾကံဳေတြ႔လို႔"

"ေအာ္ အိမ္လိုက္ခဲ့အံုးေလ ေရာက္လက္စနဲ႔"

"မလိုက္ေတာ့ဘူး ေနာက္မွအလည္လာမယ္
မုန္႔ဝယ္မလို႔လား ကေလးအတြက္"

"အင္း"

"မင္းမ်က္ႏွာက သိပ္မလန္းသလိုပဲ ျပန္ဖ်ားေနတာလား"

"မဟုတ္ပါဘူး ဒီတိုင္းကိစၥေလးရွိလို႔"

"ေအာ္……ငါၾကားျပီးျပီ ကိုခန္႔မင္းကိုဖြင့္ေျပာတဲ့အေၾကာင္း
မင္းလဲၾကိဳက္ရဲ႕သားနဲ႔ မူမေနနဲ႔ေတာ့"

ေကာင္းကင္က မ်က္လံုးေစြၾကည့္လာသည္။

"ငါလက္ခံလို႔မရဘူးဆိုတာ မင္းလဲသိရက္သားနဲ႔"

"ကိုခန္႔ကလက္ေလ်ွာ့မယ္ထင္လို႔လား"

"ငါ့အေၾကာင္းေတြသိသြားတာေတာင္ သူကေတာ့ ခ်စ္နိုင္ပါတယ္တဲ့
ငါအားနာလြန္းလို႔ ေသေတာ့မယ္"

"အဲ့ဒါဆိုျပန္ၾကိဳက္လိုက္ေတာ့ေလ"

"အဲ့ေလာက္လြယ္ရင္ ငါ့ဘက္ကေတာင္စဖြင့္ေျပာခဲ့ျပီေပါ့
ျမတ္ဘုန္းရာ အခုက………ဟူး……ေဒၚမိုးျမင့္နိုင္ကိုငါသြားျပဳစုရအံုးမယ္ကြာ နဂုိကမွ ေၾကာက္ပါတယ္ဆို……သူတို႔အိမ္အထိသြားရမွာ
ငါလိပ္ျပာေတာင္လြင့္မတက္ဘဲ ျပီးေတာ့ အကိုကအေၾကာက္လဲမရွိဘူး"

"ဘာအေၾကာက္မရွိတာလဲ"

"ေဒၚမိုးျမင့္နိုင္ေရွ႕ မေတာ္တေရာ္ေတြလာလုပ္မွာစိုးတာ"

"မဟုတ္မွ မင္းတို႔ဟိုကိစၥေတြျဖစ္ျပီးသြားတာလား"

ျမတ္ဘုန္းကိုယ့္ပါးစပ္ကိုပင္ျပန္အုပ္လိုက္မိသည္။
ကိုခန္႔အဲ့ေလာက္အထိသြက္လိမ့္မယ္ထင္မထားခဲ့။

"ဟာကြာ မင္းေျပာမွ ၾကီးကုန္ျပီ ငါေျပာတာအဲ့လိုသေဘာမဟုတ္ဘူး လက္လာဆြဲတာတို႔ သူ႔ေဘးထိုင္ခိုင္းတာတို႔ေျပာတာ"

"ဟူး……ငါလန္႔သြားတာပဲ……
အိမ္သြားျပီး ကိုခန္႔အဖြားစီေနရမွာဆိုေတာ့……"

"ဘာျဖစ္လဲ သူေ႒းေျပာတာကေတာ့
အဖြားကက်န္းမာေရးမေကာင္းလို႔တဲ့"

"ငါထင္တာမွန္မွာပါ…သိပ္လဲမေၾကာက္ပါနဲ႔
မင္းကမဟုတ္တာလုပ္ေနတာမွမဟုတ္ဘဲ
ကိုယ့္အလုပ္ကိုလုပ္တာပဲေလ ကိုခန္႔လဲ သူ႔အိမ္မွာေတာ့ ဆင္ျခင္မွာပါ"

"ငါေၾကာက္တယ္ျမတ္ဘုန္း"

"ဘာေၾကာက္ျပန္တာလဲ ေကာင္းကင္ရာ"

"အကိုက ကေလးရဲ႕အေဖကို သိခ်င္ေနတာ
သူစံုစမ္းရင္ ငါ့သမီးရဲ႕အေဖကဘယ္သူဆိုတာ သိသြားနိုင္လား
ငါတကယ္စိုးရိမ္တယ္"

ျမတ္ဘုန္းမွာ စိုးရိမ္လြန္ေနသည့္ ေကာင္းကင္ကိုသနားလဲသနားရသည္။
တစ္ေယာက္ထဲဘာမွမသိဘဲ ပူပန္ေနရသည္မဟုတ္လား။

"စိတ္မပူပါနဲ႔ အဲ့ကိစၥကငါနဲ႔မင္းပဲသိတာပါ
ငါမေျပာရင္ဘယ္သူမွမသိပါဘူး"

"အင္း မပူနဲ႔ဆိုေပမဲ့ တကယ္လို႔မ်ား အဲ့ဒီလူကငါ့ကိုရွာေတြ႔သြားရင္ေရာ ဘယ္လိုလုပ္မလဲ"

"ရွာေတြ႔လို႔လာေခၚရင္လိုက္သြား
မင္းကိုခန္႔ကိုျပန္မခ်စ္ရဲတာ ဒါေၾကာင့္လဲပါတယ္မဟုတ္လား"

"ပါတယ္ဆိုေပမဲ့ နည္းနည္းပါ
ျပသနာေတြျဖစ္လာရင္ ၾကားကအကိုသိကၡာက်မွာပဲစိုးတာ
စင္းလံုးေခ်ာမဟုတ္တဲ့ ငါ့ဘဝကိုေတာ့ အကို႔စီမအပ္နိုင္ဘူးျမတ္ဘုန္းရာ ေရြးစရာမရွိရင္ ငါအဲ့လူကိုယူလိုက္မွာ အကို႔ကိုေတာ့ ဒီတိုင္းေလးပဲေအးေအးေဆးေဆးေနေစခ်င္တာ"

ျမတ္ဘုန္းရယ္ခ်င္ေသာ္လည္း မရက္ပါ။
ေကာင္းကင္က ခ်စ္တက္လြန္းသည္မဟုတ္ပါလား။
ကိုခန္႔ကိုခ်စ္လြန္းလို႔သာ အဘက္ဘက္ကေတြးျပီး
တစ္ေယာက္ထဲ ပူေဆြးေနရွာတာ။
ေကာင္းကင္ရဲ႕ခ်စ္ျခင္းက ရယူလိုျခင္းမဟုတ္ခဲ့။
ဖူးစာကံအေၾကာင္းဖန္ရင္ေတာ့ ဘယ္လိုပဲေရွာင္ဖယ္ပါေစ
ဆံုကိုဆံုလိမ့္မည္။
…………………………………………………

မင္းရန္နိုင္ အခန္းထဲဝင္လာေတာ့ ဖုန္းသံုးေနသည့္ၾကည္ႏူးက
ခ်က္ခ်င္းပင္ေစာင္ျခံဳ၍ တဖက္လွည့္သြားသည္။
ေႏြးေထြးသည္ဟုေခါင္းစဥ္တပ္မရေသာ္လည္း ေအးစက္သည္မဟုတ္ခဲ့သည့္ အိမ္ေထာင္ေရးက အခုေတာ့ ဆန္႔က်င္ဘတ္တခ်ိဳ႕ရွိလာခဲ့သည္။

တေန႔က စကားမ်ားထားၾကျခင္းေၾကာင့္ ၾကည္ႏူးက မင္းရန္နိုင္ကို စကားမေျပာေပ။
မနက္ဆိုလဲ သူမကိုယ္တိုင္ကားေမာင္း၍ အလုပ္ကိုသြားသည္။
စကားမ်ားၾကသည့္ေန႔မွာပင္ သူမအိမ္ကေနကားယူလာခဲ့သည္။
မနက္စာလဲ အိမ္မွာမစားသလို ညေနစာလဲ အျပင္ကေနသာစားလာတက္သည္။

