Mine (Completed)
By Tokebloom
14.3K 1K 190
OffGun (Completed) Zawgyi & Unicode 18/11/2020 to 7/12/2020 More
Introduction
ep_2
ep_3
ep_4
ep_5
ep_6
ep_7
ep_8
ep_9
ep_10
ep_11
ep_12
ep_13
The end
ep_1
4.2K 123 17
By Tokebloom
"Gun...မပြေးနဲ့လေ"
"ဆင်ကြီးတွေကို အစာကျွေးချင်လား Gun"
"အင်း အင်း"
ထို့နောက်.....!
####################
"မေမေ....ဖေဖေ!!!"
"သား သား... Gun လူလေး"
"မေမေ"
"ပျော်စရာပါ မေမေရဲ့၊ Gunတို့ တိရစ္ဆာန်ဥယျာဉ် အတူတူ သွားကြတာကို မက်တာ၊ ဖေဖေလည်း ပါတယ်...ပြီးတော့...!"
"တစ်ကယ်လား မေမေ"
"အစ်ကို"
"ဖေဖေ"
"ဟုတ်ကဲ့မေမေ"
______Mine_______
"ရှင်!!!!!!!"
################
ချစ်တဲ့.... BLOOM
18/11/2020
Unicode
တိမ်ကင်းစင်ပြီး သာယာလွန်းလှတဲ့ နေ့လေးတစ်နေ့မှာ အများပြည်သူများ လာရောက် အပန်းဖြေကြတဲ့ ဥယျာဉ်ကြီးထဲတွင်တော့ အသက်အရွယ်စုံလင်လှစွာ သွားလာလှုပ်ရှား သက်ဝင်နေပါတော့သည်။
"Gun...မပြေးနဲ့လေ"
ကျောထိ ဝဲဖြာနေတဲ့ ဆံနွယ်တို့ကို တစ်ဝက်တိတိယူကာ လက်ကိုင်ပုဝါဖြင့် စည်းနှောင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးသည် သူမ၏အရှေ့မှ ပြေးနေသော (၈)နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပူပန်စိတ်ဖြင့် လှမ်းတားနေသည်။
"မေမေ ဟိုမှာ ဆင်သေးသေးလေး"
အရှေ့ကို ကြိုပြေးနှင့်နေသော သားငယ်လေးသည် မိမိနောက်နား လာရပ်နေသည့် မိဘနှစ်ပါးကို အပြုံး ခပ်ကြီးကြီးပေးပြီး သူစိတ်ဝင်စားရာကိုပါ ပြသလိုက်သေးသည်။
"ဆင်ကြီးတွေကို အစာကျေွးချင်လား Gun"
"အင်း အင်း"
ခေါင်းကို တစ်ကြိမ်ထက်ပိုပြီး ငြိတ်ပြလိုက်ကာ ဖခင်ဖြစ်သူ ဝယ်ပေးသော ကော်ခြင်းပိုင်းလေးကို ယူပြီး ကြံပိုင်းတွေကို ဆင်တို့၏ နှာမောင်းထဲ မမီမကမ်း လှမ်းပေးနေစဉ် Gunကိုယ်လုံးလေး လေထဲ မြင့်တက်သွားပါတော့သည်။
ဟုတ်ပါသည်။ ဖခင်ဖြစ်သူက နိမ့်လွန်းတဲ့ Gunကိုယ်လုံးကို လက်မောင်းဖြင့် သိုင်းချီကာ ပွေ့ဖက်ထားပြီး မိခင်ဖြစ်သူကတော့ သူမ၏ခင်ပွန်းနှင့် သားငယ်လေးကို မြတ်နိုးမဝစွာ ကြည့်နေလေသည်။
ထို့နောက်.....!
"မေမေ၊ ဖေဖေ မသွားပါနဲ့... Gunတစ်ယောက်တည်း မနေခဲ့ချင်ဘူး"
Gun၏ လေးပင်နေသော ခြေလှမ်းတွေက တစ်လှမ်းနှင့်တစ်လှမ်း မရွှေ့၍မရ ဖြစ်နေကာ မိဘနှစ်ပါးကလည်း နောက်မကြည့်စတမ်း ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည်။
ပုံရိပ်တို့ တစ်ဖြေးဖြေး ဝေးလွန်းမက ဝေးသွားကာ နောက်ဆုံးတော့ လေဟာပြင်ကြီးသာ ကျန်ခဲ့တော့လေသည်။
####################
"မေမေ....ဖေဖေ!!!"
