မဟူရာရဲ့လူတွေကြောင့် သစ်ထူးအပါအဝင် သူ့အကိုမင်းဒင်ပါ သစ်ဂိုဒေါင်ကြီးထဲ အဖမ်းခံထားရရှာတယ်။
မဟူရာကတော့..သူ့ရဲ့ချစ်ရသူအနားသတိပြန်ရမဲ့အချိန်ထိစောင့်လို့နေခဲ့တယ်။
ရက်တွေသာ တစ်ရက်ပြီးတစ်ရက်ပြောင်းလဲသွားတယ် သုတက ခုထိသတိမရသေး..
သုတသတိမရသရွေ့..မဟူရာရဲ့ဒေါသတို့က အဖမ်းခံထားရတဲ့ ညီကိုနှစ်ယောက်ဆီ
အုန်းဒိုင်းကျဲမြဲ...
ခုလည်း..ဂိုဒေါင်ရှိရာ ရှောက်လာနေတဲ့ မဟူရာကြောင့် သူ့တပည့်တွေကတော့ ဒူးတုန်နေကြပြန်တယ်..
ဟိုနှစ်ကောင်ရဲ့အော်သံတွေကို သူတို့တွေကြားရအုံးမှာလေ..ဒါကြောင့် ကြောက်မိတာ။
သူသိချင်တဲ့ အဖြေ မရမချင်း အဲ့ဒီနှစ်ကောင်ကို ညှဥ်းပန်းနှိပ်စက်ပြီး မေးနေမှာပဲ။
ဟိုနှစ်ကောင်ကလည်း မပြော..အသားနာခံကြပြီး ခေါင်းကျောမာကြတယ်။
''ဒီနေ့တော့ တမျိုးပြောင်းပြီးမေးရမှာပေါ့..
မင်းဒင်..မင်းဖြေပေးရင် မင်းမိသားစုနဲ့မင်းကို ငါပေးတွေ့မယ် ပြီးတော့ အသက်ချမ်းသာခွင့်ပေးမယ်။
မင်းရဲ့ အယုတ်တမာ ညီကတော့ သေလမ်းမြန်းရမှာပဲ..ငါသိချင်တာလေးဖြေရမှာ မင်းတို့တွေ တော်တော်လေးနှမြောတွန့်တိုနေကြတာပဲ။ဘာလဲ မင်းတို့မိသားစုရဲ့အသက်တွေက တန်ဖိုးမရှိလို့လား..ဟမ်း။
ငါသိချင်တာဖြေဖို့ အချိန် ၅မိနစ်ရမယ်။''
''X ကြီး..သူတို့ကို ခေါ်လာခဲ့...''
''မင်းဒင်ရဲ့ မိသားစု..မိန်းမနဲ့ ကလေးနှစ်ယောက်ကို..''
အဝတ်မည် စည်းထားတဲ့ အရာကိုဖယ်ပေးလိုက်ပြီး ပြလိုက်တဲ့အတွက်..မင်းဒင်ရဲ့
အကြည့်တို့က မဟူရာထံ.. ''မလုပ်ပါနဲ့..
မင်းသိချင်ရင် ငါပြောပြပါ့မယ်..ငါ့မိသားစုကိုတော့ အသက်ချမ်းသာပေးပါ။''
ဘေးမှ သစ်ထူးဆီမှ..''အကိုကြီး..မပြောနဲ့
သူသိလို့မဖြစ်ဘူး..မပြောနဲ့..''
''မင်းပါးစပ်ကို ပိတ်လိုက် သစ်ထူး..
