ချစ်ရပါသောမောင် (ခ်စ္ရပါေသာေမ...

By Lily_Han02

1.3M 110K 3.5K

❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58(Finale)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Final Extra
Special Extra-1(Surprise!!)
Special Extra-2
Final Special Extra-3
Hello><

Chapter-46

14.3K 1.2K 64
By Lily_Han02

Unicode

မနက်ခင်းတစ်ခုက ခြောက်ကပ်ကပ်နဲ့
သိပ်ပြီးအထီးကျန်ဖို့ကောင်းတာပဲ။
​ပြတင်းပေါက်ဆီမှ မျက်နှာတည့်တည့်သို့
ကျလာသည့် နေရောင်ခြည်ကြောင့်
ထိုးကိုက်နေတဲ့ ခေါင်းကလည်း ပိုကိုက်လာသည်။

"ကိုကို"

အနောက်မှ သိုင်းဖက်လာတဲ့ မောင့်လက်တွေ
ကိုလည်း ငြင်းပယ်မိသည်။ဥပေက္ခာပြုတယ်
ဆိုတာထက် မောင့်အချစ်တွေကို တခြားသူ
တစ်ယောက်နဲ့မျှပြီး မယူချင်ရုံပါ။
အတ္တကြီးတာပဲလားဆိုတာ ကိုယ်တိုင်လည်း
မခွဲခြားတတ်တော့ဘူးမောင်ရယ်။

"မောင်ရှင်းပြတာကို ကိုကိုအရင်နားထောင်နော်။
ပြီးမှ ကိုကိုကြိုက်သလိုလုပ်ပါ"

"နားထောင်ဖို့လိုသေးလို့လား။ငါကိုယ်တိုင်
မြင်ခဲ့ရတာလေ။ငါကိုယ်တိုင် မြင်ခဲ့ရတာကို
ဘာတွေထပ်ပြီး ပြောချင်သေးလို့လဲဟမ်!
မောင်ပြောလေ..ပြောလေကွာ!!"

မောင့်အင်္ကျီကော်လံစကို ဆွဲကိုင်ကာပြော
မိတော့ မောင်ကငြိမ်ခံသည်။
ပြန်တွေးကြည့်မိတိုင်း တနုံ့နုံ့နဲ့ဖြစ်သည်။
ဥစ္စာခြောက်သလိုပေါ့ ငါလည်းမောင့်ကို
ဘယ်သူ့ဆီကိုမှ ထည့်မပေးလိုက်နိုင်ဘူး။
အပျောက်လည်း မခံနိုင်ဘူး။
မောင်ကငါ့အပိုင်။
သော်ယံမောင်ဆိုတာက ငါ့အပိုင်ပဲဖြစ်ရမှာ။

"ကိုကိုမြင်လိုက်ရတာတွေက အထင်လွဲစရာ
ဖြစ်နေမှန်း မောင်သိပါတယ်။ဒါကြောင့်
ခဏလေး၊ခဏလေးပဲ မောင်ရှင်းပြတာကို
စိတ်အေးအေးထားပြီးနားထောင်ပါ..နော်"

ကိုကို့ကို ကုတင်ပေါ်မှာ ထိုင်ခိုင်းမိသည်။
ကိုကို့ပခုံးကိုကိုင်ထားမိတော့ မောင့်လက်
တွေကို ခါထုတ်ခြင်းခံရသည်။
ဒီလိုပစ်ပယ်ခံနေရမှာထက်စာရင်
စိတ်ကြိုက်သာအထိုးခံလိုက်ချင် တော့သည်။

​"ငါ့တို့လမ်းခွဲကြတာ ကောင်းမလားဟင်မောင်"

ဒီစကားက မောင်အကြောက်ဆုံးလက်နက်
ဖြစ်မည်ထင်သည်။မောင်က ငါ့စကားကို
ကြားတာနဲ့မျက်ဝန်းတွေထဲ မျက်ရည်ကြည်
တို့ ရစ်သိုင်းလာသည်။လမ်းခွဲဖို့အထိလို
သလား။မောင့်ခြေထောက်တွေမခိုင်တော့
သည့်အခါ ကိုကို့ရှေ့မှာဒူးထောက်ထိုင်ချ
လိုက်မိသည်။ဒူးထောက်ပြီးတောင်းပန်ရ
မယ်ဆိုလည်းမမှုတာမို့ မောင်တောင်းပန်မည်သာ။

