Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
❤️📢💚

Finale

3.4K 262 13
By mysunshineisbright

(Unicode)

ရှောင်းကျန့်လဲ ရိပေါ်နဲ့အတူပေကျင်းကို ပြန်လာလိုက်တယ်.. အိမ်မှာတစ်လလောက်သောင်တင်နေပြီး ရိပေါ်လာခေါ်မှ ချက်ချင်းပြန်မယ်လုပ်တဲ့သားကို အဖေနဲ့အမေက ပြုံးတုံ့တုံ့နဲ့ကြည့်နေကြသေးတာမို့ ရှောင်းကျန့် ရှက်ကိုးရှက်ကန်းဖြစ်ရသေးတယ်...

ချစ်သူဖြစ်ပြီးတဲ့နောက် ရှောင်းကျန့်ရဲ့တစ်နေ့တာက ရိပေါ်နဲ့စပြီး ရိပေါ်နဲ့ပဲဆုံးပါတယ်... မနက်ဆိုရင် ရိပေါ်က သူ့ကိုလာကြို၊ ပြီးရင် Zio မှာကော်ဖီသောက် မနက်စာစားကြတယ်... ပြီးရင် ရိပေါ်က training ရှိရင် လေ့ကျင့်ကွင်းကိုသွား၊ မရှိရင်အိမ်ပြန်တယ်.. ရှောင်းကျန့်ကလဲ ရုံးတက်တာပေါ့... ရုံးဆင်းချိန်ရောက်ရင် ရိပေါ်ကလာကြို၊ ပြီးရင်ညစာစားပြီးမှ ရှောင်းကျန့်ကိုအိမ်ပြန်ပို့ပြီး ရိပေါ်ကအိမ်ပြန်တယ်... မပင်ပန်းတဲ့နေ့ဆိုရင်တော့ ရုံးဆင်းရင် အိမ်မှာပဲ ဟင်းချက်ပြီး ညစာစားကြတယ်... အလုပ်များရင်တော့ ဆိုင်တစ်ခုခုမှာပဲဝင်စားလိုက်ကြတာပေါ့...
ပိတ်ရက်ဆိုရင်လဲ ရှောင်းကျန့်အိမ်မှာပဲ ရိပေါ်ကတစ်နေကုန်သွားတတ်တာ.. တစ်ခါတစ်လေဆိုရင် ရိပေါ်ဂျီကျပြီး အိမ်မပြန်တော့ရင် ရှောင်းကျန့်အိမ်မှာပဲ ပေးအိပ်လိုက်ရတော့တယ်... ဂျီကျတဲ့တစ်ခါတစ်လေက တစ်ပါတ်မှာ ၃ ရက်လောက်တော့ဖြစ်သွားတတ်တာပေါ့လေ...

Zack ကို နှစ်ယောက်ချစ်သူတွေဖြစ်သွားတဲ့အကြောင်း ရှောင်းကျန့်ကပြောပြတော့ နှစ်ယောက်စလုံးအတွက် သူဝမ်းသာတဲ့အကြောင်းပြောလာတယ်... ဒီအချိန်မှာ သူအနည်ထိုင်နိုင်ဦးမှာမဟုတ်ပေမဲ့ နောက်တစ်ခေါက်ပြန်လာတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ကြမဲ့အကြောင်းရယ် ရှောင်းကျန့်ကို အားကျတဲ့အကြောင်းရယ်ပြောတဲ့အခါ ရှောင်းကျန့်က သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ရသလို သဘောထားပြည့်ဝပေးလို့ ကျေးဇူးတင်ရပါသေးတယ်...
.....

ဘာလိုလိုနဲ့ ဒီဇင်ဘာတောင်ပြန်ရောက်လာခဲ့ပါပြီ.. ဒီနေ့ ရိပေါ်တို့ dinner date ကြတယ်... ရိပေါ်က ရှောင်းကျန့်အရင်ကပေးထားတဲ့ မာဖလာလေးကိုပတ်လို့ပေါ့...

