ချစ်ရပါသောမောင် (ခ်စ္ရပါေသာေမ...

By Lily_Han02

1.3M 110K 3.5K

❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58(Finale)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Final Extra
Special Extra-1(Surprise!!)
Special Extra-2
Final Special Extra-3
Hello><

Chapter-49

13.6K 1.2K 53
By Lily_Han02

Unicode

သဝန်တိုခြင်းတွေကမောင့်အတွက်များ
ရည်ရွယ်ထားခဲ့သလား..။

************

အချိန်တွေက တရွေ့ရွေ့နှင့်အကုန်မြန်
သည်။နွေရာသီရောက်လာပြီမို့ ရာသီဥတုက
ပူပြင်းပြင်းနဲ့အတော်လေးတော့
ကသိကအောင့်နိုင်သည်။
ဆယ်တန်း စာမေးပွဲကြီးရဲ့ အစကနဦး
နေ့မို့ ခေတ်ခေတ်ရင်တွေလည်း တုန်သည်။
ဒါပေမဲ့ အစ်ကိုနေရှင်းက ခေတ်ခေတ်ထက်
ပိုပြီးများ ရင်ခုန်နေသလား။

"ကလေးလေး စာမေးပွဲအခန်းထဲရောက်ရင်
စိတ်ကို အေးအေးထားနော်။ဟို ပြီးတော့လေ
စာမေးပွဲမဖြေခင် ဘုရားကိုအရင်ရှိခိုး။
အသက်ကို မှန်မှန်ရှူ၊စိတ်ကိုတင်းမထားနဲ့
အားလုံးအဆင်ပြေသွားလိမ့်မယ်နော်။
မကြောက်နဲ့နော်ကလေးလေး။ကြည့်ပါဦး
လက်တွေတောင် အေးစက်နေပြီ"

"အစ်ကိုနေရှင်း မောနေပါ့မယ်။
အိမ်ကထွက်မလာခင်ထဲက ပြောလာတာ
အခုကျောင်းရှေ့ရောက်လာတဲ့ အထိပဲ"

"အမေမှားနေသလိုပဲဟယ်"

ကားနောက်ခန်းရှိ ဒေါ်လေးနွယ်​၏အသံက
ထိုအခါမှ ထွက်လာတော့သည်။ဒီအမေက
မမှာရဘဲ သူချည်းပြောနေတော့တာ။
တွေးကြည့်ရင် နေရှင်းပုံစံက ရယ်လည်း
ရယ်ရသလို၊သနားဖို့လည်း ကောင်းသည်။
ခေတ်ခေတ်ကို အတော်ချစ်ရှာပါလားဆိုတဲ့
စိတ်နဲ့တင် ဒေါ်လေးနွယ်ကျေနပ်မိတာဖြစ်သည်။

"ခေတ်ခေတ်က စာတွေရတော့လေ
ခေတ်ခေတ်မကြောက်ပါဘူး။ဒါပေမဲ့
ရင်တွေတုန်နေတာသိလား။အစ်ကိုနေရှင်းက ခေတ်ခေတ်ကို ရည်းစားစကားပြောတုန်းကလိုပဲ ရင်တွေတလှပ်လှပ်နဲ့ "

နေရှင်းကိုတလှည့် မိခင်ဖြစ်သူကိုတလှည့်
ကြည့်ပြီး အဖြူထည်လေးပြောလာတော့
နေရှင်းမှာ ဒေါ်လေးနွယ်ကို မချိုပြုံးသာ
ပြုံးပြရသည်။ဘယ့်နှယ် ကိုယ့်အမေရှေ့မှာ
အဲ့လိုပြောစရာလား။

ကျောင်းတံခါးမဖွင့်သေးတော့ ကားပေါ်မှာပဲ
ကလေးငယ်က စာပြန်နွှေးသည်။
နေရှင်းရဲ့ကားနီဘေးကို ထိုးရပ်လာတဲ့
ကားဖြူ တစ်စီး။သေချာတာတစ်ခုကတော့
ဒါ သော်ယံမောင်ရဲ့ကားပဲ။မောင်နဲ့ကိုကိုတို့က
ခေတ်ခေတ်ဆီ လာတာပဲဖြစ်မည်။
မောင်က နေရှင်းပုံစံကိုမြင်တော့ ခွက်ထိုးခွက် လန်ကို ရယ်ချလာသည်။ကိုကိုလည်း ရယ်ချင်
ပေမဲ့ နေရှင်းကိုအားနာလို့ ကြိတ်သာရယ်မိသည်။

"နေရှင်းဟန် ပုံစံကိုသာ ဟိုကောင်တွေ
တွေ့ရင်တော့ဖြင့် ဟား ဟား.."

ပြောလည်းပြော၊ရယ်ကလည်းရယ်နဲ့ လက်က
လည်း နေရှင်းကို ဖုန်းနဲ့ဓာတ်ပုံရိုက်နေတာဖြစ်
သည်။နေရှင်းမှာ ဆဲလို့လည်းမဖြစ်တော့
မျက်နှာက မှုန်သုန်သုန်။

"ငါ ဥပုသ်စောင့်ထားလို့နော်"

"အချစ်ကြီးလွန်းသူ အမောင်နေရှင်းပေါ့"

"ဒီ...."

ဆဲမိတော့မလို့ အရှိန်အမြန်သတ်လိုက်ရတဲ့
အဖြစ်။ယောပုဆိုးနဲ့ အင်္ကျီအဖြူလက်ရှည်ကို
တွဲဝတ်ထားတဲ့နေရှင်းက ဒီတိုင်းပဲဆိုကြည့်
ကောင်းနေမှာအမှန်မေမဲ့ လည်ပင်းမှာ ပုတီး
တွေ ဆွဲထားတာကတော့ ကြောင်တောင်တောင်
နိုင်လွန်းသည်။သနပ်ခါးကလည်း လိမ်းထား
သေးသည်။လက်ကလည်း ပရိတ်ရည်ဘူးကို
ကိုင်ထားသေးတာဖြစ်သည်။ခေတ်ခေတ်
စာမေးပွဲဖြေနိုင်အောင် ယတြာချေထားတာ
တဲ့။ဒီနေ့မှ အဲ့လိုပုံစံဖြစ်နေတာမဟုတ်ဘူး
လွန်ခဲ့တဲ့တစ်ပတ်လောက်ထဲက။

"ခေတ်သွန်းလေး ရင်တွေတော်တော်တုန်
နေတာပဲ"

လက်ဖျံကသွေးကြောကိုစမ်းကြည့်ရင်း
ကိုကိုပြောတော့ နေရှင်းမှာ အသည်းအသန်
အနားသို့ ရောက်ချလာသည်။
ခေတ်ခေတ်မာမားက စိတ်မပူရဘဲ၊စိတ်ပူလွန်
နေတာက နေရှင်းရယ်ပါ။

"ကလေးလေးအဆင်ပြေလား ဆေးခန်းသွား
မလားဟင်။အစ်ကို ကလေးကိုဆေးခန်းပို့
ရမလား"

"ဆေးခန်းပို့စရာမှမလိုတာ..စိတ်လှုပ်ရှားနေလို့
ဖြစ်တာပါ နေရှင်းရာ"

"ကိုကိုရယ် အဲ့အရူးကိုပြောပြမနေနဲ့ တကယ်
တည်း အရူးကျနေတာပဲ ဟား ဟား.."

