🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺
"ခန္႔တည္ မအိပ္ေသးရင္ ကိုကိုနဲ႔စကားေျပာရေအာင္
ျခံထဲဆင္းခဲ့ပါလား"
"ဟုတ္ ကိုကို က်ေနာ္ဆင္းခဲ့မယ္"
အခန္းတံခါးေခါက္ကာ တကူးတကလာေခၚသည့္ကိုကိုက တိုင္ပင္စရာရွိေနသည့္ပံု။
ေလ့လာေနသည့္ ေဆးစာအုပ္ကိုပိတ္ကာ ေအာက္ဆင္းလာခဲ့သည္။
ကိုးနာရီေက်ာ္ျပီမို႔ အဖြားလဲအိပ္ယာဝင္သြားျပီျဖစ္သည္။
ျခံထဲရွိစားပြဲဝိုင္းတြင္ ကိုကိုထိုင္ေနသည္။
"ကိုကို က်ေနာ္ေရာက္ျပီ"
"ေအာ္ အင္း ငါမင္းကိုတိုင္ပင္ခ်င္လို႔"
"ဘာလဲကိုကို ကုမၼဏီကိစၥလား
အဖြားကိုတိုင္ပင္တာပိုေကာင္းမယ္ထင္တယ္ေနာ္"
"အလုပ္ကိစၥမဟုတ္ဘူး အိမ္ေထာင္ေရးကိစၥ"
"မရီးနဲ႔အဆင္မေျပလို႔လား
ကိုကိုတို႔ ျပသနာျဖစ္တာလဲမေတြ႔ပါဘူး"
"အဲ့လိုမရွိပါဘူး အခုက မင္းမရီးက အိမ္ခြဲေနခ်င္တယ္ေျပာေနလို႔"
"အိမ္ခြဲေနမယ္……လက္ထပ္ျပီးတာပဲသိပ္မၾကာေသးတာကို
အဖြားက ခြင့္ျပဳပါ့မလား"
"အဲ့ဒါေျပာတာကိုကိုလဲ အဖြားက အျပတ္ေျပာျပီးသား
ဒီအိမ္မွာပဲေနရမယ္တဲ့ ကိုကိုလဲ အိမ္မခြဲခ်င္ဘူး
ကိုကိုတို႔မွာ အဖြားပဲရွိတာေလ"
"မရီးက အတင္းအက်ပ္ေျပာေနလို႔လား ကိုကို႔ကို"
"အတင္းေတာ့မေျပာေသးဘူး
ကိုကိုမင္းကိုတိုင္ပင္ၾကည့္တာ"
"သိပ္စိတ္ကူမေနပါနဲ႔ မရီးကလဲ အစမို႔ ေနသားမက်ေသးလို႔ျဖစ္မွာပါ"
"အင္း ဒါနဲ႔ ဒီတေလာ မင္းကုမၼဏီကို ခဏခဏလာတယ္ေနာ္
ကိုကို႔ရံုးခန္းထိလဲမလာဘူး"
"အဟမ္း အဲ့ဒါကကိစၥေလးရွိလို႔ပါ"
"ထက္ေကာင္းကင္ကို လာေတြ႔တာမို႔လား
လံုျခံဳေရးက ေျပာလို႔ ကိုကိုသိတယ္"
"အာ…တကူးတကလာတာေတာ့မဟုတ္ပါဘူး
ဒီတိုင္းၾကံဳလို႔"
"ၾကံဳတာကလဲ ထက္ေကာင္းကင္တစ္ေယာက္ပဲၾကံဳတာလား
မင္းထက္ေကာင္းကင္အမကိုမ်ား မ်က္စိက်ေနတာလား"
"ဗ်ာ မဟုတ္ပါဘူးကိုကိုရာ……
ဒီတိုင္းမိတ္ေဆြေတြပါ ကိုကိုေျပာစရာမရွိေတာ့ရင္
က်ေနာ္အခန္းထဲျပန္ေတာ့မယ္ မနက္ေဆးရံုကို ေစာေစာသြားရမွာမို႔"
"အင္း အဲ့ဒါဆိုသြားေလ ကိုကိုခဏေနမွဝင္ေတာ့မယ္"
"ဟုတ္ အၾကာၾကီးထိုင္မေနနဲ႔အံုး မရီးစိတ္ပူေနလိမ့္မယ္"
ကိုကို႔ကိုႏႈတ္ဆက္ျပီး ခန္႔တည္အိပ္ယာဝင္ခဲ့သည္။
……………………………………………
"သားငယ္ အေစာၾကီးထျပီး ဘာေတြခ်က္ေနတာလဲ"
"ေအာ္ ေမေမနိုးျပီလား ေစာေသးတာကို ျပန္အိပ္ပါအံုးလား
မနက္စာသားပဲခ်က္လိုက္မယ္"
ခ်က္ထားသည့္ ဟင္းေတြခပ္ထည့္ေနရင္း ေကာင္းကင္ေျပာလိုက္သည္။
အျမဲတမ္းေမေမပဲမနက္စာခ်က္ေလ့ရွိသည္။
ဒီေန႔မွ ေကာင္းကင္ ဝီရိယေကာင္းစြာ မနက္စာထခ်က္ေနျခင္း။
အေၾကာင္းအရင္းက အကို႔အတြက္ ထမင္းခ်ိဳင့္ယူသြားျခင္ေသာေၾကာင့္။
ျပီးခဲ့တဲ့တစ္ပတ္က ထမင္းခ်ိဳင့္ယူခဲ့ေပးမည္ဟု ကတိေပးထားေသာေၾကာင့္ျဖစ္သည္။
"သားငယ္ ခ်ိဳင့္က ဘယ္သူ႔အတြက္လဲ တခါမွ ထမင္းခ်ိဳင့္မယူဘဲနဲ႔"
"ဟုတ္ က်ေနာ့္အတြက္ မဟုတ္ပါဘူးေမေမ
ကုမၼဏီကလူေတြေလ က်ေနာ္ခ်က္တာစားဖူးခ်င္တယ္ဆိုလို႔"
"ေအာ္ မ်ားမ်ားထည့္သြားအဲ့ဒါဆို
ေမမေဘုရားပန္းလဲလိုက္အံုးမယ္"
"ဟုတ္ ေမေမ"
အားလံုးခ်က္ျပီးျပင္ဆင္ျပီးေတာ့ မနက္7နာရီ။
သမီးငယ္နဲ႔ၾကယ္စင္အခန္းထဲက ထြက္မလာခင္ ေရခ်ိဳးလိုက္ရသည္။
ကုမၼဏီသြားဖို႔ အဝတ္စားလဲျပီးဆင္းလာေတာ့
အဆင္သင့္ျပင္ေပးထားခဲ့သည့္ မနက္စာကို သံုးေဆာင္ေနၾကျပီျဖစ္သည္။
"သားငယ္ ဒီေန႔မင္းတို႔ကုမၼဏီဘက္လမ္းၾကံဳသြားစရာရွိတယ္
ေဖေဖနဲ႔လိုက္ခဲ့မလား"
"မလိုက္ေတာ့ဘူးေဖေဖ busနဲ႔ပဲသြားလိုက္မယ္
သြားေနက်ဆိုေတာ့ ေဖေဖနဲ႔လိုက္ရမွာ အားနာတယ္"
"သားအဖခ်င္းကိုသားငယ္ရာ"
"ေဖေဖ သမီးစာေမးပြဲစစ္စရာရွိလို႔ လိုက္ပို႔ေပး
