ေ႐ွာင္းက်န္႔ ႏွင္းဆီအနီေလးကိုကိုင္ကာ တစ္စံုတစ္ေယာက္ကို ေစာင့္ေနသည္ ။ ထိုသူကား ဟြမ္ယုေမ ပင္ ။ ေ႐ွာင္းက်န္႔ သူမကုိ တိတ္တခိုးခ်စ္ေနခဲ့သည္မွာ သံုးရက္ႀကီးမ်ားေတာင္႐ွိၿပီျဖစ္သည္ ။
ေျဖာင့္စင္းေနေသာ အနက္ေရာင္ဆံႏြယ္ေလးေတြက ေ႐ွာင္းက်န္႔ ရင္ကိုလႈပ္ခါေစသည္ ။ ဒီေန႔ေတာ့ သူဖြင့္ေျပာမယ္လို႔ ဆံုးျဖတ္ကာ သူမကိုေစာင့္ေနလိုက္သည္ ။
"ေ႐ွာင္းက်န္႔...ဟိုမွာ ယုေမ လာေနၿပီ"
ေဘးတြင္ရပ္ေနသည့္ က်ိဴးခ်န္က လက္ျဖင့္ပုတ္ကာ သတိေပးလာ၍ ေ႐ွာင္းက်န္႔ သူမကုိ တစ္ခ်က္ၾကည့္ကာ အက်ႌကိုဆြဲဆန္႔လိုက္သည္ ။ သူမ သူ႔အနားေရာက္ဖို႔နီးလာေလေလ သူ႔ႏွလံုးေတြခုန္လာေလေလ ။
"ယုေမ..."
နာမည္ေခၚကာ ေ႐ွ႕ကေနပိတ္ရပ္လိုက္သည့္ ေ႐ွာင္းက်န္႔ ေၾကာင့္ ဟြမ္ယုေမ ေျခလွမ္းမ်ားရပ္သြားသည္ ။
ေ႐ွာင္းက်န္႔ လက္ထဲတြင္ ကိုင္ထားသည့္ ႏွင္းဆီပန္းကုိ ယုေမ ထံ ကမ္းေပးလိုက္သည္ ။
"ငါ...နင့္ကို..."
"ကိုႀကီး !!!!!"
ခုနစ္သံခ်ီကာ ေအာ္ဟစ္ၿပီး ေျပးလာပါေသာ ဝမ္ရိေပၚ ။
ေ႐ွာင္းက်န္႔ မ်က္ေမွာင္ၾကဳတ္ကာ ရိေပၚကို လွမ္းၾကည့္လိုက္သည္ ။
သာသနာဖ်က္ !
"ကိုႀကီး...ေမာလိုက္တာ "
ရိေပၚ မွာ ေဟာက္ရႊမ္း ရဲ႕ 'စီနီယာေ႐ွာင္း က ႏွင္းဆီပြင့္ကိုင္ၿပီး တစ္ေယာက္ေယာက္ကို ရည္းစားစကားေျပာမလို႔လားမသိဘူး' ဆိုတဲ့ စကားၾကားၾကားခ်င္း ေသးေပါက္ရင္းကေန ေျပးထြက္လာတာ အသက္ေတာင္ ေကာင္းေကာင္းမ႐ွဴႏိုင္ ။
"မင္းကို...ဘယ္သူက ေျပးလာခုိင္းလို႔လဲ!"
"မေျပးလာရင္ အသဲကြဲေတာ့မွာေလ"
ေ႐ွာင္းက်န္႔ ႏွင့္ ရိေပၚ ကိုၾကည့္ၿပီး ဟြမ္ယုေမ သည္သက္ျပင္းခ်ကာ ေ႐ွာင္ထြက္သြားသည္ ။
"ဟာ...ယုေမ...ယုေမ...ခဏေလး..."
