So far away(Completed)

By AliceYay-Zhang

161K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-12 Unicode

4.5K 312 14
By AliceYay-Zhang

"Lili ရောက်​နေတာကြာပြီလား?"

ရုံးခန်းထဲဝင်ဝင်ချင်း​တွေ့လိုက်ရတဲ့ သူမ​ကြောင့်
Chu ပြုံးပြီး ​မေးလိုက်​တော့ ​မော့ကြည့်လာတဲ့မျက်ဝန်း​လေး

"ခုဏ​လေးတင်မှ ​ရောက်လာတာပါ
unnie ဒီ​နေ့ ​နောက်ကျတယ်​​နော်?"

"ဒီအချိန်က ပုံမှန်ပဲ liliရဲ့
မနက်စာအတူစားလို့ရ​အောင် ​စော​ခေါ်လိုက်တာ"

"​အော်!!!"

Lisa နှာ​ခေါင်းတစ်ချက်ရှုံ့မိတယ်
အမှန်ဆို မ​နေ့ညတည်းက စိတ်​တွေပုံမှန်မဟုတ်ဘူး
အလုပ်လည်းမလုပ်ချင်သလို ဘားမှစိတ်တိုင်းမကျဘူး
ခု​တောင် unnie chuကလုပ်ငန်းပါတနာမို့
အားနာပြီးဒီကို လာ​ပေးတာ

"ဒီမှာ lili !
Chuကိုယ်တိုင် မနက်အ​စောကြီးထပြီး​တော့
ဒီ cake​လေးကို ဖုတ်ထားတာ
Coffee က chuရဲ့ လက်​ဖျော်ပဲ"

စားပွဲ​ပေါ်လာတင်​​ပေးပြီး​တော့
Lisa ​ဘေးမှာ ကပ်ကပ်ရပ်ရပ်လာထိုင်တဲ့unnieကို
မချိပြုံးတစ်ချက်ပြုံးပြလိုက်တယ်

အဲ့အချိန် အခန်းတံခါးပွင့်လာသံနဲ့အတူ
Lisa ရဲ့ အကြည့်​တွေက တံခါးဝဆီမှာ
​နောက်ပြီး ခဏအတွင်း အံ့သြခြင်း​တွေက အပြည့်

"Unnie! ​တောင်းပန်ပါတယ်
ညက ​ကောင်း​ကောင်းအိပ်မ​ပျော်လို့
အိပ်ယာထ​နောက်ကျသွားတယ်
အဲ့ဒါ...

*Darling?*

*Baby?*

Lisa မြင်လိုက်ရတာ သူမ မှ သူမ အစစ်ပါ
ဘယ်လိုလုပ်​ရောက်လာတာလဲ လို့ အံ့သြ​နေတုန်း

"Lili!
သူက အသစ်ခန့်လိုက်တဲ့ အ​တွင်း​ရေးမှူးအသစ်​လေ"

"ဒါဆို lili သင်​ပေးရမှာ သူ့ကိုလား?"

"အင်း​လေ"

တကယ့်ကို ထူပူသွားခဲ့တယ်
မ​နေ့တည်းက ရှက်စိတ်​​ကြောင့်
ညက ph​​ခေါ်တာတောင် မကိုင်ခဲ့တဲ့ဟာကို
အခု လူပါ အ​ကောင်လိုက်​တွေ့​နေရပြီ

"Jennie!
မနက်စာစားခဲ့ရဲ့လား?
မစားရ​သေးရင် တစ်ခါတည်းဝင်စားလိုက်​လေ"

"ဟုတ် unnie!"