မင်းကြောင့်နဲ့ ငါ့မိသားစုပါ ဒုက္ခရောက်ရတော့မယ်။''
ညီကိုနှစ်ယောက်ရဲ့ အပြစ်တင်သံတွေကို
မဟူရာမကြားချင်တော့..ဒီတော့ ''ဘယ်တစ်ယောက်ကို ငါအရင်သတ်ပေးရမလဲ။''
မင်းဒင်ရဲ့ မိန်းမဆီ သေနတ်ချိန်လိုက်တာကြောင့် မင်းဒင်ရဲ့ အသံတွေက တုန်ယင်နေပြီး...''မဟူရာ..ငါ..ငါပြောပါ့မယ်။
ငါ့မိန်းမနဲ့ ကလေးတွေကိုတော့ အသက်ရှင်ခွင့်ပေးပါ မင်းငါ့ကိုသတ်ချင်ရင် သတ်လိုက်လို့ရတယ်။''
''ဒေါ်မဟေသီစိုးက ခိုင်းလို့ ငါတို့လုပ်ရတာပါ။''
''မဟေသီစိုး...ဒီမိန်းမကြီးက ငါနဲ့ဘာရန်ငြှိုးရှိလို့လည်း..သူကဒီလိုလုပ်ရအောင်..''
''Xကြီး..သုတရဲ့ မိသားစုအကြောင်းသေချာစုံစမ်းပေး..ငါ့ကို''
''မနက်ဖြန်မနက် ငါအကြောင်းစုံသိချင်တယ်..သွားတော့။''
''ဟုတ်ကဲ့..boss..''
သစ်ထူးကတော့ ဘုရားတရားမနေရပြီ
သေနတ်ပြောင်းဝက သူ့ဆီ ဦးတည်နေတဲ့အတွက်...
''ကဲ မင်းမသိစေချင်တဲ့ အရာကို မင်းရဲ့အကိုက ငါ့ဆီဖွင့်ပြောလိုက်ပြီလေ..ဘာကြောင့်မင်းကမပြောချင်ရတာလဲ..ဟမ်း..ငါမေးနေတယ်လေ. ဖြေ..ဖြေစမ်းပါ..အရူးကောင်ရဲ့။''
သစ်ထူးရဲ့ခေါင်းကို သေနတ်လက်ကိုင်နဲ့ ပိတ်ထုပစ်လိုက်တဲ့အတွက် နားထင်ဆီမှ
သွေးစတချို့ စီးကျလာတဲ့ သစ်ထူး။
''အာ့..ငါ..ကဘာလို့ပြောရမှာလည်း..အဟက်.''
''သေတော့မှာတောင် ခေါင်းကျောမာနေတဲ့ကောင်..ငါမေးရင် ပြန်ဖြေတာပဲကြိုက်တယ် ကန့်လန့်တိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းမသိလို့လား။''
''မသိဘူး..ဆိုရင်ရော..ဟားဟားဟား...''
နောက်တချက် ပိတ်ရိုက်လိုက်တဲ့အတွက်
နေရာတင် သတိလစ်သွားတဲ့ သစ်ထူး။
''တောက်..ငါ့ကို အာခံတဲ့ကောင် မင်းလမ်းမင်းရွေးလိုက်တာ. ''
''မဟေသီစိုး..ခင်ဗျားနဲ့ကျုပ်နဲ့ မကြာခင်ဖြေရှင်းချက်တွေနဲ့ ရှင်းကြသေးတာပေါ့။''
ဂိုဒေါင်ထဲကထွက်လာပြီး ရေချိုးခန်းထဲတန်းဝင်သွားတဲ့ မဟူရာ..
သူ့စိတ်တွေက အရမ်းကို ဒေါသမွှန်နေတဲ့အတွက် နံရံဆီ ပြစ်ထိုးထားတဲ့လက်တွေမှာ သွေးတွေအလိမ့်လိုက်ထွက်နေပြန်တယ်။
ရေချိုးပြီး သူ့ကလေးကို ထားထားတဲ့အခန်းလေးဆီ ဝင်လာခဲ့ပြန်တယ်။
''ငယ် မင်းအိပ်နေတာကြာပြီနော် ကိုယ့်ဆီပြန်မလာချင်တော့လို့လား။ကိုယ့်ကိုမုန်းသွားလို့လားဟင်..
ငယ် တော်တော်လေး နေနိုင်ရက်တယ်..ကိုယ့်မှာ ပူလောင်မှုတွေနဲ့ရှေ့ဆက်နေရတာ မလွယ်ကူလှဘူး။''
လွန်းနဲ့စစ်မဟာကတော့ အဆင်ပြေပြေပါပဲ..ဒါပေမဲ့ လွန်းက စစ်မဟာအပေါ် အနိုင်ယူတတ်ဆဲ..