"ကော.."
"ဗျာ.."
"ချမ်းနေလား..."
"မချမ်းပါဘူး..."
"ကောကလဲဗျာ... ချမ်းရမယ်လေ.. အဲ့ဒါမှ ကျွန်တော်က ဖက်ထားပေးလို့ရမယ်မဟုတ်ဘူးလားလို့... အလိုက်ကိုမသိဘူး.."
"ဟဟ.. အေးပါ အေးပါ.. နောက်ဆိုချမ်းမယ်.."
"အခုချမ်းတော့ ဘာဖြစ်မှာကျလို့.."
"ကဲ... လာ လာ.. ချမ်းတယ်.. ဟုတ်ပြီလား.."
"ကောက ညိုညိုညင်ညင်ကြီးချမ်းနေတာ.."
"ဟောဗျာ...
ကိုကိုကချမ်းလို့ ကလေးက ဖက်ပါဦးခင်ဗျာ.."
"ဟီးဟီး... လာခဲ့.. ချမ်းရင်ဖက်ထားပေးမယ်.. ချစ်ဖို့ကောင်းလိုက်တာ ကိုကိုက.."

သူ့ရဲ့ကလေးလေး cool guy ကြီးက ဒီလိုမျိုးလဲ ရစ်တတ်ပါသေးတယ်... ရစ်တယ်ဆိုပေမဲ့လဲ ချစ်စရာကောင်းနေတော့ ရှောင်းကျန့်တို့ အရည်ပျော်ရတာပဲပေါ့...

"ဒီဇင်ဘာတောင်ပြန်ရောက်လာပြီနော်ကော.."
"ဟုတ်ပ.. ကလေးကြိုက်တဲ့ Xmas ရောက်တော့မယ်.."
"အင်း... ကျွန်တော့်ဆီစာလေးတွေစပို့တာ ဒီအချိန်ပဲ.."

ချက်ချင်းမျက်နှာညှိုးသွားတဲ့ရှောင်းကျန့်ကို မြင်လိုက်ရတော့ ရိပေါ်ကပြာပြာသလဲပြောလာတယ်..

"ကော.. ကျွန်တော်က ဒီတိုင်းအမှတ်တရမို့ ပြောတာပါ... အဲ့ဒီအချိန်တုန်းက ကောရဲ့စာလေးတွေကြောင့် ပျော်ခဲ့ရတာတွေကို သတိရလို့.. ကျွန်တော်က ကောင်းတဲ့အမှတ်တရတွေကိုပဲ ရွေးပြီးမှတ်ထားတော့တာမို့ ကောကလဲဒီလိုပဲလုပ်ပေးလေ.. နော်.."
"ရိပေါ်... ကိုယ့်ဆီလာပေးခဲ့လို့ ကျေးဇူးအများကြီးတင်တယ်နော်... ကိုယ်က ရိပေါ်ကိုအရင်ကစိတ်ညစ်အောင်လုပ်ခဲ့တာတွေအတွက် အတိုးချပြီးချစ်ပေးမှာမို့ ကလေးကကိုယ့်ဘေးနားရှိပေး..."
"ရှိမှာ... ကောကမနေခိုင်းရင်တောင် ပေကပ်ပြီးရှိနေဦးမှာ..."

ဒီနှစ်ဒီဇင်ဘာကတော့ အရင်နှစ်တွေထက် အများကြီးပိုနွေးထွေးပါတယ်... ချစ်ရတဲ့သူနဲ့အတူရှိနေတာမဟုတ်လား...