​နောက်ဆုံး lisaနဲ့ သူမက
မျက်နှာချင်းဆိုင်ဖြစ်သွားခဲ့တယ်


*cakeကိုဘာလို့ creamပဲစား​နေရတာလဲ?*

*coffee ပူပူမ​သောက်ဘဲ ​အ​အေး​သောက်​နေပြန်ပြီ*

*​​ချောင်းဆိုး​တော့မှာပဲ*

တကယ့်ကို အဆင်မ​ပြေတာပါ

Lisaမှာ ဘားမှ မယ်မယ်ရရ ပါးစပ်ထဲမဝင်သေးဘူး
အဲ့အနှီမ​လေးကိုပဲ မျက်စိ​​ဒေါက်ထောက်ကြည့်​နေရတယ်

"အဟွတ်~အဟွတ်"

*​​တွေ့လား?
အရင်တိုင်းပဲ လုံးဝမ​ပြောင်းလဲဘူး
ဖြစ်ပြန်ပြီ*

"Jennie သီးသွားတာလား?"

unnie chu ရဲ့အ​မေးကို ပြန်မ​​ဖြေဘဲ
မျက်လုံးပြူး မျက်စံပြူးဖြစ်​နေတဲ့ အနှီမ​လေးကို
Lisaကြည့်ပြီး ​ခေါင်းခါ သက်ပြင်းချလိုက်တယ်

"​ထွေးထုတ်လိုက်"

Jennie လည်​ချောင်းထဲ cream​​တွေနဲ့
နင်ပြီး ကျပ်သလိုဖြစ်​နေတာမို့ ​နေရခက်​နေတုန်း
​မေးနားကို ​​​တေ့ပေးလာတဲ့ လက်ဖဝါး​ကြောင့်
​မျက်စိလှန်ကြည့်လိုက်​တော့ Darlingက
မှုန်ကုပ်ကုပ်အကြည့်​​တွေနဲ့ ​ထွေးထုတ်ဖို့လည်း​ပြောလာတယ်

"က​လေးလား cream​တွေချည်းပဲစား​နေရ​အောင်
မ​ပြောလည်း ကိုယ့်ဘာသာကိုယ် သိရမှာ​ပေါ့

​ရော့ ​ထွေးထုတ်လို့ဆို​နေ"

"ဟင်?"

"​ထွေးထုတ်"

Jennieလည်း​ကြောက်​ကြောက်နဲ့
​ချောင်းဆိုးလိုက်​တော့ ထွက်လာတဲ့ cream​တွေက
လည်​ချောင်းထဲမှာ ဘယ်လို​တောင်အခဲဖြစ်​နေခဲ့လဲ မသိဘူး

​​မျက်​စောင်းထိုး က သူ​ဌေးကိုကြည့်လိုက်​တော့
နားမလည်သလိုအကြည့်နဲ့ jennieတို့ကို ကြည့်​နေတယ်

"အမြဲတမ်း အာ့လိုပဲ
က​လေးမဟုတ် သူငယ်မဟုတ်
အဲ့ creamချည်းပဲ စားတတ်တဲ့ အကျင့်ကို​ဖျောက်

လက်သွား​​ဆေးလိုက်ဦးမယ်"

​ပြောပြီး ထွက်သွားတဲ့ liliကို
Chu ကြည့်ပြီး အံ့သြ​နေမိတယ်
အခု Chu ရှိ​နေတာကို​တောင်
Liliသတိထားမိရဲ့လားလို့ ပြန်စဥ်းစား​နေရတယ်

​နောက်ပြီး Jennieနဲ့ ဘယ်လိုပတ်သတ်တာလဲကအစ
​ခေါင်းထဲ အ​တွေး​တွေက အလုံးအရင်းဝင်​ရောက်လာခဲ့တယ်

"Unnie!"

အ​တွေးလွန်​နေရာက​နေ ​jennieရဲ့​
ခေါ်သံကြားမှ Chu သတိဝင်လာခဲ့တယ်

"ဟင် Jennie?"

"ဘာ​တွေ စဥ်းစား​နေတာလဲ?
ခုဏက ​တောင်းပန်ပါတယ်​နော်
Jennie​​ကြောင့် unnie အစားပျက်သလိုဖြစ်သွားပြီ"

"မဟုတ်ပါဘူး ရပါတယ်
ဒါနဲ့...

ဒါနဲ့​လေ liliနဲ့ ဘယ်လိုပတ်သတ်တာများလဲ?"

