🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺
ျမတ္ဘုန္းစီကဖုန္းလာျပီးေနာက္
ေကာင္းကင္ ဖင္မထိုင္နိုင္ဘဲ အခန္းထဲဟိုသြားဒီသြား။
"ဟဲ့ ျငိမ္ျငိမ္ထိုင္စမ္းပါေကာင္းကင္ရယ္
ငါမ်က္စိေတြေနာက္လိုက္တာ"
"မျငိမ္နိုင္ဘူးဟ နင္မၾကားဘူးလားျမတ္ဘုန္းေျပာတာ
အကိုကငါတို႔အိမ္ကို အလည္လာခ်င္လို႔လိုက္ပို႔ခိုင္းပါတယ္တဲ့ဆို"
"ၾကားတယ္ေလ အဲ့ဒါဘာျဖစ္လဲ
လာေတာ့ဧည့္ခံယံုပဲေလ"
"ငါဘယ္လိုလုပ္ရမလဲဟင္
ေဖေဖနဲ႔ေမေမေရွ႕မွာ ငါအကို႔ကိုဘယ္လိုၾကည့္ရမလဲ"
"နင္ကဘယ္လိုၾကည့္ခ်င္လို႔လဲ အၾကင္နာမ်က္ဝန္းေတြနဲ႔လား
အခ်စ္ေတြအျပည့္ပါတဲ့မ်က္ဝန္းေတြနဲ႔လား"
"နင္ကလဲဟာ ငါ့ကိုစမေနနဲ႔
တကယ္ေျပာေနတာ အကိုက တခါမွလဲမလာဘူးေတာ့
ငါအဆင္မေျပဘူး"
"ဘာမွမျဖစ္ဘူး ပံုမွန္အတိုင္းနင္တို႔ေတြ႔သလိုပဲေလ
ေဒါက္တာကလဲ အသိမိတ္ေဆြအိမ္ကိုလာတာ
နင္ကလဲ အသိမို႔ေဖာ္ေဖာ္ေရြေရြဆက္ဆံတာဒါပဲ"
"နင္ဘယ္မွမသြားနဲ႔ေနာ္သိလား
ငါေၾကာက္တယ္"
"ေယာက်ာ္းေလးျဖစ္ေနျပီးဟာ
ေအးပါ ေအးပါ……ငါနင္နားေနေပးမယ္
အခုေန႔လည္စာ စီစဥ္ဖို႔ ေမေမ့ကိုသြားေျပာရေအာင္"
"ျဖစ္ပါမလား……ေမေမက ေမးျမန္းေနရင္"
"ငါရွိပါတယ္ဆိုေကာင္းကင္ရယ္
ေက်ာင္းကိုေဆးလာစစ္တဲ့ေဒါက္တာက အရင္တုန္းကသိတဲ့မိတ္ေဆြမို႔ ထမင္းစားဖိတ္တာလို႔ေျပာလိုက္ရင္ရတယ္"
"ေအး……ေအးပါ……နင္ေကာင္းသလိုေျပာ"
အခန္းထဲကရင္ေကာ့ကာထြက္သြားသည့္ၾကယ္စင္ေနာက္ကို
ဂဏာမျငိမ္လိုက္ရသူကေကာင္းကင္။
ရင္ဘတ္ၾကီးဆိုတာ ေပါက္ထြက္ေတာ့မလိုပဲ။
အကိုကအိမ္ကိုလာမယ္တဲ့ေလ။
ေကာင္းကင္ ကံေကာင္းေနသည္က ပိတ္ရက္မွာေတာင္ အကို႔ကိုေတြ႕ရအံုးမည္။
"ေလေျပေလးေရ သမီးအတြက္ သတင္းေကာင္းေျပာမယ္"
ေဖေဖနဲ႔ေမေမတို႔ၾကား တီတီတာတာေျပာေနသည့္ တူမေလးကိုၾကယ္စင္စကားစလိုက္သည္။
"တီတီဘာလဲဟင္"
"သမီးရဲ႕ဦးဦးေဒါက္တာကို တီတီထမင္းစားဖိတ္ထားတယ္"
"ဦးဦးေဒါက္တာလာမွာလား"
"ဟုတ္တယ္တူမေလးရဲ႕"
"ေရး……ေပ်ာ္လိုက္တာ"
"သမီးဧည့္သည္လာမွာ ေမေမ့ကိုလဲမေျပာဘူး"
"သမီးလဲအခုမွ လွမ္းဖိတ္ထားတာမို႔ပါ
ျပီးခဲ့တဲ့ရက္က ေက်ာင္းကိုေဆးစစ္လာတဲ့ေဒါက္တာေလ
အရင္ကလဲအသိ ျပီးေတာ့ ေကာင္းကင္တို႔သူေ႒းရဲ႕ညီမို႔
အိမ္ကိုထမင္းစားဖိတ္လိုက္တာ ေမေမအဆင္ေျပတယ္မို႔လားဟင္"
"ေအာ္ ေျမးငယ္ပါးစပ္ဖ်ားကမခ်တဲ့ေဒါက္တာလား
အဆင္ေျပပါတယ္ ေမေမေန႔လည္စာစီစဥ္ေပးမယ္"
"ဟုတ္ေမေမ တူမေလးကို သမီးထိန္းထားေပးမယ္"
"ေအးေအး"
"က်ေနာ္ေမေမ့ကိုကူေပးမယ္"
ၾကယ္စင့္ေနာက္မွာရပ္ေနရာက ေကာင္းကင္ဝင္ေျပာလိုက္သည္။
ကိုယ္တိုင္ခ်က္ျပဳတ္တက္ေပမဲ့ ေမေမအထင္လြဲမည္စိုးတာေၾကာင့္ ကူညီမည္ဟုသာေျပာလိုက္သည္။
"ေအး ေကာင္းတာေပါ့သားငယ္ရယ္
ျမန္ျမန္ျပီးတာေပါ့"
"ဟုတ္ ေမေမ"
ေဖေဖရယ္ၾကယ္စင္ရယ္ကေတာ့ သမီးငယ္နဲ႔ေဆာ့ရင္းဧည့္ခန္းမွာက်န္ခဲ့သည္။
မီးဖိုေခ်ာင္မွာ ေမေမ့ကိုကူညီရင္း အမွားမျဖစ္ေအာင္ဂရုစိုက္ေနရသည္။
"သားငယ္ ပန္းကန္ေတြယူခဲ့ ဟင္းထည့္ရေအာင္"
"ဟုတ္ေမေမ"
ပန္းကန္စင္ေပၚက ပန္းကန္လံုးေတြေမေမ့စီယူေပးျပီး
ဟင္းပြဲေတြ ေသခ်ာစီထားလိုက္သည္။
အားလံုးျပီးသြားေတာ့ ေမေမက ေရခ်ိဳးအံုးမည္ဆိုကာ မီးဖိုေခ်ာင္ကထြက္သြားသည္။
ေကာင္းကင္တစ္ေယာက္ထဲ ထမင္းစားပြဲေရွ႕မွာရပ္၍ ျပံဳးေနမိသည္။
တစ္ၾကိမ္တစ္ခါေလာက္ေတာ့ အကို႔ကို က်ေနာ္ကိုယ္တိုင္ခ်က္ေက်ြးခ်င္ပါေသးတယ္။
က်ေနာ္မေခၚဘဲလာတဲ့ဧည့္သည္က အကိုမို႔ ႏႈတ္မဆက္ဘဲထြက္မသြားဖို႔ က်ေနာ္ေမ်ွာ္လင့္ပါရေစ။
………………………………………………
"လာပါကိုခန္႔ရာ သြားပါမယ္ဆို"
"မင္းဟာကကြာ သူမ်ားနားရက္ကို ေအးေအးေဆးေဆးေနပါေစ"
"ေကာင္းကင္ကိုယ္တိုင္က ကိုခန္႔ကို အိမ္အလည္ေခၚတာပါဆို
မလိုက္ခ်င္လဲေနဗ်ာ က်ေနာ့္ဘာသာသြားေတာ့မယ္"
သူေခၚတာမရ၍ျမတ္ဘုန္းစိတ္ဆိုးေနျပီဆိုတာခန္႔တည္သိသည္။
ေကာင္းကင္အလုပ္ပိတ္ရက္ အိမ္အလည္သြားဖို႔ ေခၚေနျခင္း။
ခန္႔တည္အေနနဲ႔သြားခ်င္ေသာ္လည္း ေကာင္းကင္အလုပ္ရႈပ္မည္စိုးတာေၾကာင့္ ျငင္းေနမိသည္။
ေကာင္းကင္က တစ္ပတ္လံုးမွ ႏွစ္ရက္ေလးနားရတာမဟုတ္လား။
ကေလးတစ္ဖက္နဲ႔ဆိုေတာ့ နားရက္ေတာင္ ေကာင္းေကာင္းျဖတ္သန္းရမွာမဟုတ္ဘူး။
"ကိုခန္႔ တကယ္မလိုက္ဘူးလား"
အခန္းျပင္ေရာက္ျပီးမွ ျမတ္ဘုန္းျပန္ဝင္လာျပန္သည္။
"ေနာက္မွသြားမယ္ေလကြာ"
"သြားရေအာင္ဗ်ာ က်ေနာ့္ေကာင္မေလးနဲ႔မိတ္ဆက္ေပးမလို႔ပါဆို"
"မင္းေကာင္မေလးနဲ႔ေကာင္းကင္အိမ္သြားတာဘာဆိုင္လို႔လဲ"
"က်ေန့ာ္ေကာင္မေလးက အဲ့ဒီကမို႔ေပါ့ ကိုခန္႔ရာ
သြားရေအာင္ပါဆို ဘယ္လိုေတာင္လက္ေပါက္ကပ္ေနတာလဲဗ်ာ"
"မဟုတ္မွ ေကာင္းကင္အမကိုေျပာေနတာမ်ားလား"
"သိခ်င္တယ္မို႔လား သြားမယ္"
ထိုင္ေနတာကို ဇြတ္ဆြဲထူေနသည့္ျမတ္ဘုန္းက
မလိုက္မခ်င္း နားပူေအာင္လုပ္မည့္ပံုေပ။
လူနာၾကည့္စရာလဲမရွိတာမို႔ လိုက္သြားရန္သာဆံုးျဖတ္လိုက္ေတာ့သည္။
"ေနပါအံုးကြာ အက်ီ ၤေလးေတာ့ ယူပါရေစအံုး
ေန႔လည္စာ တခါထဲစားရေအာင္"
"မစားနဲ႔"
"ေျဖးေျဖးေျပာပါ မင္းကလဲေအာ္လိုက္တာ"