ေကာင္းကင္မွမလိုက္တာ"
"ေအးေအး"
မနက္စာစားျပီးေတာ့ ၾကယ္စင္နဲ႔ေဖေဖက အရင္သြားၾကသည္။
ေကာင္းကင္က သမီးငယ္ကို ေမေမနဲ႔ ေကာင္းေကာင္းေနခဲ့ဖို႔မွာျပီးမွ
ကားမွတ္တိုင္စီလာခဲ့သည္။
"တီ……တီ……"
"ေကာင္းကင္"
"ဟင္……အကို"
ကားမွတ္တိုင္မွာေစာင့္ေနတုန္းေဘးနားရပ္လာသည့္ကအကို႔ကား။
"လာကားေပၚတက္ လိုက္ပို႔မယ္"
ျငင္းမေနေတာ့ဘဲ ကားေပၚတက္လိုက္သည္။
"ခ်ိဳင့္က ကိုယ့္အတြက္လား"
လက္ထဲကခ်ိဳင့္ကိုၾကည့္ကာစိတ္ဝင္တစားေမးလာသည္။
"ဟုတ္ အကိုစားမယ္မဟုတ္လား"
"ဒါေပါ့ မင္းခ်က္ေက်ြးတာကို အရမ္းစားခ်င္ေနတာ
ညေနက် ကိုယ့္ကိုခဏအခ်ိန္ေပးမလား ေျပာစရာရွိလို႔"
"ဟုတ္ ရတယ္ဗ်"
"ကိုယ္လာေခၚမယ္ ေစာင့္ေနေနာ္"
"ဟုတ္"
ခါတိုင္းေန႔ေတြထက္ အခုန္ျမန္ေနသည့္ ရင္ဘတ္က ထိန္းခ်ဳပ္လို႔ပင္မရ။
ခပ္ေခ်ာေခ်ာအကို႔မ်က္ႏွာကလဲ ျမင္ေနက်ထက္ပင္ ၾကည့္ေကာင္းေနျပန္သည္။
ring……ring……
အကို႔မ်က္ႏွာကို ေဘးမွမသိမသာေငးေနတုန္း ဖုန္းသံေၾကာင့္ လန္႔သြားရသည္။
ဖုန္းေခၚသူက ျမတ္ဘုန္း။
"ဟဲလို ျမတ္ဘုန္း"
ေကာင္းကင္ဖုန္းကိုင္ေတာ့ အကိုကငဲ့ေစာင္းၾကည့္လာသည္။
"ညေနေတာ့ ငါမအားဘူးျမတ္ဘုန္း
ေန႔လည္လာခဲ့လိုက္ေလ"
သိသိသာသာလွည့္ၾကည့္လာသည့္အကို႔ေၾကာင့္
လိုရင္းေျပာျပီး ဖုန္းခ်လိုက္ရသည္။
"ဘာတဲ့လဲျမတ္ဘုန္းက"
"ေန႔လည္ခဏလာေတြ႔မယ္တဲ့ဗ်
ေျပာစရာရွိလို႔နဲ႔တူတယ္"
"ေအာ္……မနာလိုတယ္"
"ဗ်ာ"
"ျမတ္ဘုန္းကို ကိုယ္မနာလိုတယ္လို႔
ေန႔လည္မင္းကိုေတြ႔ရမွာမို႔ေလ ကိုယ္က်မေတြ႔ရဘူး"
"အာ……အကိုကလဲ"
ေကာင္းကင္နားရင္းကို လက္ညိွဳးေလးနဲ႔ကုတ္ကာ ေခါင္းငံု႔မိသည္။
အကိုက တခါတေလ အဲ့လိုပဲ အရွက္သည္းေအာင္ အတည္ေပါက္ၾကီး ေျပာတက္ေသးသည္။
"အဲ့ေလာက္ထိရွက္တက္သလားေကာင္းကင္
ရည္းစားထားရင္ ဘယ္လိုလုပ္မလဲ အဲ့လိုရွက္ေနလို႔မရဘူးေနာ္"
"က်ေနာ္မွရည္းစားမထားဘူးတာဗ်"
"မထားဖူးဘူး……မင္းဇနီးနဲ႔တုန္းကေရာ သမီးရည္းစားျဖစ္ျပီးမွယူခဲ့တာမဟုတ္ဘူးလား"
"အာ…ဟုတ္ပါတယ္……ရည္းစားျဖစ္ျပီးမွ လက္ထပ္တာ
ဒါေပမဲ့……အဲ့ဒါလဲရွက္တာပဲဗ်"
ေကာင္းကင္ မပီမျပင္လိမ္လိုက္ရသည္။
"ကေလးက်ေနတာပဲ စကားကိုထစ္ေနတာ"
အကိုကသေဘာတက်ရယ္ျပီး ကားကိုဂရုတစိုက္ျပန္ေမာင္းေနသည္။
ကုမၼဏီကိုေရာက္ေတာ့ ကားေပၚကဆင္းျပီ အကို႔ဘက္ကိုသြားကာ ဟင္းထည့္လာသည့္ခ်ိဳင့္ေလးေပးလိုက္သည္။
"စားေကာင္းပါေစ အကို"
"မင္းေက်ြးတာဆို……အဆိပ္ျဖစ္ေနလဲ ေကာင္းမွာေသခ်ာတယ္
သြား အထဲဝင္ေတာ့"
"ဟုတ္ကဲ့ဗ် ကားကိုေျဖးေျဖးေမာင္းပါအကို"
ီႏႈတ္ဆက္ျပီးကုမၼဏီထဲဝင္ခဲ့ေတာ့ ေနာက္ေက်ာမလံုစြာ
ျပန္လွည့္ၾကည့္မိေသးသည္။
မသြားေသးဘဲ လွမ္းၾကည့္ေနသည့္အကို႔ေၾကာင့္ မဝ့ံမရဲရယ္ျပလိုက္ရသည္။
ဒါကိုပင္အကိုက သေဘာက်သြားဟန္ျဖင့္ ေခါင္းေမာ့ကာရယ္ေနေတာ့သည္။
ေန႔လည္စာအတြက္ ကုမၼဏီေအာက္ဆံုးထပ္မွာ ဂ်ာၾကီးနဲ႔အတူစားေနတုန္း လာေနျပီဆိုသည့္ ျမတ္ဘုန္းစီကစာေၾကာင့္ ဂ်ာၾကီးကို အရင္သြားႏွင့္ခိုင္းလိုက္ရသည္။
"ျမတ္ဘုန္း ငါဒီမွာ"
ဟိုရွာဒီရွာျဖင့္ဝင္လာသည့္ ျမတ္ဘုန္းကို အသံေပးလိုက္သည္။
"အခ်ိန္ရတယ္မို႔လား ငါနည္းနည္းေနာက္က်သြားတယ္"
"ရပါတယ္ အေရးၾကီးတာေျပာမလို႔ဆို ဘာလဲ"
ျမတ္ဘုန္းက ဟိုဒီၾကည့္ျပီးေကာင္းကင္ေရွ႕တြင္ဝင္ထိုင္သည္။
"ေကာင္းကင္……ဟိုတေန႔က……ငါ့စီကို……"
"မင္းစီကိုဘာလဲ ေျပာစရာရွိတာရဲရဲေျပာစမ္းပါ"
"မင္းသမီးရဲ႕အေဖေရာက္လာတယ္
မင္းကိုဘယ္သူလဲဆိုျပီးေမးတယ္ကြာ အဲ့ဒါ"
"ဘယ္လို အဲ့လူက…အဲ့လူက ငါ့ကိုေမးတယ္
မင္းေျပာလိုက္ျပီလား"
