သစ္စာတည်၍ အမျက်တော်ပြေ S2

By ZReed_Feb29

405K 54.3K 2.3K

နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed More

AN
Ep-1(Unicode)
Ep-1(Zawgyi)
Ep-2(Unicode)
Ep-2(Zawgyi)
Ep-3(Unicode)
Ep-3(Zawgyi)
Ep-4(Unicode )
Ep-4(Zawgyi)
Ep-5(Unicode)
Ep-5(Zawgyi)
Ep-6(Unicode)
Ep-6(Zawgyi)
Ep-7(Unicode)
Ep-7(Zawgyi)
Ep-8(Unicode)
Ep-8(Zawgyi)
Ep-9(Unicode)
Ep-9(Zawgyi)
Ep-10(Unicode)
Ep-10(Zawgyi)
Ep-11(Unicode)
Ep-11(Zawgyi)
Ep-12(Zawgyi)
Ep-13(Unicode)
Ep-13(Zawgyi)
Ep-14(Unicode)
Ep-14(Zawgyi)
Ep-15(Unicode)
Ep-15(Zawgyi)
Ep-16(Unicode)
Ep-16(Zawgyi)
Ep-17(Unicode)
Ep-17(Zawgyi)
Ep-18(Unicode)
Ep-18(Zawgyi)
Ep-19(Unicode)
Ep-19(Zawgyi)
Ep-20(Unicode)
Ep-20(Zawgyi)
Ep-21(Unicode)
Ep-21(Zawgyi)
Ep-22(Unicode)
Ep-22(Zawgyi)
Ep-23(Unicode )
Ep-23(Zawgyi)
Ep-24(Unicode)
Ep-24(Zawgyi)
Ep-25(Unicode)
Ep-25(Zawgyi)
Ep-26(Unicode)
Ep-26(Zawgyi)
Ep-27(Unicode)
Ep-27(Zawgyi)
Ep-28(Unicode)
Ep-28(Zawgyi)
Ep-29(Unicode)
Ep-29(Zawgyi)
Ep-30 (Unicode)
Ep-30 (Zawgyi)

Ep-12(Unicode)

7.8K 1.3K 119
By ZReed_Feb29



သစ်ရွက်ခြောက်တို့ကို ဖြတ်နင်းလာသော ခြေသံဟာ သေမင်းရဲ့ စက္ကန့်ရေတွက်နေ​သော နာရီလက်တံကဲ့သို့။ဆေးထည့်ပြီးခါစ မီးလောင် ဒဏ်ရာတို့နှင့် လူတစ်ယောက်ကို မျက်လုံးတွင် အဝတ်စီးထားပြီး အပင်ခြေရင်းမှာလက်ပြန်ကြိုးတုတ်ထားသည်။ တဖြည်းဖြည်းနီးကပ်လာသော ခြေသံပိုင်ရှင်ဟာ စီးကရက်ကိုက်ခဲထားသော နှုတ်ခမ်းတစ်စုံကို တစ်ဖက်တည်းပြုံးလိုက်ပြီး

"မှောက်ပြီး ပုဆိုးချွတ်လိုက်"

နှစ်ခါပြောစရာမလိုသော အမိန့်သံအောက်မှာ ဘေးမှတပည့်ဖြစ်သူက ချက်ချင်းနာခံသည်။အပင်ခြေရင်းမှာ ထိုင်ရက်အတိုင်းရှိနေသော ထိုလူကို ဆွဲမှောက်ကာ ချွတ်လိုက်ပြီး ခြေထောက်တစ်ဖက်စီကိုလည်း ဘေးမှ သစ်ပင်နဲ့ကြိုးတုတ်လိုက်သည်။

"မင်း ... မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲ!! လွတ်စမ်း! ငါ့ကို ထိလို့ကတော့​မင်းတို့ကိုထောင်ထဲ ထည့်ပစ်မှာ"

"ကျစ် ! နားငြီးတယ် သူ့အဝတ်နဲ့ ပါးစပ်ကို ပြန်ဆို့ထားစမ်းကွာ"

ရုန်းကန်သော်လည်း မလွတ်တဲ့အပြင် အသံတောင် ထွက်မလာနိုင်တော့။ ဆေးလိပ်မီးခိုးငွေ့တို့ ဝဲနေသော မျက်နှာသွင်ပြင်ဟာ သစ်ကိုင်းကြားမှ ဖြာကျနေသော လရောင်ကြောင့် လှောင်ပြောင်ခြင်း အပြုံးတို့ ထင်းလင်းစေသည်။