မောင်ကပြောရင်း ဟန်မဆောင်နိုင် ထပ်ရယ်
ပြန်သည်။ကိုယ့်သူငယ်ချင်းကို သနားပေမဲ့
လည်း ရယ်ချင်စိတ်ကိုမှ မထိန်းနိုင်တော့
ရယ်ရုံပေါ့။ကိုကိုက မရယ်ပါနဲ့လို့တားမှ
မောင့်မှ တိခနဲ အရယ်ရပ်တော့တဲ့အဖြစ်။

"ကျောင်းတံခါးဖွင့်ပြီ ဝင်ရတော့မယ်ထင်တယ်"

"ခေတ်ခေတ် စိတ်အေးအေးထားဖြေနော်သားလေး"

"ဟုတ် မာမား"

"အဆောင်ပါပြီလား သား"

"ပါပြီမာမား"

"မျောက်လောင်းလေး ရသမျှအကုန်ချရေးခဲ့ကွာ"

"ဟုတ်"

ရင်တုန်နေတာကြောင့် စကားကိုလိုတာထက်
ပိုမပြောနိုင်။နေရှင်းကို မျက်နှာငယ်လေးနဲ့
ကြည့်မိတော့ ကလေးငယ်ခေါင်းကို ပုတ်ပေး
ပြီး အဆင်ပြေသွားမှာပါဆိုတဲ့ အပြုံးတွေနဲ့။
ဒါက ခေတ်ခေတ်အတွက်တော့ အားဆေး
တစ်ခွက်ပဲ။ခေတ်ခေတ်က သူငယ်ချင်းတွေနဲ့
တလှုပ်လှုပ်ဝင်သွားတော့ နေရှင်းမှာ စိတ်လှုပ်
တရှားလည်း လိုက်ကြည့်မိသည်။

"ဒေါ်လေးနွယ်နဲ့နေရှင်း ဒါဆိုသွားတော့မယ်နော်"

"ကောင်းပါပြီကွယ်"

"နေရှင်း ကလေးဖြေပြီးထွက်လာရင်
ငါ့ကိုအခြေအနေလေး လှမ်းဆက်နော်"

"အေး ဆက်လိုက်မယ် သော်ယံ"

​ခေတ်ခေတ်နဲ့သာ မတည့်တာ ခေတ်ခေတ်ကို
ညီလေးတစ်ယောက်လို မောင်ချစ်တာဖြစ်
သည်။သံယောဇဉ်လည်းရှိသည်။
ဒီလိုနဲ့မောင်နဲ့ကိုကိုလည်း လိုရာကိုသာ
ဆက်သွားဖြစ်ကြတော့သည်။

"ကိုကို နေ့ခင်းကျရင်မောင်လာကြိုမယ်နော်"

"ဟို ငါပဲ မောင့်ရုံးကိုတန်းလာခဲ့ပါ့မယ်"

"မောင် လာကြိုမယ်စောင့်နေ။
ဘာမှထပ်မပြောနဲ့"

မဟုတ်ရင် လူကိုပင်ပန်းမှာဆိုးလို့
တစ်ယောက်ထဲလာမယ် ဘာညာထပ်လုပ်
နေမှာ။ကိုကို့ကို ဝင်ပို့ပြီး မောင်ရုံးကိုပဲ
တန်းမောင်းသွားဖြစ်သည်။
ကားပေါ်က စူအောင့်အောင့် ဆင်းသွားတဲ့
ကိုကို့ကိုလည်း မချော့လိုက်ပါ။
ချော့ရင် ငါ့ဘာသာပြန်လာမယ်ဆိုပြီး
ထပ်ပြောနေမှာ မောင်သိသားပဲ။

*************

"အစည်းဝေးကတော့ ဒီလောက်ပါပဲ။
နောက်တစ်ပတ်မှ တွေ့ကြတာပေါ့"

အစည်းဝေးပြီးတာနဲ့ မောင်လည်း
ကိုကို့ကို ကြိုဖို့သွားရဦးမည်။
ကိုကိုတို့က မုန့်သွားစားကြတယ်တဲ့။
ကိုကိုပို့ထားတဲ့ စားသောက်ဆိုင်လိပ်စာကို
တစ်ချက်ဖွင့်ကြည့်ရင်း လိုက်သွားမိသည်။
ဆိုင်ရောက်တော့ ကိုကို့ဆီဖုန်းဆက်ပြီး
ကားပါကင်၌သာ စောင့်နေဖြစ်သည်။

"သော်ယံမောင်"

တခြားသူတော့မဟုတ် မူယာမှ ခေါ်လာတာ
ဖြစ်သည်။မျက်မှောင်ကြုတ်လျက်သား
မောင်လှည့်ကြည့်ဖြစ်တော့ မူယာက ပြုံးမြဲ
ပြုံးဆဲ။တစ်ဖက်လူကတောင် ပြုံးသေးတာပဲ သော်ယံမောင်က ဘာလို့မပြုံးနိုင်ရမှာလဲ။
စိတ်ကိုလျှော့ပြီး စိတ်မပါ၊တပါ ပြုံးပြမိသည်။လေသံကတော့ ခပ်မာမာ။

"ပြော ဘာကိစ္စလဲ..ကိုကိုရော"

"အင်း အဲ့ကိုကိုကိစ္စပဲပြောမလို့"

"ဘာ!!"

