ေႏွာင္တြယ္ရစ္ေသာ...ၾကိဳး💕...

By pkchan1998

764K 67.6K 2.2K

BL(1.9.2020) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 (Warning🔥)
Part 29
Part 30
Part 31
Part 32
Final Part 1
Final Part 2 (Warning)
Final 💕 End

Part 12

18.7K 1.9K 69
By pkchan1998

🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺

"အကို"

သတိတရရွိေနခ်ိန္မွာ အမွတ္တမဲ့ေပၚလာတဲ့အကိုက ေမွာ္ဝင္နတ္သားတစ္ပါးလိုပဲ။
ေကာင္းကင္ကပဲ စြဲလမ္းမႈေၾကာင့္ ျမင္ေနခဲ့တာလား။
တကယ္ပဲ အကိုကေကာင္းကင္ေရွ႕မွာေရာက္ေနခဲ့တာလား။

"ေဖေဖ"

ေဟာ…အကိုခ်ီထားတဲ့သမီးငယ္ကပါ ေကာင္းကင္ကိုေခၚေနျပီမို႔
ဒါဟာအိပ္မက္ေတာ့ မျဖစ္တန္ရာ။

"ေကာင္းကင္ ဘာေတြစဥ္းစားေနတာလဲ
လာေလ"

အကိုကျပံဳးရင္း လက္ယက္ေခၚေနျပန္သည္။
တစ္ေန႔ေလးမေတြ႔ရတာေတာင္ က်ေနာ္ေသေလာက္ေအာင္လြမ္းတာမို႔ အကို႔ကို ေငးၾကည့္ခ်င္ေသးတယ္။

ေနရာကမေရြ႕နိုင္သည့္ ေကာင္းကင္စီကို အကိုကသမီးငယ္ကိုခ်ီျပီးေရာက္လာသည္။

"ဘာေတြကအဲ့ေလာက္ေငးစရာျဖစ္ေနတာလဲေကာင္းကင္ရာ"

လက္ဖ်ားကိုလာထိသည့္ အကို႔လက္ေခ်ာင္းေတြရဲ႕အထိအေတြ႔။
ႏွလံုးသားက အဆက္မျပတ္ခုန္ေပါက္လို႔။
က်ေနာ္ရင္ခုန္လြန္းျပီးေသေတာ့မွာမ်ားလားအကိုရယ္။

"တကယ္ အကိုလားဟင္"

"အဟြန္း……ဟုတ္တယ္ ကိုယ္……မင္းတစ္ေယာက္ထဲရဲ႕အကို"

က်ေနာ္ေတာ့ ေနရာမွာပင္ႏွလံုးခုန္းရပ္ေတာ့မလားပဲ။
ျပဳစားလြန္းျပန္ျပီအကိုရယ္။
က်ေနာ္အရူးရင့္သြားရင္ တာဝန္ရွိသူက အကိုျဖစ္သြားလိမ့္မယ္ဗ်။

"ေဖေဖ ကားေပၚတက္ေတာ့ေလ
သမီးဗိုက္ဆာပါတယ္ဆို"

ဟုတ္ပါရဲ႕။ တံခါးဖြင့္ေပးထားတဲ့အကို႔ကိုပဲေငးေနမိတာ အရာရာကို တေမ့တေဆြးျဖစ္လို႔။

"ကားထဲဝင္ ကေလးကိုမင္းေပၚထိုင္ခိုင္းမယ္ေနာ္"

ကားတံခါးစီက အကိုလက္ေတြဟာ ေကာင္းကင္ဆံပင္ေတြထက္
ဖြဖြေလးေနရာယူလာျပန္သည္။
အကိုလုပ္တဲ့ အျပဳအမူတိုင္းကို က်ေနာ္ရင္ခုန္တယ္ဗ်။
ႏူးည့ံလြန္းတာ လူတိုင္းအေပၚအကိုဆက္ဆံေနက်အျပဳအမူလား။
ဒါမွမဟုတ္ က်ေနာ့္တစ္ေယာက္ထဲအတြက္လား။

"ကိုယ္ကမင္းေရွ႕မွာ အျမဲရွိတာမို႔ ေငးပဲမေငးနဲ႔
ကားစီးရင္ ခါးပတ္ပတ္ရမယ္ေလ"

"အာ……ဟုတ္"

ေကာင္းကင္မ်က္ႏွာပူပူနဲ႔ပင္ ခပ္ယဲ့ယဲ့ျပံဳးကာ ခါးပတ္ပတ္လိုက္ရသည္။
သမီးငယ္ကို ေကာင္းကင္ေပါင္ေပၚတင္ေပးျပီး အကိုကေမာင္းသူေနရာမွာထိုင္သည္။

"ေကာင္းကင္ မင္းတို႔ကို လိုက္ပို႔ေပးမွာမို႔
ကိတ္မုန္႔ဆိုင္ေရာက္မွ မုန္႔စားၾကမယ္
ျဖစ္တယ္မို႔လား"

"ဟုတ္ အကို႔သေဘာပါဗ်"

"ကေလးကေရာ"

"ဦးဦးေဒါက္တာ သေဘာ ဟိ ဟိ"

"ႏွစ္ေယာက္လံုးက လိမ္မာလိုက္တာ
ခ်စ္စရာေကာင္းလြန္းတယ္"

သမီးငယ္ကိုရည္ရြယ္ကာေျပာသလားမသိေပမဲ့
တစ္ဖက္သက္ရင္ခုန္ရသူက ေကာင္းကင္ျဖစ္ရျပန္သည္။

"ေကာင္းကင္ တေမ့တေမာနဲ႔ ဘာျဖစ္ေနတာလဲ
အလုပ္ထဲေရာ အာရံုစိုက္ရဲ႕လား……ေငးငိုင္တာကို အဖြားက မၾကိဳက္ဘူးေနာ္ ေတာ္ၾကာ ကုမၼဏီလာရင္း ေကာင္းကင္ပံုစံကိုေတြ႔ရင္
အလုပ္ျဖဳတ္လိမ့္မယ္"

"ဟုတ္ က်ေနာ္အလုပ္ကိုေသခ်ာလုပ္ပါတယ္အကို
အခုက……အခုက……"

"အခုကဘာျဖစ္လို႔လဲ ဆက္ေျပာမွေပါ့"

"အာ……အကို႔ကို ရုတ္တရက္ၾကီးေတြ႔လိုက္ရေတာ့
အဲ့ဒါ……အဲ့ဒါေၾကာင့္……"

"အ့ံၾသသြားတာလား ဒါမွမဟုတ္ မေတြ႔ခ်င္ဘဲ ေတြ႔ရလို႔ စိတ္ပ်က္သြားတာလား"

"ဟင့္အင္း မဟုတ္ပါဘူး အကို႔ကို က်ေနာ္ေတြ႔ခ်င္ပါတယ္"

ေျဖရွင္းခ်က္ေပးမိသည္က အလ်ွင္အျမန္ပင္။

"ဟ……ဟ ေအးပါကြာ  ေျဖးေျဖးေျပာပါ
လ်ွာခလုတ္တိုက္ပါ့မယ္ ဘယ္သူကလုေျပာေနလို႔လဲ"

"အကိုကဗ်ာ……"

"ေကာင္းကင္ကလဲကြာ"

"ဟာ…အကို႔……က်ေနာ့္ကိုလာေျပာင္ေနတာလား"

ေကာင္းကင္ စိတ္ဆိုးသလိုျဖင့္ရန္ေတြ႔မိျပန္သည္။
ဒီလိုအျပဳအမူ ဘယ္တုန္းကလုပ္တက္သြားပါလိမ့္။

"ဒါနဲ႔ သမီးငယ္က ဘယ္လိုလုပ္အကိုနဲ႔ပါလာရတာလဲ"

"မင္းအမေက်ာင္းကိုသြားရင္းေတြ႔လို႔ေခၚလာတာ
မင္းစီသြားခ်င္တယ္ဆိုလို႔"

"ဟုတ္ပါဘူး ဦးဦးေဒါက္တာလိမ္ေျပာတာေဖေဖ"

ေကာင္းကင္ေပၚတြင္ျငိမ္ေနသည့္ သမီးငယ္ကထေျပာသည္။

"ဟုတ္လား ဘယ္လိုလိမ္တာလဲသမီးငယ္"

"သမီးကို ေဖေဖ့စီပို႔ေပးမယ္ လိုက္ခဲ့တဲ့"

"အယ္ အဲ့လိုလား"

သမီးငယ္မ်က္ႏွာကိုငံုၾကည့္ကာေမးေတာ့ ေခါင္းျငိမ့္သည္။
အကို႔ကိုလွည့္ၾကည့္ေတာ့ လက္တစ္ဖက္ႏွင့္ပါးစပ္ကိုအုပ္ကာ အျပင္ဘက္ကိုလွည့္ေနသည္။

"အကို……တကယ္ က်ေနာ့္စီလာတာလား"

"ဟင္……"

"က်ေနာ့္စီလာတာလားလို႔……ေမးတာ"

"အမ္း……မဟုတ္…ဟို……ကိုကို႔စီလာရင္းလမ္းၾကံဳလို႔
မင္းကိုေစာင့္ေနတာ"

"ဟုတ္လား သူေ႒းနဲ႔ေတြ႔ျပီးျပီေပါ့"

"အင္း…ေတြ႔ျပီးျပီေပါ့ မင္းထြက္မလာခင္ဘဲ
ကိုကိုနဲ႔ေတြ႔တာ"