"မင်းလက်ဖျံလောက် ရှိမယ့် သစ်ကိုင်းတစ်ခုရှာခဲ့ .... ဖြောင့်မနေစေနဲ့၊ ဆူးပါတာဆို ပိုကောင်းတယ်"

"ဟုတ်ကဲ့"

သိပ်မကြာခင် လူသူကင်းမဲ့နေသော တောင်တန်းတစ်နေရာမှာ ငရဲခန်းတစ်ခု ဖြစ်ပေါ်လာသည်။ပါးစပ်မှ အဝတ်ဆို့ထားသောကြောင့် ဝမ်းခေါင်းသံကြီးနဲ့ အော်နေသော်လည်း သဲကွဲစွာမကြားနိုင်။ လက်နှစ်ဆစ်လောက်ကျန်နေသော သစ်ကိုင်းခြောက်၏ အစွန်းတစ်ဖက်ကို ဖိနင်းလိုက်သော ရှူးဖိနပ်အောက်မှာ သွေးတွေ စီးကျလာပြီး လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။

"ရွာနားမှာသွားချထားလိုက် မသေစေနဲ့၊ ရှင်နေမှ နာတာကို သိမှာ"

တပည့်ဖြစ်သူက ခေါင်းညိတ်ပြကာ မေ့မြောနေတဲ့ ထိုလူကို ဆွဲခေါ်သွားသည်။
ဖိနပ်မှာ​ပေနေသော သွေးတို့ ကို သစ်ရွက်ခြောက်တို့ဖြင့် ဖိသုတ်လိုက်ပြီး လာရာလမ်းအတိုင်း လှည့်ပြန်သွားသော လရောင်အောက်က အရိပ်တစ်ခု။ချိတ်ဆွဲထားမြဲ မဲ့ပြုံးကကောင်လေးနာကျင်မှုထက် နှစ်ဆပြန်ခံစားရအောင် လုပ်လိုက်ရလို့ စိတ်ကျေနပ်နေသည့်ဟန်။

.................

အိပ်ပျော်နေသော စိုင်းခန့်ရဲ့ ခုတင်ဘေး ခပ်လှမ်းလှမ်းနေရာမှာ ကျော်ကကျော် မလှုပ်မယှက် စောင့်ကြပ်နေရသည်။ဇော်မျိုးနိုင်ဆီက SMS ရတာနဲ့ ချက်ချင်းထွက်သွားသော ဆရာက ကောင်လေးလုံခြုံရေးကို မှာထားဖို့လည်းမမေ့။ ကလေးကို လေစိမ်းတောင် ဖြတ်မတိုက်စေနဲ့ ဆိုတဲ့ စကားနဲ့တင် ကျော်ကျော် မျက်နှာတောင် မလွှဲရဲ။တစ်ခုခု ဖြစ်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲလိမ့်မည်။

ထိုအချိန် စားပွဲပေါ်မှာ မြည်လာ​သောဖုန်းသံတစ်ခု။ ဆရာ့ဖုန်းမေ့နေခဲ့တာကြောင့် ကျော်ကျော် ယူကိုင်လိုက်ပြီး

"ဟုတ်ကဲ့ အမိန့်ရှိပါ"

"ကိုနေရှိန်သွေးရာ ... ခင်ဗျားက အလုပ်ကိစ္စပြီးတာနဲ့ တန်းပြန်သွားလိုက်တာ။ ဒီမှာ အောင်ပွဲလုပ်နေတာ ခင်ဗျားမပါလို့ ဘယ်ဖြစ်မလဲဗျ။ အချိန်လေးများ အနည်းငယ် မျှလို့ရရင် လှမ်းခဲ့ပါအုံးလို့ ဖိတ်ခေါ်ပါတယ် ဗျာ"

တစ်ဖက်မှ ဆူညံ့သံတွေနဲ့အတူ ရေနံတွင်းပိုင်ရှင် ဦးကြည်ရဲ့ အသံ။

"စိတ်မရှိပါနဲ့ ခင်ဗျာ ။ ဆရာက အရေးကြီးကိစ္စရှိနေလို့ လာနိုင်မှာ မဟုတ်ပါဘူး"