ေ႐ွာင္းက်န္႔ ေအာ္ေခၚလိုက္ေသာ္လည္း ယုေမသည္ သူ႔ဘက္ကိုတစ္ခ်က္ေလးေတာင္ ျပန္လွည့္မၾကည့္လာခဲ့ေပ ။ အေနာက္ကေန ေျပးလိုက္ရေအာင္ကလည္း ေဘးက အဖ်က္ေကာင္က သူ႔လက္ကိုဆြဲထားျပန္သည္ ။ တျခားေက်ာင္းသူ ၊ ေက်ာင္းသားေတြက သူတို႔ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္ ။ သူ႔ဘဝမွာ တစ္ခါမွ ဒီလို image မပ်က္ဖူးေပ ။
"ကြၽတ္စ္! ဝမ္ရိေပၚ ငါ့လက္ကိုလႊတ္စမ္း!"
"လႊတ္ရင္ေျပးထြက္သြားမွာေပါ့လုိ႔!"
"ေျပးထြက္ခ်င္စရာေကာင္းေအာင္ မင္းလုပ္တာေလ"
"သား ဘာမွမလုပ္ဘူး ။ သား ျဖဴစင္တာ သား ပဲသိတယ္"
ေ႐ွာင္းက်န္႔ လက္ခလယ္ေထာင္ျပကာ သူ႔လက္ကုိဆြဲထားသည့္ ရိေပၚ လက္ကိုေဆာင့္႐ုန္းကာ ထြက္သြားသည္ ။
ရိေပၚ ဘယ္လိုမွမေနပါ ။ ကိုႀကီး သည္ ဘယ္လိုအေျခအေနမ်ိဴးမွာပဲျဖစ္ေနပါေစ ဝမ္ရိေပၚ ဆိုသည့္ သူတစ္ေယာက္သာ ပိုင္ရမည္ ။
"ရိေပၚ...ဘယ္လိုလဲ"
ရိေပၚ သူ႔ေဘးေရာက္လာသည့္ ေဟာက္ရႊမ္း ကို ႏႈတ္ခမ္းတစ္ဖက္တြန္႔ရံုျပံဳးျပလိုက္သည္ ။
"ငါပါကြ...အဲဗရီးသင့္အစ္အိုေက"
"အဆင္ေျပရင္ၿပီးတာပဲ"
"အဆင္မေျပတာ တစ္ခု႐ွိတယ္ "
"ဘာလဲ!"
ေဟာက္ရႊမ္း စိတ္ပူပူနဲ႔ေမးလိုက္သည္ ။
"ငါ ေသးေပါက္ေနရင္းနဲ႔ တစ္ဝက္တစ္ျပတ္ႀကီးေျပးထြက္လာတာ ။ ျပန္သြားေပါက္လိုက္ဦးမယ္ ။ ေအာင့္ထားရတာ အဆင္မေျပဘူး"
ေဟာက္ရႊမ္း မွာ ေျပးကန္ခ်င္စိတ္ေလးကို မနည္းထိန္းထားရသည္ ။ သူ႔မွာေတာ့ စီနီယာေ႐ွာင္း ကမ်ား ေကာင္မေလးကို ခ်စ္ခြင့္ပန္လိုက္ၿပီလားလို႔ ။
ရယ္က်ဲက်ဲလုပ္ကာ ထြက္သြားသည့္ ရိေပၚ ကို ေဟာက္ရႊမ္း လွမ္းေအာ္လိုက္သည္ ။
"ေအး...မေအာင့္ႏိုင္ရင္ ျဖတ္သာခ်လိုက္!"
.............
ေ႐ွာင္းက်န္႔ ေဒါသထြက္၍ လက္ထဲကေဘာပင္ကို ခံုေပၚေဆာင့္ခ်လိုက္သည္ ။
က်ိဴးခ်န္ ႏွင့္ က်ိရန္က စာလုပ္ေနရင္းမွ ေ႐ွာင္းက်န္႔ကို ေခါင္းေထာင္ၾကည့္လာသည္ ။
"ဘယ္လိုျဖစ္တာလဲ...ေ႐ွာင္းက်န္႔ "
က်ိရန္ ၏ အေမးကို က်ိဴးခ်န္ က ဝင္ေျဖေပးသည္ ။
"သူ..ယုေမကို ရည္းစားစကားေျပာတာ အဆင္မေျပလို႔"
"ဟမ္!...ယုေမက သူ႔ကုိျငင္းလိုက္လို႔လား"
"မဟုတ္ဘူး ။ အထက္တန္း ပထမႏွစ္ (C) က ဝမ္ရိေပၚကိုသိတယ္မလား"
"သိတယ္ေလ"
"ေအး...အဲ့ေကာင္ေလးေၾကာင့္ သူ႔ရဲ႕ ရည္းစားစကားေျပာမယ့္ အစီအစဥ္ပ်က္သြားလို႔ စိတ္တိုေနတာ"
"ကြၽတ္စ္!...သူ႔အေၾကာင္း လာမေျပာစမ္းနဲ႔!"