ၾကည္ႏူးမိဘေတြစီက ဘာစကားသံမွျပန္မၾကားရတာမို႔
ႏွစ္ေယာက္ကေတာက္ကဆျဖစ္တာကို သိဟန္ေတာ့မတူ။
အဖြားကလဲ မင္းရန္နိုင္တို႔ အဆင္မေျပတာသိေပမဲ့
ဘာမွဝင္မစြတ္ဖက္ေပ။

အိပ္ယာတစ္ဖက္ျခမ္းတြင္ ဝင္မအိပ္ေသးဘဲ သူမဘက္ကိုေလ်ွာက္သြားကာ ငံု႔ၾကည့္ေတာ့ တစ္ခ်က္သာျပန္ၾကည့္လာျပီး
မ်က္လံုးမွိတ္သြားသည္။

"ၾကည္ႏူး ကိုယ့္ကိုစိတ္ဆိုးေနတုန္းလား"

"အဲ့ေမးခြန္းေမးဖို႔ မလိုအပ္ဘူးထင္တယ္
စိတ္ဆိုးခ်င္ရင္ေတာင္ ၾကည္ႏူးဘက္ကစိတ္ဆိုးပိုင္ခြင့္မရွိဘူးမို႔လား"

"ဘာလို႔မရွိရမွာလဲ ၾကည္ႏူးက ကိုယ့္မိန္းမပဲဟာ
စိတ္ဆိုးခြင့္ရွိတာေပါ့"

"ဒါဆိုၾကည္ႏူးစိတ္ဆိုးတယ္
ရွင္ေခ်ာ့ခြင့္ရွိမရွိကို ရွင့္အဖြားစီအရင္သြားေမးလိုက္ပါအံုး"

"ၾကည္ႏူးရယ္ ဘာလို႔စကားကို အဲ့လိုေျပာေနရတာလဲ"

"ျဖစ္ေနတာကိုေျပာတာပါ
ရွင့္အတြက္ ရွင့္အဖြားက အေရးပါဆံုးေလ
သူမၾကိဳက္တာလုပ္တယ္ဆိုျပီး အျပစ္ျမင္ေနမွာစိုးလို႔"

"ဟင္း……ကိုယ္ေတာင္းပန္တယ္
ကိုယ္နည္းနည္းလြန္သြားတယ္"

"ၾကည္ႏူးစိတ္ကို နားမလည္သေရြ႕ေတာ့ ရွင့္အလြန္ခ်ည္းပဲျဖစ္ေနအံုးမွာ"

"ကိုယ္နားလည္ဖို႔ၾကိဳးစားေနပါတယ္"

"ရွင္နဲ႔က်မ ကြာရွင္းၾကရင္ေတာင္ နားလည္မယ္မထင္ဘူး"

"ၾကည္ႏူးေတာ္ေတာ့ကြာ
ဘယ္လိုစကားေတြေျပာေနတာလဲ ဘယ္သူကကြာရွင္းမယ္ေျပာေနလို႔လဲ"

"ျဖစ္လာနိုင္တာေတြ ၾကိဳျမင္ေနလို႔ေလ"

"ဟုတ္ျပီအိမ္ခြဲေနဖို႔ ကိုယ္အဖြားကိုေသခ်ာေျပာပါ့မယ္
အခုေတာ့ မျဖစ္နိုင္ေသးဘူး ခန္႔တည္အိမ္ေထာင္က်မွ သူ႔ကိုအိမ္မွာ
ေနခိုင္းျပီး ကိုယ္တို႔အိမ္ခြဲၾကမယ္ ေနာ္ ဒီၾကားထဲ ၾကည္ႏူးကသီးခံေပးေလေနာ္ အဖြားက အသက္ၾကီးျပီ တစ္ေယာက္ထဲထားလို႔မျဖစ္တာ ၾကည္ႏူးလဲသိရက္သားနဲ႔"

"အဲ့ဒါအတူတူမ်ား ရွင့္ကိုမိန္းမယူခိုင္းေနေသးလား
ေျမးေတြကို တစ္သက္လံုးလူပ်ိဳၾကီးလုပ္ခိုင္းျပီး အနားမွာထားသင့္တာ"

"ေအာ္ ကိုယ့္မိန္းမရယ္
မ်ိဳးဆက္ဆိုတာရွိေသးတယ္ေလကြာ ကဲ အခုစိတ္ဆိုးေျပျပီလား"

"မေျပဘူး……"

"ၾကည္ႏူး ကိုယ္တို႔ကေလးယူရေအာင္"

"ကိုယ့္အိုးကိုယ့္အိမ္နဲ႔ျဖစ္ရင္ယူမွာ အခုေတာ့ အဲ့ကိစၥလာမေျပာနဲ႔"

"ဘာလို႔လဲ ကေလးယူရင္ အဖြားကအရမ္းေပ်ာ္မွာ"

တရားနည္းလမ္းက်ဖို႔ေကာင္းလြန္းေနပါေရာလား ကိုမင္းရန္နိုင္ရယ္။
ဘယ္ကိစၥျဖစ္ျဖစ္အဖြားအတြက္ခ်ည္းပါပဲလား။
အဲ့ဒီအဖြားဆိုတာေၾကာင့္ပဲၾကည္ႏူးကေလးမယူခ်င္ေသးတာေတာ့ သိဟန္ပင္မတူ။
အခုအခ်ိန္မွာေတာင္ ဘာတစ္ခုမွကိုယ့္စိတ္ၾကိဳက္ေနခြင့္မရွိတာ။
သူ႔ေျမးကိုလက္ထပ္ထားတာတစ္ခုထဲနဲ႔ အကုန္သူ႔သေဘာက်လုပ္ခ်င္ေနတာေလ။
ကုမၼဏီႏွစ္ခုပူးေပါင္းတားတဲ့projectမွာေတာင္ ၾကည္ႏူးတို႔ကုမၼဏီဘက္က ဘာမွဝင္ပါလို႔မရခဲ့ဘူး။
ကေလးသာရွိၾကည့္ပါလား သူ႔ေျမးေသြးသားကိုလြယ္ထားရတာမို႔
သူ႔အရိပ္ေအာက္မွာပဲ ေနရမယ္ဆိုျပီးျဖစ္လာအံုးမွာ။
ၾကည္ႏူးကို ကုမၼဏီမွာ မထားဘဲ အိမ္မွာပဲ အိမ္ရွင္မလုပ္ျပီး
သူ႔သေဘာက် ေနေစခ်င္တာ ၾကည္ႏူးမသိဘဲေနပါ့မလား။
မိန္းမဆိုျပီး ထမင္းဟင္းပဲခ်က္ေနရမဲ့ ေခတ္ကာလမွမဟုတ္ဘဲ။

ဘဝေရွ႕ေရးျပည့္စံုဖို႔က ေဒၚမိုးျမင့္နိုင္အရိပ္ရွိယံုနဲ႔ရသည္မွမဟုတ္ဘဲ။
……………………………………………

"သားငယ္ေကာင္းကင္ အလုပ္သြားမွာမဟုတ္ဘူးလား
အဝတ္စားကဘယ္လိုျဖစ္တာလဲ"

ကုမၼဏီအဝတ္စားမဟုတ္ဘဲ တျခားဟာဝတ္ထားသည္မို႔
မနက္စာစားေနသည့္ ေမေမကေမးလာသည္။

"သားအလုပ္ခဏေျပာင္းရမွာမို႔ေမေမ"

"ဘာအလုပ္လဲသား သားတို႔ကုမၼဏီကထြက္လိုက္တာလား"