"မောင်တောင်းပန်တယ်။မောင်ဒူးထောက်ပြီး
တောင်းပန်နေမှာမို့ မောင့်ရှင်းပြချက်တွေကို
အရင်နားထောင်ပေးပါ"

ဒူးထောက်တောင်းပန်ခြင်းက ငါ့အတွက်
စိတ် ချမ်းသာစေမှာတဲ့လား။ဒီထက်ပိုပြီး
စိတ်မကောင်းဖြစ်ရုံပဲရှိမယ်။မောင်က
ငါ့လက်တွေကို ကိုင်လာရှာသည်။
တဆိတ် မောင့်လက်တွေကပဲ တုန်ယင်
နေခဲ့တာလား။ငါ့လက်တွေကပဲတုန်နေခဲ့
တာလား။မောင့်ဆီမှစကားသံတို့ ထွက်
မလာသေးတော့ မောင့်မျက်နှာဆီ
အကြည့်ရောက်တော့ သွားပြီငါ့နှလုံးသား
တစ်ခုလုံးကိုဆွဲဆုတ်ပစ်လိုက်သလိုမျိုးပဲ။
မောင်က ငိုနေခဲ့တာတဲ့လေ။အသံမထွက်ဘဲ
မောင်ငိုနေတာဖြစ်ပြီး မောင့်နှုတ်ခမ်းတွေ
ကလည်း တသိမ့်သိမ့်တုန်ရှာသည်။

"မောင်ရှင်းပြမယ် မောင်ရှင်းပြတာကို
နားထောင်ပေးပါ။မောင်တောင်းဆိုတာပါ
ကျေးဇူးပြုပြီး.."

မောင့်စကားသံတွေက တိုးကျသွားတော့
မနည်းနားထောင်ရသည်။အဲ့ဒီနောက်တော့
မောင့်ကိုလည်း ဘာမှပြန်မပြောဖြစ်ဘဲ
မောင်ရှင်းပြတာကိုသာ နားထောင်မိသည်။

​အထင်လွဲမှုတစ်ခုရဲ့အစကိုပြန်သွားကြ
တဲ့အခါ အဖြေမှန်တို့ကထွက်လာစမြဲ............။

မနေ့က ဖြစ်မည်။
အထင်လွဲခြင်းတွေရဲ့အစက မင်းရတု
ဆိုတဲ့ မောင့် သူငယ်ချင်းကနေ စသည်။
သူငယ်ချင်းတွေ တစ်စုတစည်းထဲ
မတွေ့ရတာကြာတော့ မောင်တို့
ဆိုင်တစ်ဆိုင်မှာချိန်းထားဖြစ်ကြသည်။
ချိန်းထားတဲ့ဆိုင်ရှေ့ကို မောင်ရောက်လာ
ပြီမို့ နေရှင်းတို့ကိုဖုန်းဆက်ဖို့ အိတ်ကပ်ထဲ
စမ်းကြည့်တော့ ဖုန်းက ပါမလာခဲ့။
ရဲမွန်တို့နဲ့ ဖုန်းပြောပြီးနောက် ရုံးခန်းထဲက
စားပွဲပေါ်မှာတင်ထားခဲ့မိမှန်း မောင်သတိရ
တော့သည်။

"ကျစ်! သေစမ်း"

"ဘာတွေ သေနေတာတုန်း သားကြီးရ"

ပခုံးကိုဖက်ကာဆိုလာသည်က မင်းရတု
ပင်ဖြစ်သည်။

"ဖုန်းကျန်ခဲ့လို့"

"အော် ဒါလေးများအရေးကြီးတာမှတ်လို့။
ဟိုကောင်တွေက နာရီဝက်လောက်နောက်
ကျမယ်တဲ့။လာ ဆိုင်ထဲသွားရအောင်"