ေ႐ွာင္းက်န္႔ ေအာ္လိုက္ျခင္းေၾကာင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည့္ က်ိဴးခ်န္မွာ မ်က္ခံုးတစ္ဖက္ပင့္ၾကည့္ကာ အသံတိတ္သြားသည္ ။
ေ႐ွာင္းက်န္႔ တကယ္ကို စိတ္မၾကည္ေပ ။
"မင္းကလည္း...ဒီတစ္ခါအဆင္မေျပရင္ ေနာက္တစ္ခါထပ္ႀကိဳးစားေပါ့"
"မင္း မသိပါဘူး က်ိရန္ရာ ။ အဲ့ေကာင္ေလး လုိက္ဖ်က္ဦးမွာ"
ေ႐ွာင္းက်န္႔ စကားကုိၾကားေတာ့ က်ိရန္က ခပ္တိုးတိုးရယ္သည္ ။
"ဘာျဖစ္လဲ ။ ထပ္ႀကိဳးစားေပါ့ ။ မင္း ယုေမကို သေဘာက်တယ္မလား"
ေ႐ွာင္းက်န္႔ က်ိရန္ ၏ အေမးကို ေခါင္းၿငိမ့္ျပလိုက္သည္ ။
"ဒါပဲေလ ။ မင္း သေဘာက်တာ မင္း စိတ္တိုင္းက်ထပ္ႀကိဳးစားေပါ့"
"အင္း"
ေ႐ွာင္းက်န္႔ ယုေမကို တကယ္သေဘာက်သည္ ။ ဒီအတိုင္း လူငယ္သဘာဝေခ်ာတာ ၊ လွတာမက္လုိ႔ သေဘာက်တာမွန္း သူ႔ကုိယ္သူသိေပမယ့္ လက္မေလ်ွာ့ႏိုင္ပါ ။
ဝမ္ရိေပၚ မင္းဖ်က္ႏိုင္မလား ။ ငါပဲ တြဲႏုိင္မလား ။
ၾကည့္ရေသးတာေပါ့ ။
..........
ေ႐ွာင္းက်န္႔ ပန္းေရာင္စာရြက္ေပၚတြင္ စာသားတစ္ခ်ိဴ႕ ခ်ေရးၿပီးေနာက္ ထိုစာရြက္ေလးကုိ ေသခ်ာေခါက္ကာ ပန္းေရာင္စာအိတ္ေလးထဲထည့္ၿပီး ေရေမႊးအနည္းငယ္ျဖန္းလိုက္သည္ ။
ထို႔ေနာက္ ထုိစာအိတ္ေလးကို နမ္းၾကည့္လုိက္သည္ ။
ေမႊးေနတာပဲ ။ ယုေမ ရင္ခုန္သြားေလာက္တယ္ ဟိ!
"ေဒါက္!...ေဒါက္!...ေဒါက္"
ေ႐ွာင္းက်န္႔ လက္ထဲက စာအိတ္ကို စာၾကည့္စားပြဲေပၚတင္ကာ တံခါးသြားဖြင့္လိုက္သည္ ။
"ဟင္...မင္း!"
"ဟီး...."
ရိေပၚ အစြမ္းကုန္သာ ရယ္ျပလိုက္သည္ ။
"ဘာလာလုပ္တာလဲ "
"စာေမးပြဲ နီးၿပီေလ ။ ကိုႀကီးကို မသိတာေတြလာေမးတာ"
"မင္း ခါတိုင္းဘယ္လိုလုပ္လဲ!"