ေကာင္းကင္အထိတ္တလန္႔ပင္ေမးမိသည္။
ဒါကလံုးဝအသိေပးလို႔မျဖစ္တဲ့ကိစၥမဟုတ္လား။
မေတာ္လို႔ သမီးငယ္ကိုေတာင္းလာရင္ ေကာင္းကင္ဘယ္လိုလုပ္ရမလဲ။
"မေျပာလိုက္ဘူး ကာယကံရွင္ခြင့္ျပဳမွေျပာလို႔ရမယ္ေျပာလိုက္တာ
အရမ္းစိတ္လႈပ္ရွားမေနနဲ႔ မင္းဆႏၵမပါရင္ ငါဘာမွမေျပာဘူး"
"အင္း မေျပာနဲ႔ လံုးဝေျပာလို႔မရဘူး
သိသြားရင္ ေသခ်ာေပါက္ ငါ့သမီးငယ္ကို ေတာင္းလိမ့္မယ္
ဘယ္နည္းနဲ႔မွ ငါ့သမီးငယ္ကို မေပးနိုင္ဘူး"
"ေအးပါ ငါသိပါတယ္ မင္းေရာ အဲ့လူကိုမသိခ်င္ဘူးလား
မင္းသိခ်င္ရင္……"
"ဟင့္အင္း မသိခ်င္ဘူး
ဘယ္သူျဖစ္ျဖစ္ ငါ့အတြက္အေရးမပါဘူး မေျပာနဲ႔"
ျမတ္ဘုန္းေျပာခ်င္ေသာ္လည္း ကာယကံရွင္ကမသိခ်င္ပါဘူးဆိုတာေၾကာင့္ ႏႈတ္ဆိတ္ေနလိုက္သည္။
ေအးေလ……သူကမွမသိခ်င္ပဲ။
ဒါလဲေကာင္းပါတယ္ တခ်ိန္မျဖစ္မေနသိရမဲ့အခ်ိန္က် အ့ံၾသစရာျဖစ္တာေပါ့။
"အဲ့ဒါေျပာခ်င္လို႔လာတာ ငါျပန္ေတာ့မယ္
အကယ္၍ မင္းသိခ်င္တယ္ဆို လွမ္းေမးလိုက္"
"အင္း"
ျမတ္ဘုန္းျပန္သြားျပီး ေတာ္ေတာ္ၾကာသည္အထိ ေကာင္းကင္ထိုင္ေနရာက မထမိေသး။
ထဖို႔အင္အားမရွိေသးတာဆိုပိုမွန္သည္။
တကယ္ကိုေတြးၾကည့္ယံုနဲ႔ေကာင္းကင္ေသြးပ်က္ရသည္။
သမီးငယ္ကိုေတာ့ ဘယ္လိုမွခြဲနိုင္မည္မဟုတ္။
………………………………………………
"ကိုခန္႔ ညေန ေအာ္ပေရးရွင္းလူနာရွိတယ္"
"ဘယ္အခ်ိန္လဲ"
"4နာရီခြဲ ဒီမွာလူနာေဆးမွတ္တမ္း"
"အင္း……ေကာင္းကင္စီကျပန္လာျပီလား"
"ဟုတ္တယ္ကိုခန္႔ အဲ့ေကာင္ကိုေန႔လည္လိုက္ေက်ြးခိုင္းတာပါ
အေထြအထားမဟုတ္ဘူး"
"ေအာ္ ဒါနဲ႔ဒီေန႔တျခားခြဲစိတ္ဆရာဝန္ ဘယ္သူရွိလဲ"
"မရွိဘူး က်ေနာ္နဲ႔ကိုခန္႔ပဲရွိတာ
မနက္ပိုင္းခြဲစိတ္တာဝန္က်ဆရာဝန္ေတြလဲ ပင္ပန္းေတာ့ တစ္လွည့္နားကုန္ၾကျပီ"
"က်စ္……ခက္ျပီပဲ"
"ဘာလို႔လဲ ကိုခန္႔မအားလို႔လား"
"မဟုတ္ဘူး ရတယ္ အခု3နာရီဆိုေတာ့ လိုအပ္တာေတြျပင္ဆင္ထားလိုက္ေတာ့ေလ"
"ဟုတ္ကိုခန္႔"
ျမတ္ဘုန္းကိုလိုတာေတြျပင္ဆင္ခိုင္းခဲ့ျပီး
ခန္႔တည္ဖုန္းယူကာ ရံုးခန္းအျပင္ထြက္ခဲ့သည္။
ဒီေန႔ဘယ္လိုမွ အခ်ိန္မရတာမို႔ ေကာင္းကင္ကို ေစာင့္ေ
မေနဖို႔ ဖုန္းဆက္ရမည္။
ဖုန္းေခၚေသာ္လည္း စက္ပိတ္ထားသည္ဆိုေတာ့ အခက္ေတြ႔ရသည္။
ကုမၼဏီအထိသြားေျပာဖို႔ကလဲ အလုပ္ခ်ိန္ၾကီးဆိုေတာ့ အဆင္ေျပမွာမဟုတ္။
ကုမၼဏီထဲအထိဝင္ျပန္ရင္လဲ တျခားလူေတြနဲ႔ကိုကိုကရွိေနေသးသည္။
ေကာင္းကင္ကို တမ်ိဳးျမင္ကုန္ရင္ခက္လိမ့္မည္။
"ေဒါက္တာ ေဆးရံုအုပ္ေခၚေနတယ္ရွင့္"
"ေအာ္ ဟုတ္ကဲ့ က်ေနာ္သြားလိုက္ပါ့မယ္"
နာ့စ္တစ္ေယာက္လာေျပာသည္မို႔ ဖုန္းထပ္မေခၚေတာ့ဘဲ
ေဆးရံုအုပ္စီလာခဲ့သည္။
အေထြအထူးမဟုတ္ဘဲ ဒီေန႔ခြဲစိတ္လူနာကို တာဝန္ယူခြဲစိတ္ေပးဖို႔ေျပာလာျခင္း။
ခြဲခန္းဝင္ခါနီးအထိ ေကာင္းကင္ဖုန္းကေခၚမရတာမို႔
လက္ေလ်ွာ့လိုက္ရသည္။
ခန္႔တည္မလာရင္ေတာ့ ေကာင္းကင္ျပန္သြားေလာက္မွာပါ။
သံုးနာရီေက်ာ္ၾကာသည္ ေအာ္ပေရးရွင္းေၾကာင့္ 8နာရီထိုးမွ ခြဲခန္းထဲကထြက္လာရသည္။
"ဟူး………ကိုခန္႔ေတာ့ မသိဘူး က်ေနာ္ေတာ့
လူကိုနံုးေနတာပဲ"
"ျဖစ္တက္ပါတယ္ ေနာက္က်ေနျပီ
ူသန္႔ရွင္းျပီျပန္ေတာ့"
"ဟုတ္ ကိုခန္႔ေရာ"
"ငါလဲျပန္ေတာ့မွာ"
အဝတ္စားလဲျပီး ေဆးရံုေအာက္ဆံုးစီဆင္းခဲ့သည္။
ဒတ္ေလွကားစီးေနရင္း ညေနကေခၚထားသည့္ ဖုန္းေလးစီျပန္ေခၚၾကည့္ေတာ့ ထူးျခားမလာ။
စက္ပိတ္ထားျမဲ။
ေကာင္းကင္ဘာေတြအလုပ္ရႈပ္ေနတာမ်ားလဲ။
အိပ္မ်ားအိပ္ေနျပီလား။
ညေနကတည္းက တစ္ေလ်ွာက္လံုးဖုန္းပိတ္ထားေတာ့
စိတ္လဲပူမိသည္။
ဒီအခ်ိန္ထိေတာ့ ေစာင့္မေနေလာက္ဘူးမို႔လား။
……………………………………………
