Zawgyi
အိမ္ကထြက္လာခါစတုန္းကသည္းႀကီးမည္းႀကီးရြာေနတဲ့မိုးကအခုေတာ့လည္းသူမဟုတ္ေတာ့သလိုပင္။ဘတ္စ္ကားဂိတ္
မွာေစာင့္ေနရင္း ျပန္မလိပ္ရေသးတဲ့ထီးရဲ႕ထိပ္ကအခြၽန္နဲ႔ ေျခ
ေထာက္နားက ေရအိုင္အေသးေလးေတြကိုထိခတ္ေဆာ့ေနမိ
သည္။
"အိမ္ထိလာမေခၚပဲနဲ႔ကားဂိတ္မွာလာေစာင့္ခိုင္းတယ္ ဟြန္း"
အခ်ိန္ပိုင္းမသြားခင္ ညေနပိုင္းအားလပ္ခ်ိန္ေလးေတြသူ႔ကိုေပးေနရတာ ဘယ္ႏွရက္႐ွိေနၿပီလဲ။အလုပ္မ႐ွိ အကိုင္မ႐ွိ
သူေဌးသားလည္းမဟုတ္ပဲနဲ႔ အခ်ိန္ေတြအဲ့ေလာက္ပိုေနရသ
လား။
honk^ honk^
ကိုယ့္ေ႐ွ႕နားမွာခပ္က်ယ္က်ယ္တီးလာတဲ့ဟြန္းသံေၾကာင့္
အလ်င္အျမန္ေမာ့ၾကည့္လိုက္သည္။
"ျမန္ျမန္တက္..အေနာက္မွာကားပါလာတယ္!!!"
"ဟုတ္~"
အရင္လိုဆိုဘုဆတ္ဆတ္ျပန္ေျပာမိမွာျဖစ္ေပမယ့္ တကယ္
လည္းအေနာက္မွာဘတ္စ္ကားပါလာသည္မို႔ အထြန္႔တက္မေနပဲတစ္ဖက္သို႔အျမန္ေျပးသြားကာ ကားထဲသို႔ဝင္လိုက္သည္။
"ခါးပတ္ေသခ်ာပတ္!"
"သိတယ္!!ကားမစီးဖူးတာမွမဟုတ္ပဲနဲ႔ကို ဘာလို႔လာတိုင္းအဲ့
တာပဲေျပာေနတာလဲ??"
ဘာလို႔မွန္းမသိေပမဲ့ သူ႔ဆီကၾကားလိုက္ရတဲ့စကားတိုင္းကို
တံု႔ျပန္ဖို႔အတြက္ ဦးေႏွာက္ကကန္႔လန္႔တိုက္တဲ့စကားေတြကိုပဲျပန္ထုတ္ေပးသည္။
"ဘာလို႔လာေအာ္ေနလဲ!! မွားတာလည္းတစ္ခုမွမပါပဲနဲ႔"
ကားထဲမွာအသံေတြကခပ္က်ယ္က်ယ္ျဖစ္လာၿပီမို႔ ကန္႔လန္႔
တိုက္ေျပာမိတဲ့ကိုယ္ကပဲ အလုိုက္သိစြာစိတ္ေလ်ာ့ၿပီးၿငိမ္ေန
လိုက္ေတာ့သည္။
"ဒီေန႔ မာမီကမင္းကိုေတြ႔ခ်င္တယ္ဆိုလို႔~"
"အင္း....က်မကဘာလုပ္ေပးရမွာလဲ??"
"ငါနဲ႔အလိုက္အထိုက္ေနေပးေနာ္ မာမီ့ေ႐ွ႕ေရာက္မွအူေၾကာင္
ေၾကာင္မလုပ္နဲ႔.."
"႐ွင္ေနာ္!!"