ဒီေကာင္ေလး မသိတာ႐ွိလ်ွင္ သူ႔ဆီလာေမးေနၾကျဖစ္ေသာ္လည္း အေ႐ွ႕စာေမးပြဲေတြတုန္းက မေရာက္လာပဲ အခုမွေရာက္လာ၍ တမင္ေမးလိုက္ျခင္းျဖစ္သည္ ။
"ကိုႀကီးကလည္း အဲ့တုန္းက စာကလြယ္တယ္ေလ ။ သား လုပ္ႏိုင္တယ္ ။ အခုက မရလုိ႔ပါ "
"ၿပီးေရာ...အထဲဝင္"
"ဟုတ္"
"စာၾကည့္စားပြဲမွာ ၿငိမ္ၿငိမ္ထိုင္ေန ။ ငါ ေျခလက္ေဆးၿပီးရင္ လာခဲ့မယ္ ။ ငါ့ ပစၥည္းေတြ ေလ်ွာက္မထိနဲ႔ေနာ္"
"ဟုတ္...ဟုတ္"
ေခါင္းေလးၿငိမ့္ကာ ေျဖလာသည္မို႔ ေ႐ွာင္းက်န္႔ စိတ္ခ်ကာ ေျခလက္ေဆးရန္ျပင္လိုက္သည္ ။
ရိေပၚ စာၾကည့္စားပြဲတြင္ ၿငိမ္ၿငိမ္ေလးထိုင္ကာ ေလ်ွာက္ၾကည့္ေနသည္ ။
ကိုႀကီးက လူကိုပဲ ၿငိမ္ခိုင္းတာ ။ မ်က္စိမပါဘူး ။
ကိုႀကီး အခန္းကို သူခဏခဏေရာက္ဖူးပါသည္ ။ အိမ္က သူ႔အခန္းႏွင့္မတူပဲ ကိုႀကီး အခန္းက အလြန္သပ္ရပ္သည္ ။ ၿပီးေနာက္ ေမႊးလည္းေမႊးသည္ ။ တစ္ခန္းလံုး ကိုႀကီး၏ ကုိယ္သင္းနံ႔ေလးရသည္မလို႔ ရိေပၚ သေဘာက်သည္ ။
စားပြဲခံုေပၚတြင္ စာအုပ္မ်ားက စီစီရီရီ ။ အကုန္သူ႔ေနရာႏွင့္သူ သပ္သပ္ရပ္ရပ္ပင္ ။ ထိုစဥ္ ရိေပၚ မ်က္လံုးထဲကန္႔လန္႔ဝင္ေရာက္လာသည္က ပန္းေရာင္စာအိတ္ေလးပင္ျဖစ္သည္ ။
ရိေပၚ ထိုစာအိတ္ကို ယူၾကည့္လုိက္၏ ။ မၾကည့္ခင္ ေရခ်ိဴးခန္းဘက္ အရင္ၾကည့္ရေသးသည္ ။ ကိစၥမ႐ွိ ကိုႀကီးက ေရခ်ိဴးခန္းထဲေရာက္လ်ွင္ အခ်ိန္ၾကာတတ္သည္ ။
အထဲတြင္ ေသခ်ာေခါက္ထားသည့္ စာရြက္ေလးကို ရိေပၚ ဖြင့္ဖတ္ၾကည့္လိုက္သည္ ။
သို႔/ ယုေမ ငါ နင့္ကုိ စေတြ႔ကတည္းက သေဘာက်ခဲ့တာ ။ နင့္ရဲ႕ ႐ွည္လ်ားတဲ့ ဆံႏြယ္ေလးေတြ ။ နင့္ရဲ႕ ေကာ့စင္းေနတဲ့ မ်က္ေတာင္ေလးေတြ ။ နင္က ငါ့ရဲ႕ အလွနတ္သမီးေလးပါ ။
စသည္ျဖင့္ ရည္းစားစာလား ။ ဟြမ္ယုေမ ၏ အလွတရားကို ဖြဲ႔ႏြဲ႔သည့္စာလား မသဲကြဲသည့္စာကိုဖတ္ၿပီး ရိေပၚ ရံႈ႕မဲ့လာသည္ ။ ၿပီးေနာက္ ထိုစာရြက္ႏွင့္ အေရာင္တူစာရြက္ တစ္ခုကိုယူကာ စာအခ်ိဴ႕ကို ရိေပၚ ခ်ေရးလိုက္သည္ ။
ေရးၿပီးတဲ့ စာရြက္ေလးကုိ ေသခ်ာေခါက္ကာ စာအိတ္ထဲထည့္လိုက္ၿပီး သူ႔ေနရာႏွင့္သူ လက္ရာမပ်က္ျပန္ထားလိုက္သည္ ။