"ေလာသြားလို႔ပါကိုခန္႔ရယ္
ေကာင္းကင္ကသူ႕အိမ္မွာေန႔လည္စာေက်ြးခ်င္လို႔
ခ်က္ထားတယ္တဲ့ အဲ့ဒါေၾကာင့္ မစားနဲ႔ေျပာတာ"
"ျမတ္ဘုန္း မင္းသူမ်ားအိမ္ကိုအားနာစရာ"
"ဘာသူမ်ားလဲ ေကာင္းကင္ကသူစိမ္းမွမဟုတ္တာ
ဒီေလာက္ရင္းနီးတာကို အားနာစရာမလိုပါဘူးဗ်ာ"
ေျပာမနိုင္သည့္ျမတ္ဘုန္းကို ခန္႔တည္လႊတ္ထားလိုက္ရသည္
သြက္လက္လြန္းတဲ့ျမတ္ဘုန္းနဲ႔အေနေအးသည့္ေကာင္းကင္
ဘယ္လိုမ်ားသူငယ္ခ်င္းျဖစ္လာၾကပါလိမ့္။
"ျမတ္ဘုန္း ငါတို႔လက္ေဆာင္ေလးတစ္ခုခုေတာ့ ဝယ္သြားသင့္တယ္မဟုတ္ဘူးလား"
"မဝယ္လဲရတယ္ ကိုခန္႔တစ္ေယာက္လံုးပါေနတာ
ဘာလက္ေဆာင္မွမလိုဘူး"
"မင္းစကားၾကီးကလဲကြာ မသိရင္ေကာင္းကင္အတြက္
ငါကလက္ေဆာင္က်လို႔"
"က်ေနာ္ေျပာတာလဲအဲ့သေဘာပဲေလ"
ျမတ္ဘုန္းျပံဳးစိစိႏွင့္ေျပာလိုက္ေတာ့ ကိုခန္႔ျငိမ္သြားသည္။
ေသခ်ာပါတယ္ ကိုခန္႔ဘက္က ေကာင္းကင္ကိုစိတ္ဝင္စားေနတာ။
"လူၾကီးေတြရွိေသးတယ္မဟုတ္လား
လက္ဗလာနဲ႔သြားတာထက္ တစ္ခုခုယူသြားတာပိုသင့္ေတာ္မယ္ျမတ္ဘုန္း"
"ဒါဆိုလဲ အသီးေတြဝယ္လိုက္မယ္
ေကာင္းကင္တို႔အိမ္ကသစ္သီးစားၾကတယ္"
"အင္း"
သစ္သီးသြားဝယ္မည့္ျမတ္ဘုန္းကို ခန္႔တည္ပိုက္ဆံထုပ္ေပးလိုက္သည္။
ခဏေနေတာ့ သစ္သီးျခင္းလွလွတစ္လံုးျဖင့္ျပန္ေရာက္လာသည္။
"အဆင္ေျပလားကိုခန္႔ ဒီေလာက္ဆို"
"အင္း ရျပီ"
"သူငယ္ခ်င္းအိမ္အလည္သြားတာပဲ
ေယာကၡကိုသြားေတြ႔ရတာက်လို႔"
"ဟိတ္ေကာင္ မင္းကေလးကိုပစ္မွားေနတာလား"
"မဟုတ္ပါဘူး က်ေနာ္ေျပာတာကိုခန္႔ကို
က်ေနာ့္ကိုက်ေနာ္မဟုတ္ဘူး"
"ဒီေကာင္ေတာ့"
ျမတ္ဘုန္းေျပာတာေတြေၾကာင့္ ခန္႔တည္မွာရင္တထိတ္ထိတ္။
အစကဘယ္လိုမွမေနေသာ္လည္း ကုိယ္ကေကာင္းကင္ကို ခ်စ္ေနမိတာဆိုေတာ့ ေကာင္းကင္မိဘေတြကိုအားနာသြားရသည္။
သူတို႔သားအေပၚမရိုးမသားစိတ္ျဖစ္မိတာသိရင္ အိမ္ကိုအလာခဲပါ့မလား။
မီးေမႊးလိုက္ျပန္ျပီ ျမတ္ဘုန္းရာ။
…………………………………………
"ဖင္တၾကြၾကြနဲ႔ ငါအျမင္ကပ္လာျပီေကာင္းကင္
ေတာ္ေသးတာေပါ့ ေမေမတို႔ရိပ္မိမွာစိုးလို႔သာ မဟုတ္ရင္ ဟိုကလာတာနဲ႔ေျပးေတာင္ဖက္မလားဘဲ"
"တိုးတိုးေျပာပါၾကယ္စင္ရာ
နင္နဲ႔ေတာ့ ငါနားကားေတာ့မွာပဲ"
"ဘာျဖစ္လဲေျပာမွာပဲ သမီးကကဲ အေဖကသဲနဲ႔"
ၾကယ္စင္က တံခါးဝတြင္ထိုင္ကာ အကို႔ကိုေမ်ွာ္ေနသည့္သမီးငယ္ကိုၾကည့္၍ေျပာသည္။
"နင္ကလဲ သမီးငယ္က ေဒါက္တာ့ကိုသံေယာဇဥ္တြယ္ေနလို႔ပါ
ကေလးကိုေတာ့ အျမင္မေစာင္းပါနဲ႔"
"ေစာင္းမွာပဲ ငါ့ထက္ေတာင္ သူကေဒါက္တာ့ကုိ ပိုခင္တြယ္ေနေသး
သူ႔အေဖက်ေနတာပဲ"
"ၾကယ္စင္ နင္ဟာစကားကို ျပီးစလြယ္မေျပာစမ္းနဲ႔
ငါအေဖတစ္ေယာက္လံုးရွိေနတာ ဘာကိစၥအကိုက သမီးငယ္အေဖျဖစ္ရမွာလဲ"
"နင့္သမီးရုပ္ကိုၾကည့္ပါလား ေဒါက္တာ့ရုပ္
ဗိုက္ထဲကတည္းကမ်ား ေဒါက္တာ့ကိုလိုက္ရွာေနလားမသိဘူး"
"မတူပါဘူးဟ သမီးငယ္ကငါနဲ႔ပဲတူတာ
သူ႔အေမနဲ႔ေတာင္တူတာမဟုတ္ဘူး"
"ဘယ္တူမွာတုန္း အေမမွမရွိတာ"
ထိုစကားကိုေတာ့ ၾကယ္စင္ခပ္တိုးတုိးသာေျပာလိုက္ျခင္း။
တစ္ရက္ကေကာင္းကင္အခန္းကိုေျပာစရာရွိလို႔သြားေတာ့
ေကာင္းကင္ေရခ်ိဳးေနတာမို႔ အခန္းရွင္းေပးရင္းေစာင့္ေနခဲ့သည္။
ေကာင္းကင္ ေရခ်ိဳးခန္းထဲကထြက္လာလို႔ ၾကယ္စင္လွည့္ၾကည့္လိုက္ေတာ့ ဗိုက္မွာအေတာ္အသင့္အရြယ္ရွိတဲ့ ခ်ဳပ္ရိုးေၾကာင္းကိုေတြ႕လိုက္ရသည္။
ေကာင္းကင္က တဘက္နဲ႔ဖုံုးလိုက္ေပမဲ့ ၾကယ္စင္ျမင္လိုက္သည္။
ေကာင္းကင္က်န္းမာေရးေၾကာင့္ ခြဲစိတ္ရတယ္ဆိုျပီး
မေျပာဘူးတာမို႔ ထိုခ်ဳပ္ရိုးခြဲေၾကာင္းက ကေလးေမြးထားသည္ဟုသာ ၾကယ္စင္တစ္ထစ္ခ်ယံုၾကည္လိုက္သည္။
ေကာင္းကင္လိမ္ေနတာသိေသာ္လည္း ၾကယ္စင္အတင္းမေမးျမန္းျဖစ္။
ဒီတိုင္းက ေကာင္းကင္အတြက္ပိုအဆင္ေျပတာမို႔ သူ႔မိန္းမေသသြားျပီဆိုတာကို ၾကယ္စင္လက္ခံထားလိုက္သည္။
"ေဖေဖ……ဦးဦးေဒါက္တာလာျပီ"
လက္ခုပ္ေလးတီးကာ အျပင္ထြက္သြားသည့္ သမီးငယ္က ေပ်ာ္ေနမွန္းသိသာေစသည္။
"ၾကယ္စင္ သြားမယ္လာ"
"ေအးေအး"
ၾကယ္စင့္ကိုအပါေခၚကာ အိမ္အျပင္ထြက္လာခဲ့ေတာ့
သမီးငယ္က အကို႔လက္ေပၚေရာက္ေနျပီျဖစ္သည္။
"အကို"
"ေကာင္းကင္ နားရက္ကို အလုပ္ရႈပ္သြားျပီ sorry"
"မဟုတ္တာ အထဲဝင္ပါအကို"
"အင္း"
အထဲကိုဦးေဆာင္ေခၚခဲ့သည့္ေနာက္ ဧည့္ခန္းတြင္ အကိုအားထိုင္ေစလိုက္သည္။
သမီးငယ္ကေတာ့ အကို႔ေပၚမွာေတာက္တဲ့လိုကပ္ေနဆဲ။
က်န္ခဲ့သည့္ျမတ္ဘုန္းကေတာ့ မေက်မနပ္ေရရြတ္သည္။
"ငါ့ကိုေတာင္ အိမ္ထဲဝင္ဖို႔ေခၚမသြားဘူး"
ျမတ္ဘုန္းႏွင့္မ်က္ႏွာခ်င္းဆိုင္က ၾကယ္စင္သည္လဲ ျမတ္ဘုန္းနည္းတူပင္။
"အခုငါ့ကို ပလစ္သြားတာလား ေကာင္းကင္က"
ေစာေစာက အပူတပ်င္းျဖစ္ေနေသာ ေကာင္းကင္ဟာ
အခုေတာ့ ၾကယ္စင့္ကို သတိေတာင္ရဟန္မတူေတာ့ေပ။
"အမၾကယ္စင္ က်ေနာ့္ကို အိမ္ထဲေပးဝင္ပါအံုးဗ်"
"ေအာ္ ေအး လာလာ"
ေက်ာင္းတက္တုန္းက ၾကယ္စင္နဲ႔ျမတ္ဘုန္းက သိပ္မတည့္ခ်င္ေသာ္လည္း အခုေတာ့ လူၾကီးျဖစ္ေနျပီမို႔ ေဖာ္ေဖာ္ေရြေရြရွိျပန္သည္။
"ေဟာ ဧည့္သည္ေရာက္ေနျပီလား"
"ဟုတ္ ေဖေဖနဲ႔ေမေမ"
ေကာင္းကင္မိဘေတြ ေရာက္လာတာမို႔ ခန္႔တည္နဲျမတ္ဘုန္း