မဟုတ္ဘူး။ငါက ကန္႔လန္႔တိုက္ၿပီးေျပာေနတာမဟုတ္ပဲ သူစ
ေျပာတဲ့စကားေတြကိုက ငါ့ေဒါသကိုလာစြေပးေနတာ။
"အဟမ္း~ ေဆာရီး ေဆာရီး မာမီကမင္းကိုတအားသေဘာ
က်ေနတာမို႔ ေကာင္းေကာင္းေနဖို႔ေျပာတာ ၾကားလား"
"...."
"ၾကားလားလို႔?!!"
"ၾကားတယ္!! နားမကန္းေသးဘူး..."
"က်စ္~ အ႐ႈပ္ထုပ္ကိုကားေပၚတင္ေခၚလာမိတယ္"
ပါ့ခ္ဂ်ီမင္ရဲ႕ခပ္တိုးတိုးက်ိန္ဆဲသံကိုေတာ့ သူမမၾကားလိုက္
ေပ။
.
.
.
"နာရယ္ေလးကို မာမီကေတြ႔တည္းကဘယ္လိုခ်စ္မွန္းကိုမသိ
ဘူး...အရင္ကလည္းမိန္းကေလးအရမ္းလိုခ်င္ေနတာကိုဂ်ီမင္းကထြက္လာတာ~"
တစ္ေယာက္တည္း႐ွိတဲ့အေမကလည္း သူမ်ားသားသမီးကို
ခ်စ္ၿပီးအမႊန္းတင္ေနလိုက္တာ သူေမြးထားတဲ့ကိုယ္ေတာင္
ေပ်ာက္ေပးရမလိုပင္ျဖစ္လာသည္။
ဟိုဘက္ကလည္းမာမီ့နားမွာကပ္ေနလိုက္တာမ်ား သူနဲ႔ဆို
မျမင္ရတဲ့မ်က္ႏွာထားေတြစကားေတြပါၾကားေနရေတာ့သည္။
"မာမီ...ေတြ႔ခ်င္တယ္ဆိုတာ႐ုပ္ၾကည့္ဖို႔ေခၚလိုက္တာလား~"
"ဟဲ့! ဘယ္လိုေျပာလိုက္တာလဲ ကိစၥ႐ွိလို႔ေခၚတာေပါ့"
"နာရယ္...ကိုယ့္နားျပန္လာဦး"
ၾကာရင္ကိုယ္ပါဘံုေပ်ာက္မလိုျဖစ္ေနတာမို႔အနားကိုျပန္ေခၚ
လိုက္သည္။မာမီကအခန္းထဲကိုခဏျပန္ဝင္သြားတာမို႔ သူမ
ရဲ႕ဘာျဖစ္ျပန္တာလဲဆိုတဲ့အၾကည့္ကိုခံရသည္။
"သ႐ုပ္ေဆာင္တအားပီျပင္လြန္းေတာ့ မာမီငါ့ကိုအေမြျပတ္စြန္႔လႊတ္ၿပီး မင္းကိုေမြးစားေနဦးမယ္ နည္းနည္းေလ်ာ့ဦး"
"သ႐ုပ္ေဆာင္ေနတာမဟုတ္ဘူး..အန္တီကအရမ္းေဖာ္ေရြလို႔
အလိုက္သင့္ျပန္ေနေပးေနတာ မနာလိုျဖစ္မေနနဲ႔"
ေသခ်ာပါသည္။ပတ္ဂ်ီမင္ဘက္မွာဘယ္သူ႔မွကိုမ႐ွိေတာ့ပါ။
မာမီဆိုသည္မွာလည္း ဆုန္းနာရယ္ဆီမွာစုန္းစုန္းနစ္ျမဳပ္ေနၿပီ
ျဖစ္သည္။
"ကဲ....သားတို႔ကိုမာမီက အမွတ္တရျဖစ္သြားေအာင္ တခုခု
ဝယ္ေပးခ်င္လို႔ဒါေလးယူၿပီးဆင္တူလက္စြပ္လုပ္လာခဲ့ ၿပီးရင္
နာရယ္လိုခ်င္တာေလးေတြဝယ္ေပးလိုက္ ၾကားလား!!"