"မဟုတ္ပါဘူးေမေမ သူေ႒းအဖြားက်န္းမာေရးမေကာင္းလို႔
ဂရုစိုက္ေပးဖို႔အကူအညီေတာင္းလို႔ပါ အဲ့ဒါကလဲ ခဏပါပဲ"

ေခါင္းေထာင္ၾကည့္လာသည့္ ၾကယ္စင့္ကိုဘာလဲဆိုျပီးေမးဆက္ျပေတာ့ မေခ်မငံျပံဳးျပကာေခါင္းယမ္းသည္။
ၾကယ္စင္ဘာေတြးေနျပီလဲ ေကာင္းကင္သိသည္။

"ေအာ္ အိပ္ယာထဲလဲေနတဲ့အထိေတာ့မဟုတ္ဘူးမို႔လားသား"

"အဲ့လိုမဟုတ္ပါဘူးေမေမ……သြားနိုင္လာနိုင္ပါပဲ
သူေ႒းတို႔ညီကိုႏွစ္ေယာက္ အလုပ္မအားေတာ့ အဖြားကတစ္ေယာက္ထဲျဖစ္ေနလို႔တဲ့ ေဆးတို႔ဘာတို႔ ပံုမွန္တိုက္ေပးဖို႔ သားကိုေခၚတာပါ"

"ေအးပါ နားရက္ေတာ့ရွိတယ္မို႔လားသားငယ္"

"ဟုတ္ ကုမၼဏီမွာလိုပဲေမေမ သူေ႒းအားရက္ဆို သားသြားစရာမလိုဘူး"

"ဟဲ့ ေကာင္းကင္ နင္ကအဲ့အိမ္သြားရမွာဆိုေတာ့ ေဒါက္တာ့ကိုေန႔တိုင္းေတြ႔ရမွာပဲေနာ္ ငါ့တူမေလးေတာ့ အားက်ေနမွာပဲ"

သေဘာတရားမ်ားစြာပါသည့္ ၾကယ္စင့္စကားေၾကာင့္
ေကာင္းကင္ မလံုမလဲႏွင့္ ေဖေဖနဲ႔ေမေမကိုၾကည္မိေသးသည္။
သမီးငယ္ကလဲ အလယ္ကေန တစ္ခုခုကိုစဥ္းစားေနဟန္ရွိသည္။
သမီးငယ္လိုက္ခ်င္တယ္မေျပာေစရန္သာ ဆုေတာင္းလိုက္မိသည္။

"ဦးဦးေဒါက္တာနဲ႔ေန႔တိုင္းေတြ႔ရမွာဆို သမီးလဲလိုက္မယ္ေဖေဖ"

သမီးငယ္က ေကာင္းကင္အတြက္ ဘုရားေပးတဲ့ဆုလာဘ္ေလးမို႔
အခုဆုေတာင္းကိုေတာ့ ျဖည့္ဆည္းေပးခ်င္ဟန္မတူ။

"ေျမးေလး ေဖေဖကအလုပ္သြားလုပ္တာေလ
လိုက္လု႔ိမရဘူး"

"ဟုတ္တယ္ သမီးငယ္ရဲ႕ ေဖေဖပိတ္ရက္မွ ကစားကြင္းသြားၾကမယ္ေနာ္"

"ကစားကြင္းသြားရင္ ဦးဦးေဒါက္တာပါမွာလား"

"အမ္……ဦးဦးေဒါက္တာက ေဆးရံုမွာမအားဘူးေလသမီးငယ္ရဲ႕
ဦးဦးျမတ္ဘုန္းကိုေခၚခဲ့မယ္ေလ ျပီးေတာ့ တီတီေရာပဲ ဘယ္လိုလဲ"

"ဟုတ္ သြားမယ္"

အေပးအယူတည့္သြားမွသက္ျပင္းခ်နိုင္သည္။
အိမ္ေရွ႕ကကားသံၾကားသည္မို႔ ေကာင္းကင္ကိုယ္ေလးေတာင့္သြားရသည္။

"ဘယ္သူလဲမသိဘူး သမီးသြားၾကည့္လိုက္အံုး"

"ရတယ္ မသြားနဲ႔မမ ……
က်ေနာ့္ကိုလာေခၚတာေမေမ အိမ္မသိလို႔
သြားေတာ့မယ္"

"ေအာ္ ေအးေအး"

"ေဖေဖ က်ေနာ္သြားျပီ"

"ေအး သားငယ္"

သမီးငယ္ဆံပင္ေလးကိုလွမ္းဖြျပီး အိမ္ေရွ႕အျမန္ထြက္လာခဲ့သည္။
အကို႔ကိုၾကယ္စင္မျမင္ေစဖို႔အေရးၾကီးသည္။
မဟုတ္ရင္ မ်က္ႏွာပူစရာေတြေျပာေနအံုးမွာ။

"ေကာင္းကင္"

"ဟင္ ၾကယ္စင္ နင္ဘာလို႔လိုက္လာတာလဲ"

"ဘယ္သူလာေခၚတာလဲလို႔ပါ
ေဒါက္တာလာေခၚတာပဲ သြားသြား……
ေဒါက္တာ ေကာင္းကင္ကို ေသခ်ာေခၚသြားေပးပါအံုး"

အငယ္သာဆို ၾကယ္စင့္ကို ေကာင္းကင္ေခါင္းထုပစ္လိုက္တယ္။
ကားထဲကလူကိုေတာင္ လွမ္းျပီးမွာေနေသးတာက ေမာင္ကိုဘယ္ေလာက္ေပးခ်င္ေနမွန္းသိသာလြန္းသည္။

"ဟုတ္ကဲ့ဆရာမ……က်ေနာ္ေကာင္းကင္ကို ဂရုစိုက္လိုက္ပါ့မယ္"

မရယ္ခ်င္ရယ္ခ်င္သာရယ္ျပလိုက္ျပီး ေကာင္းကင္ကားေပၚတက္ခဲ့ရသည္။
ညာလို႔မရသည့္ႏွလံုးသားဟာလဲ ပိုင္ရွင္ေရွ႕ေရာက္သည္ႏွင့္ လႈတ္ခပ္လို႔ေနျပန္သည္။
ထိန္းသိမ္းရခက္သည့္အထဲမွာ အမျဖစ္သည့္ၾကယ္စင္ႏွင့္ ေကာင္းကင္ႏွလံုးသားက နံပါတ္တစ္ျဖစ္သည္။
ခါးပတ္ပတ္ျပီးသက္ျပင္းခ်ေနတုန္း ေႏြးခနဲျဖစ္သြားသည့္ ပါးျပင္ေၾကာင့္ ေကာင္းကင္မ်က္လံုးေတြျပာေဝသြားရေတာ့သည္။
…………………………………………………
T.B.C

#HoneyChan

(AN/အေရးအသားက ဖတ္ရအဆင္မေျပရင္ ေတာင္းပန္ပါတယ္အေကာင္းဆံုးျဖစ္ဖို႔ေတာ့ ၾကိဳးစားေရးထားပါတယ္)



🌺နှောင်တွယ်ရစ်သောကြိုး🌺

"ကောင်းကင် သူဋ္ဌေးမင်းကိုခေါ်နေတယ်"

"ဟုတ် ကျနော်သွားလိုက်မယ်ဗျ"

နေပြန်ကောင်းပြီမို့ အလုပ်ပြန်ဆင်းတာ သုံးရက်ပင်ရှိပြီဖြစ်သည်။
မင်းအနားပြန်လာမည်ဟုပြောသွားသည့်အကိုလဲ ရောက်မလာသလို ဖုန်းလေးတောင် တစ်ချက်ခေါ်မလာခဲ့။
ဒီနေ့တော့ ကုမ္မဏီကိုရောက်လာသည်မို့ အလွမ်းပြေငေးကြည့်မိသေးသည်။