ခုလည်းကြည့်..
''လူကြီး..လူကြီးရေ..နာလို့ နာလို့ လာကြည့်ပေးအုံး..''အိမ်ရှေ့က သရက်ပင်ကြီးပေါ်က
အော်ခေါ်နေပြန်တဲ့ လွန်းကြောင့် စစ်မဟာမီးဖိုခန်းထဲက ပြေးထွက်လာရပြန်တယ်။
သစ်ပင် ခွကြားခြေထောက်ညှပ်နေတဲ့ လွန်းကြောင့်.. စစ်မဟာမျက်လုံးပြူးရင်း..
''ကလေးရာ..ဘာလို့အပင်ပေါ်တတ်ရတာလည်း..ကိုယ်ပြောသားပဲ ''
ခေါက်လှေကားယူပြီး သူ့ကလေးကိုယ်လေးကိုပွေ့ချီပြီးခေါ်ရပြန်တယ်လေ...
အဖြူရောင် အသားအရေလေးပေါ် နီရဲရဲခြစ်ရာကိုမြင်ပြီး..
''အပင်ပေါ် ဘာတတ်လုပ်..ပြောစမ်း..''
''ဟိုမှာလေ..သရက်သီးတွေ မှည့်တော့မယ်လေ..အပင်မှည့်တွေက အရမ်းချိုတာ..
ကလေးစားချင်လို့တက်ခူးတာ။''
''အပြင်မှာဝယ်စားရင် ဘယ်လောက်မှ မရှိဘူး..ကိုယ်ဝယ်ပေးမှာပေါ့..
နောက်ဆို အပင်ပေါ်မတက်ရဘူးနော်။''
''လူကြီး..ခြေထောက်ကနာတယ်..''
''ကိုယ်ဆေးထည့်ပြီး နှိပ်ပေးမယ်..ခဏပဲ..''
ပြောသာပြောနေတာ..
မီးဖိုခန်းထဲက ညှော်နံ့ရမှ နှစ်ယောက်သား
ပြောလိုက်သံက..
''ကုန်ပြီထင်တယ်..''
ဟင်းအိုးကြီးတူးကုန်တဲ့အတွက်..
အဲ့ဒီနေ့မှာတော့ အပြင်မှာပဲထွက်စားလိုက်ကြတယ်။
လွန်းတစ်ယောက် စစ်မဟာအပေါ်အရမ်းဆိုး..စစ်မဟာသူ့အပေါ်တကယ်ချစ်တာသိပြီးတဲ့နောက် သူကအခွင့်အရေးရရင် ရသလို အနိုင်ပြန်ကျင့်တာ..
သူ တခုခုခိုင်းတော့မယ်ဆိုရင် ကိုကို ကိုကိုနဲ့ စိတ်မလိုတော့ရင် လူကြီးခေါ်လိုက် ဦးစစ်မဟာခေါ်လိုက်နဲ့ အတော်လေး စွာတဲ့လွန်းခေတ်ပါ။
''ကိုကို..ကိုကို..လမ်းမရှောက်ချင်တော့ဘူး
ကလေးကို ကုန်းပိုး..''
သူဆိုးရင် အဲ့လိုပဲ။
ကဲ..ငါလေးupပေးလိုက်တယ်နော်..😘
ဟိုပြေးဒီပြေးနဲ့ မောနေပြီ အမောပြေလေ
တာဝန်ကျေကြ😁😁
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi
မဟူရာရဲ႕လူေတြေၾကာင့္ သစ္ထူးအပါအဝင္ သူ႕အကိုမင္းဒင္ပါ သစ္ဂိုေဒါင္ႀကီးထဲ အဖမ္းခံထားရရွာတယ္။
မဟူရာကေတာ့..သူ႕ရဲ႕ခ်စ္ရသူအနားသတိျပန္ရမဲ့အခ်ိန္ထိေစာင့္လို႔ေနခဲ့တယ္။
ရက္ေတြသာ တစ္ရက္ၿပီးတစ္ရက္ေျပာင္းလဲသြားတယ္ သုတက ခုထိသတိမရေသး..