က်ေနာ့္စီလာတယ္လို႔ေျပာရင္ က်ေနာ္အေပ်ာ္လြန္ျပီးေသမွာစိုးလို႔လားအကို။
မလိမ္တက္ဘဲလိမ္ေျပာေနတဲ့အကိုက ကေလးတစ္ေယာက္လို႔ မ်က္လံုးေတြက တည္ျငိမ္မေနခဲ့ဘူး။
အဲ့ဒီမ်က္လံုးေတြကပဲ စြဲလန္းျခင္းေတြျဖစ္ေစတာအကိုရဲ႕။

"ေကာင္းကင္ လာေလ ဆိုင္ထဲမလိုက္ဘူးလား"

"လိုက္မွာပါ……အကို႔ကိုအားနာလို႔
တကူးတကၾကီး ဒီအထိဆိုေတာ့……"

"ေအာ္ ဘာမ်ားလဲလိုေကာင္းကင္ရယ္
အားနာရေအာင္ ကိုယ္တို႔က သူစိမ္းလား
မသိတဲ့လူေတြလဲမဟုတ္ဘူး လာေတာ့ ျမန္ျမန္ ကေလးကဗိုက္ဆာေနျပီ"

သမီးကို ဦးေအာင္ခ်ီကာ အကိုကဆိုင္ထဲဝင္သြားသည္။
လိုက္သြားနိုးနိုး ေနခဲ့ရနိုးနိုးျဖင့္ ငါးမိနစ္ေလာက္ေနာက္က်သြားရသည္။
ဆိုင္ထဲေရာက္ေတာ့ အကိုနဲ႔သမီးငယ္က မုန္႔ေတာင္စားေနၾကျပီ။
ကိတ္တစ္ေယာက္တစ္ခုမဟုတ္ဘဲ တစ္ခုထဲကိုႏွစ္ေယာက္စားေနၾကျပန္သည္။
သမီးငယ္ကသူစားလက္စမုန္႔ကိုပါ အကို႔ကိုခြံ႕ေနေတာ့ အားနာရျပန္သည္။

"သမီးငယ္ ဦးဦးကို အဲ့လိုမေက်ြးရဘူးေလ"

"ဦးဦးက စားပါတယ္ေဖေဖရဲ႕"

"အားနာလိုက္တာအကို……သမီးငယ္လာေဖေဖ့စီ"

"ေနပါေစေကာင္းကင္ရဲ႕
ကေလးေက်ြးတာပဲ မစားနိုင္စရာမရွိပါဘူး
စားခ်င္တာမွာေလေကာင္းကင္"

"ေတာ္ျပီဗ် က်ေနာ္ဗိုက္မဆာလို႔"

"ေအာ္…လူေကာင္ကေသးေနတယ္ ေနာက္ဆို ကိုယ္ဘာေက်ြးေက်ြးစားရမယ္ ဒီေန႔ေတာ့ထားေတာ့"

"ဗ်ာ…က်ေနာ္ မေသးပါဘူး အကိုေျပာမွ က်ေနာ္က ကေလးေသးေသးေလးက်လို႔"

"အဲ့အတိုင္းျဖစ္ေနတာပဲေလ
သမီးနဲ႔မင္းနဲ႔ဘာကြာလို႔လဲ……မ်က္ႏွာေလးေတြဆိုတာ
လက္သီးစုပ္ေလာက္ပဲရွိတယ္"

"အဲ့ေလာက္ေတာ့ မကပါဘူး အကိုကလဲ"

"ေသခ်ာၾကည့္ဒီမွာ လက္ေကာက္ဝတ္ေလးေတြဆိုလဲ
ေသြးေၾကာေတြေတာင္ေပၚလို႔ ေယာက်ာ္းေလးျဖစ္ျပီး
အသားအေရကလဲ နုအိအိေလးနဲ႔ အစားမ်ားမ်ားစားမွ အသားကက်စ္လာမွာေပါ့"

ေကာင္းကင္လက္ကေလးကို ကိုင္ကာ ေသခ်ာေတာင္ၾကည့္ခိုင္းေနသည္။
မေျပာမဆိုလုပ္တက္တဲ့အကို႔ေၾကာင့္ က်ေနာ္ႏွလံုးရပ္ရေတာ့မွာပဲ။

ေသြးေၾကာေတြေပၚေနတာကလဲ ေကာင္းကင္အသားျဖဴေတာ့ ဖံုးလို႔မွမရပဲ။
အသားအေရကနုတာကလဲ ေမြးကတည္းကမို႔ ဘာမွလုပ္လို႔မရ။
အမွန္တိုင္းေျပာရရင္ ၾကယ္စင့္ထက္ေတာင္ ေကာင္းကင္က နုေနေသးသည္။

Ring……ring……

အကို႔ဖုန္းသံၾကားမွ ေကာင္းကင္ အၾကည့္လႊဲမိသည္။

"ဟဲလို"

"ေဒါက္တာ ဒီမွာလူစံုေနျပီ"

"အင္း ငါခဏေနလာခဲ့မယ္"

စားေသာက္ဆိုင္အရင္သြားခိုင္းလိုက္သည့္ ဆရာဝန္ေတြကဖုန္းဆက္လာသည္။
ကာယကံရွင္မပါေတာ့ သူတို႔အေနနဲ႔လဲ ေကာင္းေကာင္းေပ်ာ္မည့္ပံုမေပၚ။

"အကိုသြားစရာရွိေနတာလား"

"ဟင္ အင္း အေရးမၾကီးပါဘူး
ေဆးရံုက လုပ္ေဖာ္ကိုင္ဘက္ေတြကို ညစာေက်ြးမယ္ေျပာထားတာ"

"သူတို႔ေစာင့္ေနတာဆို သြားလိုက္ပါ
က်ေနာ္တို႔ကိုအားမနာပါနဲ႔"

"ရတယ္ မင္းတို႔ကိုလိုက္ပို႔ျပီးမွသြားမယ္"

"မဟုတ္တာအကိုရယ္ က်ေနာ္တို႔အိမ္က သိပ္မွမေဝးေတာ့တာ
အကိုသြားလိုက္ပါ"

"မင္းတို႔ႏွစ္ေယာက္ထဲစိတ္မခ်ဘူး"

"က်ေနာ္ေမြးကတည္းက ဒီရပ္ကြက္မွာၾကီးခဲ့တာပါအကိုရဲ႕
ဘာမွစိတ္မခ်မျဖစ္နဲ႔ စိတ္မခ်ရမဲ့သူ က်ေနာ္မို႔ အကိုသာ ဂရုစိုက္သြားပါ"

"အင္းပါ……ဒါဆို ကိုယ္သြားပါ့မယ္
အိမ္ေရာက္ရင္ ေရာက္တဲ့အေၾကာင့္ ကိုယ့္စီဖုန္းဆက္အံုး"

"ဟုတ္ က်ေနာ္ဆက္ပါ့မယ္ဗ်"

"ကိတ္ဖိုး ရွင္းထားျပီးသား ေျဖးေျဖးျပန္ေနာ္"

"ဟုတ္ အကို"

"ကေလးေလး ဦးဦးသြားေတာ့မယ္
ေနာက္မွထပ္ေတြ႔မယ္ေနာ္"

"ဟုတ္ဦးဦး သမီးစီဆက္ဆက္လာေတြ႔ေနာ္"

"Ok ကေလး"

အကိုက သမီးငယ္ႏွဖူးကိုနမ္းျပီး ေကာင္းကင္ေခါင္းေလးကိုဖြဖြပုတ္သြားေသးသည္။
ေဆးရံုနံ႔စြဲသည့္ အကိုခႏၶာကိုယ္ရနံ႔က ေကာင္းကင္သေဘာမက်ေသာ္လည္း ရွဴရိႈက္မိသည္။
က်ေနာ္အဆင္ေျပပါတယ္အကို။
အကို႔မ်က္ႏွာျမင္လိုက္ရျပီမို႔ က်ေနာ့္အလြမ္းေတြ နည္းနည္းေတာ့ သက္သာပါျပီ။

ေကာင္းကင္ အိမ္ျပန္ေရာက္ေတာ့ ၾကယ္စင္က တံခါးဝကေန ျပံဳးစိစိနဲ႔စီးၾကိဳသည္။

"မမ ေပ်ာ္စရာရွိလို႔လား မ်က္ႏွာက မိႈရသလိုနဲ႔"

"အင္း ေပ်ာ္စရာလို႔ပဲေျပာရမွာေပါ့"

"နင့္ဟာကဘယ္လိုၾကီးလဲ ေပ်ာ္စရာျဖင့္လဲေပ်ာ္စရာေပါ့"

"အစကေတာ့ မေပ်ာ္ဘူးေဟ့ အခုမွေပ်ာ္သြားတာ"

"လူနားလည္ေအာင္ေျပာပါလားၾကယ္စင္
မေျပာရင္လဲဖယ္ အိမ္ထဲဝင္မလို႔"

"နင္နဲ႔ေဒါက္တာ့အေျခအေနဘယ္လိုလဲ
ငါ့crushၾကီးဆိုေပမဲ့ သူကနင့္ကို သေဘာက်ပံုရလို႔
ငါလက္ေလ်ွာ့လိုက္တာေနာ္"

"ဘာအေျခအေနကိုနင္ကသိခ်င္ေနတာလဲ
ၾကယ္စင္ေနာ္ မဟုတ္တာေတြေတြးမေနနဲ႔
အကိုနဲ႔ငါက ရိုးသားတယ္"

"ေဟာ ငါကမရိုးသားဘူးလို႔ေျပာလို႔လား
မွန္မွန္ေျဖစမ္းေကာင္းကင္ နင္ေဒါက္တာ့ကို ၾကိဳက္ေနတယ္မဟုတ္လား"