ကောင်းကင်ကိုမြင်ပုံမရသည့်အကိုကတော့ သူဋ္ဌေးရုံးခန်းစီတမ်းဝင်သွားခဲ့သည်။
အကိုရှိနေသည့်အချိန်မှာ ခေါ်သည်မို့ မသွားချင်သော်လည်း သူဋ္ဌေးခေါ်တာဆိုတော့ မသွားလို့လဲမဖြစ်ပေ။

"သူဋ္ဌေး ခေါ်တယ်ဆိုလို့ပါဗျ"

"ဝင်လာခဲ့ကောင်းကင်"

ကောင်းကင်ရုံးခန်းထဲဝင်လာခဲ့ပြီး သူဋ္ဌေးနဲ့မျက်နှာချင်းဆိုင်ထိုင်နေသည့် အကို့စီအကြည့်ရောက်မိသည်။
ခါတိုင်းတွေ့နေကျ အကြည့်မျိုးနှင့်သာပြန်ကြည့်လာသည်။
စိမ်းကားစွာပြောင်းလဲသွာတာမျိုးတော့မရှိ။
ပါးစပ်ကသာ အကို့ကိုအဝေးနှင်မိပါသော်လည်း တကယ်တမ်းထွက်သွားမှာကိုတော့ ကောင်းကင်ကြောက်ပါသည်။

"ထိုင်အုံးကောင်းကင်"

"ရပါတယ် သူဋ္ဌေး ဒီတိုင်းပြောပါ"

"ထိုင်ပါကောင်းကင်ရယ်
မင်းကိုဘယ်သူမှ ကိုက်မစားပါဘူး"

"အာ……အဲ့လိုမဟုတ်ပါဘူးဗျ"

"လာထိုင် ဒီနား"

"အမေ့……"

လက်ကိုဆွဲကာ ဘေးနားထိုင်ခိုင်းသည့်အကို့ကြောင့်
လန့်ဖြတ်သွားရသည်။
သူဋ္ဌေးရှေ့မှာတောင် အကိုကနည်းနည်းမှဂရုစိုက်ပုံမရ။

"ကိုကိုပြောလိုက်လေ"

ဘာပြောမလဲဆိုပြီး ကောင်းကင်ရင်တထိတ်ထိတ်စောင့်နေရသည်။
အကိုနဲ့ပတ်သက်ပြီးတစ်ခုခုသိလို့ သူဋ္ဌေးကပြောမှာများလား။
ကိုယ့်အတွေးနဲ့ကိုယ်ပင်သိမ်ငယ်လာရပြန်သည်။

"ကောင်းကင် ကိုယ်အကူညီတောင်းစရာရှိလို့ပါ
အလုပ်ရှင်တစ်ယောက်မနေနဲ့မဟုတ်ဘဲ အသိမိတ်ဆွေတစ်ယောက်အနေနဲ့ပါ"

"ဟုတ် ပြောပါသူဋ္ဌေး"

"ဒီလိုပါ အခုရက်ပိုင် အဖွားကကျန်းမာရေးသိပ်မကောင်းဘူး
အနီးကပ်ဂရုစိုက်ပေးမဲ့သူတစ်ယောက်လောက်လိုနေတာ
ကိုယ့်အမျိုးသမီးကလဲသူ့အလုပ်ကိုလွှဲလို့မရတော့ အဖွားနားဂရုစိုက်ပေးဖို့ အဆင်မပြေဘူးလေ အဲ့ဒါကောင်းကင်ကို တစ်လလောက် အဖွားကို ဂရုစိုက်ပေးဖို့အကူအညီတောင်းချင်တာ ပြီးရင်ကုမ္မဏီမှာပဲပြန်လုပ်ရမှာပါ"

"အဲ့ဒါကသူဋ္ဌေး ကျနော်ကဆေးပညာလဲမသိတော့ အဆင်မပြေလောက်ဘူးဗျ အသက်ကြီးတဲ့သူတွေကို ကျနော်တခါမှ ပြုစုမပေးဖူးဘူး"

"ကောင်းကင်ကလဲ လူကြီးတွေက အသက်ကြီးလာရင်
ကလေးပြန်ဖြစ်သွားကြတယ်လေကွာ ကောင်းကင်က သမီးလေးကို
ဂရုစိုက်လာခဲ့တော့ လုပ်နိုင်မှာပါ ကိုယ်တို့ကိုကူညီပါနော်"

အကိုကဝင်ပြောလာသည်။
အကူညီတောင်းသည်မှန်သော်လည်း ဒေါ်မိုးမြင့်နိုင်နှင့် အနီးကပ်နေဖို့အရေး ကောင်းကင်ကြောက်သည်။
အဝေးကမြင်ရတာတောင် ရှိန်နေရသည်မဟုတ်လား။

"ဟုတ်ပါတယ် ကောင်းကင် ဖြစ်နိုင်ရင် ကူညီစေချင်ပါတယ်
အားနာပေမဲ့ ခန့်တည်က မင်းဆိုအဆင်ပြေလောက်တယ်ပြောတာနဲ့ အကူညီတောင်းရတာပါ"

ဒါဆို အကြံပေးသူဟာအကိုပေါ့။
အကိုဘာတွေလုပ်ဖို့ စဉ်းစားနေတာတဲ့လဲ။
အဝေးသွားခိုင်းမှ အနီးကိုဆွဲခေါ်နေသည့် အကိုက တကယ်ကိုမလွယ်လှ။

"စိတ်ချပါ ကောင်းကင်လုပ်အားခကိုလဲ အခုထက်ပိုပေးမှာပါ
အလုပ်ချိန်လဲမကျော်စေရဘူး"

"အာ…အဲ့လိုမဟုတ်ပါဘူးသူဋ္ဌေး
အဲ့ကိစ္စတွေ ကျနော်မတွေးပါဘူးဗျ
ကူညီပါ့မယ် တစ်လလောက်ပဲမဟုတ်လားဗျ"

"အင်း တစ်လလောက်ပါပဲ ကျေးဇူးတင်ပါတယ်ကောင်းကင်"

"ဟုတ် တစ်လလောက်တော့ ကျနော်ကြိုးစားနေပါ့မယ်ဗျ"

ကျေနပ်စွာပြုံးသွားသည့် အကို့မျက်နှာကို ဘေးတိုက်မြင်နေရသည်။
အကိုက တကယ်လူလွန်းကျလွန်းတာပဲ။

"ဒါဆိုကျနော်သွားလို့ရပြီလားဗျ"

"အင်း ရပြီကောင်းကင် မနက်ဖြန်ပဲ အိမ်ကိုသွားလို့ဖြစ်တယ်မဟုတ်လား"

"ဟုတ် ကျနော်အိမ်တော့မသိဘူးဗျ လိပ်စာလေးဖြစ်ဖြစ်"

"ကိုယ်လာခေါ်မယ်"

"ဗျာ……"

ငြိမ်နေသည့် အကိုကထပြောလာသည်။
ကောင်းကင်ကို လိပ်ပြာလွှင့်စေချင်နေတာများလား။

"ကိုယ်လာခေါ်မယ် မနက်တိုင်း
ပြန်လဲပြန်ပို့ပေးမယ်"

"ရပါတယ်ဗျ ကျနော့်ဘာကျနော်လာပါ့မယ်
လိပ်စာပဲပေးပါဗျ"

"အကြီးစကားကိုနားမထောင်ဘူးလားကောင်းကင်
ကလေးလဲမဟုတ်ဘဲနဲ့"

"ဗျာ……ကျနော်က ဒေါက်တာ အလုပ်ပိုမှာစိုးလို့ပါ
သူဋ္ဌေး ပြောပါအုံးဗျ"

"ခန့်တည်ပြောသလို လက်ခံလိုက်ပါ
ကောင်းကင်လဲ ကားခသက်သာတာပေါ့
မဟုတ်လဲ ……ထားပါတော့ သွားတော့လေကောင်းကင်"

