ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးင...
By Ichika_Yuko
1.4M 226K 4.4K
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ... More
အမှာစာ
Synopsis
ဥက္ကဌ၏ချစ်သူ​​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူကောင်လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူကောင်လေး
ဥက္ကဌ၏ချစ်သူကောင်လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
ဥက္ကဌ၏ချစ်သူကောင်လေး
ဥက္ကဌ၏ချစ်သူ​ကောင်​လေး
Arc -- 1 (Final)
Arc-2[အင်ပါယာအရှင်သခင်]
《36》[အင်ပါယာအရှင်သခင်]
《37》[အင်ပါယာအရှင်သခင်]
《38》[အင်ပါယာအရှင်သခင်]
《39》[အင်ပါယာအရှင်သခင်]
《40》[အင်ပါယာအရှင်သခင်]
《41》[အင်ပါယာအရှင်သခင်]
《42》[အင်ပါယာအရှင်သခင်]
《43》[အင်ပါယာအရှင်သခင်]
《44》[အင်ပါယာအရှင်သခင်]
《45》[အင်ပါယာအရှင်သခင်]
《46》[အင်ပါယာအရှင်သခင်]
《47》[အင်ပါယာအရှင်သခင်]
《48》[အင်ပါယာအရှင်သခင်]
《49》[အင်ပါယာအရှင်သခင်]
《50》[အင်ပါယာအရှင်သခင်]
《51》[အင်ပါယာအရှင်သခင်]
《52》[အင်ပါယာအရှင်သခင်]
《53》[အင်ပါယာအရှင်သခင်]
《54》[အင်ပါယာအရှင်သခင်]
《55》[အင်ပါယာအရှင်သခင်]
《56》[အင်ပါယာအရှင်သခင်]
《57》[အင်ပါယာအရှင်သခင်]
《58》[အင်ပါယာအရှင်သခင်]
《59》[အင်ပါယာအရှင်သခင်]
《60》[အင်ပါယာအရှင်သခင်]
《61》[အင်ပါယာအရှင်သခင်]
《62》[အင်ပါယာအရှင်သခင်]
《63》[အင်ပါယာအရှင်သခင်]
《64》[အင်ပါယာအရှင်သခင်]
《65》[အင်ပါယာအရှင်သခင်]
《66》[အင်ပါယာအရှင်သခင်]
《67》[အင်ပါယာအရှင်သခင်]
Arc_2[Final]
Arc_3[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《70》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《71》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《72》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《73》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《74》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《75》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《76》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《77》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《78》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《79》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《80》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《81》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《82》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《83》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《84》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《85》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《86》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《87》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《88》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《89》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《90》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《91》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《92》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《93》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《94》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《95》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《96》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《97》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《98》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《99》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