"စိတ်လျှော့စမ်းပါ။ငါ့ကို ဒေါသထွက်ရမှာ
မဟုတ်ဘူး၊ကိုကို အဲ..မှားလို့ သုထက်ကို
လိုက်ကပ်နေတဲ့ ချာတိတ်လေးကိုပဲ ဒေါသ
ထွက်ရမှာ"

မူယာပြောတော့ မောင်နားမလည်ပါ။ 'ချာတိတ်'တစ်ယောက်ထဲ ကြားရုံရေရွတ်မိသည်။'လိုက်ကပ်နေတဲ့ချာတိတ်'။
မောင့်မျက်နှာက အခုမှသဘောပေါက်သွား
ဟန်ဖြင့် ဒေါသကထောင်းခနဲ။စိတ်ကို
အတက်နိုင်ဆုံး လျှော့ချပစ်တော့ မျက်နှာက
ခပ်တင်းတင်း။

"အဲ့ချာတိတ်ဆိုတဲ့ကောင် ဘယ်မှာလဲ"

"ဟိုမှာလေ"

ခင်မူယာ ညွှန်ပြတဲ့နေရာကိုကြည့်တော့
ကိုကိုနဲ့ ခင်မူယာပြောတဲ့ချာတိတ်ဆိုတဲ့
တစ်ယောက်။ကိုကို့ထက်တောင် နုဖက်
နေပြီး အသားကတော့ အညိုလေးဖြစ်သည်။
ဘာတွေပြောနေလို့ ကိုကိုက ပြုံးနေတာလဲမသိ။သဝန်တိုရတဲ့ ဝဋ်ကနေဘယ်တော့များမှကျွတ်
မလဲ။

"အဲ့တာ ငါတို့ဆရာရဲ့သား။အသက်က
အခုမှ ဆယ့်ကိုးနှစ်ပဲရှိသေးတယ်။
ဆရာ့ကိုအကြောင်းပြပြီး သုထက်နားကို
ကပ်နေတာ။သုထက်က ဘာစိတ်မှမရှိပေမဲ့၊
သိတဲ့အတိုင်း သူက လူတိုင်းကို အယုံလွယ်
တယ်။အခုလည်း အဲ့ကောင်လေးက သူနဲ့
လိုက်ဖို့ အတင်းခေါ်နေတာ။ပြီးတော့လည်း
လက်ရဲတယ်။သုထက် လက်မောင်းကိုချိတ်ထားတာပဲကြည့်တော့"

"ငါကတော့ နင်နဲ့ပဲစိတ်ချတယ်သော်ယံမောင်။
သုထက်ကို စောင့်ရှောက်နိုင်တာ နင်ပဲရှိတာမို့
ငါလာပြောပြတာ။သုထက်က အဲ့ကောင်လေးအကြောင်းကို ဘာမှသိတာမဟုတ်ဘူး။ဟိုက
သူ့ကိုကြိုက်နေတာတောင် မရိပ်မိတာနဲ့တင်
တွေးကြည့်လို့ရပြီ"

မူယာ့စကားကိုနားထောင်ရင်း ကိုကိုတို့
ကိုလည်း လှမ်းကြည့်မိသည်။အဲ့လောက်
လူတိုင်းကိုအယုံလွယ်နေရင်မောင်က
ဘယ်လိုစိတ်ချရမလဲ။ကျောင်းပြီးလို့
တာဝန်ကျတဲ့နေရာဆီသွားရရင် ဘယ်လိုစိတ်
နဲ့ မောင်က စိတ်ချလက်ချလွှတ်နိုင်မှာလဲ။
ကိုကို့ လက်မောင်းကိုချိတ်တွယ်ထားတဲ့
အဲ့ကောင်လေးကို ပြေးပြီးထိုးချင်စိတ်က
တဖွားဖွား။ကိုကိုကလည်း သဘောရိုးနဲ့
ပြုံးနေတာနှစ်လိုဖွယ်။

"တောက်!!"

ပိုင်ဆိုးပိုင်နင်း ကိုကို့ကို ဖက်လိုက်တော့
စိတ်မှာ မထိန်းနိုင်။သည်းခံနိုင်တဲ့စိတ်တွေ
ကလည်း လွန်ကုန်ပြီ။ကိုကို့တို့နားဆီ
ခပ်သွက်သွက်သွားတော့ မူယာကလည်း
အနောက်မှာ ကျန်ရစ်သည်။
ကိုကိုက မောင့်ကိုမြင်လို့ ကောင်လေးကို
မသိမသာဖယ်နေပေမဲ့ ကောင်လေးက
အတင်းဖက်ထားတုန်း။

"မောင်"

သော်ယံမောင် ဒေါသထွက်နေပြီမှန်းသိလို့
ကိုကို့ခမျာမှာ လန့်လာသည်။မောင့်မျက်လုံး
တွေက စူးစူးရဲရဲ။အကြည့်တွေက ကျောချမ်း
စရာပင်။ကိုကိုက မောင်လို့လှမ်းခေါ်လိုက်မှ
ထိုချာတိတ်လေးက ဖယ်ခွာသည်။

"မောင်..သူ့ကို မောင်လို့ခေါ်လိုက်တာလား"

"ငါ့ကိုမခေါ်လို့ ဘယ်သူ့ကိုခေါ်ရမှာလဲ။
လာ..ပြန်ကြမယ်ကိုကို"

ကိုကို့ကို မောင့်ဘက်သို့ ဆွဲခေါ်လိုက်တော့
ထိုကောင်လေးမျက်နှာဟာ ပျက်သွားပေမယ့်
ထိန်းထားပုံပေါ်သည်။ကိုကိုကတော့ မောင့်ကို
ကြောက်လို့ ဘာမှလည်း မပြောရဲပါ။
မောင်စိတ်ဆိုးသွားမှာထက် အထင်လွဲပြီး
ပြဿနာဖြစ်မှာကို မလိုလားပါ။

"နေပါဦး အစ်ကိုနဲ့ဒီတစ်ယောက်က"

"မောင်နဲ့ ကိုကိုဆိုတဲ့စကားအသုံးအနှုန်းကို
ကြားကတည်းက မင်းသိသင့်နေပြီ။
သွားမယ်ကိုကို"

"ဟို ကောင်းဆက်လင်း အစ်ကိုသွားပြီနော်"

လှည့်ပြီး နှုတ်ဆက်နေသေးတာကြောင့်
ကိုင်ထားမိတဲ့ ကိုကို့လက်ကို လွှတ်ပြီး
ကားဆီကိုသာ ဆက်သွားဖြစ်သည်။
အနောက်နေ မောင်လို့ခေါ်ပြီးလိုက်လာပေမဲ့
လှည့်လည်း မကြည့်ဖြစ်။စောင့်လည်း
မစောင့်မိ။အခြားသူကို အရေးတယူ စကား
ပြောနေတာကိုမောင်မကြိုက်တာဖြစ်သည်။သဝန်တိုတာမျိုးလည်းဖြစ်သည်။
ဒီတစ်ယောက်ကိုပဲ ချစ်ဖူးတာ၊ ဒီတစ်ယောက်
ကိုပဲ တစ်ဘဝလုံးစာရည်ရွယ်ထားတာ။