Xmas နေ့မှာ အလှဆင်ထားတာတွေကြည့်ဖို့ နှစ်ယောက်အပြင်ထွက်လာကြတယ်... နှင်းတွေကြားမှာ decoration လှလှလေးတွေကြည့်ရင်း ချစ်ရတဲ့သူနဲ့အတူလမ်းလျှောက်ရတာ သိပ်ကိုကြည်နူးစရာကောင်းပါတယ်..
လမ်းလျှောက်လာရင်းနဲ့ ရှောင်းကျန့်က ရိပေါ်လက်ကို လှမ်းတွဲလာတယ်... ပြီးတော့ တွဲထားတဲ့လက်တွေကို ငုံကြည့်ပြီး ပြုံးနေလေရဲ့... ငုံ့နေတုန်း ရိပေါ်နှုတ်ခမ်းတွေနဲ့ တန်းလာတဲ့ ရှောင်းကျန့်ရဲ့နဖူးကို ညင်ညင်သာသာလေးနမ်းလိုက်တော့ ရှောင်းကျန့်က ကြည်ကြည်နူးနူးလေး မော့ကြည့်လာတယ်...

"ကော ဘာလို့ လက်ကိုကြည့်ပြီး ပြုံးနေတာလဲ"
"ရိပေါ်လက်ကိုကိုင်လိုက်ရင် အမြဲလုံခြုံသွားသလိုပဲခံစားရလို့ သဘောကျလို့လေ.."
"အဲ့ဒါဆိုရင် ကျွန်တော်က ကောအတွက်ရေဘဝဲရုပ်လေးဖြစ်ပေးမယ်..."
"ရေဘဝဲရုပ်?"
"အင်း..ကလေးတွေက အမေဗိုက်ထဲနေတဲ့အချိန်တုန်းက ချက်ကြိုးလေးကို ကိုင်ကိုင်ပြီးနေလာကြတာတဲ့.. အပြင်ရောက်တော့ ကိုင်စရာချက်ကြိုးမရှိတော့တဲ့အခါ မလုံခြုံသလိုခံစားရတယ်တဲ့... အဲ့ဒါကြောင့် ကလေးလေးတွေဘေးမှာ ရေဘဝဲရုပ်လေးတွေပေးထားရင် သူတို့က အဲ့ခြေတံလေးတွေကိုကိုင်ပြီး ဗိုက်ထဲမှာတုန်းကလို လုံခြုံသလိုဖြစ်သွားတာတဲ့.. ကျွန်တော်လဲ ကောအတွက် အဲ့လိုရေဘဝဲရုပ်လေးဖြစ်ပေးမယ်.."

ရှောင်းကျန့် ရိပေါ်ရဲ့လက်တွေကို ပိုတိုးပြီးဆုပ်ကိုင်ထားလိုက်တယ်... ဒီကလေးလေးဟာ သူ့ကို တစ်နေ့ထက်တစ်နေ့ ပိုချစ်အောင်လုပ်နိုင်စွမ်းရှိပါတယ်....

"I'm so lucky to have you ကလေး.."
"ကျွန်တော်လဲ အတူတူပါပဲ... ကောရှိရင် ကျွန်တော့်အတွက် ကိစ္စတော်တော်များများအဆင်ပြေပြီ... အဆင်မပြေတာတွေကြုံရရင်တောင် ကောရှိရင် တစ်ယောက်ထဲဖြေရှင်းရတာထက် ပိုလွယ်ကူတယ်.. ကောက အားဆေးလေး ကျွန်တော့်အတွက်.."

တစ်စုံတစ်ယောက်က ကိုယ့်ကိုစောင့်နေပေးတယ်ဆိုတဲ့ ခံစားချက်ကို ခင်ဗျားတို့သိကြလား.. ဒါက သိပ်ကို စိတ်လုံခြုံစေပါတယ်.. ရိပေါ်ဆိုတဲ့ကောင်လေးကလဲ ကျွန်တော့်ကို အမြဲလုံခြုံစေတယ်.. သူဟာကျွန်တော့်ရဲ့အိမ်ကလေးပဲဖြစ်ပါတယ်... ဝေးနေရင်လွမ်းရပြီး ပြန်ရောက်တာနဲ့ ပင်ပန်းခဲ့သမျှအကုန် ပြေပျောက်စေတဲ့ နေရာလေးပေါ့...
ဒီကလေးကို ကျွန်တော် သိပ်ချစ်ပါတယ်...