"ဟုတ်ကဲ့ဗျ"

ကောင်းကင် စိတ်ညစ်ညစ်နဲ့သာရုံးခန်းထဲကထွက်ခဲ့ရသည်။

ရုံးခန်းထဲကျန်ခဲ့သည့် ခန့်တည်ကတော့ အပြုံးတို့ဝေဝေဆာလို့။
မင်းရန်နိုင်ကတော့ ညီဖြစ်သူကို ကြည့်ကာရင်မောနေရသည်။
ခန့်တည်ပြောသည့်ကိစ္စတွေက ယုံချင်စရာမရှိသော်လည်း
ကလေးက ခန့်တည်နဲ့တူတာကိုတော့ မင်းရန်နိုင်တွေ့စကတည်းကသတိထားမိသည်။

"ကျေးဇူး ကိုကို"

"ငါအခုထိ မယုံသေးဘူးနော်ခန့်တည်
မင်းတစ်ခုခုများမှားနေလားကွာ"

"မမှားဘူး တကယ်ပါဆို နောက်မှ ကျနော်သမီးကိုDNAစစ်ပြမယ်
မြတ်ဘုန်းလဲသက်သေရှိတယ် ကျနော်ကညာပြောပါ့မလား"

"အဖွားသိရင် ဘယ်လိုမှလက်ခံမှာမဟုတ်ဘူးနော်ခန့်တည်"

"အဲ့ဒါကြောင့် အဖွားလက်ခံနိုင်အောင်
ကောင်းကင်ကို အနီးကပ်ထားတာလေ
ကောင်းကင်ကို အဖွားသံယောဇဉ်ရှိသွားရင် ထင်သလောက်ဆိုးမှာမဟုတ်ပါဘူး"

"မိန်းကလေးတစ်ယောက်နဲ့လက်ထပ်ဖို့တောင်
အများကြီးရွေးချယ်တဲ့အဖွားက ယောကျာ်းလေးတစ်ယောက်ကိုလက်ခံပေးဖို့က ငါတော့ မထင်ဘူး"

"ဒါပေမဲ့လဲ ကျနော်နောက်ဆုတ်လို့မရဘူးကိုကို
ကျနော့်မှာသမီးလေးရှိတယ် ပြီးတော့ ကောင်းကင်ကိုလဲ ကျနော်ချစ်တယ်"

"ဟင်း……ဖေဖေ့ကိုရော ပြောပြီးပြီလား"

"ဒီတစ်ပတ်သွားတွေ့ရင်တော့ ဖွင့်ပြောမလို့ဘဲ"

"ဖေဖေကတော့ လက်ခံမှာပါ  ဖေဖေ့အမျိုးသမီးကရော
ပိုက်ဆံတောင်းသေးလားမင်းစီ"

"ပြီးခဲ့တဲ့လကတော့ အငယ်လေးကျောင်းစရိတ်ပေးထားခဲ့သေးတယ် တောင်းတော့မတောင်းပါဘူး ကျနော်တို့ကို အားနာနေပုံပဲ"

ဖေဖေသည်နောက်အိမ်ထောင်နှင့် ကလေးတစ်ယောက်ရှိသည်။
ကိုးတန်းတက်မည်မို့ ကျောင်းစရိတ်နည်းနည်းတော့ အခက်အခဲဖြစ်သည်။
ခန့်တည်တို့ညီကိုနှစ်ယောက်စီကတော့ တခါမှပိုက်ဆံမတောင်းပေ။
ဖေဖေ့အမျိုးသမီးသည်လဲ ခန့်တည်တို့ညီကိုနှစ်ယောက်ကို မစောင့်ရှောက်နိုင်ခဲ့တော့ စိတ်မကောင်းဖြစ်နေပုံရသည်။
ဖေဖေနဲ့ထိုအမျိုးသမီးအပြစ်မှမဟုတ်ဘဲ။

အဖွားကတော့ ဖေဖေ့ကိုမုန်းတာမို့ ဖေဖေနဲ့ပတ်သက်သမျှကို လှည့်တောင်မကြည့်။
ခန့်တည်တို့ကသာ အဖွားကိုအသိမပေးဘဲ ညီကိုနှစ်ယောက်
ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖေဖေစီ တစ်ယောက်တစ်လသွားတွေ့ရင်း
တက်နိုင်သလောက်ထောက်ပံ့ခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် မိသားစုပဲမဟုတ်လား။
…………………………………………

ပြောစရာရှိသည်ဆိုပြီး ဖုန်းဆက်လာသည့် မြတ်ဘုန်းသန့်ကြောင့်
ြ်ကယ်စင်ကျောင်းကအပြန်တွင် လမ်းထိပ်မုန့်ဆိုင်၌စောင့်နေလိုက်သည်။

"အမကြယ်စင်"

"နင်ကလဲနောက်ကျလိုက်တာ ငါကမစောင့်ဘဲပြန်တော့မလို့"

"ကျနော်လာခါနီး လူနာကြည့်နေလိ့ုပါဗျာ"

"ပြော ဘာပြောစရာရှိတာလဲ"

"ကိုခန့်သိသွားပြီဗျ"

"ဘယ်ဟာကိုတုန်း"

"ကောင်းကင် ကလေးကိစ္စ ပြီးတော့ ကိုခန့်ကကောင်းကင်ကိုဖွင့်ပြောထားတယ်"

"ဟဲ့ နင်ပြောတာ ဒေါက်တာကငါ့တူမကို သူ့သမီးမှန်းသိသွားတာလား"

"ဟုတ်တယ် ဒါမဲ့ကောင်းကင်ကိုမပြောနဲ့နော်အမ
ကိုခန့်ကသူ့ဘာသူကြိုးစားမယ်တဲ့"

"ပြောလိုက်ပြီးနေတာကို အဲ့ဒါမှကောင်းကင်က လက်ခံလောက်မှာ"

"မပြောနဲ့ဆိုမှတော့ မပြောယုံပေါ့ဗျာ အမမုန့်မမှာဘူးလား
မှာလေ ကျနော်ကျွေးပါ့မယ်"

"မမှာတော့ဘူး…လို့နေတာ နင်ကျွေးမှာဆိုတော့ မှာလိုက်မယ်"

မြတ်ဘုန်း မျက်နှာရှုံ့မဲ့သွားရသည်။
မသိလို့…အမကြယ်စင်က ကျောင်းတက်တုန်းကလဲ အခုလိုနှမြောတာပဲ။

"အမ အိမ်ကိုခြေလျင်ပြန်မှာလား"

"အင်း နီးနီးလေးပဲကို"

"အဲ့ဒါဆိုလဲ လိုက်မပို့တော့ပါဘူး"

"ဟယ် နင်ကလဲ လိုက်ပို့ မေးတုန်းကမေးပြီး"

"မေးတာက လိုက်ပို့ဖို့မှမဟုတ်တာ ဒီတိုင်းသိချင်လို့လေဗျာ"

"သေနာလေး ရှင်းလိုက်မုန့်ဖိုး ငါပြန်ပြီ
ဘာမှလဲ အရေမရ အဖက်မရ ဒါလေးပြောချင်တာကို
ဖုန်းထဲကပြောလိုက်ပြီးနေတဲ့ကိစ္စ"

"အော် ဖုန်းထဲကပြောရင် အမကိုမတွေ့ရဘူးလေဗျာ"