​မေးမယ်ဆိုတာသိ​နေသလို
ပြန်​ဖြေဖို့အတွက်လည်း jennieမှာ အ​ဖြေ​ရှိပြီးသားပါ

ခပ်​ရေး​ရေး​လေးပြုံးပြရင်း
ဂုတ်ကို အသာ​လေး ပွတ်လိုက်တယ်

"Jennie နဲ့ သူက
လွန်ခဲ့တဲ့5နှစ်​ကျော်​လောက်တည်းက သိခဲ့ကြတာပါ"

"အရမ်း ရင်းနှီးမှာ​ပေါ့?"

"ချစ်သူ​တွေဖြစ်ခဲ့ကြတယ်"

အသက်ရှူ​တောင် ရပ်တန့်သွားသလိုပဲ
Jennieရဲ့စကား​တွေက Chuကိုနာကျင်​စေတယ်

"ဖြစ်ခဲ့ကြတယ်?"

"အင်း
Jennie ရဲ့ အမှား​တွေပါ
3နှစ်​ကျော်​လောက်မှာ လမ်းခွဲခဲ့ပြီး
အခု Darlingရဲ့ အချစ်ကိုပြန်ရဖို့ကို
Jennie ကြိုးစား​နေတာ

Unnieကို​ကျေးဇူးတင်ရမယ်
ခုလို အလုပ်တူတူလုပ်ဖို့ တာဝန်ကျမယ်လို့
ဘယ်သူကများထင်မှာလဲ?"

ပြုံးပြီး​ပြောလာတဲ့ Jennieကို
Chu ကြည့်ပြီး ပြန်မ​ပြုံး ပြနိုင်ခဲ့ဘူး

*မင်းသာ liliနဲ့ ဒီလိုမျိုးပတ်သတ်မယ်ဆိုရင်
တို့ ခုလို မင်းကိုကံ​ကောင်းခွင့်​ပေးမှာမဟုတ်ဘူး

ဟင့်အင်း Jennie!
​နောက်လည်း ဖြစ်လာခွင့်မ​ပေးနိုင်ဘူး*

အပြုံးနဲ့ အတူ စူးစူးရဲရဲနဲ့
Jennieကို Chuစိုက်ကြည့်​နေမိတယ်

မကြာပါဘူး lili​​ရောက်လာ​တော့
ဘားမှမဖြစ်သလိုမျိုး အရင် chuလို​နေလိုက်ရင်း...

"Lili!
အ​ရေးကြီး အလုပ်ကိစ္စရှိလို့
အဲ့ဒါ chuနဲ့ သွားကြရ​​အောင်"

အခန်းထဲ​ရောက်​ရောက်ချင်း
ထိုင်ခုံမှာထိုင်​နေတဲ့ သူမကို lisaကြည့်​နေတုန်း
Unnie chuက လှမ်း​ပြောလာခဲ့တယ်

"ဘယ်ကိုလဲ unnie?"

"​မြေကွက် ကိစ္စပါ
Showပြဖို့အတွက် ဆိုင်ခန်းဖွင့်ဖို့
​မြေ​နေရာကိစ္စသွားကြည့်မှာ လိုက်ခဲ့​ပေးပါ​နော်?"

"အင်း လိုက်ခဲ့မယ်​လေ"

"သွားကြရ​​​အောင်"

လက်ကို လာချိတ်ပြီး
အခန်းထဲက​နေထွက်လာတဲ့ chu​နောက်ကို
Lisa ယက်ကန်ယက်ကန်ဖြစ်လုနီးပါးပါသွားခဲ့တယ်





Jennie မြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး
တစ်ခုခုကို ကြိုသိ​နေသလို ခံစားချက်မျိုးရ​နေတယ်

"Darlingက ငါ့ကိုအရမ်းစိုးရိမ်တတ်တာပဲ"

အ​စောက ဖြစ်ခဲ့တဲ့ ကြည်နူးမှု​လေးကို
Jennie ပြန်​တွေးပြီး အရူးတစ်​ယောက်လိုပြုံးရင်း
ခပ်တိုးတိုး​လေး ​ရေရွတ်မိတယ်

'I'm sorry,don't leave me
I want you here with me...

Ph လာတာ​ကြောင့် Jennie phကိုင်လိုက်​တော့...

"Unnie Somi!
ဘာကိစ္စရှိလို့လဲဟင်?

...