ရည္းစားစာမေရးတတ္သည့္ ကုိႀကီးအား သူကူညီကာ ကမၻာေပၚတြင္႐ုိမန္႔တစ္အဆန္ဆံုးေသာ စာမ်ားေရးေပးလိုက္ၿပီျဖစ္သည္ ။
ရိေပၚ မ်က္ႏွာထက္တြင္ ေက်နပ္ေနသည့္ အျပံဳးႀကီးက ခ်ိတ္ဆြဲလ်က္ ။
🌱🌱🌱
Female Character မ်ားအား အစစ္မ ဟု သံုးစြဲခြင့္မျပဳပါ ။
_______________________
UNICODE
ရှောင်းကျန့် နှင်းဆီအနီလေးကိုကိုင်ကာ တစ်စုံတစ်ယောက်ကို စောင့်နေသည် ။ ထိုသူကား ဟွမ်ယုမေ ပင် ။ ရှောင်းကျန့် သူမကို တိတ်တခိုးချစ်နေခဲ့သည်မှာ သုံးရက်ကြီးများတောင်ရှိပြီဖြစ်သည် ။
ဖြောင့်စင်းနေသော အနက်ရောင်ဆံနွယ်လေးတွေက ရှောင်းကျန့် ရင်ကိုလှုပ်ခါစေသည် ။ ဒီနေ့တော့ သူဖွင့်ပြောမယ်လို့ ဆုံးဖြတ်ကာ သူမကိုစောင့်နေလိုက်သည် ။
"ရှောင်းကျန့်...ဟိုမှာ ယုမေ လာနေပြီ"
ဘေးတွင်ရပ်နေသည့် ကျိူးချန်က လက်ဖြင့်ပုတ်ကာ သတိပေးလာ၍ ရှောင်းကျန့် သူမကို တစ်ချက်ကြည့်ကာ အကျႌကိုဆွဲဆန့်လိုက်သည် ။ သူမ သူ့အနားရောက်ဖို့နီးလာလေလေ သူ့နှလုံးတွေခုန်လာလေလေ ။
"ယုမေ..."
နာမည်ခေါ်ကာ ရှေ့ကနေပိတ်ရပ်လိုက်သည့် ရှောင်းကျန့် ကြောင့် ဟွမ်ယုမေ ခြေလှမ်းများရပ်သွားသည် ။
ရှောင်းကျန့် လက်ထဲတွင် ကိုင်ထားသည့် နှင်းဆီပန်းကို ယုမေ ထံ ကမ်းပေးလိုက်သည် ။
"ငါ...နင့်ကို..."
"ကိုကြီး !!!!!"
ခုနစ်သံချီကာ အော်ဟစ်ပြီး ပြေးလာပါသော ဝမ်ရိပေါ် ။
ရှောင်းကျန့် မျက်မှောင်ကြုတ်ကာ ရိပေါ်ကို လှမ်းကြည့်လိုက်သည် ။
သာသနာဖျက် !
"ကိုကြီး...မောလိုက်တာ "
ရိပေါ် မှာ ဟောက်ရွှမ်း ရဲ့ 'စီနီယာရှောင်း က နှင်းဆီပွင့်ကိုင်ပြီး တစ်ယောက်ယောက်ကို ရည်းစားစကားပြောမလို့လားမသိဘူး' ဆိုတဲ့ စကားကြားကြားချင်း သေးပေါက်ရင်းကနေ ပြေးထွက်လာတာ အသက်တောင် ကောင်းကောင်းမရှူနိုင် ။
"မင်းကို...ဘယ်သူက ပြေးလာခိုင်းလို့လဲ!"
"မပြေးလာရင် အသဲကွဲတော့မှာလေ"
ရှောင်းကျန့် နှင့် ရိပေါ် ကိုကြည့်ပြီး ဟွမ်ယုမေ သည်သက်ပြင်းချကာ ရှောင်ထွက်သွားသည် ။
"ဟာ...ယုမေ...ယုမေ...ခဏလေး..."