"မောင် ငါ့ကိုစကားပြောပါဦး"

"အင်း ခေတ်ခေတ်စာမေးပွဲဖြေနိုင်တယ်တဲ့"

ထိုတစ်ခွန်းသာပြောပြီး ဆက်ပြောမလာ
တော့။မျက်မှောင်ကြီးလည်း ကြုတ်လို့။
စိတ်သာဆိုးနေတာ ခါးပတ်ပတ်ပေးဖို့ကိုလည်း
မောင်မမေ့ပါ။မောင် စိတ်ဆိုးနေပေမဲ့ ဂရုစိုက်
မြဲ၊စိုက်ဆဲမို့ ပျော်လည်း ပျော်သည်။
မောင့်ပါးကို ဖက်နမ်းပစ်တော့ ချောင်း
တစ်ချက်ဟန့်ရုံကလွဲ တုံ့ပြန်မှုတို့မလာခဲ့။

"မောင် ငါ့ကိုစိတ်မဆိုးပါနဲ့။
မောင်..သော်ယံမောင်၊ဟာ..ခေါ်နေတယ်လေကွာ"

တစ်လမ်းလုံးချော့လာပေမဲ့ သော်ယံမောင်
က ချော့လို့လည်းမရ။စိတ်တိုတိုနဲ့ လက်မောင်း
ကိုကိုက်ချလိုက်တော့လည်း အသံက
ထွက်မလာ။မောင်က ရုံးကိုမသွားဘဲ
အိမ်ကိုတန်းမောင်းချလာသည်။
အိမ်ရောက်တော့လည်း အပေါ်ထပ်ကို
တန်းနေအောင်တက်သွားပြီ ကိုကို့အိတ်ကို
ယူသွားဖို့လည်း မမေ့။

"မောင် ကိုကို့ကို စောင့်ပါဦးကွာ"

မောင့်အနောက်ကိုလိုက်သွားတော့ မောင်က
အဝတ်စားမလဲသေးဘဲ ဝရန်တာမှာ ဂီတာ
တစ်လက်နဲ့သီချင်းကို တိုးတိုးလေးညည်း
နေသေးသည်။အသံဩဩက လူကိုဆွဲဆောင်
နေခဲ့သလားပဲ။မောင့် ဘေးကိုရောက်တော့
ဆိုနေဆဲ သီချင်း၊တီးနေဆဲ ဂီတာကိုလည်း
မောင်က ရပ်ချပစ်သည်။

"ဆက်ဆိုလေကွာ"

"မဆိုချင်တော့ဘူး"

"စိတ်မဆိုးနဲ့တော့လေ။ငါငိုချင်လာပြီနော်၊
တစ်လမ်းလုံးချော့လာတာလည်း မပြေသေး
ဘူး။အဲ့ကောင်လေးက သူနဲ့လိုက်ဖို့ ခေါ်နေတာ
ပါဆို"

"ကျစ်! အဲ့တာပဲ ဘာမှမသိဘူးမလား။
ဘေးလူတွေကတောင် အဲ့ကောင်လေး
ကိုကို့အပေါ် ဘယ်လိုသဘောထားလဲသိတယ်။
ကိုကို မသိဘူးမလား"

မောင်ပြောတော့လည်း ခေါင်းလေးတဆတ်ဆတ်
ညိတ်ပြလာသည်။ဒီသော်ယံမောင်က အဲ့လိုပုံစံ
ကိုမြင်တော့ တင်းထားသမျှ စိတ်တွေက
ကြက်ပျောက်ငှက်ပျောက်။ဒီကောင်လေးမှ
တင်မသိတာမဟုတ်ဘူး ခင်မူယာကတည်းက သူဘာမှကို မသိတာ။

"နောက်ဆို အဲ့ကောင်လေးနဲ့တွဲမမြင်ချင်
ဘူးနော်။ပြီးတော့ ကိုကို့ကို ဖက်လားတွယ်လား လုပ်တာတွေလဲ ထပ်မတွေ့ချင်ဘူးကြားလား။အတက်နိုင်ဆုံး အဲ့ငနာလေးနဲ့ရှောင်နေ
ဟုတ်ပြီလား"

"ဟုတ်"

"အာ ဘယ်လိုတောင်ချစ်ဖို့ကောင်းနေရတာကွာ"

"မောင့် ကောင်လေးမို့လေ"

တစ်နေ့တခြား စကားတတ်လာတဲ့ သာလိကာ
လေးကို အချစ်တွေပိုတိုးလာဖို့ပဲရှိတော့မယ်။
သဝန်တိုခြင်းတွေက မောင့်ကိုများရည်ညွှန်း
ထားသလား။သဝန်တိုခြင်းတွေကိုသာ
ရေတွက်လို့ရရင် ထောင်သောင်းမက ဖြစ်တည်
နေမှာမျိုးပါ။

(22.9.2020)Lily_Han🍀

Zawgyi

သဝန္တိုျခင္းေတြကေမာင့္အတြက္မ်ား
ရည္ရြယ္ထားခဲ့သလား..။

************

အခ်ိန္ေတြက တေရြ႕ေရြ႕ႏွင့္အကုန္ျမန္
သည္။ေႏြရာသီေရာက္လာၿပီမို႔ ရာသီဥတုက
ပူျပင္းျပင္းနဲ႔အေတာ္ေလးေတာ့
ကသိကေအာင့္နိုင္သည္။
ဆယ္တန္း စာေမးပြဲႀကီးရဲ့ အစကနဦး
ေန႔မို႔ ေခတ္ေခတ္ရင္ေတြလည္း
တုန္သည္။ဒါေပမဲ့ အစ္ကိုေနရွင္းက
​ေခတ္ေခတ္ထက္ ပိုၿပီးမ်ား ရင္ခုန္ေနသလား။

"ကေလးေလး စာေမးပြဲအခန္းထဲေရာက္
ရင္ စိတ္ကို ေအးေအးထားေနာ္။
ဟို ၿပီးေတာ့ေလ စာေမးပြဲမေျဖခင္
ဘုရားကိုအရင္ရွိခိုး။
အသက္ကို မွန္မွန္ရွူ၊စိတ္ကိုတင္းမထားနဲ႔
အားလုံးအဆင္ေျပသြားလိမ့္မယ္ေနာ္။
မေၾကာက္နဲ႔ေနာ္ကေလးေလး။
ၾကည့္ပါဦးလက္ေတြေတာင္
​ေအးစက္ေနၿပီ"