သုတသတိမရသေ႐ြ႕..မဟူရာရဲ႕ေဒါသတို႔က အဖမ္းခံထားရတဲ့ ညီကိုႏွစ္ေယာက္ဆီ
အုန္းဒိုင္းက်ဲၿမဲ...
ခုလည္း..ဂိုေဒါင္ရွိရာ ေရွာက္လာေနတဲ့ မဟူရာေၾကာင့္ သူ႕တပည့္ေတြကေတာ့ ဒူးတုန္ေနၾကျပန္တယ္..
ဟိုႏွစ္ေကာင္ရဲ႕ေအာ္သံေတြကို သူတို႔ေတြၾကားရအုံးမွာေလ..ဒါေၾကာင့္ ေၾကာက္မိတာ။
သူသိခ်င္တဲ့ အေျဖ မရမခ်င္း အဲ့ဒီႏွစ္ေကာင္ကို ညွဥ္းပန္းႏွိပ္စက္ၿပီး ေမးေနမွာပဲ။
ဟိုႏွစ္ေကာင္ကလည္း မေျပာ..အသားနာခံၾကၿပီး ေခါင္းေက်ာမာၾကတယ္။
''ဒီေန႕ေတာ့ တမ်ိဳးေျပာင္းၿပီးေမးရမွာေပါ့..
မင္းဒင္..မင္းေျဖေပးရင္ မင္းမိသားစုနဲ႕မင္းကို ငါေပးေတြ႕မယ္ ၿပီးေတာ့ အသက္ခ်မ္းသာခြင့္ေပးမယ္။
မင္းရဲ႕ အယုတ္တမာ ညီကေတာ့ ေသလမ္းျမန္းရမွာပဲ..ငါသိခ်င္တာေလးေျဖရမွာ မင္းတို႔ေတြ ေတာ္ေတာ္ေလးႏွေျမာတြန့္တိုေနၾကတာပဲ။ဘာလဲ မင္းတို႔မိသားစုရဲ႕အသက္ေတြက တန္ဖိုးမရွိလို႔လား..ဟမ္း။
ငါသိခ်င္တာေျဖဖို႔ အခ်ိန္ ၅မိနစ္ရမယ္။''
''X ႀကီး..သူတို႔ကို ေခၚလာခဲ့...''
''မင္းဒင္ရဲ႕ မိသားစု..မိန္းမနဲ႕ ကေလးႏွစ္ေယာက္ကို..''
အဝတ္မည္ စည္းထားတဲ့ အရာကိုဖယ္ေပးလိုက္ၿပီး ျပလိုက္တဲ့အတြက္..မင္းဒင္ရဲ႕
အၾကည့္တို႔က မဟူရာထံ.. ''မလုပ္ပါနဲ႕..
မင္းသိခ်င္ရင္ ငါေျပာျပပါ့မယ္..ငါ့မိသားစုကိုေတာ့ အသက္ခ်မ္းသာေပးပါ။''
ေဘးမွ သစ္ထူးဆီမွ..''အကိုႀကီး..မေျပာနဲ႕
သူသိလို႔မျဖစ္ဘူး..မေျပာနဲ႕..''
''မင္းပါးစပ္ကို ပိတ္လိုက္ သစ္ထူး..
မင္းေၾကာင့္နဲ႕ ငါ့မိသားစုပါ ဒုကၡေရာက္ရေတာ့မယ္။''
ညီကိုႏွစ္ေယာက္ရဲ႕ အျပစ္တင္သံေတြကို
မဟူရာမၾကားခ်င္ေတာ့..ဒီေတာ့ ''ဘယ္တစ္ေယာက္ကို ငါအရင္သတ္ေပးရမလဲ။''
မင္းဒင္ရဲ႕ မိန္းမဆီ ေသနတ္ခ်ိန္လိုက္တာေၾကာင့္ မင္းဒင္ရဲ႕ အသံေတြက တုန္ယင္ေနၿပီး...''မဟူရာ..ငါ..ငါေျပာပါ့မယ္။
ငါ့မိန္းမနဲ႕ ကေလးေတြကိုေတာ့ အသက္ရွင္ခြင့္ေပးပါ မင္းငါ့ကိုသတ္ခ်င္ရင္ သတ္လိုက္လို႔ရတယ္။''
''ေဒၚမေဟသီစိုးက ခိုင္းလို႔ ငါတို႔လုပ္ရတာပါ။''
''မေဟသီစိုး...ဒီမိန္းမႀကီးက ငါနဲ႕ဘာရန္ျငႇိုးရွိလို႔လည္း..သူကဒီလိုလုပ္ရေအာင္..''
''Xႀကီး..သုတရဲ႕ မိသားစုအေၾကာင္းေသခ်ာစုံစမ္းေပး..ငါ့ကို''
''မနက္ျဖန္မနက္ ငါအေၾကာင္းစုံသိခ်င္တယ္..သြားေတာ့။''
''ဟုတ္ကဲ့..boss..''
သစ္ထူးကေတာ့ ဘုရားတရားမေနရၿပီ
ေသနတ္ေျပာင္းဝက သူ႕ဆီ ဦးတည္ေနတဲ့အတြက္...
''ကဲ မင္းမသိေစခ်င္တဲ့ အရာကို မင္းရဲ႕အကိုက ငါ့ဆီဖြင့္ေျပာလိုက္ၿပီေလ..ဘာေၾကာင့္မင္းကမေျပာခ်င္ရတာလဲ..ဟမ္း..ငါေမးေနတယ္ေလ. ေျဖ..ေျဖစမ္းပါ..အ႐ူးေကာင္ရဲ႕။''
သစ္ထူးရဲ႕ေခါင္းကို ေသနတ္လက္ကိုင္နဲ႕ ပိတ္ထုပစ္လိုက္တဲ့အတြက္ နားထင္ဆီမွ
ေသြးစတခ်ိဳ႕ စီးက်လာတဲ့ သစ္ထူး။
''အာ့..ငါ..ကဘာလို႔ေျပာရမွာလည္း..အဟက္.''
''ေသေတာ့မွာေတာင္ ေခါင္းေက်ာမာေနတဲ့ေကာင္..ငါေမးရင္ ျပန္ေျဖတာပဲႀကိဳက္တယ္ ကန့္လန့္တိုက္ရင္ ဘာျဖစ္မယ္ဆိုတာ မင္းမသိလို႔လား။''
''မသိဘူး..ဆိုရင္ေရာ..ဟားဟားဟား...''
ေနာက္တခ်က္ ပိတ္ရိုက္လိုက္တဲ့အတြက္
ေနရာတင္ သတိလစ္သြားတဲ့ သစ္ထူး။
''ေတာက္..ငါ့ကို အာခံတဲ့ေကာင္ မင္းလမ္းမင္းေ႐ြးလိုက္တာ. ''
''မေဟသီစိုး..ခင္ဗ်ားနဲ႕က်ဳပ္နဲ႕ မၾကာခင္ေျဖရွင္းခ်က္ေတြနဲ႕ ရွင္းၾကေသးတာေပါ့။''
ဂိုေဒါင္ထဲကထြက္လာၿပီး ေရခ်ိဳးခန္းထဲတန္းဝင္သြားတဲ့ မဟူရာ..
သူ႕စိတ္ေတြက အရမ္းကို ေဒါသမႊန္ေနတဲ့အတြက္ နံရံဆီ ျပစ္ထိုးထားတဲ့လက္ေတြမွာ ေသြးေတြအလိမ့္လိုက္ထြက္ေနျပန္တယ္။
ေရခ်ိဳးၿပီး သူ႕ကေလးကို ထားထားတဲ့အခန္းေလးဆီ ဝင္လာခဲ့ျပန္တယ္။
''ငယ္ မင္းအိပ္ေနတာၾကာၿပီေနာ္ ကိုယ့္ဆီျပန္မလာခ်င္ေတာ့လို႔လား။ကိုယ့္ကိုမုန္းသြားလို႔လားဟင္..
ငယ္ ေတာ္ေတာ္ေလး ေနနိုင္ရက္တယ္..ကိုယ့္မွာ ပူေလာင္မႈေတြနဲ႕ေရွ႕ဆက္ေနရတာ မလြယ္ကူလွဘူး။''
လြန္းနဲ႕စစ္မဟာကေတာ့ အဆင္ေျပေျပပါပဲ..ဒါေပမဲ့ လြန္းက စစ္မဟာအေပၚ အနိုင္ယူတတ္ဆဲ..
ခုလည္းၾကည့္..
''လူႀကီး..လူႀကီးေရ..နာလို႔ နာလို႔ လာၾကည့္ေပးအုံး..''အိမ္ေရွ႕က သရက္ပင္ႀကီးေပၚက
ေအာ္ေခၚေနျပန္တဲ့ လြန္းေၾကာင့္ စစ္မဟာမီးဖိုခန္းထဲက ေျပးထြက္လာရျပန္တယ္။
သစ္ပင္ ခြၾကားေျခေထာက္ညွပ္ေနတဲ့ လြန္းေၾကာင့္.. စစ္မဟာမ်က္လုံးျပဴးရင္း..
''ကေလးရာ..ဘာလို႔အပင္ေပၚတတ္ရတာလည္း..ကိုယ္ေျပာသားပဲ ''
ေခါက္ေလွကားယူၿပီး သူ႕ကေလးကိုယ္ေလးကိုေပြ႕ခ်ီၿပီးေခၚရျပန္တယ္ေလ...
အျဖဴေရာင္ အသားအေရေလးေပၚ နီရဲရဲျခစ္ရာကိုျမင္ၿပီး..
''အပင္ေပၚ ဘာတတ္လုပ္..ေျပာစမ္း..''
''ဟိုမွာေလ..သရက္သီးေတြ မွည့္ေတာ့မယ္ေလ..အပင္မွည့္ေတြက အရမ္းခ်ိဳတာ..
ကေလးစားခ်င္လို႔တက္ခူးတာ။''
''အျပင္မွာဝယ္စားရင္ ဘယ္ေလာက္မွ မရွိဘူး..ကိုယ္ဝယ္ေပးမွာေပါ့..
ေနာက္ဆို အပင္ေပၚမတက္ရဘူးေနာ္။''
''လူႀကီး..ေျခေထာက္ကနာတယ္..''
''ကိုယ္ေဆးထည့္ၿပီး ႏွိပ္ေပးမယ္..ခဏပဲ..''
ေျပာသာေျပာေနတာ..
မီးဖိုခန္းထဲက ေညွာ္နံ႕ရမွ ႏွစ္ေယာက္သား
ေျပာလိုက္သံက..
''ကုန္ၿပီထင္တယ္..''
ဟင္းအိုးႀကီးတူးကုန္တဲ့အတြက္..
အဲ့ဒီေန႕မွာေတာ့ အျပင္မွာပဲထြက္စားလိုက္ၾကတယ္။
လြန္းတစ္ေယာက္ စစ္မဟာအေပၚအရမ္းဆိုး..စစ္မဟာသူ႕အေပၚတကယ္ခ်စ္တာသိၿပီးတဲ့ေနာက္ သူကအခြင့္အေရးရရင္ ရသလို အနိုင္ျပန္က်င့္တာ..
သူ တခုခုခိုင္းေတာ့မယ္ဆိုရင္ ကိုကို ကိုကိုနဲ႕ စိတ္မလိုေတာ့ရင္ လူႀကီးေခၚလိုက္ ဦးစစ္မဟာေခၚလိုက္နဲ႕ အေတာ္ေလး စြာတဲ့လြန္းေခတ္ပါ။
''ကိုကို..ကိုကို..လမ္းမေရွာက္ခ်င္ေတာ့ဘူး
ကေလးကို ကုန္းပိုး..''
သူဆိုးရင္ အဲ့လိုပဲ။
ကဲ..ငါေလးupေပးလိုက္တယ္ေနာ္..😘
ဟိုေျပးဒီေျပးနဲ႕ ေမာေနၿပီ အေမာေျပေလ
တာဝန္ေက်ၾက😁😁
mp Rockeain