တစ္ခါတေလေတာင္မွကိုယ့္မ်က္စိေ႐ွ႕ကိုေပၚမလာတတ္တဲ့
မာမီ့ရဲ႕black card ႀကီးက ဆုန္းနာရယ္ကိုဝယ္ေပးဖို႔ဆို
ၿပီးလက္ထဲကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသည္တဲ့ေလ။
"ဒါ..ဒါႀကီးနဲ႔ဝယ္ခိုင္းတယ္??"
"ဟုတ္တယ္...မာမီကလိုက္ဖို႔မအားလို႔ဒါ႐ိုက္ဘာဟန္ကိုပဲ
ထည့္ေပးလိုက္မယ္ ေကာင္းေကာင္းေပ်ာ္ခဲ့ၾကေနာ္!!"
ဘယ္ေလာက္ထိစဥ္းစားထားလို႔ လက္စြပ္ေတာင္လုပ္ခိုင္းေနမွန္းမသိေပမယ့္ ေသခ်ာေပါက္သံုးလပဲၾကာမွာလို႔ပဲေတြးကာ
ေျဖသိမ့္ထားသည္။
"သြားမယ္ေလ!! ဟိုမွာေစာင့္ေနၿပီ...."
"ေအးပါ!! လုပ္ထားဦးေပါ့ကြာ"
ဘယ္သူ႔ကိုမွအျပစ္တင္ခြင့္မ႐ွိပဲ ကိုယ္ဖန္တီးခဲ့တဲ့အ႐ႈပ္ေတာ္
ပံုျဖစ္တာမို႔ ဆူေဆာင့္ေဆာင့္နဲ႔သာထြက္လာခဲ့ေတာ့သည္။
~~~~~
"ဟဲ့...အေဝးႀကီးမသြားနဲ႔ မာမီ့လူယံုကအေနာက္ကလိုက္ေန
တာေနာ္ အကုန္ေပၚကုန္မယ္"
ကိုယ္ပဲေလ်ွာက္တာျမန္ေနတာလား သူပဲေႏွးေနတာလားမသိ
ေပမယ့္ ကိုယ့္အာရံုနဲ႔ကိုယ္မို႔သူက်န္ခဲ့တာေတာင္မသိေပ။သတိထားၾကည့္မွ ဟိုေန႔ကေတြ႔တဲ့ဒါ႐ိုက္ဘာဟန္ဆိုတဲ့လူက
အေနာက္မွာေကာ္ကပ္သလိုပါလာမို႔ မသိမသာပါ့ခ္ဂ်ီမင္နားကိုျပန္ကပ္လိုက္ရသည္။
"အခ်စ္~လက္စြပ္ဝယ္ၿပီးၿပီဆိုေတာ့ ဘာထပ္ဝယ္ၾကဦးမလဲ"
ခါးေပၚကိုေရာက္လာတဲ့လက္တစ္ဖက္နဲ႔အတူ အခ်စ္ဆိုတဲ့အေခၚအေဝၚေၾကာင့္မ်က္လံုးျပဴးသြားရသည္။
"အဲ့ေလာက္မလိုဘူးေလ...လက္ႀကီးဖယ္!!"
အေနာက္မွာလည္းပါလာသည္မို႔ ခပ္တိုးတိုးေျပာကာသူကလက္ကိုျပန္ဖယ္လိုက္ ဟိုကအတင္းျပန္ဖက္လိုက္ႏွင့္ အေနာက္
ကၾကည့္ရင္ေတာ့က်ီစယ္ေနသလိုလိုျမင္ရေပမယ့္ အမွန္မွာ
စစ္တိုက္ေနတာမထူးမျခားနားပင္။
"လိုတယ္!! မင္းကိုနမ္းလ္ိုက္လို႔ေတာင္ရတယ္သိရဲ႕လား အခုကမင္းအလုပ္ခ်ိန္ေလ"
ေအာ္...အလုပ္ခ်ိန္ဆိုၿပီးငါ့ကိုလုပ္ခ်င္သလိုလုပ္မယ္ေပါ့ေလ။
ဆုန္းနာရယ္ကိုဒီလိုလာလုပ္လို႔ရ႐ိုးလား။
"႐ွင့္မာမီေ႐ွ႕မွာပဲလိုရင္ဟန္ေဆာင္ေပးမယ္လို႔ေျပာတာ က်န္
တဲ့အခ်ိန္ေတြမွာ႐ွင္လုပ္ခ်င္သလိုလုပ္လို႔မရ--"
*ရႊတ္
"လုပ္ေတာ့ဘာျဖစ္ခ်င္လဲ??"