"အစ္ကိုေနရွင္း ေမာေနပါ့မယ္။
အိမ္ကထြက္မလာခင္ထဲက ေျပာလာတာ
အခုေက်ာင္းေရွ႕ေရာက္လာတဲ့ အထိပဲ"

"အေမမွားေနသလိုပဲဟယ္"

ကားေနာက္ခန္းရွိ ေဒၚေလးႏြယ္​၏
အသံက ထိုအခါမွ ထြက္လာေတာ့သည္။
ဒီအေမကမမွာရဘဲ သူခ်ည္းေျပာ
​ေနေတာ့တာ။
ေတြးၾကည့္ရင္ ေနရွင္းပုံစံက
ရယ္လည္းရယ္ရသလို၊သနားဖို႔လည္း
ေကာင္းသည္။​ေခတ္ေခတ္ကို အေတာ္
ခ်စ္ရွာပါလားဆိုတဲ့စိတ္နဲ႔တင္ ေဒၚေလးႏြယ္
​ေက်နပ္မိတာျဖစ္သည္။

"ေခတ္ေခတ္က စာေတြရေတာ့ေလ
ေခတ္ေခတ္မေၾကာက္ပါဘူး။ဒါေပမဲ့
ရင္ေတြတုန္ေနတာသိလား။အစ္ကိုေနရွင္းက ေခတ္ေခတ္ကို ရည္းစားစကားေျပာ
တုန္းကလိုပဲ ရင္ေတြတလွပ္လွပ္နဲ႔ "

ေနရွင္းကိုတလွည့္ မိခင္ျဖစ္သူကိုတလွည့္
ၾကည့္ၿပီး အျဖဴထည္ေလးေျပာလာ
​ေတာ့​ေနရွင္းမွာ ေဒၚေလးႏြယ္ကို
မခ်ိဳျပဳံးသာျပဳံးျပရသည္။
ဘယ့္ႏွယ္ ကိုယ့္အေမေရွ႕မွာ
အဲ့လိုေျပာစရာလား။

ေက်ာင္းတံခါးမဖြင့္ေသးေတာ့
ကားေပၚမွာပဲ
ကေလးငယ္က စာျပန္ေႏႊးသည္။
ေနရွင္းရဲ့ကားနီေဘးကို ထိုးရပ္လာတဲ့
ကားျဖဴ တစ္စီး။ေသခ်ာတာတစ္ခုကေတာ့
ဒါ ေသာ္ယံေမာင္ရဲ့ကားပဲ။ေမာင္နဲ႔ကိုကိုတို႔က ​ေခတ္ေခတ္ဆီ လာတာပဲျဖစ္မည္။
ေမာင္က ေနရွင္းပုံစံကိုျမင္ေတာ့ ခြက္ထိုး
ခြက္ လန္ကို ရယ္ခ်လာသည္။ကိုကိုလည္း
ရယ္ခ်င္ ​ေပမဲ့ ေနရွင္းကိုအားနာလို႔
ႀကိတ္သာရယ္မိသည္။

"ေနရွင္းဟန္ ပုံစံကိုသာ ဟိုေကာင္ေတြ
ေတြ႕ရင္ေတာ့ျဖင့္ ဟား ဟား.."

ေျပာလည္းေျပာ၊ရယ္ကလည္းရယ္နဲ႔
လက္ကလည္း ေနရွင္းကို ဖုန္းနဲ႔ဓာတ္ပုံရိုက္
​ေနတာျဖစ္သည္။ေနရွင္းမွာ ဆဲလို႔လည္း
မျဖစ္ေတာ့ မ်က္ႏွာက မွုန္သုန္သုန္။

"ငါ ဥပုသ္ေစာင့္ထားလို႔ေနာ္"

"အခ်စ္ႀကီးလြန္းသူ အေမာင္ေနရွင္းေပါ့"

"ဒီ...."

ဆဲမိေတာ့မလို႔ အရွိန္အျမန္သတ္လိုက္ရတဲ့
အျဖစ္။ေယာပုဆိုးနဲ႔ အကၤ်ီအျဖဴလက္ရွည္ကို
တြဲဝတ္ထားတဲ့ေနရွင္းက ဒီတိုင္းပဲဆိုၾကည့္
ေကာင္းေနမွာအမွန္ေမမဲ့ လည္ပင္းမွာ
ပုတီး​ေတြ ဆြဲထားတာကေတာ့ ေၾကာင္
​ေတာင္ေတာင္နိုင္လြန္းသည္။
သနပ္ခါးကလည္း လိမ္းထား​ေသးသည္။
လက္ကလည္း ပရိတ္ရည္ဘူးကို ကိုင္ထားေသးတာ
ျဖစ္သည္။ေခတ္ေခတ္ စာေမးပြဲေျဖ
နိုင္ေအာင္ ယၾတာေခ်ထားတာတဲ့။
ဒီေန႔မွ အဲ့လိုပုံစံျဖစ္ေနတာမဟုတ္ဘူး
လြန္ခဲ့တဲ့တစ္ပတ္ေလာက္ထဲက။

"ေခတ္သြန္းေလး ရင္ေတြေတာ္ေတာ္
တုန္​ေနတာပဲ"

လက္ဖ်ံကေသြးေၾကာကိုစမ္းၾကည့္ရင္း
ကိုကိုေျပာေတာ့ ေနရွင္းမွာ အသည္း
အသန္အနားသို႔ ေရာက္ခ်လာသည္။
ေခတ္ေခတ္မာမားက စိတ္မပူရဘဲ၊စိတ္ပူလြန္
ေနတာက ေနရွင္းရယ္ပါ။

"ကေလးေလးအဆင္ေျပလား ေဆးခန္းသြားမလားဟင္။အစ္ကို ကေလးကိုေဆးခန္း
ပို႔ရမလား"

"ေဆးခန္းပို႔စရာမွမလိုတာ..စိတ္လွုပ္ရွားေန
လို႔ျဖစ္တာပါ ေနရွင္းရာ"

"ကိုကိုရယ္ အဲ့အ႐ူးကိုေျပာျပမေနနဲ႔
တကယ္တည္း အ႐ူးက်ေနတာပဲ ဟား ဟား.."