ရှောင်းကျန့် အော်ခေါ်လိုက်သော်လည်း ယုမေသည် သူ့ဘက်ကိုတစ်ချက်လေးတောင် ပြန်လှည့်မကြည့်လာခဲ့ပေ ။ အနောက်ကနေ ပြေးလိုက်ရအောင်ကလည်း ဘေးက အဖျက်ကောင်က သူ့လက်ကိုဆွဲထားပြန်သည် ။ တခြားကျောင်းသူ ၊ ကျောင်းသားတွေက သူတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့် ။ သူ့ဘဝမှာ တစ်ခါမှ ဒီလို image မပျက်ဖူးပေ ။
"ကျွတ်စ်! ဝမ်ရိပေါ် ငါ့လက်ကိုလွှတ်စမ်း!"
"လွှတ်ရင်ပြေးထွက်သွားမှာပေါ့လို့!"
"ပြေးထွက်ချင်စရာကောင်းအောင် မင်းလုပ်တာလေ"
"သား ဘာမှမလုပ်ဘူး ။ သား ဖြူစင်တာ သား ပဲသိတယ်"
ရှောင်းကျန့် လက်ခလယ်ထောင်ပြကာ သူ့လက်ကိုဆွဲထားသည့် ရိပေါ် လက်ကိုဆောင့်ရုန်းကာ ထွက်သွားသည် ။
ရိပေါ် ဘယ်လိုမှမနေပါ ။ ကိုကြီး သည် ဘယ်လိုအခြေအနေမျိူးမှာပဲဖြစ်နေပါစေ ဝမ်ရိပေါ် ဆိုသည့် သူတစ်ယောက်သာ ပိုင်ရမည် ။
"ရိပေါ်...ဘယ်လိုလဲ"
ရိပေါ် သူ့ဘေးရောက်လာသည့် ဟောက်ရွှမ်း ကို နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးပြလိုက်သည် ။
"ငါပါကွ...အဲဗရီးသင့်အစ်အိုကေ"
"အဆင်ပြေရင်ပြီးတာပဲ"
"အဆင်မပြေတာ တစ်ခုရှိတယ် "
"ဘာလဲ!"
ဟောက်ရွှမ်း စိတ်ပူပူနဲ့မေးလိုက်သည် ။
"ငါ သေးပေါက်နေရင်းနဲ့ တစ်ဝက်တစ်ပြတ်ကြီးပြေးထွက်လာတာ ။ ပြန်သွားပေါက်လိုက်ဦးမယ် ။ အောင့်ထားရတာ အဆင်မပြေဘူး"
ဟောက်ရွှမ်း မှာ ပြေးကန်ချင်စိတ်လေးကို မနည်းထိန်းထားရသည် ။ သူ့မှာတော့ စီနီယာရှောင်း ကများ ကောင်မလေးကို ချစ်ခွင့်ပန်လိုက်ပြီလားလို့ ။
ရယ်ကျဲကျဲလုပ်ကာ ထွက်သွားသည့် ရိပေါ် ကို ဟောက်ရွှမ်း လှမ်းအော်လိုက်သည် ။
"အေး...မအောင့်နိုင်ရင် ဖြတ်သာချလိုက်!"
.............
ရှောင်းကျန့် ဒေါသထွက်၍ လက်ထဲကဘောပင်ကို ခုံပေါ်ဆောင့်ချလိုက်သည် ။
ကျိူးချန် နှင့် ကျိရန်က စာလုပ်နေရင်းမှ ရှောင်းကျန့်ကို ခေါင်းထောင်ကြည့်လာသည် ။
"ဘယ်လိုဖြစ်တာလဲ...ရှောင်းကျန့် "
ကျိရန် ၏ အမေးကို ကျိူးချန် က ဝင်ဖြေပေးသည် ။
"သူ..ယုမေကို ရည်းစားစကားပြောတာ အဆင်မပြေလို့"
"ဟမ်!...ယုမေက သူ့ကိုငြင်းလိုက်လို့လား"
"မဟုတ်ဘူး ။ အထက်တန်း ပထမနှစ် (C) က ဝမ်ရိပေါ်ကိုသိတယ်မလား"
"သိတယ်လေ"
"အေး...အဲ့ကောင်လေးကြောင့် သူ့ရဲ့ ရည်းစားစကားပြောမယ့် အစီအစဉ်ပျက်သွားလို့ စိတ်တိုနေတာ"
"ကျွတ်စ်!...သူ့အကြောင်း လာမပြောစမ်းနဲ့!"