လာၾကိဳမယ္ေျပာသည့္ အကိုက8နာရီေက်ာ္သည္အထိအရိပ္ပင္ေပၚမလာ။
ဧကန္န အကိုေဆးရံုမွာ အလုပ္မ်ားေနလို႔ပဲျဖစ္မည္။
ေျပာရင္ေျပာထားသည့္အတိုင္း အေရာက္လာတက္သည့္ အကို႔ေၾကာင့္ အိမ္ကိုျပန္ဖို႔လဲ စိတ္မကူးမိ။
စိတ္လဲရႈပ္တာမို႔ မျပန္ခ်င္ေသးတာဆိုပိုမွန္မည္ထင္သည္။
ကုမၼဏီေရွ႕ခံုမွာထိုင္ရင္း ေညာင္းလာျပန္သည္မို႔ လမ္းထေလ်ွာက္ရင္း အကို႔ကိုေမ်ွာ္မိျပန္သည္။
"ဟင္း……မလာေလာက္ေတာ့ဘူး
ျပန္မွျဖစ္ေတာ့မွာ……ေနာက္က်ရင္ ေဖေဖတို႔စိတ္ပူေနေတာ့မွာ"
တစ္ေယာက္ထဲေျပာျပီး အိတ္ေလးေကာက္လြယ္ကာ လမ္းဘက္ေျဖးေျဖးေလ်ွာက္ခဲ့သည္။
လိုင္းကားေတာ့ မွီနိုင္ေကာင္းပါေသးတယ္။
မ်က္ႏွာတည့္တည့္ကို ထိုးလာသည့္ ကားမီးေရာင္ေၾကာင့္
လက္နဲ႔ကာထားမိသည္။
ဘယ္သူျဖစ္ျဖစ္ ေျပာခ်င္စိတ္လဲမရွိတာမို႔ မီးေရာင္ကိုကာ၍သာ ထိုကားေဘးကျဖတ္ေလ်ွာက္ခဲ့သည္။
ကားေနာက္နားေရာက္မွ လက္ကိုဖမ္းဆြဲခံလိုက္ရျပီး
ေကာင္းကင္ရဲ႕ေက်ာျပင္သည္လဲ ရင္ခြင္တစ္ခုႏွင့္ထိကပ္သြားရသည္။
ေနာက္ပိုင္းသေဘာက်မိလာသည့္ ေဆးနံ႔ေၾကာင့္ ထိုသူဟာ အကိုမွန္းသိလိုက္သည္။
"အကို……က်ေနာ့္ကိုလႊတ္ပါအံုး"
"ဘာလို႔ေစာင့္ေနတာလဲ ဒီအခ်ိန္ၾကီးအထိ
ကိုယ္မလာရင္ျပန္မွေပါ့"
ဖက္ထားသည္ကို မလႊတ္ဘဲ အျပစ္တင္ျခင္းမဟုတ္သည့္
အကို႕အေျပာေၾကာင့္ ေက်နပ္မိျပန္သည္။
က်ေနာ္က အကိုသာလာမယ္ဆို ဘယ္အခ်ိန္ထိျဖစ္ျဖစ္ေစာင့္ေနမဲ့သူအကိုရဲ႕။
"က်ေနာ္အခုပဲျပန္ေတာ့မလို႔ပါ
အကိုေနာက္က်တယ္ေနာ္ အလုပ္ရႈပ္ေနတယ္မို႔လား"
"အင္း ခြဲစိတ္ခန္းဝင္ေနရလို႔
အခ်ိန္အၾကာၾကီးေစာင့္ခိုင္းသလိုျဖစ္သြားတယ္
sorryေကာင္းကင္"
"ရပါတယ္ဗ် က်ေနာ့္ကို လႊတ္ေပးပါအံုးဗ်
ေနရခက္တယ္"
"အင္း……မင္းေညာင္းေနမွာပဲ"
ဖက္ထားသည္ကိုလႊတ္ေပးတာမို႔ အသက္ျပင္းျပင္းရွဴမိတုန္း
ေပြ႔ခ်ီလိုက္တာမို႔ မ်က္ျပဴးဆန္ျပာျဖစ္ရျပန္သည္။
"အ……အကို……ဘာလုပ္တာလဲဗ်
က်ေနာ့္ကိုျပန္ခ်ေပးပါ"
"အၾကာၾကီးေစာင့္ေနေတာ့ ေညာင္းေနမွာေလ
အဲ့ဒါေၾကာင့္ ဒီမွာထိုင္"
ကုမၼဏီေရွ႕ ပန္းျခံငယ္၏ေဘာင္ျဖစ္ေသာ အနည္းငယ္ျမင့္သည့္ အုတ္ေဘာင္ေပၚသို႔ ေကာင္းကင္ကိုတင္ေပးရင္း အကိုကေျဖသည္။
"အစကဒီေန႔ မေျပာရေတာ့ဘူးထင္ေနတာ
ေကာင္းကင္ကေစာင့္ေနေပးေတာ့ ကိုယ္ေပ်ာ္မိတယ္"
"ဟုတ္ အကိုဘာေျပာမလို႔လဲ
က်ေနာ္ အိမ္ျပန္ေနာက္က်ေနျပီမို႔ျပန္ခ်င္ျပီဗ်"
"ေနာက္က်မွာစိုးရင္ အေစာကတည္းကျပန္မွေပါ့
အခုေတာ့ ေနာက္က်လက္စနဲ႔ ထပ္ျပီးေနာက္က်လိုက္ေတာ့"
"ဟုတ္……ဒါဆိုလဲေျပာပါဗ်"
"မေျပာခင္ ကိုယ့္မ်က္လံုးထဲကို အရင္ၾကည့္ေစခ်င္တယ္
ဘာေတြ႔လဲသိခ်င္လို႔"
ေကာင္းကင္က အျမင့္မွာထိုင္ေနတာမို႔ အကိုကေမာ့ၾကည့္ရင္း
သူ႔မ်က္လံုးထဲကိုၾကည့္ခိုင္းေနသည္။
အၾကည့္မလႊဲသည္မို႔ ေကာင္းကင္လဲျပန္ၾကည့္ေနလိုက္ရသည္။
"ကိုယ့္မ်က္လံုးထဲမွာ ဘာေတြ႔လဲေကာင္းကင္"
"က်ေနာ့္ကိုက်ေနာ္ပဲေတြ႔တယ္ဗ်"
"အင္း……အဲ့ဒါေၾကာင့္ ကိုယ္မင္းကိုခ်စ္တယ္
ေပ့ါပ်က္ပ်က္ေျပာတာမဟုတ္ဘဲ စိတ္ရင္းနဲ႔ေျပာတာမို႔
အထင္မမွားေစခ်င္ဘူးေကာင္းကင္"
"ဗ်ာ……"
ရုတ္တရက္ၾကီး ရည္းစားစကားေျပာခံလိုက္ရသည္က
ဆန္းဆန္းျပားျပားမဟုတ္ေသာ္လည္း ေကာင္းကင္ေတာ့ မ်က္လံုးေတြျပာကာ ရင္ဘတ္တစ္ခြင္လဲ ငလ်ွင္လႈပ္ေနခဲ့သည္။
အတည္ေပါက္ၾကီး ေျပာလာသည့္ အကိုက ေကာင္းကင္ကို အၾကည့္မပ်က္တာမို႔ မ်က္ႏွာတစ္ခုလံုးထားစရာေနရာမရွိေအာင္ ပူေနရသည္။
အခုေကာင္းကင္က……ဘာျပန္ေျပာရမည္နည္း။
………………………………………………………
(AN/တိုတိုေလး😔)
T.B.C
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