《100》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]
Arc_3[Final]
Arc_4[မိသားစု အရှုပ်တော်ပုံ]
《103》[မိသားစု အရှုပ်တော်ပုံ]
《104》[မိသားစုအရှုပ်တော်ပုံ]
《105》[မိသားစုအရှုပ်တော်ပုံ]
《106》[မိသားစုအရှုပ်တော်ပုံ]
《107》[မိသားစုအရှုပ်တော်ပုံ]
《108》[မိသားစုအရှုပ်တော်ပုံ]
《109》[မိသားစုအရှုပ်တော်ပုံ]
《110》[မိသားစုအရှုပ်​တော်ပုံ]
《111》[မိသားစုအရှုပ်​တော်ပုံ]
《112》[မိသားစုအရှုပ်​တော်ပုံ]
《113》[မိသားစုအရှုပ်​တော်ပုံ]
《114》[မိသားစုအရှုပ်​တော်ပုံ]
《115》[မိသားစုအရှုပ်​တော်ပုံ]
《116》[မိသားစု အရှုပ်​​တော်ပုံ]
《117》[မိသားစု အရှုပ်​တော်ပုံ]
《118》[မိသားစု အရှုပ်​တော်ပုံ]
《119》[မိသားစု အရှုပ်​တော်ပုံ]
《120》[မိသားစု အရှုပ်​တော်ပုံ]
《121》[မိသားစု အရှုပ်​တော်ပုံ]
《122》[မိသားစု အရှုပ်​တော်ပုံ]
《123》[မိသားစု အရှုပ်​တော်ပုံ]
《124》[မိသားစု အရှုပ်​တော်ပုံ]
《125》[မိသားစု အရှုပ်​တော်ပုံ]
《126》[မိသားစု အရှုပ်​တော်ပုံ]
《127》[မိသားစု အရှုပ်​တော်ပုံ]
《128》[မိသားစု အရှုပ်​တော်ပုံ]
《129》[မိသားစု အရှုပ်​တော်ပုံ]
Arc 4[Final]
ကျေးဇူးပြုပြီးဖတ်​ပေးကြပါ။
Arc 5[တုံးအလှတဲ့ တပည့်​လေး]
《132》[တုံးအလှတဲ့ တပည့်​လေး]
《133》[တုံးအလှတဲ့ တပည့်​လေး]
《134》[တုံးအလှတဲ့ တပည့်​လေး]
《135》[တုံးအလှတဲ့ တပည့်​လေး]
《136》[တုံးအလှတဲ့ တပည့်​လေး]
[137] တုံးအလှတဲ့ တပည့်လေး
[138] : တုံးအလှတဲ့ တပည့်လေး
ဥက္ကဌ၏ချစ်သူကောင်လေး
15.8K 2.5K 43
By Ichika_Yuko
{Unicode}
      《အိမ်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ》
စုပေစားပွဲပေါ်မှာတင်ထားတဲ့ ပိုက်ဆံအချို့ကိုကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်သိမ်းလိုက်တယ်။
"ဆားတစ်မျိုးတည်းပဲ မှာတာမလားကောင်းပြီခဏလောက်ပဲစောင့်"
သူဖုန်းရှင်းလန်ရဲ့ကားတစ်စီးကိုယူမောင်းလိုက်တယ်.....တကယ်ဆိုဖုန်းရှင်းလန်ကသူ့ကို ကားတွေအများကြီးပေးထားတယ် ကြိုက်တဲ့ကားယူစီးလိုက်ဆိုတဲ့သဘောမျိုးပေါ့ .......ဘာလို့သူ့ကိုဒီလောက်ထိပေးထားတာလဲလို့မေးချင်လား....သေချာတာကတော့သူဒီအိမ်မှာအကြာကြီးနေမယ်ဆိုပြီး ဖုန်းရှင်းလန်ကိုပြောပြလိုက်လို့ ဖြစ်နိုင်ပါတယ်။
သူအိမ်နဲ့အနီးဆုံး Supermarket ကိုသာသွားပြီးစျေးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆားလေးတစ်ထုပ်ဝယ်ဖို့ကိုပဲ ဘာကိစ္စအိမ်နဲ့ဝေးတဲ့နေရာတွေသွားနေရမှာလဲ နီးနီးနားနားဆိုတော်ရောပေါ့........သူ Supermarket ရောက်တဲ့အခါမှာဘာဆားအမျိုးအစားကိုဝယ်ရမလဲဆိုတာ စဉ်းစားရခက်သွားတယ် ချင်းကွမ်းရှောင်ကဘယ်အမျိုးအစားကိုလိုချင်မှန်း သူမသိဘူး........သူ သူမကိုဖုန်းခေါ်ပြီးလည်း လှမ်းမမေးချင်ဘူး။ဆိုတော့ သူမတူညီတဲ့ဆားအမျိုးအစားအကုန်ရွေးဝယ်လိုက်တယ်။
သူဆားထုပ်တွေကိုငွေရှင်းဖို့ ငွေရှင်းကောင်တာပေါ်တင်လိုက်စဉ်မှာပဲ ငွေရှင်းကောင်တာခုံပေါ်က lollipop ဘူးကြီးတစ်ဘူးကသူ့အမြင်အာရုံကိုဖမ်းစားသွားတယ်။ရုတ်တရက်ပဲအကြံဉာဏ်ကောင်းတစ်ခု သူ့ဦး​​နှောက်ထဲမှာပေါ်လာတယ်။
မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာ စုပေတစ်ယောက်Lollipopတစ်ခုကို ပါးစပ်ထဲမှာစုပ်နေရင်း Supermarket ကနေဟန်ပါပါထွက်လာတယ်။ အခုသူ့ဆီမှာLollipopရှိပြီဖြစ်တဲ့အတွက်‌သူဆေးလိပ်သောက်ချင်တော့မှာ မဟုတ်ဘူး သူဆေးလိပ်ဖြတ်နိုင်တော့မှာသေချာတယ်။
သူဝယ်လာတဲ့ဆားထုပ်တွေကို ကားထဲပစ်ထည့်လိုက်အချိန် အလွန့်အလွန်ရင်းနှီးကျွမ်းဝင်မှုရှိတဲ့လေသံတစ်ခုက သူ့ကိုစကားလှမ်းပြောလိုက်တာ ကိုကြားလိုက်တယ်။
"စုပေ!! နင်ကတကယ့်ကိုအရွယ်ရောက်လာပြီပဲ နင်ငါ့ကိုထားခဲ့ပြီးတကယ်အိမ်ပေါ်ကဆင်းသွားရဲတယ်ပေ့ါ?!"