လက်မောင်းကိုဖက်တွယ်လာတဲ့ ဒီကောင်က
ရောက်လေရာအရပ်မှာ မျက်နှာပြောင်လိုက်
ရမှ။ဆိုင်ထဲဝင်သွားတဲ့အထိ လက်မောင်းကို
ဖက်တွယ်ပြီး ပြုံးဖြီးနေဆဲ။အဝေးကနေ
လှန်းကြည့်ရင် ဒါအတွဲလို့ ထင်မိမှာအမှန်ပဲ။
ဒင်းက လူကောင် ခပ်သေးသေး၊ဖြူဖြူလေး။
ရုပ်လေးနဲ့အကျင့်ကတော့ တခြားစီ။

"ဟျောင့် ငနာကောင် ဖယ်တော့။
ဆိုင်ထဲရောက်နေပြီ။ဖယ်စမ်းကွာသေနာရဲ့"

မောင့်မှာ မျက်နှာကိုပြုံးလျက် ပြောနေပေမဲ့
ဟန်ဆောင်နေခြင်းသာ။လူကြားထဲ
ဆဲလို့မရတော့ရမျက်နှာချိုသွေးပြီး အသံ
တိတ်လေးကြိတ် ပြောရုံပေါ့။

"ငါ့ကျတော့ဖယ်ခိုင်းတယ် သူ့ဆရာဝန်လောင်းလေးနဲ့ကျတော့ ဟင်းဟင်း ငါတို့ကိုတောင်
မပြောပြဘူးနော် သော်ယံမောင်။
မင်းဟာလေးနဲ့ဘယ်တော့မိတ်ဆက်ပေးမှာလဲ"

"သေလိုက်လေ ဘာလို့မိတ်ဆက်ပေးရမှာလဲ"

"ရတယ်လေ ငါအခုလိုနေနေတာလည်း
မဖယ်ပေးနိုင်ဘူး။ဆိုင်ထဲကလူတွေတောင်
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာ။
အိမ်း မင်းနဲ့ငါ့ကို....ခွီး!"

ပြောပြီးတစ်ယောက်ထဲရယ်နေတဲ့ မင်းရတု
ကို မသိမသာခေါင်းပုတ်သလိုလိုနဲ့ ဆံပင်
တွေကိုဆွဲပစ်လိုက်သည်။စလိုက်ရမှ နေသာ
ထိုင်သာရှိတဲ့ကောင်။ထိုင်တော့လည်းအနားမှာ လာကပ်ထိုင်ပြန်သည်။

"ငါဆဲမိတော့မယ် မင်းဖယ်တော့ကွာ"

"sorryပဲသားကြီး မင်းကိုကိုဆိုတဲ့ဟာလေးနဲ့
မိတ်ဆက်ပေးမယ်လို့ပြောမှ ငါဖယ်ပေးနိုင်မယ်"

ထိုသို့သောဇာတ်လမ်းတစ်ပုဒ်က ကိုကို့
အတွက် အထင်လွဲစေခဲ့ခြင်းဖြစ်မည်။
ဖြစ်ကြောင်းကုန်စင် အားလုံးကို မောင်
ရှင်းပြလို့အပြီးမှာတော့ အခြေအနေတစ်ခု
က အေးစက်စက် အနေအထားကနေ
ပြန်ပြီးနွေးထွေးလာခဲ့သလား။
မောင့်ကိုကြည့်ရင်း ကိုကို့မှာစကားတို့ရှာမရခဲ့။

"မောင် ငါ...."

စကားတွေ ထွက်လာဖို့ခဲယဉ်းနေခဲ့သလား။
အမှန်တရားတွေကိုသိပြီးခဲ့ချိန်မှာ တောင်းပန်
ဖို့လည်း မဝံ့မရဲဖြစ်မိသည်။မောင့်အပေါ်
ငါအပြစ်တစ်ခုထက်ပိုပြီး လုပ်မိခဲ့တာပဲ။

"မောင် ရှင်းပြပြီးပြီ။ဒါကိုမှ ကိုကိုက
လမ်းခွဲချင်ရင်လည်း.."

