Stranger From Hell { complete...

By SuNwe5

17.1K 1.7K 206

သာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လ... More

intro
Ep 1🔥
Ep 2👻👻
Ep 3☠
Ep 4🐰🐹
Ep 5⌚⌚
Ep 6🍜🍜
ep 7🤡
ep 8🍒
ep 10💘💘
ep 11💧
ep 12🤝🤝
ep 13💛
ep 14✨
ep 15👑
ep 16💛
ep 17🖤
ep 18🎈
ep - 19 ( final )

ep 9🤗🤗

589 98 16
By SuNwe5

ဆော့ဂျင် ဒီနေ့ မင်းသားနှစ်ယောက်ကို စာသင်ပေရမှာ
ဖြစ်သောကြောင့် အနည်းငယ်စိတ်လှုပ်ရှားနေသည်.

"ဝင်ခွင့်ပြုပါ''

တံခါးခေါက်သံနှင့်အတူ ဝင်လာသော လူကြောင့် ဆော့
ဂျင် ကြောင်တောင်တောင်ဖြစ်သွားသည်.

"ပညာရှိ ဂျင် ကျွန်တော်က လောက်ထောက် ထယ်ယောင်းပါ.အရှင်မင်းကြီးက အမိန့်ပေးလို့ အခုကစပြီး
ပညာရှိဂျင် ရဲ့ လောက်ထောက်အဖြစ်တာဝန်ယူပေးမှာ
ပါ''

ထယ်ယောင်း..တကယ်ပင် ဟိုဘဝက ဆရာဝန်ထယ်
ယောင်းနဲ့တူလွန်းသည်.အခုမှ သေချာတွေးမိတယ်..
မင်းသားငယ် ဂျီမင်လည်း အရင်ဘဝက ထယ်ယောင်း
ချစ်သူနှင့် ချွတ်စွတ်တူသည်.
ဆော့ဂျင် သူ့အတွေးနဲ့သူ ကျေနပ်စွာပြုံး လိုက်သည်

"ပညာရှိ ဂျင် သွားရအောင်''

"လက်ထောက် ယောင်း ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲ
ပြောပါ.လက်ထောက်ယောင်းက ခေါ်လို့မကောင်းဘူး
ယောင်းငယ်!. .အင်း ယောင်းငယ်လို့ခေါ်ရမယ်.အဆင်
ပြေလား''

"ဟ..ဟင်..ဟုတ်''

ထယ်ယောင်းကတော့ ဆော့ဂျင်ပြောသမျှ ကြောင်တောင်တောင်ဖြစ်နေသည်.

================================
စာသင်နေချိန် ဂျီမင်းနဲ့ ထယ်ယောင်းမှာ အဆင်ပြေသ
လောက် အိမ်ရှေ့စံဖြစ်တဲ့ ဂျောင်ကုကတော့ သင်ရတာ
လက်ပေါက်ကပ်နေသည်.

"အိမ်ရှေ့စံ ကိန်းဂဏန်းတွေ သိရင် ပေါင်းနှုတ်မြှောက်
စားက လွယ်ပါတယ်''

"ဘာကို လွယ်ရမှာလဲ.မောင်မင်းမသိဘူး.အဲ့ တုတ်ချောင်းတွေက ဘယ်လောက် အာရုံနောက်လဲဆိုတာ''

ဆော့ဂျင် စိတ်ကို အတက်နိုင်ဆုံး ဆွဲဆန့်ထားကာ အောက်နှုတ်ခမ်းကို အသာကိုက်လိုက်သည်.
စိတ်ရှိလက်ရှိသာဆို သူ့ရှေ့က အိမ်ရှေ့စံကို ဖြတ်ရိုက်မိ
မှာ အမှန်ပင်..
တိုင်းပြည် အုပ်ချုပ်ရမဲ့မင်းတစ်ပါးသည် လက်ရုံးရေနှလုံးရေ ပြည့်စုံရုံသာမက ရုပ်အဆင်းလဲတင့်တယ်ပါ
လျက် အဘယ်ကြောင့် သချာင်္တွက်ရာတွင် သောက်ကျိုး
နည်းအသုံးမကျလဲ မစဉ်းစားတတ်ပါ.