ဆိုင်ထဲကထွက်သွားသည့် အမကြယ်စင်ကတော့ မြတ်ဘုန်းစကားကိုကြားမသွားပါ။
မြတ်ဘုန်းအဖြစ်ကလဲ သိပ်တော့အဆင်မပြေလှပါဘူး။
နောက်ဆုံးနှစ်ကတည်းက သဘောကျခဲ့တဲ့ အမကြယ်စင်ကို
ဖွင့်ပြောမယ်ကြံတိုင်း သူကဟိုတစ်ယောက်သဘောကျတယ်ပြောလိုက် ဒီတစ်ယောက်သဘောကျတယ်ဖြစ်လိုက်ဆိုတော့ အခုထိ ရင်ထဲသိမ်းထားရတုန်း။
ကောင်းကင်ကတော့ ပြောဖူးပါတယ် ငါ့အမကိုတော်ယုံဘယ်ယောကျာ်းမှ စိတ်ဝင်စားမှာမဟုတ်ဘူးတဲ့။

အမကိုလိုချင်တော့ ယောက်ဖကို မငြီးမငြူကူညီပေးနေရတာ အခုထိ။
ဒါလဲ အလုပ်တော့မဖြစ်ပါဘူး။
ကောင်းကင်ကသာ ကလေးတစ်ယောက်ရသွားတာ မြတ်ဘုန်းကအခုထိ ဖွင့်မပြောရသေး။

"ဟိတ်ကောင်"

"ဟမ်……ယောက်ဖ"

"ဘာပြောလိုက်တာ"

"ကောင်းကင် အခုမှပြန်လာတာလား အလုပ်က"

မှားပြီးယောက်ဖခေါ်လိုက်မိတာကို လျောချလိုက်ရသည်။

"မင်းကဘာလုပ်နေတာလဲ ဒီမုန့်ကရော ဘယ်သူစားသွားတာလဲ
မင်းစားတာတော့ မဟုတ်ဘူး"

"မင်းအမစားသွားတာ ခုနက လမ်းကြုံတွေ့လို့"

"အော် အိမ်လိုက်ခဲ့အုံးလေ ရောက်လက်စနဲ့"

"မလိုက်တော့ဘူး နောက်မှအလည်လာမယ်
မုန့်ဝယ်မလို့လား ကလေးအတွက်"

"အင်း"

"မင်းမျက်နှာက သိပ်မလန်းသလိုပဲ ပြန်ဖျားနေတာလား"

"မဟုတ်ပါဘူး ဒီတိုင်းကိစ္စလေးရှိလို့"

"အော်……ငါကြားပြီးပြီ ကိုခန့်မင်းကိုဖွင့်ပြောတဲ့အကြောင်း
မင်းလဲကြိုက်ရဲ့သားနဲ့ မူမနေနဲ့တော့"

ကောင်းကင်က မျက်လုံးစွေကြည့်လာသည်။

"ငါလက်ခံလို့မရဘူးဆိုတာ မင်းလဲသိရက်သားနဲ့"

"ကိုခန့်ကလက်လျှော့မယ်ထင်လို့လား"

"ငါ့အကြောင်းတွေသိသွားတာတောင် သူကတော့ ချစ်နိုင်ပါတယ်တဲ့
ငါအားနာလွန်းလို့ သေတော့မယ်"

"အဲ့ဒါဆိုပြန်ကြိုက်လိုက်တော့လေ"

"အဲ့လောက်လွယ်ရင် ငါ့ဘက်ကတောင်စဖွင့်ပြောခဲ့ပြီပေါ့
မြတ်ဘုန်းရာ အခုက………ဟူး……ဒေါ်မိုးမြင့်နိုင်ကိုငါသွားပြုစုရအုံးမယ်ကွာ နဂိုကမှ ကြောက်ပါတယ်ဆို……သူတို့အိမ်အထိသွားရမှာ
ငါလိပ်ပြာတောင်လွင့်မတက်ဘဲ ပြီးတော့ အကိုကအကြောက်လဲမရှိဘူး"

"ဘာအကြောက်မရှိတာလဲ"

"ဒေါ်မိုးမြင့်နိုင်ရှေ့ မတော်တရော်တွေလာလုပ်မှာစိုးတာ"

"မဟုတ်မှ မင်းတို့ဟိုကိစ္စတွေဖြစ်ပြီးသွားတာလား"

မြတ်ဘုန်းကိုယ့်ပါးစပ်ကိုပင်ပြန်အုပ်လိုက်မိသည်။
ကိုခန့်အဲ့လောက်အထိသွက်လိမ့်မယ်ထင်မထားခဲ့။

"ဟာကွာ မင်းပြောမှ ကြီးကုန်ပြီ ငါပြောတာအဲ့လိုသဘောမဟုတ်ဘူး လက်လာဆွဲတာတို့ သူ့ဘေးထိုင်ခိုင်းတာတို့ပြောတာ"

"ဟူး……ငါလန့်သွားတာပဲ……
အိမ်သွားပြီး ကိုခန့်အဖွားစီနေရမှာဆိုတော့……"

"ဘာဖြစ်လဲ သူဋ္ဌေးပြောတာကတော့
အဖွားကကျန်းမာရေးမကောင်းလို့တဲ့"

"ငါထင်တာမှန်မှာပါ…သိပ်လဲမကြောက်ပါနဲ့
မင်းကမဟုတ်တာလုပ်နေတာမှမဟုတ်ဘဲ
ကိုယ့်အလုပ်ကိုလုပ်တာပဲလေ ကိုခန့်လဲ သူ့အိမ်မှာတော့ ဆင်ခြင်မှာပါ"

"ငါကြောက်တယ်မြတ်ဘုန်း"

"ဘာကြောက်ပြန်တာလဲ ကောင်းကင်ရာ"

"အကိုက ကလေးရဲ့အဖေကို သိချင်နေတာ
သူစုံစမ်းရင် ငါ့သမီးရဲ့အဖေကဘယ်သူဆိုတာ သိသွားနိုင်လား
ငါတကယ်စိုးရိမ်တယ်"

မြတ်ဘုန်းမှာ စိုးရိမ်လွန်နေသည့် ကောင်းကင်ကိုသနားလဲသနားရသည်။
တစ်ယောက်ထဲဘာမှမသိဘဲ ပူပန်နေရသည်မဟုတ်လား။

"စိတ်မပူပါနဲ့ အဲ့ကိစ္စကငါနဲ့မင်းပဲသိတာပါ
ငါမပြောရင်ဘယ်သူမှမသိပါဘူး"

"အင်း မပူနဲ့ဆိုပေမဲ့ တကယ်လို့များ အဲ့ဒီလူကငါ့ကိုရှာတွေ့သွားရင်ရော ဘယ်လိုလုပ်မလဲ"

"ရှာတွေ့လို့လာခေါ်ရင်လိုက်သွား
မင်းကိုခန့်ကိုပြန်မချစ်ရဲတာ ဒါကြောင့်လဲပါတယ်မဟုတ်လား"

"ပါတယ်ဆိုပေမဲ့ နည်းနည်းပါ
ပြသနာတွေဖြစ်လာရင် ကြားကအကိုသိက္ခာကျမှာပဲစိုးတာ
စင်းလုံးချောမဟုတ်တဲ့ ငါ့ဘဝကိုတော့ အကို့စီမအပ်နိုင်ဘူးမြတ်ဘုန်းရာ ရွေးစရာမရှိရင် ငါအဲ့လူကိုယူလိုက်မှာ အကို့ကိုတော့ ဒီတိုင်းလေးပဲအေးအေးဆေးဆေးနေစေချင်တာ"

မြတ်ဘုန်းရယ်ချင်သော်လည်း မရက်ပါ။
ကောင်းကင်က ချစ်တက်လွန်းသည်မဟုတ်ပါလား။
ကိုခန့်ကိုချစ်လွန်းလို့သာ အဘက်ဘက်ကတွေးပြီး
တစ်ယောက်ထဲ ပူဆွေးနေရှာတာ။
ကောင်းကင်ရဲ့ချစ်ခြင်းက ရယူလိုခြင်းမဟုတ်ခဲ့။
ဖူးစာကံအကြောင်းဖန်ရင်တော့ ဘယ်လိုပဲရှောင်ဖယ်ပါစေ
ဆုံကိုဆုံလိမ့်မည်။
…………………………………………………