မောင်က ခဏတော့စကားရပ်သွားပြီး
သက်ပြင်းတို့ချသည်။စကားတို့ဆက်တော့
မောင့်မျက်နှာက ပြုံးနေခဲ့တာလည်းမဟုတ်၊
မျက်နှာတည်နဲ့လည်းမဟုတ်။

"လမ်းခွဲချင်တယ်ဆိုရင်လည်း သဘောပါ။
ဒါပေမဲ့တစ်ခုတော့ရှိတယ် လမ်းခွဲပြီးတဲ့အခါ
မောင့်အလောင်းကိုပဲ ကိုကိုမြင်ရမှာ"

​ပြောပြီးနောက် ဒူးထောက်ထားရာမှ
ထကာ လှည့်ထွက်လာမိသည်။
ဒါဟာ မောင့်ရင်ထဲကလာတဲ့ စကားအမှန်
ဖြစ်ပေမဲ့ တကယ်တမ်း ကိုကို့ဆီက လမ်းခွဲ
မယ်လို့သာ ပြောလာခဲ့ရင် မောင်က
လက်လွတ်ပေးမှာလည်းမဟုတ်။
ဒါက ကိုကို့ဘက်က ပြန်ချော့လာမဲ့ အကွက်ပဲ။

"မောင်"

ခေါ်သံနဲ့အတူ အနောက်မှ ခါးကို
တင်းကျပ်ကျပ် ဖက်တွယ်လာတဲ့ လက်တွေ။
ရှိုက်သဲ့သဲ့အသံလေးလည်းထွက်လာတော့
ချော့မိတာလည်း မောင်ပဲ။

(18.9.2020)Lily_Han🍀

Zawgyi

မနက္ခင္းတစ္ခုက ေျခာက္ကပ္ကပ္နဲ႔
သိပ္ၿပီးအထီးက်န္ဖို႔ေကာင္းတာပဲ။
​ျပတင္းေပါက္ဆီမွ မ်က္ႏွာတည့္တည့္
သို႔က်လာသည့္ ေနေရာင္ျခည္ေၾကာင့္
ထိုးကိုက္ေနတဲ့ ေခါင္းကလည္း ပိုကိုက္လာ
သည္။

"ကိုကို"

အေနာက္မွ သိုင္းဖက္လာတဲ့ ေမာင့္လက္ေတြ
ကိုလည္း ျငင္းပယ္မိသည္။ဥေပကၡာျပဳ
တယ္ဆိုတာထက္ ေမာင့္အခ်စ္ေတြကို
တျခားသူတစ္ေယာက္နဲ႔မၽွၿပီး မယူခ်င္႐ုံပါ။
အတၱႀကီးတာပဲလားဆိုတာ ကိုယ္တိုင္လည္း
မခြဲျခားတတ္ေတာ့ဘူးေမာင္ရယ္။

"ေမာင္ရွင္းျပတာကို ကိုကိုအရင္နားေထာင္
​ေနာ္။ၿပီးမွ ကိုကိုႀကိဳက္သလိုလုပ္ပါ"

"နားေထာင္ဖို႔လိုေသးလို႔လား။
ငါကိုယ္တိုင္ ျမင္ခဲ့ရတာေလ။
ငါကိုယ္တိုင္ ျမင္ခဲ့ရတာကိုဘာေတြထပ္ၿပီး
ေျပာခ်င္ေသးလို႔လဲဟမ္!
ေမာင္ေျပာေလ..ေျပာေလကြာ!!"

ေမာင့္အကၤ်ီေကာ္လံစကို ဆြဲကိုင္
ကာေျပာမိေတာ့ ေမာင္ကၿငိမ္ခံသည္။
ျပန္ေတြးၾကည့္မိတိုင္း
တႏုံ႔ႏုံ႔နဲ႔ျဖစ္သည္။ဥစၥာေျခာက္သလိုေပါ့ ငါလည္းေမာင့္ကို
ဘယ္သူ႔ဆီကိုမွ ထည့္မေပးလိုက္နိုင္ဘူး။
အေပ်ာက္လည္း မခံနိုင္ဘူး။
ေမာင္ကငါ့အပိုင္။
ေသာ္ယံေမာင္ဆိုတာက ငါ့အပိုင္ပဲျဖစ္ရမွာ။