"အိမ်ရှေ့စံ စိတ်ရှည်ရှည်ထားပြီး နောက်တစ်ခေါက်
လောက်ပြန်ဖြေ ကြည့်ပါ''

မျက်နှာကသာ ပြုံးနေပင်မဲ့ စိတ်ထဲကတော့ အပီကျိန်ဆဲ
နေသည်.

"ကောင်းပြီလေ..ပေးစေ''

ဆော့ဂျင် သူ့နားမလှမ်းမကန်းက ထယ်ယောင်းတို့ကို
ကြည့်မိတော့ စာကို တတွတ်တွတ်သေချာစွာရှင်းပြနေ
သော ထယ်ယောင်းနဲ့ ထယ်ယောင်းမျက်နှာကို ပြုံးပြုံး
ကြီး ကြည့်နေသော မင်းသားငယ် ဂျီမင်..

အင်းတူတူပါပဲ သူလဲ စာကလွဲရင် ကျန်တာအကုန်စိတ်
ဝင်စားပုံရပါသည်.
သူ့ရှေ့က အိမ်ရှေ့စံကတော့ စာရွက်မှာ လျှောက်ခြစ်
လိုက် ဘေးကနို့ခွက်ကိုအရသာခံသောက်လိုက်နဲ့ အလုပ်ရှုက်နေသည်.

"အိမ်ရှေ့စံ ဂိမ်းကစားမလား''

"ဟင် ဘာဂိမ်းလဲ''

တွေ့လား..ပြောပါတယ် စာကလွဲရင်ကျန်တာစိတ်ဝင်စား
တယ်လို့..အခုလဲ ဂိမ်းဆိုတာနဲ့ မျက်လုံးနှစ်လုံးကစ ဘလင်း ဘလင်းဖြစ်နေသည်.

"ဒီလိုလေ သချာင်္အလီတွေမေးကြေး. မှားရင် နှာဖူးတောက်ခံရမယ်..ဘယ်လိုလဲ''

မထိတထိ စိန်ခေါ်နေသော ဆော့ဂျင်ကြောင့် အိမ်ရှေ့စံ
image ပျက်လို့မဖြစ်..

"ကောင်းပြီလေ''

"Ok....1,2,3...3×2''

"6.5×2''

"10...3×3''

"9...9×5''

"45..4×2''

"9..အ့''

"ဟားဟား အိမ်ရှေ့စံမှားသွားပြီ''

ဆော့ဂျင်ပြောပြောဆိုဆို ကိုယ်ကိုရှေ့ကိုင်းပြီး ဂျောင်ကု
နှာဖူးကို ပိတ်ရိုက်လိုက်သည်.
ရုတ်တရက်မို့ လန့်သွားသော ဂျောင်ကုနဲ့အတူ မလှမ်းမ
ကန်းမှ မင်းသားငယ်တို့လဲ မျက်လုံးပြူးကာကြည့်နေ
သည်.
ဆော့ဂျင်ကတော့ ကျေနပ်ပီတိဖျာစွာပင် ရယ်မောနေ
လျက်..

"ပညာရှိ ဂျင်''

"ဟင်...ဘာလဲ ယောင်းလေး''

ဆော့ဂျင်စကားကြောင့် အိမ်ရှေ့စံရော မင်းသားငယ်ပါ
မျက်မှောက်ကြုံ လိုက်သည်.

"ဟို...ဟို..အိမ်ရှေ့စံအသားကို ထိရင် အရေးယူခံရလိမ့်မယ် ''

"ဟင်!''

သူအခုမှ သတိထားမိတာ အခုရောက်နေတာ ဂျိုဆွန်းလေ ၂၁ ရာစုမှမဟုတ်တာ.အခန့်မသင့်ရင် ခေါင်းနဲ့ကိုယ်
အိုးစားကွဲနိုင်သည်.

"အိမ်...အိမ်ရှေ့စံ...ကျွန်တော်''

အထစ်ထစ် အငေါ့ငေါ့ဖြစ်နေသော ဆော့ဂျင်ကြောင့်
ဂျောင်ကု ရယ်ချင်စိတ်ကို မြိုသိတ်ထားရသည်.
ဘယ်လိုဟာလေးမှန်းမသိဘူး လုပ်ချင်တာလုပ်ပြီးမှ
ကြောက်နေတယ်..