ထိုင္ရာက ထလိုက္သည္။
"ေဒါက္တာခန္႔တည္နိုင္ပါဗ်
ေကာင္းကင္နဲ႔ဆရာမၾကယ္စင္ရဲ႕မိတ္ေဆြပါ အန္ကယ္နဲ႔အန္တီ"
"ေတြ႔ရတာဝမ္းသာပါတယ္ေဒါက္တာ ထိုင္ပါ"
"ဒါက အန္ကယ္တို႔အတြက္ကိုခန္႔ကဝယ္လာတာ"
ျမတ္ဘုန္းသစ္သီးျခင္းကို အန္တီ့လက္ထဲထည့္ေပးလိုက္သည္။
"တကူးတကၾကီးကြယ္ အားနာစရာ"
"ရပါတယ္ဗ် အန္တီ"
"သားနဲ႔သမီး ေဒါက္တာတို႔ကို ေသခ်ာဧည့္ခံလိုက္အံုး
ေမေမတို႔ အျပင္သြားစရာေပၚလာလို႔"
"ဟုတ္ ေမေမ ၾကာမွာလား"
ၾကယ္စင္ကသိခ်င္လြန္းစြာေမးလိုက္သည္။
အေျခအေနေပးရင္ ေကာင္းကင္ကို ေဒါက္တာ့စီတြန္းပို႔ရမည္မဟုတ္ပါလား။
"ညေနေလာက္မွျပန္လာျဖစ္မွာ
ေဒါက္တာ ေအးေအးေဆးေဆးေနျပီးမွျပန္ပါ
ျမတ္ဘုန္း အခ်ိန္ရတယ္မို႔လားသား"
"ဟုတ္ကဲ့အန္တီ"
ခန္႔တည္အားနာနာနွင့္ပင္ေျဖလိုက္သည္။
"က်ေနာ္ကေတာ့ ကိုခန္႔အားရင္ တေနကုန္အားတယ္အန္တီ"
"ေအးပါ ဒါဆိုအန္တီတို႔သြားအံုးမယ္"
ေဖေဖနဲ႔ေမေမကို ေကာင္းကင္ အိမ္ေပါက္အထိလိုက္ပို႔ျပီး
ေဖ်ာ္ရည္သြားယူလာခဲ့သည္။
အခုမွ အသက္ရွဴေခ်ာင္သြားတယ္ေျပာရမလား။
"အကို အေမာေျပေသာက္ပါအံုးဗ်"
"အင္း ေကာင္းကင္ ေက်းဇူး"
"ငါ့က်မတိုက္ဘူး"
"မင္းေရွ႕မွာ ခ်ေပးထားတယ္ေလျမတ္ဘုန္းရာ
ဧည့္သည္လဲမဟုတ္ဘဲနဲ႔"
"ေအာ္ ေအးပါသူငယ္ခ်င္းရာ"
ေကာင္းကင္နဲ႔ေဒါက္တာကို မ်က္လံုးက်ြတ္မတက္လိုက္ၾကည့္ေနသည့္ၾကယ္စင္ကေတာ့ ဧည့္ခန္းကထြက္ဖို႔လမ္းစရွာေနသည္။
"ေကာင္းကင္ ငါထမင္းပြဲေတြ သြားျပင္လိုက္အံုးမယ္
နင္ေဒါက္တာနဲ႔စကားေျပာအံုး"
"ဟင္ အင္းအင္း ထမင္းပဲထည့္ရမွာ ဟင္းေတြကအဆင္သင့္ပဲ
ငါလိုက္ခဲ့ရအံုးမလား"
"ရတယ္မလိုက္နဲ႔ ျမတ္ဘုန္းသန္ လာအမကို ကူညီအံုး"
"ဗ်ာ…ဟုတ္ ဟုတ္"
ျမတ္ဘုန္းလဲ အမၾကယ္စင္ေနာက္ ေကာက္ေကာက္ပါေအာင္လိုက္ခဲ့သည္။
ကေလးေလးကိုပါေခၚလာခ်င္ေသာ္လည္း ကိုခန္႔ေပါင္ေပၚကမဆင္းသည္မို႔ ထားခဲ့ရသည္။
"အကို ေဆးရံုကေန လာရေတာ့ လွမ္းမွာပဲ
ေနကလဲပူနဲ႔"
"ရပါတယ္ တကူးတကအလည္ေခၚတဲ့ေကာင္းကင္ကိုေတာင္
ကိုယ္ကေက်းဇူးတင္ေနတာ"
"ဗ်ာ……"
"ဟုတ္တယ္ ကိုယ္ကမင္းကိုေတြ႕ခ်င္တာ
နားရက္မို႔ အေႏွာက္အယွက္မေပးခ်င္ေပမဲ့ အခုလိုေတြ႔ရေတာ့
ေပ်ာ္မိသားပဲ"
"အာ……အကိုကလဲ"
"ေနာက္တာပါ မ်က္ႏွာၾကီးဇြတ္ငံု႔မေနနဲ႔
စားပြဲနဲ႔တိုက္မိလို႔ ႏွဖူးကြဲသြားမယ္"
"ဟုတ္"
"ကိုယ္လာတာ အေနခက္လို႔လားေကာင္းကင္ ဟင္
ၾကည့္ရတာ ေကာင္းကင္ကမေပ်ာ္သလိုပဲ"
"မဟုတ္ပါဘူး က်ေနာ္ေပ်ာ္ပါတယ္……
အကိုေန႔လည္စာစားေတာ့မလားဗ်"
"ေကာင္းကင္ခ်က္ထားတာလား"
"မဟုတ္ဘူးဗ် ေမေမခ်က္တာ က်ေနာ္က ကူေပးယံုပဲ"
"ေအာ္ ၾကံဳရင္ကိုယ့္ကို ေကာင္းကင္ကိုယ္တိုင္ခ်က္ေက်ြးမလား"
"ဗ်ာ……"
"ေျဖပါအံုး မင္းကိုယ္တိုင္ ကိုယ့္အတြက္ခ်က္ေပးနိုင္မလား"
"အ…အကို…စားခ်င္ရင္ ခ်က္ေက်ြးပါ့မယ္ဗ်"
"အဟင္း……ကေလးေလးက်ေနတာပဲကြာ
ၾကည့္ပါအံုး ေဘာင္းဘီတိုေလးနဲ႔"
ကုမၼဏီကဝတ္စံုနဲ႔ပဲျမင္ေနက်မို႔ ေဘာင္းဘီတိုေလးဝတ္ထားသည့္ေကာင္းကင္က ခန္႔တည္မ်က္လံုးထဲ တစ္မ်ိဳးတစ္မည္လွသည္။
အိမ္ေနရင္းမို႔ ေပါ့ေပါ့ပါးပါးေနတာျဖစ္မည္။
"အာ……ေတာင္းပန္ပါတယ္အကို
ခဏေလးဗ် က်ေနာ္ပုဆိုးသြားဝတ္ပါအံုးမယ္"
"ဘာလို႔လဲ ဒီတိုင္းေလး ခ်စ္စရာေကာင္းတာကို"
"မဟုတ္ဘူးဗ် ေဘာင္းဘီက တမင္ဝတ္တာမဟုတ္ဘူးရယ္
ပုဆိုးထပ္ဝတ္ဖို႔ေမ့သြားလို႔ဗ်"
"ေဟာဗ်ာ…ေကာင္းကင္ရာ……ဟား……"
"မရယ္ပါနဲ႔အကိုကလဲ
က်ေနာ္ရွက္ေအာင္……"
"ေကာင္းကင္ရာ မင္းနဲ႔ေတာ့ကြာ……
ဘာပုဆိုးမွမဝတ္နဲ႔ေတာ့ ဒီတိုင္းေလးေကာင္းတယ္
ခုနကေတာ့ ပူတယ္ဆို ပူတာကို ႏွစ္ထပ္သံုးထပ္ဝတ္မလို႔လား"
"အကို႔ေရွ႕မွာ ေဘာင္းဘီတိုနဲ႔က် မေလးစားရာက်မွာေပါ့"
"ဘာမွမျဖစ္ဘူး မသြားနဲ႔ေတာ့ ကိုယ္ဗိုက္ဆာျပီ
ေန႔လည္စာေက်ြးမယ္ဆို"
"ဟုတ္ လာဗ်……ထမင္းစားခန္းကဒီဘက္မွာ"
"အင္း……"
"သမီးငယ္ ေဖေဖ့စီလာ ဦးဦးေဒါက္တာကို ထမင္းစားခိုင္းရေအာင္ေနာ္"
"ထမင္းစားျပီးရင္ ဦးဦးေဒါက္တာက ျပန္ေတာ့မွာလားဟင္"
"မျပန္ေသးပါဘူး ကေလးရဲ႕
ကေလးနဲ႔အတူကစားအံုးမွာ"
"တကယ္ေနာ္ ဦးဦး"
"တကယ္ေပါ့"
ေကာင္းကင္လက္ထဲက သမီးကေပ်ာ္ျမဴးလို႔။
အကို႔ကို အဲ့ေလာက္ေတာင္သေဘာက်သတဲ့လား။
ထမင္းစားခန္းစီသို႔ အကို႔ကိုေရွ႕သြားေစျပီး သမီးငယ္ကိုခ်ီ၍ေနာက္ကလိုက္ေတာ့ ကိုယ့္ေျခေထာက္ခ်င္းေတာင္ ခလုတ္တိုက္ရသည္။
အကိုဟာ က်ေနာ့္ကိုကတုန္ကယင္ျဖစ္ေအာင္ အရမ္းလုပ္တာပါပဲ။
"ေကာင္းကင္"
"ဗ်ာ အကို"
"ကိုယ္ဖုန္းဆက္ရင္ ကိုင္မွာလား"
"ဗ်ာ……ဟုတ္ က်ေနာ္သိရင္ ကိုင္ပါ့မယ္ဗ်"
အိမ္ျပင္က စတီးဒါန္းေပၚတြင္ ေကာင္းကင္ အကိုနဲ႔အတူထိုင္ေနရသည္။
ခံစားခ်က္က အမည္တပ္ဖို႔ခက္ခဲစြာပင္ ေပ်ာ္ရႊင္ရသည္။
သမီးငယ္ကေတာ့ ျမတ္ဘုန္းေခၚျပီးေဆာ့ေနလို႔ ၾကယ္စင္နဲ႔အတူ အိမ္ထဲက်န္ခဲ့သည္။
"ကိုယ္ဘာေျပာေျပာဖုန္းမခ်ဘူးလို႔ ကတိေပးမလား"
"အကိုကဘာေျပာမွာမို႔လဲဗ်"
"ဘာေျပာမလဲေတာ့ ကိုယ္လဲမသိဘူးေလ
ၾကိဳျပီးကတိေတာင္းထားတာ ေပးမလား"
"ဟုတ္ အကို႔အသံၾကားရရင္ အဆင္ေျပလို႔
တရားေဟာျပရင္ေတာင္ က်ေနာ္ဖုန္းမခ်ပါဘူး"