ေကာင္းကင္အျမန္ပင္သမီးငယ္၏နားကိုပိတ္လိုက္ရသည္။
သမီးငယ္ၾကားမွျဖင့္ အကိုနဲ႔ေတြ႔လို႔ ျပန္ေျပာရင္ အရွက္ကြဲကုန္ေတာ့မည္။

"ၾကယ္စင္ နင္ဘယ္လိုျဖစ္ေနတာလဲ
သမီးငယ္ေရွ႕မွာစကားေျပာဆင္ျခင္စမ္းပါ
ေမေမတို႔ၾကားသြားရင္လဲ မေကာင္းဘူး"

"ဘယ္သူမွမၾကားဘူး ေဖေဖနဲ႔ေမေမ ဘုရားကိုးစူရွိလို႔သြားၾကတယ္"

"ဒါေပမဲ့လဲ ကေလးေရွ႕ ေပါက္ကရေတြမေျပာနဲ႔
နင့္တူမက အကုန္မွတ္ထားတာဗ် ေတာ္ၾကာ အကိုကအထင္လြဲသြားမွျဖင့္"

"အကို အကိုနဲ႔ဟယ္ ေဒါက္တာေတာ့မသိဘူး ငါျဖင့္အသဲယားလိုက္တာ  ေျဖစမ္းပါ နင္ေဒါက္တာကို ဘယ္လိုသေဘာရလဲ"

"ဘယ္လိုမွသေဘာမရဘူး နင္ေတာ္ေတာ္စပ္စုတာပဲဟာ
နင္လုပ္တာနဲ႔ငါက အကိုနဲ႔ေတာင္ မေတြ႔ရဲစရာ"

"ဒါေတာ့ နင္ကသံသယဝင္စရာျဖစ္ေနတာကို"

"ဘယ္လို ငါကသံသယဝင္စရာဘာမ်ားလုပ္ေနလို႔လဲ
ငါဘာမွမဟုတ္တာ လုပ္မထားဘူးေနာ္"

"နင္မသိလို႔ပါ ေဒါက္တာ့အေၾကာင္းေျပာရင္
နင့္မ်က္လံုးေတြက အေရာင္ကိုေတာက္ေနေရာ ပါးေတြဆိုလဲ ရဲလာျပီး ရွက္သလိုျဖစ္ေနတာ ငါကနင့္ကိုျမင္ေနရတာဟဲ့ ငတံုးေလးရဲ႕"

"မဟုတ္တာေတြေျပာျပန္ျပီ ငါက…ဘာ…ဘာရွက္ရမလဲ"

"ဒီမယ္ေမာင္ေလး အခ်ိန္ရွိတုန္း ေသခ်ာစမ္းစစ္
ဆိုင္သူရွိသြားေတာ့မွ ခ်စ္ပါတယ္ဆိုရင္ ေနာင္တရစရာျဖစ္ေနလိမ့္မယ္"

"ဆိုင္သူ……အကို႔မွာ ခ်စ္ရသူရွိသြားရင္လား"

"အင္း…ငါနဲ႔နင္က အမႊာေမြးတာပါေကာင္းကင္
နင့္စိတ္ထဲဘာရွိတယ္ဆိုတာငါသိတယ္ဒါကရွက္စရာမဟုတ္ဘူး
ေၾကာက္ေနဖို႔လဲ မလိုဘူး ရင္ဆိုင္ရဲဖို႔ပဲလိုတယ္"

"ဒါေပမဲ့ ငါမွာသမီးေလးရွိတယ္……ဘယ္လိုလူက ငါလိုကေလးတစ္ေယာက္ရွိတဲ့သူကို ျပန္သေဘာက်နိုင္မွာလဲ
အလွမ္းေဝးလြန္းတယ္ၾကယ္စင္……မမွီတာကို လွမ္းမိလို႔ ငါ့ေၾကာင့္နဲ႔ငါ့သမီးငယ္ လူေျပာစရာျဖစ္မွာကိုမလိုခ်င္ဘူး"

"စေတာင္ မစရေသးဘူး နင္ကစိတ္ဓာတ္က်တဲ့ဘက္ကရပ္ေနျပန္ျပီ
တခါေလာက္ပဲ နင့္စိတ္အစံုကိုဖြင့္ျပီး ေဒါက္တာ့ကိုေစ့ေစ့ၾကည့္ ၾကည့္ပါလား ငါအတပ္ေျပာနိုင္တယ္ ေဒါက္တာလဲ နင့္ကို သေဘာက်ေနတယ္"

ေကာင္းကင္ သမီးငယ္နဲ႔အတူ အိမ္ထဲဝင္လာရင္း ေခါင္းယမ္းမိသည္။
သေဘာက်နိုင္လား။ အကိုက ေကာင္းကင္ကိုခ်စ္ေနနိုင္လား။
အကယ္၍ အကို႔စီမွာလဲ ေကာင္းကင္လို ခံစားခ်က္ရွိတယ္ဆိုရင္ေတာင္ မျဖစ္နိုင္ဘူးမို႔လား။
သိမ္ငယ္ရမဲ့သူဟာ ကိုယ္တိုင္ပဲမို႔ ပိုင္ဆိုင္ဖို႔မၾကိဳးစားမိေအာင္ ထိန္းခ်ဳပ္ရလိမ့္မည္။
ပိုင္ဆိုင္ခ်င္မိလ်ွင္ ထိခိုက္မည့္သူဟာ ေကာင္းကင္တစ္ေယာက္ထဲမွမဟုတ္ဘဲ။
ကိုယ္တစ္ေယာက္ထဲရဲ႕ ခံစားခ်က္ကိုဦးစားေပးျပီး
ခ်စ္ရတဲ့သူေတြ ထိခိုက္မည့္အေရး ေကာင္းကင္မေရြးခ်ယ္ပါရေစနဲ႔။
………………………………………………

မင္းရန္နိုင္ အလုပ္လုပ္ေနသည့္အနားသို႔ေရာက္လာသည့္ ၾကည္ႏူးေၾကာင့္ အလုပ္ေတြခဏထားလိုက္ျပီး ေပါင္ေပၚဆြဲတင္ကာထိုင္ခိုင္းလိုက္သည္။

"ၾကည္ႏူး မအိပ္ေသးဘူးလား"

"အင္း ေစာေသးတယ္ေလ ကိုမင္းညီျပန္လာေသးပံုမရဘူး"

"ခန္႔တည္က ဒီေန႔ေနာက္က်မယ္ေျပာတယ္ၾကည္ႏူးရဲ႕
သူ႔လုပ္ေဖာ္ကိုင္ဘက္ေတြကို ညစာလိုက္ေက်ြးမွာမို႔တဲ့"

"ေအာ္ ကိုမင္း ၾကည္ႏူးေျပာစရာရွိလို႔
တိုင္ပင္ခ်င္တာဆိုပိုမွန္မယ္ထင္တယ္"

"အင္းေျပာေလ"

"ဒီလိုေျပာတာက အဖြားေစတနာကို ၾကည္ႏူးေစာ္ကားတာမဟုတ္ဘူး ဒီတိုင္းကိုယ့္လမ္းကိုေလ်ွာက္ခ်င္ယံုပဲ"

"အင္းပါ ၾကည္ႏူးဆိုလိုရင္းကို ကိုယ္နားလည္ေအာင္ေျပာမွေပါ့"

"အခုကေစာေသးေပမဲ့ ေနာက္က်ရင္ ၾကည္ႏူးတို႔အိမ္ခြဲေနရေအာင္ေနာ္"

"ဘာလို႔လဲၾကည္ႏူးရဲ႕ ကိုယ္တို႔အိမ္မွာအဆင္မေျပလို႔လား"

"ေျပပါတယ္ဒါေပမဲ့ ဒီမွာဆိုရင္ အရာအားလံုးအဖြားသေဘာအတိုင္းလုပ္ရမယ္ထင္တယ္ ၾကည္ႏူးက ကိုယ္ပိုင္ဘဝကိုဖန္တီးခ်င္တာ
အဖြားက ကိုမင္းကိုခ်စ္လို႔ အစစအရာရာလုိုက္လုပ္ေပးတာသိေပမဲ့
အဲ့ဒါကၾကည္ႏူးအတြက္ သိပ္အဆင္မေျပဘူး"

"ၾကည္ႏူးနားလည္မႈလြဲေနလို႔ပါ အဖြားက အရာရာကိုမခ်ဳပ္ကိုင္ပါဘူး ကဲပါ အခုက ၾကည္ႏူးအဖြားနဲ႔စိမ္းေနေသးလို႔ ဒီခံစားခ်က္ကဝင္ေနတာ ေနာက္က်ရင္ အဖြားကိုနားလည္လာလိမ့္မယ္
သြားအိပ္ေတာ့ ခဏေန ကိုယ္အလုပ္ျပီးျပီ"

အခ်ိဳသတ္ကာတိမ္းေရွာင္သည့္ ကိုမင္းက ၾကည္ႏူးစကားကိုနားဝင္ဟန္ေတာ့မတူ။
လက္ထပ္တာမၾကာေသးသည္မို႔ ကေတာက္ကဆမျဖစ္ခ်င္တာေၾကာင့္ အိပ္ယာသာဝင္ခဲ့သည္။
ေနရာတိုင္းကို သည္းသည္းလႈပ္လြန္းတာ ဘယ္သူက သေဘာက်ေနနိုင္မွာလဲ။
ကိုယ့္အိမ္ေထာင္နဲ႔ျဖစ္ျပီဆိုမွေတာ့ လင္နဲ႔မယားပဲအတူတိုင္ပင္ကာ ဘဝခရီးေလ်ွာက္လွမ္းရမည္မဟုတ္လား။
အခ်ိန္ျပည့္ တစ္ပါးသူအရိပ္မွာ ခိုေနျပီး စိတ္တိုင္းက် ေနေပးဖို႔ဆိုတာ ၾကည္ႏူးအတြက္ေတာ့ ေတာ္ေတာ္ၾကီးကိုမျဖစ္နိုင္။