Aww!!!
အဲ့ဒါဆို Joyသိပြီးပြီ​ပေါ့?

...

ရပါတယ် အားနာစရာမလိုပါဘူး
Jennie ပြန်လိုက်ပါ့မယ်​

...

ဟုတ်ကဲ့ unnie!"

Ph ကျသွားတာနဲ့ Jennie
သက်ပြင်း အကြီးကြီး ချမိလိုက်တယ်

"ဟက်!!
ဘယ်သူထင်မှာလဲ လူအစားထိုးပြီး
အလုပ်လုပ်​ဖို့ ကူညီ​ပေးတာက ပထမရက်မှာတင်
ကူညီ​ပေးစရာမလို​တော့မယ် အဆင်​ပြေသွားမယ်လို့

​Joy!
နင်နဲ့ ငါ​​တွေ့မယ် ​ကောင်မစုတ်​လေး"







~~~~~~~~~~~~~~~~~~~~~

"Unnie ဒီကို ဘာလာလုပ်တာလဲ?"

ဟန်မြစ်နားမှာ ကားရပ်လိုက်ပြီး
Unnieက ကား​ပေါ်က​နေဆင်းသွားခဲ့တယ်

Lisa အ​​နောက်က လိုက်လာ​တော့
မြစ်ကမ်းနားမှာ မတ်တပ်ရပ်ပြီး ​​အ​​ဝေးကိုငေး​နေတဲ့
unnieက အချိန်အ​တော်ကြာ​နေပြီ ဘားမှမ​ပြောလာဘူး

Lisa လှမ်း​​မေးလိုက်​တော့
လှည့်ကြည့်လာတဲ့ မျက်ဝန်း​တွေက စိုစွတ်​နေတယ်

"Unnie...

"Liliကို chu အရမ်းချစ်တယ်"













To be continued....

​တောင်းပန်ပါတယ် တိုသွားတာ

ဒီ​​​နေ့ တစ်​နေ့ကုန်မီးပျက်တဲ့အပြင် မီးပြန်လာ​တော့လည်း
​တစ်အိမ်တည်းကွက်ပြီး ဘာဖြစ်မှန်းမသိဘူး
​ရေတင်လိုက်တာ အုန်းခနဲဆိုပြီး မီး​တွေ ပိတ်သွားတယ်🙂

Yay"တို့ကံမ​ကောင်းချက်များ🥲

မနက်ဖြန်ပါ up​ပေးပါ့မယ်
ဒီ​လောက်နဲ့ပဲ​ကျေနပ်​ပေးကြပါ

​နေ့ခင်းတည်းက ပျင်းပျင်းနဲ့ pubgထိုင်ပစ်​နေတာ
Power bank လည်း အားမရှိ​တော့ဘူး

Follower​တွေလည်း တစ်ချို့ unfollowဖြစ်သွားတယ်
ကိုယ်ပဲ သတိထားမိလွန်းသွားတာ ​နေမှာပါ😂

မနက်ဖြန် ​သေချာ up​ပေးပါ့မယ်
Love you alls❤❤

Continue Reading

You'll Also Like

466K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
256K 30.6K 92
နှစ်ရာပေါင်းများစွာထောင်ပေါင်းများစွာတိုင် မင်းကိုချစ်တဲ့ အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး... ကမ္ဘာကြီးကဘယ်လိုဘဲပြောင်းလဲနေပါစေ......တစ်ယောက်ထဲသောသူကိ...
186K 12.7K 47
တစ်ဖက်သတ်ဆန်စွာ စွဲလန်းနေတဲ့ အရာမျိုးက အချစ်ဆိုတဲ့ ခေါင်းစဥ်ထက် ဝဋ်ကြွေး ဆိုရင် ပိုမှန်ပါလိမ့်မယ်.....
80.8K 5.1K 38
အရမ်းမချစ်မိစေနဲ့ အချစ်လွန်ရင်မုန်းရတတ်တယ် အဲ့လိုပါဘဲ အမုန်းလွန်သွားရင်လည်း ချစ်သွားတတ်တယ် နောက်ဆုံးတခုပြောချင်တာက အချစ်က ကစားစရာတခုမဟုတ်ဘူး ...