"ေျပာတက္ရန္ေကာကြာ……ကိုယ့္ကိုသေဘာက်လားေကာင္းကင္"
"ဗ်ာ……ဘာကိုေမးတာလဲအကို"
"ဒီတိုင္း ကိုယ့္ပံုစံကို သေဘာက်လားေမးတာပါ
စိတ္ထဲအရွိတိုင္းေျဖလို႔ရတယ္"
"ဟုတ္ သေဘာက်တယ္ဗ် အကိုက က်ေနာ့္ရဲ႕စံျပပုဂၢိဳလ္လိုပဲ"
အကို႔ေရွ႕မွာ က်ေနာ္အတက္နိုင္ဆံုးရိုးသားပါရေစ။
ဟန္မေဆာင္တက္ေပမဲ့ က်ေနာ့္ခံစားခ်က္ကို အကိုမျမင္ေစဖို႔ဆုေတာင္းပါတယ္။
က်ေနာ့္ခံစားခ်က္ကို ဖြင့္ဟတာမ်ိဳးမဟုတ္ဘဲ စိတ္ထဲရွိတဲ့အတိုင္းေတာ့ ေျပာခြင့္ရွိတယ္မဟုတ္လား။
အကိုကေတာ့ ထူးထူးဆန္းဆန္းမေတြးပါနဲ႔။
"အလုပ္ဖြင့္ရက္ လာေတြ႔လို႔ရလား"
"က်ေနာ့္စီကိုလားအကို"
"အင္း ရံုးဆင္းခ်ိန္ျဖစ္ျဖစ္ လာၾကိဳေပးမယ္
ကိုကို႔စီလာတာမဟုတ္ဘဲ မင္းစီကို တမင္လာမွာ"
"အာ……ဟုတ္ အကိုအပန္းမၾကီးဘူးဆို ရပါတယ္ဗ်"
"အင္း ဒါဆိုကိုယ္တို႔ျပန္ေတာ့မယ္"
"ဟုတ္ အကို"
အကိုနဲ႔ျမတ္ဘုန္းျပန္သြားၾကေတာ့ လက္ျပက်န္ခဲ့ရျပန္သည္။
လက္ျပက်န္ခဲ့ရတာ က်ေနာ္မၾကိဳက္ပါဘူးဆိုအကိုရယ္။
ဆြဲမထားရဲလို……ဒီအတိုင္း လွည့္မၾကည္ျပန္သြားပါေတာ့လား။
က်ေနာ့္ကို ထားသြားတာမ်ိဳးလဲ မဟုတ္ဘဲေလ။
…………………………………………………
"ကိုခန္႔ေဆးရံုျပန္မလား"
"ညေနပဲေစာင္းေနျပီ မျပန္ေတာ့ဘူးေလ
မင္းကိုျပန္ပို႔ေပးမယ္"
"ဟုတ္ …… ဒါနဲ႔……"
"ငါတို႔ ခဏစကားေျပာၾကမလားျမတ္ဘုန္း
ငါေမးစရာေလးရွိလို႔"
"ဟုတ္ ရတယ္ေလကိုခန္႔
က်ေနာ့္အိမ္ေရာက္မွေျပာမလား"
"အင္း ေကာင္းတာေပါ့"
အေျဖရွာခ်င္ျပီေကာင္းကင္။
ကိုယ္ခ်စ္မိတဲ့မင္းက အိပ္မက္ပိုင္ရွင္ဟုတ္မဟုတ္ေပ့ါေလ။
ျမတ္ဘုန္းအိမ္ကိုေရာက္ေတာ့ အေအးတစ္ခြက္ႏွင့္ဧည့္ခံသည္။
"ကိုခန္႔ က်ေနာ့္ကိုဘာေမးမလို႔လဲ"
"အေရးၾကီးတယ္ ငါ့အတြက္ေတာ္ေတာ္ေလးအေရးၾကီးလို႔
အမွန္အတိုင္းေျဖေပး"
"ဘာမ်ားလဲကိုခန္႔ရာ"
"ငါမ်ိဳးဆက္ေပးခဲ့တဲ့လူဘယ္သူလဲ"
"ဗ်ာ……အဲ့ဒါ……ရုတ္တရက္ျပီးဘာလို႔ေမးတာလဲကိုခန္႔"
"သိခ်င္လို႔ ငါသိရမွာျဖစ္မွာျမတ္ဘုန္း"
"မဟုတ္ဘူးေလကိုခန္႔ က်ေနာ္ကႏွစ္ေယာက္လံုးကို
ဘယ္သူဘယ္ဝါဆိုတာ မေျပာထားဘူး ေျပာဖို႔လဲ က်ေနာ္အဆင္မေျပဘူး"
"ဘာလို႔လဲ ဘာလို႔ေျပာလို႔မရတာလဲ
အဲ့ဒီလူက ဒီမွာမရွိလို႔လား"
"ခဏေလးကိုခန္႔ သိခ်င္တဲ့အေၾကာင္းအရင္းကို
က်ေနာ့္ကိုေျပာပါ အဲ့ဒါမွ ေျပာသင့္မေျပာသင့္ကို
က်ေနာ္ကစဥ္းစားလို႔ရမွာ ျပီးေတာ့ တဖက္လူကခြင့္ျပဳမျပဳလဲ က်ေနာ္ေမးရမယ္ထင္တယ္"
"ေအးပါ မင္းေျပာတာဟုတ္တယ္
ငါအိပ္မက္ခဏခဏမက္လို႔ USေရာက္ျပီးမၾကာဘူး
အဲ့အိပ္မက္မက္တယ္ ကေလးတစ္ေယာက္နဲ႔ေယာက်ာ္းတစ္ေယာက္ လူမျမင္ရဘူး ေက်ာပဲေပးထားတာ အခုထိလဲ တခါတေလ မက္ေသးတယ္ အဲ့ဒါေၾကာင့္……လိုက္ရွာဖို႔လိုမယ္ထင္လို႔
ျပီးေတာ့… ျပီးေတာ့……ငါ……"
ေရွ႕ဆက္မည့္ကိုခန္႔စကားကို ျမတ္ဘုန္းစိတ္ဝင္စားေနမိသည္။
"ငါတစ္ျခားတစ္ေယာက္ကိုလဲခ်စ္မိေနလို႔"
"တစ္ျခားတစ္ေယာက္……"
"ဟုတ္တယ္ အိပ္မက္ထဲကလူမဟုတ္ဘဲ
အျပင္ကလူတစ္ေယာက္ကို ငါခ်စ္မိေနတယ္
ငါေဝခြဲမရဘူး ဘယ္သူ႕ကိုေရြးရမွန္းလဲငါမသိဘူး
အဲ့ဒါေၾကာင့္ ငါမ်ိဳးဆက္ေပးခဲ့တဲ့လူကဘယ္သူဆိုတာ သိရမွျဖစ္မွာ"
"ကိုခန္႔က မ်ိဳးဆက္ေပးခဲ့တဲ့လူနဲ႔
ခ်စ္ေနတဲ့လူ တစ္ေယာက္ထဲျဖစ္ေစခ်င္ေနတာမ်ားလား"
"ဟင္း……ဟုတ္တယ္ျမတ္ဘုန္း
ငါအဲ့လိုျဖစ္ေစခ်င္ေနတယ္"
"ကိုခန္႔ခ်စ္ေနတဲ့သူကို က်ေနာ္သိလို႔ရမလား"
"အဲ့ဒါကိုေတာ့ သူ႔အတြက္ငဲ့ျပီး ငါမေျပာခ်င္ဘူး
ငါေသြးသားေပးခဲ့တဲ့လူကိုပဲေျပာပါ ဘယ္သူလဲ"
ျမတ္ဘုန္းထင္တာမမွားဘူးဆိုရင္ ကိုခန္႔က ေကာင္းကင္ကိုခ်စ္ေနျပီပဲ။
အေျဖကရွင္းျပီမို႔ ကိုခန္႔ေသြးသားေပးခဲ့တာ ဘယ္သူဆိုတာ မေျပာလဲရျပီျဖစ္သည္။
"အဲ့ဒီလူက ဘယ္သူဆိုတာထက္
အခုကိုခန္႔ခ်စ္ေနတဲ့သူကိုပဲ ေရွ႕ဆက္ဖို႔ၾကိဳးစားလိုက္ပါ
တဖက္လူကိုထည့္မတြက္ပါနဲ႔ သူကအားလံုးအဆင္ေျပေနတယ္
အိပ္မက္ကလဲ အခ်ိန္တန္ရင္ ေပ်ာက္သြားနိုင္မွာပါ"
"မဟုတ္ဘူးျမတ္ဘုန္း ငါသိဖို႔လိုတယ္
မေသခ်ာပဲနဲ႔ ငါေရွ႕မဆက္ခ်င္ဘူး ျပီးေတာ့ ဒါကငါ့မိသားစုအတြက္
ခက္ခဲတယ္ဆိုတာ မင္းလဲသိမွာပါ"
"ဟင္း……က်ေနာ္ ကာယကံရွင္ကို ရွာျပီး
ေတြ႔ၾကည့္လိုက္မယ္ သူ႔သေဘာထားကိုေမးျပီးလို႔
ေျပာခြင့္ျပဳတယ္ဆိုရင္ က်ေနာ္ကိုခန္႔ကိုေျပာမယ္ အဆင္ေျပလား"
"အင္း……အၾကာၾကီးေတာ့ အခ်ိန္မဆြဲထားနဲ႔ျမတ္ဘုန္း
ငါရူးသြားလိမ့္မယ္"
"ဟုတ္ကဲ့ပါဗ်ာ ကိုခန္႔ကလဲ သိခ်င္မိရင္ဇြတ္"
"လိုအပ္လို႔ပါကြာ
ဒါဆိုျပန္ျပီ"
"ဟုတ္ ကိုခန္႔"
ကုိခန္႔ျပန္သြားမွ ျမတ္ဘုန္းေခါင္းတျငိမ့္ျငိမ့္နဲ႔ ျပံဳးလိုက္သည္။
တိုက္ဆိုင္မႈကစေပမဲ့ ကိုခန္႔နဲ႔ေကာင္းကင္ဆံုဖို႔ကံပါလာတာေတာ့လဲ
ျမတ္ဘုန္းအဆံုးထိတာဝန္ယူလိုက္ယံုသာ။
*ေကာင္းကင္ေရ မင္းေတာ့ထီေပါက္ျပီ*
ဖုန္းထဲကေနစာတစ္ေၾကာင္းအျမန္ပင္ရိုက္ပို႔ေပးလိုက္ေတာ့။
*ထီဖြင့္ရက္လိုေသးတယ္ ရူးသြားတာလား*ဆိုသည့္ ျပန္စာတစ္ေစာင္ ေကာင္းကင္စီကေရာက္လာသည္။
ေစတနာထားလုိ႔မရတဲ့အေကာင္။
…………………………………………………
T.B.C
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
