သစ္စာတည်၍ အမျက်တော်ပြေ S2
By ZReed_Feb29
403K 54.2K 2.3K
နန်းမြို့ရိုး၏ ချစ်ခြင်း အလင်္ကာရဲ့ အဆက်ပါ။ Completed More
AN
Ep-1(Unicode)
Ep-1(Zawgyi)
Ep-2(Unicode)
Ep-2(Zawgyi)
Ep-3(Unicode)
Ep-3(Zawgyi)
Ep-4(Unicode )
Ep-4(Zawgyi)
Ep-5(Unicode)
Ep-5(Zawgyi)
Ep-6(Unicode)
Ep-6(Zawgyi)
Ep-7(Unicode)
Ep-7(Zawgyi)
Ep-8(Unicode)
Ep-8(Zawgyi)
Ep-9(Unicode)
Ep-9(Zawgyi)
Ep-10(Zawgyi)
Ep-11(Unicode)
Ep-11(Zawgyi)
Ep-12(Unicode)
Ep-12(Zawgyi)
Ep-13(Unicode)
Ep-13(Zawgyi)
Ep-14(Unicode)
Ep-14(Zawgyi)
Ep-15(Unicode)
Ep-15(Zawgyi)
Ep-16(Unicode)
Ep-16(Zawgyi)
Ep-17(Unicode)
Ep-17(Zawgyi)
Ep-18(Unicode)
Ep-18(Zawgyi)
Ep-19(Unicode)
Ep-19(Zawgyi)
Ep-20(Unicode)
Ep-20(Zawgyi)
Ep-21(Unicode)
Ep-21(Zawgyi)
Ep-22(Unicode)
Ep-22(Zawgyi)
Ep-23(Unicode )
Ep-23(Zawgyi)
Ep-24(Unicode)
Ep-24(Zawgyi)
Ep-25(Unicode)
Ep-25(Zawgyi)
Ep-26(Unicode)
Ep-26(Zawgyi)
Ep-27(Unicode)
Ep-27(Zawgyi)
Ep-28(Unicode)
Ep-28(Zawgyi)
Ep-29(Unicode)
Ep-29(Zawgyi)
Ep-30 (Unicode)
Ep-30 (Zawgyi)
Ep-10(Unicode)
7.8K 1.3K 91
By ZReed_Feb29
တရွေ့ရွေ့သွားနေသော အဝေးပြေးလမ်းမပေါ်က ကားတစ်စီးဟာ တစ်စုံတစ်ယောက် ရှိသော တောင်ကုန်းလေးဆီသို့ ဦးတည်နေသည်။ ကားအနောက်ခန်းတွင် လက်ထဲကကိုင်ထားသော ပန်းစည်းနဲ့ ကိတ်မုန့်ကို ကြည့်ကာ ပြုံးနေသော နှုတ်ခမ်းတစ်စုံ။
ကောင်လေးနဲ့ ဒီတစ်ခေါက်ပြန်တွေ့ရမှာကို နေရှိန် အရမ်းစိတ်လှုပ်ရှားနေမိသည်။ သုံးရက်အတွင်း လိုအပ်တာတွေ အကုန်လုပ်ဆောင်ပြီးတာနှင့် စိုင်းခန့်ရှိရာကို အပြေးလာနေခြင်းပင်။ အမြန်ရောက်ချင်စိတ်နဲ့ကားပြတင်း အပြင်ကို ငေးကြည့်နေရင်း နှစ်ည ဆက်တိုက်မအိပ်ရသေးသော မျက်ဝန်းတွေဟာ တဖြည်းဖြည်း မှိတ်ကျသွားလေတော့သည်။