ႏွစ္ဖက္စီးပြားေရးေၾကာင့္ လက္ထပ္ခဲ့သည္ဆိုေပမဲ့
ကိုမင္းရန္နိုင္ကို ၾကည္ႏူးစိတ္ရင္းနဲ႔သေဘာက်ပါသည္။
ကိုမင္းဘက္က သူ႔အဖြားဆႏၵေၾကာင့္ပဲ လက္ခံခဲ့သလားေတာ့မသိနိုင္။
ၾကည္ႏူးကို ဂရုစိုက္ေပမဲ့ ကိုမင္းမ်က္လံုးေတြမွာ ခ်စ္သည့္အရိပ္အေယာင္ေတာ့ မေတြ႔ရ။
ဘယ္နည္းနဲ႔ဒီအရိပ္က ရုန္းထြက္ရပါမည္နည္း။

ၾကည္ႏူးအိပ္ေပ်ာ္သြားေတာ့မွ မင္းရန္နိုင္ အခန္းျပင္ထြက္ကာ
ေအာက္ဆင္းလာခဲ့သည္။
အဖြားကဧည့္ခန္းမွာထိုင္ကာ အိမ္အကူအမ်ိဳးသမီးနဲ႔အတူ TVၾကည့္ေနေသးသည္မို႔ အဖြားေဘးမွာဝင္ထိုင္လိုက္သည္။
ခန္႔တည္ျပန္မလာေသးလို႔ အခန္းထဲမဝင္ေသးတာျဖစ္မည္။

"အဖြား"

"ေဟာ ေျမးၾကီးမအိပ္ေသးပါလား
ေျမးမေရာ……"

"ၾကည္ႏူးကအိပ္သြားျပီအဖြားရဲ႕
ခန္႔တည္ကိုေစာင့္ေနတာလား"

"မင္းညီကျပန္လာေနျပီတဲ့ဖုန္းဆက္ထားပါတယ္
အဖြားကဇာတ္ကားေလးေကာင္းလို႔ မအိပ္ေသးတာ"

မင္းရန္နိုင္ အဖြားပုခံုးေပၚေခါင္းမွီတင္ထားေတာ့ အဖြားကပါးျပင္ကိုလက္ေတြနဲ႔ဖြဖြပြတ္သပ္ေပးသည္။

"အဖြားေျမးၾကီး ေျပာစရာတစ္ခုခုရွိေနျပီထင္ပါ့"

"ဟုတ္ ရွိတယ္အဖြား"

"အင္း ေျပာပါအံုး အဖြားဘာလုပ္ေပးရမလဲ
ေျမးၾကီးဘာျဖစ္ခ်င္လဲ……အဖြားမ်က္စိေရွ႕ကထြက္သြားတာမဟုတ္ရင္ အဖြားက ေျမးတို႔ျဖစ္ခ်င္တာ အကုန္ျဖည့္ဆည္းေပးမွာ"

"တျခားမဟုတ္ပါဘူး က်ေနာ္တစ္သက္လံုးအဖြားနဲ႔ေနလို႔ရတယ္မဟုတ္လား က်ေနာ္သားသမီးေတြရတဲ့အထိ အဖြားက ေနခိုင္းမယ္မဟုတ္လား"

"ေျမးၾကီးရယ္ ဘာမ်ားလဲလို႔ကြယ္
ေနရမွာေပါ့ အဖြားေျမးေတြေရာ အဖြားျမစ္ေလးေတြေရာ
အဖြားရဲ႕အရိပ္မွာေနလို႔ရတယ္ ေျမးတို႔ကခြဲထြက္ခ်င္ရင္ေတာင္ အဖြားကထြက္ခြင့္မျပဳဘူး……"

"ဘာလို႔လဲ အဖြား"

"ေျမးၾကီးရယ္ အဖြားမွာ ေျမးတို႔ႏွစ္ေယာက္ပဲ သံေယာဇဥ္ကရွိတာေလ အဖြားေျမးေတြမရွိဘဲ အဖြားကေနနိုင္ပါ့မလား အဖြားမၾကိဳက္တာမင္းတို႔လုပ္ရင္ေတာင္ မင္းတို႔အေမတုန္းကလို စြန္႔ပစ္ခ်င္ေပမဲ့ အဖြားလုပ္မွာမဟုတ္ဘူး မင္းတို႔ကအဖြားစိတ္တိုင္းက် အခုခ်ိန္ထိေနခဲ့ၾကတာမို႔ အဖြားက အေကာင္းဆံုးပဲတားမွာ……ေျမးၾကီးက
အဖြားအရိပ္ကိုစြန္႔ခ်င္ေနျပီလား"

"မဟုတ္ပါဘူးအဖြား က်ေနာ္ကဒီတိုင္းေမးတာပါ
ဘယ္ေတာ့မွအဖြားကိုထားမသြားဘူး အဖြားခင္းေပးတဲ့ ဒီလမ္းက အေကာင္းဆံုးမို႔ က်ေနာ္ကအဖြားလက္ကိုဆြဲျပီး အဆံုးထိေလ်ွာက္မွာ"

"ဒါဆိုေျမးၾကီးအတြက္ အဖြားက အေရးပါဆံုးလား"

"ေမးစရာလိုေသးလို႔လားအဖြားရယ္
က်ေနာ့္အတြက္ အဖြားကလြဲျပီးမရွိဘူး
က်ေနာ္ကအဖြားကိုအခ်စ္ဆံုး"

"အဖြားကလဲအဖြားေျမးေတြကိုအခ်စ္ဆံုးပါကြယ္……
ေဟာ ေျမးငယ္လာျပီထင္တယ္"

ျခံထဲဝင္လာသည့္ကားသံေၾကာင့္ ခန္႔တည္ျပန္လာျပီမွန္းသိလိုက္သည္။

"အဖြားနဲ႔ကိုကို မအိပ္ၾကေသးဘူးလား"

"အေပ်ာ္ရွာတဲ့လူပ်ိဳၾကီးကိုေစာင့္ဖမ္းေနတာေလကြာ"

"ဟာ ကိုကိုကေတာ့ စလာျပီ မိန္းမရတာျဖင့္မၾကာေသးဘူး
လူကိုႏွိမ္ျပီ အဖြား ကိုကို႔ကိုတားအံုးေနာ္"

"အႏွိမ္မခံေစခ်င္ရင္ ေျမးငယ္ကလဲ ျမန္ျမန္အေကာင္အထည္ေဖာ္ေလကြယ္ အဖြားကေတာ့ေျမးၾကီးဘက္ကပဲ"

"ရပါတယ္ က်ေနာ္လဲၾကိဳးစားေနပါျပီ
ေတြ႔မယ္ အဲ့က်မွ ကိုကိုမလြယ္ဘူးမွတ္"

"ေျမးငယ္ ပင္ပန္းလာမွာပဲ ေရခ်ိဳးျပီးနားေတာ့
ေျမးၾကီးအဖြားကို အခန္းထဲလိုက္ပို႔ပါအံုး"

"ဟုတ္အဖြား"

ခန္႔တည္လဲ အဖြားကိုတစ္ဖက္ကတြဲကာ ကိုကိုနဲ႔အတူ အခန္းထဲလိုက္ပို႔ေပးလိုက္သည္။

"အဖြား ဂြဒ္နိုက္"

"ေအးေအးေျမးတို႔"

ညီကိုႏွစ္ေယာက္အေပၚတက္လာေတာ့ ကိုကိုကခန္႔တည္ပုခံုးကိုလာဖက္သည္။

"ငါ့ညီေလး ခ်စ္သူေတြ႔ေနျပီလား"

"ဟင့္အင္း က်ေနာ္ေတြေဝေနတုန္း"

"ေဟာဗ်ာ ဘယ္လိုေၾကာင့္ မေသမခ်ာၾကီးလဲ"

"ေနာက္မွေျပာျပမယ္ ဂြဒ္နိုက္ကိုကို"

"အင္း ဂြဒ္နိုက္"

ခန္႔တည္အခန္းထဲျပန္ေရာက္ေတာ့ ေရမခ်ိဳးေသးဘဲ ခုတင္ေပၚခဏလွဲလိုက္သည္။
အိတ္ထဲကဖုန္းကိုထုတ္ကာ ညေနက ေကာင္းကင္ပို႔သည္စာတိုေလးကို အေခါက္ေခါက္ျပန္ဖတ္ေနမိသည္။

*က်ေနာ္နဲ႔သမီးငယ္ အိမ္ျပန္ေရာက္ျပီဗ်အကို*တဲ့။
ကဗ်ာမဆန္ေပမဲ့ ဖတ္ရသူအဖို႔ ၾကည္ႏူးေစသည္။

ဖုန္းနံပါတ္ေပးထားေသာ္လည္း တခါမွမဆက္သလို စာတစ္ေၾကာင္းလဲမပို႔ဖူးသည့္ ေကာင္းကင္စီက ပထမဆံုးရသည့္ စာတိုက ခန္႔တည္ကိုေပ်ာ္ရႊင္ေစသည္။
သတိရတယ္ေကာင္းကင္ငယ္။