မြတ်ဘုန်းစီကဖုန်းလာပြီးနောက်
ကောင်းကင် ဖင်မထိုင်နိုင်ဘဲ အခန်းထဲဟိုသွားဒီသွား။
"ဟဲ့ ငြိမ်ငြိမ်ထိုင်စမ်းပါကောင်းကင်ရယ်
ငါမျက်စိတွေနောက်လိုက်တာ"
"မငြိမ်နိုင်ဘူးဟ နင်မကြားဘူးလားမြတ်ဘုန်းပြောတာ
အကိုကငါတို့အိမ်ကို အလည်လာချင်လို့လိုက်ပို့ခိုင်းပါတယ်တဲ့ဆို"
"ကြားတယ်လေ အဲ့ဒါဘာဖြစ်လဲ
လာတော့ဧည့်ခံယုံပဲလေ"
"ငါဘယ်လိုလုပ်ရမလဲဟင်
ဖေဖေနဲ့မေမေရှေ့မှာ ငါအကို့ကိုဘယ်လိုကြည့်ရမလဲ"
"နင်ကဘယ်လိုကြည့်ချင်လို့လဲ အကြင်နာမျက်ဝန်းတွေနဲ့လား
အချစ်တွေအပြည့်ပါတဲ့မျက်ဝန်းတွေနဲ့လား"
"နင်ကလဲဟာ ငါ့ကိုစမနေနဲ့
တကယ်ပြောနေတာ အကိုက တခါမှလဲမလာဘူးတော့
ငါအဆင်မပြေဘူး"
"ဘာမှမဖြစ်ဘူး ပုံမှန်အတိုင်းနင်တို့တွေ့သလိုပဲလေ
ဒေါက်တာကလဲ အသိမိတ်ဆွေအိမ်ကိုလာတာ
နင်ကလဲ အသိမို့ဖော်ဖော်ရွေရွေဆက်ဆံတာဒါပဲ"
"နင်ဘယ်မှမသွားနဲ့နော်သိလား
ငါကြောက်တယ်"
"ယောကျာ်းလေးဖြစ်နေပြီးဟာ
အေးပါ အေးပါ……ငါနင်နားနေပေးမယ်
အခုနေ့လည်စာ စီစဉ်ဖို့ မေမေ့ကိုသွားပြောရအောင်"
"ဖြစ်ပါမလား……မေမေက မေးမြန်းနေရင်"
"ငါရှိပါတယ်ဆိုကောင်းကင်ရယ်
ကျောင်းကိုဆေးလာစစ်တဲ့ဒေါက်တာက အရင်တုန်းကသိတဲ့မိတ်ဆွေမို့ ထမင်းစားဖိတ်တာလို့ပြောလိုက်ရင်ရတယ်"
"အေး……အေးပါ……နင်ကောင်းသလိုပြော"
အခန်းထဲကရင်ကော့ကာထွက်သွားသည့်ကြယ်စင်နောက်ကို
ဂဏာမငြိမ်လိုက်ရသူကကောင်းကင်။
ရင်ဘတ်ကြီးဆိုတာ ပေါက်ထွက်တော့မလိုပဲ။
အကိုကအိမ်ကိုလာမယ်တဲ့လေ။
ကောင်းကင် ကံကောင်းနေသည်က ပိတ်ရက်မှာတောင် အကို့ကိုတွေ့ရအုံးမည်။
"လေပြေလေးရေ သမီးအတွက် သတင်းကောင်းပြောမယ်"
ဖေဖေနဲ့မေမေတို့ကြား တီတီတာတာပြောနေသည့် တူမလေးကိုကြယ်စင်စကားစလိုက်သည်။
"တီတီဘာလဲဟင်"
"သမီးရဲ့ဦးဦးဒေါက်တာကို တီတီထမင်းစားဖိတ်ထားတယ်"
"ဦးဦးဒေါက်တာလာမှာလား"
"ဟုတ်တယ်တူမလေးရဲ့"
"ရေး……ပျော်လိုက်တာ"
"သမီးဧည့်သည်လာမှာ မေမေ့ကိုလဲမပြောဘူး"
"သမီးလဲအခုမှ လှမ်းဖိတ်ထားတာမို့ပါ
ပြီးခဲ့တဲ့ရက်က ကျောင်းကိုဆေးစစ်လာတဲ့ဒေါက်တာလေ
အရင်ကလဲအသိ ပြီးတော့ ကောင်းကင်တို့သူဋ္ဌေးရဲ့ညီမို့
အိမ်ကိုထမင်းစားဖိတ်လိုက်တာ မေမေအဆင်ပြေတယ်မို့လားဟင်"
"အော် မြေးငယ်ပါးစပ်ဖျားကမချတဲ့ဒေါက်တာလား
အဆင်ပြေပါတယ် မေမေနေ့လည်စာစီစဉ်ပေးမယ်"
"ဟုတ်မေမေ တူမလေးကို သမီးထိန်းထားပေးမယ်"
"အေးအေး"
"ကျနော်မေမေ့ကိုကူပေးမယ်"
ကြယ်စင့်နောက်မှာရပ်နေရာက ကောင်းကင်ဝင်ပြောလိုက်သည်။
ကိုယ်တိုင်ချက်ပြုတ်တက်ပေမဲ့ မေမေအထင်လွဲမည်စိုးတာကြောင့် ကူညီမည်ဟုသာပြောလိုက်သည်။
"အေး ကောင်းတာပေါ့သားငယ်ရယ်
မြန်မြန်ပြီးတာပေါ့"
"ဟုတ် မေမေ"
ဖေဖေရယ်ကြယ်စင်ရယ်ကတော့ သမီးငယ်နဲ့ဆော့ရင်းဧည့်ခန်းမှာကျန်ခဲ့သည်။
မီးဖိုချောင်မှာ မေမေ့ကိုကူညီရင်း အမှားမဖြစ်အောင်ဂရုစိုက်နေရသည်။
"သားငယ် ပန်းကန်တွေယူခဲ့ ဟင်းထည့်ရအောင်"
"ဟုတ်မေမေ"
ပန်းကန်စင်ပေါ်က ပန်းကန်လုံးတွေမေမေ့စီယူပေးပြီး
ဟင်းပွဲတွေ သေချာစီထားလိုက်သည်။
အားလုံးပြီးသွားတော့ မေမေက ရေချိုးအုံးမည်ဆိုကာ မီးဖိုချောင်ကထွက်သွားသည်။
ကောင်းကင်တစ်ယောက်ထဲ ထမင်းစားပွဲရှေ့မှာရပ်၍ ပြုံးနေမိသည်။
တစ်ကြိမ်တစ်ခါလောက်တော့ အကို့ကို ကျနော်ကိုယ်တိုင်ချက်ကျွေးချင်ပါသေးတယ်။
ကျနော်မခေါ်ဘဲလာတဲ့ဧည့်သည်က အကိုမို့ နှုတ်မဆက်ဘဲထွက်မသွားဖို့ ကျနော်မျှော်လင့်ပါရစေ။
………………………………………………
"လာပါကိုခန့်ရာ သွားပါမယ်ဆို"
"မင်းဟာကကွာ သူများနားရက်ကို အေးအေးဆေးဆေးနေပါစေ"
"ကောင်းကင်ကိုယ်တိုင်က ကိုခန့်ကို အိမ်အလည်ခေါ်တာပါဆို
မလိုက်ချင်လဲနေဗျာ ကျနော့်ဘာသာသွားတော့မယ်"
သူခေါ်တာမရ၍မြတ်ဘုန်းစိတ်ဆိုးနေပြီဆိုတာခန့်တည်သိသည်။
ကောင်းကင်အလုပ်ပိတ်ရက် အိမ်အလည်သွားဖို့ ခေါ်နေခြင်း။
ခန့်တည်အနေနဲ့သွားချင်သော်လည်း ကောင်းကင်အလုပ်ရှုပ်မည်စိုးတာကြောင့် ငြင်းနေမိသည်။
ကောင်းကင်က တစ်ပတ်လုံးမှ နှစ်ရက်လေးနားရတာမဟုတ်လား။
ကလေးတစ်ဖက်နဲ့ဆိုတော့ နားရက်တောင် ကောင်းကောင်းဖြတ်သန်းရမှာမဟုတ်ဘူး။
"ကိုခန့် တကယ်မလိုက်ဘူးလား"
အခန်းပြင်ရောက်ပြီးမှ မြတ်ဘုန်းပြန်ဝင်လာပြန်သည်။
"နောက်မှသွားမယ်လေကွာ"
"သွားရအောင်ဗျာ ကျနော့်ကောင်မလေးနဲ့မိတ်ဆက်ပေးမလို့ပါဆို"
"မင်းကောင်မလေးနဲ့ကောင်းကင်အိမ်သွားတာဘာဆိုင်လို့လဲ"
"ကျနေ့ာ်ကောင်မလေးက အဲ့ဒီကမို့ပေါ့ ကိုခန့်ရာ
သွားရအောင်ပါဆို ဘယ်လိုတောင်လက်ပေါက်ကပ်နေတာလဲဗျာ"
"မဟုတ်မှ ကောင်းကင်အမကိုပြောနေတာများလား"
"သိချင်တယ်မို့လား သွားမယ်"
ထိုင်နေတာကို ဇွတ်ဆွဲထူနေသည့်မြတ်ဘုန်းက
မလိုက်မချင်း နားပူအောင်လုပ်မည့်ပုံပေ။
လူနာကြည့်စရာလဲမရှိတာမို့ လိုက်သွားရန်သာဆုံးဖြတ်လိုက်တော့သည်။
"နေပါအုံးကွာ အကျီ ၤလေးတော့ ယူပါရစေအုံး
နေ့လည်စာ တခါထဲစားရအောင်"
"မစားနဲ့"
"ဖြေးဖြေးပြောပါ မင်းကလဲအော်လိုက်တာ"
"လောသွားလို့ပါကိုခန့်ရယ်