ဖ်က္ခနဲေႏြးသြားတဲ့ပါးတစ္ဖက္ေၾကာင့္ အနမ္းခံလိုက္ရၿပီဆို
တာသိလိုက္သည္။သူ႔ကိုလြယ္တယ္မွတ္ၿပီးစိတ္တိုင္းက်ဆက္
ဆံေနတဲ့ပါ့ခ္ဂ်ီမင္ကိုပညာေပးမွရေတာ့မည္။
"ဆက္ၿပီးသ႐ုပ္ေဆာင္မေပးႏိုင္ေတာ့ဘူး!! ေရာ့.."
မခံခ်င္ေအာင္စလိုက္တယ္ဆိုေပမယ့္ ဝယ္ထားတာမွမၾကာေသးတဲ့လက္စြပ္ကိုခြၽတ္ေပးၿပီးလက္ထဲထည့္ကာထြက္သြားတာေၾကာင့္ ကိုယ့္မွာဘာလုပ္ရမွန္းမသိေနရာရပ္ၿပီးက်န္ခဲ့
ေတာ့သည္။
သ႐ုပ္ေဆာင္မေပးႏိုင္ေတာ့ဘူးဆိုတဲ့စကားကလည္းအက်ယ္
ႀကီးေျပာသြားေသးတာေၾကာင့္ ဒါ႐ိုက္ဘာဟန္ကလည္းကိုယ့္
ကုိထူးဆန္းတဲ့အၾကည့္နဲ႔ၾကည့္ေနေသးသည္။
"အာ...စိတ္ေကာက္သြားတာထင္တယ္ က်ေနာ္လိုက္သြားလိုက္ဦးမယ္...အဟင္း~"
ဒီလိုဆိုေတာ့ေနရခက္တဲ့အေျခအေနကေန႐ုန္းထြက္ဖို႔အတြက္ မသိခ်င္ေယာင္ေဆာင္ၿပီးေတာ့သာထြက္လာခဲ့ေတာ့သည္။
Tbc
ေရးခ်င္တဲ့ပံုစံေလးလည္းေပ်ာက္ စိတ္ကင္ဆာရပါတယ္🥴
Unicode
အိမ်ကထွက်လာခါစတုန်းကသည်းကြီးမည်းကြီးရွာနေတဲ့မိုးကအခုတော့လည်းသူမဟုတ်တော့သလိုပင်။ဘတ်စ်ကားဂိတ်မှာစောင့်နေရင်း ပြန်မလိပ်ရသေးတဲ့ထီးရဲ့ထိပ်ကအချွန်နဲ့ ခြေထောက်နားက ရေအိုင်အသေးလေးတွေကိုထိခတ်ဆော့နေမိသည်။
"အိမ်ထိလာမခေါ်ပဲနဲ့ကားဂိတ်မှာလာစောင့်ခိုင်းတယ် ဟွန်း"
အချိန်ပိုင်းမသွားခင် ညနေပိုင်းအားလပ်ချိန်လေးတွေသူ့ကိုပေးနေရတာ ဘယ်နှရက်ရှိနေပြီလဲ။အလုပ်မရှိ အကိုင်မရှိ
သူဌေးသားလည်းမဟုတ်ပဲနဲ့ အချိန်တွေအဲ့လောက်ပိုနေရသ
လား။
honk^ honk^
ကိုယ့်ရှေ့နားမှာခပ်ကျယ်ကျယ်တီးလာတဲ့ဟွန်းသံကြောင့်
အလျင်အမြန်မော့ကြည့်လိုက်သည်။
"မြန်မြန်တက်..အနောက်မှာကားပါလာတယ်!!!"