ထိုအချိန်အမြင်အာရုံထဲမှာ ပေါ်လာသော ပုံရိပ်လေးတစ်ခုက မြူမှုန်တွေကြားမှာ ကျောပေးကာ ရပ်နေသော ကောင်လေးတစ်ယောက် ။ နေရှိန် အနားသို့တိုးသွားပြီး ပုခုံးကို ထိကိုင်ဖို့ ကြိုးစားချိန် အနောက်သို့ လှည့်ကြည့်လာသည်။ မျက်ဝန်းနက်လေးတွေနဲ့ ပြုံးပြနေသော ဒီမျက်နှာလေးက
"စိုင်းခန့်..? "
ပတ္တမြားဆွဲကြိုးနီလေးနဲ့ ကောင်လေးက တကယ်ပဲ စိုင်းခန့်ဖြစ်နေသည်။ ကြည့်နေရင်း အပြာရောင် ရှပ်အင်္ကျီရဲ့ ရင်ဘတ်နေရာမှာ သွေးတွေထွက်လာပြီး မျက်လုံးထဲမှ ကျဆင်းလာသော မျက်ရည်က အနီရောင်တွေ။မြေပြင်ပေါ်သို့ တတောက်တောက်ကျကာ အိုင်ထွန်းလာပြီး ကောင်လေး တစ်ကိုယ်လုံး ဒဏ်ရာတြွေဖင့် သွေးရောင်လွှမ်းသွားသည်။
"စိုင်း...! "
"ဆရာ ဘာဖြစ်လို့လဲ"
ရုတ်တရက် အော်လိုက်သော နေရှိန်အသံကြောင့် ရှေ့ခန်းမှ ကျော်ကျော်က လှမ်းမေးတော့မှ စိတ်ကို ခဏငြိမ်အောင် ထားပြီး အိပ်မက်ထဲက အကြောင်းရာတို့ကို သေချာတွေးမိသည်။
ထူးဆန်းတဲ့ဒီအိပ်မက်က နိမိတ်ပြတာ ဆိုရင် ကောင်လေးတစ်ခုခုများ ဖြစ်နေမလား။
"ဆရာ အဆင်ပြေရဲ့လား"
"ငါတို့ ဘယ်ရောက်နေပြီလဲ"
"တောင်ခြေကို ရောက်နေပါပြီဆရာ"
ဘေးကို ကြည့်လိုက်တော့ ကားလမ်းဆုံးနေပြီး သူတို့ ကားလည်း ရပ်ထားသည်။ကိတ်မုန့်နဲ့ ပန်းစည်းကို ယူကာ ကားပေါ်က ဆင်းလိုက်ပြီး နေရှိန် တစ်ယောက်တည်း တောင်ကုန်းပေါ် ဆက်တက်လာလိုက်သည်။အိမ်မက်ကြောင့် စိတ်တွေ လေးလံကာ နေရှိန်ရဲ့ ခြေလှမ်းတို့ အမြန်လှမ်းနေမိ၏။
စမ်းချောင်းကို ကျော်ပြီး အိမ်နားရောက်တော့ မြင်လိုက်ရတဲ့ အရာကြောင့် စိုးရိမ်စိတ်တို့ ပိုတိုးလျက်။ ပြန့်ကျဲနေသော ထင်းမီးဖိုနဲ့ မှောက်နေသော ထမင်းအိုး။ ကောင်လေး... မင်း ဘာမှမဖြစ်လိုက်ပါနဲ့ ။
".....!"
နေရှိန် ဆုတောင်းတို့ မပြည့်ခဲ့။ တဲအတွင်းမှ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် လက်ထဲ ကိုင်ထားသမျှ မြေပြင်ပေါ်သို့အကုန်ပြုတ်ကျသွားသည်။
အဝတ်မပါသော ကောင်လေးကို လက်ပြန်ဖိချုပ်ထားပြီး အနောက်ကနေ အဆက်မပြတ်ထိုးသွင်းနေသော လက်တွေ။ကြမ်းခင်းနဲ့ ဖိကပ် ခံထားရသော မျက်နှာ တစ်ခြမ်းနဲ့ ပါးစပ်မှာ အဝတ်စို့ထားပြီး အတင်းမှိတ်ထားသော မျက်ဝန်းတို့မှ ကျဆင်းနေတဲ့ မျက်ရည်တွေ ။
"ဒီခွေးသူတောင်းစား!"
ဝုန်း !!!