ကောင်းကင်ကသူ့အိမ်မှာနေ့လည်စာကျွေးချင်လို့
ချက်ထားတယ်တဲ့ အဲ့ဒါကြောင့် မစားနဲ့ပြောတာ"
"မြတ်ဘုန်း မင်းသူများအိမ်ကိုအားနာစရာ"
"ဘာသူများလဲ ကောင်းကင်ကသူစိမ်းမှမဟုတ်တာ
ဒီလောက်ရင်းနီးတာကို အားနာစရာမလိုပါဘူးဗျာ"
ပြောမနိုင်သည့်မြတ်ဘုန်းကို ခန့်တည်လွှတ်ထားလိုက်ရသည်
သွက်လက်လွန်းတဲ့မြတ်ဘုန်းနဲ့အနေအေးသည့်ကောင်းကင်
ဘယ်လိုများသူငယ်ချင်းဖြစ်လာကြပါလိမ့်။
"မြတ်ဘုန်း ငါတို့လက်ဆောင်လေးတစ်ခုခုတော့ ဝယ်သွားသင့်တယ်မဟုတ်ဘူးလား"
"မဝယ်လဲရတယ် ကိုခန့်တစ်ယောက်လုံးပါနေတာ
ဘာလက်ဆောင်မှမလိုဘူး"
"မင်းစကားကြီးကလဲကွာ မသိရင်ကောင်းကင်အတွက်
ငါကလက်ဆောင်ကျလို့"
"ကျနော်ပြောတာလဲအဲ့သဘောပဲလေ"
မြတ်ဘုန်းပြုံးစိစိနှင့်ပြောလိုက်တော့ ကိုခန့်ငြိမ်သွားသည်။
သေချာပါတယ် ကိုခန့်ဘက်က ကောင်းကင်ကိုစိတ်ဝင်စားနေတာ။
"လူကြီးတွေရှိသေးတယ်မဟုတ်လား
လက်ဗလာနဲ့သွားတာထက် တစ်ခုခုယူသွားတာပိုသင့်တော်မယ်မြတ်ဘုန်း"
"ဒါဆိုလဲ အသီးတွေဝယ်လိုက်မယ်
ကောင်းကင်တို့အိမ်ကသစ်သီးစားကြတယ်"
"အင်း"
သစ်သီးသွားဝယ်မည့်မြတ်ဘုန်းကို ခန့်တည်ပိုက်ဆံထုပ်ပေးလိုက်သည်။
ခဏနေတော့ သစ်သီးခြင်းလှလှတစ်လုံးဖြင့်ပြန်ရောက်လာသည်။
"အဆင်ပြေလားကိုခန့် ဒီလောက်ဆို"
"အင်း ရပြီ"
"သူငယ်ချင်းအိမ်အလည်သွားတာပဲ
ယောက္ခကိုသွားတွေ့ရတာကျလို့"
"ဟိတ်ကောင် မင်းကလေးကိုပစ်မှားနေတာလား"
"မဟုတ်ပါဘူး ကျနော်ပြောတာကိုခန့်ကို
ကျနော့်ကိုကျနော်မဟုတ်ဘူး"
"ဒီကောင်တော့"
မြတ်ဘုန်းပြောတာတွေကြောင့် ခန့်တည်မှာရင်တထိတ်ထိတ်။
အစကဘယ်လိုမှမနေသော်လည်း ကိုယ်ကကောင်းကင်ကို ချစ်နေမိတာဆိုတော့ ကောင်းကင်မိဘတွေကိုအားနာသွားရသည်။
သူတို့သားအပေါ်မရိုးမသားစိတ်ဖြစ်မိတာသိရင် အိမ်ကိုအလာခဲပါ့မလား။
မီးမွှေးလိုက်ပြန်ပြီ မြတ်ဘုန်းရာ။
…………………………………………
"ဖင်တကြွကြွနဲ့ ငါအမြင်ကပ်လာပြီကောင်းကင်
တော်သေးတာပေါ့ မေမေတို့ရိပ်မိမှာစိုးလို့သာ မဟုတ်ရင် ဟိုကလာတာနဲ့ပြေးတောင်ဖက်မလားဘဲ"
"တိုးတိုးပြောပါကြယ်စင်ရာ
နင်နဲ့တော့ ငါနားကားတော့မှာပဲ"
"ဘာဖြစ်လဲပြောမှာပဲ သမီးကကဲ အဖေကသဲနဲ့"
ကြယ်စင်က တံခါးဝတွင်ထိုင်ကာ အကို့ကိုမျှော်နေသည့်သမီးငယ်ကိုကြည့်၍ပြောသည်။
"နင်ကလဲ သမီးငယ်က ဒေါက်တာ့ကိုသံယောဇဉ်တွယ်နေလို့ပါ
ကလေးကိုတော့ အမြင်မစောင်းပါနဲ့"
"စောင်းမှာပဲ ငါ့ထက်တောင် သူကဒေါက်တာ့ကို ပိုခင်တွယ်နေသေး
သူ့အဖေကျနေတာပဲ"
"ကြယ်စင် နင်ဟာစကားကို ပြီးစလွယ်မပြောစမ်းနဲ့
ငါအဖေတစ်ယောက်လုံးရှိနေတာ ဘာကိစ္စအကိုက သမီးငယ်အဖေဖြစ်ရမှာလဲ"
"နင့်သမီးရုပ်ကိုကြည့်ပါလား ဒေါက်တာ့ရုပ်
ဗိုက်ထဲကတည်းကများ ဒေါက်တာ့ကိုလိုက်ရှာနေလားမသိဘူး"
"မတူပါဘူးဟ သမီးငယ်ကငါနဲ့ပဲတူတာ
သူ့အမေနဲ့တောင်တူတာမဟုတ်ဘူး"
"ဘယ်တူမှာတုန်း အမေမှမရှိတာ"
ထိုစကားကိုတော့ ကြယ်စင်ခပ်တိုးတိုးသာပြောလိုက်ခြင်း။
တစ်ရက်ကကောင်းကင်အခန်းကိုပြောစရာရှိလို့သွားတော့
ကောင်းကင်ရေချိုးနေတာမို့ အခန်းရှင်းပေးရင်းစောင့်နေခဲ့သည်။
ကောင်းကင် ရေချိုးခန်းထဲကထွက်လာလို့ ကြယ်စင်လှည့်ကြည့်လိုက်တော့ ဗိုက်မှာအတော်အသင့်အရွယ်ရှိတဲ့ ချုပ်ရိုးကြောင်းကိုတွေ့လိုက်ရသည်။
ကောင်းကင်က တဘက်နဲ့ဖုံးလိုက်ပေမဲ့ ကြယ်စင်မြင်လိုက်သည်။
ကောင်းကင်ကျန်းမာရေးကြောင့် ခွဲစိတ်ရတယ်ဆိုပြီး
မပြောဘူးတာမို့ ထိုချုပ်ရိုးခွဲကြောင်းက ကလေးမွေးထားသည်ဟုသာ ကြယ်စင်တစ်ထစ်ချယုံကြည်လိုက်သည်။
ကောင်းကင်လိမ်နေတာသိသော်လည်း ကြယ်စင်အတင်းမမေးမြန်းဖြစ်။
ဒီတိုင်းက ကောင်းကင်အတွက်ပိုအဆင်ပြေတာမို့ သူ့မိန်းမသေသွားပြီဆိုတာကို ကြယ်စင်လက်ခံထားလိုက်သည်။
"ဖေဖေ……ဦးဦးဒေါက်တာလာပြီ"
လက်ခုပ်လေးတီးကာ အပြင်ထွက်သွားသည့် သမီးငယ်က ပျော်နေမှန်းသိသာစေသည်။
"ကြယ်စင် သွားမယ်လာ"
"အေးအေး"
ကြယ်စင့်ကိုအပါခေါ်ကာ အိမ်အပြင်ထွက်လာခဲ့တော့
သမီးငယ်က အကို့လက်ပေါ်ရောက်နေပြီဖြစ်သည်။
"အကို"
"ကောင်းကင် နားရက်ကို အလုပ်ရှုပ်သွားပြီ sorry"
"မဟုတ်တာ အထဲဝင်ပါအကို"
"အင်း"
အထဲကိုဦးဆောင်ခေါ်ခဲ့သည့်နောက် ဧည့်ခန်းတွင် အကိုအားထိုင်စေလိုက်သည်။
သမီးငယ်ကတော့ အကို့ပေါ်မှာတောက်တဲ့လိုကပ်နေဆဲ။
ကျန်ခဲ့သည့်မြတ်ဘုန်းကတော့ မကျေမနပ်ရေရွတ်သည်။
"ငါ့ကိုတောင် အိမ်ထဲဝင်ဖို့ခေါ်မသွားဘူး"
မြတ်ဘုန်းနှင့်မျက်နှာချင်းဆိုင်က ကြယ်စင်သည်လဲ မြတ်ဘုန်းနည်းတူပင်။
"အခုငါ့ကို ပလစ်သွားတာလား ကောင်းကင်က"
စောစောက အပူတပျင်းဖြစ်နေသော ကောင်းကင်ဟာ
အခုတော့ ကြယ်စင့်ကို သတိတောင်ရဟန်မတူတော့ပေ။
"အမကြယ်စင် ကျနော့်ကို အိမ်ထဲပေးဝင်ပါအုံးဗျ"
"အော် အေး လာလာ"
ကျောင်းတက်တုန်းက ကြယ်စင်နဲ့မြတ်ဘုန်းက သိပ်မတည့်ချင်သော်လည်း အခုတော့ လူကြီးဖြစ်နေပြီမို့ ဖော်ဖော်ရွေရွေရှိပြန်သည်။
"ဟော ဧည့်သည်ရောက်နေပြီလား"
"ဟုတ် ဖေဖေနဲ့မေမေ"
ကောင်းကင်မိဘတွေ ရောက်လာတာမို့ ခန့်တည်နဲမြတ်ဘုန်း
ထိုင်ရာက ထလိုက်သည်။