ရှောင်းကျန့် အော်လိုက်ခြင်းကြောင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ကျိူးချန်မှာ မျက်ခုံးတစ်ဖက်ပင့်ကြည့်ကာ အသံတိတ်သွားသည် ။
ရှောင်းကျန့် တကယ်ကို စိတ်မကြည်ပေ ။
"မင်းကလည်း...ဒီတစ်ခါအဆင်မပြေရင် နောက်တစ်ခါထပ်ကြိုးစားပေါ့"
"မင်း မသိပါဘူး ကျိရန်ရာ ။ အဲ့ကောင်လေး လိုက်ဖျက်ဦးမှာ"
ရှောင်းကျန့် စကားကိုကြားတော့ ကျိရန်က ခပ်တိုးတိုးရယ်သည် ။
"ဘာဖြစ်လဲ ။ ထပ်ကြိုးစားပေါ့ ။ မင်း ယုမေကို သဘောကျတယ်မလား"
ရှောင်းကျန့် ကျိရန် ၏ အမေးကို ခေါင်းငြိမ့်ပြလိုက်သည် ။
"ဒါပဲလေ ။ မင်း သဘောကျတာ မင်း စိတ်တိုင်းကျထပ်ကြိုးစားပေါ့"
"အင်း"
ရှောင်းကျန့် ယုမေကို တကယ်သဘောကျသည် ။ ဒီအတိုင်း လူငယ်သဘာဝချောတာ ၊ လှတာမက်လို့ သဘောကျတာမှန်း သူ့ကိုယ်သူသိပေမယ့် လက်မလျှော့နိုင်ပါ ။
ဝမ်ရိပေါ် မင်းဖျက်နိုင်မလား ။ ငါပဲ တွဲနိုင်မလား ။
ကြည့်ရသေးတာပေါ့ ။
..........
ရှောင်းကျန့် ပန်းရောင်စာရွက်ပေါ်တွင် စာသားတစ်ချိူ့ ချရေးပြီးနောက် ထိုစာရွက်လေးကို သေချာခေါက်ကာ ပန်းရောင်စာအိတ်လေးထဲထည့်ပြီး ရေမွှေးအနည်းငယ်ဖြန်းလိုက်သည် ။
ထို့နောက် ထိုစာအိတ်လေးကို နမ်းကြည့်လိုက်သည် ။
မွှေးနေတာပဲ ။ ယုမေ ရင်ခုန်သွားလောက်တယ် ဟိ!
"ဒေါက်!...ဒေါက်!...ဒေါက်"
ရှောင်းကျန့် လက်ထဲက စာအိတ်ကို စာကြည့်စားပွဲပေါ်တင်ကာ တံခါးသွားဖွင့်လိုက်သည် ။
"ဟင်...မင်း!"
"ဟီး...."
ရိပေါ် အစွမ်းကုန်သာ ရယ်ပြလိုက်သည် ။
"ဘာလာလုပ်တာလဲ "
"စာမေးပွဲ နီးပြီလေ ။ ကိုကြီးကို မသိတာတွေလာမေးတာ"
"မင်း ခါတိုင်းဘယ်လိုလုပ်လဲ!"