"ဟေ... ကိုနေရှိန်သွေးတို့က ကျုပ်ကို စိတ်ခုနေပြီထင်ပါရဲ့။ ဖုန်းတောင် ကိုယ်တိုင်မဖြေတော့ဘူးဆိုတော့"

"မဟုတ်ပါဘူး ဆရာက ဖုန်းမေ့နေခဲ့လို့ ကျွန်တော်က ဆရာ့အတွင်းရေးမှူး အနေနဲ့ ကိုယ်စားဖြေပေးတာပါ"

"ဪ ..ဟုတ်ပါပြီ ဟုတ်ပါပြီ ။ ဒါဆိုလည်း ကျုပ်က ဒီပွဲကို လှမ်းဖိတ်တယ်လို့ ပြောပေးအုံးနော့။ ကိုနေရှိန်သွေးကိုလည်း ဂုဏ်ပြုပါတယ်လို့ ကျုပ်တို့ နောက်လည်း အလုပ်တွဲလုပ် ချင်ပါသေးတယ်"

"ဟုတ်ကဲ့ ကျွန်တော် ဆရာ့ကို သေချာပေါက် ပြောလိုက်ပါ့မယ်"

တစ်ဖက်က ဖုန်းချတာကို စောင့်ပြီးမှ ကျော်ကျော် ဖုန်းကို စားပွဲပေါ် ပြန်တင်လိုက်သည်။

"ဟက်... ဒီအဖိုးကြီး ငါ့ဆရာကို မလိမ့်တပတ်လုပ်ထားပြီး အခုမှ လာဖားနေတယ်။စီးပွားရေးလောကမှာ ငါ့ဆရာနေရှိန်သွေးမပြောနဲ့ သူ့တပည်ကျော်ကျော်ဆိုတဲ့ ငါ့ကိုတောင် လှည့်လို့ရမယ် မထင်နဲ့ ရူးတောင်သွားအုံးမယ်"

"ခင်ဗျားနာမည်က ကျော်ကျော်လား"

"အမေ့!"

တစ်ယောက်တည်း ရန်ထောင်နေရာကနေ အနောက်ကထွက်လာသော အသံကြောင့်​လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ သတိရလာတဲ့ စိုင်းခန့်က ခုတင်အနောက်ကို မှီကာသူ့အားအကဲခတ်နေသည်။

"နိုးပြီလား... ဟို ... အဆင်မပြေတာရှိရင် ကျွန်တော် ဆရာဝန်ခေါ်ပေးပါ့မယ် "

"ခင်ဗျား နာမည်က ကျော်ကျော်လားလို့"

နောက်တစ်ကြိမ် စိတ်မရှည်သလို ထွက်လာတဲ့ သူ့အသံ။

"ဟုတ်ပါတယ် ကျော်ကျော်က ကျွန်တော့် နာမည်၊ ဘာဖြစ်လို့လဲ"

ကျော်ကျော်အဖြေကြားတော့ ထိုကောင်လေးမျက်ဝန်းတွေ လှုပ်ရှားလာပြီး မျက်ခုံးတို့ပါ တွန့်ချိုးသွားသည်။

"ဒါဆို ကျွန်တော့်ကို ခေါ်လာတဲ့ လူက ဘယ်သူလဲ"

"အာ... ဆရာကိုပြောတာလား "

"ဆရာ?"

"အင်းလေ မင်းကို ခေါ်လာတာက ငါတို့ ဆရာနေရှိန်သွေး ... အဲ!"

ဆရာက စိုင်းခန့်ကို သူ့ဘဝအမှန် မပြောရသေးဘူးထင်သည်။ယောင်ပြီး ပြောလိုက်မိပြီ ဘယ်လိုလုပ်မလဲ

"နေရှိန်သွေး ? ... သူက ပတ္တမြားကုမ္ပဏီပိုင်ရှင် နေရှိန်သွေးပေါ့"

"ဟို..."