လူတစ်ယောက်က ကိုယ့်အတွက်အမြဲရှိနေပေးမယ်ဆိုတာ သေချာတဲ့ခံစားချက်ကို ခင်ဗျားတို့သိကြလား.. ဒါက သိပ်ကို ပြီးပြည့်စုံစေပါတယ်... ရှောင်းကျန့်ဆိုတဲ့ဒီလူသားက ကျွန်တော့်ကို အမြဲပြီးပြည့်စုံစေတယ်... သူဟာကျွန်တော့်ရဲ့အိမ်ကလေးပဲဖြစ်ပါတယ်... အပြင်လောကက ဘယ်လိုပဲအေးစက်ပါစေ ပြန်ရောက်တာနဲ့ နွေးထွေးစေတဲ့နေရာလေးပေါ့...
ဒီလူသားကို ကျွန်တော် သိပ်ချစ်ပါတယ်....

____________The End ____________



(Zawgyi)

ေရွာင္းက်န္႔လဲ ရိေပၚနဲ႔အတူေပက်င္းကို ျပန္လာလိုက္တယ္.. အိမ္မွာတစ္လေလာက္ေသာင္တင္ေနၿပီး ရိေပၚလာေခၚမွ ခ်က္ခ်င္းျပန္မယ္လုပ္တဲ့သားကို အေဖနဲ႔အေမက ျပဳံးတုံ႔တုံ႔နဲ႔ၾကည့္ေနၾကေသးတာမို႔ ေရွာင္းက်န္႔ ရွက္ကိုးရွက္ကန္းျဖစ္ရေသးတယ္...

ခ်စ္သူျဖစ္ၿပီးတဲ့ေနာက္ ေရွာင္းက်န္႔ရဲ့တစ္ေန႔တာက ရိေပၚနဲ႔စၿပီး ရိေပၚနဲ႔ပဲဆုံးပါတယ္... မနက္ဆိုရင္ ရိေပၚက သူ႔ကိုလာႀကိဳ၊ ၿပီးရင္ Zio မွာေကာ္ဖီေသာက္ မနက္စာစားၾကတယ္... ၿပီးရင္ ရိေပၚက training ရွိရင္ ေလ့က်င့္ကြင္းကိုသြား၊ မရွိရင္အိမ္ျပန္တယ္.. ေရွာင္းက်န္႔ကလဲ ႐ုံးတက္တာေပါ့... ႐ုံးဆင္းခ်ိန္ေရာက္ရင္ ရိေပၚကလာႀကိဳ၊ ၿပီးရင္ညစာစားၿပီးမွ ေရွာင္းက်န္႔ကိုအိမ္ျပန္ပို႔ၿပီး ရိေပၚကအိမ္ျပန္တယ္... မပင္ပန္းတဲ့ေန႔ဆိုရင္ေတာ့ ႐ုံးဆင္းရင္ အိမ္မွာပဲ ဟင္းခ်က္ၿပီး ညစာစားၾကတယ္... အလုပ္မ်ားရင္ေတာ့ ဆိုင္တစ္ခုခုမွာပဲဝင္စားလိုက္ၾကတာေပါ့...
ပိတ္ရက္ဆိုရင္လဲ ေရွာင္းက်န္႔အိမ္မွာပဲ ရိေပၚကတစ္ေနကုန္သြားတတ္တာ.. တစ္ခါတစ္ေလဆိုရင္ ရိေပၚဂ်ီက်ၿပီး အိမ္မျပန္ေတာ့ရင္ ေရွာင္းက်န္႔အိမ္မွာပဲ ေပးအိပ္လိုက္ရေတာ့တယ္... ဂ်ီက်တဲ့တစ္ခါတစ္ေလက တစ္ပါတ္မွာ ၃ ရက္ေလာက္ေတာ့ျဖစ္သြားတတ္တာေပါ့ေလ...