စုပေရုတ်တရက်လန့်ပြီးတုန်သွားတယ်။ ဒါပေမယ့်ချက်ချင်းပဲ တောက်ပနေအပြုံးကြီးကြီးကိုပန်ဆင်ပြီး နောက်လှည့်လိုက်တယ်။
"အိုး ချစ်လှစွာသောမေမေရေ ဘယ်လောက်တိုက်ဆိုင်လိုက်ပါလိမ့်"
မေမေစုကဘာမှပြန်မပြောတေ့ာဘဲ စုပေရပ်နေသည့်နေရာသို့တိုက်ရိုက်သွားကာ သူ့ကိုပါးချလိုက်သည်။
"နင်ငါ့ကိုအခုထိတော့ နင့်အမေမှန်းသိသေးတယ်ပေါ့ ဟမ်..ဒါဆိုအခုအိမ်ပြန်လာမှာလား မလာဘူးလား"
စုပေ အကြီးအကျယ်မကျေမနပ်မှုများဖြစ်သွားသည်။
"အမေပဲကျွန်တော့်ကိုအိမ်ပေါ်ကနှင်ချခဲ့တာမဟုတ်ဘူးလား"
ရှုပ်ထွေးသောခံစားချက်အချို့ မေမေစုမျက်လုံးထဲမှာပေါ်သွားသည်။ ဒါပေမယ့်ခပ်မြန်မြန်ပဲထိုခံစားချက်တွေ ပြန်ပျောက်သွားတယ်။
"ငါကမင်းကိုငါ့အတွက် ချွေးမတစ်ယောက်လောက်ရှာပေးပါလားလို့မေးခဲ့တာ အဲ့ဒီ့နောက်ဘာဖြစ်သွားလဲ ချွေးမမရတဲ့အတဲ့အပြင်မင်းကိုပါဆုံးရှုံးလိုက်ရတယ်လေ"
"ကောင်းပြီ မင်းအခုငါ့အတွက်ချွေးမတစ်ယောက်ရှာပေးစရာမလိုတော့ပါဘူး မင်းအန်တီကျိုးရဲ့သမီးကနိုင်ငံခြားကနေ ငါတို့အိမ်ကိုရောက်လာလိမ့်မယ် ပြီးတော့သူကမင်းနဲ့လက်ထက်ချင်တယ်တဲ့"
"ငါတို့မင်္ဂလာရှိမယ့်ရက်ကောင်းရက်မြတ်ကိုတောင် ရွေးပြီးပြီ အိမ်ပြန်ရောက်တာနဲ့လက်ထက်ဖို့တောင်ရပြီ"
စုပေကားထဲကိုပစ်ထဲခြင်းခံလိုက်ရတယ်။ ထိုကားလေးကစုပေကိုတင်ပြီး အိမ်သို့ပြန်ရန်မောင်းနှင်နေပြီ စုပေအခုဘာဆက်လုပ်ရတော့မလဲမသိဘူး လက်ထက်ပွဲကလည်းမထင်မှတ်ထားစွာအရမ်းမြန်လွန်းနေတယ်။ မဖြစ်ဘူး mission ပြီးမြောက်အောင်လုပ်ရဦးမယ်။ စုပေသူ့အမေများနောက်နေတာလားလို့ထင်ပြီးကြည့်မိလိုက်ပေမယ့် သူ့အမေပုံကတကယ့်ကိုအတည်ကြီးသူ့ကိုလက်ထပ်ပေးတော့မယ့်ပုံ ဖြစ်နေတယ်။
"အမေကျွန်တော်အန်တီကျိုးရဲ့သမီးနဲ့ လက်မထပ်နိုင်ဘူးနော်"