"ခန့်တည် မအိပ်သေးရင် ကိုကိုနဲ့စကားပြောရအောင်
ခြံထဲဆင်းခဲ့ပါလား"
"ဟုတ် ကိုကို ကျနော်ဆင်းခဲ့မယ်"
အခန်းတံခါးခေါက်ကာ တကူးတကလာခေါ်သည့်ကိုကိုက တိုင်ပင်စရာရှိနေသည့်ပုံ။
လေ့လာနေသည့် ဆေးစာအုပ်ကိုပိတ်ကာ အောက်ဆင်းလာခဲ့သည်။
ကိုးနာရီကျော်ပြီမို့ အဖွားလဲအိပ်ယာဝင်သွားပြီဖြစ်သည်။
ခြံထဲရှိစားပွဲဝိုင်းတွင် ကိုကိုထိုင်နေသည်။
"ကိုကို ကျနော်ရောက်ပြီ"
"အော် အင်း ငါမင်းကိုတိုင်ပင်ချင်လို့"
"ဘာလဲကိုကို ကုမ္မဏီကိစ္စလား
အဖွားကိုတိုင်ပင်တာပိုကောင်းမယ်ထင်တယ်နော်"
"အလုပ်ကိစ္စမဟုတ်ဘူး အိမ်ထောင်ရေးကိစ္စ"
"မရီးနဲ့အဆင်မပြေလို့လား
ကိုကိုတို့ ပြသနာဖြစ်တာလဲမတွေ့ပါဘူး"
"အဲ့လိုမရှိပါဘူး အခုက မင်းမရီးက အိမ်ခွဲနေချင်တယ်ပြောနေလို့"
"အိမ်ခွဲနေမယ်……လက်ထပ်ပြီးတာပဲသိပ်မကြာသေးတာကို
အဖွားက ခွင့်ပြုပါ့မလား"
"အဲ့ဒါပြောတာကိုကိုလဲ အဖွားက အပြတ်ပြောပြီးသား
ဒီအိမ်မှာပဲနေရမယ်တဲ့ ကိုကိုလဲ အိမ်မခွဲချင်ဘူး
ကိုကိုတို့မှာ အဖွားပဲရှိတာလေ"
"မရီးက အတင်းအကျပ်ပြောနေလို့လား ကိုကို့ကို"
"အတင်းတော့မပြောသေးဘူး
ကိုကိုမင်းကိုတိုင်ပင်ကြည့်တာ"
"သိပ်စိတ်ကူမနေပါနဲ့ မရီးကလဲ အစမို့ နေသားမကျသေးလို့ဖြစ်မှာပါ"
"အင်း ဒါနဲ့ ဒီတလော မင်းကုမ္မဏီကို ခဏခဏလာတယ်နော်
ကိုကို့ရုံးခန်းထိလဲမလာဘူး"
"အဟမ်း အဲ့ဒါကကိစ္စလေးရှိလို့ပါ"
"ထက်ကောင်းကင်ကို လာတွေ့တာမို့လား
လုံခြုံရေးက ပြောလို့ ကိုကိုသိတယ်"
"အာ…တကူးတကလာတာတော့မဟုတ်ပါဘူး
ဒီတိုင်းကြုံလို့"
"ကြုံတာကလဲ ထက်ကောင်းကင်တစ်ယောက်ပဲကြုံတာလား
မင်းထက်ကောင်းကင်အမကိုများ မျက်စိကျနေတာလား"
"ဗျာ မဟုတ်ပါဘူးကိုကိုရာ……
ဒီတိုင်းမိတ်ဆွေတွေပါ ကိုကိုပြောစရာမရှိတော့ရင်
ကျနော်အခန်းထဲပြန်တော့မယ် မနက်ဆေးရုံကို စောစောသွားရမှာမို့"
"အင်း အဲ့ဒါဆိုသွားလေ ကိုကိုခဏနေမှဝင်တော့မယ်"
"ဟုတ် အကြာကြီးထိုင်မနေနဲ့အုံး မရီးစိတ်ပူနေလိမ့်မယ်"
ကိုကို့ကိုနှုတ်ဆက်ပြီး ခန့်တည်အိပ်ယာဝင်ခဲ့သည်။
……………………………………………
"သားငယ် အစောကြီးထပြီး ဘာတွေချက်နေတာလဲ"
"အော် မေမေနိုးပြီလား စောသေးတာကို ပြန်အိပ်ပါအုံးလား
မနက်စာသားပဲချက်လိုက်မယ်"
ချက်ထားသည့် ဟင်းတွေခပ်ထည့်နေရင်း ကောင်းကင်ပြောလိုက်သည်။
အမြဲတမ်းမေမေပဲမနက်စာချက်လေ့ရှိသည်။
ဒီနေ့မှ ကောင်းကင် ဝီရိယကောင်းစွာ မနက်စာထချက်နေခြင်း။
အကြောင်းအရင်းက အကို့အတွက် ထမင်းချိုင့်ယူသွားခြင်သောကြောင့်။
ပြီးခဲ့တဲ့တစ်ပတ်က ထမင်းချိုင့်ယူခဲ့ပေးမည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်။
"သားငယ် ချိုင့်က ဘယ်သူ့အတွက်လဲ တခါမှ ထမင်းချိုင့်မယူဘဲနဲ့"
"ဟုတ် ကျနော့်အတွက် မဟုတ်ပါဘူးမေမေ
ကုမ္မဏီကလူတွေလေ ကျနော်ချက်တာစားဖူးချင်တယ်ဆိုလို့"
"အော် များများထည့်သွားအဲ့ဒါဆို
မေမဘေုရားပန်းလဲလိုက်အုံးမယ်"
"ဟုတ် မေမေ"
အားလုံးချက်ပြီးပြင်ဆင်ပြီးတော့ မနက်7နာရီ။
သမီးငယ်နဲ့ကြယ်စင်အခန်းထဲက ထွက်မလာခင် ရေချိုးလိုက်ရသည်။
ကုမ္မဏီသွားဖို့ အဝတ်စားလဲပြီးဆင်းလာတော့
အဆင်သင့်ပြင်ပေးထားခဲ့သည့် မနက်စာကို သုံးဆောင်နေကြပြီဖြစ်သည်။
"သားငယ် ဒီနေ့မင်းတို့ကုမ္မဏီဘက်လမ်းကြုံသွားစရာရှိတယ်
ဖေဖေနဲ့လိုက်ခဲ့မလား"
"မလိုက်တော့ဘူးဖေဖေ busနဲ့ပဲသွားလိုက်မယ်
သွားနေကျဆိုတော့ ဖေဖေနဲ့လိုက်ရမှာ အားနာတယ်"
"သားအဖချင်းကိုသားငယ်ရာ"
"ဖေဖေ သမီးစာမေးပွဲစစ်စရာရှိလို့ လိုက်ပို့ပေး