"ကိုကိုျမင္လိုက္ရတာေတြက အထင္လြဲစရာ
ျဖစ္ေနမွန္း ေမာင္သိပါတယ္။ဒါေၾကာင့္
ခဏေလး၊ခဏေလးပဲ ေမာင္ရွင္းျပတာကို
စိတ္ေအးေအးထားၿပီးနားေထာင္ပါ..ေနာ္"

ကိုကို႔ကို ကုတင္ေပၚမွာ ထိုင္ခိုင္းမိသည္။
ကိုကို႔ပခုံးကိုကိုင္ထားမိေတာ့ ေမာင့္လက္
ေတြကို ခါထုတ္ျခင္းခံရသည္။
ဒီလိုပစ္ပယ္ခံေနရမွာထက္စာရင္
စိတ္ႀကိဳက္သာအထိုးခံလိုက္ခ်င္ ေတာ့သည္။

​"ငါ့တို႔လမ္းခြဲၾကတာ ေကာင္းမလား
ဟင္ေမာင္"

ဒီစကားက ေမာင္အေၾကာက္ဆုံးလက္နက္
ျဖစ္မည္ထင္သည္။ေမာင္က ငါ့စကားကို
ၾကားတာနဲ႔မ်က္ဝန္းေတြထဲ မ်က္ရည္ၾကည္
တို႔ ရစ္သိုင္းလာသည္။လမ္းခြဲဖို႔အထိလို
သလား။ေမာင့္ေျခေထာက္ေတြမခိုင္
​ေတာ့သည့္အခါ ကိုကို႔ေရွ႕မွာဒူးေထာက္ထိုင္ခ်
လိုက္မိသည္။ဒူးေထာက္ၿပီးေတာင္းပန္ရ
မယ္ဆိုလည္းမမွုတာမို႔ ေမာင္ေတာင္းပန္မည္သာ။

"ေမာင္ေတာင္းပန္တယ္။ေမာင္ဒူးေထာက္
ၿပီး​ေတာင္းပန္ေနမွာမို႔ ေမာင့္ရွင္းျပခ်က္ေတြကိုအရင္နားေထာင္ေပးပါ"

ဒူးေထာက္ေတာင္းပန္ျခင္းက
ငါ့အတြက္စိတ္ ခ်မ္းသာေစမွာတဲ့လား။
ဒီထက္ပိုၿပီး စိတ္မေကာင္းျဖစ္႐ုံပဲရွိမယ္။
​ေမာင္က ငါ့လက္ေတြကို ကိုင္လာရွာသည္။
တဆိတ္ ေမာင့္လက္ေတြကပဲ တုန္ယင္
ေနခဲ့တာလား။ငါ့လက္ေတြကပဲတုန္ေနခဲ့
တာလား။ေမာင့္ဆီမွစကားသံတို႔ ထြက္
မလာေသးေတာ့ ေမာင့္မ်က္ႏွာဆီ
အၾကည့္ေရာက္ေတာ့ သြားၿပီ
ငါ့ႏွလုံးသားတစ္ခုလုံးကိုဆြဲဆုတ္ပစ္လိုက္သလိုမ်ိဳးပဲ။
ေမာင္က ငိုေနခဲ့တာတဲ့ေလ။အသံမထြက္ဘဲ
ေမာင္ငိုေနတာျဖစ္ၿပီး ေမာင့္ႏွုတ္ခမ္း
​ေတြကလည္း တသိမ့္သိမ့္တုန္ရွာသည္။

"ေမာင္ရွင္းျပမယ္ ေမာင္ရွင္းျပတာကို
နားေထာင္ေပးပါ။ေမာင္ေတာင္းဆိုတာပါ
ေက်းဇူးျပဳၿပီး.."