မေမေစုကလက်သီးတင်းတင်းစုပ်ပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်။
"ပြောစမ်းပါဦး ဘာလို့လဲ အန်တီကျိုးရဲ့သမီးမှာဘာမကောင်းတဲ့အချက်တွေရှိနေလို့လဲ။ သူမပုံစံအနေအထားနဲ့ဆိုမင်းအတွက်လုံလောက်တာထက်တောင်ပိုနေပြီ"
မရေမတွက်နိုင်လောက်တဲ့ထုချက်များစွာ စုပေခေါင်းပေါ်သို့ကျရောက်လာတယ်။မခံနိုင်တော့တဲ့အဆုံးသူ့ရဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကိုထုတ်သုံးရတော့သည်။
"အမေ ကျွန့်တော့်နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ကရှိနှင့်နေပြီးသား"
တကယ့်ကိုအတည်ပြောနေတာပါဆိုသည့်ပုံစံလေးနှင့်မျက်နှာ​လေးကိုမော်ချီကာပြောလိုက်သည်။
မေမေစု ခဏလောက်ရပ်တန့်သွားပြီးမယုံကြည်နိုင်သည့်အမူအရာဖြစ်သွားသည်။
"ငါတစ်ခုမှမင်းတကယ်ကြိုက်ပါတယ်ဆိုတဲ့ သိက္ခာရှိတဲ့မိန်းကလေးမျိုးကိုမတွေ့ဖူးသေးဘူး မင်းဆင်ခြေဆင်လက်အကြောင်းပြချက်တွေပေးပြီး ငါ့ကိုလှည့်ဖျားဖို့မစဉ်းစားနဲ့"
စုပေသူ့အမေရဲ့ သူ့အပေါ်မယုံကြည်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်။ သူထင်တာသူ့အမေကတစ်ခုခုကိုသိပြီးနေပြီးသား မဟုတ်ဘူးလားလို့??
"အမေ....အမေအရာအားလုံးကိုသိပြီးသားမဟုတ်ဘူးလား"
မေမေစုခက်ထန်လွန်းသောလေသံနဲ့ သူ့ကိုပြန်ပြောတယ်။
"မသိဘူး!!ငါဘာမှမသိဘူး ငါသိတာဆိုလို့မင်းအန်တီကျိုးသမီးနဲ့လက်ထပ်ရမယ်ဆိုတာပဲ"
စုပေအရမ်း..အရမ်းကိုအကူအညီမဲ့နေသလိုခံစားလိုက်ရသည်။
"အမေ ဒါအန်တီကျိုးသမီးအတွက်မတရားဘူးလို့မထင်ဘူးလား။"
မေမေစုကလေသံမာမာနဲ့ပြန်ပြောတယ်။
"သူစိတ်ထဲမထားပါဘူး အဆင်ပြေတယ်။"
စုပေတကယ့်ကိုခေါင်းကိုက်လာပြီ။
"ဒါပေမယ့်ဒီလိုချက်ချင်းကြီးလက်ထပ်တာကသိပ်မသင့်တော်ဘူးမှတ်လား"
မေမေစုဒေါ်သထွက်လာပြီး စုပေကိုအော်‌လိုက်တော့သည်။
"မင်း ပါးစပ်ပိတ်ထားလိုက်!!"