မင်းရန်နိုင် အခန်းထဲဝင်လာတော့ ဖုန်းသုံးနေသည့်ကြည်နူးက
ချက်ချင်းပင်စောင်ခြုံ၍ တဖက်လှည့်သွားသည်။
နွေးထွေးသည်ဟုခေါင်းစဉ်တပ်မရသော်လည်း အေးစက်သည်မဟုတ်ခဲ့သည့် အိမ်ထောင်ရေးက အခုတော့ ဆန့်ကျင်ဘတ်တချို့ရှိလာခဲ့သည်။

တနေ့က စကားများထားကြခြင်းကြောင့် ကြည်နူးက မင်းရန်နိုင်ကို စကားမပြောပေ။
မနက်ဆိုလဲ သူမကိုယ်တိုင်ကားမောင်း၍ အလုပ်ကိုသွားသည်။
စကားများကြသည့်နေ့မှာပင် သူမအိမ်ကနေကားယူလာခဲ့သည်။
မနက်စာလဲ အိမ်မှာမစားသလို ညနေစာလဲ အပြင်ကနေသာစားလာတက်သည်။

ကြည်နူးမိဘတွေစီက ဘာစကားသံမှပြန်မကြားရတာမို့
နှစ်ယောက်ကတောက်ကဆဖြစ်တာကို သိဟန်တော့မတူ။
အဖွားကလဲ မင်းရန်နိုင်တို့ အဆင်မပြေတာသိပေမဲ့
ဘာမှဝင်မစွတ်ဖက်ပေ။

အိပ်ယာတစ်ဖက်ခြမ်းတွင် ဝင်မအိပ်သေးဘဲ သူမဘက်ကိုလျှောက်သွားကာ ငုံ့ကြည့်တော့ တစ်ချက်သာပြန်ကြည့်လာပြီး
မျက်လုံးမှိတ်သွားသည်။

"ကြည်နူး ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား"

"အဲ့မေးခွန်းမေးဖို့ မလိုအပ်ဘူးထင်တယ်
စိတ်ဆိုးချင်ရင်တောင် ကြည်နူးဘက်ကစိတ်ဆိုးပိုင်ခွင့်မရှိဘူးမို့လား"

"ဘာလို့မရှိရမှာလဲ ကြည်နူးက ကိုယ့်မိန်းမပဲဟာ
စိတ်ဆိုးခွင့်ရှိတာပေါ့"

"ဒါဆိုကြည်နူးစိတ်ဆိုးတယ်
ရှင်ချော့ခွင့်ရှိမရှိကို ရှင့်အဖွားစီအရင်သွားမေးလိုက်ပါအုံး"

"ကြည်နူးရယ် ဘာလို့စကားကို အဲ့လိုပြောနေရတာလဲ"

"ဖြစ်နေတာကိုပြောတာပါ
ရှင့်အတွက် ရှင့်အဖွားက အရေးပါဆုံးလေ
သူမကြိုက်တာလုပ်တယ်ဆိုပြီး အပြစ်မြင်နေမှာစိုးလို့"

"ဟင်း……ကိုယ်တောင်းပန်တယ်
ကိုယ်နည်းနည်းလွန်သွားတယ်"

"ကြည်နူးစိတ်ကို နားမလည်သရွေ့တော့ ရှင့်အလွန်ချည်းပဲဖြစ်နေအုံးမှာ"

"ကိုယ်နားလည်ဖို့ကြိုးစားနေပါတယ်"

"ရှင်နဲ့ကျမ ကွာရှင်းကြရင်တောင် နားလည်မယ်မထင်ဘူး"

"ကြည်နူးတော်တော့ကွာ
ဘယ်လိုစကားတွေပြောနေတာလဲ ဘယ်သူကကွာရှင်းမယ်ပြောနေလို့လဲ"

"ဖြစ်လာနိုင်တာတွေ ကြိုမြင်နေလို့လေ"

"ဟုတ်ပြီအိမ်ခွဲနေဖို့ ကိုယ်အဖွားကိုသေချာပြောပါ့မယ်
အခုတော့ မဖြစ်နိုင်သေးဘူး ခန့်တည်အိမ်ထောင်ကျမှ သူ့ကိုအိမ်မှာ
နေခိုင်းပြီး ကိုယ်တို့အိမ်ခွဲကြမယ် နော် ဒီကြားထဲ ကြည်နူးကသီးခံပေးလေနော် အဖွားက အသက်ကြီးပြီ တစ်ယောက်ထဲထားလို့မဖြစ်တာ ကြည်နူးလဲသိရက်သားနဲ့"

"အဲ့ဒါအတူတူများ ရှင့်ကိုမိန်းမယူခိုင်းနေသေးလား
မြေးတွေကို တစ်သက်လုံးလူပျိုကြီးလုပ်ခိုင်းပြီး အနားမှာထားသင့်တာ"

"အော် ကိုယ့်မိန်းမရယ်
မျိုးဆက်ဆိုတာရှိသေးတယ်လေကွာ ကဲ အခုစိတ်ဆိုးပြေပြီလား"

"မပြေဘူး……"

"ကြည်နူး ကိုယ်တို့ကလေးယူရအောင်"

"ကိုယ့်အိုးကိုယ့်အိမ်နဲ့ဖြစ်ရင်ယူမှာ အခုတော့ အဲ့ကိစ္စလာမပြောနဲ့"

"ဘာလို့လဲ ကလေးယူရင် အဖွားကအရမ်းပျော်မှာ"

တရားနည်းလမ်းကျဖို့ကောင်းလွန်းနေပါရောလား ကိုမင်းရန်နိုင်ရယ်။
ဘယ်ကိစ္စဖြစ်ဖြစ်အဖွားအတွက်ချည်းပါပဲလား။
အဲ့ဒီအဖွားဆိုတာကြောင့်ပဲကြည်နူးကလေးမယူချင်သေးတာတော့ သိဟန်ပင်မတူ။
အခုအချိန်မှာတောင် ဘာတစ်ခုမှကိုယ့်စိတ်ကြိုက်နေခွင့်မရှိတာ။
သူ့မြေးကိုလက်ထပ်ထားတာတစ်ခုထဲနဲ့ အကုန်သူ့သဘောကျလုပ်ချင်နေတာလေ။
ကုမ္မဏီနှစ်ခုပူးပေါင်းတားတဲ့projectမှာတောင် ကြည်နူးတို့ကုမ္မဏီဘက်က ဘာမှဝင်ပါလို့မရခဲ့ဘူး။
ကလေးသာရှိကြည့်ပါလား သူ့မြေးသွေးသားကိုလွယ်ထားရတာမို့
သူ့အရိပ်အောက်မှာပဲ နေရမယ်ဆိုပြီးဖြစ်လာအုံးမှာ။
ကြည်နူးကို ကုမ္မဏီမှာ မထားဘဲ အိမ်မှာပဲ အိမ်ရှင်မလုပ်ပြီး
သူ့သဘောကျ နေစေချင်တာ ကြည်နူးမသိဘဲနေပါ့မလား။
မိန်းမဆိုပြီး ထမင်းဟင်းပဲချက်နေရမဲ့ ခေတ်ကာလမှမဟုတ်ဘဲ။

ဘဝရှေ့ရေးပြည့်စုံဖို့က ဒေါ်မိုးမြင့်နိုင်အရိပ်ရှိယုံနဲ့ရသည်မှမဟုတ်ဘဲ။
……………………………………………

"သားငယ်ကောင်းကင် အလုပ်သွားမှာမဟုတ်ဘူးလား
အဝတ်စားကဘယ်လိုဖြစ်တာလဲ"