ကောင်းကင်မှမလိုက်တာ"
"အေးအေး"
မနက်စာစားပြီးတော့ ကြယ်စင်နဲ့ဖေဖေက အရင်သွားကြသည်။
ကောင်းကင်က သမီးငယ်ကို မေမေနဲ့ ကောင်းကောင်းနေခဲ့ဖို့မှာပြီးမှ
ကားမှတ်တိုင်စီလာခဲ့သည်။
"တီ……တီ……"
"ကောင်းကင်"
"ဟင်……အကို"
ကားမှတ်တိုင်မှာစောင့်နေတုန်းဘေးနားရပ်လာသည့်ကအကို့ကား။
"လာကားပေါ်တက် လိုက်ပို့မယ်"
ငြင်းမနေတော့ဘဲ ကားပေါ်တက်လိုက်သည်။
"ချိုင့်က ကိုယ့်အတွက်လား"
လက်ထဲကချိုင့်ကိုကြည့်ကာစိတ်ဝင်တစားမေးလာသည်။
"ဟုတ် အကိုစားမယ်မဟုတ်လား"
"ဒါပေါ့ မင်းချက်ကျွေးတာကို အရမ်းစားချင်နေတာ
ညနေကျ ကိုယ့်ကိုခဏအချိန်ပေးမလား ပြောစရာရှိလို့"
"ဟုတ် ရတယ်ဗျ"
"ကိုယ်လာခေါ်မယ် စောင့်နေနော်"
"ဟုတ်"
ခါတိုင်းနေ့တွေထက် အခုန်မြန်နေသည့် ရင်ဘတ်က ထိန်းချုပ်လို့ပင်မရ။
ခပ်ချောချောအကို့မျက်နှာကလဲ မြင်နေကျထက်ပင် ကြည့်ကောင်းနေပြန်သည်။
ring……ring……
အကို့မျက်နှာကို ဘေးမှမသိမသာငေးနေတုန်း ဖုန်းသံကြောင့် လန့်သွားရသည်။
ဖုန်းခေါ်သူက မြတ်ဘုန်း။
"ဟဲလို မြတ်ဘုန်း"
ကောင်းကင်ဖုန်းကိုင်တော့ အကိုကငဲ့စောင်းကြည့်လာသည်။
"ညနေတော့ ငါမအားဘူးမြတ်ဘုန်း
နေ့လည်လာခဲ့လိုက်လေ"
သိသိသာသာလှည့်ကြည့်လာသည့်အကို့ကြောင့်
လိုရင်းပြောပြီး ဖုန်းချလိုက်ရသည်။
"ဘာတဲ့လဲမြတ်ဘုန်းက"
"နေ့လည်ခဏလာတွေ့မယ်တဲ့ဗျ
ပြောစရာရှိလို့နဲ့တူတယ်"
"အော်……မနာလိုတယ်"
"ဗျာ"
"မြတ်ဘုန်းကို ကိုယ်မနာလိုတယ်လို့
နေ့လည်မင်းကိုတွေ့ရမှာမို့လေ ကိုယ်ကျမတွေ့ရဘူး"
"အာ……အကိုကလဲ"
ကောင်းကင်နားရင်းကို လက်ညှိုးလေးနဲ့ကုတ်ကာ ခေါင်းငုံ့မိသည်။
အကိုက တခါတလေ အဲ့လိုပဲ အရှက်သည်းအောင် အတည်ပေါက်ကြီး ပြောတက်သေးသည်။
"အဲ့လောက်ထိရှက်တက်သလားကောင်းကင်
ရည်းစားထားရင် ဘယ်လိုလုပ်မလဲ အဲ့လိုရှက်နေလို့မရဘူးနော်"
"ကျနော်မှရည်းစားမထားဘူးတာဗျ"
"မထားဖူးဘူး……မင်းဇနီးနဲ့တုန်းကရော သမီးရည်းစားဖြစ်ပြီးမှယူခဲ့တာမဟုတ်ဘူးလား"
"အာ…ဟုတ်ပါတယ်……ရည်းစားဖြစ်ပြီးမှ လက်ထပ်တာ
ဒါပေမဲ့……အဲ့ဒါလဲရှက်တာပဲဗျ"
ကောင်းကင် မပီမပြင်လိမ်လိုက်ရသည်။
"ကလေးကျနေတာပဲ စကားကိုထစ်နေတာ"
အကိုကသဘောတကျရယ်ပြီး ကားကိုဂရုတစိုက်ပြန်မောင်းနေသည်။
ကုမ္မဏီကိုရောက်တော့ ကားပေါ်ကဆင်းပြီ အကို့ဘက်ကိုသွားကာ ဟင်းထည့်လာသည့်ချိုင့်လေးပေးလိုက်သည်။
"စားကောင်းပါစေ အကို"
"မင်းကျွေးတာဆို……အဆိပ်ဖြစ်နေလဲ ကောင်းမှာသေချာတယ်
သွား အထဲဝင်တော့"
"ဟုတ်ကဲ့ဗျ ကားကိုဖြေးဖြေးမောင်းပါအကို"
ီနှုတ်ဆက်ပြီးကုမ္မဏီထဲဝင်ခဲ့တော့ နောက်ကျောမလုံစွာ
ပြန်လှည့်ကြည့်မိသေးသည်။
မသွားသေးဘဲ လှမ်းကြည့်နေသည့်အကို့ကြောင့် မဝံ့မရဲရယ်ပြလိုက်ရသည်။
ဒါကိုပင်အကိုက သဘောကျသွားဟန်ဖြင့် ခေါင်းမော့ကာရယ်နေတော့သည်။
နေ့လည်စာအတွက် ကုမ္မဏီအောက်ဆုံးထပ်မှာ ဂျာကြီးနဲ့အတူစားနေတုန်း လာနေပြီဆိုသည့် မြတ်ဘုန်းစီကစာကြောင့် ဂျာကြီးကို အရင်သွားနှင့်ခိုင်းလိုက်ရသည်။
"မြတ်ဘုန်း ငါဒီမှာ"
ဟိုရှာဒီရှာဖြင့်ဝင်လာသည့် မြတ်ဘုန်းကို အသံပေးလိုက်သည်။
"အချိန်ရတယ်မို့လား ငါနည်းနည်းနောက်ကျသွားတယ်"
"ရပါတယ် အရေးကြီးတာပြောမလို့ဆို ဘာလဲ"
မြတ်ဘုန်းက ဟိုဒီကြည့်ပြီးကောင်းကင်ရှေ့တွင်ဝင်ထိုင်သည်။
"ကောင်းကင်……ဟိုတနေ့က……ငါ့စီကို……"
"မင်းစီကိုဘာလဲ ပြောစရာရှိတာရဲရဲပြောစမ်းပါ"
"မင်းသမီးရဲ့အဖေရောက်လာတယ်
မင်းကိုဘယ်သူလဲဆိုပြီးမေးတယ်ကွာ အဲ့ဒါ"
"ဘယ်လို အဲ့လူက…အဲ့လူက ငါ့ကိုမေးတယ်
မင်းပြောလိုက်ပြီလား"
