Silent Crying book(1) (Compl...
By Rockeain
265K 9.5K 345
ကျွန်တော့်ရဲ့ရှိုက်သံတွေကိုမုန်းတယ် အသံတိတ်နေခဲ့တဲ့ ရင်ခုန်သံကိုလည်းမုန်းတယ်..ခင်ဗျားကြီးကြောင့် ကျွန်တော့်ဘဝ... More
ep(1)💔
ep(2)💔
ep(3)💔
ep(4)💔
ep(5)💔
ep(6)💔
ep(7)💔
ep(8)💔
ep(9)💔
ep(10)💔
ep(11)💔
ep(12)💔
ep(13)💔
ep(14)💔🔞
ep(15)💔
ep(16)💔
ep(17)💔
ep(18)💔
ep(19)💔
ep(20)💔
ep(21)💔
ep(22)💔
ep(23)💔
ep(24)💔
ep(25)💔
ep(26)💔
ep(27)💔🔞
ep(28)💔
ep(29)💔
ep(30)💔
ep(31)🔞
ep(32)🔞
ep(33)💔
ep(34)💔
ep(35)💔
ep(36)💔
ep(37)🔞
ep(39)💔
ep(40)💔
ep(41)🔞
ep(42)💔
ep(43)💔
ep(44)💔
ep(45)💔
ep(46)💔
ep(47)💔
ep(48)final
extra 😁
book(2)par(1)
par(2)
par(3)
par(4)
par(5)
par(6)
par(7)
ep(38)💔
3K 137 5
By Rockeain
မနက်ရောက်တော့..သူ့ကိုဖက်ပြီးအိပ်ပျော်နေတဲ့စစ်မဟာကို ကုတင်ပေါ်က ကန်ချပစ်လိုက်တဲ့ လွန်း...
''ဘုတ်''ဆိုပြီးကုတင်ပေါ်က ပြုတ်ကျသူနဲ့
''အာ့..နာလိုက်တာ..''
စောနက ဒေါသဖြစ်ဖြစ်နဲ့မို့သတိမထားမိပေမဲ့ အခုမှခါးအောက်ပိုင်းဆီက ဆစ်ခနဲဆစ်ခနဲ နာကျင်လာတဲ့အတွက်..လွန်း
စစ်မဟာကို ဝါးစားမတတ်အကြည့်တို့နဲ့ကြည့်လိုက်ပြီး ''ခင်ဗျား..ခင်ဗျားကြီးယုတ်မာထားပြန်ပြီပေါ့။''
''ကလေး ဘာဖြစ်နေတာလဲ.. ကိုယ်နားမလည်တော့ဘူးကလေးရာ..မနေ့ကလည်းမနက်ကတည်းကထွက်သွားတာ ညမိုးချုပ်တဲ့အထိ ကိုယ့်ဆီဖုန်းလေးတောင်တချက်ဆက်ဖော်မရဘူး နေနိုင်လိုက်တာ။
ညရောက်ပြန်တော့လဲ clubထဲမသောက်နိုင်တဲ့အရက်တွေသောက်ပြီးဘဝပျက်ရတော့မလို့ ကိုယ်လာခေါ်တာမြန်လို့သာပေါ့ မဟုတ်ရင် ဟိုချာတိတ်တစုလက်ချက်နဲ့ကလေးကို တစ်စစီလိုက်ကောက်နေရမှာ။''
''အဲ့ညက ကလေးပါးစပ်ထဲ သူတို့ထည့်ပေးလိုက်တာက ချိုချဥ်မဟုတ်ဘူး..စိတ်ကြွဆေးလုံး.. ကလေးအဲ့ဒါစားပြီး
ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာ သိရောသိရဲ့လား။''
''မသိဘူး..ခင်ဗျားအဲ့ဒါနဲ့ကျွန်တော့်ကို လုပ်လိုက်တယ်ပေါ့..ဟုတ်လား။''
''မလုပ်ပေးလို့မှမရတာ ကလေးကတောင်းဆိုနေမှတော့ ကိုယ့်ဘက်ကလိုက်လျောပေးရတာပေါ့။''
''နစ်နာနေအုံးမယ်.. ဦးစစ်မဟာ..