ပြောရင် မျက်ရည်ဝဲလာသော စိုင်းခန့်ကြောင့် ကျော်ကျော် ဘယ်လိုဆက်ပြောရမှန်းမသိ။ ဆရာက ငါ့နာမည်ကို ယူသုံးထားလို့ ကောင်လေးက ချက်ချင်း ရိပ်မိတာပေါ့။သေပြီ ဆရာရေ။

"ဟိုလေ ... ကျော်ကျော်က နှစ်ယောက်ရှိတာ။ခုဏက မှားပြောတာငါတို့ဆရာက နေရှိန်သွေးတော့ ဟုတ်တယ်။ဒါပေမဲ့ မင်းဆီမှာနေတာက ကျော်ကျော် နောက်တစ်ယောက်ပဲ"

စူးစိုက်ကြည့်လာသော မျက်ဝန်းတွေက မယုံကြောင်းပြသည်။တိုင်ပတ်တာပဲ ဆရာရေ မြန်မြန်လာပါတော့။ကျွန်တော် မပြောတတ်တော့ဘူး။

ဆုတောင်းပြည့်တာလား ၊ ဆုတောင်းမှားတာလားတော့မသိ တံခါးဖွင့်ကာ နေရှိန် ဝင်လာသည်။ မျက်ရည်တွေနဲ့ စိုင်းခန့်ကို တွေ့တော့ ချက်ချင်း ခုတင်နား ပြေးသွားပြီး

"ကလေး ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော နာတဲ့နေရာရှိလား"

"........."

မဖြေဘဲ ဒီအတိုင်းသာ ကြည့်နေပြီး နှုတ်ခမ်းတို့ပါ တုန်လာတာကြောင့် မြှားဦးက ကျော်ကျော်ဆီလှည့်လာသည်။

"ကျော်ကျော် ! မင်းကလေးကို ဘာလုပ်လိုက်တာလဲ"

"ကျွန်တော် ဘာမှမလုပ်ပါဘူးဆရာရယ် ... အဲ ... ဆရာမဟုတ်ဘူး ကျော်ကျော် နောက်တစ်ကောင်"

"တော်ပါတော့ ဘယ်အချိန်ထိ ဆက်လိမ်အုံးမလို့လဲ "

".... "

ဆို့နစ်စွာပြောလိုက်တဲ့ စိုင်းခန့်အသံကြောင့် ဘာဖြစ်နေတယ် ဆိုတာ နေရှိန် သဘောပေါက်လိုက်သည်။ကိုယ်တိုင်ပြောပြဖို့ ရည်ရွယ်ထားပေမယ့် အခွင့်မကြုံတဲ့အပြင် အခုလို အခြေအနေနဲ့ သိစေမိပြီ။ကျော်ကျော်လည်း နှစ်ယောက်တည်း အချိန်ပေးလိုက်တာ အသင့်တော်ဆုံးမို့ အခန်းပြင်ထွက်ကာ တံခါးပြန်ပိတ်သွားသည်။

"တောင်ဆင်းလမ်းတုန်းကလည်း သူတို့နှစ်ယောက် ခင်ဗျားကို ဆရာလို့ ခေါ်ကတည်းက စိတ်ထဲတမျိုးဖြစ်နေတာ ။ကျွန်တော်​က လုံးဝမေ့မြောနေတာမှမဟုတ်တာ"

"ကလေး... ကိုယ်ရှင်းပြပါ့မယ် အဲ့လို လိမ်တယ်ဆိုတာလည်း အကြောင်းတစ်ခု..."

"တော်ပါတော့ ဘာအကြောင်းပဲရှိရှိ ခင်ဗျား ကျွန်တော့်ကို လိမ်ခဲ့တယ် ။ ယုံကြည်နေခဲ့မိတာ။ဘယ်သူ့ကိုမှ မယုံရဲတော့တဲ့ ကျွန်တော်က ခင်ဗျားကိုတော့ သံသယ နည်းနည်းလေးမှ မရှိဘဲ ပြောသမျှ ယုံနေတာ၊အခုတော့ ခင်ဗျားလည်း သူတို့လိုပဲ"

"မဟုတ်ဘူး...ကိုယ်က ကလေးရဲ့ ယုံကြည်မှုကို အသုံးချမိတာက အနားမှာ ဆက်ရှိနေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ပါ၊ ဒါတွေကို အကုန်ပြောပြဖို့ ရည်ရွယ်ပြီးသားမို့ ကလေးကြိုက်သလို အပြစ်ပေးနိုင်ပါတယ်"

"အပြစ်ပေးတာတွေ မပေးတာတွေ နားမလည်ဘူး ခင်ဗျားကျွန်တော်နဲ့ ဘယ်တော့မှ ထပ်ပြီး မပတ်သတ်မိပါစေနဲ့"