ကောင်းကင်အထိတ်တလန့်ပင်မေးမိသည်။
ဒါကလုံးဝအသိပေးလို့မဖြစ်တဲ့ကိစ္စမဟုတ်လား။
မတော်လို့ သမီးငယ်ကိုတောင်းလာရင် ကောင်းကင်ဘယ်လိုလုပ်ရမလဲ။
"မပြောလိုက်ဘူး ကာယကံရှင်ခွင့်ပြုမှပြောလို့ရမယ်ပြောလိုက်တာ
အရမ်းစိတ်လှုပ်ရှားမနေနဲ့ မင်းဆန္ဒမပါရင် ငါဘာမှမပြောဘူး"
"အင်း မပြောနဲ့ လုံးဝပြောလို့မရဘူး
သိသွားရင် သေချာပေါက် ငါ့သမီးငယ်ကို တောင်းလိမ့်မယ်
ဘယ်နည်းနဲ့မှ ငါ့သမီးငယ်ကို မပေးနိုင်ဘူး"
"အေးပါ ငါသိပါတယ် မင်းရော အဲ့လူကိုမသိချင်ဘူးလား
မင်းသိချင်ရင်……"
"ဟင့်အင်း မသိချင်ဘူး
ဘယ်သူဖြစ်ဖြစ် ငါ့အတွက်အရေးမပါဘူး မပြောနဲ့"
မြတ်ဘုန်းပြောချင်သော်လည်း ကာယကံရှင်ကမသိချင်ပါဘူးဆိုတာကြောင့် နှုတ်ဆိတ်နေလိုက်သည်။
အေးလေ……သူကမှမသိချင်ပဲ။
ဒါလဲကောင်းပါတယ် တချိန်မဖြစ်မနေသိရမဲ့အချိန်ကျ အံ့သြစရာဖြစ်တာပေါ့။
"အဲ့ဒါပြောချင်လို့လာတာ ငါပြန်တော့မယ်
အကယ်၍ မင်းသိချင်တယ်ဆို လှမ်းမေးလိုက်"
"အင်း"
မြတ်ဘုန်းပြန်သွားပြီး တော်တော်ကြာသည်အထိ ကောင်းကင်ထိုင်နေရာက မထမိသေး။
ထဖို့အင်အားမရှိသေးတာဆိုပိုမှန်သည်။
တကယ်ကိုတွေးကြည့်ယုံနဲ့ကောင်းကင်သွေးပျက်ရသည်။
သမီးငယ်ကိုတော့ ဘယ်လိုမှခွဲနိုင်မည်မဟုတ်။
………………………………………………
"ကိုခန့် ညနေ အော်ပရေးရှင်းလူနာရှိတယ်"
"ဘယ်အချိန်လဲ"
"4နာရီခွဲ ဒီမှာလူနာဆေးမှတ်တမ်း"
"အင်း……ကောင်းကင်စီကပြန်လာပြီလား"
"ဟုတ်တယ်ကိုခန့် အဲ့ကောင်ကိုနေ့လည်လိုက်ကျွေးခိုင်းတာပါ
အထွေအထားမဟုတ်ဘူး"
"အော် ဒါနဲ့ဒီနေ့တခြားခွဲစိတ်ဆရာဝန် ဘယ်သူရှိလဲ"
"မရှိဘူး ကျနော်နဲ့ကိုခန့်ပဲရှိတာ
မနက်ပိုင်းခွဲစိတ်တာဝန်ကျဆရာဝန်တွေလဲ ပင်ပန်းတော့ တစ်လှည့်နားကုန်ကြပြီ"
"ကျစ်……ခက်ပြီပဲ"
"ဘာလို့လဲ ကိုခန့်မအားလို့လား"
"မဟုတ်ဘူး ရတယ် အခု3နာရီဆိုတော့ လိုအပ်တာတွေပြင်ဆင်ထားလိုက်တော့လေ"
"ဟုတ်ကိုခန့်"
မြတ်ဘုန်းကိုလိုတာတွေပြင်ဆင်ခိုင်းခဲ့ပြီး
ခန့်တည်ဖုန်းယူကာ ရုံးခန်းအပြင်ထွက်ခဲ့သည်။
ဒီနေ့ဘယ်လိုမှ အချိန်မရတာမို့ ကောင်းကင်ကို စောင့်ေ
မနေဖို့ ဖုန်းဆက်ရမည်။
ဖုန်းခေါ်သော်လည်း စက်ပိတ်ထားသည်ဆိုတော့ အခက်တွေ့ရသည်။
ကုမ္မဏီအထိသွားပြောဖို့ကလဲ အလုပ်ချိန်ကြီးဆိုတော့ အဆင်ပြေမှာမဟုတ်။
ကုမ္မဏီထဲအထိဝင်ပြန်ရင်လဲ တခြားလူတွေနဲ့ကိုကိုကရှိနေသေးသည်။
ကောင်းကင်ကို တမျိုးမြင်ကုန်ရင်ခက်လိမ့်မည်။
"ဒေါက်တာ ဆေးရုံအုပ်ခေါ်နေတယ်ရှင့်"
"အော် ဟုတ်ကဲ့ ကျနော်သွားလိုက်ပါ့မယ်"
နာ့စ်တစ်ယောက်လာပြောသည်မို့ ဖုန်းထပ်မခေါ်တော့ဘဲ
ဆေးရုံအုပ်စီလာခဲ့သည်။
အထွေအထူးမဟုတ်ဘဲ ဒီနေ့ခွဲစိတ်လူနာကို တာဝန်ယူခွဲစိတ်ပေးဖို့ပြောလာခြင်း။
ခွဲခန်းဝင်ခါနီးအထိ ကောင်းကင်ဖုန်းကခေါ်မရတာမို့
လက်လျှော့လိုက်ရသည်။
ခန့်တည်မလာရင်တော့ ကောင်းကင်ပြန်သွားလောက်မှာပါ။
သုံးနာရီကျော်ကြာသည် အော်ပရေးရှင်းကြောင့် 8နာရီထိုးမှ ခွဲခန်းထဲကထွက်လာရသည်။
"ဟူး………ကိုခန့်တော့ မသိဘူး ကျနော်တော့
လူကိုနုံးနေတာပဲ"
"ဖြစ်တက်ပါတယ် နောက်ကျနေပြီ
ူသန့်ရှင်းပြီပြန်တော့"
"ဟုတ် ကိုခန့်ရော"
"ငါလဲပြန်တော့မှာ"
အဝတ်စားလဲပြီး ဆေးရုံအောက်ဆုံးစီဆင်းခဲ့သည်။
ဒတ်လှေကားစီးနေရင်း ညနေကခေါ်ထားသည့် ဖုန်းလေးစီပြန်ခေါ်ကြည့်တော့ ထူးခြားမလာ။
စက်ပိတ်ထားမြဲ။
ကောင်းကင်ဘာတွေအလုပ်ရှုပ်နေတာများလဲ။
အိပ်များအိပ်နေပြီလား။
ညနေကတည်းက တစ်လျှောက်လုံးဖုန်းပိတ်ထားတော့
စိတ်လဲပူမိသည်။
ဒီအချိန်ထိတော့ စောင့်မနေလောက်ဘူးမို့လား။