နာကျင်နေရပြီဗျ..ခင်ဗျားကြီးအရမ်းထန်ထားပုံပဲ။''
''အာ့တော့များသွားပြီ အိပ်ကောင်းခြင်းမအိပ်ရဘူးကလေးရာ ကိုယ်အိပ်ရေးမဝသေးဘူး..ဆက်အိပ်ပါရစေအုံး။
မိုးလင်းခါနီးမှ အိပ်ရလို့ပါ..ဟီးဟီး..''
''ခင်ဗျားကြီး.. ဘာရယ်တာလဲ.ပုံစံကိုက စပ်ဖြီးဖြီးနဲ့ပိုးကိုမသေဘူး..''
''သွား ကိုယ့်အခန်းကိုယ်ပြန်အိပ် ကျွန်တော့်အခန်းထဲ လာမအိပ်နဲ့...''
''သေချာလည်းပြန်ကြည့်ပါအုံး မလွန်းခေတ်ရယ် ဒါဘယ်သူ့အိပ်ခန်းလည်းဆိုတာ။''
''ခင်ဗျားကြီး လူကို 'မ' တပ်ပြီးမခေါ်နဲ့ မကြိုက်ဘူးနော်...''
''မိန်းမကလည်းကွာ စိတ်မဆိုးပါနဲ့..''
''ပြောလေကဲလေ လုပ်မလာနဲ့..သွား..''
အားနဲ့အော်ပြစ်လိုက်တဲ့လွန်း သူ့အဝလေးဆီမှ နာလာပြန်တဲ့အတွက် ''အားး..ကျွတ်ကျွတ် ကျွတ်..နာ နာလိုက်တာ။''
''ကလေး ကိုယ်ဆေးလိမ်းပေးရမလား။''
''မလိုဘူး..''
လှုပ်စိလှုပ်စိနဲ့လမ်းရှောက်နေပေမဲ့ လွယ်မယ်မထင်..
ဒါကြောင့် စစ်မဟာ သူ့ကလေးရဲ့ကိုယ်ကို
ပွေ့ချီလိုက်ကာ..အခန်းရှိရာဆီ ထွက်သွားပါလေရော..
လွန်းကတော့ သူ့မျက်နှာကို ကုပ်ဖဲ့နေပါရော..''အဲ့ဒါခင်ဗျားကြောင့်ဆိုပြီး..''
နောက်စစ်မဟာရဲ့ရင်ဘတ်တွေကို ထုရိုက်နေရင်း လက်တွေကို ရုတ်တရက် ရပ်တန့်ပစ်လိုက်ပြီး...
''ကျွန်တော်တို့ ကွာရှင်းရအောင်တဲ့..''
စစ်မဟာရဲ့ရင်ထဲ မိုးကြိုးအကြီးစားကြီးပစ်ချလိုက်သလားအောက့်မေ့သွားတယ်..
''ဘယ်လို..ကွာရှင်းပေးရမယ် ဟုတ်လား။''
''ကလေးရဲ့ မှတ်ဉာဏ်တွေသတိရလာတယ်ဆိုတာ ကိုကိုသိတယ် ဒါပေမဲ့ဒီလိုမျိုးအထိတော့ လုပ်ဖို့မသင့်ဘူးလေ။
ကိုယ့်ဘက်က ကွာရှင်းမပေးနိုင်ဘူး။''
''မရဘူး..ကျွန်တော့်ကို ကွာပေးပါ..