Zack ကို ႏွစ္ေယာက္ခ်စ္သူေတြျဖစ္သြားတဲ့အေၾကာင္း ေရွာင္းက်န္႔ကေျပာျပေတာ့ ႏွစ္ေယာက္စလုံးအတြက္ သူဝမ္းသာတဲ့အေၾကာင္းေျပာလာတယ္... ဒီအခ်ိန္မွာ သူအနည္ထိုင္နိုင္ဦးမွာမဟုတ္ေပမဲ့ ေနာက္တစ္ေခါက္ျပန္လာတဲ့အခါ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ေတြ႕ၾကမဲ့အေၾကာင္းရယ္ ေရွာင္းက်န္႔ကို အားက်တဲ့အေၾကာင္းရယ္ေျပာတဲ့အခါ ေရွာင္းက်န္႔က သူငယ္ခ်င္းအတြက္ စိတ္မေကာင္းျဖစ္ရသလို သေဘာထားျပည့္ဝေပးလို႔ ေက်းဇူးတင္ရပါေသးတယ္...
.....

ဘာလိုလိုနဲ႔ ဒီဇင္ဘာေတာင္ျပန္ေရာက္လာခဲ့ပါၿပီ.. ဒီေန႔ ရိေပၚတို႔ dinner date ၾကတယ္... ရိေပၚက ေရွာင္းက်န္႔အရင္ကေပးထားတဲ့ မာဖလာေလးကိုပတ္လို႔ေပါ့...

"ေကာ.."
"ဗ်ာ.."
"ခ်မ္းေနလား..."
"မခ်မ္းပါဘူး..."
"ေကာကလဲဗ်ာ... ခ်မ္းရမယ္ေလ.. အဲ့ဒါမွ ကၽြန္ေတာ္က ဖက္ထားေပးလို႔ရမယ္မဟုတ္ဘူးလားလို႔... အလိုက္ကိုမသိဘူး.."
"ဟဟ.. ေအးပါ ေအးပါ.. ေနာက္ဆိုခ်မ္းမယ္.."
"အခုခ်မ္းေတာ့ ဘာျဖစ္မွာက်လို႔.."
"ကဲ... လာ လာ.. ခ်မ္းတယ္.. ဟုတ္ၿပီလား.."
"ေကာက ညိဳညိဳညင္ညင္ႀကီးခ်မ္းေနတာ.."
"ေဟာဗ်ာ...
ကိုကိုကခ်မ္းလို႔ ကေလးက ဖက္ပါဦးခင္ဗ်ာ.."
"ဟီးဟီး... လာခဲ့.. ခ်မ္းရင္ဖက္ထားေပးမယ္.. ခ်စ္ဖို႔ေကာင္းလိုက္တာ ကိုကိုက.."

သူ႔ရဲ့ကေလးေလး cool guy ႀကီးက ဒီလိုမ်ိဳးလဲ ရစ္တတ္ပါေသးတယ္... ရစ္တယ္ဆိုေပမဲ့လဲ ခ်စ္စရာေကာင္းေနေတာ့ ေရွာင္းက်န္႔တို႔ အရည္ေပ်ာ္ရတာပဲေပါ့...

"ဒီဇင္ဘာေတာင္ျပန္ေရာက္လာၿပီေနာ္ေကာ.."
"ဟုတ္ပ.. ကေလးႀကိဳက္တဲ့ Xmas ေရာက္ေတာ့မယ္.."
"အင္း... ကၽြန္ေတာ့္ဆီစာေလးေတြစပို႔တာ ဒီအခ်ိန္ပဲ.."

ခ်က္ခ်င္းမ်က္ႏွာညႇိုးသြားတဲ့ေရွာင္းက်န္႔ကို ျမင္လိုက္ရေတာ့ ရိေပၚကျပာျပာသလဲေျပာလာတယ္..