အရှေ့ကိုသာ အငမ်းမရဖြစ်နေသော ခွေးတိရစ္ဆာန် က နေရှိန်ကို သတိမထားမိခင် ဂုတ်ကနေ ဆွဲပြီး ခေါင်းနဲ့ အိမ်တိုင်နဲ့ ဆောင့်တိုက်ပစ်လိုက်သည်။
မတ်မတ်မရပ်နိုင်သေးတဲ့ ထိုလူရဲ့ ဗိုက်ကို ဆောင့်ကန်လိုက်ပြီး လှန်ကျ သွားတဲ့ ဆံပင်ကို ဆွဲကာ တရွတ်တိုက် ခေါ်လာသည်။ တဲအပြင်က​အရှိန်မသေသေးတဲ့ မီးခဲတွပေါ် ပစ်ချလိုက်တော့​ညော်နံ့တွေနဲ့ အတူ အော်သံ နက်ကြီးပါ ထွက်ကာ လူးလိမ့်လျက်။
"မင်းအလှည့် ကျမှ ကြောက်နေတယ် ဟုတ်လား ? ဒီလောက်နဲ့ ပြီးမယ် မထင်နဲ့ "
နေရှိန်ရဲ့ အကြည့်တို့က ထင်းပုံတွေနားက ပုဆိန်ဆီကို ရောက်ရှိသွားသည်။ အပိုင်းပိုင်း ခုတ်ဖြတ်ပစ်ရင်တောင် ဒေါသတို့ ငြိမ်းမည်မဟုတ်။ ထိုပုဆိန်ကို သွားယူနေတုန်း မီးဖိုထဲမှ လူးလိမ့်ထကာ ထွက်ပြေးလေသည်။ အနောက်ကနေ အသေလိုက်သတ်ချင်ပေမဲ့ တဲထဲက ကောင်လေးအခြေနေပိုအရေးကြီးတာမို့ ဆက်လိုက်မယ့် ခြေလှမ်းတွေ ရပ်တန့်လိုက်သည်။
စိုးရိမ်စိတ်ရော ဒေါသစိတ်တို့ရော ပေါင်းကာ ရင်ထဲမှာ ဗလောင်ဆူနေပြီ။တဲထဲကို ဝင်လာတော့ ထောင့်လေးမှာ ခန္ဓာကိုယ်အား ကျံ့ကျံ့လေးခွေကာ တစ်ကိုယ်လုံးတုန်ရီနေသော ကောင်လေး။လူမဆန်တဲ့လုပ်ရပ်က ဒီကလေးကို ဘယ်လောက်ထိတောင် ထိတ်လန့်သွားလေမလဲ။ နေရှိန်ဆံပင်တို့အား လက်နဲ့ လှန်ဆွဲလိုက်ပြီး ဒေါသစိတ်ကို အရင် တည်ငြိမ်အောင် ထိန်းထားရသည်။
အနားတိုးကပ်သွားပြီး ခန္ဓာကိုယ်လေးကို အသာပွေ့ဖက်လိုက်တော့ အတင်းရုန်းကာ
"မလုပ်ပါနဲ့ ... တောင်းပန်ပါတယ် မလုပ်ပါနဲ့တော့"
အက်ကွဲနေ​သော အသံလေးဟာ ကြားတယ် ဆိုရုံလေးသာ ထွက်နိုင်သည်။လည်ချောင်းကွဲမတတ် အော်ပြီး အကူညီတောင်းခဲ့ပေမယ့် ဘယ်သူမှ ရှိမနေတဲ့ ဒီတောင်ပေါ်မှာ ကူကယ်ရာမဲ့နေခဲ့တာ။ ရုန်းကန်နေတဲ့ လက်တွေကို နေရှိန် ထိန်းထားလိုက်ပြီး မျက်နှာကို မော့စေလျက်
"ကလေး ... ကိုယ့်ကို သေချာကြည့်"
"......"