ဒီဘဝကြီးကို မုန်းလွန်းလို့ပါ..ကွာရှင်းပေး။''
''Sorry ပဲကလေးရာ..ကိုကိုမလုပ်ပေးနိုင်ဘူး။ဒီစကားတွေ ထပ်ပြီးမပြောပါနဲ့တော့
ကိုယ့်ဘက်က ဘာတွေများ ထပ်ပြီးမှားပြန်လို့လည်းကွာ။''
''ခင်ဗျားဘက်ကမမှားဘူး..မှားတာက ကျွန်တော် ဒါကြောင့် ဒါကြောင့်ပါ။''
''ဟင့်အင်း ကလေးထွက်မသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ်။''
''ကလေးမကြိုက်တဲ့အရာတွေ ကိုယ့်ဘက်ကပြင်ခဲ့ပြီးပြီလေ ကလေးအဲ့ဒီလို ထပ်မလုပ်ပါနဲ့ကွာ ကိုယ်မခံစားနိုင်လို့ပါ။
ကျေးဇူးပြုပြီး... ကိုယ့်အနားမှာပဲနေပေးပါ။''
''ဦးစစ်မဟာ လွန်းက ကလေးမဟုတ်တော့ဘူး ပြီးတော့ ညီလေးကိုရှာရအုံးမယ်။
မာမီနဲ့ဒယ်ဒီတို့ ဆုံးသွားပြီ ကျွန်တော်ကရော ဘာလုပ်ပေးနိုင်ခဲ့လို့လည်း။မိဘတွေအတွက် ညီလေးအတွက် ဘာမှသုံးစားမရတဲ့သူ ဘာမှလုပ်မပေးနိုင်တဲ့သူ မဖြစ်ချင်ဘူး။
အဲ့ဒီတော့ လုပ်သင့်လုပ်ထိုက်တာ ကျွန်တော့်ဘက်က လုပ်ပေးရမှာပေါ့။''
''မဖြစ်ဘူး..ကလေးအန္တာရာယ်ဖြစ်မဲ့အလုပ်တွေ ကိုယ်ခွင့်မပြုနိုင်ဘူး။
အဲ့ဒီ အတွက် ကိုယ့်ဘက်က တတ်နိုင်သလောက် ကလေးကိုကူညီပေးမယ် ဟုတ်ပြီလား။
ကလေးကိုယ့်အနားမှာပဲ နေရမယ်။''
''သုတအကြောင်းကို ကိုယ်စုံစမ်းပေးမယ်
ကလေးကိုယ့်ကိုယုံကြည်ပေးပါ။
ကိုယ်ဘက်က ကတိပေးတယ်.. နော်..''
''တကယ်ကွာရှင်းမပေးဘူးပေါ့ ဦးစစ်မဟာ။''
''အမှန်ပဲ။''
''ကောင်းပြီလေ...''
အခန်းတံခါးကိုဆွဲပိတ်လိုက်တဲ့လွန်း။လော့ပါတပါတည်းချပစ်လိုက်သေး အတွင်းဘက်က လော့ချထားမှတော့ တံခါးကိုပြန်ဖွင့်လို့ကမရ..
''ကလေး တံခါးဖွင့်ပါ.. ကလေး.''
''တစ်ယောက်တည်းနေချင်လို့ ခေါ်မနေနဲ့
ဖွင့်မပေးဘူး။''
''ကောင်းပြီလေ ကိုမနှောက့်ယှက်တော့ပါဘူး။''
အိပ်ယာထက် ပစ်လှဲချရင်း လွန်းရယ်နေမိခဲ့...သူ့ရင်ထဲက အကြားချင်ဆုံးစကားလေးကိုကြားခွင့်ရလိုက်လို့လေ...
'ကိုယ့်ဘက်က လုံးဝကွာရှင်းမပေးနိုင်ဘူးတဲ့..လူကြီးခင်ဗျားတော်တော် သည်းခံတတ်နေပြီပေါ့။'
ဟုတ်တယ် လွန်း သတိပြန်ရနေတာကြာပြီလေ အတိတ်မေ့ချင်ယောင်ဆောင်ထားတာ..
စစ်မဟာကိုနည်းပေါင်းစုံနဲ့စမ်းသပ်နေခဲ့တာ သူ့အပေါ် တကယ်သည်းခံပေးနိုင်သလားဆိုတာ..
သူ့ရင်ထဲလည်း စစ်မဟာအပေါ် စိတ်ခံစားမှုတွေ စတင်ဖြစ်နေမိတာ သူ့ကိုယ်သူ သာအသိဆုံးဖြစ်တယ်။
အချစ်က အချစ်ကပြောင်းလဲနိုင်တာလား။
စစ်မဟာကို သူချစ်မိနေပြီလား။
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi
''အာ့..နာလိုက်တာ..''
''မလိုဘူး..''
''အမှန်ပဲ။''
''ကောင်းပြီလေ...''
ဖွင့်မပေးဘူး။''
mp Rockeain
Continue Reading
You'll Also Like
22.8K 626 27
#extremely loveအ​ကြောင်းဖြစ်လို့ ဖြစ်နိုင်ပါ့မလားမ​တွေးထားတာ​တွေလည်း ဖတ်ရနိုင်ပါတယ် #punishment ပုံစံသ​ဘောမျိုး​တွေ #Forced #public toxic​တွေပါနိုင်...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
126K 17.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