ဖုန္းဆက္ခ်င္မိေသာ္လည္း မိမိလူၾကီးတစ္ေယာက္မို႔ တစ္ပါးသူအိပ္စက္ခ်ိန္ကိုေႏွာက္ယွက္ဖို႔မသင့္ေတာ့ ဖုန္းကိုစားပြဲေပၚတင္ကာ ေရခ်ိဳးဖို႔ျပင္ရသည္။

*အကိုတကယ္က်ေနာ့္စီလာတာလား*တဲ့။
သိခ်င္လြန္းစြာေမးသည့္ မ်က္လံုးေလးေတြက တဖ်တ္ဖ်တ္လက္လို႔။
အမွန္အတိုင္းေျဖခ်င္တာေပါ့ေကာင္းကင္ငယ္ရယ္။
မင္းကိုေတြ႔ခ်င္လြန္းလို႔လာခဲ့တာ။
မင္းကို ကိုယ့္မ်က္စိေအာက္က အေပ်ာက္မခံခ်င္တဲ့အထိ ၾကည့္ေနခ်င္တာ။

ဒီတိုင္းေတြေဝမေနဘဲ သိခ်င္တာကို အျမန္ဆံုးစံုစမ္းျပီး
မင္းစီကိုလွမ္းလာမွျဖစ္ေတာ့မယ္ေကာင္းကင္။
ကိုယ္မင္းကို ပိုင္ဆိုင္ခ်င္ျပီ။
ခဏေလးေတာင္…မင္းကိုမေတြ႔ဘဲမေနနိုင္ဘူး။
……………………………………………………
T.B.C

#HoneyChan

🌺နှောင်တွယ်ရစ်သောကြိုး🌺

"အကို"

သတိတရရှိနေချိန်မှာ အမှတ်တမဲ့ပေါ်လာတဲ့အကိုက မှော်ဝင်နတ်သားတစ်ပါးလိုပဲ။
ကောင်းကင်ကပဲ စွဲလမ်းမှုကြောင့် မြင်နေခဲ့တာလား။
တကယ်ပဲ အကိုကကောင်းကင်ရှေ့မှာရောက်နေခဲ့တာလား။

"ဖေဖေ"

ဟော…အကိုချီထားတဲ့သမီးငယ်ကပါ ကောင်းကင်ကိုခေါ်နေပြီမို့
ဒါဟာအိပ်မက်တော့ မဖြစ်တန်ရာ။

"ကောင်းကင် ဘာတွေစဉ်းစားနေတာလဲ
လာလေ"

အကိုကပြုံးရင်း လက်ယက်ခေါ်နေပြန်သည်။
တစ်နေ့လေးမတွေ့ရတာတောင် ကျနော်သေလောက်အောင်လွမ်းတာမို့ အကို့ကို ငေးကြည့်ချင်သေးတယ်။

နေရာကမရွေ့နိုင်သည့် ကောင်းကင်စီကို အကိုကသမီးငယ်ကိုချီပြီးရောက်လာသည်။

"ဘာတွေကအဲ့လောက်ငေးစရာဖြစ်နေတာလဲကောင်းကင်ရာ"

လက်ဖျားကိုလာထိသည့် အကို့လက်ချောင်းတွေရဲ့အထိအတွေ့။
နှလုံးသားက အဆက်မပြတ်ခုန်ပေါက်လို့။
ကျနော်ရင်ခုန်လွန်းပြီးသေတော့မှာများလားအကိုရယ်။

"တကယ် အကိုလားဟင်"

"အဟွန်း……ဟုတ်တယ် ကိုယ်……မင်းတစ်ယောက်ထဲရဲ့အကို"

ကျနော်တော့ နေရာမှာပင်နှလုံးခုန်းရပ်တော့မလားပဲ။
ပြုစားလွန်းပြန်ပြီအကိုရယ်။
ကျနော်အရူးရင့်သွားရင် တာဝန်ရှိသူက အကိုဖြစ်သွားလိမ့်မယ်ဗျ။

"ဖေဖေ ကားပေါ်တက်တော့လေ
သမီးဗိုက်ဆာပါတယ်ဆို"

ဟုတ်ပါရဲ့။ တံခါးဖွင့်ပေးထားတဲ့အကို့ကိုပဲငေးနေမိတာ အရာရာကို တမေ့တဆွေးဖြစ်လို့။

"ကားထဲဝင် ကလေးကိုမင်းပေါ်ထိုင်ခိုင်းမယ်နော်"

ကားတံခါးစီက အကိုလက်တွေဟာ ကောင်းကင်ဆံပင်တွေထက်
ဖွဖွလေးနေရာယူလာပြန်သည်။
အကိုလုပ်တဲ့ အပြုအမူတိုင်းကို ကျနော်ရင်ခုန်တယ်ဗျ။
နူးညံ့လွန်းတာ လူတိုင်းအပေါ်အကိုဆက်ဆံနေကျအပြုအမူလား။
ဒါမှမဟုတ် ကျနော့်တစ်ယောက်ထဲအတွက်လား။

"ကိုယ်ကမင်းရှေ့မှာ အမြဲရှိတာမို့ ငေးပဲမငေးနဲ့
ကားစီးရင် ခါးပတ်ပတ်ရမယ်လေ"

"အာ……ဟုတ်"

ကောင်းကင်မျက်နှာပူပူနဲ့ပင် ခပ်ယဲ့ယဲ့ပြုံးကာ ခါးပတ်ပတ်လိုက်ရသည်။
သမီးငယ်ကို ကောင်းကင်ပေါင်ပေါ်တင်ပေးပြီး အကိုကမောင်းသူနေရာမှာထိုင်သည်။

"ကောင်းကင် မင်းတို့ကို လိုက်ပို့ပေးမှာမို့
ကိတ်မုန့်ဆိုင်ရောက်မှ မုန့်စားကြမယ်
ဖြစ်တယ်မို့လား"

"ဟုတ် အကို့သဘောပါဗျ"

"ကလေးကရော"

"ဦးဦးဒေါက်တာ သဘော ဟိ ဟိ"

"နှစ်ယောက်လုံးက လိမ်မာလိုက်တာ
ချစ်စရာကောင်းလွန်းတယ်"

သမီးငယ်ကိုရည်ရွယ်ကာပြောသလားမသိပေမဲ့
တစ်ဖက်သက်ရင်ခုန်ရသူက ကောင်းကင်ဖြစ်ရပြန်သည်။

"ကောင်းကင် တမေ့တမောနဲ့ ဘာဖြစ်နေတာလဲ
အလုပ်ထဲရော အာရုံစိုက်ရဲ့လား……ငေးငိုင်တာကို အဖွားက မကြိုက်ဘူးနော် တော်ကြာ ကုမ္မဏီလာရင်း ကောင်းကင်ပုံစံကိုတွေ့ရင်
အလုပ်ဖြုတ်လိမ့်မယ်"

"ဟုတ် ကျနော်အလုပ်ကိုသေချာလုပ်ပါတယ်အကို
အခုက……အခုက……"

"အခုကဘာဖြစ်လို့လဲ ဆက်ပြောမှပေါ့"

"အာ……အကို့ကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့
အဲ့ဒါ……အဲ့ဒါကြောင့်……"

"အံ့သြသွားတာလား ဒါမှမဟုတ် မတွေ့ချင်ဘဲ တွေ့ရလို့ စိတ်ပျက်သွားတာလား"

"ဟင့်အင်း မဟုတ်ပါဘူး အကို့ကို ကျနော်တွေ့ချင်ပါတယ်"

ဖြေရှင်းချက်ပေးမိသည်က အလျှင်အမြန်ပင်။

"ဟ……ဟ အေးပါကွာ  ဖြေးဖြေးပြောပါ
လျှာခလုတ်တိုက်ပါ့မယ် ဘယ်သူကလုပြောနေလို့လဲ"

"အကိုကဗျာ……"

"ကောင်းကင်ကလဲကွာ"

"ဟာ…အကို့……ကျနော့်ကိုလာပြောင်နေတာလား"

ကောင်းကင် စိတ်ဆိုးသလိုဖြင့်ရန်တွေ့မိပြန်သည်။
ဒီလိုအပြုအမူ ဘယ်တုန်းကလုပ်တက်သွားပါလိမ့်။

"ဒါနဲ့ သမီးငယ်က ဘယ်လိုလုပ်အကိုနဲ့ပါလာရတာလဲ"

"မင်းအမကျောင်းကိုသွားရင်းတွေ့လို့ခေါ်လာတာ
မင်းစီသွားချင်တယ်ဆိုလို့"

"ဟုတ်ပါဘူး ဦးဦးဒေါက်တာလိမ်ပြောတာဖေဖေ"

ကောင်းကင်ပေါ်တွင်ငြိမ်နေသည့် သမီးငယ်ကထပြောသည်။

"ဟုတ်လား ဘယ်လိုလိမ်တာလဲသမီးငယ်"

"သမီးကို ဖေဖေ့စီပို့ပေးမယ် လိုက်ခဲ့တဲ့"

"အယ် အဲ့လိုလား"

သမီးငယ်မျက်နှာကိုငုံကြည့်ကာမေးတော့ ခေါင်းငြိမ့်သည်။
အကို့ကိုလှည့်ကြည့်တော့ လက်တစ်ဖက်နှင့်ပါးစပ်ကိုအုပ်ကာ အပြင်ဘက်ကိုလှည့်နေသည်။

"အကို……တကယ် ကျနော့်စီလာတာလား"

"ဟင်……"

"ကျနော့်စီလာတာလားလို့……မေးတာ"

"အမ်း……မဟုတ်…ဟို……ကိုကို့စီလာရင်းလမ်းကြုံလို့
မင်းကိုစောင့်နေတာ"

"ဟုတ်လား သူဋ္ဌေးနဲ့တွေ့ပြီးပြီပေါ့"