"ဟုတ်~"
အရင်လိုဆိုဘုဆတ်ဆတ်ပြန်ပြောမိမှာဖြစ်ပေမယ့် တကယ်
လည်းအနောက်မှာဘတ်စ်ကားပါလာသည်မို့ အထွန့်တက်မနေပဲတစ်ဖက်သို့အမြန်ပြေးသွားကာ ကားထဲသို့ဝင်လိုက်သည်။
"ခါးပတ်သေချာပတ်!"
"သိတယ်!!ကားမစီးဖူးတာမှမဟုတ်ပဲနဲ့ကို ဘာလို့လာတိုင်းအဲ့တာပဲပြောနေတာလဲ??"
ဘာလို့မှန်းမသိပေမဲ့ သူ့ဆီကကြားလိုက်ရတဲ့စကားတိုင်းကို
တုံ့ပြန်ဖို့အတွက် ဦးနှောက်ကကန့်လန့်တိုက်တဲ့စကားတွေကိုပဲပြန်ထုတ်ပေးသည်။
"ဘာလို့လာအော်နေလဲ!! မှားတာလည်းတစ်ခုမှမပါပဲနဲ့"
ကားထဲမှာအသံတွေကခပ်ကျယ်ကျယ်ဖြစ်လာပြီမို့ ကန့်လန့်
တိုက်ပြောမိတဲ့ကိုယ်ကပဲ အလိုက်သိစွာစိတ်လျော့ပြီးငြိမ်နေ
လိုက်တော့သည်။
"ဒီနေ့ မာမီကမင်းကိုတွေ့ချင်တယ်ဆိုလို့~"
"အင်း....ကျမကဘာလုပ်ပေးရမှာလဲ??"
"ငါနဲ့အလိုက်အထိုက်နေပေးနော် မာမီ့ရှေ့ရောက်မှအူကြောင်
ကြောင်မလုပ်နဲ့.."
"ရှင်နော်!!"
မဟုတ္ဘူး။ငါက ကန့်လန့်တိုက်ပြီးပြောနေတာမဟုတ်ပဲ သူစ
ပြောတဲ့စကားတွေကိုက ငါ့ဒေါသကိုလာစွပေးနေတာ။
"အဟမ်း~ ဆောရီး ဆောရီး မာမီကမင်းကိုတအားသဘော
ကျနေတာမို့ ကောင်းကောင်းနေဖို့ပြောတာ ကြားလား"
"...."
"ကြားလားလို့?!!"
"ကြားတယ်!! နားမကန်းသေးဘူး..."
"ကျစ်~ အရှုပ်ထုပ်ကိုကားပေါ်တင်ခေါ်လာမိတယ်"
ပါ့ခ်ဂျီမင်ရဲ့ခပ်တိုးတိုးကျိန်ဆဲသံကိုတော့ သူမမကြားလိုက်
ပေ။
.
.
.