"ေကာ.. ကၽြန္ေတာ္က ဒီတိုင္းအမွတ္တရမို႔ ေျပာတာပါ... အဲ့ဒီအခ်ိန္တုန္းက ေကာရဲ့စာေလးေတြေၾကာင့္ ေပ်ာ္ခဲ့ရတာေတြကို သတိရလို႔.. ကၽြန္ေတာ္က ေကာင္းတဲ့အမွတ္တရေတြကိုပဲ ေရြးၿပီးမွတ္ထားေတာ့တာမို႔ ေကာကလဲဒီလိုပဲလုပ္ေပးေလ.. ေနာ္.."
"ရိေပၚ... ကိုယ့္ဆီလာေပးခဲ့လို႔ ေက်းဇူးအမ်ားႀကီးတင္တယ္ေနာ္... ကိုယ္က ရိေပၚကိုအရင္ကစိတ္ညစ္ေအာင္လုပ္ခဲ့တာေတြအတြက္ အတိုးခ်ၿပီးခ်စ္ေပးမွာမို႔ ကေလးကကိုယ့္ေဘးနားရွိေပး..."
"ရွိမွာ... ေကာကမေနခိုင္းရင္ေတာင္ ေပကပ္ၿပီးရွိေနဦးမွာ..."

ဒီႏွစ္ဒီဇင္ဘာကေတာ့ အရင္ႏွစ္ေတြထက္ အမ်ားႀကီးပိုေႏြးေထြးပါတယ္... ခ်စ္ရတဲ့သူနဲ႔အတူရွိေနတာမဟုတ္လား...

Xmas ေန႔မွာ အလွဆင္ထားတာေတြၾကည့္ဖို႔ ႏွစ္ေယာက္အျပင္ထြက္လာၾကတယ္... ႏွင္းေတြၾကားမွာ decoration လွလွေလးေတြၾကည့္ရင္း ခ်စ္ရတဲ့သူနဲ႔အတူလမ္းေလၽွာက္ရတာ သိပ္ကိုၾကည္ႏူးစရာေကာင္းပါတယ္..
လမ္းေလၽွာက္လာရင္းနဲ႔ ေရွာင္းက်န္႔က ရိေပၚလက္ကို လွမ္းတြဲလာတယ္... ၿပီးေတာ့ တြဲထားတဲ့လက္ေတြကို ငုံၾကည့္ၿပီး ျပဳံးေနေလရဲ့... ငုံ႔ေနတုန္း ရိေပၚႏႈတ္ခမ္းေတြနဲ႔ တန္းလာတဲ့ ေရွာင္းက်န္႔ရဲ့နဖူးကို ညင္ညင္သာသာေလးနမ္းလိုက္ေတာ့ ေရွာင္းက်န္႔က ၾကည္ၾကည္ႏူးႏူးေလး ေမာ့ၾကည့္လာတယ္...

"ေကာ ဘာလို႔ လက္ကိုၾကည့္ၿပီး ျပဳံးေနတာလဲ"
"ရိေပၚလက္ကိုကိုင္လိုက္ရင္ အျမဲလုံျခဳံသြားသလိုပဲခံစားရလို႔ သေဘာက်လို႔ေလ.."
"အဲ့ဒါဆိုရင္ ကၽြန္ေတာ္က ေကာအတြက္ေရဘဝဲ႐ုပ္ေလးျဖစ္ေပးမယ္..."
"ေရဘဝဲ႐ုပ္?"
"အင္း..ကေလးေတြက အေမဗိုက္ထဲေနတဲ့အခ်ိန္တုန္းက ခ်က္ႀကိဳးေလးကို ကိုင္ကိုင္ၿပီးေနလာၾကတာတဲ့.. အျပင္ေရာက္ေတာ့ ကိုင္စရာခ်က္ႀကိဳးမရွိေတာ့တဲ့အခါ မလုံျခဳံသလိုခံစားရတယ္တဲ့... အဲ့ဒါေၾကာင့္ ကေလးေလးေတြေဘးမွာ ေရဘဝဲ႐ုပ္ေလးေတြေပးထားရင္ သူတို႔က အဲ့ေျခတံေလးေတြကိုကိုင္ၿပီး ဗိုက္ထဲမွာတုန္းကလို လုံျခဳံသလိုျဖစ္သြားတာတဲ့.. ကၽြန္ေတာ္လဲ ေကာအတြက္ အဲ့လိုေရဘဝဲ႐ုပ္ေလးျဖစ္ေပးမယ္.."