"အင်း…တွေ့ပြီးပြီပေါ့ မင်းထွက်မလာခင်ဘဲ
ကိုကိုနဲ့တွေ့တာ"

ကျနော့်စီလာတယ်လို့ပြောရင် ကျနော်အပျော်လွန်ပြီးသေမှာစိုးလို့လားအကို။
မလိမ်တက်ဘဲလိမ်ပြောနေတဲ့အကိုက ကလေးတစ်ယောက်လို့ မျက်လုံးတွေက တည်ငြိမ်မနေခဲ့ဘူး။
အဲ့ဒီမျက်လုံးတွေကပဲ စွဲလန်းခြင်းတွေဖြစ်စေတာအကိုရဲ့။

"ကောင်းကင် လာလေ ဆိုင်ထဲမလိုက်ဘူးလား"

"လိုက်မှာပါ……အကို့ကိုအားနာလို့
တကူးတကကြီး ဒီအထိဆိုတော့……"

"အော် ဘာများလဲလိုကောင်းကင်ရယ်
အားနာရအောင် ကိုယ်တို့က သူစိမ်းလား
မသိတဲ့လူတွေလဲမဟုတ်ဘူး လာတော့ မြန်မြန် ကလေးကဗိုက်ဆာနေပြီ"

သမီးကို ဦးအောင်ချီကာ အကိုကဆိုင်ထဲဝင်သွားသည်။
လိုက်သွားနိုးနိုး နေခဲ့ရနိုးနိုးဖြင့် ငါးမိနစ်လောက်နောက်ကျသွားရသည်။
ဆိုင်ထဲရောက်တော့ အကိုနဲ့သမီးငယ်က မုန့်တောင်စားနေကြပြီ။
ကိတ်တစ်ယောက်တစ်ခုမဟုတ်ဘဲ တစ်ခုထဲကိုနှစ်ယောက်စားနေကြပြန်သည်။
သမီးငယ်ကသူစားလက်စမုန့်ကိုပါ အကို့ကိုခွံ့နေတော့ အားနာရပြန်သည်။

"သမီးငယ် ဦးဦးကို အဲ့လိုမကျွေးရဘူးလေ"

"ဦးဦးက စားပါတယ်ဖေဖေရဲ့"

"အားနာလိုက်တာအကို……သမီးငယ်လာဖေဖေ့စီ"

"နေပါစေကောင်းကင်ရဲ့
ကလေးကျွေးတာပဲ မစားနိုင်စရာမရှိပါဘူး
စားချင်တာမှာလေကောင်းကင်"

"တော်ပြီဗျ ကျနော်ဗိုက်မဆာလို့"

"အော်…လူကောင်ကသေးနေတယ် နောက်ဆို ကိုယ်ဘာကျွေးကျွေးစားရမယ် ဒီနေ့တော့ထားတော့"

"ဗျာ…ကျနော် မသေးပါဘူး အကိုပြောမှ ကျနော်က ကလေးသေးသေးလေးကျလို့"

"အဲ့အတိုင်းဖြစ်နေတာပဲလေ
သမီးနဲ့မင်းနဲ့ဘာကွာလို့လဲ……မျက်နှာလေးတွေဆိုတာ
လက်သီးစုပ်လောက်ပဲရှိတယ်"

"အဲ့လောက်တော့ မကပါဘူး အကိုကလဲ"

"သေချာကြည့်ဒီမှာ လက်ကောက်ဝတ်လေးတွေဆိုလဲ
သွေးကြောတွေတောင်ပေါ်လို့ ယောကျာ်းလေးဖြစ်ပြီး
အသားအရေကလဲ နုအိအိလေးနဲ့ အစားများများစားမှ အသားကကျစ်လာမှာပေါ့"

ကောင်းကင်လက်ကလေးကို ကိုင်ကာ သေချာတောင်ကြည့်ခိုင်းနေသည်။
မပြောမဆိုလုပ်တက်တဲ့အကို့ကြောင့် ကျနော်နှလုံးရပ်ရတော့မှာပဲ။

သွေးကြောတွေပေါ်နေတာကလဲ ကောင်းကင်အသားဖြူတော့ ဖုံးလို့မှမရပဲ။
အသားအရေကနုတာကလဲ မွေးကတည်းကမို့ ဘာမှလုပ်လို့မရ။
အမှန်တိုင်းပြောရရင် ကြယ်စင့်ထက်တောင် ကောင်းကင်က နုနေသေးသည်။

Ring……ring……

အကို့ဖုန်းသံကြားမှ ကောင်းကင် အကြည့်လွှဲမိသည်။

"ဟဲလို"

"ဒေါက်တာ ဒီမှာလူစုံနေပြီ"

"အင်း ငါခဏနေလာခဲ့မယ်"

စားသောက်ဆိုင်အရင်သွားခိုင်းလိုက်သည့် ဆရာဝန်တွေကဖုန်းဆက်လာသည်။
ကာယကံရှင်မပါတော့ သူတို့အနေနဲ့လဲ ကောင်းကောင်းပျော်မည့်ပုံမပေါ်။

"အကိုသွားစရာရှိနေတာလား"

"ဟင် အင်း အရေးမကြီးပါဘူး
ဆေးရုံက လုပ်ဖော်ကိုင်ဘက်တွေကို ညစာကျွေးမယ်ပြောထားတာ"

"သူတို့စောင့်နေတာဆို သွားလိုက်ပါ
ကျနော်တို့ကိုအားမနာပါနဲ့"

"ရတယ် မင်းတို့ကိုလိုက်ပို့ပြီးမှသွားမယ်"

"မဟုတ်တာအကိုရယ် ကျနော်တို့အိမ်က သိပ်မှမဝေးတော့တာ
အကိုသွားလိုက်ပါ"

"မင်းတို့နှစ်ယောက်ထဲစိတ်မချဘူး"

"ကျနော်မွေးကတည်းက ဒီရပ်ကွက်မှာကြီးခဲ့တာပါအကိုရဲ့
ဘာမှစိတ်မချမဖြစ်နဲ့ စိတ်မချရမဲ့သူ ကျနော်မို့ အကိုသာ ဂရုစိုက်သွားပါ"

"အင်းပါ……ဒါဆို ကိုယ်သွားပါ့မယ်
အိမ်ရောက်ရင် ရောက်တဲ့အကြောင့် ကိုယ့်စီဖုန်းဆက်အုံး"

"ဟုတ် ကျနော်ဆက်ပါ့မယ်ဗျ"

"ကိတ်ဖိုး ရှင်းထားပြီးသား ဖြေးဖြေးပြန်နော်"

"ဟုတ် အကို"

"ကလေးလေး ဦးဦးသွားတော့မယ်
နောက်မှထပ်တွေ့မယ်နော်"

"ဟုတ်ဦးဦး သမီးစီဆက်ဆက်လာတွေ့နော်"

"Ok ကလေး"

အကိုက သမီးငယ်နှဖူးကိုနမ်းပြီး ကောင်းကင်ခေါင်းလေးကိုဖွဖွပုတ်သွားသေးသည်။
ဆေးရုံနံ့စွဲသည့် အကိုခန္ဓာကိုယ်ရနံ့က ကောင်းကင်သဘောမကျသော်လည်း ရှူရှိုက်မိသည်။
ကျနော်အဆင်ပြေပါတယ်အကို။
အကို့မျက်နှာမြင်လိုက်ရပြီမို့ ကျနော့်အလွမ်းတွေ နည်းနည်းတော့ သက်သာပါပြီ။

ကောင်းကင် အိမ်ပြန်ရောက်တော့ ကြယ်စင်က တံခါးဝကနေ ပြုံးစိစိနဲ့စီးကြိုသည်။

"မမ ပျော်စရာရှိလို့လား မျက်နှာက မှိုရသလိုနဲ့"

"အင်း ပျော်စရာလို့ပဲပြောရမှာပေါ့"

"နင့်ဟာကဘယ်လိုကြီးလဲ ပျော်စရာဖြင့်လဲပျော်စရာပေါ့"

"အစကတော့ မပျော်ဘူးဟေ့ အခုမှပျော်သွားတာ"

"လူနားလည်အောင်ပြောပါလားကြယ်စင်
မပြောရင်လဲဖယ် အိမ်ထဲဝင်မလို့"

"နင်နဲ့ဒေါက်တာ့အခြေအနေဘယ်လိုလဲ
ငါ့crushကြီးဆိုပေမဲ့ သူကနင့်ကို သဘောကျပုံရလို့
ငါလက်လျှော့လိုက်တာနော်"

"ဘာအခြေအနေကိုနင်ကသိချင်နေတာလဲ
ကြယ်စင်နော် မဟုတ်တာတွေတွေးမနေနဲ့
အကိုနဲ့ငါက ရိုးသားတယ်"

"ဟော ငါကမရိုးသားဘူးလို့ပြောလို့လား
မှန်မှန်ဖြေစမ်းကောင်းကင် နင်ဒေါက်တာ့ကို ကြိုက်နေတယ်မဟုတ်လား"

ကောင်းကင်အမြန်ပင်သမီးငယ်၏နားကိုပိတ်လိုက်ရသည်။
သမီးငယ်ကြားမှဖြင့် အကိုနဲ့တွေ့လို့ ပြန်ပြောရင် အရှက်ကွဲကုန်တော့မည်။

"ကြယ်စင် နင်ဘယ်လိုဖြစ်နေတာလဲ
သမီးငယ်ရှေ့မှာစကားပြောဆင်ခြင်စမ်းပါ
မေမေတို့ကြားသွားရင်လဲ မကောင်းဘူး"