ေမာင္ကေျပာရင္း ဟန္မေဆာင္နိုင္ ထပ္ရယ္
ျပန္သည္။ကိုယ့္သူငယ္ခ်င္းကို သနားေပမဲ့
လည္း ရယ္ခ်င္စိတ္ကိုမွ မထိန္းနိုင္ေတာ့
ရယ္႐ုံေပါ့။ကိုကိုက မရယ္ပါနဲ႔လို႔တားမွ
ေမာင့္မွ တိခနဲ အရယ္ရပ္ေတာ့တဲ့အျဖစ္။

"ေက်ာင္းတံခါးဖြင့္ၿပီ ဝင္ရေတာ့မယ္ထင္တယ္"

"ေခတ္ေခတ္ စိတ္ေအးေအးထားေျဖေနာ္သားေလး"

"ဟုတ္ မာမား"

"အေဆာင္ပါၿပီလား သား"

"ပါၿပီမာမား"

"ေမ်ာက္ေလာင္းေလး ရသမၽွအကုန္
ခ်ေရးခဲ့ကြာ"

"ဟုတ္"

ရင္တုန္ေနတာေၾကာင့္ စကားကိုလိုတာ
ထက္ပိုမေျပာနိုင္။ေနရွင္းကို မ်က္ႏွာငယ္
​ေလးနဲ႔ၾကည့္မိေတာ့ ကေလးငယ္
​ေခါင္းကို ပုတ္ေပးၿပီး အဆင္ေျပသြား
မွာပါဆိုတဲ့ အျပဳံးေတြနဲ႔။
ဒါက ေခတ္ေခတ္အတြက္ေတာ့ အားေဆး
တစ္ခြက္ပဲ။ေခတ္ေခတ္က သူငယ္ခ်င္းေတြနဲ႔
တလွုပ္လွုပ္ဝင္သြားေတာ့ ေနရွင္းမွာ စိတ္လွုပ္
တရွားလည္း လိုက္ၾကည့္မိသည္။

"ေဒၚေလးႏြယ္နဲ႔ေနရွင္း ဒါဆိုသြားေတာ့
မယ္ေနာ္"

"ေကာင္းပါၿပီကြယ္"

"ေနရွင္း ကေလးေျဖၿပီးထြက္လာရင္
ငါ့ကိုအေျခအေနေလး လွမ္းဆက္ေနာ္"

"ေအး ဆက္လိုက္မယ္ ေသာ္ယံ"

​ေခတ္ေခတ္နဲ႔သာ မတည့္တာ
​ေခတ္ေခတ္ကိုညီေလးတစ္ေယာက္လို
​ေမာင္ခ်စ္တာျဖစ္သည္။သံေယာဇဥ္လည္းရွိသည္။
ဒီလိုနဲ႔ေမာင္နဲ႔ကိုကိုလည္း လိုရာကိုသာ
ဆက္သြားျဖစ္ၾကေတာ့သည္။

"ကိုကို ေန႔ခင္းက်ရင္ေမာင္လာႀကိဳမယ္
​ေနာ္"

"ဟို ငါပဲ ေမာင့္႐ုံးကိုတန္းလာခဲ့ပါ့မယ္"

"ေမာင္ လာႀကိဳမယ္ေစာင့္ေန။
ဘာမွထပ္မေျပာနဲ႔"

မဟုတ္ရင္ လူကိုပင္ပန္းမွာဆိုးလို႔
တစ္ေယာက္ထဲလာမယ္ ဘာညာထပ္လုပ္
ေနမွာ။ကိုကို႔ကို ဝင္ပို႔ၿပီး ေမာင္႐ုံးကိုပဲ
တန္းေမာင္းသြားျဖစ္သည္။
ကားေပၚက စူေအာင့္ေအာင့္
ဆင္းသြားတဲ့ ကိုကို႔ကိုလည္း မေခ်ာ့လိုက္ပါ။
ေခ်ာ့ရင္ ငါ့ဘာသာျပန္လာမယ္ဆိုၿပီး
ထပ္ေျပာေနမွာ ေမာင္သိသားပဲ။

*************

"အစည္းေဝးကေတာ့ ဒီေလာက္ပါပဲ။
ေနာက္တစ္ပတ္မွ ေတြ႕ၾကတာေပါ့"

အစည္းေဝးၿပီးတာနဲ႔ ေမာင္လည္း
ကိုကို႔ကို ႀကိဳဖို႔သြားရဦးမည္။
ကိုကိုတို႔က မုန႔္သြားစားၾကတယ္တဲ့။
ကိုကိုပို႔ထားတဲ့ စားေသာက္ဆိုင္လိပ္စာကို
တစ္ခ်က္ဖြင့္ၾကည့္ရင္း လိုက္သြားမိသည္။
ဆိုင္ေရာက္ေတာ့ ကိုကို႔ဆီဖုန္းဆက္ၿပီး
ကားပါကင္၌သာ ေစာင့္ေနျဖစ္သည္။

"ေသာ္ယံေမာင္"

တျခားသူေတာ့မဟုတ္ မူယာမွ ေခၚလာတာ
ျဖစ္သည္။မ်က္ေမွာင္ၾကဳတ္လ်က္သား
ေမာင္လွည့္ၾကည့္ျဖစ္ေတာ့ မူယာက
ျပဳံးျမဲျပဳံးဆဲ။တစ္ဖက္လူကေတာင္ ျပဳံးေသး
တာပဲ ေသာ္ယံေမာင္က ဘာလို႔မျပဳံးနိုင္ရမွာလဲ။
စိတ္ကိုေလၽွာ့ၿပီး စိတ္မပါ၊တပါ ျပဳံးျပမိ
သည္။ေလသံကေတာ့ ခပ္မာမာ။

"ေျပာ ဘာကိစၥလဲ..ကိုကိုေရာ"

"အင္း အဲ့ကိုကိုကိစၥပဲေျပာမလို႔"

"ဘာ!!"

"စိတ္ေလၽွာ့စမ္းပါ။ငါ့ကို ေဒါသထြက္ရမွာ
မဟုတ္ဘူး၊ကိုကို အဲ..မွားလို႔ သုထက္ကို
လိုက္ကပ္ေနတဲ့ ခ်ာတိတ္ေလးကိုပဲ ေဒါသ
ထြက္ရမွာ"

မူယာေျပာေတာ့ ေမာင္နားမလည္ပါ။
'ခ်ာတိတ္'တစ္ေယာက္ထဲ ၾကား႐ုံေရရြတ္မိ
သည္။'လိုက္ကပ္ေနတဲ့ခ်ာတိတ္'။
ေမာင့္မ်က္ႏွာက အခုမွသေဘာေပါက္သြား
ဟန္ျဖင့္ ေဒါသကေထာင္းခနဲ။စိတ္ကို
အတက္နိုင္ဆုံး ေလၽွာ့ခ်ပစ္ေတာ့ မ်က္ႏွာ
က ခပ္တင္းတင္း။

"အဲ့ခ်ာတိတ္ဆိုတဲ့ေကာင္ ဘယ္မွာလဲ"

"ဟိုမွာေလ"