"သား သား... Gun လူလေး"
တစ်ကိုယ်လုံး တုန်ခါနေရင်း ရင်ဘတ် တစ်ခုလုံး နိမ့်ချည် မြင့်ချည်ဖြစ်ကာ အသက်ကို အလုအယက် ရှူရှိုက်ခြင်းဖြင့် Gun နိုးထလာခဲ့သည်။
စိတ်နှင့် ခန္ဓာ ပြန်တွဲမိတော့မှ ထိတ်လန့်စရာတွေ အားလုံးက အိပ်မက်ဖြစ်နေခဲ့မှန်း သိလိုက်ရပြီး ယခုလက်ရှိ Gunနေမကောင်းဖြစ်ပြီး ဆေးရုံပေါ် ရောက်နေသည်မှာ တစ်ပတ်တိတိ ရှိနေပြီမှန်း အမှတ်ရလိုက်သည်။
"မေမေ"
"အင်းပါ သားလေးရယ် မေမေပါ၊ မေ့သားလေး အိပ်မက်ဆိုးတွေ မက်နေတာလား"
"ပျော်စရာပါ မေမေရဲ့၊ Gunတို့ တိရစာၦန်ဥယျာဉ် အတူတူ သွားကြတာကို မက်တာ၊ ဖေဖေလည်း ပါတယ်...ပြီးတော့...!"
အပြုံးတို့ဖြင့် ပြောပြနေသည့် သားလေးစကားက သူမကို ပျော်ရွှင်စေသလို ခင်ပွန်းဖြစ်သူကိုလည်း သတိရသွားစေသည်။
"ပြီးတော့ ဘာဖြစ်လည်း သား"
"ပြီးတော့ Gunတစ်ယောက်တည်း ကျန်ခဲ့တယ် မေမေ..."
ပျက်ယွင်းသွားတဲ့ မျက်နှာကို ချက်ချင်းပြင်ဆင်လိုက်ပြီး သားဖြစ်သူ၏ နဖူးပေါ် ဝဲကျနေသော ဆံစတို့ကို သပ်တင်ကာ ကြင်နာစွာ ပြုံးလိုက်သည်။
"အဲ့ဒါကြောင့် မေ့သားလေးက လန့်နိုးသွားတာကိုး... အိပ်မက်ဆိုတာ ပြောင်းပြန်ယူရတယ် သားရဲ့... မေ့သားကို မေတို့က ဘယ်တော့မှ မချန်ခဲ့ပါဘူးကွယ်"
"တစ်ကယ်လား မေမေ"
သူမဆီ တိုးဝှေ့ဖက်တွယ်လာသည့် သားဖြစ်သူကို ပြန်လည်ဖက်ထားလိုက်ရင်း ကတိတွေ ပေးမိလေသည်။
" ဘုရားကို တိုင်တည်ပြီး ပြောပါတယ်ကွယ် တစ်ကယ်ပါ"
"ဒီသားအမိတွေ ဘာတွေ တိုးတိုးပြောနေတာလဲ"
အခန်းတံခါးရွက်လေး ဖျပ်ကနဲ ပွင့်လာတာနဲ့ အမျှ ကြည့်ကောင်းသည့် အမျိုးသားတစ်ဦးသည်လည်း အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။
"အစ်ကို"
"ဖေဖေ"
ဖခင်ဖြစ်သူသည်လည်း Gunကိုယ်လုံးသေးသေးလေးကို ဖက်တွယ်လိုက်ပြီး ဇနီးသည်၏ နဖူးဆီကို အနမ်းတစ်ပွင့် ခြွေလိုက်ကာ နှုတ်ဆက်လိုက်သည်။
"အစ်ကို အလုပ်တွေ ပြီးခဲ့ပြီလား"
"အင်း... ဒီနေ့ ဆရာဝန်ကြီးက ပြောစရာရှိတယ်ဆို.. ကိုယ် အမြန်ပြေးလာတာ"
ဖခင်ဖြစ်သူမှာ ယူလာတဲ့ စားစရာတွေ အထုပ်အပိုးတွေကို အခန်းရဲ့ထောင့်က ရေခဲသေတ္တာသေးထဲ ထည့်ပြီး ဇနီးသည်ကို စောင့်နေလေသည်။
"သား မေမေတို့ ဆရာဝန်ကြီးနဲ့ သွားတွေလိုက်အုံးမယ်... လိမ်လိမ်မာမာ အိပ်နေနော်... တစ်ခုခု လိုချင်တာရှိရင် ခေါင်းရင်းက ဘဲလ်လေးကို နှိပ်လိုက်... ဆရာဝန်တွေ ဆရာမလေးတွေ လာလိမ့်မယ်"
"ဟုတ်ကဲ့မေမေ"
(၁၈)နှစ်သားအရွယ် ကောင်လေးကတော့ အခန်းထဲ ငြိမ်သက်စွာ လဲလျောင်းရင်း ကျန်ခဲ့လေသည်။
______Mine_______
"ရှင်!!!!!!!"