"ဘယ်သူမှမကြားဘူး ဖေဖေနဲ့မေမေ ဘုရားကိုးစူရှိလို့သွားကြတယ်"

"ဒါပေမဲ့လဲ ကလေးရှေ့ ပေါက်ကရတွေမပြောနဲ့
နင့်တူမက အကုန်မှတ်ထားတာဗျ တော်ကြာ အကိုကအထင်လွဲသွားမှဖြင့်"

"အကို အကိုနဲ့ဟယ် ဒေါက်တာတော့မသိဘူး ငါဖြင့်အသဲယားလိုက်တာ  ဖြေစမ်းပါ နင်ဒေါက်တာကို ဘယ်လိုသဘောရလဲ"

"ဘယ်လိုမှသဘောမရဘူး နင်တော်တော်စပ်စုတာပဲဟာ
နင်လုပ်တာနဲ့ငါက အကိုနဲ့တောင် မတွေ့ရဲစရာ"

"ဒါတော့ နင်ကသံသယဝင်စရာဖြစ်နေတာကို"

"ဘယ်လို ငါကသံသယဝင်စရာဘာများလုပ်နေလို့လဲ
ငါဘာမှမဟုတ်တာ လုပ်မထားဘူးနော်"

"နင်မသိလို့ပါ ဒေါက်တာ့အကြောင်းပြောရင်
နင့်မျက်လုံးတွေက အရောင်ကိုတောက်နေရော ပါးတွေဆိုလဲ ရဲလာပြီး ရှက်သလိုဖြစ်နေတာ ငါကနင့်ကိုမြင်နေရတာဟဲ့ ငတုံးလေးရဲ့"

"မဟုတ်တာတွေပြောပြန်ပြီ ငါက…ဘာ…ဘာရှက်ရမလဲ"

"ဒီမယ်မောင်လေး အချိန်ရှိတုန်း သေချာစမ်းစစ်
ဆိုင်သူရှိသွားတော့မှ ချစ်ပါတယ်ဆိုရင် နောင်တရစရာဖြစ်နေလိမ့်မယ်"

"ဆိုင်သူ……အကို့မှာ ချစ်ရသူရှိသွားရင်လား"

"အင်း…ငါနဲ့နင်က အမွှာမွေးတာပါကောင်းကင်
နင့်စိတ်ထဲဘာရှိတယ်ဆိုတာငါသိတယ်ဒါကရှက်စရာမဟုတ်ဘူး
ကြောက်နေဖို့လဲ မလိုဘူး ရင်ဆိုင်ရဲဖို့ပဲလိုတယ်"

"ဒါပေမဲ့ ငါမှာသမီးလေးရှိတယ်……ဘယ်လိုလူက ငါလိုကလေးတစ်ယောက်ရှိတဲ့သူကို ပြန်သဘောကျနိုင်မှာလဲ
အလှမ်းဝေးလွန်းတယ်ကြယ်စင်……မမှီတာကို လှမ်းမိလို့ ငါ့ကြောင့်နဲ့ငါ့သမီးငယ် လူပြောစရာဖြစ်မှာကိုမလိုချင်ဘူး"

"စတောင် မစရသေးဘူး နင်ကစိတ်ဓာတ်ကျတဲ့ဘက်ကရပ်နေပြန်ပြီ
တခါလောက်ပဲ နင့်စိတ်အစုံကိုဖွင့်ပြီး ဒေါက်တာ့ကိုစေ့စေ့ကြည့် ကြည့်ပါလား ငါအတပ်ပြောနိုင်တယ် ဒေါက်တာလဲ နင့်ကို သဘောကျနေတယ်"

ကောင်းကင် သမီးငယ်နဲ့အတူ အိမ်ထဲဝင်လာရင်း ခေါင်းယမ်းမိသည်။
သဘောကျနိုင်လား။ အကိုက ကောင်းကင်ကိုချစ်နေနိုင်လား။
အကယ်၍ အကို့စီမှာလဲ ကောင်းကင်လို ခံစားချက်ရှိတယ်ဆိုရင်တောင် မဖြစ်နိုင်ဘူးမို့လား။
သိမ်ငယ်ရမဲ့သူဟာ ကိုယ်တိုင်ပဲမို့ ပိုင်ဆိုင်ဖို့မကြိုးစားမိအောင် ထိန်းချုပ်ရလိမ့်မည်။
ပိုင်ဆိုင်ချင်မိလျှင် ထိခိုက်မည့်သူဟာ ကောင်းကင်တစ်ယောက်ထဲမှမဟုတ်ဘဲ။
ကိုယ်တစ်ယောက်ထဲရဲ့ ခံစားချက်ကိုဦးစားပေးပြီး
ချစ်ရတဲ့သူတွေ ထိခိုက်မည့်အရေး ကောင်းကင်မရွေးချယ်ပါရစေနဲ့။
………………………………………………

မင်းရန်နိုင် အလုပ်လုပ်နေသည့်အနားသို့ရောက်လာသည့် ကြည်နူးကြောင့် အလုပ်တွေခဏထားလိုက်ပြီး ပေါင်ပေါ်ဆွဲတင်ကာထိုင်ခိုင်းလိုက်သည်။

"ကြည်နူး မအိပ်သေးဘူးလား"

"အင်း စောသေးတယ်လေ ကိုမင်းညီပြန်လာသေးပုံမရဘူး"

"ခန့်တည်က ဒီနေ့နောက်ကျမယ်ပြောတယ်ကြည်နူးရဲ့
သူ့လုပ်ဖော်ကိုင်ဘက်တွေကို ညစာလိုက်ကျွေးမှာမို့တဲ့"

"အော် ကိုမင်း ကြည်နူးပြောစရာရှိလို့
တိုင်ပင်ချင်တာဆိုပိုမှန်မယ်ထင်တယ်"

"အင်းပြောလေ"

"ဒီလိုပြောတာက အဖွားစေတနာကို ကြည်နူးစော်ကားတာမဟုတ်ဘူး ဒီတိုင်းကိုယ့်လမ်းကိုလျှောက်ချင်ယုံပဲ"

"အင်းပါ ကြည်နူးဆိုလိုရင်းကို ကိုယ်နားလည်အောင်ပြောမှပေါ့"

"အခုကစောသေးပေမဲ့ နောက်ကျရင် ကြည်နူးတို့အိမ်ခွဲနေရအောင်နော်"

"ဘာလို့လဲကြည်နူးရဲ့ ကိုယ်တို့အိမ်မှာအဆင်မပြေလို့လား"

"ပြေပါတယ်ဒါပေမဲ့ ဒီမှာဆိုရင် အရာအားလုံးအဖွားသဘောအတိုင်းလုပ်ရမယ်ထင်တယ် ကြည်နူးက ကိုယ်ပိုင်ဘဝကိုဖန်တီးချင်တာ
အဖွားက ကိုမင်းကိုချစ်လို့ အစစအရာရာလိုက်လုပ်ပေးတာသိပေမဲ့
အဲ့ဒါကကြည်နူးအတွက် သိပ်အဆင်မပြေဘူး"

"ကြည်နူးနားလည်မှုလွဲနေလို့ပါ အဖွားက အရာရာကိုမချုပ်ကိုင်ပါဘူး ကဲပါ အခုက ကြည်နူးအဖွားနဲ့စိမ်းနေသေးလို့ ဒီခံစားချက်ကဝင်နေတာ နောက်ကျရင် အဖွားကိုနားလည်လာလိမ့်မယ်
သွားအိပ်တော့ ခဏနေ ကိုယ်အလုပ်ပြီးပြီ"

အချိုသတ်ကာတိမ်းရှောင်သည့် ကိုမင်းက ကြည်နူးစကားကိုနားဝင်ဟန်တော့မတူ။
လက်ထပ်တာမကြာသေးသည်မို့ ကတောက်ကဆမဖြစ်ချင်တာကြောင့် အိပ်ယာသာဝင်ခဲ့သည်။
နေရာတိုင်းကို သည်းသည်းလှုပ်လွန်းတာ ဘယ်သူက သဘောကျနေနိုင်မှာလဲ။
ကိုယ့်အိမ်ထောင်နဲ့ဖြစ်ပြီဆိုမှတော့ လင်နဲ့မယားပဲအတူတိုင်ပင်ကာ ဘဝခရီးလျှောက်လှမ်းရမည်မဟုတ်လား။
အချိန်ပြည့် တစ်ပါးသူအရိပ်မှာ ခိုနေပြီး စိတ်တိုင်းကျ နေပေးဖို့ဆိုတာ ကြည်နူးအတွက်တော့ တော်တော်ကြီးကိုမဖြစ်နိုင်။

နှစ်ဖက်စီးပွားရေးကြောင့် လက်ထပ်ခဲ့သည်ဆိုပေမဲ့
ကိုမင်းရန်နိုင်ကို ကြည်နူးစိတ်ရင်းနဲ့သဘောကျပါသည်။
ကိုမင်းဘက်က သူ့အဖွားဆန္ဒကြောင့်ပဲ လက်ခံခဲ့သလားတော့မသိနိုင်။
ကြည်နူးကို ဂရုစိုက်ပေမဲ့ ကိုမင်းမျက်လုံးတွေမှာ ချစ်သည့်အရိပ်အယောင်တော့ မတွေ့ရ။
ဘယ်နည်းနဲ့ဒီအရိပ်က ရုန်းထွက်ရပါမည်နည်း။