ဒီကောင်လေး မသိတာရှိလျှင် သူ့ဆီလာမေးနေကြဖြစ်သော်လည်း အရှေ့စာမေးပွဲတွေတုန်းက မရောက်လာပဲ အခုမှရောက်လာ၍ တမင်မေးလိုက်ခြင်းဖြစ်သည် ။
"ကိုကြီးကလည်း အဲ့တုန်းက စာကလွယ်တယ်လေ ။ သား လုပ်နိုင်တယ် ။ အခုက မရလို့ပါ "
"ပြီးရော...အထဲဝင်"
"ဟုတ်"
"စာကြည့်စားပွဲမှာ ငြိမ်ငြိမ်ထိုင်နေ ။ ငါ ခြေလက်ဆေးပြီးရင် လာခဲ့မယ် ။ ငါ့ ပစ္စည်းတွေ လျှောက်မထိနဲ့နော်"
"ဟုတ်...ဟုတ်"
ခေါင်းလေးငြိမ့်ကာ ဖြေလာသည်မို့ ရှောင်းကျန့် စိတ်ချကာ ခြေလက်ဆေးရန်ပြင်လိုက်သည် ။
ရိပေါ် စာကြည့်စားပွဲတွင် ငြိမ်ငြိမ်လေးထိုင်ကာ လျှောက်ကြည့်နေသည် ။
ကိုကြီးက လူကိုပဲ ငြိမ်ခိုင်းတာ ။ မျက်စိမပါဘူး ။
ကိုကြီး အခန်းကို သူခဏခဏရောက်ဖူးပါသည် ။ အိမ်က သူ့အခန်းနှင့်မတူပဲ ကိုကြီး အခန်းက အလွန်သပ်ရပ်သည် ။ ပြီးနောက် မွှေးလည်းမွှေးသည် ။ တစ်ခန်းလုံး ကိုကြီး၏ ကိုယ်သင်းနံ့လေးရသည်မလို့ ရိပေါ် သဘောကျသည် ။
စားပွဲခုံပေါ်တွင် စာအုပ်များက စီစီရီရီ ။ အကုန်သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ပင် ။ ထိုစဉ် ရိပေါ် မျက်လုံးထဲကန့်လန့်ဝင်ရောက်လာသည်က ပန်းရောင်စာအိတ်လေးပင်ဖြစ်သည် ။
ရိပေါ် ထိုစာအိတ်ကို ယူကြည့်လိုက်၏ ။ မကြည့်ခင် ရေချိူးခန်းဘက် အရင်ကြည့်ရသေးသည် ။ ကိစ္စမရှိ ကိုကြီးက ရေချိူးခန်းထဲရောက်လျှင် အချိန်ကြာတတ်သည် ။
အထဲတွင် သေချာခေါက်ထားသည့် စာရွက်လေးကို ရိပေါ် ဖွင့်ဖတ်ကြည့်လိုက်သည် ။
သို့/ ယုမေ ငါ နင့်ကို စတွေ့ကတည်းက သဘောကျခဲ့တာ ။ နင့်ရဲ့ ရှည်လျားတဲ့ ဆံနွယ်လေးတွေ ။ နင့်ရဲ့ ကော့စင်းနေတဲ့ မျက်တောင်လေးတွေ ။ နင်က ငါ့ရဲ့ အလှနတ်သမီးလေးပါ ။
စသည်ဖြင့် ရည်းစားစာလား ။ ဟွမ်ယုမေ ၏ အလှတရားကို ဖွဲ့နွဲ့သည့်စာလား မသဲကွဲသည့်စာကိုဖတ်ပြီး ရိပေါ် ရံှု့မဲ့လာသည် ။ ပြီးနောက် ထိုစာရွက်နှင့် အရောင်တူစာရွက် တစ်ခုကိုယူကာ စာအချိူ့ကို ရိပေါ် ချရေးလိုက်သည် ။
ရေးပြီးတဲ့ စာရွက်လေးကို သေချာခေါက်ကာ စာအိတ်ထဲထည့်လိုက်ပြီး သူ့နေရာနှင့်သူ လက်ရာမပျက်ပြန်ထားလိုက်သည် ။
ရည်းစားစာမရေးတတ်သည့် ကိုကြီးအား သူကူညီကာ ကမ်ဘာပေါ်တွင်ရိုမန့်တစ်အဆန်ဆုံးသော စာများရေးပေးလိုက်ပြီဖြစ်သည် ။
ရိပေါ် မျက်နှာထက်တွင် ကျေနပ်နေသည့် အပြုံးကြီးက ချိတ်ဆွဲလျက် ။
🌱🌱🌱
Female Character များအား အစစ်မ ဟု သုံးစွဲခွင့်မပြုပါ ။
_______________________