"ဆရာ နောက်တစ်ခေါက်လောက် ပြန်ပြောပေးပါလားဗျာ"
ဆေးအပြာရောင်လေးတွေ ခြယ်သထားတဲ့ အခန်းကြောင့် မြင်လျှင် ရင်အေးရပေမယ့် အခန်းထဲရှိ လူကြီး(၃)ဦးကတော့ တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ဝမ်းနည်းလွန်နေတဲ့ အမျိုးသမီးကို ခင်ပွန်းဖြစ်သူက ပွေ့ဖက်ကာ နှစ်သိမ့်နေလေသည်။
"ဒါ ဒါဆို ကုသလို့ မရတော့ဘူးလားရှင်"
"ကျွန်တော် စိတ်မကောင်းပါဘူးဗျာ၊ ရှားပါးရောဂါမို့ မိဘတွေဘက်က အကောင်းဆုံး စိတ်ကို ပြင်ဆင်ထားပါ"
"အဟင့် ဟင့် အစ်ကို ကျွန်မတို့ သားလေးကို ဘယ်လိုလုပ်ကြမလဲဟင်၊ သားလေးက ခုမှ ငယ်ငယ်လေး ရှိသေးတာ"
"အရမ်းမငိုပါနဲ့ကွာ သားလေး ရိပ်မိသွားပါ့မယ်၊ ကိုယ်တို့ အကောင်းဆုံး ကြိုးစားကြတာပေါ့"
ခင်ပွန်းသည်က စိတ်ကိုတင်းပြီး အကောင်းဆုံး စကားလုံးတွေကို ရွေးချယ်ပြောနေပေမဲ့ သူကိုယ်တိုင်ကပင် အံကိုကြိတ်ထားရလွန်း၍ မေးကြောများပင် ထောင်ထနေလေသည်။
လောကကြီးက မတရားလိုက်တာ၊ အမျိုးသမီးတွေက ငိုကြွေးခြင်းဖြင့် ဝမ်းနည်းမှုကို ဖော်ပြလို့ရကြပြီး ကျွန်တော်တို့ အမျိုးသားတွေက တင်ခံထားကြရမယ်လို့ ဘာကြောင့် အများက သတ်မှတ် ထားကြသနည်း။ စစ်ပွဲဖြစ်လျှင် ရရာ လက်နက်ဆွဲပြီးတိုက်ကာ လာမယ့်ဘေးကို ပြေးတွေ့လိုက်လျှင် ရပေမဲ့ သားလေး၏ အနာရောဂါက ကိုယ်စားခံပေးချင်တောင် မရသည့် အခြေအနေမို့ အလွန်ပင် ဝမ်းနည်းစရာကောင်းလွန်းသည်။ ဒီရောဂါဆိုးကြီးကို ကျွန်တော်သာ ပုခုံးပြောင်းပြီး ကိုယ်စားခံလို့ရရင်ဖြင့် ကျွန်တော်တို့ မိသားစု အနည်းနဲ့အများတော့ ပျော်ရွှင်ရအုံးမည်။ အခုတော့.....။
################
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ချစ်တဲ့.... BLOOM
18/11/2020
Continue Reading
You'll Also Like
982K 60.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
3.1K 450 13
Say yes to heaven.....
438 55 9
2023.4.21တွင်စတင်ရေးသားသည် Supernatural seriesထဲကအချက်အလတ်အချို့အားလေ့လာရေးသားသည်။