"နာရယ်လေးကို မာမီကတွေ့တည်းကဘယ်လိုချစ်မှန်းကိုမသိဘူး...အရင်ကလည်းမိန်းကလေးအရမ်းလိုချင်နေတာကိုဂျီမင်းကထွက်လာတာ~"
တစ်ယောက်တည်းရှိတဲ့အမေကလည်း သူမ်ားသားသမီးကို
ချစ်ပြီးအမွှန်းတင်နေလိုက်တာ သူမွေးထားတဲ့ကိုယ်တောင်
ပျောက်ပေးရမလိုပင်ဖြစ်လာသည်။
ဟိုဘက်ကလည်းမာမီ့နားမှာကပ်နေလိုက်တာများ သူနဲ့ဆို
မမြင်ရတဲ့မျက်နှာထားတွေစကားတွေပါကြားနေရတော့သည်။
"မာမီ...တွေ့ချင်တယ်ဆိုတာရုပ်ကြည့်ဖို့ခေါ်လိုက်တာလား~"
"ဟဲ့! ဘယ်လိုပြောလိုက်တာလဲ ကိစ္စရှိလို့ခေါ်တာပေါ့"
"နာရယ်...ကိုယ့်နားပြန်လာဦး"
ကြာရင်ကိုယ်ပါဘုံပျောက်မလိုဖြစ်နေတာမို့အနားကိုပြန်ခေါ်
လိုက်သည်။မာမီကအခန်းထဲကိုခဏပြန်ဝင်သွားတာမို့ သူမ
ရဲ့ဘာဖြစ်ပြန်တာလဲဆိုတဲ့အကြည့်ကိုခံရသည်။
"သရုပ်ဆောင်တအားပီပြင်လွန်းတော့ မာမီငါ့ကိုအမွေပြတ်စွန့်လွှတ်ပြီး မင်းကိုမွေးစားနေဦးမယ် နည်းနည်းလျော့ဦး"
"သရုပ်ဆောင်နေတာမဟုတ်ဘူး..အန်တီကအရမ်းဖော်ရွေလို့အလိုက်သင့်ပြန်နေပေးနေတာ မနာလိုဖြစ်မနေနဲ့"
သေချာပါသည်။ပတ်ဂျီမင်ဘက်မှာဘယ်သူ့မှကိုမရှိတော့ပါ။မာမီဆိုသည်မှာလည်း ဆုန်းနာရယ်ဆီမှာစုန်းစုန်းနစ်မြုပ်နေပြီဖြစ်သည်။
"ကဲ....သားတို့ကိုမာမီက အမှတ်တရဖြစ်သွားအောင် တခုခု
ဝယ်ပေးချင်လို့ဒါလေးယူပြီးဆင်တူလက်စွပ်လုပ်လာခဲ့ ပြီးရင်
နာရယ်လိုချင်တာလေးတွေဝယ်ပေးလိုက် ကြားလား!!"
တစ်ခါတလေတောင်မှကိုယ့်မျက်စိရှေ့ကိုပေါ်မလာတတ်တဲ့မာမီ့ရဲ့black card ကြီးက ဆုန်းနာရယ်ကိုဝယ်ပေးဖို့ဆို
ပြီးလက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်တဲ့လေ။
"ဒါ..ဒါကြီးနဲ့ဝယ်ခိုင်းတယ်??"
"ဟုတ်တယ်...မာမီကလိုက်ဖို့မအားလို့ဒါရိုက်ဘာဟန်ကိုပဲ
ထည့်ပေးလိုက်မယ် ကောင်းကောင်းပျော်ခဲ့ကြနော်!!"
ဘယ်လောက်ထိစဉ်းစားထားလို့ လက်စွပ်တောင်လုပ်ခိုင်းနေမှန်းမသိပေမယ့် သေချာပေါက်သုံးလပဲကြာမှာလို့ပဲတွေးကာဖြေသိမ့်ထားသည်။
"သွားမယ်လေ!! ဟိုမှာစောင့်နေပြီ...."
"အေးပါ!! လုပ်ထားဦးပေါ့ကွာ"
ဘယ်သူ့ကိုမှအပြစ်တင်ခွင့်မရှိပဲ ကိုယ်ဖန်တီးခဲ့တဲ့အရှုပ်တော်ပုံဖြစ်တာမို့ ဆူဆောင့်ဆောင့်နဲ့သာထွက်လာခဲ့တော့သည်။
~~~~~
"ဟဲ့...အဝေးကြီးမသွားနဲ့ မာမီ့လူယုံကအနောက်ကလိုက်နေ
တာနော် အကုန်ပေါ်ကုန်မယ်"
ကိုယ်ပဲလျှောက်တာမြန်နေတာလား သူပဲနှေးနေတာလားမသိပေမယ့် ကိုယ့်အာရုံနဲ့ကိုယ်မို့သူကျန်ခဲ့တာတောင်မသိပေ။သတိထားကြည့်မှ ဟိုနေ့ကတွေ့တဲ့ဒါရိုက်ဘာဟန်ဆိုတဲ့လူကအနောက်မှာကော်ကပ်သလိုပါလာမို့ မသိမသာပါ့ခ်ဂျီမင်နားကိုပြန်ကပ်လိုက်ရသည်။
"အချစ်~လက်စွပ်ဝယ်ပြီးပြီဆိုတော့ ဘာထပ်ဝယ်ကြဦးမလဲ"
ခါးပေါ်ကိုရောက်လာတဲ့လက်တစ်ဖက်နဲ့အတူ အချစ်ဆိုတဲ့အခေါ်အဝေါ်ကြောင့်မျက်လုံးပြူးသွားရသည်။
"အဲ့လောက်မလိုဘူးလေ...လက်ကြီးဖယ်!!"