"ဒေါက်တာခန့်တည်နိုင်ပါဗျ
ကောင်းကင်နဲ့ဆရာမကြယ်စင်ရဲ့မိတ်ဆွေပါ အန်ကယ်နဲ့အန်တီ"
"တွေ့ရတာဝမ်းသာပါတယ်ဒေါက်တာ ထိုင်ပါ"
"ဒါက အန်ကယ်တို့အတွက်ကိုခန့်ကဝယ်လာတာ"
မြတ်ဘုန်းသစ်သီးခြင်းကို အန်တီ့လက်ထဲထည့်ပေးလိုက်သည်။
"တကူးတကကြီးကွယ် အားနာစရာ"
"ရပါတယ်ဗျ အန်တီ"
"သားနဲ့သမီး ဒေါက်တာတို့ကို သေချာဧည့်ခံလိုက်အုံး
မေမေတို့ အပြင်သွားစရာပေါ်လာလို့"
"ဟုတ် မေမေ ကြာမှာလား"
ကြယ်စင်ကသိချင်လွန်းစွာမေးလိုက်သည်။
အခြေအနေပေးရင် ကောင်းကင်ကို ဒေါက်တာ့စီတွန်းပို့ရမည်မဟုတ်ပါလား။
"ညနေလောက်မှပြန်လာဖြစ်မှာ
ဒေါက်တာ အေးအေးဆေးဆေးနေပြီးမှပြန်ပါ
မြတ်ဘုန်း အချိန်ရတယ်မို့လားသား"
"ဟုတ်ကဲ့အန်တီ"
ခန့်တည်အားနာနာနှင့်ပင်ဖြေလိုက်သည်။
"ကျနော်ကတော့ ကိုခန့်အားရင် တနေကုန်အားတယ်အန်တီ"
"အေးပါ ဒါဆိုအန်တီတို့သွားအုံးမယ်"
ဖေဖေနဲ့မေမေကို ကောင်းကင် အိမ်ပေါက်အထိလိုက်ပို့ပြီး
ဖျော်ရည်သွားယူလာခဲ့သည်။
အခုမှ အသက်ရှူချောင်သွားတယ်ပြောရမလား။
"အကို အမောပြေသောက်ပါအုံးဗျ"
"အင်း ကောင်းကင် ကျေးဇူး"
"ငါ့ကျမတိုက်ဘူး"
"မင်းရှေ့မှာ ချပေးထားတယ်လေမြတ်ဘုန်းရာ
ဧည့်သည်လဲမဟုတ်ဘဲနဲ့"
"အော် အေးပါသူငယ်ချင်းရာ"
ကောင်းကင်နဲ့ဒေါက်တာကို မျက်လုံးကျွတ်မတက်လိုက်ကြည့်နေသည့်ကြယ်စင်ကတော့ ဧည့်ခန်းကထွက်ဖို့လမ်းစရှာနေသည်။
"ကောင်းကင် ငါထမင်းပွဲတွေ သွားပြင်လိုက်အုံးမယ်
နင်ဒေါက်တာနဲ့စကားပြောအုံး"
"ဟင် အင်းအင်း ထမင်းပဲထည့်ရမှာ ဟင်းတွေကအဆင်သင့်ပဲ
ငါလိုက်ခဲ့ရအုံးမလား"
"ရတယ်မလိုက်နဲ့ မြတ်ဘုန်းသန် လာအမကို ကူညီအုံး"
"ဗျာ…ဟုတ် ဟုတ်"
မြတ်ဘုန်းလဲ အမကြယ်စင်နောက် ကောက်ကောက်ပါအောင်လိုက်ခဲ့သည်။
ကလေးလေးကိုပါခေါ်လာချင်သော်လည်း ကိုခန့်ပေါင်ပေါ်ကမဆင်းသည်မို့ ထားခဲ့ရသည်။
"အကို ဆေးရုံကနေ လာရတော့ လှမ်းမှာပဲ
နေကလဲပူနဲ့"
"ရပါတယ် တကူးတကအလည်ခေါ်တဲ့ကောင်းကင်ကိုတောင်
ကိုယ်ကကျေးဇူးတင်နေတာ"
"ဗျာ……"
"ဟုတ်တယ် ကိုယ်ကမင်းကိုတွေ့ချင်တာ
နားရက်မို့ အနှောက်အယှက်မပေးချင်ပေမဲ့ အခုလိုတွေ့ရတော့
ပျော်မိသားပဲ"
"အာ……အကိုကလဲ"
"နောက်တာပါ မျက်နှာကြီးဇွတ်ငုံ့မနေနဲ့
စားပွဲနဲ့တိုက်မိလို့ နှဖူးကွဲသွားမယ်"
"ဟုတ်"
"ကိုယ်လာတာ အနေခက်လို့လားကောင်းကင် ဟင်
ကြည့်ရတာ ကောင်းကင်ကမပျော်သလိုပဲ"
"မဟုတ်ပါဘူး ကျနော်ပျော်ပါတယ်……
အကိုနေ့လည်စာစားတော့မလားဗျ"
"ကောင်းကင်ချက်ထားတာလား"
"မဟုတ်ဘူးဗျ မေမေချက်တာ ကျနော်က ကူပေးယုံပဲ"
"အော် ကြုံရင်ကိုယ့်ကို ကောင်းကင်ကိုယ်တိုင်ချက်ကျွေးမလား"
"ဗျာ……"
"ဖြေပါအုံး မင်းကိုယ်တိုင် ကိုယ့်အတွက်ချက်ပေးနိုင်မလား"
"အ…အကို…စားချင်ရင် ချက်ကျွေးပါ့မယ်ဗျ"
"အဟင်း……ကလေးလေးကျနေတာပဲကွာ
ကြည့်ပါအုံး ဘောင်းဘီတိုလေးနဲ့"
ကုမ္မဏီကဝတ်စုံနဲ့ပဲမြင်နေကျမို့ ဘောင်းဘီတိုလေးဝတ်ထားသည့်ကောင်းကင်က ခန့်တည်မျက်လုံးထဲ တစ်မျိုးတစ်မည်လှသည်။
အိမ်နေရင်းမို့ ပေါ့ပေါ့ပါးပါးနေတာဖြစ်မည်။
"အာ……တောင်းပန်ပါတယ်အကို
ခဏလေးဗျ ကျနော်ပုဆိုးသွားဝတ်ပါအုံးမယ်"
"ဘာလို့လဲ ဒီတိုင်းလေး ချစ်စရာကောင်းတာကို"
"မဟုတ်ဘူးဗျ ဘောင်းဘီက တမင်ဝတ်တာမဟုတ်ဘူးရယ်
ပုဆိုးထပ်ဝတ်ဖို့မေ့သွားလို့ဗျ"
"ဟောဗျာ…ကောင်းကင်ရာ……ဟား……"
"မရယ်ပါနဲ့အကိုကလဲ
ကျနော်ရှက်အောင်……"
"ကောင်းကင်ရာ မင်းနဲ့တော့ကွာ……
ဘာပုဆိုးမှမဝတ်နဲ့တော့ ဒီတိုင်းလေးကောင်းတယ်
ခုနကတော့ ပူတယ်ဆို ပူတာကို နှစ်ထပ်သုံးထပ်ဝတ်မလို့လား"
"အကို့ရှေ့မှာ ဘောင်းဘီတိုနဲ့ကျ မလေးစားရာကျမှာပေါ့"
"ဘာမှမဖြစ်ဘူး မသွားနဲ့တော့ ကိုယ်ဗိုက်ဆာပြီ
နေ့လည်စာကျွေးမယ်ဆို"
"ဟုတ် လာဗျ……ထမင်းစားခန်းကဒီဘက်မှာ"
"အင်း……"
"သမီးငယ် ဖေဖေ့စီလာ ဦးဦးဒေါက်တာကို ထမင်းစားခိုင်းရအောင်နော်"
"ထမင်းစားပြီးရင် ဦးဦးဒေါက်တာက ပြန်တော့မှာလားဟင်"
"မပြန်သေးပါဘူး ကလေးရဲ့
ကလေးနဲ့အတူကစားအုံးမှာ"
"တကယ်နော် ဦးဦး"
"တကယ်ပေါ့"
ကောင်းကင်လက်ထဲက သမီးကပျော်မြူးလို့။
အကို့ကို အဲ့လောက်တောင်သဘောကျသတဲ့လား။
ထမင်းစားခန်းစီသို့ အကို့ကိုရှေ့သွားစေပြီး သမီးငယ်ကိုချီ၍နောက်ကလိုက်တော့ ကိုယ့်ခြေထောက်ချင်းတောင် ခလုတ်တိုက်ရသည်။
အကိုဟာ ကျနော့်ကိုကတုန်ကယင်ဖြစ်အောင် အရမ်းလုပ်တာပါပဲ။
"ကောင်းကင်"
"ဗျာ အကို"
"ကိုယ်ဖုန်းဆက်ရင် ကိုင်မှာလား"
"ဗျာ……ဟုတ် ကျနော်သိရင် ကိုင်ပါ့မယ်ဗျ"
အိမ်ပြင်က စတီးဒါန်းပေါ်တွင် ကောင်းကင် အကိုနဲ့အတူထိုင်နေရသည်။
ခံစားချက်က အမည်တပ်ဖို့ခက်ခဲစွာပင် ပျော်ရွှင်ရသည်။
သမီးငယ်ကတော့ မြတ်ဘုန်းခေါ်ပြီးဆော့နေလို့ ကြယ်စင်နဲ့အတူ အိမ်ထဲကျန်ခဲ့သည်။
"ကိုယ်ဘာပြောပြောဖုန်းမချဘူးလို့ ကတိပေးမလား"
"အကိုကဘာပြောမှာမို့လဲဗျ"
"ဘာပြောမလဲတော့ ကိုယ်လဲမသိဘူးလေ
ကြိုပြီးကတိတောင်းထားတာ ပေးမလား"
"ဟုတ် အကို့အသံကြားရရင် အဆင်ပြေလို့
တရားဟောပြရင်တောင် ကျနော်ဖုန်းမချပါဘူး"