ေမာင့္စကားသံေတြက တိုးက်သြားေတာ့
မနည္းနားေထာင္ရသည္။အဲ့ဒီေနာက္ေတာ့
ေမာင့္ကိုလည္း ဘာမွျပန္မေျပာျဖစ္ဘဲ
ေမာင္ရွင္းျပတာကိုသာ နားေထာင္မိသည္။

​အထင္လြဲမွုတစ္ခုရဲ့အစကိုျပန္သြားၾက
တဲ့အခါ အေျဖမွန္တို႔ကထြက္လာစျမဲ............။

မေန႔က ျဖစ္မည္။
အထင္လြဲျခင္းေတြရဲ့အစက မင္းရတု
ဆိုတဲ့ ေမာင့္ သူငယ္ခ်င္းကေန စသည္။
သူငယ္ခ်င္းေတြ တစ္စုတစည္းထဲ
မေတြ႕ရတာၾကာေတာ့ ေမာင္တို႔
ဆိုင္တစ္ဆိုင္မွာခ်ိန္းထားျဖစ္ၾကသည္။
ခ်ိန္းထားတဲ့ဆိုင္ေရွ႕ကို ေမာင္ေရာက္လာ
ၿပီမို႔ ေနရွင္းတို႔ကိုဖုန္းဆက္ဖို႔ အိတ္ကပ္ထဲ
စမ္းၾကည့္ေတာ့ ဖုန္းက ပါမလာခဲ့။
ရဲမြန္တို႔နဲ႔ ဖုန္းေျပာၿပီးေနာက္
႐ုံးခန္းထဲက စားပြဲေပၚမွာတင္ထားခဲ့မိမွန္း
​ေမာင္သတိရ​ေတာ့သည္။

"က်စ္! ေသစမ္း"

"ဘာေတြ ေသေနတာတုန္း သားႀကီးရ"

ပခုံးကိုဖက္ကာဆိုလာသည္က မင္းရတု
ပင္ျဖစ္သည္။

"ဖုန္းက်န္ခဲ့လို႔"

"ေအာ္ ဒါေလးမ်ားအေရးႀကီးတာ
မွတ္လို႔။ဟိုေကာင္ေတြက နာရီဝက္
​ေလာက္ေနာက္က်မယ္တဲ့။လာ ဆိုင္ထဲသြားရေအာင္"

လက္ေမာင္းကိုဖက္တြယ္လာတဲ့ ဒီေကာင္က
ေရာက္ေလရာအရပ္မွာ မ်က္ႏွာေျပာင္လိုက္
ရမွ။ဆိုင္ထဲဝင္သြားတဲ့အထိ လက္ေမာင္းကို
ဖက္တြယ္ၿပီး ျပဳံးၿဖီးေနဆဲ။အေဝးကေန
လွန္းၾကည့္ရင္ ဒါအတြဲလို႔ ထင္မိမွာ
အမွန္ပဲ။ဒင္းက လူေကာင္ ခပ္ေသးေသး၊
ျဖဴျဖဴေလး။႐ုပ္ေလးနဲ႔အက်င့္ကေတာ့ တျခားစီ။

"ေဟ်ာင့္ ငနာေကာင္ ဖယ္ေတာ့။
ဆိုင္ထဲေရာက္ေနၿပီ။ဖယ္စမ္းကြာေသနာရဲ့"

ေမာင့္မွာ မ်က္ႏွာကိုျပဳံးလ်က္ ေျပာ
​ေနေပမဲ့ဟန္ေဆာင္ေနျခင္းသာ။
လူၾကားထဲ ဆဲလို႔မရေတာ့ရမ်က္ႏွာခ်ိဳ
​ေသြးၿပီး အသံတိတ္ေလးႀကိတ္ ေျပာ႐ုံေပါ့။

"ငါ့က်ေတာ့ဖယ္ခိုင္းတယ္ သူ႔ဆရာဝန္
​ေလာင္းေလးနဲ႔က်ေတာ့ ဟင္းဟင္း ငါတို႔ကိုေတာင္မေျပာျပဘူးေနာ္ ေသာ္ယံေမာင္။မင္းဟာေလးနဲ႔
ဘယ္ေတာ့မိတ္ဆက္ေပးမွာလဲ"

"ေသလိုက္ေလ ဘာလို႔မိတ္ဆက္ေပးရမွာလဲ"

"ရတယ္ေလ ငါအခုလိုေနေနတာလည္း
မဖယ္ေပးနိုင္ဘူး။ဆိုင္ထဲကလူေတြေတာင္
ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကတာ။
အိမ္း မင္းနဲ႔ငါ့ကို....ခြီး!"