အနောက်မှာလည်းပါလာသည်မို့ ခပ်တိုးတိုးပြောကာသူကလက်ကိုပြန်ဖယ်လိုက် ဟိုကအတင်းပြန်ဖက်လိုက်နှင့် အနောက်ကကြည့်ရင်တော့ကျီစယ်နေသလိုလိုမြင်ရပေမယ့် အမှန်မှာစစ်တိုက်နေတာမထူးမခြားနားပင်။
"လိုတယ်!! မင်းကိုနမ်းလ်ိုက်လို့တောင်ရတယ်သိရဲ့လား အခုကမင်းအလုပ်ချိန်လေ"
အော်...အလုပ်ချိန်ဆိုပြီးငါ့ကိုလုပ်ချင်သလိုလုပ်မယ်ပေါ့လေ။ဆုန်းနာရယ်ကိုဒီလိုလာလုပ်လို့ရရိုးလား။
"ရှင့်မာမီရှေ့မှာပဲလိုရင်ဟန်ဆောင်ပေးမယ်လို့ပြောတာ ကျန်တဲ့အချိန်တွေမှာရှင်လုပ်ချင်သလိုလုပ်လို့မရ--"
*ရွှတ်
"လုပ်တော့ဘာဖြစ်ချင်လဲ??"
ဖျက်ခနဲနွေးသွားတဲ့ပါးတစ်ဖက်ကြောင့် အနမ်းခံလိုက်ရပြီဆို
တာသိလိုက်သည်။သူ့ကိုလွယ်တယ်မှတ်ပြီးစိတ်တိုင်းကျဆက်ဆံနေတဲ့ပါ့ခ်ဂျီမင်ကိုပညာပေးမှရတော့မည်။
"ဆက်ပြီးသရုပ်ဆောင်မပေးနိုင်တော့ဘူး!! ရော့.."
မခံချင်အောင်စလိုက်တယ်ဆိုပေမယ့် ဝယ်ထားတာမှမကြာသေးတဲ့လက်စွပ်ကိုချွတ်ပေးပြီးလက်ထဲထည့်ကာထွက်သွားတာကြောင့် ကိုယ့်မှာဘာလုပ်ရမှန်းမသိနေရာရပ်ပြီးကျန်ခဲ့
တော့သည်။
သရုပ်ဆောင်မပေးနိုင်တော့ဘူးဆိုတဲ့စကားကလည်းအကျယ်
ကြီးပြောသွားသေးတာကြောင့် ဒါရိုက်ဘာဟန်ကလည်းကိုယ့်
ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေသေးသည်။
"အာ...စိတ်ကောက်သွားတာထင်တယ် ကျနော်လိုက်သွားလိုက်ဦးမယ်...အဟင်း~"
ဒီလိုဆိုတော့နေရခက်တဲ့အခြေအနေကနေရုန်းထွက်ဖို့အတွက် မသိချင်ယောင်ဆောင်ပြီးတော့သာထွက်လာခဲ့တော့သည်။
Tbc
ရေးချင်တဲ့ပုံစံလေးလည်းပျောက် စိတ်ကင်ဆာရပါတယ်🥴