"ပြောတက်ရန်ကောကွာ……ကိုယ့်ကိုသဘောကျလားကောင်းကင်"
"ဗျာ……ဘာကိုမေးတာလဲအကို"
"ဒီတိုင်း ကိုယ့်ပုံစံကို သဘောကျလားမေးတာပါ
စိတ်ထဲအရှိတိုင်းဖြေလို့ရတယ်"
"ဟုတ် သဘောကျတယ်ဗျ အကိုက ကျနော့်ရဲ့စံပြပုဂ္ဂိုလ်လိုပဲ"
အကို့ရှေ့မှာ ကျနော်အတက်နိုင်ဆုံးရိုးသားပါရစေ။
ဟန်မဆောင်တက်ပေမဲ့ ကျနော့်ခံစားချက်ကို အကိုမမြင်စေဖို့ဆုတောင်းပါတယ်။
ကျနော့်ခံစားချက်ကို ဖွင့်ဟတာမျိုးမဟုတ်ဘဲ စိတ်ထဲရှိတဲ့အတိုင်းတော့ ပြောခွင့်ရှိတယ်မဟုတ်လား။
အကိုကတော့ ထူးထူးဆန်းဆန်းမတွေးပါနဲ့။
"အလုပ်ဖွင့်ရက် လာတွေ့လို့ရလား"
"ကျနော့်စီကိုလားအကို"
"အင်း ရုံးဆင်းချိန်ဖြစ်ဖြစ် လာကြိုပေးမယ်
ကိုကို့စီလာတာမဟုတ်ဘဲ မင်းစီကို တမင်လာမှာ"
"အာ……ဟုတ် အကိုအပန်းမကြီးဘူးဆို ရပါတယ်ဗျ"
"အင်း ဒါဆိုကိုယ်တို့ပြန်တော့မယ်"
"ဟုတ် အကို"
အကိုနဲ့မြတ်ဘုန်းပြန်သွားကြတော့ လက်ပြကျန်ခဲ့ရပြန်သည်။
လက်ပြကျန်ခဲ့ရတာ ကျနော်မကြိုက်ပါဘူးဆိုအကိုရယ်။
ဆွဲမထားရဲလို……ဒီအတိုင်း လှည့်မကြည်ပြန်သွားပါတော့လား။
ကျနော့်ကို ထားသွားတာမျိုးလဲ မဟုတ်ဘဲလေ။
…………………………………………………
"ကိုခန့်ဆေးရုံပြန်မလား"
"ညနေပဲစောင်းနေပြီ မပြန်တော့ဘူးလေ
မင်းကိုပြန်ပို့ပေးမယ်"
"ဟုတ် …… ဒါနဲ့……"
"ငါတို့ ခဏစကားပြောကြမလားမြတ်ဘုန်း
ငါမေးစရာလေးရှိလို့"
"ဟုတ် ရတယ်လေကိုခန့်
ကျနော့်အိမ်ရောက်မှပြောမလား"
"အင်း ကောင်းတာပေါ့"
အဖြေရှာချင်ပြီကောင်းကင်။
ကိုယ်ချစ်မိတဲ့မင်းက အိပ်မက်ပိုင်ရှင်ဟုတ်မဟုတ်ပေ့ါလေ။
မြတ်ဘုန်းအိမ်ကိုရောက်တော့ အအေးတစ်ခွက်နှင့်ဧည့်ခံသည်။
"ကိုခန့် ကျနော့်ကိုဘာမေးမလို့လဲ"
"အရေးကြီးတယ် ငါ့အတွက်တော်တော်လေးအရေးကြီးလို့
အမှန်အတိုင်းဖြေပေး"
"ဘာများလဲကိုခန့်ရာ"
"ငါမျိုးဆက်ပေးခဲ့တဲ့လူဘယ်သူလဲ"
"ဗျာ……အဲ့ဒါ……ရုတ်တရက်ပြီးဘာလို့မေးတာလဲကိုခန့်"
"သိချင်လို့ ငါသိရမှာဖြစ်မှာမြတ်ဘုန်း"
"မဟုတ်ဘူးလေကိုခန့် ကျနော်ကနှစ်ယောက်လုံးကို
ဘယ်သူဘယ်ဝါဆိုတာ မပြောထားဘူး ပြောဖို့လဲ ကျနော်အဆင်မပြေဘူး"
"ဘာလို့လဲ ဘာလို့ပြောလို့မရတာလဲ
အဲ့ဒီလူက ဒီမှာမရှိလို့လား"
"ခဏလေးကိုခန့် သိချင်တဲ့အကြောင်းအရင်းကို
ကျနော့်ကိုပြောပါ အဲ့ဒါမှ ပြောသင့်မပြောသင့်ကို
ကျနော်ကစဉ်းစားလို့ရမှာ ပြီးတော့ တဖက်လူကခွင့်ပြုမပြုလဲ ကျနော်မေးရမယ်ထင်တယ်"
"အေးပါ မင်းပြောတာဟုတ်တယ်
ငါအိပ်မက်ခဏခဏမက်လို့ USရောက်ပြီးမကြာဘူး
အဲ့အိပ်မက်မက်တယ် ကလေးတစ်ယောက်နဲ့ယောကျာ်းတစ်ယောက် လူမမြင်ရဘူး ကျောပဲပေးထားတာ အခုထိလဲ တခါတလေ မက်သေးတယ် အဲ့ဒါကြောင့်……လိုက်ရှာဖို့လိုမယ်ထင်လို့
ပြီးတော့… ပြီးတော့……ငါ……"
ရှေ့ဆက်မည့်ကိုခန့်စကားကို မြတ်ဘုန်းစိတ်ဝင်စားနေမိသည်။
"ငါတစ်ခြားတစ်ယောက်ကိုလဲချစ်မိနေလို့"
"တစ်ခြားတစ်ယောက်……"
"ဟုတ်တယ် အိပ်မက်ထဲကလူမဟုတ်ဘဲ
အပြင်ကလူတစ်ယောက်ကို ငါချစ်မိနေတယ်
ငါဝေခွဲမရဘူး ဘယ်သူ့ကိုရွေးရမှန်းလဲငါမသိဘူး
အဲ့ဒါကြောင့် ငါမျိုးဆက်ပေးခဲ့တဲ့လူကဘယ်သူဆိုတာ သိရမှဖြစ်မှာ"
"ကိုခန့်က မျိုးဆက်ပေးခဲ့တဲ့လူနဲ့
ချစ်နေတဲ့လူ တစ်ယောက်ထဲဖြစ်စေချင်နေတာများလား"
"ဟင်း……ဟုတ်တယ်မြတ်ဘုန်း
ငါအဲ့လိုဖြစ်စေချင်နေတယ်"
"ကိုခန့်ချစ်နေတဲ့သူကို ကျနော်သိလို့ရမလား"
"အဲ့ဒါကိုတော့ သူ့အတွက်ငဲ့ပြီး ငါမပြောချင်ဘူး
ငါသွေးသားပေးခဲ့တဲ့လူကိုပဲပြောပါ ဘယ်သူလဲ"
မြတ်ဘုန်းထင်တာမမှားဘူးဆိုရင် ကိုခန့်က ကောင်းကင်ကိုချစ်နေပြီပဲ။
အဖြေကရှင်းပြီမို့ ကိုခန့်သွေးသားပေးခဲ့တာ ဘယ်သူဆိုတာ မပြောလဲရပြီဖြစ်သည်။
"အဲ့ဒီလူက ဘယ်သူဆိုတာထက်
အခုကိုခန့်ချစ်နေတဲ့သူကိုပဲ ရှေ့ဆက်ဖို့ကြိုးစားလိုက်ပါ
တဖက်လူကိုထည့်မတွက်ပါနဲ့ သူကအားလုံးအဆင်ပြေနေတယ်
အိပ်မက်ကလဲ အချိန်တန်ရင် ပျောက်သွားနိုင်မှာပါ"
"မဟုတ်ဘူးမြတ်ဘုန်း ငါသိဖို့လိုတယ်
မသေချာပဲနဲ့ ငါရှေ့မဆက်ချင်ဘူး ပြီးတော့ ဒါကငါ့မိသားစုအတွက်
ခက်ခဲတယ်ဆိုတာ မင်းလဲသိမှာပါ"
"ဟင်း……ကျနော် ကာယကံရှင်ကို ရှာပြီး
တွေ့ကြည့်လိုက်မယ် သူ့သဘောထားကိုမေးပြီးလို့
ပြောခွင့်ပြုတယ်ဆိုရင် ကျနော်ကိုခန့်ကိုပြောမယ် အဆင်ပြေလား"
"အင်း……အကြာကြီးတော့ အချိန်မဆွဲထားနဲ့မြတ်ဘုန်း
ငါရူးသွားလိမ့်မယ်"
"ဟုတ်ကဲ့ပါဗျာ ကိုခန့်ကလဲ သိချင်မိရင်ဇွတ်"
"လိုအပ်လို့ပါကွာ
ဒါဆိုပြန်ပြီ"
"ဟုတ် ကိုခန့်"
ကိုခန့်ပြန်သွားမှ မြတ်ဘုန်းခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးလိုက်သည်။
တိုက်ဆိုင်မှုကစပေမဲ့ ကိုခန့်နဲ့ကောင်းကင်ဆုံဖို့ကံပါလာတာတော့လဲ
မြတ်ဘုန်းအဆုံးထိတာဝန်ယူလိုက်ယုံသာ။
*ကောင်းကင်ရေ မင်းတော့ထီပေါက်ပြီ*
ဖုန်းထဲကနေစာတစ်ကြောင်းအမြန်ပင်ရိုက်ပို့ပေးလိုက်တော့။
*ထီဖွင့်ရက်လိုသေးတယ် ရူးသွားတာလား*ဆိုသည့် ပြန်စာတစ်စောင် ကောင်းကင်စီကရောက်လာသည်။
စေတနာထားလို့မရတဲ့အကောင်။
…………………………………………………
T.B.C
#HoneyChan