ေျပာၿပီးတစ္ေယာက္ထဲရယ္ေနတဲ့
မင္းရတုကို မသိမသာေခါင္းပုတ္သလိုလိုနဲ႔
ဆံပင္​ေတြကိုဆြဲပစ္လိုက္သည္။စလိုက္ရမွ ေနသာ
ထိုင္သာရွိတဲ့ေကာင္။ထိုင္ေတာ့လည္းအနားမွာ လာကပ္ထိုင္ျပန္သည္။

"ငါဆဲမိေတာ့မယ္ မင္းဖယ္ေတာ့ကြာ"

"sorryပဲသားႀကီး မင္းကိုကိုဆိုတဲ့ဟာေလး
နဲ႔ မိတ္ဆက္ေပးမယ္လို႔ေျပာမွ ငါဖယ္ေပးနိုင္မယ္"

ထိုသို႔ေသာဇာတ္လမ္းတစ္ပုဒ္က ကိုကို႔
အတြက္ အထင္လြဲေစခဲ့ျခင္းျဖစ္မည္။
ျဖစ္ေၾကာင္းကုန္စင္ အားလုံးကို ေမာင္
ရွင္းျပလို႔အၿပီးမွာေတာ့ အေျခအေန
တစ္ခုက ေအးစက္စက္ အေနအထားကေန
ျပန္ၿပီးေႏြးေထြးလာခဲ့သလား။
ေမာင့္ကိုၾကည့္ရင္း ကိုကို႔မွာစကားတို႔ရွာမရခဲ့။

"ေမာင္ ငါ...."

စကားေတြ ထြက္လာဖို႔ခဲယဥ္းေနခဲ့
သလား။အမွန္တရားေတြကိုသိၿပီးခဲ့ခ်ိန္မွာ
ေတာင္းပန္ဖို႔လည္း မဝံ့မရဲျဖစ္မိသည္။
​ေမာင့္အေပၚ ငါအျပစ္တစ္ခုထက္ပိုၿပီး
လုပ္မိခဲ့တာပဲ။

"ေမာင္ ရွင္းျပၿပီးၿပီ။ဒါကိုမွ ကိုကိုက
လမ္းခြဲခ်င္ရင္လည္း.."

ေမာင္က ခဏေတာ့စကားရပ္သြားၿပီး
သက္ျပင္းတို႔ခ်သည္။
စကားတို႔ဆက္ေတာ့​ေမာင့္မ်က္ႏွာက ျပဳံးေနခဲ့တာလည္းမဟုတ္၊
မ်က္ႏွာတည္နဲ႔လည္းမဟုတ္။

"လမ္းခြဲခ်င္တယ္ဆိုရင္လည္း သေဘာပါ။
ဒါေပမဲ့တစ္ခုေတာ့ရွိတယ္ လမ္းခြဲၿပီးတဲ့
အခါ ​ေမာင့္အေလာင္းကိုပဲ ကိုကိုျမင္ရမွာ"

​ေျပာၿပီးေနာက္ ဒူးေထာက္ထားရာမွ
ထကာ လွည့္ထြက္လာမိသည္။
ဒါဟာ ေမာင့္ရင္ထဲကလာတဲ့ စကားအမွန္
ျဖစ္ေပမဲ့ တကယ္တမ္း ကိုကို႔ဆီက
လမ္းခြဲမယ္လို႔သာ ေျပာလာခဲ့ရင္ ေမာင္က
လက္လြတ္ေပးမွာလည္းမဟုတ္။
ဒါက ကိုကို႔ဘက္က ျပန္ေခ်ာ့လာမဲ့ အကြက္ပဲ။

"ေမာင္"

ေခၚသံနဲ႔အတူ အေနာက္မွ ခါးကို
တင္းက်ပ္က်ပ္ ဖက္တြယ္လာတဲ့ လက္ေတြ။
ရွိုက္သဲ့သဲ့အသံေလးလည္းထြက္လာေတာ့
ေခ်ာ့မိတာလည္း ေမာင္ပဲ။

(18.9.2020)Lily_Han🍀

Continue Reading

You'll Also Like

256K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
150K 19.4K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
78.4K 5K 17
✿ ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္အေၾကာင္း ✿ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ညီညီငယ္ ထေလကြာ ... ငါတုိ႔ ဟုိးေတာင္ေပၚစခန္း...
256K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...