ပုခုံးကို ဆုပ်ကိုင်ထားတဲ့​နေရှိန်လက်တွေကြားက ရုန်းထွက်လိုက်ပြီး ထသွားဖို့ပြင်သည်။သို့သော် အားနည်းနေတဲ့ ခန္ဓာကိုယ်လေးက မတ်တတ်တောင်ကောင်းကောင်းမရပ်နိုင်ဘဲ ယိုင်ကျလာတာကြောင့် နေရှိန် ရင်ခွင်ထဲ ဆွဲပွေ့လိုက်တော့

"ခင်ဗျား ကျွန်တော့်ကို မထိနဲ့"

ရုန်းကန်နေတဲ့ လက်လေးတွေကို လက်တစ်ဖက်နည်းနဲ့ချုပ်ထားလိုက်ပြီး တင်းကြပ်နေအောင် ဖက်ထားသည်။ ထိကပ်၍ နိုမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်လေးက နေရှိန် ရင်ခုန်သံတွေကို နိုးဆွနေသလို။

"ကိုယ်တောင်းပန်ပါတယ် ကလေးကို တခြားနေရာ ထွက်သွားခွင့်မပြုနိုင်ဘူး။ဒီမှာပဲနေရမယ် "

"မနေဘူး ခင်ဗျား မျက်နှာလည်း မမြင်ချင်ဘူး"

အတင်းချုပ်ထားတာကြောင့် ရှိုက်သံလေးနဲ့အတူ ရင်ခွင်ထဲမှ တိုးတိုးလေးသာ အံကြိတ်ထွက်လာသည်။

"ဟုတ်ပြီ မမြင်ချင်ရင် ကလေးရဲ့မျက်နှာကို ဒီလိုလေး ကိုယ့်ရင်ခွင်ထဲမှာပဲ အမြဲထည့်ထားလိုက် ဒါဆို ကိုယ့်မျက်နှာကို မမြင်ရတော့ဘူး"

"ခင်ဗျား ရူးနေလား"

မနာတဲ့အပြင် နေရှိန်ပြုံးနေသည်။အသံထွက်မလာတော့ပဲ ထိကပ်နေသော ရင်ဘတ်လေးက အရမ်းလှုပ်ခတ်လာတာကြောင့် အသက်ရှူမကျပ်စေရန် ဖက်ထားတဲ့လက်ကို အသာလျော့ပေးလိုက်သည်။ထိုအခါ ရုန်းကန်ပြီး နေရှိန် ရင်ဘတ်ကို ထုရိုက်နေပေမယ့် အားနည်းတဲ့လက်ကလေးတွေက အရာမရောက်။ငြိမ်ပြီး ပြုံးကြည့်နေတဲ့ နေရှိန်ကြောင့် ကောင်လေးက ဒေါသပိုထွက်ကာ မျက်နှာလေးပါ နီလာသည်။

"မုန်းတယ် !"

"......"

"ကျုပ်အဖိုးသေတာလည်း ခင်ဗျားကြောင့် ! လိမ်ပြီးပြောတဲ့စကားတွေနဲ့ ကျုပ်စုထားတဲ့​ပိုက်ဆံကို ယူရက်တယ် ။ ပြေးစရာမြေမရှိတော့လို့ ဟိုလူရဲ့ ယုတ်မာတာကို ခံရတာလည်း ခင်ဗျားကြောင့်ပဲ ! သေလောက်အောင် မုန်းတယ် "

နာကြည်းစွာပြောနေသော စကားတွေအဆုံး နေရှိန်နှုတ်ခမ်းက အပြုံးတို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။မျက်နှာက အေးစက်ကာ တည်သွားပေမဲ့ ငိုနေသော ကောင်လေး မျက်နှာကို ကိုင်လိုက်တဲ့ လက်နှစ်ဖက်ကတော့ ညင်သာစွာ။ထို့နောက် မျက်လုံးချင်းဆုံစေလျက်

"မုန်းလိုက် ... ကလေးစိတ်ကြိုက်မုန်းခွင့်ရှိတယ်။ဒါပေမဲ့ ကိုယ့်အနားကနေတော့ လုံးဝထွက်သွားခွင့်မပြုနိုင်ဘူး။ ကလေးအတွက် ဟောဒီရင်ခွင်လောက် ဘယ်နေရာမှ မလုံခြုံနိုင်ဘူးဆိုတာ သိထားပါ"

Continue Reading

You'll Also Like

720K 41.5K 49
Bl story မင်းဖြစ်နေလို့ ( complete)
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။
303K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
456K 39.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