စုပေသူမမျက်ရည်တွေကျကာငိုနေတာကိုတွေ့လိုက်ရသည့်အတွက် ဘာစကားမှထပ်ပြီးမပြောတော့ဘူး။သူခန့်မှန်းရသလောက် သူဒီမှာရှိကြောင်းကိုချင်းကွမ်းရှောင်ပြောလိုက်တာပဲဖြစ်ရမယ် အဲ့လိုမှမဟုတ်ရင်သူမနဲ့ဒီလိုမျိုးတိုက်တိုက်ဆိုင်ဆိုင်တွေ့မှာမဟုတ်ဘူး။နောက်ဆုံးမှာတော့ စုပေအိမ်သို့အတင်းအကျပ်ခေါ်ဆောင်သွားခြင်းခံလိုက်ရတယ်။ သူ့အမေကလည်းသူအိမ်ကနေထွက်ပြေးသွားမှာကိုကြောက်လို့ထင်တယ် အရပ်ရှည်ရှည်နဲ့သန်မာတဲ့ Bodyguard တွေကိုသူ့တံခါးမှာစောင့်ဖို့ငှါးထားသေးတယ်။
တယ်လီဖုန်းလား သေချာပေါက်လိုင်းဖြတ်ထားတာပေါ့။ အခုစုပေမှာဖုန်းရှင်းလန်ကိုဆက်သွယ်ဖို့နည်းလမ်းလုံးဝမရှိဘူး။ မေမေစုမျှော်လင့်တာတစ်ခုတည်းပါ..အဲ့တာကတော့စုပေရူးကြောင်ကြောင်အရာတွေမလုပ်ဖို့ပဲ။
ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ဖုန်းရှင်းလန်ကတော့ ခဏခဏဖုန်းကိုလှမ်းကြည့်လိုက်ဖွင့်ကြည့်လိုက်လုပ်နေတယ်။ဒါပေမယ့်သူ့ဖုန်းမှာ messageတစ်စောင်တောင်ဝင်မနေခဲ့ဘူး။
သူသုံးမြောက်ဖုန်းကိုဖွင့်ကြည့်အပြီးမှာ သူ့မျက်ခုံးတွေကဒေါ်သအလျောက်တွန့်ကုန်တယ်။ပုံမှန်ဒီအချိန်ဆိုရင် လူလိမ်လေးဆီကmessageရောက်သင့်နေပြီ ဒါပေမယ့်ဒီနေ့ကျတော်တော်လေးနောက်ကျနေပြီ အခုထိရောက်မလာသေးဘူး။ဖုန်းရှင်းလန်သူကြည့်နေတဲ့အလုပ်စာရွက်စာတမ်းတွေကိုအလိုမကျစွာပစ်ချလိုက်တယ်။ သူ့တစ်ကိုယ်လုံးသေဆုံးခြင်းအငွေ့အသက်တွေနဲ့ပြည့်နှက်နေတယ် သူ့ကိုကြည့်မိတဲ့တစ်စုံတစ်ယောက်တိုင်းသေချင်စိတ်ပေါက်သွားနိုင်လောက်တဲ့အထိ ပြင်းထန်နေတယ်။
သူပုံမှန်စုပေဆီကရနေကျ message လေးမရလိုက်တာနဲ့တင် စိတ်အလိုမကျဖြစ်ကာဒေါ်သထွက်လာမှန်း သူကိုယ်တိုင်တောင်သတိမထားမိလိုက်ဘူး။ ပြောနိုင်တာကတော့သူစုပေကိုသူ့ဘဝထဲဝင်ခွင့်ပြုလိုက်ပါပြီ။
_____________________________
​ဘေဘီ​လေး​တော့အိမ်ပြန်ပါသွားပြီ 🤭 ဒယ်ဒီကြီးဘယ်လိုအပြစ်​ပေးမလဲလို့​စောင့်​နေတဲ့သူ​တွေအတွက်​တော့ စိတ်မ​ကောင်းပါဘူးကွယ် ..😆🤭
#T.B.C
#16.9.2020
#Thanks for reading
_____________________________
{Zawgyi}
"စုပေ!! နင်ကတကယ့်ကိုအရွယ်ရောက်လာပြီပဲ နင်ငါ့ကိုထားခဲ့ပြီးတကယ်အိမ်ပေါ်ကဆင်းသွားရဲတယ်ပေါ့?!"
မေမေစုကဘာမှပြန်မပြောတော့ဘဲ စုပေရပ်နေသည့်နေရာသို့တိုက်ရိုက်သွားကာ သူ့ကိုပါးချလိုက်သည်။