"မကြောက်နဲ့တော့ ကိုယ်ရှိတယ်နော် "
နေရှိန် မျက်နှာကို မြင်ကာမှ ရုန်းကန်နေတာ ရပ်တန့်သွားပြီး ရှိုက်ကာ ငိုလာသည်။ သွေးစို့ကာ ပေါက်နေသော နှုတ်ခမ်းနဲ့ ပါးပြင်မှာလည်း အညိုအမည်းစွဲရာတွေ အပြည့်။ အပေါ်ဝတ်ကို ချွတ်ပြီး စိုင်းခန့် ခန္ဓာကိုယ်ကို သိုင်းပတ်ကာ ပွေ့ချီလိုက်သည်။ တောင်အဆင်းလမ်းအတိုင်း ပြန်လာတော့ လမ်းတစ်ဝက်လောက်မှာ ပြေးလာနေသော ကျော်ကျော်နဲ့ဇော်မျိုးနိုင်။ နေရှိန်ကိုတွေ့တော့ ပြာပြာသလဲ
"စောစောက လူတစ်ယောက် ဒဏ်ရာတွေနဲ့ ပြေးဆင်းလာတာတွေ့လို့ လိုက်လာတာ ။ ဆရာတို့ ဘာဖြစ်...."
မေးကြောတွေထောင်ပြီး မျက်ဝန်းတွေပါ နီရဲနေသော နေရှိန် မျက်နှာကြောင့် မေးနေတာတွေ ရပ်တန့်သွားသည်။သူတို့ ဆရာရဲ့ လက်ထဲက ကောင်လေးပုံစံကို မြင်တော့​တော်တော် ဆိုးဝါးတဲ့ အရာဖြစ်ခဲ့တယ်ဆိုတာ ခန့်မှန်းမိသည်။
"ဇော်မျိုးနိုင်"
"ဟုတ်ကဲ့ ဆရာ"
"မင်းတို့ မြင်လိုက်တဲ့ အဲ့ဒီလူကို ငါ အသက်ရှင်လျက်လိုချင်တယ်"
"ဟုတ်ကဲ့​ကျွန်တော် ရှာခဲ့ပါ့မယ် "
တောင်ခြေကို ရောက်တော့ ဇော်မျိုးနိုင်က ရွာဘက်ကို ဆက်လျှောက်သွားပြီး ကျော်ကျော်က ကားမောင်းတဲ့နေရာမှာ ဝင်ထိုင်လိုက်သည်။အပေါ်ထပ်တစ်ထည်သာ ပတ်ထားပြီး သွေးတချို့ကိုလည်း မြင်တာမို့ ဆရာဝယ်ထားတဲ့ အိမ်အသစ်ဆီကို ဦးတည်လိုက်သည်။ကောင်လေးအခြေအနေက ဆေးရုံသွားလို့မဖြစ်ပေ အိမ်ရောက်မှ ဆရာဝန် ခေါ်ပေးမှ သင့်တော်မည်။
အနောက်ကြည့်မှန်ကနေ မသိမသာ လှမ်းကြည့်တော့ ကောင်လေးရဲ့ နှဖူးကို တယုတယနမ်းနေသော ဆရာ။
နေပါအုံး .... ဆရာ့ပါးမှာ မျက်ရည်တွေပါလား?ဒီလောက် အသည်းမာတဲ့ သူကမျက်ရည်ကျလာတာမို့ အံ့ဩမိသည်။ကျော်ကျော်သတိထားမိသလောက်ဆိုရင် ဆရာ ငိုတာ နှစ်ခါပဲ တွေ့ဖူးသေးသည် ။ အဲ့ဒီနှစ်ခါစလုံးကလည်း ဒီကောင်လေး ကြောင့်ပဲ။ပထမ တစ်ခါ​က ပိုက်ဆံထည့်ထားတဲ့ အိတ်လေးကို ကိုင်ပြီး မျက်ရည်ကျလိုက်တာ သူရော ဇော်မျိုးနိုင်ရော မြင်လိုက်သည်။အဲ့အိတ်ကိုလည်း ကုမ္ပဏီ ပြန်ရောက်တဲ့ထိ လက်ကမချဘဲ ကိုင်ထားပြီး Meeting တက်တဲ့ ဆီကိုပါယူသွားတာ။
ဘာဖြစ်ခဲ့တယ် ဆိုတာ အတိကျမသိပေမဲ့ ဆရာသဘောကျတဲ့ဒီကောင်လေးကို ထိခိုက်စေတဲ့သူကတော့ လွယ်လွယ်နဲ့ လွတ်မြောက်လိမ့်မယ် မထင်။
နေရှိန်သွေးဆိုတာ မိသားစုထဲမှာသာ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှု့တတ်ပေမယ့် အပြင်လောကမှာတော့ လိုအပ်လျှင် ဝံပုလွေတစ်ကောင်ကဲ့သို့ ပြောင်းလဲနိုင်သည်။ တည်ကြည်ခန့်ညားတဲ့ ဒီမျက်နှာသွင်ပြင်မှာ ရက်စက်ကြမ်းကြုတ်ခြင်းဆိုတဲ့ မျက်နှာဖုံးကို တပ်လိုက်ဖို့လည်း ဝန်လေးတဲ့သူမဟုတ်။
...............