ကုမ္မဏီအဝတ်စားမဟုတ်ဘဲ တခြားဟာဝတ်ထားသည်မို့
မနက်စာစားနေသည့် မေမေကမေးလာသည်။

"သားအလုပ်ခဏပြောင်းရမှာမို့မေမေ"

"ဘာအလုပ်လဲသား သားတို့ကုမ္မဏီကထွက်လိုက်တာလား"

"မဟုတ်ပါဘူးမေမေ သူဋ္ဌေးအဖွားကျန်းမာရေးမကောင်းလို့
ဂရုစိုက်ပေးဖို့အကူအညီတောင်းလို့ပါ အဲ့ဒါကလဲ ခဏပါပဲ"

ခေါင်းထောင်ကြည့်လာသည့် ကြယ်စင့်ကိုဘာလဲဆိုပြီးမေးဆက်ပြတော့ မချေမငံပြုံးပြကာခေါင်းယမ်းသည်။
ကြယ်စင်ဘာတွေးနေပြီလဲ ကောင်းကင်သိသည်။

"အော် အိပ်ယာထဲလဲနေတဲ့အထိတော့မဟုတ်ဘူးမို့လားသား"

"အဲ့လိုမဟုတ်ပါဘူးမေမေ……သွားနိုင်လာနိုင်ပါပဲ
သူဋ္ဌေးတို့ညီကိုနှစ်ယောက် အလုပ်မအားတော့ အဖွားကတစ်ယောက်ထဲဖြစ်နေလို့တဲ့ ဆေးတို့ဘာတို့ ပုံမှန်တိုက်ပေးဖို့ သားကိုခေါ်တာပါ"

"အေးပါ နားရက်တော့ရှိတယ်မို့လားသားငယ်"

"ဟုတ် ကုမ္မဏီမှာလိုပဲမေမေ သူဋ္ဌေးအားရက်ဆို သားသွားစရာမလိုဘူး"

"ဟဲ့ ကောင်းကင် နင်ကအဲ့အိမ်သွားရမှာဆိုတော့ ဒေါက်တာ့ကိုနေ့တိုင်းတွေ့ရမှာပဲနော် ငါ့တူမလေးတော့ အားကျနေမှာပဲ"

သဘောတရားများစွာပါသည့် ကြယ်စင့်စကားကြောင့်
ကောင်းကင် မလုံမလဲနှင့် ဖေဖေနဲ့မေမေကိုကြည်မိသေးသည်။
သမီးငယ်ကလဲ အလယ်ကနေ တစ်ခုခုကိုစဉ်းစားနေဟန်ရှိသည်။
သမီးငယ်လိုက်ချင်တယ်မပြောစေရန်သာ ဆုတောင်းလိုက်မိသည်။

"ဦးဦးဒေါက်တာနဲ့နေ့တိုင်းတွေ့ရမှာဆို သမီးလဲလိုက်မယ်ဖေဖေ"

သမီးငယ်က ကောင်းကင်အတွက် ဘုရားပေးတဲ့ဆုလာဘ်လေးမို့
အခုဆုတောင်းကိုတော့ ဖြည့်ဆည်းပေးချင်ဟန်မတူ။

"မြေးလေး ဖေဖေကအလုပ်သွားလုပ်တာလေ
လိုက်လု့ိမရဘူး"

"ဟုတ်တယ် သမီးငယ်ရဲ့ ဖေဖေပိတ်ရက်မှ ကစားကွင်းသွားကြမယ်နော်"

"ကစားကွင်းသွားရင် ဦးဦးဒေါက်တာပါမှာလား"

"အမ်……ဦးဦးဒေါက်တာက ဆေးရုံမှာမအားဘူးလေသမီးငယ်ရဲ့
ဦးဦးမြတ်ဘုန်းကိုခေါ်ခဲ့မယ်လေ ပြီးတော့ တီတီရောပဲ ဘယ်လိုလဲ"

"ဟုတ် သွားမယ်"

အပေးအယူတည့်သွားမှသက်ပြင်းချနိုင်သည်။
အိမ်ရှေ့ကကားသံကြားသည်မို့ ကောင်းကင်ကိုယ်လေးတောင့်သွားရသည်။

"ဘယ်သူလဲမသိဘူး သမီးသွားကြည့်လိုက်အုံး"

"ရတယ် မသွားနဲ့မမ ……
ကျနော့်ကိုလာခေါ်တာမေမေ အိမ်မသိလို့
သွားတော့မယ်"

"အော် အေးအေး"

"ဖေဖေ ကျနော်သွားပြီ"

"အေး သားငယ်"

သမီးငယ်ဆံပင်လေးကိုလှမ်းဖွပြီး အိမ်ရှေ့အမြန်ထွက်လာခဲ့သည်။
အကို့ကိုကြယ်စင်မမြင်စေဖို့အရေးကြီးသည်။
မဟုတ်ရင် မျက်နှာပူစရာတွေပြောနေအုံးမှာ။

"ကောင်းကင်"

"ဟင် ကြယ်စင် နင်ဘာလို့လိုက်လာတာလဲ"

"ဘယ်သူလာခေါ်တာလဲလို့ပါ
ဒေါက်တာလာခေါ်တာပဲ သွားသွား……
ဒေါက်တာ ကောင်းကင်ကို သေချာခေါ်သွားပေးပါအုံး"

အငယ်သာဆို ကြယ်စင့်ကို ကောင်းကင်ခေါင်းထုပစ်လိုက်တယ်။
ကားထဲကလူကိုတောင် လှမ်းပြီးမှာနေသေးတာက မောင်ကိုဘယ်လောက်ပေးချင်နေမှန်းသိသာလွန်းသည်။

"ဟုတ်ကဲ့ဆရာမ……ကျနော်ကောင်းကင်ကို ဂရုစိုက်လိုက်ပါ့မယ်"

မရယ်ချင်ရယ်ချင်သာရယ်ပြလိုက်ပြီး ကောင်းကင်ကားပေါ်တက်ခဲ့ရသည်။
ညာလို့မရသည့်နှလုံးသားဟာလဲ ပိုင်ရှင်ရှေ့ရောက်သည်နှင့် လှုတ်ခပ်လို့နေပြန်သည်။
ထိန်းသိမ်းရခက်သည့်အထဲမှာ အမဖြစ်သည့်ကြယ်စင်နှင့် ကောင်းကင်နှလုံးသားက နံပါတ်တစ်ဖြစ်သည်။
ခါးပတ်ပတ်ပြီးသက်ပြင်းချနေတုန်း နွေးခနဲဖြစ်သွားသည့် ပါးပြင်ကြောင့် ကောင်းကင်မျက်လုံးတွေပြာဝေသွားရတော့သည်။
…………………………………………………
T.B.C

#HoneyChan

(AN/အရေးအသားက ဖတ်ရအဆင်မပြေရင် တောင်းပန်ပါတယ်အကောင်းဆုံးဖြစ်ဖို့တော့ ကြိုးစားရေးထားပါတယ်)

Continue Reading

You'll Also Like

55.3K 4.3K 24
❦{Own Creation}❦ Unicode+Zawgyi ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ မောင့်ရဲ့နိဗ္ဗာန်ဘုံဟာ သက်လျာပါကွယ်။ AN-စိတ်ကူးယဉ်ရေးသားမှုဖြစ်ပြီး၊ထိုခေတ်ထိုအခါ နှင့်မက...
21.7K 973 24
unicode လူတွေသေသွားခဲ့ရင် ကောင်းကင်ပေါ်မှာကြယ်လေးတွေအဖြစ်သွားနေကြတယ်လို့ပဲ ကျွန်တော်သိခဲ့တာ ဒါပေမဲ့ သူကတော့ ကြယ်လေးတွေရဲ့ပုံပြင်တွေကို ပုံစံတစ်မျိုးလ...
138K 10.9K 48
3.6.2021 - 11.5.2022
256K 41.1K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .