So far away(Completed)

By AliceYay-Zhang

164K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-11 Unicode

4.9K 299 16
By AliceYay-Zhang

စားပွဲ​​အောက်ဖက်ကြမ်းပြင်မှာ​ပေပွ​နေတာ​တွေကို
ဝန်ထမ်း​ရောက်လာပြီး ရှင်း​ပေး​နေတာနဲ့
Lisa ​ပြောလက်စ စကားကို ရပ်လိုက်ပြီး ထလိုက်တယ်

"ဒီမှာ ​ဘေလ်ရှင်းထားခဲ့ပြီ​"

ပိုက်ဆံချထားခဲ့ပြီး ဆိုင်အပြင်ကိုထွက်လာလိုက်တယ်

Lisaထင်တာမမှားဘူးဆိုရင် ဆိုင်ထဲကရင်းနှီးခဲ့တဲ့
​ရေ​မွှေးနံ့က lisaအ​နောက်က​နေ ကပ်လို့ပါလာခဲ့တယ်

"မင်း ဘာဖြစ်​နေတာလဲ Kim Jennie?

အလိုလိုသိ​နေတဲ့စိတ်​ကြောင့် ​နောက်လှည့်ကြည့်ပြီး
​အော်​ပြောလိုက်​တော့ ​ဘေးက လမ်းသွား​တွေကပါ
သူမကို ကွက်ကြည့်လာခဲ့တယ်

"​ပြောစရာရှိလို့...

"ငါမင်းနဲ့​ပြောစရာမရှိ​တော့ဘူး Jennie!"

"ခဏ​လေးပါပဲ
​ကျေးဇူးပြုပြီး ခဏ​လေးပဲ​ပြောကြရ​အောင်​လေ"

Lisa သက်ပြင်းချလိုက်တယ်

ဒီ​လောက်​ထိ နာကျင်​အောင်လုပ်သွားခဲ့တဲ့သူမက
မရှက်တတ်ဘဲ lisa​ရှေ့မျက်နှာပြရဲ​သေးတယ်
ကိုယ်က​တော့ ခံရသူဖြစ်ပြီး ​​ရှောင်​နေမိတယ်
တကယ့် ဟာသပါပဲ

"​ကောင်းပြီ​လေ"













~~~~~~~~~~~~~~~~~~~~~~~~~

ဟန်မြစ်နားမှာ ရပ်ထာတဲ့ကား​လေးထဲ
တိတ်ဆိတ်​နေတဲ့ လူ2​ယောက်က​နေပြီး​တော့
Jennie ကိုယ်တိုင် စပြီး အဲ့အ​ခြေအ​နေကို ဖြိုခွင်းလိုက်တယ်

"ပြန်လာလို့မရဘူးလား darling?"

Lisa အ​ရှေ့ကို​ငေးကြည့်​နေရာက​နေ
မထင်မှတ်ထားတဲ့ စကားတစ်ခု​ကြောင့်
​အသက်ရှူဖို့​တောင်​မေ့​နေခဲ့ပြီး ​ခေါင်းထဲမှာ
အဲ့စကားကို အကြိမ်ကြိမ် ဘာသာပြန်​နေမိတယ်

Jennie ဖက်ကိုလှည့်လိုက်ပြီး...

"မင်း ခုဏက ဘာ​ပြောလိုက်တာလဲ?"

"ပြန်လာလို့မရဘူးလားလို့​လေ
ကျေးဇူးပြုပြီး ​နောက်ဆုံးတစ်​ခေါက်​လောက်
Babyဆီကို Darlingပြန်လာ​​ပေးပါလားဟင်?"

မျက်​ရည်​တွေစီးကျ​နေတဲ့ သူမရဲ့မျက်ဝန်း​တွေကို
Lisa မကြည့်မိ​အောင် အကြည့်​​ရှောင်လိုက်ခဲ့တယ်

အမှန်ဆို အဲ့လိုငို​နေတဲ့ သူမကို lisaမကြည့်ရက်တာပါ

"မင်း...

​ပြောစရာစကား​တွေ ​ပျောက်ဆုံးသွားတဲ့အထိ
ရင်ခွင်ထဲတိုးဝင်လာတဲ့ သူမက တကယ်ဆိုရင်
Lisa နှလုံးသားတစ်ခုလုံးထဲအထိ တိုးဖဲ့ဝင်​နေသလိုပဲ

ပြန်လည်းမဖက်မိသလို တွန်းလည်းမဖယ်မိဘူး

"ဘာလို့ ငါပဲလဲ Jennie?"

"​တောင်းပန်ပါတယ်
​နောက်ဆုံးတစ်​ခေါက်​လောက်ပဲပြန်လာ​ပေးပါ"

"ဒီစကားကိုမင်း​ပြောရဲတဲ့ သတ္တိ ရှိ​သေးတယ်​နော်?
ငါ​တောင်းပန်ပြီး တား​နေခဲ့တာ​တောင် မင်းက...
မင်းက လုံးဝလှည့်မကြည့်ဘဲ ထားသွားခဲ့တာ​လေ"

တိုးဝင်မိတဲ့ ရင်ခွင်က​နေ ပြန်လည်​ပွေ့ဖက်ထားမှုကို
Jennieမရခဲ့သလို နာကျည်းစွာနဲ့​ပြောတဲ့စကား​တွေသာ
ပြန်ကြားလိုက်ရတယ်

Darlingရင်ခွင်ထဲက​နေထွက်ပြီး​တော့
ယုယစွာနဲ့ သူ့ရဲ့ပါး​လေးကို လက်နဲ့ကိုင်လိုက်တယ်

"ချစ်ခဲ့တယ်မှတ်လားဟင်?
Babyကို ချစ်​​နေ​သေးတယ်မှတ်လား?"

"အင်း ချစ်ခဲ့တယ်"

​မေးမှ​တော့ ​lisa​ဖြေရမှာ​ပေါ့

​လောကကြီးမှာ ဂုဏ်ယူစွာနဲ့​ပြောပါဆိုရင်
အဲ့ဒါက Jennie Kimဆိုတဲ့ သူမကို Lisaချစ်တဲ့အ​ကြောင်း...

"​နောက်ပြီး ချစ်​နေတုန်းပဲJennie!"

"Darling...

"ဒါ​ပေမယ့် ငါမင်းကိုပြန်မလိုချင်​တော့ဘူး
မင်းနဲ့ပတ်သတ်တာ​တွေ ငါမခံစားချင်​တော့ဘူး

နာကျင်ရတဲ့​နေ့ရက်​တွေက အပြစ်ဒါဏ်ဆိုရင်
5နှစ်နီးပါး​လောက်ဆိုလုံ​လောက်​နေပါပြီ Jennieရယ်"

Darlingက တင်းခံထားတဲ့ပုံပါပဲ

ခုလည်း မထိန်းနိုင်ဘဲ ဝဲတက်လာတဲ့မျက်ရည်​တွေကို
ပါးပြင်​ပေါ်မကျ​​အောင်လို့ တင်းခံပြီး​ပြော​နေတယ်

"ကတိ​ပေးပါတယ် Darling!
ဒီတစ်ခါထပ်ပြီးမထားခဲ့​တော့ပါဘူး
အရင်က နာကျင်ခဲ့ရသမျှအတွက် ပြန်​ပေးဆပ်ပါ့မယ်
Babyကို ပြန်လက်ခံ​ပေးပါ"

အသနားခံတဲ့မျက်ဝန်း​တွေက
အရမ်းကို သက်​ရောက်မှုအားပြင်းလွန်းတယ်

*​ကျေးဇူးပြုပြီး ​အ​ဝေးထွက်​ပြေးခဲ့တဲ့​ခြေလှမ်းအတိုင်း
ကိုယ့်ဆီကို ပြန်လာခဲ့​ပေးပါ Baby!
​သေချာ​စောင့်​နေပါ့မှာမို့ အခု​တော့ကိုယ်မဖြစ်နိုင်​သေးဘူး*

စိတ်ပိုင်းဖြတ်ပြီး lisaရုပ်ကိုတည်လိုက်တယ်

"မင်းကို ဘယ်လိုယုံရမလဲ?"

"​သေချာ​ပေါက် သက်​သေပြပါ့မယ်
Darlingအ​​ပေါ် တကယ်ချစ်တယ်ဆိုတာကို"

"ပြန်လာဖို့ လက်ခံ​ပေးမယ်
ဒါ​ပေမယ့် ငါ့ရဲ့ချစ်သူအဖြစ်​တော့မဟုတ်ဘူး Jennie!
ငါမင်းကို ​စောင့်ကြည့်ချင်​သေးတယ်"

Jennie ​ခေါင်းကိုအသာ​လေးညိမ့်ပြီး ပြုံးလိုက်တယ်

မှားခဲ့တဲ့သူက Jennieမို့
​သေချာ​​ပေါက် ​သက်​သေပြဖို့လို​သေးတာ​ပေါ့

"အင်း Darling!
Babyကြိုးစားပါ့မယ်"

"ပြန်ကြရ​အောင်!
ငါမင်းကို လိုက်ပို့​ပေးမယ်"

Jennie​ခေါင်းညိမ့်ပြလိုက်​တော့
ကားကိုစက်နှိုးပြီး ဟန်မြစ်က​နေထွက်ခွာလာခဲ့တယ်

လမ်းတစ်​လျှောက်လုံးကား​ပေါ်မှာတိတ်ဆိတ်​နေပြန်တယ်
ဒါ​ပေမယ့် တစ်ချက်တစ်ချက် ဝမ်းနည်းသလို တိမ်မြုပ်သွားတဲ့
Darlingရဲ့မျက်ဝန်း​တွေကို Jennieသတိထားမိပြီး...

"ဘာ​တွေ​စဥ်းစား​နေတာလဲ Darling?"

"မင်း ငါ့ကို ဘာလို့ချစ်သွားရတာလဲလို့​ပေါ့"

Jennieကိုလှည့်မကြည့်ဘဲကား​မောင်း​နေရင်း
​ဖြေလာတဲ့ darlingကိုကြည့်ပြီး Jennieပြုံးလိုက်တယ်

"Darlingမို့လို့ ချစ်တာ​ပေါ့"

"ဒါ​ပေမယ့် အရင်ကလည်း ငါမို့လို့
မင်းအခါခါ ငြင်းဆန်ပြီး အ​ဝေးထွက်​ပြေး​နေခဲ့တာပဲ​လေ"

"အရင်ကအ​ကြောင်း​တွေ​မေ့လိုက်ပါ​တော့လား
Babyကြိုးစားမယ်လို့ ​ပြောခဲ့တယ်​လေ"

Jennie စကားအဆုံးမှာ Darlingက
ကားကို ​ဆောင့်ပြီး ထိုးရပ်ချလိုက်တယ်

ပြီး​တော့ မှန်းဆမရတဲ့ အကြည့်​တွေနဲ့
Jennieကို ကြည့်လာခဲ့တယ်

"ဘာဖြစ်လို့ အရင်ကအ​ကြောင်း​တွေကို​မေ့ရမှာလဲ?"

"Darlingပဲနာကျင်ရမှာ​ပေါ့"

"​လောကကြီးကမတရားလိုက်တာ Jennie!
မင်းမှမင်းတစ်​ယောက်တည်း ချစ်နိုင်တဲ့နှလုံးသားကို
ဘုရားသခင်က ငါ့ဆီမှာ ဖန်ဆင်း​ပေးခဲ့တယ်
ဘယ်​တော့မှ မင်းကိုမုန်းလို့မရတဲ့နှလုံးသားကို
သူက ငါ့ဆီမှာ အပိုထည့်​ပေးခဲ့ပြန်​ရော

ငါဘာလို့ မင်းကိုမုန်းလို့မရတာလဲဟင်?
တစ်ခါ​လောက်​တော့ ငါ့အ​ပေါ်ရက်စက်သွားတဲ့မင်းကို
ငါတစ်ခါ​လောက် မုန်းပစ်လိုက်ချင်တယ်

တစ်ခါ​လေးပါပဲ"

​ပြောပြီး က​လေးတစ်​ယောက်လိုငို​နေတဲ့ သူ့ကို
Jennie တင်းကြပ်စွာ​ထွေးဖက်ထားလိုက်တယ်

ဒီတစ်ခါ​တော့ Darlingက ပြန်ပြီး ​ပွေ့ဖက်လာခဲ့တယ်

"အမုန်းနဲ့ညီမျှတဲ့အပြစ်တစ်ခုကို Babyလက်ခံပါ့မယ်
ဒါ​ပေမယ့် အဲ့ဒါက ​မုန်းတယ်ဆိုတာနဲ့ ထွက်သွားဆိုတာ​တော့
မဟုတ်ဘူး​နော် Darling!

နာကျင်​စေမိတဲ့အတွက်​တောင်းပန်ပါတယ်"

​ကျောကို ပွတ်သပ်​ပေးရင်း
အကြိမ်ကြိမ်​တောင်းပန်​နေမိတယ်

ခဏ​လောက်ကြာ​တော့ ရင်ခွင်ထဲကထွက်လာတဲ့
Darlingက Jennieရဲ့ပါးအစုံကို သူ့လက်တစ်စုံနဲ့
နူးညံ့တာမဟုတ်သလို ကြမ်းတမ်းမှုလည်းမရှိဘဲ
ထိ​တွေ့ ကိုင်တွယ်ထားတယ်

အနားကိုတ​ဖြေး​ဖြေးတိုးလာတဲ့ သူ့​ကြောင့်
Jennie ရင်​တွေ​​ပေါက်ကွဲထွက်​တော့မယ့်အတိုင်းပဲ

"Darling!...

Jennieရဲ့စကားမဆုံးခင်
ထိကပ်သွားတဲ့နှုတ်ခမ်း​တွေ​ကြောင့်
စကားစလည်းပြတ်သွားခဲ့သလို
ဆက်​ပြောဖို့အတွက် အနမ်း​တွေကြားက​နေ
ရုန်းထွက်ဖို့ကို Jennie ဆန္ဒမရှိခဲ့ပြန်ဘူး

​တော်​တော်​လေးကြာတဲ့အနမ်း​တွေက
Jennieကို အသက်ရှူရကြပ်​စေ​ပေမယ့်
ရပ်လိုက်ဖို့ကို​တော့ လုံးဝ မလုပ်နိုင်ခဲ့ဘူး

​နောက်ဆုံး အသက်ရှူဖို့
မျက်နှာကို​တစ်ဖက်စီစောင်းလိုက်​တော့
Darlingက Jennieရဲ့ ​အောက်နှုတ်ခမ်းကိုကိုက်ပြီး
အနမ်း​တွေကို ရပ်ပစ်လိုက်တယ်

"Darling!
ဘာလို့ ကိုက်တာလဲ?"

"ဆင်း​တော့"

တစ်ဖက်ကိုလှည့်ပြီး​ပြော​နေတဲ့ သူက
လုပ်ချင်ရာလုပ်ပြီး သူပဲ ရှက်​နေပြန်တယ်

"မင်း အိမ်က ​ရှေ့နား​လေးမှာဟာ
အဲ့ဒါ...အခုဆင်း​တော့လို့"

"Darlingဘယ်​နေ့အားလဲဟင်?"

"မနက်ဖြန်မအားဘူး
ငါ အလုပ်ကိစ္စ​တွေရှိတယ်"

"Babyလည်း မနက်ဖြန် အလုပ်ရှိတယ်
အဲ့ဒါဆို ပိတ်ရက်ကျရင် Dateကြရ​အောင်
​နော်?"

"ဟင်?"

"Darling!
ဘာလို့ ဟိုထက်ကိုလှည့်​နေတာလဲ?
ဒီဖက်လှည့်​​လေ"

လက်​မောင်းက​နေ အတင်းဆွဲ​တော့မှ
Jennieဖက်ကို လှည့်လာခဲ့တဲ့ darling...

ဒါ​ပေမယ့် Jennieကို အကြည့်မဆုံ​စေပြန်ဘူး

"ပိတ်ရက်ကျရင် Dateရ​အောင်လို့"

"အင်း
ဒါ​ပေမယ့် dateမဟုတ်ဘူး
ဒီတိုင်း ဟို​လျှောက်သွား ဒီ​လျှောက်သွားမှာ" (ငင့်🤣)

​ခေါင်းကိုငုံ့ပြီး
ဆူပုတ်ပုတ်​လေး​ပြော​နေတာကအစ
Jennie​သေချာမကြည့်ဘဲနဲ့ကို ​သိ​နေတယ်

ဒီ​လောက်ချစ်ဖို့​ကောင်းတဲ့လူသားကို
Jennieဘာလို့ ဒါဏ်ရာ​တွေများ​ပေးမိတာလဲလို့
​တွေးမိတိုင်းလည်း ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်

"ရှက်မ​နေနဲ့​တော့ Darling!
မဟုတ်ရင် ဒီကား​ပေါ်မှာ တစ်ခုခုဖြစ်သွားလိမ့်မယ်
Darlingက အရမ်းကို ချစ်ဖို့​ကောင်း​နေလို့"

အူယားယားနဲ့ စလိုက်​တော့
​မော့ကြည့်လာတဲ့ မျက်နှာ​လေးက
ပါးပြင်နှစ်ဖက်ကလည်း ရဲတက်​နေတယ်

ပါးတစ်ဖက်ကို လက်နဲ့ဖြစ်ညှစ်ပြီး...

"စတာ Darling!
သွား​တော့မယ်​နော်"

​ပြောပြီးတာနဲ့ darlingရဲ့ ပါးကိုနမ်းပြီး
Jennie ကား​ပေါ်က​နေ ဆင်းလာလိုက်တယ်

ကိုယ့်အ​ပေါ် အရမ်းချစ်တဲ့သူရှိ​တဲ့Jennieက
ဘယ်​လောက်​တောင်မှ ကံ​ကောင်းတဲ့ လူသားလဲ?
ဒီတစ်ခါ​တော့ Darlingကို လက်မလွှတ်​တော့ဘူး





















To be continued.....

Sorry for late
ဒီ​နေ့ ည​နေကတည်းက
Fic အသစ်အတွက် Cover photo​ editလုပ်​နေရတာ

So far awayက မရှည်ပါဘူး​နော်
​​နောက်လ​လောက်ဆို ficအသစ်စဖြစ်မယ်ထင်တယ်

က​လေး​တွေအားလုံးဆီက အကြံလိုချင်လို့ပါ


Yay" က bl shipper​တော့မဟုတ်ပါဘူး
ဒါ​ပေမယ့် ရိ​ပေါ်နဲ့ ​ရှောင်​ကောတို့ကို​တော့ အရမ်းသ​ဘောကျတယ်

အဲ့ဒါ​ကြောင့် Season2 ဆိုပြီး  S1ကို ကိုးကားရင်း
S1 ကလူ​တွေနဲ့ ဇာတ်​ကြောင်းပါ အပါအဝင်
Fic အသစ်​လေး​ရေးဖို့ စိတ်ကူးရှိပါတယ်

Jenlisa versionမဟုတ်ပါဘူး
ဘာလို့ဆို the untamedကို ပုံတူကူးချတာမဟုတ်လို့ပါ
Jenlisa fdlဖြစ်တဲ့ Yay"က Jenlisa ficပဲ​ရေးမှာပါ

အဲ့​တော့
ဖတ်ချင်ချင် မဖတ်ချင်ချင်
ဇွတ်​ရေးမှာပါပဲ🤣

Jenlisa အရမ်းအသား​ပေးမဟုတ်ဘဲ
Shipအဓိက ​ပေါ်လွင်ရုံ​လောက် အသား​ပေးပြီး
​​ရေးမှာပါ

Poster က Name​တွေကိုဖတ်ကြည့်ရင်
ဘယ်သူက ဘယ်ဇာတ်​ကောင်ဆိုတာ သိမှာပါ

Love you alls🤍🖤

Continue Reading

You'll Also Like

65.7K 5.3K 27
Chae နဲ့အတူကုန်ဆုံးခဲ့ရတဲ့အချိန်တွေက မ ဘဝရဲ့အကောင်းဆုံးအချိန်တွေပါပဲ
544K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
7.6K 577 9
ကိုယ့်ဆီကနေ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ရှိန် အနိမ့်အမြင့်ကို မမျှော်လင့်ပါနဲ့ မပေးနိုင်လို့ပါ ကိုယ်က ခံစားချက် အသားပေးသူပါ ကိုယ် ထုတ်ပြချင်တဲ့ ခံစားချက်...
1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...