"အဟမ်း...ရတယ်..ကိုယ်တော်တို့က လောင်းကြေးနဲ့
ဆော့တာပဲ''

စာသင်ချိန်ပြီးတာနဲ့ ဘယ်ထဲကပြန်ချိန်နေမှန်းမသိသော
မင်းသားငယ်သည် ယောင်းငယ်ကို ခေါ်ကာမြန်မြန်ယထွက်သွားသည်.

တိတ်ဆိတ်နေသော အခြေအနေကို အိမ်ရှေ့စံဖြစ်သူမှ
ဖြိုခွင်းကာ..

"အဟမ်း..ပညာရှိ ဂျင်တို့နေရာနဲ့ ဒီဒေသက ကွဲပြားတယ်မလား''

"ဟုတ်..အိမ်ရှေ့စံ.''

ဘယ်ကနေဘယ်လို ပညာရှိ ဖြစ်သွားလဲမသိသော
ဆော့ဂျင်သည် ထိုအခေါ်အဝေါ်ကြီးကို သဘောမကျပါ

"အိမ်ရှေ့စံ ကျွန်တော့်ကို ဖြစ်နိုင်ရင် ဂျင်လို့ပဲခေါ်ပါ.
ပညာရှိဆိုတဲ့ အခေါ်အဝေါ်က စိမ်းလို့ပါ''

"ဂျင်..အင်းကောင်းသားပဲ.အဲ့လိုပဲခေါ်မယ်''

"ဟုတ် အိမ်ရှေ့စံ''

"ဒါနဲ့ ဟိုတခါ ကိုယ်တော်ကိုတွေ့တုံးက ဘယ်လိုခေါ်
လိုက်တာလဲ''

"အာ..အဲ့တုံးက အိမ်ရှေ့စံကို ကျွန်တော်သိတဲ့သူနဲ့မှား
သွားတာ''

ဂျောင်ကု မျက်ခုံးတစ်ဖက်ပင့်ကာ သူ့ဘေးကပေါက်စ
ကိုကြည့်တော့ လမ်းဘေးက ပန်းတွေကိုအာရုံရောက်
နေသည်.

"ဘယ်သူလဲ?ကိုယ်တော် ဆိုလိုချင်တာ''

"အာ...လူကောင်းတစ်ယောက်ပါ.ဖြူ စင်ပြီး ချစ်ဖို့ကောင်းတယ်''

"သူဖြူ စင်တယ်ဆိုတာ ဂျင် ဘယ်လိုသိလဲ''

"ဟင်..ကျွန်တော့ကို အနှောက်အယှက်မပေးဘူလေ.
အင်းဒါပင်မဲ့ အိမ်မမှတ်မိလို့ ကျွန်တော့ အိမ်လိုက်နေ
ဘူးတာတောင် အနှောက်ယှက်သိပ်မပေးလို့ပါ''

"ဘာ..တွေ့တွေ့ချင်း အိမ်ခေါ်သွားစရာလား''

ဆော့ဂျင်ပြန်ပြောသည့်စကားကိုပင် နားမထောင်ပဲ
ခြေလှမ်းကျဲ ကြီးဖြင့် ထွက်သွားသော အိမ်ရှေ့စံသည်
စိတ်များဆိုးသွားသည်လား...
အတွေးများနဲ့ ကျန်ခဲ့သော ဆော့ဂျင်သည်ထိုနေရာမှာပင်
ကြောင်နေသည်.






Tbc. .....
အိမ်ရှေ့စံက သူ့ကိုယ်သူ သဝန်တွေစိတ်တိုနေတယ်..
ကြာသွားရင် ဆောတီးပါ..
Thz for reading💜

For Unicode











Continue Reading

You'll Also Like

986K 76.4K 26
တစ်ချိန်က အချိုးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် Ex အစုတ်ပလုတ်လေးဟာလည်း ကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ။ တစ်ချိန်က အချိူးမပြေလို့ လမ်းခွဲခဲ့တဲ့ ကိုယ့် E...
413K 51.3K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
170K 12.9K 42
What is love? It's hurts for me. .... Adult sence ⚠️