ခင္မူယာ ညႊန္ျပတဲ့ေနရာကိုၾကည့္ေတာ့
ကိုကိုနဲ႔ ခင္မူယာေျပာတဲ့ခ်ာတိတ္ဆိုတဲ့
တစ္ေယာက္။ကိုကို႔ထက္ေတာင္ ႏုဖက္
ေနၿပီး အသားကေတာ့ အညိဳေလးျဖစ္သည္။
ဘာေတြေျပာေနလို႔ ကိုကိုက ျပဳံးေနတာ
လဲမသိ။သဝန္တိုရတဲ့ ဝဋ္ကေနဘယ္ေတာ့မ်ား
မွကၽြတ္မလဲ။

"အဲ့တာ ငါတို႔ဆရာရဲ့သား။အသက္က
အခုမွ ဆယ့္ကိုးႏွစ္ပဲရွိေသးတယ္။
ဆရာ့ကိုအေၾကာင္းျပၿပီး သုထက္နား
ကိုကပ္ေနတာ။သုထက္က ဘာစိတ္မွမရွိေပမဲ့၊
သိတဲ့အတိုင္း သူက လူတိုင္းကို အယုံလြယ္
တယ္။အခုလည္း အဲ့ေကာင္ေလးက သူနဲ႔
လိုက္ဖို႔ အတင္းေခၚေနတာ။
ၿပီးေတာ့လည္း လက္ရဲတယ္။သုထက္
လက္ေမာင္းကိုခ်ိတ္ထားတာပဲၾကည့္ေတာ့"

"ငါကေတာ့ နင္နဲ႔ပဲစိတ္ခ်တယ္ေသာ္ယံေမာင္။
သုထက္ကို ေစာင့္ေရွာက္နိုင္တာ နင္ပဲရွိတာမို႔
ငါလာေျပာျပတာ။
သုထက္က အဲ့ေကာင္ေလးအေၾကာင္းကို
ဘာမွသိတာမဟုတ္ဘူး။ဟိုက သူ႔ကိုႀကိဳက္
​ေနတာေတာင္ မရိပ္မိတာနဲ႔တင္ ​ေတြးၾကည့္လို႔ရၿပီ"

မူယာ့စကားကိုနားေထာင္ရင္း ကိုကိုတို႔
ကိုလည္း လွမ္းၾကည့္မိသည္။
အဲ့ေလာက္ လူတိုင္းကိုအယုံလြယ္ေနရင္
​ေမာင္က ဘယ္လိုစိတ္ခ်ရမလဲ။ေက်ာင္းၿပီးလို႔
တာဝန္က်တဲ့ေနရာဆီသြားရရင္ ဘယ္လိုစိတ္
နဲ႔ ေမာင္က စိတ္ခ်လက္ခ်လႊတ္နိုင္မွာလဲ။
ကိုကို႔ လက္ေမာင္းကိုခ်ိတ္တြယ္ထားတဲ့
အဲ့ေကာင္ေလးကို ေျပးၿပီးထိုးခ်င္စိတ္က
တဖြားဖြား။ကိုကိုကလည္း သေဘာရိုးနဲ႔
ျပဳံးေနတာႏွစ္လိုဖြယ္။

"ေတာက္!!"

ပိုင္ဆိုးပိုင္နင္း ကိုကို႔ကို ဖက္လိုက္ေတာ့
စိတ္မွာ မထိန္းနိုင္။သည္းခံနိုင္တဲ့စိတ္ေတြ
ကလည္း လြန္ကုန္ၿပီ။ကိုကို႔တို႔နားဆီ
ခပ္သြက္သြက္သြားေတာ့ မူယာကလည္း
အေနာက္မွာ က်န္ရစ္သည္။
ကိုကိုက ေမာင့္ကိုျမင္လို႔ ေကာင္ေလး
ကိုမသိမသာဖယ္ေနေပမဲ့ ေကာင္ေလးက
အတင္းဖက္ထားတုန္း။

"ေမာင္"

ေသာ္ယံေမာင္ ေဒါသထြက္ေနၿပီမွန္း
သိလို႔ကိုကို႔ခမ်ာမွာ လန႔္လာသည္။
​ေမာင့္မ်က္လုံး​ေတြက စူးစူးရဲရဲ။
အၾကည့္ေတြက ေက်ာခ်မ္းစရာပင္။
ကိုကိုက ေမာင္လို႔လွမ္းေခၚလိုက္မွ
ထိုခ်ာတိတ္ေလးက ဖယ္ခြာသည္။

"ေမာင္..သူ႔ကို ေမာင္လို႔ေခၚလိုက္တာလား"

"ငါ့ကိုမေခၚလို႔ ဘယ္သူ႔ကိုေခၚရမွာလဲ။
လာ..ျပန္ၾကမယ္ကိုကို"

ကိုကို႔ကို ေမာင့္ဘက္သို႔ ဆြဲေခၚလိုက္
​ေတာ့ ထိုေကာင္ေလးမ်က္ႏွာဟာ
ပ်က္သြားေပမယ့္ထိန္းထားပုံေပၚသည္။
ကိုကိုကေတာ့ ေမာင့္ကို
ေၾကာက္လို႔ ဘာမွလည္း မေျပာရဲပါ။
ေမာင္စိတ္ဆိုးသြားမွာထက္ အထင္လြဲၿပီး
ျပႆနာျဖစ္မွာကို မလိုလားပါ။

"ေနပါဦး အစ္ကိုနဲ႔ဒီတစ္ေယာက္က"

"ေမာင္နဲ႔ ကိုကိုဆိုတဲ့စကားအသုံးအႏွုန္း
ကို ၾကားကတည္းက မင္းသိသင့္ေနၿပီ။
သြားမယ္ကိုကို"

"ဟို ေကာင္းဆက္လင္း အစ္ကိုသြားၿပီေနာ္"

လွည့္ၿပီး ႏွုတ္ဆက္ေနေသးတာေၾကာင့္
ကိုင္ထားမိတဲ့ ကိုကို႔လက္ကို လႊတ္ၿပီး
ကားဆီကိုသာ ဆက္သြားျဖစ္သည္။
အေနာက္ေန ေမာင္လို႔ေခၚၿပီးလိုက္လာေပမဲ့
လွည့္လည္း မၾကည့္ျဖစ္။ေစာင့္လည္း
မေစာင့္မိ။အျခားသူကို အေရးတယူ စကား
ေျပာေနတာကိုေမာင္မႀကိဳက္တာျဖစ္သည္။သဝန္တိုတာမ်ိဳးလည္းျဖစ္သည္။
ဒီတစ္ေယာက္ကိုပဲ ခ်စ္ဖူးတာ၊ ဒီတစ္ေယာက္
ကိုပဲ တစ္ဘဝလုံးစာရည္ရြယ္ထားတာ။