အိမ်ကိုရောက်တော့ ပွေ့ချီလျက်ပဲ အခန်းထဲက ခုတင်ပေါ်မှာ လှဲစေလိုက်သည်။ ဆရာဝန် မလာခင် ရေပတ်တိုက်ထားပေးဖို့ ရေဇလုံနဲ့ အဝတ် သွားယူရန် လှည့်လိုက်တော့ အနောက်မှ အင်္ကျီစကို လှမ်းဆွဲထားသော လက်ကလေး။နေရှိန် ချက်ချင်းပြန်လှည့်ကာ ထိုလက်ကလေးကို ဆုပ်ကိုင်ထားလိုက်သည်။
နားထင်က ဖူးယောင်နေသော ဒဏ်ရာတွေကြောင့် ကောင်းစွာမပွင့်နိုင်သော မျက်ဝန်းလေးတွေဟာ နေရှိန်ကိုပဲ ကြည့်နေသည်။ သူမျက်လုံးမှိတ်လိုက်တာနဲ့ နေရှိန်ထွက်သွားမှာစိုးသည့်အလား မျက်ရည်တွေ ပြည့်လျှံနေသော်လည်း မျက်တောင်မခတ်ပေ။ထို့ကြောင့် ခုတင်ဘေးဝင်ထိုင်ကာ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို ပါးမှာ ထိကပ်စေလိုက်ပြီး
"ကိုယ်ရှိတယ်"
"......."
"ကိုယ် ဒီမှာ ရှိနေပါတယ်"
စိတ်ချစေရန် သေချာပြောလိုက်မှ ခေါင်းညိတ်ပြကာ မျက်ဝန်းလေး မှိတ်သွားသည်။နေရှိန်လက်ကို ခပ်တင်းတင်း ပြန်လည်ဆုပ်ကိုင်ထားပြီး ရှိုက်သံမပျောက်သေးဘဲ မျက်ရည်တို့ စီးကျနေဆဲ ကောင်လေးကို ပုခုံးကနေ အသာ ဆွဲယူကာ ပွေ့ဖက်ထားလိုက်သည်။
မင်းနဲ့ပတ်သတ်တဲ့ အရာအားလုံးကို ကိုယ်အကုန်သိမှ ဖြစ်တော့မယ်။
..........
Continue Reading
You'll Also Like
68.9K 3.5K 41
Unicode ကျွန်တော်ချစ်တဲ့ သူက ကျွန်တော့်လို ဘုန်းကံမြင့်တဲ့ ယောကျာ်းတစ်ယောက်မို့ ကျွန်တော် တန်ဖိုးထားတယ် ... @ မြူငွေ့ခိုး .... ထပ်ပြီးတော့ အများအမြ...
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
1.1M 135K 81
19K 1K 40
Cover photo credit to the rightful owner. ကလေးကို စတွေ့ခဲ့တည်းက ကိုယ့်ဘဝတစ်ခုလုံးကို ပုံအောပြီးချစ်ခဲ့တာ၊ ကလေးကို ထိခိုက်စေမယ့် ဘယ်အရာမှလုပ်မှာ မဟုတ်...