မနက်တွေကို မုန်းတယ်
အိပ်ရဦးမယ်
ဒါမှမဟုတ်
အိပ်ရာဝင်ရတယ်
တေးဂီတလည်းမလိုဘူး
#Meldian
အိပ်ရမယ်...အိပ်ရမယ်...ပေါ့
ဒီအတွေးတွေ ငါ့ခေါင်းထဲရိုက်သွင်း
မလာစေချင်တောင် ရောက်လာတဲ့
မနက်တွေကို မုန်းတယ်
မျှော်နေတာတောင် ပေါ်မလာတဲ့
မင်းကိုလည်း မုန်းချင်လာတယ်...
အိပ်ရဦးမယ်
မနက်ကျရင် အစကနေပြန်နာကျင်ဖို့
ဒါမှမဟုတ်
ပြန်မလာသူကို အစကနေပြန်စောင့်ဖို့
ဒီလိုနဲ့ အမှောင်ကိုခြုံ
အိပ်ဆေးတွေမြိုချရင်း
အိပ်ရာဝင်ရတယ်
တကယ်ဆို ပုံပြင်လည်းမလိုဘူး
တေးဂီတလည်းမလိုဘူး
"ပြန်လာခဲ့မယ်စောင့်နော်" လို့မှာခဲ့ရင်တောင်
ငါခံနိုင်ရည်ရှိဦးမယ် အချစ်ရယ်... ...။
#Meldian