"ေမာင္ ငါ့ကိုစကားေျပာပါဦး"

"အင္း ေခတ္ေခတ္စာေမးပြဲေျဖနိုင္တယ္တဲ့"

ထိုတစ္ခြန္းသာေျပာၿပီး ဆက္ေျပာမလာ
ေတာ့။မ်က္ေမွာင္ႀကီးလည္း ၾကဳတ္လို႔။
စိတ္သာဆိုးေနတာ ခါးပတ္ပတ္ေပးဖို႔ကိုလည္း
ေမာင္မေမ့ပါ။ေမာင္ စိတ္ဆိုးေနေပမဲ့ ဂ႐ုစိုက္
ျမဲ၊စိုက္ဆဲမို႔ ေပ်ာ္လည္း ေပ်ာ္သည္။
ေမာင့္ပါးကို ဖက္နမ္းပစ္ေတာ့ ေခ်ာင္း
တစ္ခ်က္ဟန႔္႐ုံကလြဲ တုံ႔ျပန္မွုတို႔မလာခဲ့။

"ေမာင္ ငါ့ကိုစိတ္မဆိုးပါနဲ႔။
ေမာင္..ေသာ္ယံေမာင္၊ဟာ..ေခၚေနတယ္
​ေလကြာ"

တစ္လမ္းလုံးေခ်ာ့လာေပမဲ့ ေသာ္ယံေမာင္
က ေခ်ာ့လို႔လည္းမရ။
စိတ္တိုတိုနဲ႔ လက္ေမာင္းကိုကိုက္ခ်လိုက္ေတာ့
လည္း အသံက ထြက္မလာ။ေမာင္က ႐ုံးကိုမသြားဘဲ အိမ္ကိုတန္းေမာင္းခ်လာသည္။
အိမ္ေရာက္ေတာ့လည္း အေပၚထပ္ကို
တန္းေနေအာင္တက္သြားၿပီ ကိုကို႔အိတ္ကို
ယူသြားဖို႔လည္း မေမ့။

"ေမာင္ ကိုကို႔ကို ေစာင့္ပါဦးကြာ"

ေမာင့္အေနာက္ကိုလိုက္သြားေတာ့ ေမာင္က
အဝတ္စားမလဲေသးဘဲ ဝရန္တာမွာ ဂီတာ
တစ္လက္နဲ႔သီခ်င္းကို တိုးတိုးေလးညည္း
ေနေသးသည္။အသံဩဩက လူကို
ဆြဲေဆာင္​ေနခဲ့သလားပဲ။ေမာင့္ ေဘး
ကိုေရာက္ေတာ့ဆိုေနဆဲ သီခ်င္း၊
တီးေနဆဲ ဂီတာကိုလည္း​ေမာင္က ရပ္ခ်ပစ္သည္။

"ဆက္ဆိုေလကြာ"

"မဆိုခ်င္ေတာ့ဘူး"

"စိတ္မဆိုးနဲ႔ေတာ့ေလ။ငါငိုခ်င္လာၿပီေနာ္၊
တစ္လမ္းလုံးေခ်ာ့လာတာလည္း မေျပေသး
ဘူး။အဲ့ေကာင္ေလးက သူနဲ႔လိုက္ဖို႔
​ေခၚေနတာပါဆို"

"က်စ္! အဲ့တာပဲ ဘာမွမသိဘူးမလား။
ေဘးလူေတြကေတာင္ အဲ့ေကာင္ေလး
ကိုကို႔အေပၚ ဘယ္လိုသေဘာထားလဲသိတယ္။
ကိုကို မသိဘူးမလား"

ေမာင္ေျပာေတာ့လည္း ေခါင္းေလး
တဆတ္ဆတ္ညိတ္ျပလာသည္။
ဒီေသာ္ယံေမာင္က အဲ့လိုပုံစံကိုျမင္ေတာ့ တင္းထားသမၽွ စိတ္ေတြကၾကက္
​ေပ်ာက္ငွက္ေပ်ာက္။ဒီေကာင္ေလးမွ
တင္မသိတာမဟုတ္ဘူး ခင္မူယာကတည္းက
သူဘာမွကို မသိတာ။

"ေနာက္ဆို အဲ့ေကာင္ေလးနဲ႔တြဲမျမင္ခ်င္
ဘူးေနာ္။ၿပီးေတာ့ ကိုကို႔ကို ဖက္လားတြယ္လား လုပ္တာေတြလဲ ထပ္မေတြ႕ခ်င္ဘူးၾကားလား။အတက္နိုင္ဆုံး အဲ့ငနာေလးနဲ႔ေရွာင္ေန
ဟုတ္ၿပီလား"

"ဟုတ္"

"အာ ဘယ္လိုေတာင္ခ်စ္ဖို႔ေကာင္းေနရတာကြာ"

"ေမာင့္ ေကာင္ေလးမို႔ေလ"

တစ္ေန႔တျခား စကားတတ္လာတဲ့ သာလိကာ
ေလးကို အခ်စ္ေတြပိုတိုးလာဖို႔ပဲရွိေတာ့
မယ္။သဝန္တိုျခင္းေတြက ေမာင့္ကို
မ်ားရည္ညႊန္းထားသလား။
သဝန္တိုျခင္းေတြကိုသာ
ေရတြက္လို႔ရရင္ ေထာင္ေသာင္းမက
ျဖစ္တည္​ေနမွာမ်ိဳးပါ။

(22.9.2020)Lily_Han🍀

Continue Reading

You'll Also Like

239K 10K 33
ကိုယ့္နွလံုးသားက မင္းနဲ႔မွ တကယ္ခ်စ္တတ္လာတာပါ #လြမ္းေရးထက္ ခင္ဗ်ားကို ခ်စ္ရမွာေျကာက္တယ္ #စစ္ခြန္းသ ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွ...
381K 28.9K 25
You can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သွ်ားခြန္းသ & တံခြန္သစ္ From 8. 10. 2019 To 20. 4. 2020
150K 7.9K 51
LGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။
36.6K 1.6K 17
(Zawgyi Code ) #ဘုန္​းသခင္​ ​ေတာင္​းပန္​ပါတယ္​ မင္​းအတြက္​မဟုတ္​တဲ့ ကုိယ္​့ရဲ႕အခ်စ္​​ေတြအတြက္​ ...... #ျမဴရိပ္​သြင္​ ဦးအတြက္​ကြၽန္​​ေတာ္​့အခ်စ...