ေရွာင္းက်န္႔ ရိေပၚရဲ့လက္ေတြကို ပိုတိုးၿပီးဆုပ္ကိုင္ထားလိုက္တယ္... ဒီကေလးေလးဟာ သူ႔ကို တစ္ေန႔ထက္တစ္ေန႔ ပိုခ်စ္ေအာင္လုပ္နိုင္စြမ္းရွိပါတယ္....

"I'm so lucky to have you ကေလး.."
"ကၽြန္ေတာ္လဲ အတူတူပါပဲ... ေကာရွိရင္ ကၽြန္ေတာ့္အတြက္ ကိစၥေတာ္ေတာ္မ်ားမ်ားအဆင္ေျပၿပီ... အဆင္မေျပတာေတြၾကဳံရရင္ေတာင္ ေကာရွိရင္ တစ္ေယာက္ထဲေျဖရွင္းရတာထက္ ပိုလြယ္ကူတယ္.. ေကာက အားေဆးေလး ကၽြန္ေတာ့္အတြက္.."

တစ္စုံတစ္ေယာက္က ကိုယ့္ကိုေစာင့္ေနေပးတယ္ဆိုတဲ့ ခံစားခ်က္ကို ခင္ဗ်ားတို႔သိၾကလား.. ဒါက သိပ္ကို စိတ္လုံျခဳံေစပါတယ္.. ရိေပၚဆိုတဲ့ေကာင္ေလးကလဲ ကၽြန္ေတာ့္ကို အျမဲလုံျခဳံေစတယ္.. သူဟာကၽြန္ေတာ့္ရဲ့အိမ္ကေလးပဲျဖစ္ပါတယ္... ေဝးေနရင္လြမ္းရၿပီး ျပန္ေရာက္တာနဲ႔ ပင္ပန္းခဲ့သမၽွအကုန္ ေျပေပ်ာက္ေစတဲ့ ေနရာေလးေပါ့...
ဒီကေလးကို ကၽြန္ေတာ္ သိပ္ခ်စ္ပါတယ္...

လူတစ္ေယာက္က ကိုယ့္အတြက္အျမဲရွိေနေပးမယ္ဆိုတာ ေသခ်ာတဲ့ခံစားခ်က္ကို ခင္ဗ်ားတို႔သိၾကလား.. ဒါက သိပ္ကို ၿပီးျပည့္စုံေစပါတယ္... ေရွာင္းက်န္႔ဆိုတဲ့ဒီလူသားက ကၽြန္ေတာ့္ကို အျမဲၿပီးျပည့္စုံေစတယ္... သူဟာကၽြန္ေတာ့္ရဲ့အိမ္ကေလးပဲျဖစ္ပါတယ္... အျပင္ေလာကက ဘယ္လိုပဲေအးစက္ပါေစ ျပန္ေရာက္တာနဲ႔ ေႏြးေထြးေစတဲ့ေနရာေလးေပါ့...
ဒီလူသားကို ကၽြန္ေတာ္ သိပ္ခ်စ္ပါတယ္....

____________The End ____________

14.09.2020

Continue Reading

You'll Also Like

3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
11.1K 720 4
3.April.2023 Birthday present for sister ❤️🙆
29.9K 3.4K 40
"ကျန့်ပေပေ့ ငါတို့အတူတူထွက်​ပြေးရအောင်..."
39.4K 3.7K 22
မူႀကိဳေက်ာင္းဆရာေလးေရွာင္က်န္႔ဟာအေၾကာင္းတစ္ခုခုေၾကာင့္ဝတၳဳထဲကဗီလိန္ရဲ႕ေယာက်္ားျဖစ္သြားပါတယ္။