ကြည်နူးအိပ်ပျော်သွားတော့မှ မင်းရန်နိုင် အခန်းပြင်ထွက်ကာ
အောက်ဆင်းလာခဲ့သည်။
အဖွားကဧည့်ခန်းမှာထိုင်ကာ အိမ်အကူအမျိုးသမီးနဲ့အတူ TVကြည့်နေသေးသည်မို့ အဖွားဘေးမှာဝင်ထိုင်လိုက်သည်။
ခန့်တည်ပြန်မလာသေးလို့ အခန်းထဲမဝင်သေးတာဖြစ်မည်။

"အဖွား"

"ဟော မြေးကြီးမအိပ်သေးပါလား
မြေးမရော……"

"ကြည်နူးကအိပ်သွားပြီအဖွားရဲ့
ခန့်တည်ကိုစောင့်နေတာလား"

"မင်းညီကပြန်လာနေပြီတဲ့ဖုန်းဆက်ထားပါတယ်
အဖွားကဇာတ်ကားလေးကောင်းလို့ မအိပ်သေးတာ"

မင်းရန်နိုင် အဖွားပုခုံးပေါ်ခေါင်းမှီတင်ထားတော့ အဖွားကပါးပြင်ကိုလက်တွေနဲ့ဖွဖွပွတ်သပ်ပေးသည်။

"အဖွားမြေးကြီး ပြောစရာတစ်ခုခုရှိနေပြီထင်ပါ့"

"ဟုတ် ရှိတယ်အဖွား"

"အင်း ပြောပါအုံး အဖွားဘာလုပ်ပေးရမလဲ
မြေးကြီးဘာဖြစ်ချင်လဲ……အဖွားမျက်စိရှေ့ကထွက်သွားတာမဟုတ်ရင် အဖွားက မြေးတို့ဖြစ်ချင်တာ အကုန်ဖြည့်ဆည်းပေးမှာ"

"တခြားမဟုတ်ပါဘူး ကျနော်တစ်သက်လုံးအဖွားနဲ့နေလို့ရတယ်မဟုတ်လား ကျနော်သားသမီးတွေရတဲ့အထိ အဖွားက နေခိုင်းမယ်မဟုတ်လား"

"မြေးကြီးရယ် ဘာများလဲလို့ကွယ်
နေရမှာပေါ့ အဖွားမြေးတွေရော အဖွားမြစ်လေးတွေရော
အဖွားရဲ့အရိပ်မှာနေလို့ရတယ် မြေးတို့ကခွဲထွက်ချင်ရင်တောင် အဖွားကထွက်ခွင့်မပြုဘူး……"

"ဘာလို့လဲ အဖွား"

"မြေးကြီးရယ် အဖွားမှာ မြေးတို့နှစ်ယောက်ပဲ သံယောဇဉ်ကရှိတာလေ အဖွားမြေးတွေမရှိဘဲ အဖွားကနေနိုင်ပါ့မလား အဖွားမကြိုက်တာမင်းတို့လုပ်ရင်တောင် မင်းတို့အမေတုန်းကလို စွန့်ပစ်ချင်ပေမဲ့ အဖွားလုပ်မှာမဟုတ်ဘူး မင်းတို့ကအဖွားစိတ်တိုင်းကျ အခုချိန်ထိနေခဲ့ကြတာမို့ အဖွားက အကောင်းဆုံးပဲတားမှာ……မြေးကြီးက
အဖွားအရိပ်ကိုစွန့်ချင်နေပြီလား"

"မဟုတ်ပါဘူးအဖွား ကျနော်ကဒီတိုင်းမေးတာပါ
ဘယ်တော့မှအဖွားကိုထားမသွားဘူး အဖွားခင်းပေးတဲ့ ဒီလမ်းက အကောင်းဆုံးမို့ ကျနော်ကအဖွားလက်ကိုဆွဲပြီး အဆုံးထိလျှောက်မှာ"

"ဒါဆိုမြေးကြီးအတွက် အဖွားက အရေးပါဆုံးလား"

"မေးစရာလိုသေးလို့လားအဖွားရယ်
ကျနော့်အတွက် အဖွားကလွဲပြီးမရှိဘူး
ကျနော်ကအဖွားကိုအချစ်ဆုံး"

"အဖွားကလဲအဖွားမြေးတွေကိုအချစ်ဆုံးပါကွယ်……
ဟော မြေးငယ်လာပြီထင်တယ်"

ခြံထဲဝင်လာသည့်ကားသံကြောင့် ခန့်တည်ပြန်လာပြီမှန်းသိလိုက်သည်။

"အဖွားနဲ့ကိုကို မအိပ်ကြသေးဘူးလား"

"အပျော်ရှာတဲ့လူပျိုကြီးကိုစောင့်ဖမ်းနေတာလေကွာ"

"ဟာ ကိုကိုကတော့ စလာပြီ မိန်းမရတာဖြင့်မကြာသေးဘူး
လူကိုနှိမ်ပြီ အဖွား ကိုကို့ကိုတားအုံးနော်"

"အနှိမ်မခံစေချင်ရင် မြေးငယ်ကလဲ မြန်မြန်အကောင်အထည်ဖော်လေကွယ် အဖွားကတော့မြေးကြီးဘက်ကပဲ"

"ရပါတယ် ကျနော်လဲကြိုးစားနေပါပြီ
တွေ့မယ် အဲ့ကျမှ ကိုကိုမလွယ်ဘူးမှတ်"

"မြေးငယ် ပင်ပန်းလာမှာပဲ ရေချိုးပြီးနားတော့
မြေးကြီးအဖွားကို အခန်းထဲလိုက်ပို့ပါအုံး"

"ဟုတ်အဖွား"

ခန့်တည်လဲ အဖွားကိုတစ်ဖက်ကတွဲကာ ကိုကိုနဲ့အတူ အခန်းထဲလိုက်ပို့ပေးလိုက်သည်။

"အဖွား ဂွဒ်နိုက်"

"အေးအေးမြေးတို့"

ညီကိုနှစ်ယောက်အပေါ်တက်လာတော့ ကိုကိုကခန့်တည်ပုခုံးကိုလာဖက်သည်။

"ငါ့ညီလေး ချစ်သူတွေ့နေပြီလား"

"ဟင့်အင်း ကျနော်တွေဝေနေတုန်း"

"ဟောဗျာ ဘယ်လိုကြောင့် မသေမချာကြီးလဲ"

"နောက်မှပြောပြမယ် ဂွဒ်နိုက်ကိုကို"

"အင်း ဂွဒ်နိုက်"

ခန့်တည်အခန်းထဲပြန်ရောက်တော့ ရေမချိုးသေးဘဲ ခုတင်ပေါ်ခဏလှဲလိုက်သည်။
အိတ်ထဲကဖုန်းကိုထုတ်ကာ ညနေက ကောင်းကင်ပို့သည်စာတိုလေးကို အခေါက်ခေါက်ပြန်ဖတ်နေမိသည်။

*ကျနော်နဲ့သမီးငယ် အိမ်ပြန်ရောက်ပြီဗျအကို*တဲ့။
ကဗျာမဆန်ပေမဲ့ ဖတ်ရသူအဖို့ ကြည်နူးစေသည်။

ဖုန်းနံပါတ်ပေးထားသော်လည်း တခါမှမဆက်သလို စာတစ်ကြောင်းလဲမပို့ဖူးသည့် ကောင်းကင်စီက ပထမဆုံးရသည့် စာတိုက ခန့်တည်ကိုပျော်ရွှင်စေသည်။
သတိရတယ်ကောင်းကင်ငယ်။

ဖုန်းဆက်ချင်မိသော်လည်း မိမိလူကြီးတစ်ယောက်မို့ တစ်ပါးသူအိပ်စက်ချိန်ကိုနှောက်ယှက်ဖို့မသင့်တော့ ဖုန်းကိုစားပွဲပေါ်တင်ကာ ရေချိုးဖို့ပြင်ရသည်။

*အကိုတကယ်ကျနော့်စီလာတာလား*တဲ့။
သိချင်လွန်းစွာမေးသည့် မျက်လုံးလေးတွေက တဖျတ်ဖျတ်လက်လို့။
အမှန်အတိုင်းဖြေချင်တာပေါ့ကောင်းကင်ငယ်ရယ်။
မင်းကိုတွေ့ချင်လွန်းလို့လာခဲ့တာ။
မင်းကို ကိုယ့်မျက်စိအောက်က အပျောက်မခံချင်တဲ့အထိ ကြည့်နေချင်တာ။

ဒီတိုင်းတွေဝေမနေဘဲ သိချင်တာကို အမြန်ဆုံးစုံစမ်းပြီး
မင်းစီကိုလှမ်းလာမှဖြစ်တော့မယ်ကောင်းကင်။
ကိုယ်မင်းကို ပိုင်ဆိုင်ချင်ပြီ။
ခဏလေးတောင်…မင်းကိုမတွေ့ဘဲမနေနိုင်ဘူး။
……………………………………………………
T.B.C

#HoneyChan

Continue Reading

You'll Also Like

70.2K 4.2K 44
လူကြီးဆန်ဆန်နှင့် အရာရာကို တည်ငြိမ်ပြတ်သားစွာဆုံးဖြတ်တတ်တဲ့ ကောင်လေးရဲ့ ဘဝထဲကို လွတ်လပ်ပေါ့ပါးပြီး သွက်လပ်ချက်ချာတဲ့ ကောင်ဆိုးလေးတစ်ယောက် မသိမသာရော သ...
145K 4.2K 58
{Zawgyi+Uni} Start-[ 16/Oct/2021 ] End .-[ 1/April/2022] "ငွေနှင်းမြူ၏နှောင်ကြိုးငယ်" (A little bond of the silver snow) "မြူနှိုင်းဆက် ဆိုတဲ့ကောင်လေ...
1.4M 149K 54
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်ာ...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္