……………………………………………
လာကြိုမယ်ပြောသည့် အကိုက8နာရီကျော်သည်အထိအရိပ်ပင်ပေါ်မလာ။
ဧကန်န အကိုဆေးရုံမှာ အလုပ်များနေလို့ပဲဖြစ်မည်။
ပြောရင်ပြောထားသည့်အတိုင်း အရောက်လာတက်သည့် အကို့ကြောင့် အိမ်ကိုပြန်ဖို့လဲ စိတ်မကူးမိ။
စိတ်လဲရှုပ်တာမို့ မပြန်ချင်သေးတာဆိုပိုမှန်မည်ထင်သည်။
ကုမ္မဏီရှေ့ခုံမှာထိုင်ရင်း ညောင်းလာပြန်သည်မို့ လမ်းထလျှောက်ရင်း အကို့ကိုမျှော်မိပြန်သည်။
"ဟင်း……မလာလောက်တော့ဘူး
ပြန်မှဖြစ်တော့မှာ……နောက်ကျရင် ဖေဖေတို့စိတ်ပူနေတော့မှာ"
တစ်ယောက်ထဲပြောပြီး အိတ်လေးကောက်လွယ်ကာ လမ်းဘက်ဖြေးဖြေးလျှောက်ခဲ့သည်။
လိုင်းကားတော့ မှီနိုင်ကောင်းပါသေးတယ်။
မျက်နှာတည့်တည့်ကို ထိုးလာသည့် ကားမီးရောင်ကြောင့်
လက်နဲ့ကာထားမိသည်။
ဘယ်သူဖြစ်ဖြစ် ပြောချင်စိတ်လဲမရှိတာမို့ မီးရောင်ကိုကာ၍သာ ထိုကားဘေးကဖြတ်လျှောက်ခဲ့သည်။
ကားနောက်နားရောက်မှ လက်ကိုဖမ်းဆွဲခံလိုက်ရပြီး
ကောင်းကင်ရဲ့ကျောပြင်သည်လဲ ရင်ခွင်တစ်ခုနှင့်ထိကပ်သွားရသည်။
နောက်ပိုင်းသဘောကျမိလာသည့် ဆေးနံ့ကြောင့် ထိုသူဟာ အကိုမှန်းသိလိုက်သည်။
"အကို……ကျနော့်ကိုလွှတ်ပါအုံး"
"ဘာလို့စောင့်နေတာလဲ ဒီအချိန်ကြီးအထိ
ကိုယ်မလာရင်ပြန်မှပေါ့"
ဖက်ထားသည်ကို မလွှတ်ဘဲ အပြစ်တင်ခြင်းမဟုတ်သည့်
အကို့အပြောကြောင့် ကျေနပ်မိပြန်သည်။
ကျနော်က အကိုသာလာမယ်ဆို ဘယ်အချိန်ထိဖြစ်ဖြစ်စောင့်နေမဲ့သူအကိုရဲ့။
"ကျနော်အခုပဲပြန်တော့မလို့ပါ
အကိုနောက်ကျတယ်နော် အလုပ်ရှုပ်နေတယ်မို့လား"
"အင်း ခွဲစိတ်ခန်းဝင်နေရလို့
အချိန်အကြာကြီးစောင့်ခိုင်းသလိုဖြစ်သွားတယ်
sorryကောင်းကင်"
"ရပါတယ်ဗျ ကျနော့်ကို လွှတ်ပေးပါအုံးဗျ
နေရခက်တယ်"
"အင်း……မင်းညောင်းနေမှာပဲ"
ဖက်ထားသည်ကိုလွှတ်ပေးတာမို့ အသက်ပြင်းပြင်းရှူမိတုန်း
ပွေ့ချီလိုက်တာမို့ မျက်ပြူးဆန်ပြာဖြစ်ရပြန်သည်။
"အ……အကို……ဘာလုပ်တာလဲဗျ
ကျနော့်ကိုပြန်ချပေးပါ"
"အကြာကြီးစောင့်နေတော့ ညောင်းနေမှာလေ
အဲ့ဒါကြောင့် ဒီမှာထိုင်"
ကုမ္မဏီရှေ့ ပန်းခြံငယ်၏ဘောင်ဖြစ်သော အနည်းငယ်မြင့်သည့် အုတ်ဘောင်ပေါ်သို့ ကောင်းကင်ကိုတင်ပေးရင်း အကိုကဖြေသည်။
"အစကဒီနေ့ မပြောရတော့ဘူးထင်နေတာ
ကောင်းကင်ကစောင့်နေပေးတော့ ကိုယ်ပျော်မိတယ်"
"ဟုတ် အကိုဘာပြောမလို့လဲ
ကျနော် အိမ်ပြန်နောက်ကျနေပြီမို့ပြန်ချင်ပြီဗျ"
"နောက်ကျမှာစိုးရင် အစောကတည်းကပြန်မှပေါ့
အခုတော့ နောက်ကျလက်စနဲ့ ထပ်ပြီးနောက်ကျလိုက်တော့"
"ဟုတ်……ဒါဆိုလဲပြောပါဗျ"
"မပြောခင် ကိုယ့်မျက်လုံးထဲကို အရင်ကြည့်စေချင်တယ်
ဘာတွေ့လဲသိချင်လို့"
ကောင်းကင်က အမြင့်မှာထိုင်နေတာမို့ အကိုကမော့ကြည့်ရင်း
သူ့မျက်လုံးထဲကိုကြည့်ခိုင်းနေသည်။
အကြည့်မလွှဲသည်မို့ ကောင်းကင်လဲပြန်ကြည့်နေလိုက်ရသည်။
"ကိုယ့်မျက်လုံးထဲမှာ ဘာတွေ့လဲကောင်းကင်"
"ကျနော့်ကိုကျနော်ပဲတွေ့တယ်ဗျ"
"အင်း……အဲ့ဒါကြောင့် ကိုယ်မင်းကိုချစ်တယ်
ပေ့ါပျက်ပျက်ပြောတာမဟုတ်ဘဲ စိတ်ရင်းနဲ့ပြောတာမို့
အထင်မမှားစေချင်ဘူးကောင်းကင်"
"ဗျာ……"
ရုတ်တရက်ကြီး ရည်းစားစကားပြောခံလိုက်ရသည်က
ဆန်းဆန်းပြားပြားမဟုတ်သော်လည်း ကောင်းကင်တော့ မျက်လုံးတွေပြာကာ ရင်ဘတ်တစ်ခွင်လဲ ငလျှင်လှုပ်နေခဲ့သည်။
အတည်ပေါက်ကြီး ပြောလာသည့် အကိုက ကောင်းကင်ကို အကြည့်မပျက်တာမို့ မျက်နှာတစ်ခုလုံးထားစရာနေရာမရှိအောင် ပူနေရသည်။
အခုကောင်းကင်က……ဘာပြန်ပြောရမည်နည်း။
………………………………………………………
(AN/တိုတိုလေး😔)
T.B.C
#HoneyChan